People Defense and Guerrilla Vanguard - PDGV

  • Home
  • People Defense and Guerrilla Vanguard - PDGV

People Defense and Guerrilla Vanguard - PDGV PDGV သတင်းပြန်ကြားရေး စာမျက်နှာ

A page about all the aims, activities and announcements of PDGV

15/01/2024

မနေ့ညက အဖွဲ့က ညီတစ်ယောက်က မေးတယ်။
Q. ကိုကြီး မြောက်ပိုင်းအဖွဲ့တွေနဲ့ စကစ နဲ့ အပစ်ရပ်လိုက်ပြီဆို ၊ အဲ့ဒါဆို တိုက်နေတာဘာရှိတော့လို့လဲ? ကျနော်တို့ ဘာဆက်လုပ်ကြရမှာလဲ?
ကျနော်လည်းနားလည်သလောက်ရှင်းပြလိုက်တယ်။
A. အပစ်ရပ်တယ်ဆိုတာက နိုင်ငံရေးစကားပြောဖို့ ခဏအနားယူဖို့ (လူ၊ လက်နက်၊ ရိက္ခာစုဆောင်း) ပြင်ဆင်ချိန်ယူတာဖြစ်တယ်။ မြောက်ပိုင်းအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို စကစ က လက်ခံ လက်မခံ ဆွေးနွေးတာဖြစ်တယ်။ လက်ခံခဲ့ရင် မြောက်ပိုင်းရဲ့တော်လှန်ရေး အောင်မြင်တာပဲ။ လက်မခံရင်တော့ အပစ်ရပ်တာက အကြုံးမဝင်တော့ဘူး။

Q. စကစ က သဘောတူလိုက်ရင် မြောက်ပိုင်းအဖွဲ့တွေက တော်လှန်ရေးထဲမပါတော့ဘူးလား?

A. ဒီတော်လှန်ရေးမှာ ဗျူဟာကျကျစဉ်းစားရင် ကိုယ်နယ်မြေ ကိုယ်လွတ်လပ်ဖို့ကို ကြိုးစားတာက အောင်မြင်ဖို့အနီးစပ်ဆုံးပဲ။ AA က ရခိုင်ပြည်နယ်ကို လွတ်မြောက်နယ်မြေဖြစ်အောင်လုပ်ရမယ်။ ကရင်ဆိုလည်း ကော်သူလေးပြည်နယ်လွတ်မြောက်ရေး။ KIA/KIO ဆိုလည်း ကချင်ပြည်နယ်လွတ်မြောက်ရေး ။ KNDF ဆို ကရင်နီ၊ CDF တို့ တခြားချင်းတော်လှန်ရေး အင်အားစုတွေကလည်း ချင်းပြည်နယ် လွတ်မြောက်ရေး နဲ့ ကျန်တဲ့ EROs တွေလည်း ကိုယ့်နယ်မြေ ကိုယ်လွတ်မြောက်ရေးအတွက် ကိုယ့်တာဝန်ကိုယ်ယူ လုပ်နေကြတာက တော်လှန်ရေးအောင်မြင်ဖို့ ပိုနီးစပ်တယ်။ ဥပမာပေးရရင်ကွာ ပန်းတိုင်ကို လက်ချင်းချိတ်ပြေးပြီး အကုန်အတူတူပန်းဝင်တာ နဲ့ တစ်ဦးချင်းပြေးပြီး ပန်းတိုင်မှာဆုံကြတာ ဘယ်ဟာပိုမြန်မလဲ? ဒီပန်းတိုင်ရောက်ရေးအဓိကရည်ရွယ်ချက်ဖြစ်နေတဲ့အချိန် လက်ချင်းချိတ်ပြီး အလုပ်မဖြစ်တာထက်စာရင် တဦးချင်းပြေးပြီး ပန်းတိုင်မှာ ဆုံကြတာ ပိုပြီးမြန်လိမ့်မယ်။ အဲ့လိုပဲ ခုချိန်မြောက်ပိုင်းက နယ်မြေစိုးမိုးရေးရသွားရင် တစ်ယောက်ပန်းဝင်တယ်လို့ ငါတို့မှတ်ယူရမှာ။ တခြား EROs တွေပါ အဲ့သလို နယ်မြေစိုးမိုးမှုရအောင် ငါတို့ကူတိုက်ပေးရမှာ။ တခု သတိထားရမှာက အပစ်ရပ်ဖို့စတောင်းတာ ဘယ်ဘက်ကလဲဆိုတာပဲ။ အပစ်ရပ်ဖို့တောင်းတာက အထိနာနေတဲ့ဘက်ကတောင်းတာများတယ်။ ခုဆို မြောက်ပိုင်းအဖွဲ့တွေနဲ့ စကစကြားမှာ ဘယ်ဘက်က အသာစီးရနေလဲဆိုတာ အသိသာချည်းပဲ။ ဒါကြောင့် ဆွေးနွေးပွဲမှာ မြောက်ပိုင်းအဖွဲ့တွေက အပေါ်စီးကတောင်းလို့ရတယ်။ ကိုယ်လိုချင်တာပြောရုံပဲ။ နောက်တစ်ခုမမေ့ရမှာက ဒီ ၂၀၂၁ အာဏာသိမ်းလိုက်မှ EROs တွေက တော်လှန်ရေးလုပ်တာမဟုတ်ဘူး။ သူတို့အစောတည်းက သူတို့လူမျိုး/ပြည်နယ် လွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်နေကြတာ။ ငါတို့အတွက်သာ နွေဦးကျမှ စစ်တပ်ဖြုတ်ချဖို့ သိကြတာ။ သူတို့ကအစောတည်းက တိုက်နေကြတဲ့သူတွေ။ ဒါကြောင့် ဒီတော်လှန်ရေးမှာ EROs တွေ ဘယ်အထိပါမှာလဲဆိုတာ ငါတို့စိတ်ပူရမည့်ကိစ္စမဟုတ်ဘူး။ သူတို့ရပိုင့်ခွင့်နဲ့ လွတ်မြောက်ခွင့်မရမချင်း သူတို့ကတိုက်နေကြဦးမှာ။

Q. ခုက EROs တွေ အကုန်လုံးက သူတို့နယ်မြေ လွတ်မြောက်ရင် ရပ်လိုက်ကြရင် ကျနော်တို့ပဲ ကျန်ခဲ့မှာပေါ့။ ကျနော်တို့ နယ်မြေကကော ဘယ်မှာလဲ?

A. မင်းမေးတဲ့ အချက်က အရေးအကြီးဆုံးပဲ ငါတို့ ဗမာလူမျိုးတွေရဲ့နယ်မြေက ရှိသလိုလို မရှိသလိုလိုနဲ့ မမဆောင်း ဖြစ်နေတာပဲ။ ခု ငါတို့ ဗမာတွေစဉ်းစားရမှာက ဗမာနယ်မြေသတ်မှတ်ဖို့က ငါတို့ဖြေရှင်းရမည့် အရေးကြီးဆုံးအချက်ဆိုတာ ဗမာ့တော်လှန်ရေးအင်အားစုတွေ လက်ခံရမည့်အချိန်ပဲ။

အရင်လို တိုင်း ၇ တိုင်း ဆိုပြီး ဂျင်း တွေ လက်မခံကြဖို့လိုပြီ။ ခုက တပြည်လုံး တနိုင်ငံလုံး လွတ်မြောက်ရေးဆိုပြီး လက်တွေ့မကျတဲ့ ကြွေးကြော်မှုထက်စာရင် ပြည်နယ်ရရှိရေး ပြည်နယ်လွတ်မြောက်ရေးကို စလုပ်ရမှာ။

ခုဆို မင်းသိထားတဲ့ ရခိုင်ဆို ULA/AA၊ ကရင်ဆို KNU/KNLA၊ ကချင်ဆို KIO/KIA စသဖြင့် ပြည်ထောင်အစိုးရ ပြည်ထောင်စစ်တပ်ရှိကြတယ် အုပ်ချုပ်ရေးအပိုင် နယ်မြေတွေရှိတယ်။ ငါတို့ဗမာတွေမှာ စစ်တပ်လို့ပြောရမည့် PDF ရှိတယ် အစိုးရလို့ပြောရမည့် NUG ရှိတယ်ထားဦး #နယ်မြေကဘယ်မှာလဲ?

