Ayeyawardy Ludu Media Agency News

  • Home
  • Ayeyawardy Ludu Media Agency News

Ayeyawardy Ludu Media Agency News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyawardy Ludu Media Agency News, Media/News Company, .

25/01/2021
သတင်း ဓါတ်ပုံ Ko Mg Mg လပွတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဆွဲကြိုးချသေဆုံးမှု့သတင်း======================================...
24/01/2021

သတင်း ဓါတ်ပုံ Ko Mg Mg
လပွတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဆွဲကြိုးချသေဆုံးမှု့သတင်း
============================================
လပွတ္တာမြို့မ စခန်းမှူး ဒုရဲမှူး မိုးကျော် သည် စခန်းမှူး တာဝန်ထမ်းဆောင်နေစဉ် ၂၄.၁.၂၀၂၁ ရက်နေ့တွင် လပွတ္တာမြို့ ရှုခင်းသာလမ်း၊ အမှတ်(၂) ရပ်ကွက်တွင် အမျိုးသမီး(၁)ဦး ဆွဲကြိုး
ချသေဆုံးနေကြောင်း အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ပိုက် မှ ဖုန်းဆက်အကြောင်းကြား
သဖြင့် အခင်းဖြစ်သည့်နေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။ ဖြစ်စဉ်အား ကျေးရွာရာအိမ်မှူး ဦးကုလား အား မေးမြန်းရာ သေဆုံးသူ မဆုနွယ်စံ မှာ လွန်ခဲ့သော (၅)နှစ်ခန့်က ယောကျာ်းနောက် လိုက်သွားခဲ့ရာမှ ကလေးတစ်ယောက်မွေးဖွားခဲ့ပြီး ၎င်းကလေးနှင့်အတူ မိခင်ဖြစ်သူ နေအိမ်သို့ပြန်လည်ရောက်ရှိနေထိုင်ခဲ့ကြောင်း၊ ၎င်း၏မိဘများ
မှ ခင်ပွန်းဖြစ်သူ မည်သူမည်ဝါဖြစ်ကြောင်းမေးမြန်းရာ ၎င်းမှ ပြန်လည်ဖြေကြားခြင်းမရှိကြောင်း၊ မိဘများမှ လွန်ခဲ့သော(၃)နှစ်ခန့်က ရန်ကုန်မြို့၌ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ရာနေအိမ်တွင် သေဆုံးသူ မဆုနွယ်စံ နှင့် သားဖြစ်သူ မောင်မြင့်မြတ် (၅)နှစ်တို့သာ နေထိုင်ခဲ့ပြီး လွန်ခဲ့သော (၁၀)ရက်ခန့်တွင် ဝမ်းသွားသဖြင့် (၃)မိုင်ဆေးရုံ၌ (၆)ရက်ခန့် တက်ရောက်ကုသနေခဲ့ရာ ၂၄.၁.၂၀၂၁ ရက်နေ့ ၁၅:၄၀ အချိန်ခန့်တွင် နေအိမ်ခြေရင်းဘက်နေ ညီမဖြစ်သူ မလှနွယ်စံ မှ ရေချိုးရန်သွားရောက်ခေါ်ယူစဉ်နေအိမ်အလယ်တိုင်ရှိ တုတ်တန်းကြမ်းပြင်မှ အမြင့်(၇)ပေခန့်တွင်(၅)ပေခန့်ရှိ ပီနံကြိုးအပြာအရောင်၊ လက်သန်းလုံးထက်ဝက်ခန့်ကြိုးဖြင့် လည်ပင်းအား ချည်နှောင်၍ ငုတ်တုတ်ထိုင်ပြီး ပတ်လက်လှန်ချကာ ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ရှိလူများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအား အော်ဟစ်အကူအညီတောင်းခဲ့ကြောင်း မေးမြန်းသိရှိရပါသည်။ ဒုရဲမှူး မိုးကျော် မှ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ရဲဆေးစာဖြင့် (၃)မိုင်ဆေးရုံကြီးသို့ပို့အပ်ခဲ့ပြီး စခန်းမှူး ဒုရဲမှူး မိုးကျော် မှ
၂၄.၁.၂၀၂၁ ရက်နေ့တွင် တရားလို/အမှုစစ်ပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ် ၂/၂၀၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။

TCP News
လပွတ္တာမြို့။

မြောင်းမြ လပွတ္တာလမ်းမ မြေတံတားအနီး ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ဆိုင်ကယ်စီးလာသူ တစ်ဦးနေရာတွင်ပွဲချင်းပြီးသေဆုံး နှစ်ဦးဆေး...
19/01/2021

မြောင်းမြ လပွတ္တာလမ်းမ မြေတံတားအနီး ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ဆိုင်ကယ်စီးလာသူ တစ်ဦးနေရာတွင်ပွဲချင်းပြီးသေဆုံး နှစ်ဦးဆေးရုံရောက် သတိနဲ့မောင်းကြပါဗျို့ ဆက်လက်ဖော်ပြပေးပါမည် ဦးရွှေ

အကူညီတောင်းခံ ခြင်း  ယနေ့  ဇန်နဝါရီလ  ၁၉ ရက် ၂၀၂၁ ခုနှစ်  မြောင်းမြမြို့နယ် ခွေးလေးကြီးကျေးရွာအုပ်စု ဝါးကြိတ်လိန် ကျေးရွ...
19/01/2021

အကူညီတောင်းခံ ခြင်း
ယနေ့ ဇန်နဝါရီလ ၁၉ ရက် ၂၀၂၁ ခုနှစ်
မြောင်းမြမြို့နယ် ခွေးလေးကြီးကျေးရွာအုပ်စု ဝါးကြိတ်လိန် ကျေးရွာနေ အမိဒေါ်ဌေးမာ အဘ စ မျိုးဝင်း၏ သမီးဖြစ်သူမဝါဝါဝင်း အသက် ၁၉ နှစ်သည် ရန်ကုန်မြောက်ဒဂုံ ရွှေနှင်းဆီလမ်း ( ၂၇ )ရပ်ကွက် ခြံအမှတ် ၉ အိမ်ရှင် မနိုင်နေအိမ်တွင် အလုပ် လုပ်ကိုင်နေရင်း ၁၆ ၁ ၂၀၂၁ ခုနှစ် တွင် နေအိမ်မှ ပျောက်သွားပြီး ယခုထိတိုင် လည်းကောင်းနေထိုင် အလုပ်လုပ်နေသည့် အိမ်ပိုင်ရှင်ကိုလည်း ဆက်သွယ်ခြင်းမရှိ့ မိဘ အုပ်ထိန်းသူများကိုလည်း ဆက်သွယ်ခြင်းမရှိ့ ပဲ အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိ့ပါက အမြန်ဆုံး အကြောင်းကြားပေးနိုင်ရေး မေတ္တာရပ်ခံ အကူညီတောင်းခံအပ်ပါသည်

အကူညီတောင်းခံသူ မဝါဝါဝင်း ၏ မိခင် ဒေါ်ဌေးမာ ဖုန်း ၀၉ ၆၇၉၁၀၃၃၄၉ ၀၉၇၆၈၂၉၆၇၈၃

မြောင်းမြတွင်လေပန်ကာ အပူလွန်ကဲ ရာမှ ​မီးလောင်မှုဖြစ်ပွား ယနေ့  Jan  18  ရက် 2021 ခုနှစ်         ရွှေထူး မြောင်းမြ    မြေ...
18/01/2021

