31/10/2024
" မြန်မာ့အရေးအထူးကိုယ်စားလှယ် နောက်တစ်ကြိမ်ပြန်လာဖို့  အသိပေးခြင်းနှင့် ပါလက်စတိုင်းပြည်သူနှင့် မြန်မာပြည်သူတို့ ၏ လုပ်ရပ် "
မြန်မာ့အရေး အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှက်ပ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အခြေအနေကို တင်ပြလိုက်ပါတယ် ။ အာဏာသိမ်းခေါင်းဆောင်နဲ့  တွေ့ ဆုံခဲ့တဲ့ အခြေအနေတွေကိုလည်း တင်ပြပါတယ် ။ မြန်မာ့အရေး အထူးကိုယ်စားလှယ်ဟာ ကုလသမဂ္ဂမှာ ဘာတွေတင်ပြသလဲဆိုတာကိုတော့ ကုလသမဂ္ဂ သတင်းဌာန ( Pass Blue ) က သတင်းမထုတ်ပြန်သလို ၊ နိုင်ငံတကာသတင်းဌာနတွေရဲ့  အမေးကိုလည်း ဖြေကြားခြင်းမရှိပါဘူး ။
မြန်မာ့အရေးအထူးကိုယ်စားလှယ်ဟာ လွန်ခဲ့တဲ့ သြဂုတ်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့  တွေ့ ဆုံပါတယ် ။ အောက်တိုဘာလဆန်းတုန်းကတော့ အင်ဒိုနီးရှားမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို တက်ရောက်ပါတယ် ။ ဒီလထဲမှာပဲ မြန်မာပြည်ကိုရောက်လာပြီး အာဏာသိမ်းခေါင်းဆောင်နဲ့  တွေ့ ဆုံခဲ့တာပါ ။
မြန်မာ့အရေး အထူးကိုယ်စားလှယ်ဟာ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်ပြီး လူ့ အခွင့်အရေးကိစ္စတွေ ဖြေရှင်းရာမှာ နာမည်ရထားသူတစ်ယောက်ပါ ။
သူမဟာ မြန်မာ့အရေးဆွေးနွေးဖို့  မြန်မာပြည်ကို နောက်တစ်ကြိမ်သွားဖို့  စီစဉ်နေတယ်လို့  အသိပေးထားပါတယ် ။
နိုင်ငံတကာသတင်းဌာနတွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ့အရေး အထူးကိုယ်စားလှယ်နဲ့  အာဏာသိမ်းခေါင်းဆောင်နဲ့  ဆွေးနွေးတဲ့အခြေအနေကို ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းထံမှာ မေးဖို့ ကြိုးစားကြပေမဲ့ ဖုန်းမကိုင်ဘူးလို့  ဆိုပါတယ် ။
ဆိုတော့ ၊ နွေဦးတော်လှန်ရေးဟာ ၄ နှစ်ပြည့်ပါတော့မယ် ။ လက်နက်ကိုင်တော်လှန်ရေး အခြေအနေကလည်း တိုင်းရင်းသားဒေသတွေမှာ နယ်မြေစိုးမိုးမှု့ တွေ ရနေပါတယ် ။
အသက်ပေးသွားရတဲ့ မျိုးဆက်သစ်လူငယ်တွေ မနည်းလှတော့သလို ၊ စစ်လက်နက်ကိုင်မိသားစုတွေရဲ့  ကမ္ဘာပျက်သံတွေလည်း ကြားနေရပါတယ် ။ ပြည်တွင်းစစ်ရဲ့  သဘောသဘာဝပါ ။