ပြီးတော့ ဗမာမဟုတ်တဲ့ ကျန်တိုင်းရင်းသားတွေက သူတို့နယ်မြေရရှိဖို့ သူတို့လူမျိုး လွတ်မြောက်ဖို့ သူတို့ကိုယ်တိုင် အားစိုက်ကြိုးစားနေတာ။ ငါတို့ဗမာတွေ လွတ်မြောက်ဖို့ ဗမာပြည်နယ်ရရှိရေးအတွက်လည်း ငါတို့ကိုယ်တိုင်ပဲ အားစိုက်လုပ်ရမှာ။ ခု မြောက်ပိုင်းအဖွဲ့တွေနဲ့ ဗမာတပ်လို့ ပြောလို့ရလောက်မည့် BPLA က ပေါင်းတိုက်နေတယ်။ တခြား EROs တွေ သူတို့နယ်မြေလွတ်မြောက်ဖို့ တိုက်ကြရင်လည်း ငါတို့ ဗမာတွေ ပူးပေါင်းတိုက်ရမယ်။ ဒါမှသာ မဟာမိတ်ဖြစ်ပြီး ဗမာပြည်နယ်လွတ်မြောက်ဖို့ ဗမာပြည်နယ်ရရှိဖို့အတွက် ငါတို့တိုက်ကြရင် ညီနောင်တိုင်းရင်းသားတွေက အားပေးထောက်ခံကြမှာ။

နောက်တစ်ချက်က EROs တွေက သူတို့နယ်မြေလွတ်မြောက်သွားရင် မပါတော့ဘူးလားဆိုတော့

ဗမာပြည်နယ်ရရှိဖို့ ဗမာပြည်နယ်လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ လူ၊လက်နက် အင်အားတွေ အကုန်ခံပြီး ပါရမည့်အကြောင်းပြချက်က ဘယ်မှာလဲ?

ဆိုလိုတာက လက်ရှိ ငါတို့ ဗမာခေါင်းဆောင်တွေ EROs တွေ လက်ခံယုံကြည်လောက်တဲ့ နိုင်ငံရေးကတိကဝတ်တွေ ညှိနှိုင်းသဘောတူညီမှု လုပ်ပြီးကြပြီလားပေါ့။ အာဏာရှင်အရင်တိုက်မယ် ပြီးမှ ညှိနှိုင်းကြတာပေါ့ဆိုတဲ့ ဘုံရန်သူပြပြီးတိုက်လို့ရတဲ့အခြေအနေမဟုတ်တော့ဘူး။ ဘုံအကျိုးစီးပွါးပါ တူဖို့လိုတယ်။

ဘာလို့ဆို အင်္ဂလိပ်ဆီကလွတ်လပ်ရေးရပြီးတည်းက လူမျိုးရေးအရ ဘာသာရေးအရ အဖိနှိပ်ခံခဲ့ရတာ တန်းတူမှုမရရှိခဲ့တာ စတဲ့ဒဏ်ရာတွေက အများကြီးပဲလေ။ ဒါကြောင့် ဘုံအကျိုးစီးပွါးပါ တခါတည်း ညှိထားဖို့လိုအပ်တယ်။

Q. ဘုံရန်သူကတော့ စကစ၊ ဘုံအကျိုးစီးပွါးဆိုတာကဘာလဲကိုကြီး?
A. ဘုံရန်သူဆိုတာက စကစ တင်မကဘူး။ အာဏာရှင်စနစ်၊ အလေ့အကျင့်တွေ နဲ့ မညီမျှမှု၊ လူမျိုးကြီးဝါဒ စသဖြင့် နိုင်ငံတော်သီချင်း ခြေဆင်းမှာပါတဲ့ တရားမျှတ၊လွတ်လပ်ခြင်း၊ အခွင့်အရေးတန်းတူညီမျှမှု တွေရှိမနေခြင်းကိုက ဘုံရန်သူပဲ။ အဲ့လိုအခြေအနေ ဖြစ်အောင် လုပ်တဲ့သူ၊ အဖွဲ့အစည်း အတွေးအခေါ် တွေအကုန်လုံးက တော်လှန်ရေးရဲ့ ဘုံရန်သူပဲ။

ဒီတိုင်းပြည်ရဲ့ အခြေအနေအရ ခွင့်တူညီမျှဖို့၊ တရားမျှတဖို့၊ လွတ်လပ်ဖို့အတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ Federal Democracy စနစ်သာလျှင် အပေါ်ကပြောတဲ့ မညီမျှမှုတွေ မလွတ်လပ်မှုတွေကို ပြောင်းလဲပေးနိုင်ပြီ ဘုံရန်သူကို အနိုင်တိုက်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အားလုံးရဲ့ ဘုံအကျိုးစီးပွါးက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်တဲ့ Federal Democracy ဖြစ်တယ်။ ဘယ်လို Federal ပုံစံသွားမယ်၊ Federal နဲ့ State (ပြည်နယ်) တွေကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု အာဏာကန့်သတ်မှုတွေကို သေချာညှိနှိုင်းပြီး နိုင်ငံတော်အဆင့်စာချုပ်ချုပ်ဆိုပြီး အာမခံဖို့လိုအပ်တယ်။

Q. အဲ့ဒါဆိုကျနော်တို့က အခုဘာဆက်လုပ်သင့်လဲ? ဘာလုပ်ရမှာလဲ?

A. ခုအရင်ဆုံးလုပ်သင့်တာက ဗမာနယ်မြေသတ်မှတ်ဖို့ပဲ။ လုပ်ရမှာကတော့ ခုတိုက်နေတဲ့ EROs နယ်မြေတွေ လွတ်မြောက်ရေး ငါတို့ကူတိုက်ရမှာ၊ အားပေးရမှာ။ ဘာလို့ဆို သူတို့က ခြေကုပ်ရှိတဲ့အတွက် အရင်လွတ်မြောက်ဖို့ပိုမြန်မယ်။ သူတို့ကို ငါတို့ကူတိုက်ပေးပြီး မဟာမိတ်ဆက်ဆံရေးထူထောင်ထားနိုင်မှ ငါတို့နယ်မြေရရှိရေး လွတ်မြောက်ရေးအတွက် သူတို့လည်း ဝန်းရံကြမှာ။ စစ်အာဏာရှင်တွေအောက်ကအကုန်လွတ်မြောက်မှ ဆွေးနွေးညှိနှုင်းပြီး နိုင်ငံသစ်ထူထောင်ကြတာပေါ့။