မြောင်းမြတွင်လေပန်ကာ အပူလွန်ကဲ ရာမှ ​မီးလောင်မှုဖြစ်ပွား
ယနေ့ Jan 18 ရက် 2021 ခုနှစ်

ရွှေထူး မြောင်းမြ
မြောင်းမြတွင် လေပန်ကာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်

ဖြစ်စဥ် မှာဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီအချိန်ခန့် မြောင်းမြမြို့ ပြည်သူဆေးရုံကြီး ရှေ့အနီး အာရောဂျံ တိုက်တန်းစျေး စန္ဒာဝင်းမုန့်ဆိုင်တွင် မီးလောင်နေကြောင်း သတင်းပေးချက်အရ မြောင်းမြ မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိ့များနှင့်တပ်ဖွဲ့ဝင်းများသည် မီးလောင်ကျွမ်းနေသည့် အခင်ဖြစ်နေရာသို့ မီးသတ်ယာဥ် လေးစီး နှင့် ရေသည်ယာဥ် တစ်စီးတို့နှင့်အတူ သွားရောက်ခဲ့ကာ မီးလောင်နေမှုအား မိနစ်ပိုင်းအတွင်းအချိန်မီငြိမ်သတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး၏ပြောပြချက်အရသိရသည်

မီးလောင်တဲ့အကြောင်းအရင်းကတော့ လေပန်ကာ အပူလွန်ကဲလို့စလောင်ခဲ့တာပါ ည ၁၂ နာရီ ၅မိနစ်လောက်ကစလောင်တာပါ ၁၀ မိနစ်လောက်မှာ မီးကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ၁၅ မိနစ်လောက်မှာပဲမီးငြိမ်းသွားပါတယ် မီးလောင်မှုကြောင့် ဆုံရံှုးမှုတန်ဖိုက ၆ သောင်းပါဟု ၄င်းက ဆက်ပြောသည်
မီးလောင်မှုကြောင့် စန္ဒာဝင်းမုန့်ဆိုင်ပိုင်ရှင် မစန္ဒာဝင်းအား ( ပ ) ၅၄ / ၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ မြောင်းမြမြို့မ စခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း​မြို့နယ် ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရှိ့ရသည်

ပထွေးဖြစ်သူမှ နှစ်ချီ၍ အကြိမ်ပေါင်းများစွာ သားမယားပြုကျင့်နစ်နာသူအမျိုးသမီးငယ်မှ ဒေသခံများထံအကူညီတောင်း-------------မင်း...
18/01/2021

ပထွေးဖြစ်သူမှ နှစ်ချီ၍ အကြိမ်ပေါင်းများစွာ သားမယားပြုကျင့်
နစ်နာသူအမျိုးသမီးငယ်မှ ဒေသခံများထံအကူညီတောင်း
-------------မင်းနို(၃မိုင်)---------ဇန်နဝါရီ ၁၇၊ရက်

ဒေသခံ တစ်ချို့ထံ နစ်နာသူအမျိုးသမီးငယ်မှ ပထွေးဖြစ်သူ၏ အနိုင်ကျင့်သားမယားပြုကျင့်မှုအားတိုင်ကြားလိုကြောင်း ဒေသအမျိုးသမီးများထံ ရေခတ်ဆင်းချိန် တွေ့ရာလူများထံသို့ အကြိမ်ကြိမ် အကူညီတောင်းခံခဲ့ကြောင်းသိရသည်။

ထိုသို့" အကူညီတောင်းခံမှုအား ‌အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်ရေးမှ ဆရာမကြီ ဒေါ်ခင်မာဝေ မြေး ၅၊နှစ်ပြည့် ကြက်သားဆန်ပြုတ်အား ၃မိုင်မြို့ အမှတ်(၄)ရပ်ကွက် နာဂစ်တန်းသို့ သွားရောက်၍ လှူဒါန်းဒါနပြုပေးရာမှ အမှတ်(၄)ရပ်ကွက် ဒေသခံအမျိုးသမီးကြီးများမှ ဆရာမကြီးထံအကူညီတောင်းပြောကြားရင်း ဒီနေ့လဲ ထပ်ကျူးလွန်ပြန်ပြီဟု ပြောဆို အကူညီတောင်းကြရာ ဆရာမကြီးဒေါ်ခင်မာဝေမှ ၃မိုင်ခရိုင် လူမှုဝန်ထမ်းမှ AD.ဒေါ်ခင်မြတ်သူထံ သို့တင်ပြအကြောင်းကြား ခဲ့ကြောင်း AD.ဒေါ်ခင်မြတ်သူမှ တိုင်းဒေသကြီးသို့ ဆက်လက်၍ အစီရင်ခံစာတင်ပြရာမှ။

တိုင်းဒေသကြီး၏ ညွှန်ကြားချက်ပါ အရ ဆရာမကြီးဒေါ်ခင်မာဝေအား (ကေ့စ်မန်နေဂျာ)အဖြစ် စစ်ဆေး‌ပေးရန် ညွှန်ကြားမှုဖြင့် ယနေ့ နေ့လည်တွင် နစ်နာသူ ကာယကံရှင်နှင့် ဆွေးနွေးရာမှ ၂၀၂၀ခုနှစ်ကလည်း နစ်နာသူအမျိုးသမီးငယ်အား ခလေးတစ်ကြိမ် ဖျက်ချခံခဲ့ရကြောင်းလဲဆိုသည်
ပထမတစ်ကြိမ် တိုင်ကြားခဲ့သော်လဲ အမှုမှာ မှန်ကန်ခဲ့ပြီး အရေးယူမှု မပြုနိုင်၍ ခဲ့ကြောင်း ယခုကဲ့သို့ အကြိမ်ကြိမ် အစော်ကားခံရကြောင်း အမှန်တရားကို ဒေသရှိ အများပြည်သူများမှ ဖော်ပြတိုင်ကြားချင်သော်လည်း မိခင်ဖြစ်သူအား ခြိမ်းချောက်စိုးမိုးမှုများ ရှိခဲ့ပြီး ဒေသခံကူညီပေးသူတို့မှလဲ အခွင့်မသာခဲ့ကြောင်း အမျိုးသမီးငယ် မ.......အား အနိုင်ကျင့် သားမယားပြုကျင့်မှု ရဲတင်းလာခဲ့ကြောင်း ဆိုသည်။

ယနေ့ နေလည်ပိုင်းမှ အစစ အရာရာ ခိုင်လုံချက်များရယူပြီး မ.......၏မိခင်မှာလဲ ကိုယ်ဝန် အရင့်မာကြီးဖြစ်နေကြောင်း အမျိုးသမီးငယ် မ.....သည် ပထွေးဖြစ်သူ အကြိမ်ကြိမ် သားမယားပြုကျင့်သူ ကျော်နိုင်စိုး(ခ)အာလူး၊ (၅၂)နှစ်၊(ဘ)ဦးပု မှ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးနိုင်ရန်အကူညီတောင်းရာမှ ဒေါ်ခင်မာဝေမှ လိုက်ပါ ကူညီဆောက်ရွက်ပေး၍ ၁၇.၁.၂၀၂၁ ရက်နေ့တွင် (၃)မိုင်နယ်မြေ ရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၁/၂၀၂၁- (ပ)၇/၂၀၂၁၊ ပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်၍ စခန်းမှူး ရဲအုပ် ကျော်သောင်းအေးမှ တရားခံအားဖမ်းစီးခြင်း အမှုအား ဆက်လက်စစ်ဆေးလျှက် ရဲလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