စာရေးသူအနေနဲ့  ပြည်တွင်းမှာရှိမနေတဲ့အတွက် ဘယ်မြို့  ၊ ဘယ်စစ်တိုင်းဌာနတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းတယ်ဆိုတာတွေကို အထင်နဲ့  မရေးပါဘူး ။ နိုင်ငံတကာ သတင်းဌာနတွေပေါ်မှာ တွေ့ မှသာ အသိပေးပါတယ် ။ သုံးသပ်ပါတယ် ။ ဒါ့ကြောင့်လည်း ကိုယ်မသိရတဲ့ ပြည်တွင်းစစ်အခြေအနေကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ ဆော်တဲ့ ဆောင်းပါးတွေ မရေးဖြစ်တာပါ ။
စာရေးသူရဲ့  သဘောထားကို တော်လှန်ရေးအစကတည်းက ပြောထားပါတယ် ။
မြန်မာ့အရေးကို ဖြေရှင်းတဲ့နေရာမှာ ပြည်တွင်းလက်နက်ကိုင်နည်းလမ်း ၊ အာဏာဖီဆန်ခြင်းနည်းလမ်း ၊ သပိတ်မှောက်ခြင်း ၊ ပြည်သူအားလုံး စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ခြင်းနဲ့  ပြည်ပသံတမန်နည်းလမ်းတွေ လိုအပ်ပါတယ် ။
ဒီအထဲက အရေးအကြီးဆုံးဖြစ်တဲ့ " ပြည်သူအားလုံး စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ခြင်း " အချက်ကို အလေးထားကြမယ်ဆိုရင် ဒီတော်လှန်ရေး အချိန်တိုပါလိမ့်မယ် ။
ပြည်သူအားလုံးရဲ့  တော်လှန်ရေးအပေါ် စိတ်ဝင်စားမှု့  ၊ ကူညီမှု့  ၊ ပါဝင်မှု့ က သိပ်ကိုအရေးကြီးလို့ ပါ ။
ခပ်ကြောင်ကြောင် ခေတ်ပျက် သရုပ်ဆောင် အဆိုတော်တွေ ၊ တော်လှန်ရေးသတင်းဖုန်းချင်လို့  ဆိုက်ဝါးထည့်နေတဲ့ သတင်းတွေ ၊ ပရဟိတမင်းသား မင်းသမီးတွေ ၊ လွန်ကဲစွာ တက်ကြွလှု့ံဆော်တဲ့ သတင်းတွေ ၊ အားမနာပါးမနာနဲ့  ဆိုရှယ်မီဒီယာပေါ်မှာ " ပွဲ " ဆိုတာနဲ့  စိတ်ဝင်စားကြတာတွေ ၊ ပြည်တွင်းစစ်အချိန်မှာ အလှမယ်တစ်ယောက်ကို ပီဒီအက်ဖ်လူငယ်တစ်ယောက်ထက် စိတ်ဝင်စားပြနေကြတာတွေဟာ တော်လှန်ရေးရဲ့ ပုံရိပ်ကို သွယ်ဝိုက်ပြီး ကျဆင်းစေတယ်လို့  မြင်ပါတယ် ။
မိတ်ဆွေတို့  ...........
" ပါလက်စတိုင်းလူမျိုးတွေနဲ့  မိတ်ဆွေဖြစ်ထားတယ်ဆိုရင် ၊ သူတို့ ရဲ့  ကွန်မြူနတီမှာ ဝင်ကြည့်လိုက်ပါ ။
ပါလက်စတိုင်းလူမျိုးတိုင်းရဲ့  ဆိုရှယ်မီဒီယာပေါ်မှာ
" အစ္စရေးရဲ့  ရက်စက်ယုတ်မာမှု့ ". ကလွဲပြီး ကိုယ်ရေးကိုယ်တာ ဘာမှ မတင်ကြပါဘူး ။ ပျော်စရာပွဲလမ်းသဘင်တွေ မကျင်းပပါဘူး ။ ပြည်တွင်းစစ်ဖြစ်နေလို့ ပါ ။ ဒါ့ကြောင့်လည်း ကမ္ဘာ့တက္ကသိုလ်တွေမှာ ဥရောပတိုက်သား ကျောင်းသားတွေဟာ ပါလက်စတိုင်းကျောင်းသားတွေနဲ့ အတူ ဆန္ဒပြနေကြပါတယ် ။
ဘကြီးအောင် LA
30 October,2024