Q. ကျနော်တို့ ဗမာနယ်မြေသတ်မှတ်ဖို့ ရရှိဖို့က NUG က လုပ်မှရမှာပေါ့ ဒါဆို။

A. NUG ကို ကိန်းသေအနေနဲ့ထားမတွက်နဲ့
သူက အမြဲရှိမည့်ဟာမဟုတ်ဘူး
တိုင်းရင်းသားတွေ နယ်မြေအပိုင်ရပြီးရင် ဗမာနယ်မြေရရှိရေးက လိုအပ်ချက်ဖြစ်လာမှာ။
အဲ့အချိန် ဒီပုံစံအတိုင်း ကိုယ့်ဘာသာ ဗဟိုလို့စဉ်းစားပြီးဆက်သွားရင် အဲ့အဖွဲ့အစည်းကဘေးရောက်မှာပဲ။ အဲ့အချိန် ဗမာနယ်မြေရရှိရေးမူနဲ့ သွားနေတဲ့အဖွဲ့တွေ ခေါင်းဆောင်အသစ်ကလိုအပ်ချက်အရပေါ်လာမှာ။ ခုကို တချို့ ဗမာလူငယ်တွေဦးဆောင်တဲ့အဖွဲ့တွေက တော်လှန်ရေးလိုအပ်ချက်ကို အဖွဲ့အစည်းမူအဖြစ်ထားထားတယ်။

Q. NUG ကကော မူအဖြစ်မထားဘူးလား?

A. သေချာတော့မသိဘူး။ တရာဝင်ကြေငြာထားတာတော့မရှိသေးဘူး။ တပ်ဦးမှာရှိနေတဲ့ NUG က အဲ့လိုမူ တရားဝင်ထားထားရင်တော့ အကောင်းဆုံးပဲပေါ့။
အင်းနားလည်ပြီကိုကြီး နောက်မှ သိချင်တာတွေထပ်မေးတော့မယ်။

Oakar

18/10/2023
အားလုံး မင်္ဂလာပါ 🙏မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ‌ ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်နေကြသော သူရဲကောင်းများ တော်လှန်ရေးအရှိန...
05/06/2023

အားလုံး မင်္ဂလာပါ 🙏

မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ‌ ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်နေကြသော သူရဲကောင်းများ တော်လှန်ရေးအရှိန်မြင့်တင်နိုင်ရန် ရည်ရွယ်၍
"မြို့ပြခေါ်သံ" ဆိုတဲ့ ကမ်ပိန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

၂၀၂၁ ဇွန်လ ၁၈ ရက်နေ့မှာ PDGV - People Defense And Guerrilla Vanguard မြို့ပြအဖွဲ့မှတိုက်ခိုက်နိုင်ခဲ့သော တာမွေမြို့နယ် သီတာလမ်း စစ်ကား ဗုံးခွဲမှုဟာ အောင်မြင်စွာနဲ့ တနိုင်ငံလုံးကို အမှတ်ရစေခဲ့ပြီး ဖက်ဆစ်အာဏာရှင်တို့ကို အထူးပင်တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

ထိုသို့ အောင်မြင်ခဲ့သော မစ်ရှင် ၂နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တိုက်ခိုက်မှုမြင်ကွင်းကို ဂုဏ်ပြုရေးဆွဲထားသော ပန်းချီကားနှစ်ချပ်အား မြို့ပြခေါ်သံ ကမ်ပိန်းလေးမှာ ရောင်းချသွားမှာဖြစ်ပါတယ်။

ရရှိလာတဲ့ ထောက်ပံ့ရံပုံငွေ အားလုံးကို (PDGV - People Defense And Guerrilla Vanguard) မြို့ပြအဖွဲ့ နဲ့ (တောင်ပိုင်းတိုင်း-စစ်ဒေသခွဲ-တပ်ရင်း-၃၇၀၂-တပ်ခွဲ၄) တို့အတွက် ဆက်လက်၍ တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် အပြည့်အဝပေးအပ်သွားမှာဖြစ်ပါတယ်။

ပန်းချီကား ၂ ချပ်အား ကံစမ်းမဲလက်မှတ်အနေဖြင့် နိုင်ငံအသီးသီးမှ အောက်ပါ စျေးနှုန်းများနှင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

🇦🇺 Australia --> AUD 10
🇸🇬 Singapore --> SGD 10
🇺🇸 USA --> USD 8

👉 လက်မှတ်ဝယ်ရန် ဆက်သွယ်ရမည့် Fundraiser များ
--------------------------

🇦🇺 Austrlia
-----------------------
Nwe Ni Tun - 0423 956 609
https://www.facebook.com/nwenit

Kendra Win - 0432 948 613

Anna James - https://www.facebook.com/annajames

Pyi Soe - 0425 775 190

Tin Hlaing - 0452 054 417

Saw Aung Ko - 0402 646 155

Yarzathan Group - https://wa.me/61491976726

🇸🇬 Singapore
-----------------------
Nway Oo Unity in Diversity - https://www.facebook.com/profile.php?id=100076078404833

Yarzathan Group - https://wa.me/61491976726

🇺🇸 USA
-----------------------
Si Si Aye
https://www.facebook.com/si.aye.1

လက်မှတ်‌ပေါက်မဲကို ဇူလိုင်လ ၁ ရက်နေ့ စနေနေ့ မြန်မာစံတော်ချိန်ညနေ ၆း၃၀ တွင် "Nway Oo Unity in Diversity" page မှ ကြေငြာပေးသွားမှာဖြစ်ပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

DVB TV News အစီအစဉ်ပါ လိမ်လည်အင်တာဗျူးဖြေကြားမှုကို ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ခြင်းယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ တွင် DVB ...
31/07/2022

DVB TV News အစီအစဉ်ပါ လိမ်လည်အင်တာဗျူးဖြေကြားမှုကို ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ခြင်း

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ တွင် DVB TV News ၏ ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်တွင် အင်တာဗျူးဖြေကြားသူသည် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးနှင့်ပြောက်ကျားတပ်ဦး (PDGV )နှင့် လုံးဝမသက်ဆိုင်သလို ကျွန်ုပ်တို့အဖွဲ့ဆောင်ရွက်ထားသော စစ်ရေးလှုပ်ရှားမှုအား အသုံးချပြီး အင်တာဗျူးဖြေကြားခဲ့ခြင်းသာဖြစ်သည်။

ကျွန်ုပ်တို့လှုပ်ရှားမှုဖြစ်စဉ်အားသေချာမသိပဲ ဖြေကြားသူ၏ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းဆင်ပြီး ဖြေကြားမှုသည် အသက်နှင့်ဘဝကို ပဓာနမထားပဲ တော်လှန်ရေးအတွက်ဆောင်ရွက်နေကြသော ကျွန်ုပ်တို့အဖွဲ့သားများအား စော်ကားခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့(PDGV)အဖွဲ့မှမှတ်ယူသည်။

ထိုကဲ့သို့ နောက်နောင်တွင် မည်သည့်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းမဆို မိမိလုပ်သည့်ဟန်ဖြင့် အင်တာဗျူးလိမ်လည်ဖြေကြားမှုများမပြုလုပ်ရန်နှင့်သတင်းဌာနများမှလည်း ထိုကဲ့သို့လိမ်လည်ဖြေကြားမှုများကို စီစစ်၍သာ သတင်းတင်ဆက်ရန် အထူးအလေးအနက်တောင်းဆိုလိုက်သည်။

မြန်မာ့နွေဦးတော်လှန်ရေး နှင့် မြို့ပြပြောက်ကျား🔺မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမြို့ပြပြောက်ကျားအဖွဲ့များပေါ်ပေါက်လာခြင်း ...
31/07/2022