မင်းနိုင်(၃)မိုင် မြို့ ph_09755232488

ကြက်သွန်ဖြူ ဥတစ်လုံး သနပ့် အားပေးလို့ရပါပြီး လူမျိုးမရွေး ဘာသာမရွေးအားပေးလို့ရတယ်ဆိုတဲ့အကြောင်း မင်္ဂလာ သတင်းကောင်းပါလို...
10/01/2021

ကြက်သွန်ဖြူ ဥတစ်လုံး သနပ့် အားပေးလို့ရပါပြီး လူမျိုးမရွေး ဘာသာမရွေးအားပေးလို့ရတယ်ဆိုတဲ့အကြောင်း မင်္ဂလာ သတင်းကောင်းပါလိုက်ပါတယ်

30/12/2020

မြောင်းမြမြို့ ကတ္တရာ ကွန်ကရစ်လမ်းသစ်ကြီး အား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးလှမိုးအောင် လာရောက်ဖွင့်လှစ်
ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ၂၀၂၀
ဥိးရွှေထူး မြောင်းမြ
==============================
မြောင်းမြမြို့ ကတ္တရာ ကွန်ကရစ် လမ်းသစ်ကြီးအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးလှမိုးအောင်ကိုယ်တိုင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉နာရီအချိန်ခန့်၌ လာရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်

အဆိုပါအခမ်းအနားကို မြောင်းမြမြို့ ဦးဘချိုလမ်းမကြီး ၂ လမ်းထိပ်တွင်ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ဧရာဝတီးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ခရိုင်လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ( မြို့ပြ ) ဦးကျော်ဝင်းမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ မြို့မိမြို့ဖများ ခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှတာဝန်ရှိ့သူများ စည်ပင်သာယာကော်မတီနှင့် စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိ့များတက်ရောက်ခဲ့ကြသည်

အခမ်းအနားအပြီး လမ်းပန်းဝန်ကြီး ဦးဝင်းဌေးအား SH သတင်းဌာနမှ မေးမြန်ခဲ့ရာ ဖြေကြားစရာမရှိ့ဟု ပြောကြားခဲ့သော်လည်း အဆိုပါ ကတ္တရာ ကွန်ကရစ်လမ်းသစ်ကြီးနှင့်ပတ်သက်သည်များကို ခရိုင်လမ်းဦးစီး ဌာန ညွန်ကြားရေးမှူး ( မြို့ပြ ) ဦးကျော်ဝင်းမြင့်ကအခုလိုဖြေကြားခဲပါတယ်

26/12/2020

မြောင်းမြတွင် အန္တရာယ်ကင်းပရိတ်ရွတ်ဆို

အားလုံးမင်္ဂလာပါ ခင်ဗျာ  မိတ်ဆွေတို့ကို ပစ္စည်းမှန်  စျေးနှုန်းမှန်ကန်တဲ့ ရွှေရမှုံအထည်ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ...
25/12/2020

အားလုံးမင်္ဂလာပါ ခင်ဗျာ မိတ်ဆွေတို့ကို ပစ္စည်းမှန် စျေးနှုန်းမှန်ကန်တဲ့ ရွှေရမှုံအထည်ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ဒီဆိုင်လေးကိုတော့ မြောင်းမြမြို့ ဘောလုံးကွင်းထောင့်တွင် ဖွင့်လှစ်ထားတာကြောင့် ဝယ်ယူအားပေးဖို့ ထပ်လောင်းကာ တင်ပြလိုက်ရပါတယ်

မြောင်းမြမြို့ ​ပျန်ကျစျေးတွင် စျေးရောင်းချနေသူအမျိုးသမီးတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ့ခဲ့မှုကြောင့် စျေးဆိုင်ခန်း ( ၁၆ ) ခန်...
22/12/2020

မြောင်းမြမြို့ ​ပျန်ကျစျေးတွင် စျေးရောင်းချနေသူအမျိုးသမီးတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ့ခဲ့မှုကြောင့် စျေးဆိုင်ခန်း ( ၁၆ ) ခန်းအား ယာယီပိတ်ထား

ယနေ့ ဒီဇင်ဘာ ၂၂ ရက်
ဦးးရွှေထူး မြောင်းမြ​

မြောင်းမြို့ အမှတ် ( ၉ ) ရပ်ကွက်အပိုင်းနေရှင်နယ်ကုန်း ပညာရေးမြေပေါ်တွင် ယာယီ ဖွင့်လှစ်ပေးထားသော ပျန်ကျ​​စျေး၌​ စျေးရောင်းချသူတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိ့သည့်အတွက် လည်းကောင်းဆိုင်နှင့် အနီးတစ်ဝိုက်တွင်ရှိ့သော ဆိုင်ခန်း ၁၆ ခန်းအား စျေးရောင်းချခွင့်ကို ယနေ့ ဒီဇင်ဘာလ ( ၂၂ )ရက်နေ့မစတင်ကာ ယာယီပိတ်ထားခဲ့ကြောင်း မြောင်းမြမြိုနယ် စည်ပင်သာယာ အမှုဆောင်အရာရှိ့ ဦးညွန့်ဝင်းက ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နနံနက်ပိုင်းအချိန်၌ အတည်ပြုပြောကြားခဲ့သည်

နေရှင်နယ် ပျန်ကျစျေးမှာ စျေးရောင်းချတဲ့အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုးတွေ့လို့ သူရောင်းချနေတဲ့စျေးဆိုင်ခန်းအပါအဝင် အနီးတစ်ဝိုက်က စျေးဆိုင်ခန်း ၁၆ ခန်းကို ယာယီပိတ်သိမ်းလိုက်တာပါဟု ၄င်းကဆက်ပြောသည်

အဆိုပါ ပျန်ကျစျေးတွင် စျေးရောင်းချသူအနေနှင့် တစ်စျေးလုံး လျောက်ပတ်သွားနေသည့်အတွက် စျေးဆိုင်ခန်း ၁၆ ခန်းကိုသာပိတ်သိမ်းထားခဲ့သည်မှာ မဖြစ်သင့်ပဲ ပိတ်မည်ဆိုပါက တစ်စျေးလုံးပိတ်ထားသင့်ကြောင်း စျေးတွင်စျေးရောင်းချနေသူများမှ ဝေဖန်ပြောဆိုနေကြသည်

မြောင်းမြမြို့ နေရှင်နယ်​ပျန်ကျစျေးတွင် စျေး ဆိုင်ခန်းပေါင်း ( ၃၀၀ ) ကျော် ရှိ့ပြီး မြို့ပေါ်ရှိ့ပြည်သူအများစု နှင့် နယ်မှ စျေးဝယ်လာသူအများစုသည် အဆိုပါစျေးအားအဓိကထားလာရောက်ဝယ်ယူရောင်းချလျက်ရှိ့သည်ဟု စျေးရောင်းချနေသူများထံမှသိရသည်

မြောင်းမြတွင် ကိုဗစ်ရောဂါပိုးကူးဆက်ခံရပြီးနောက် လူသေဆုံးမှုများအထိရှိ့လာပြီး မကြာခင်လပိုင်း၌ မြို့မစျေးတွင် ခေါက်ဆွဲ မုန့်ဟင်းခါး အကူရောင်းချသူအမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုး ကူဆက်ခံရခဲ့သည့်အတွက် မြို့မစျေးအား ယာယီပိတ်သိမ်းခဲ့သည့် ဖြစ်စဥ္လည်းရှိ့ခဲ့သည်