မြန်မာ့နွေဦးတော်လှန်ရေး နှင့် မြို့ပြပြောက်ကျား

🔺မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမြို့ပြပြောက်ကျားအဖွဲ့များပေါ်ပေါက်လာခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် ရွေးကောက်ပွဲမဲမသမာမှုများရှိသည်ဟု အကြောင်းပြ၍ မြန်မာ့စစ်တပ်သည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ကြီးများ နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးပြီး တတိယအကြိမ် လက်နက်အားကိုးဖြင့် စစ်အာဏာသိမ်းမှုဆောင်ရွက်ခဲ့သည်။

ဒီမိုကရေစီလိုလားသော ပြည်သူလူထုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် သံပုံးတီးခြင်း၊ တော်လှန်ရေးသီချင်းများသီဆိုခြင်း၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်း စသည့် အကြမ်းမဖက်နည်းလမ်းများဖြင့် စစ်အာဏာသိမ်းမှုကို အံတုဆန့်ကျင်ခဲ့ကြသည်။

ပြည်သူလူထုသည် ဆန္ဒထုတ်ဖော်ရာတွင် အကြမ်းဖက်မှုများမဖြစ်စေရန်အတွက် အချင်းချင်းထိန်းသိမ်းကာ မိမိတို့ဆန္ဒသဘောထားကို အာဏာသိမ်းစစ်ကောင်စီ သိရှိစေရန်အတွက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို အာဏာသိမ်းစစ်တပ်သည် လျစ်လျှူရှုသည့်အပြင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သော ပြည်သူလူထုအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများကို အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်းပင် ဆောင်ရွက်ခဲ့ကြသည်။

လူသတ်လက်နက်အားကိုးဖြင့် “သေရဲတဲ့​ကောင်ထွက်ခဲ့” လို့ ကြိမ်းမောင်းသော လက်နက်ကိုင်အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရန်အတွက် ဆန္ဒပြလူငယ်များသည် နည်းမျိုးစုံပြင်ဆင်ခဲ့ကြသည်။
တချို့မှာ ဆန္ဒပြပွဲများတွင် ဒိုင်းကာ ၊smoke bomb၊ ကျည်ကာနိုင်သော ပစ္စည်းများဖြင့်ခုခံရင်း ဆန္ဒပြပွဲများကိုဆက်လက်သယ်ဆောင်ခဲ့ကြသလို၊ တချို့လူငယ်များမှာ ပြန်လည်ခုခံရန်အတွက် မိုလိုတော့ပ်လုပ်နည်း လက်လုပ်မိုင်းလုပ်နည်းများကို လေ့လာပြီး ခုခံရန်ပြင်ဆင်ကြပြီး နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံ ချဉ်းကပ်ခဲ့ကြသည်။

မိမိတို့ မိသားစုဆွေမျိုးများ ၊ သူငယ်ချင်းများ နှင့် အသိမိတ်ဆွေများ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံနေရခြင်းကို ကိုယ်တိုင်ကြုံခဲ့ကြသော လူငယ်များသည် လက်နက်အားကိုး၍ အကြမ်းဖက်မှုကျူးလွန်နေသော အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်ရန်အတွက် ၂၀၂၁ ခုနှစ် မတ်လအတွင်းပင် ပြင်ဆင်ခဲ့ကြသည်။

လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် အတွက် အတွေ့အကြုံရှိသော EROs အဖွဲ့များထံ သင်တန်းတက်ရောက်ရန်ပြင်ဆင်ရာ တချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်ဖြစ်လာမည့်သူများအတွက် တော်လှန်ရေးနည်းနာများ လေ့ကျင့်မှုများသည် အဆင်ပြေသော်လည်း
မိမိတို့နေထိုင်ရာ မြို့ပြတွင်ပြန်လည်၍တော်လှန်ရေးလုပ်လိုသူများ (မြို့ပြပြောက်ကျားများ) အတွက် မြို့တွင်းတိုက်ပွဲနည်းနာများနှင့် အလှမ်းကွာသော EROs အဖွဲ့များဆီမှ တိုက်ပွဲဝင်နည်းလမ်းများလေ့လာခြင်းထက် ယမ်းချက်နည်း နဲ့ အပစ်အခတ်ကိုသာ ရက်တိုလေ့လာပြီး မြို့ပြဆီပြန်လာ၍ ကိုယ်နည်းကိုယ့်ဟန်ဖြင့် တော်လှန်ရေးဆောင်ရွက်ခဲ့ကြသည်။

၂၀၂၁ မတ်လနောက်ဆုံးအပါတ်တွင် လူငယ်များသည် စစ်အုပ်ချုပ်ရေးကို အံတုသည့်အနေဖြင့် သဲအိတ်ကာ၊ တာယာကွင်းမီးရှို့ခြင်းများအပြင် အကြမ်းဖက်စစ်တပ်တပ်စွဲထားသော နေရာများကို ဖောက်ခွဲတိုက်ခိုက်ခြင်းဖြင့် ရန်ကုန်တွင် မြို့ပြပြောက်ကျားလှုပ်ရှားမှုများကို စတင်ခဲ့ကြသည်။

🔺တော်လှန်ရေးပုံစံပြောင်းခြင်း

မြန်မာ့နွေဦးတော်လှန်ရေးသည် မြို့ပြများတွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းအခြေအနေမှ စစ်တပ်တပ်စွဲထားသောနေရာများ၊ ရဲစခန်းများ၊ စစ်တပ်ပိုင် စီးပွါးရေးအဆောက်အဦး နှင့် ယာဉ်များကို တိုက်ခိုက်မှုပုံစံသို့ပြောင်းလဲခဲ့သည်။

လူနေရပ်ကွက်များအတွင်းတပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းဖြင့် လက်နက်ကိုင်ထားသော စစ်ကောင်စီတပ်သားများကိုယ်တိုင် သဲအိတ်/ဘန်ကာ များနောက်တွင်သာ နေထိုင်ရဲသောအခြေအနေဖြစ်သွားသည်။

အများပြည်သူပိုင်လမ်းများတွင် စစ်ကားများရပ်ပြီး လူထုကိုခြိမ်းခြောက်အာဏာပြမှုများသည်လည်း စစ်ကားများဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း လမ်းမပေါ်အချိန်ကြာကြာမရပ်ရဲတော့ပေ။

ထို့အပြင် ခြိမ်းခြောက်ပြီးလှည့်နေသောစစ်ကားများသည်လည်း တိုက်ခိုက်ခံရခြင်းကြောင့် ကားပေါ်သဲအိတ်တင်ခြင်း၊ သံဇကာများတပ်ဆင်ခြင်း နှင့် ကျည်ကာဒိုင်းများကာပြီး လှည့်ရသော အခြေအနေဖြစ်လာခဲ့သည်။ အကြမ်းဖက်စစ်တပ်အတွက် ၄င်းတို့တပ်ဝန်းသည်သာ နောက်တန်းဖြစ်ပြီး တပ်ဝန်းအပြင်ထွက်သည်နှင့် ရှေ့တန်းစစ်မျက်နှာဖြစ်သည့်အထိ မြို့ပြလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ခဲ့ကြပါသည်။

🔺တော်လှန်ရေး/နိုင်ငံရေးအတွေးအခေါ်လက်နက်တပ်ဆင်ရန်လိုအပ်ခြင်း

မြို့ပြပြောက်ကျားလှုပ်ရှားမှုများအားကောင်းလာသည့်အခါ လူငယ်များသည် စိတ်တူကိုယ်တူသူများစု၍ အဖွဲ့များဖွဲ့ကြပြီး မြို့ပြလှုပ်ရှားမှုများကို ပုံစံမျိုးစုံဖြင့်ဆောင်ရွက်လာကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့၀င်များသည်လည်း သင်တန်းပြီးနောက် လက်နက်မတပ်ဆင်ပေးနိုင်သေးသည့်အတွက် တချို့မှာ မိမိတို့သက်ဆိုင်ရာ မြို့ပြများရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (သို့) အဖွဲ့အသစ်ဖွဲ့စည်းခြင်းများဖြင့် မြို့ပြပြောက်ကျားစစ်ဆင်ရေးကို ဆောင်ရွက်လာခဲ့ကြသည်။

အဖွဲ့အစည်းများ များလာသော်လည်း တချို့အဖွဲ့အစည်းများသည် ကျင့်ဝတ်သိမှုမရှိပဲ အမှိုက်ပုံ၊ လူမရှိသောယာဉ်ထိန်းရုံး၊ လမ်းလယ်ကျွန်း နဲ့ စစ်ကောင်စီကို မထိခိုက်နိုင်သည့်နေရာများတွင် ဖောက်ခွဲမှုများလုပ်ပြကာ “သတိပေးဖောက်ခွဲမှုတို့”
“ပြည်သူတွေအပြင်မထွက်ကြပါနဲ့” စသော ကြေငြာချက်မျိုးစုံထုတ်နေသည်မှာ ရေရှည်အတွက် တော်လှန်ရေးအပေါ်ပြည်သူများ စိတ်ဝင်စားမှုလျော့ကျစေနိုင်ပါတယ်။

အပြစ်မဲ့ပြည်သူတွေထိခိုက်နိုင်လျှင် ထိုလုပ်ဆောင်ချက်/မစ်ရှင်(mission) သည်ဘယ်လောက်လွယ်လွယ်မလုပ်သင့်ပါဘူး။

နောက်တစ်ချက်မှာ ကျနော်တို့ဟာ လက်နက်အားကိုးဗိုလ်ကျတဲ့စနစ်ကို မုန်းတီးလို့တော်လှန်နေတာဖြစ်တဲ့အတွက် ကျနော်တို့လက်ထဲ လက်နက်ရှိတဲ့အခါမျိုးမှာလည်း အဲ့ဒီအကျင့်ဆိုးပါမလာအောင် ဂရုပြုရမယ်။

ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့အဖွဲ့အစည်းတိုင်းသည် နိုင်ငံရေးအတွေးအခေါ် တော်လှန်ရေးအတွေးအခေါ်များ အားကောင်းဖို့လိုအပ်ပြီး မိမိတို့ဆောင်ရွက်ချက်များသည် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကို ဦးတည်သည့် တိုက်ခိုက်မှုမျိုးဖြစ်သင့်သလို နိုင်ငံတကာစစ်ရေးကျင့်ဝတ်များကိုလိုက်နာဖို့လည်း လိုအပ်ပါတယ်။

မဟုတ်လျင် ကျနော်တို့ရဲ့ တော်လှန်ရေးက အကြမ်းဖက်ပုံစံပြောင်းသွားနိုင်တာကို သတိပြုရပါမယ်။

🔺သတိထားရမည့်သတင်းထုတ်ပြန်မှုများ

မြို့ပြဟာ နည်းပညာအသုံးပြုမှုအားကောင်းတဲ့ နေရာဖြစ်သည်နှင့်အညီ ဖွဲ့စည်းထားသော မြို့ပြပြောက်ကျားအဖွဲ့များ၏ page များစွာဟာလည်း အပြိုင်အဆိုင်ဖွင့်လှစ်ပြီး သတင်းတင်ကြပါတယ်။

မြို့ပြပြောက်ကျား တိုက်ခိုက်မှုများဟာ ရန်သူ့ထိန်းချုပ်နယ်မြေထဲမှာနေပြီး တိုက်ခိုက်ရတာဖြစ်သည့်အတွက် မြေအောက်လှုပ်ရှားမှုပုံစံဆောင်ရွက်ခြင်းကသာ အဖွဲ့ဝင်များအတွက် ပိုမိုလုံခြုံစေနိုင်ပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်ကို အများပြည်သူသိရှိအောင် မီဒီယာအသုံးပြုဆောင်ရွက်ရုံသာဖြစ်သင့်ပါသည်။

ထိုသို့မဟုတ်ပဲ ဖြစ်စဉ်အစအဆုံးတင်ပြတာ မိမိတို့အဖွဲ့လုပ်တာဖြစ်ကြောင်း page မှာ တင်တာတွေက ရန်သူက ခြေရာခံဖို့ လွယ်ကူစေပါတယ်။

နောက်တစ်ချက်က ဒလန်ရှင်းတဲ့ကိစ္စတွေဆိုတာ အရမ်းအန္တရာယ်များတဲ့ကိစ္စတစ်ခုပါ။ အရပ်သားပစ်မှတ်ဖြစ်ခြင်း လက်နက်မဲ့ဖြစ်ခြင်းဖြစ်သည့်အတွက် စစ်ရေးကျင့်ဝတ်အရ အဆင်မပြေနိုင်ပါဘူး။

တကယ်သတင်းပေး ဒလန်ဖြစ်လို့ ဆောင်ရွက်ပြီးရင်လည်း ကြေငြာချက်တွေမထုတ်ပဲနဲ့ သတင်းအနေနဲ့သာ မီဒီယာကို ပေးသိသင့်ပါတယ်။

ကျနော်တို့တော်လှန်ရေးလုပ်နေကြတာ page မှာ followers များဖို့မဟုတ်သလို လူအထင်ကြီးခံရဖို့လည်းမဟုတ်သည့်အတွက် တစ်ဖွဲ့ချင်းစီရဲ့ သတင်းထုတ်ပြန်မှုတွေကိုလည်း ပြန်လည်သုံးသပ်ဖို့လိုအပ်နေပါတယ်ခင်ဗျာ။

🔺အခက်အခဲများ

မြို့ပြပြောက်ကျားအဖွဲ့တွေဟာ မစ်ရှင်တွေလုပ်ရတာငွေကုန်ကြေးကျအရမ်းများသည့်အတွက် အလှူခံဖို့လိုအပ်သလို အလှူရှင်တွေကိုလည်း တကယ်အလုပ်လုပ်နေတဲ့အဖွဲ့ဖြစ်ကြောင်းအသိပေးဖို့အတွက် မစ်ရှင်တစ်ခုပြီးတိုင်း ကြေငြာချက်တွေထုတ်နေကြရပါတယ်။

သတင်းတွေမှာ အကြမ်းဖက်စစ်တပ်က ဝင်ဖမ်းလို့ မြို့ပြပြောက်ကျားလူငယ်တွေအဖမ်းခံရရင် တနေရာတည်းမှာတင် သုံး လေး ငါးယောက် အနည်းဆုံးပါ။ အခန်းငှါးရခက်တာ အခန်းခစျေးကြီးတာတွေကြောင့် တနေရာတည်းမှာ စုနေကြရတာတွေက မြို့ပြပြောက်ကျားလူငယ်တွေအတွက် အန္တရာယ်အရမ်းများပါတယ်။