အားလုံး မင်္ဂလာပါခင်ဗျာ မင်္ဂလာဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလူတိုင်းသိနေပြီးဖြစ်သည့်အတွက် မရှင်းပြတော့ပါဘူး ဒီကနေ့ မိတ...
20/12/2020

အားလုံး မင်္ဂလာပါခင်ဗျာ မင်္ဂလာဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလူတိုင်းသိနေပြီးဖြစ်သည့်အတွက် မရှင်းပြတော့ပါဘူး ဒီကနေ့ မိတ်ဆွေတို့ကို မိတ်ဆက်ပေးချင်တာကတော့ မြောင်းမြမြို့ ၇ လမ်း လမ်းမကြှီးမှာ ဖွင့်လှစ်ထားတဲ့ ရွှေမင်္ဂလာ စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် မိတ်ဆွေတို့ ကြိုက်နှစ်သက်ရာကို မှာယူလိုပါက အောက်တွင် ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်ဖို့ ဖိတ်ခေါ်ကာ ပြောလိုက်ချင်ပါတယ် အော်ဒါမှာယူလိုပါကလည်း ၂၄ နာရီ အချိန်ပြည့် မှာယူနိုင်ပြီဆိုတဲ့အကြောင်း မင်္ဂလာသတင်းကောင်းပါလိုက်ပါတယ် ခင်ဗျာ မိတ်ဆွေအပေါင်း ကျန်းမာ ချမ်းသာကာ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ

မြောင်းမြမြို့ အမှတ် ၁၀ ရပ်ကွက် ကန်ကြီးတန်းအလယ်လမ်းအား LD ချပြီး နောက်တစ်နေ့တွင် ကိုအေးမင်းဦးဆောင်အဖွဲ့မှ စားနပ်ရိက္ခာမ...
14/12/2020

မြောင်းမြမြို့ အမှတ် ၁၀ ရပ်ကွက် ကန်ကြီးတန်းအလယ်လမ်းအား LD ချပြီး နောက်တစ်နေ့တွင် ကိုအေးမင်းဦးဆောင်အဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်လှူဒါန်းခဲ့သည့် မြင်ကွင်းပုံရိပ်အား စုစည်းတင်ပြပေးလိုက်သည် ရပ်ကွက်နေပြည်သူများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ မှတ်ချက် သားတို့ ရပ်ကွက်

08/12/2020
မြောင်းမြတွင် ၈ ကြိမ်မြောက် ပေတ ဒါန အကျွတ်အလွတ် အလှူပွဲ ကျင်းပ ပြုလုပ်မည်                        ယနေ့ ဒီဇင်ဘာ လ ၁၁ ရက်  ...
08/12/2020

မြောင်းမြတွင် ၈ ကြိမ်မြောက် ပေတ ဒါန အကျွတ်အလွတ် အလှူပွဲ ကျင်းပ ပြုလုပ်မည်

ယနေ့ ဒီဇင်ဘာ လ ၁၁ ရက် ၂၀၂၀
ဦးရွှေထူူး မြောင်းမြ
=======================

မြောင်းမြတွင် ၈ကြိမ်မြောက် ပေတဒါန အကျွတ်အလွတ် အလှူပွဲ ကျင်းပပြုလုပ်မည်ဟု သိရသည်

ယင်းအကျွတ်အလွတ် အလှူပွဲအား လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းမြို့မသုဿန်တွင်ကျင်းပ ပြုလုပ်သွားမှာဖြစ်ကြောင်း မြို့ပေါ် ရှိ့ ဆရာတော် ၁၁ ပါးအား ပင့်ဖိတ်ကာ သေဆုံးသွားခဲ့ရှာသော မကျွတ်မလွတ်သေးသူများအတွက် ရည်စူးကာ ရေစက်ချတရားနားခြင်းများပြုလုပ်သွားမှာဖြစ်ကြောင်း အကျွတ်အလွတ် ပွဲကျင်းပ​​​ ရေး အ ဖဲွ့ရဲ့ ပြောပြချက်အရသိရသည်

ကျွန်တော်တို့ အကျွတ်အလွတ်ပွဲကို ကျင်းပတာ ၈ ကြိမ်မြောက်ရှိ့သွားပါပြီး အနီးအနားရပ်ကွက်ထဲကို အလှူခံထွက်ပြီး ဆရာတော်တွေပင့်ဖိတ်တယ် သေးဆုံးသွားရှာတဲ့ သူတွေးအတွက် ကျွတ်လွတ်သွားအောင် ရေစက်ချတရားနားပေးတယ် သူတို့ကိုရည်စူးပြီး ဆရာတော်တွေကို ဝတ္တုငွေတွေပါ လှူဒါန်းပေးပါတယ် ဟု လည်းကောင်းတို့အဖွဲ့က ဆက်ပြောသည်

08/12/2020
မြောင်းမြမြို့နယ် စမ်း​ချောက်လေးကျေးရွာအုပ်စု ရှမ်းစု ကျောင်း ဆရာတော်ကြီးထံသို့ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းအချိန်၌  ထွေအ...
06/12/2020

မြောင်းမြမြို့နယ် စမ်း​ချောက်လေးကျေးရွာအုပ်စု ရှမ်းစု ကျောင်း ဆရာတော်ကြီးထံသို့ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းအချိန်၌ ထွေအုပ်ရုံး ဝန်းထမ်း ညီမနှစ်ယောက် အလှူငွေလာရောက်လှူဒါန်းခဲ့စဥ််များအားမှတ်တမ်းတင်ဖော်ပြပေးလိုက်ပါသည် ဆရာတော်ကြီးအနေနှင့် အလှူခံရရှိ့သောငွေများအား မရှိ့ဆင်းရဲသား သက်ကြီးရွယ်အိုများ နာမကျန်းများအား ပြန်လည် လှူဒါန်းနေပါတယ် သို့ဖြစ်ပါသောကြောင့် မိတ်ဆွေများအနေနှင့် သွားရောက်လှူဒါန်းနိုင်ရေး ကုသိုလ်ယူ တင်ပြလိုက်ရပါသည် U Shwe Htoo SH Media

Covid ကာလ၌ ကျန်းမာ​ ရေးစစ်ဆေးဂိတ်ရဲ့ခွင့်ပြုချက်မရပဲ မြို့ထဲအထိဝင်ရောက်ခဲ့သည့် ကုန်ကားမောင်းသူအား သဘာဝဘေးအန္တရာယ် ဆိုင်ရ...
06/12/2020

Covid ကာလ၌ ကျန်းမာ​ ရေးစစ်ဆေးဂိတ်ရဲ့ခွင့်ပြုချက်မရပဲ မြို့ထဲအထိဝင်ရောက်ခဲ့သည့် ကုန်ကားမောင်းသူအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေ နှင့် အရေးယူ

ယနေ့ ဒီဇင်ဘာ ၆ ရက်
ဦးရွှေထူး မြောင်းမြ

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင်မြောင်းမြမြို့တွင်Covid ကာလ၌ ကျန်းမာရေးစစ်ဆေးဂိတ်ရဲ့ခွင့်ပြုချက်မရပဲ မြို့ထဲအထိဝင်ရောက်သည့် ကုန်ကားမောင်းသူအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပနှင့်အရေးယူခဲ့ကြောင်းသိရသည်