ပစ္စည်းထားဖို့ ဝပ်ကျင်းတွေဖန်တီးရတာ၊ လူနေဖို့ဝပ်ကျင်းတွေဖန်တီးရတာ၊ မိမိတစ်ခုခုဖြစ်ရင် မိသားစုတွေမထိခိုက်ဖို့ အိမ်မှာမနေရတာ၊ ပါတ်ဝန်းကျင်က ဂရုမပြုမိအောင်နေရတာ၊ မစ်ရှင်လုပ်ပြီးတိုင်း နောက်ကပါလာမှာ စိုးရိမ်ရတာ၊ မိမိအဖွဲ့ဝင်တွေဒဏ်ရာရခဲ့ရင် လျှို့ဝှက်ကုသဖို့ပြင်ဆင်ရတာ စတဲ့ စိုးရိမ်မှုပေါင်းများစွာ စတဲ့အခက်အခဲပေါင်းများစွာဖြင့် ပြောက်ကျားလူငယ်တွေဟာ နေ့စဉ်ဖြတ်သန်းနေကြရပါတယ်။

လိုအပ်တဲ့လက်နက်ခဲယမ်း နှင့် နေထိုင်စားသောက်စရိတ်အတွက် ပေါ်ပေါ်တင်တင်အလှူခံလို့မဖြစ်သည့်အတွက် ယုံကြည်ရတဲ့သူငယ်ချင်းမိတ်ဆွေ မိဘဆီကသာ တောင်းသုံးပြီး တော်လှန်ရေးကို ဆောင်ရွက်နေကြရပါတယ်။

🔺အမျိုးသားညီညွတ်ရေးအစိုးရနှင့်မြို့ပြပြောက်ကျားအဖွဲ့များကြားချိတ်ဆက်မှု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြို့ပြလှုပ်ရှားမှုများကို အားကောင်းစေဖို့ နှင့် အချိတ်အဆက်မိဖို့အတွက် မြို့ပြပြောက်ကျားအဖွဲ့များကို ပူးပေါင်းစုစည်းစေခြင်း နှင့် စစ်ဆင်ရေးအမည်တစ်ခုအောက် ဆောင်ရွက်စေခြင်းများပြုလုပ်လျှက်ရှိပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့များဟာလက်ရှိအချိန်မှာ မြေအောက်လှုပ်ရှားမှုပုံစံဖြင့်သွားခြင်းကသာ အလုံခြုံဆုံးဖြစ်သည့်အတွက် မလိုအပ်ပဲ ပူးပေါင်းမှုတွေက လုံခြုံရေးကိုများစွာထိခိုက်နိုင်တာကို ရှေ့ကအဖြစ်အပျက်တွေမှာ သင်ခန်းစာယူနိုင်ပါတယ်။

နောက်တစ်ချက်အနေဖြင့် စစ်ဆင်ရေးခေါင်းစဉ်တစ်ခုအောက်ကဆောင်ရွက်တာဟာ ရည်ရွယ်ချက်တစ်ခုကိုထိရောက်ဖို့အတွက်ဆိုလျှင် အတော်ကောင်းပေမဲ့ လုပ်သမျှမစ်ရှင်အားလုံးကို တစုတည်းဖော်ပြချင်ရုံသာဆိုရင် စစ်ဆင်ရေးက အမည်ခံပဲဖြစ်ပြီး မိမိတို့ချမှတ်ထားသော စစ်ရေးကျင့်ဝတ်များနှင့်အညီ မဆောင်ရွက်တဲ့ လှုပ်ရှားမှု၊ အဖွဲ့များကိုပါ ထည့်သွင်း တာဝန်ယူနေရခြင်းဟာ တော်လှန်ရေးအတွက် အနှောက်အယှက်တစ်ခုဖြစ်ပါတယ်။

လုံခြုံရေးပြဿနာကြောင့်ဖြစ်စေ၊ စစ်ဆင်ရေးခေါင်းစဉ်တစ်ခုအောက်က ဆောင်ရွက်လို့အဆင်မပြေသေးလို့ဖြစ်စေ မပူးပေါင်းနိုင်သေးပဲ ထိထိရောက်ရောက်လုပ်နေတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေနှင့်ပါတ်သတ်ပြီး NUG အနေဖြင့် ချိတ်ဆက်ရေးမူဝါဒကောင်းကောင်းရှိဖို့လိုအပ်ပါတယ်။

ယခုလက်ရှိအခြေအနေတွင် မြို့ပြပြောက်ကျားအဖွဲ့များသည် ဘဏ္ဍာငွေကြေးနည်းပါးလျှက်ရှိပြီး ပြည်တွင်းအလှူရှင်များကိုလည်း လုံခြုံရေးအခြေအနေကြောင့် အလှူငွေတောင်းခံနိုင်ခြင်းမရှိပါ။

ပြည်ပအလှူရှင်အဖွဲ့အစည်းများအနေဖြင့်လည်း လက်နက်ကိုင်လုပ်ငန်းစဉ်များ၏ ဘဏ္ဍာငွေတောင်းခံမှုနှင့်ပါတ်သတ်ပြီး NUG ဆီတိုက်ရိုက်လှူဒါန်းမှုကိုသာပြုလုပ်မည့် မူဝါဒ ချထားခြင်းကြောင့် မြို့ပြပြောက်ကျားအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာငွေတောင်းခံလိုလျှင် လုံခြုံရေးစည်းကို ချိုးဖောက်ပြီး ချိတ်ဆက်ရမည့်ပုံဖြစ်နေပါတယ်။

လက်နက်ကိုင်အဖွဲ့များ စည်းစနစ်ကျအောင် Chain of command အတွက် MOD အောက် ဝင်ရောက်ဖို့လိုအပ်ပေမဲ့ စစ်ရေးကျင့်ဝတ်တွေအတိုင်းဆောင်ရွက်ပြီး စစ်ရေးပစ်မှတ်တွေကိုတိုက်ခိုက်လျှက်ရှိတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေဟာ လုံခြုံရေးအရမပူးပေါင်းနိုင်သေးပေမဲ့ ချိတ်ဆက်ဖို့အစီအစဉ်တစ်ခုကို NUG အနေဖြင့်ဖန်တီးထားဖို့လိုအပ်လျှက်ရှိပါတယ်။

ဒါ့အပြင် NUG အနေဖြင့် မြို့ပြပြောက်ကျားလှုပ်ရှားမှုများနှင့်ပါတ်သတ်၍သီးသန့် ကိုင်တွယ်သင့်ပါတယ်။ ကာကွယ်ရေးဝန်ကြီးက တိုက်ရိုက်စီမံတာမဟုတ်ပဲ မြေအောက်တော်လှန်ရေးနည်းနာများကို ကျွမ်းကျင်သူများဖြင့် unit များဖွဲ့ပြီး စနစ်တကျဆောင်ရွက်နိုင်လျှင် မြို့ပြတိုက်ခိုက်မှုများ ပိုမိုအားကောင်းနိုင်ပါသည်။

🔺ဖမ်းဆီးခံနှင့်ကျဆုံးမြို့ပြပြောက်ကျားရဲဘော်များ

တောထဲမှရဲဘော်များ ဖမ်းဆီးခံရလျှင်သော်လည်းကောင်း၊ ကျဆုံးလျှင်သော်လည်းကောင်း သတင်းတွေထဲပါပြီး လူအများသိရှိကာ တောထဲတွင် ဂုဏ်ပြုသေနတ်ဖောက်ခြင်း၊ အမိန့်ပြန်တမ်းများဖတ်ခြင်း ပြုလုပ်နိုင်ကြပေမဲ့ မြို့ပြမှ ပြောက်ကျားရဲဘော်များ ဖမ်းဆီးခံရခြင်း၊ ကျဆုံးခြင်း ဖြစ်ခဲ့လျှင် မိသားစုဝင်များနှင့် အဖွဲ့ဝင်များ ထိခိုက်မည်စိုး၍ ရေငုံနှုတ်ပိတ်နေခဲ့ကြရပါတယ်။ “ကျနော်တို့ကသေရင် ခွေးသေ၊ဝက်သေ လမ်းဘေးမှာသေမှာဗျ” ဆိုတဲ့ ပြောက်ကျားရဲဘော်တစ်ယောက် သူ့ညီကျဆုံးချိန်မှာ ပြောခဲ့သလိုပဲ ပြောက်ကျားရဲဘော်တွေရဲ့ဘဝက အလောင်းပြန်ရရင်ကို တော်သေးတယ်ပြောရမည့်အခြေအနေပါ။