ဖြစ်စဥ်မှာ မြောင်းမြမြို့ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းအချိန် ရန်ကုန်မှ မြောင်းမြသို့ ကုန်စိမ်းများတင်ဆောင်လာသည့်ကုန်ကားအား မောင်းလာသူ ဇာနည်လင်းသည် မြောင်းမြမြို့ နယ်ကျုံဝါးကျေးရွာအုပ်စု ၅မိုင်ကုန်ကားများစစ်ဆေးရေးဂိတ်ဖွင့်လစ်ထားသည့်နေရာအရောက်၌ တာဝန်ရှိ့သူများစစ်ဆေးမှုများလုပ်ခဲ့ရာ ကုန်ကားမောင်းသူဇာနည်လင်းတွင် ကျန်းမာရေးထောက်ခံချက်တစ်စုံတရာမပြနိုင်ခဲ့သည့်အတွက် မြောင်းမြို့အတွင်းသို့ ကိုယ်တိုင်ကုန်ကားမောင်းဝင်ခွင့်ကိုတာဆီးခဲ့ကာ ယင်းကုန်ကားအား မြို့တွင်းမှ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ထားသည့်ယာဥ်မောင်နှင့် ချိန်းပြောင်းကာ မောင်းပို့ခိုင်းခဲ့သော်လည်း ရန်ကုန်မှ ကုန်ကားမောင်းလာသူသည် ဂိတ်မှ တာဝန်ရှိ့များသတ်မှတ်နေရာပေးထားသည့် နေရာတွင့် စောင့်ဆိုင်းခြင်းမရှိ့ပဲ မြို့အတွင်သို့ ကုန်စိမ်းရောင်းချသူဆိုင်ကယ်နှင့် ရပ်ကွက်ထဲအတိလိုက်ပါသွားခဲ့သည့်အတွက် မြောင်းမြမြို့နယ် Covidကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးသန်းမြင့်မှ တရားလိုလုပ်ကာ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲထံမှသိရသည်

ဖြစ်စဥ်နှင့်ပတ်သက်၍ ရန်ကုန်မှ မြောင်းမြသို့ ကုန်စိမ်းကားမောင်းလာသူဇာနည်လင်းသည် ကိုဗစ်ကာလ၌ စစ်ဆေးရေးဂိတ်မှ တာဝန်ရှိ့သူများမှစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကျန်းမာရေး ဆေးစစ်ထားသည့်ထောက်ခံစာ မပြနိုင်သည့်အတွက် မြို့ထဲအထိ ကားမောင်းမဝင်ရန်တာဆီးထားခဲ့သော်လည်း ၄င်းမှ မြို့ထဲ ရပ်ကွက်အထိဝင်ရောက်ခဲ့သည့်အတွက် ကုန်ကားမောင်းသူ ဇာနည်လင်းအာ ( ပ ) ၉၄၂ /၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ ( က )အရအမှုဖွင့်အရေးယူထားကြောင် ရဲတပ်ဖွဲ့ထံမသိရသည်

မြောင်းမြမြို့နယ် ၅မိုင် ကျန်းမာရေးစစ်ဆေးဂိတ်
မှတာဝန်ရှိ့များ တာဆီးထားကာ မြို့ထဲထိဝင်ရောက်လာသည့် ကုန်ကားမောင်းသူဇာနည်လင်းနှင့်အတူ လိုက်ပါလာသူ ကျော်ဇေယျ တို့ အနေနှင့် ဂိတ်မှ လူတစ်ဦးအား ငွေ၁၅၀၀၀အထိပေးဆောင်းခဲ့သည်ဆိုသည့်အသံဖိုင်များ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ပျန့်နံ့ှနေခဲ့သည့်အတွက် ကုန်ကားမောင်းသူတစ်ဦးကိုသာ အရေးယူထားခဲ့ပြီးငွေလက်ခံထားရှိ့သူ ဆိုသူတို့အားတိကျစွာ စစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမှသာလျှင် ဥပဒေသည် အခွင့်ထူးခံမဟုတ်ပဲ တန်းတူအခွင့်ရေးရှိ့သည်ဖြစ်မှာပါဟု မြို့နေပြည်သူများမှ ဝေဖန်ပြောဆိုနေကြသည်

လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ၅မိုင် စစ်ဆေးရေးဂိတ်အားငွေပေးခဲ့သည့်ဆိုသည့် အသံဖိုင်များ တက်လာသည့်ကိစ္စရပ်နှင့်ပတ်သက်၍ မြောင်းမြ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးအား SH သတင်းဌာနမှ ဖုန်းနှင့် ဆက်သွယ်​မေးမြန်းခဲ့ရာ ယင်ဖြစ်စဥ်နှင့်တ်သက်၍ စစ်ဆေးမှုတွေပြုလုပ်နေကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေနှင့်အညီ အရေးယူနိုင်အောင် လုပ်ဆောင်သွားမှာပါဟု ဖြေကြားထားသည်

03/12/2020

အိမ်တန်းလျား ငှားရမ်းနေထိုင်သူ မိသားစု နှစ်ဦးထံမှ WY ဆေးပြား ၃၁ ပြားဖမ်းဆီး ရမိ
ယနေ့ ဒီဇင်ဘာ ၃ ရက်
သတင်း ဦးရွှေထူး မြောင်းမြ
ကိုသန့် ဧရာဝတီ

မြောင်းမြမြို့တွင် အိမ်တန်းလျှား ငှားရမ်းနေထိုင်သူထံမှ Wy ဆေးပြား ၃၁ ပြားဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ့သည်

ဖြစ်စဥ္မှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့် မြောင်းမြမြို့ အမှတ် ၉ ရပ်ကွက်အပိုင် ဂေါ်ဖီခြံ ၅ လမ်းထောင့် အခန်းအမှတ် ၃ အပေါ်ထပ်တွင် ငှားရမ်း နေထိုင်သူ ကျော်စိုးလင်း အသက် ၂၈ နှစ် မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့ဝင်း တို့ အား မူးယစ်သတင်းအရ မြောင်းမြခရိုင် မှုခင်းနှိမ်းနင်းရေးအဖွဲ့နှင့်မြို့နယ်နယ်ထိန်းခေါင်းဆောင် အပိုင်နယ်ထိန်း သက်သေများဖြစ်ကြသည့် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အဖွဲ့မှလည်းကောင်းတို့နေထိုင်သည့်အခန်းအား ရှောင်တခင်ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့ရာ ကျော်စိုးလင်းလက်ဝယ်တွင် WY ဆေးပြား ၂၈ ပြားနှင့်သုံးစွဲ ဆက်စပ်ပစ္စည်းများ မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့ဝင်းထံတွင် WY ဆေးပြား ၃​ ပြားတို့အားလက်ဝယ် စစ်ဆေးတွေ့ရှိ့ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်

ဖြစ်စဥ်ပတ်သက်၍ ကျော်စိုးလင်း အသက် ၂၈ နှစ် မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့ဝင်း တိုးအား မူယစ်ဆေးဝါးလက်ဝယ်ထားရှိ့မှုနှင့် မူးယစ် ( ပ ) ၁၅ / ၂၀၂၀ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ပုဒ်မ ၁၉ ( က ) / ၂၁ အရ မြောင်းမြ မြို့မစခန်းတွင် အမှု ဖွင့် အရေးယူထားကြောင်း သိရသည်

မြောင်းမြမြို့တွင် နိုဝင်ဘာလ ၂၄ ရက် ၂၀၂၀ နေ့တွင် WY ဆေးပြား ၁၇ ပြားလက်ဝယ်ထားရှိ့သူအား ဖမ်းဆီးရရှိ့ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂ ရက် ၂၀၂၀ ရက်နေ့တွင် WY ဆေးပြား ၃၁ ပြားထပ်မံဖမ်းဆီးနိုင်ခဲ့သည့်အတွက် ၁၀ ရက်အတွင်း ၂ကြိမ်းဖမ်းဆီးနိုင်ခဲ့သည်