အဖမ်းဆီးခံရလျှင်လည်း နာမည်ကြီးသူဆိုလျှင် လူအများသတိထားကြပေမဲ့ နာမည်မရှိသူဆိုရင် တစ်ပါတ်လောက်ကြာလျှင် သတင်းမှိန်သွားလျှက်ရှိပါတယ်။

ကျဆုံးပြောက်ကျားရဲဘော်များ၏ မိသားစုဝင်များသည် မိမိတို့သားသမီး တော်လှန်ရေးလုပ်ရင်းကျဆုံးတာကို ဝမ်းနည်းဂုဏ်ယူချင်ပေမဲ့ လူမသိသူမသိသာ သက်ပျောက်ဆွမ်းသွပ်ကြရပါတယ်။

“ငါ့သားရဲ့သေဆုံးမှုက ငါတို့တချိန်မှာ ဂုဏ်ယူရမှာမလား” လို့မေးတဲ့ မိခင်တစ်ယောက်ရဲ့အမေးက ကျနော်တို့ ပြောက်ကျားရဲဘော်တွေပေးစရာအဖြေမဲ့ခဲ့ပါတယ်။

တခါတလေ မိုင်းဆင်ရင်းပေါက်ကွဲမှုတွေ၊ ကားပေါ်မှာပေါက်ကွဲမှုတွေ၊ ပစ်မှတ်မရောက်ခင် ပေါက်ကွဲမှုတွေ၊ ပစ္စည်းသယ်ဆောင်ရင်း မတော်တဆ ပေါက်ကွဲမှုတွေဟာ ကျနော်တို့မြို့ပြပြောက်ကျားလှုပ်ရှားသူများအတွက် မမြင်နိုင်တဲ့ အန္တရာယ်တွေပါပဲ။

နည်းပညာချို့ယွင်းချက်လား ပြင်ပလှိုင်းတွေကြောင့်လား မိမိတို့ပေါ့ဆမှုကြောင့်လား သေချာမသိနိုင်ပဲ အသက်ဆုံးရှုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်း၊ အဖမ်းခံရခြင်းများဖြစ်ခဲ့ကြပေမဲ့ တချို့လူတွေဟာ စစ်ကောင်စီဖက်ကိုထိုးချချင်တာနဲ့ ပေါက်ကွဲသေဆုံးမှုတွေကို ပျူစောထီး၊ သွေးသောက် စသဖြင့်အလွယ်ရေးကြ၊ မှတ်ချက်ပေးကြသည့်အတွက် ကျန်ရစ်ခဲ့တဲ့မိသားစုဝင်များအတွက် ကိုယ့်သားသမီးဟာ တော်လှန်ရေးအတွက်အသက်ပေးသွားရပေမဲ့ သေဆုံးချိန်မှာ ဂုဏ်သိက္ခာမရှိအောင် အလွယ်ရေးနေမှုများကြောင့် များစွာစိတ်ထိခိုက်ကြရပါတယ်။

ဒါကြောင့် လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖမ်းဆီးခံရသောပြောက်ကျားရဲဘော်များစာရင်း၊ ကျဆုံးရဲဘော်များ နှင့် ထိခိုက်ဒဏ်ရာရရဲဘော်များစာရင်းကို ယခုအချိန်ကတည်းကသေချာပြုစုထားပြီး တော်လှန်ရေးအောင်တဲ့တချိန်မှာ နိုင်ငံတော်အဆင့်ဂုဏ်ပြုမှုများဖြင့် ကျန်ရစ်သူမိသာစုဝင်များကို တရားမျှတမှုပေးဖို့ ကြိုတင်တောင်းဆိုချင်ပါတယ်။

ပြည်သူတွေအနေဖြင့်လည်း ဖြစ်စဉ်ကိုသေချာမသိပဲ အလွယ်မှတ်ချက်ပေးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

🔺မြို့ပြပြောက်ကျားတိုက်ခိုက်မှုများ၏ရည်ရွယ်ချက်

မြို့ပြတိုက်ခိုက်မှုများသည် တော်လှန်ရေးအတွက်အရေးကြီးတဲ့စိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မြို့ပြကိုအုပ်ချုပ်နိုင်ကြောင်း မြို့ပြဟာငြိမ်းချမ်းကြောင်း ပြသဖို့ အမြဲကြိုးစားလျှက်ရှိပါတယ်။

မြို့ပြကိုထိန်းချုပ်နိုင်ရင် နယ်ဘက်တွေ တောထဲဘက်တွေကို အင်အားကုန်သုံးပြီးတိုက်ခိုက်မှာအသေအချာပါပဲ။

ဒါကြောင့် ကျနော်တို့ မြို့ပြလှုပ်ရှားမှုတွေ နှင့် သပိတ်အဖွဲ့တွေဟာ စစ်အုပ်ချုပ်ရေးကို လက်မခံကြောင်း နှင့် မြို့ပြကိုလုံးဝ အုပ်ချုပ်လို့မရအောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေဟာ မြို့ကိုမသိမ်းနိုင်ပေမဲ့ အကြမ်းဖက်စစ်အုပ်စုကို အကြီးမားဆုံးအနှောင့်အယှက်ပေးမှုတွေဖြစ်တယ်။

ရှေ့တန်းမှာ EROs တွေ PDFs တွေကို ရင်ဆိုင်ရသလို နောက်တန်းမှာလည်း ပြောက်ကျားတိုက်ခိုက်မှုကိုရင်ဆိုင်ရတဲ့ စစ်ကောင်စီဟာ စစ်မျက်နှာများပြီး တဖက်တည်းကို ဖိတိုက်ဖို့ ခက်ခဲလျှက်ရှိပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး စီးပွါးရေး၊ ယာဉ်များနှင့် ရိက္ခာလမ်းကြောင်းများကို ဦးတည်တိုက်ခိုက်ပြီး ရှေ့တန်းထောက်ပို့အင်အား လျော့နည်းအောင်လုပ်ခြင်းဟာ တော်လှန်ရေးအတွက်ကြီးမားတဲ့အထောက်အပံ့ဖြစ်ပါတယ်။

ဒါကြောင့် မြို့ပြပြောက်ကျားတိုက်ခိုက်မှုများရဲ့ရည်ရွယ်ချက်ဟာ စစ်ကောင်စီရဲ့နောက်တန်းစစ်ရေးပစ်မှတ်များကို ဦးတည်တိုက်ခိုက်မှုမျိုးသာဖြစ်သင့်ပါတယ်။

🔺အကူအညီများလိုအပ်လျှက်ရှိ

ကျနော်တို့မြို့ပြပြောက်ကျားအဖွဲ့တွေအနေဖြင့် တော်လှန်ရေးအရှိန်မသေအောင်နဲ့ မြို့ပြကို စစ်ကောင်စီ အုပ်ချုပ်လို့မရနိုင်အောင် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်လျှက်ရှိပါသည်။