မြောင်းမြမြို့နယ်တွင် WY ဆေးပြားများခပ်စိတ်စိတ်ဖမ်းဆည်းနိုင်ခဲ့သည့်အတွက် လက်ကြီးသမားများ ရှိ့နိုင်သည့်ဟု မြို့နေပြည်သူအချို့က ဝေဖန်ပြောဆိုနေကြသည်

01/12/2020

ရွှေထူး ထီဆိုင်မှထီပေါက်ထားသူများ ကနဦးစာရင် ရှေ့နေ ဦးမြင့်ဝေ မီးဗိုလ်ကြီး ဘနားနား လက်ဖက်ရည်ဆိုင် ဦးရွှေထူး ထီလက်ကျန် တို့ဖြစ်ပါသည် အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ မှတ်ချက် ဘနားနား ၂ကြိမ်မြောက်

Covid ကာလတွင် အနှေးယာဥ် နှင့် ဆိုင်ကယ်ကယ်ရီ တုတ်တုတ် သုံးဘီးယာဥ်​မောင်း​သူများစားဝတ်နေရေး အခက်တွေ့နေကြယနေ့  နိုဝင်ဘာ  ၂၉...
29/11/2020

Covid ကာလတွင် အနှေးယာဥ် နှင့် ဆိုင်ကယ်ကယ်ရီ တုတ်တုတ် သုံးဘီးယာဥ်​မောင်း​သူများစားဝတ်နေရေး အခက်တွေ့နေကြ
ယနေ့ နိုဝင်ဘာ ၂၉ ရက်
သတင်း ဓါတ်ပုံ ဦးရွှေထူး

​မြန်မာနိုင်ငံတွင် Covid 19 ရောဂါကူးဆက်မြန်ရောဂါပိုး စတင်ကူးဆက်ခံရပြီးနောက် ပထမလှိုင်းးနှင့် ဒုတိယလှိုင်းတစ်လျှောက်တွင် မြောင်းမြမြို့ပေါ်ရှိ့ အနှေးယာဥ်ဆိုင်ကယ် ကယ်ရီ တုတ်တုတ် သုံးဘီး မောင်းသမားများ စားဝတ်နေရေးအခက်တွေ့နေရကြောင်း သိရသည်

ကျွန်တော်တို့ နိုင်ငံကို Covid 19 ရောဂါကူစက်မြန် ရောဂါပိုး ကူးစက်လာပြီး မြောင်းမြမြို့ပေါ်မှာကူးဆက်ခံရသူ တေွခပ်စိတ်စိတ်တွေ့လာကာ သေဆုံးသူတွေပါရှိ့လာချိန်မှာ အရင်ကလို ဆိုက်ကားနှင်းရတာမကောင်းတော့ဘူး တစ်နေ့နဲ့တစ်နေ့ စျေးဦးပေါက်အောင်မနည်း မျှော်နေရတာပေါ့ ဒီလိုအခက်အခဲက နေ့စဥ်ရင်ဆိုင်နေရတာပါပဲဟု မြောင်းမြမြို့ ၆ လမ်းအနှေးယာဥ်မောင်း လုပ်သားတစ်ဦးကဆိုသည်

Covid 19 ရောဂါရဲ့ ဆိုးရွားလှသောနောက်ဆက်တွဲအကျိုးဆက်များအား နိုင်ငံတစ်ဝှမ်း ပြည်သူများ ဆက်တိုက်ခံစားနေကြရသည့်အတွက် ကျွန်တော်တို့မြောင်းမြမြို့ပေါ်မှာ ရှိ့တဲ့ တုတ်တုတ် ဆိုင်ကယ်ကယ်ရီ သုံးဘီးယာဥ် မောင်းတွေလည်း တခါတလေ စျေးဦးမပေါက်ပဲ ပြန်သွားရတာတွေလည်းရှိ့တာပေါ့ ဘာတတ်နိုင်မှာလည်း မရှိ့ရှိ့တာလေးတွေ ပေါင်နံှစားရတာပေါ့ဟု တုတ်တုတ်မောင်းသူဦးကျော်ကျော်က ရင်ဖွင့်ပြောဆိုသည်

Covid 19 ရောဂါကြောင့် ဆိုးရွားလှတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို နေ့စဥ်​​ပြည်သူတွေခံစားနေရချိန်မှာ နိုင်ငံတော်ထောက်ပံ့ငွေကိုလည်း စက်တပ်ယာဥ် ရှိသည်ဟုဆိုကာ ရပ်ကွက်မှ တာဝန်ရှိသူများမှှ ထောက်ပံ့ငွေ တစ်ကြိမ်တခါမှ ထောက်ပံ့မှုမပေးဖြစ်နေကြောင်း နိုင်ငံတော်အစိုးရအနေနှင့် ကျွန်တော်တို့ပြည်သူတစ်ရပ်လုံး စာဝတ်နေရေး အခက်တွေ့နေချိန် နောင်လာမည့်ထောက်ပံ့ကြေးများကို အိမ်ထောင်စုဝင်တိုင်းထောက်ပံ့ပေးမယ်ဆိုရင်တော့ အပြေလည်ကြီးမဟုတ်တောင် ခုသာ ခံသာတော့ရလာနိုင်သည့်အတွက် နိုင်ငံတော်အစိုးရမှ ပြည်သူတစ်ရပ်လုံးရဲ့ လိုအပ်ချက်များကို ကူညီပေးနိုင်ဖို့ကိုလည်း ဒီနေရာကနေ ရင်ဖွင့်ကာတောင်းဆိုချင်ပါတယ်ဟု မြောင်းမြမြို့ဆေးရုံရှေ့တွင်ဆိုင်ကယ် ကယ်ရီ ပြေးဆွဲနေသူ ကိုဝကြီးက ဆက်လက် ရင်ဖွင့်ပြောဆိုခဲ့သည်

မြောင်းမြမြို့ ​​နေရှင်နယ် ပျန်ကျစျေးတွင် ခါးပိုက်နှိုက်သူနှင့်သူခိုးများ သောင်းကျန်းနေ    ယနေ့ နိုဝင်ဘာ  ၂၉ ရက်   သတင်း...
29/11/2020

မြောင်းမြမြို့ ​​နေရှင်နယ် ပျန်ကျစျေးတွင် ခါးပိုက်နှိုက်သူနှင့်သူခိုးများ သောင်းကျန်းနေ

ယနေ့ နိုဝင်ဘာ ၂၉ ရက်

သတင်း ဓါတ်ပုံ ဦးရွှေထူး မြောင်းမြ

မြောင်းမြမြို့ အမှတ် ၉ ရပ်ကွက်အပိုင် အမှတ် ၁ အထခွဲ ကျောင်းပိုင်မြေတွင် ယာယီ ဖွင်လှစ်ပေးထားသည့် နေရှင်နယ်ကုန်း ပျန်ကျစျေးတွင် ခါးပိုက်နှိုက်သူနှင့်ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေကြောင်း စျေးရောင်းချနေသူများပြောပြချက်အရသိရသည်

ကျွန်မတို့ နေရှင်နယ်ပျန်ကျစျေးမှာ ​မရှိ့လို့စျေးလာရောင်းနေကြပေမယ့် ဘယ်အချိန် ဘာဖြစ်မလဲဆိုတာအမြဲသတိထားနေရတယ် ဒီလထဲမှာပဲ ဆိုင်ကယ် ယိုးဒယားဘီးတစ်စီးဇက်သော့ ခတ်ထားတာကိုခိုးယူသွားတယ် ပြီးတော့ တောကစျေးတက်ရောင်းတဲ့အမျိုးသမီးတစ်ဦးလည်း ၂၈ ရက်နေ့က ငွေ ၅ သိန်းအနှိုက်ခံခဲ့ရတယ်ဟု ၄င်း စျေးတွင် ခေါက်ဆွဲရောင်းချသူအမျိုးသမီးက ရင်ဖွင့်ပြောဆိုသည်

မြောင်းမြနေရှင်နယ်ကုန်း ယာယီစျေးတွင် စျေး​ေ ရာင်းချနေသူများအား စည်ပင်မှ စျေးရောင်းချသူတစ်ဦးကို ၂၀၀ကျပ်ကောက်ခံလျှက်ရှိ့နေသော်လည်း ခုလိုဖြစ်ပေါ်နေသည့် ကိစ္စရပ်တွေကို မျက်ကွယ်ပြုထားနေကြောင်း စျေးကောက် ကောက်ခံမည့်အရေးကိုသာစိတ်ဝင်စားနေပြီး စျေးတွင်ဖြစ်ပေါ်နေသည့်ကိစ္စရပ်များကို ရဲတပ်ဖွဲ့နှင့်ပူးပေါင်းစောင့်ကြည့်ကာ ကူညီဖြေရှင်းဆောင်ရွက်ပေးမှသာလျှင် ယခုလက်ရှိ့ဖြစ်ပေါ်နေသည် ခါးပိုက်နှိုက်များနှင့်ဆိုင်ကယ်ခိုးယူသူများကို အချိန်တိုအတွင်းဖမ်းဆီးနိုင်မှာဖြစ်ပြီးတရားဥပဒေစိုးမိုးမှုကို ပိုမိုရရှိ့လာမှာဖြစ်ကြောင်း စျေးရောင်းချနေသူများမှ ထောက်ပြပြောဆိုနေကြသည်

မြောင်းမြမြို့ မရမ်းကုန်းရပ်ကွက် ရိုးကူးအုတ်ကျင်းလမ်းမင်းဆက်ပိုင်ကလေးကစားကွင်းနှင့်အပန်းဖြေစခန်းအား ကျန်းမာရေးနှင့်အညီ ဖ...
28/11/2020

မြောင်းမြမြို့ မရမ်းကုန်းရပ်ကွက် ရိုးကူးအုတ်ကျင်းလမ်းမင်းဆက်ပိုင်ကလေးကစားကွင်းနှင့်အပန်းဖြေစခန်းအား ကျန်းမာရေးနှင့်အညီ ဖွင့်လှစ်ပေးထားပါတယ် လို့

လပွတ္တာမြို့တွင်ဓါးခုတ်မှုဖြစ်ပွားကာ အခုတ်ခံရသူ နေရာတွင် ပွဲချင်းပြီးသေဆုံး ကျူးလွန်သူ များအား နာရီပိုင်းအတွင်ဖမ်းဆီး ယန...
27/11/2020

လပွတ္တာမြို့တွင်ဓါးခုတ်မှုဖြစ်ပွားကာ အခုတ်ခံရသူ နေရာတွင် ပွဲချင်းပြီးသေဆုံး ကျူးလွန်သူ များအား နာရီပိုင်းအတွင်ဖမ်းဆီး
ယနေ့ နိုဝင်ဘာ ၂၇ ရက်
သတင်း ဦးရွှေထူး ချစ်စန်းမောင်

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့တွင် ဓါးခုတ်မှုဖြစ်ပွား၍ အခုတ်ခံရသူ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း လပွတ္တာမြို့မ စခန်းမှူးမှ အတည်ပြုပြောဆိုခဲ့သည်

ဖြစ်စဥ္မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ၁၈ နာရီအချိန်ခန့် လပွတ္တာမြို့ ၄ ရပ်ကွက် နိဗ္ဗာန်လမ်းရှိ့ ရွှေသစ္စာလက်ဖက်ရည်ဆိုင်သို့ ဝေလင်းသူ ဆိုသူရောက်ရှိ့လာချိန် ဆိုင်ပိုင်ရှင်မှ ၄င်းတို့၏အကြောင်းကို သိနေသူဖြစ်သည့်အတွက် မင်းတို့စား ချင်ရာစားပြီးပြန်ကြတော့ဟုပြောဆိုခဲ့ရာ ဝေလင်းသူဆိုသူသည့် ၄င်းလွယ်အိတ်တွင်းမှဓါးအားထုတ်လိုက်သွင်းလိုက်လုပ်ပြနေစဥ္ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြင့်စိုး ( ခ ) ဦးမောင်းစိုးမှ စိတ်မရှည်၍ မင်းငါ့ကိုသတ်ချင်လို့လားဟုမေးခဲ့ရာ ဝေလင်းသူမှ မင်းဘာဖြစ် ချင်လည်းဟု ပြန်မေးကြရာ အပြန်အလှန်စကားအခြေအတင်ဖြစ်နေချိန် ဝေလင်းသူ၏ သူငယ်ချင်းများရောက်ရှိ့လာကာ ပြန်ခေါ်သွားခဲ့ကြပြီး ခဏ​ေနအကြာ စန်းအောင်ဝင်းဆိုသူပြန်လည်ရောက်ရှိ့လာပြီးဆိုင်ရှေ့လမ်းမပေါ်တွင် ဦး​ြမင့်စိုး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အားဓါးနှင့်ခုတ်ခဲ့ကြောင်း ဝေလင်းသူမှလည်း ဓါးနှင့်ဝင်ထိုးခဲ့​သည့်အတွက် ကျူးလွန်ခံရသူ ဦးမြင့်စိုးမှာ ဦးခေါင်းတစ်ခြမ်းပဲ့ဒါဏ်ရာ ယာလက် ၄လက်မှတ်ခန့်ပြတ်ရှဒါဏ်ရာ ၂ ချက် ဗိုက်တွင်ထိုးသွင်းဓါဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာတွင်ပွဲချင်းပြီး သေးဆုံးခဲ့ကြောင်းရဲမှတ်တမ်းများအရသိရသည်

လပွတ္တာမြို့ ရွှေသစ္စာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြင့်စိုးအား ဓါးနှင့်ခုတ်သူ စန်းအောင်ဝင်း အသက် ၃၃ နှစ် ရှုခင်းသာ ၂ရပ်ကွက် လပွတ္တာမြို့ ဝေလင်းသူ အသက် ၂၉ နှစ် လွှဇာကျေးရွာအုပ်စု လပွတ္တာမြို့နယ်တို့နှင့် ကျူးလွန်သူများကိုအားပေးကူညီသူဟုဆိုကာ ဦးကြည်မြင့် အသက် ၆၃ နှစ် ရှုခင်းသာလမ်း လပွတ္တာမြို့ နှင့် ရခိုင်လေး ( ခ ) အောင်နိုင်ထွန်း ၃ ရပ်ကွက် လပွတ္တာမြို့အား လပွတ္တာမြို့မစခန်းတွင် ( ပ ) ၂၆၈ / ၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ / ၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရသိရသည်

လမ်းဖြတ်ကူသည့် မိန်းကလေးငယ်အား ကားတိုက်မိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံး     ယနေ နိုဝင်ဘာ  ၂၆ ရက်သတင်းဓါတ်ပုံ  ဦးရွှေထူး ...
26/11/2020

လမ်းဖြတ်ကူသည့် မိန်းကလေးငယ်အား ကားတိုက်မိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံး

ယနေ နိုဝင်ဘာ ၂၆ ရက်
သတင်းဓါတ်ပုံ ဦးရွှေထူး မြောင်းမြ

လမ်းဖြတ်ကူးသည့်မိန်းကလေးငယ်တစ်ဦး ကားတိုက်မိ၍ နေ့ရာတွင်ပွဲချင်းပြီးသေဆုံး ခဲ့မှုမြောင်းမြတွင်ဖြစ်ပွားခဲ့ကြောင်းသိသည်

ဖြစ်စဥ္မှာ ယနေ့ နေ့လည် ၂နာရီအချိန်ခန့် မြောင်းမြမြို့၌စျေးဝယ်အပြန် ​မြောင်းမြမှ ရူခင်သာဘက်သို့မောင်းလာသောကားသည် မုဆိုးကွင်းကျေးရွာအုပ်စုအပိုင် မြောင်းမြလပွတ္တာလမ်းမကြီး ပြည့်ဝဆီဆိုင်အနီးတွင်လမ်းဖြတ်ကူလာသည့်မိန်းကလေးငယ်အား တိုက်မိခဲ့သည့်အတွက် ကလေးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အခင်း​ဖြစ်နေရာရှိ့မျက်မြင်ပြည်သူတစ်ချို့ရဲ့ပြောပြချက်အရသိရသည်

မိန်းကလေးငယ်အားတိုက်မိသည့် ကားမောင်းသူသည် မြောင်းမြမြို့နယ် ရှုခင်းသာကျေးရွာတွင်နေထိုင်သူ ချစ်ဦးဖြစ်သည်ဟု အဆိုပါကားတွင်လိုက်ပါလာသူ မန်းစံချစ်မှပြောသည်

ယာဥ်တိုက်မှုဖြစ်သည့်နေရာသို့ မြောင်းမြမြို့မစခန်းမှ တာဝန်ရှိ့များ ယာဥ်ထိန်းတပ်ဖွဲ့များ နှင့် နယ်ထိန်းရဲတပ်ဖွဲ့များရောက်ရှိ့လာကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး ရဲလုပ်ငန်းစဥ်မျာအား ဆက်လက်လုပ်ကိုင်လျှက်ရှိသည်

မြောင်းမြ မြို့ COVID- ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ  (mask) ၄၀၀နှင့်  (Face Shield) ၆၀၀ တို့ကို ...
24/11/2020

မြောင်းမြ မြို့ COVID- ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (mask) ၄၀၀နှင့် (Face Shield) ၆၀၀ တို့ကို အခမဲ့လိုက်လံဝေငှ
ယနေ့ နိုဝင်ဘာ ၂၄ ရက်
သတင်း ဓါတ်ပုံ ရွှေထူး
မြောင်းမြို့ COVID ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ( mask ) ၄၀၀နှင့် ( Face Shiled ) ၆၀၀ အခမဲ့လိုက်လံဝေငှခဲ့ကြောင်းစုံစမ်းသိရှိ့ရသည်

ယင်းကဲ့သို့ ပြုလုပ်ဆောင်ရွက်မှုအား ယနေ့နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မြောင်းမြမြိုပေါ်ရှိ့ မြို့မစျေး မြသာယာစျေး ပျန်ကျစျေး ၃ စျေးရှိ့ စျေးရောင်းချနေသူများနှင့် စျေးလာရောက်ဝယ်ယူသည့်ပြည်သူများအားအခမဲ့ ဝေငှခဲ့ကြောင်း မြို့နယ်စည်ပင်သာသာရေး အမှုဆောင်အရာရှိ့ ဦးညွန့်ဝင်းကဆိုသည်

မြောင်းမြတွင် ခရီသွားရာဇဝင်မရှိ့သူများလည်း Covidရောဂါကူးဆက်ခံရမှုများ ခပ်စိတ်စိတ်တွေ့ရှိ့လာရပြီး လူသေဆုံးသည့်အထိရှိ့လာခဲ့သည့်အတွက် မြို့နယ် Covid ကော်မတီအဖွဲ့အနေနှင့် ကျန်းမာရေး ကြိုတင်စောင့်​ရှောက်မှုတစ်ခုတည်းကိုသား အားစိုက်မနေကြပဲ ကျန်းမာရေး လမ်းညွန်ချက်များနှင့် မညီပဲ ပေါ့လျှော့စွာ စျေးရောင်းချခြင်း သွားလာခြင်းများအာ ဉပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီကြပ်မှတ်ဆောင်ရွက်ပေးမှသာ မြို့နေ့ပြည်သူများ စိတ်ချမ်းသာရာရမည်ဖြစ်ကြောင်း မြို့နေပြည်သူများ ဝေဖန် ထောက်ပြ ပြောဆိုမှုများ မြင့်တက်နေသည်

Lock Down  ချထားသည့် မြောင်းမြ မြို့မစျေးကြီးအား လာမည့် နိုဝင်ဘာ  ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လစ်ရောင်းချခွင့်ပြုမည်ဟု မြိ...
23/11/2020

Lock Down ချထားသည့် မြောင်းမြ မြို့မစျေးကြီးအား လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လစ်ရောင်းချခွင့်ပြုမည်ဟု မြို့နယ်စည်ပင် အမှုဆောင်အရာရှိ့ ဦးညွန့်ဝင်းပြော

ယနေ့ နိုဝင်ဘာ ၂၃ ရက်
သတင်း ဓါတ်ပုံ ဦးရွှေထူး မြောင်းမြ

မြောင်းမြမြို့မ​စျေးအတွင်းခေါက်ဆွဲ မုန့်ဟင်းခါး အကူရောင်းချသူအမျိုးသမီးတစ်ဦး Covid 19 ပိုးတွေ့ရှိ့ခဲ့သည့်အတွက် မြောင်းမြ မြို့မစျေးကြီးအား ကျန်းမာရေးအရ နိုဝင်ဘာလ ၁၇ ရက်နေ့၌ Lock Down ချထားခဲ့ရပြီး လာမည့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လစ်ရောင်းချခွင့်ပေးသွားမည်ဟု မြောင်းမြမြို့နယ်Covid ကော်မတီဝင်တစ်ဦးဖြစ်သူ စည်ပင်သာယာအမှုဆောင်အရာရှိ့ဦးညွန့်ဝင်းက ယနေ့နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်

Lock Down ချထားတဲ့ မြို့မစျေးကို လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့မှာပြန်ဖွင့်ခွင့်ပေးမှာပါ ယခင် ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်အတိုင်းနံနက် ၆ နာရီမှ နေ့လည် ၂ နာရီအထိပဲရောင်းချခွင့်ပြုသွားမှာပါဟု လည်းကောင်းကဆက်ပြောသည်

မြောင်းမြတွင် စျေးရောင်းချနေသူ ပြည်သူများနှင့် လမ်းသွားပြည်သူများအနေနှင့် mask မတတ်ပဲ ပေါ့လျှော့စွာနေထိုင်သွားလာသူများကို ဥပဒေနှင့်အညီ အရေးယူမှုများ ဆက်လုပ်သွားမည်ဟု ယခင်ရက်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေးမှ သတိပေး ပြောကြားထားလျှက်ရှိ့သည်

Address


Website

Alerts

Be the first to know and let us send you an email when Ayeyawardy Ludu Media Agency News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share