မစ်ရှင်အောင်မြင်လျှင် ပြည်သူများ စိတ်အားတက်ကြွပြီး တော်လှန်ရေးအတွက် ပိုမိုကူညီကြကာ
မအောင်မြင်ခြင်း (သို့) မတော်တဆမှုဖြစ်ခြင်းများတွင် လူမသိ သူမသိ ခွေးသေ၊ ဝက်သေ သေဆုံးခြင်းဖြစ်စေ၊ အဖမ်းခံရခြင်းဖြစ်စေ ဖြစ်နိုင်ပါတယ်။

ကျနော်တို့အနေဖြင့် ပိုမိုစိတ်ချရသော တိုက်ခိုက်ရေးပစ္စည်းများရနိုင်လျှင်ဖြစ်စေ ဝပ်ကျင်းများခွဲထားနိုင်လျှင်ဖြစ်စေ မြို့ပြလှုပ်ရှာမှုများဟာ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ပြည်သူလူထုအနေဖြင့် မြို့ပြလှုပ်ရှားမှုများအားကောင်းနိုင်စေဖို့ နီးစပ်ရာမြို့ပြပြောက်ကျားအဖွဲ့များကို လှူဒါန်းခြင်းဖြင့် ကူညီပေးစေလိုပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်လည်း မြို့ပြလှုပ်ရှားမှုများအားကောင်းစေရန်အတွက် သီးသန့်ပုံစံတစ်ခုဖြင့် ချိတ်ဆက်ဆောင်ရွက်စေချင်ပါတယ်။

စစ်အာဏာရှင်စနစ်ကျဆုံးပါစေ …
ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းပါစေ …

လေးစားစွာဖြင့်
ဥက္ကာ (မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦး)

25/07/2022

We don’t want dead body!
Just give them back alive! Or
You all must die!!!
How dare you mess with the whole world!!!

မြို့ပြပြောက်ကျားတိုက်ခိုက်ရေးရဲဘော်များအတွက်မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေဆိုတာ မတရားမှုကို လက်မခံတဲ့ ပြည်သူတွေထဲကပဲ အကြမ...
14/07/2022

မြို့ပြပြောက်ကျားတိုက်ခိုက်ရေးရဲဘော်များအတွက်

မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေဆိုတာ မတရားမှုကို လက်မခံတဲ့ ပြည်သူတွေထဲကပဲ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်တွေ့ကြိုးစားအားထုတ်ကြသူတွေသာဖြစ်တယ်။ တချို့ပြည်သူတွေက တိုက်ခိုက်မှုမှာလက်တွေ့မပါနိုင်ပေမဲ့ လှူဒါန်းတာ သတင်းပေးပို့တာ စတဲ့နည်းလမ်းတွေနဲ့ မြို့ပြတိုက်ခိုက်မှုတွေကို အကူအညီပေးနေလျှက်ရှိပါတယ်။ သေချာတာတစ်ခုကတော့ ပြည်သူလူထုအများစုဟာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေလိုပဲ အကြမ်းဖက်စစ်ကောင်စီကို နာကျည်းမုန်းတီးမှုကတော့ မလျော့ပါဘူး။ လက်တွေ့လိုက်မလုပ်နိုင်သေးတာသာဖြစ်ပြီး မြို့ပြပြောက်ကျားတွေကို အားပေးနေဆဲပါ။
နောက်တချက်က မြို့ပြပြောက်ကျားတွေရဲ့ လုံခြုံရေးဟာ ပြည်သူတွေအပေါ် တစိတ်တပိုင်းမူတည်နေသလို မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေဟာ ပြည်သူလူထုနဲ့ တသားတည်းဖြစ်ရင် ပိုပြီးလုံခြုံစိတ်ချရပါတယ်။ လူအများသွားလာနေထိုင်တဲ့ပုံစံအတိုင်း နေထိုင်တတ်ဖို့နဲ့ လူကြားထဲအာရုံစိုက်မိစေနိုင်တဲ့ နေထိုင်ပြုမူမှုမျိုးကို ရှောင်ရှားသင့်ပါတယ်။ လူငယ်တွေ လေး ငါး ခြောက်ယောက် စုစည်းနေထိုင်တာမျိုး၊ အတက်အဆင်း/အဝင်အထွက် အဖွဲ့လိုက်လုပ်တာမျိုး၊ ပါတ်ဝန်းကျင်နဲ့ တသီးတသန့်ဖြစ်နေတဲ့ နေထိုင်မှုမျိုးကို ဂရုပြုရှောင်ကျဉ်ရပါမယ်။ ရပ်ကွက်ထဲ စပ်စုတတ်တဲ့သူမျိုး ဒလန် (သို့) သတင်းပေး တွေကိုမိမိသိစေချင်တဲ့ပုံစံဖြင့်(ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အရောင်းအဝယ်သမား၊ …) မိမိအကြောင်းကို သူတို့သိအောင်ကြိုးစားဆောင်ရွက်ထားရပါမယ်။ ကျနော်တို့ ပြောက်ကျားရဲဘော်တွေဟာ လူထုနဲ့ တသားတည်းဖြစ်လေ လုံခြုံလေဆိုတဲ့အချက်ကို မမေ့သင့်ပါဘူး။

မစ်ရှင်နေရာရွေးတဲ့အခါမှာလည်း လူအများသွားလာလှုပ်ရှားနေတဲ့ နေရာ (Public Area) တွေ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ၊ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေ၊ ဆေးရုံတွေ ကျောင်းတွေကို ရှောင်နိုင်သမျှရှောင်ပြီး ပစ်မှတ်ကိုရှာရပါမယ်။ Public Area မှာ တိုက်ခိုက်ဖို့ လိုအပ်လာပြီဆိုရင်လည်း လူအနည်းဆုံးအချိန်၊ နေ့ရက် တွေကို သေချာ ကင်းထောက်ပြီး အရပ်သားထိခိုက်မှုမရှိအောင်ဆောင်ရွက်ရပါမယ်။ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် အများအပြား ကျဆုံးနိုင်တဲ့မစ်ရှင်ဖြစ်ပါစေ အပြစ်မဲ့အရပ်သားတစ်ယောက်ထိခိုက်နိုင်ရင်တောင် အဲ့လိုမစ်ရှင်မျိုးကို ကျနော်တို့ရှောင်ရပါမယ်။ ဥပဒေရဲ့ဆိုရိုးစကားဖြစ်တဲ့ “လူဆိုး ၁၀ယောက်လွတ်မြောက်ခြင်းထက် လူကောင်းတစ်ယောက်ကို မှားယွင်းပြစ်ဒဏ်မချဖို့အရေးကြီးသလို“ ကျနော်တို့ စစ်ရေးလှုပ်ရှားမှုမှာလည်း “အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် အယောက် ၁၀၀ လွတ်မြောက်ခြင်းထက် အပြစ်မဲ့ပြည်သူတစ်ယောက်မထိခိုက်ဖို့ ပိုအရေးကြီးတယ်” ဆိုတဲ့မူအတိုင်း ကျင့်သုံးသင့်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကြားမှာ စည်းတစ်ခုပဲခြားပါတယ်။ အဲ့ဒါက စစ်ရေးကျင့်ဝတ်လိုက်နာမှု ရှိမရှိဆိုတာပါပဲ။ ကျနော်တို့ဟာ တော်လှန်ရေးလုပ်နေကြသူတွေအကြမ်းဖက်သမားတွေမဟုတ်ပါဘူးလို့ ဘယ်လောက်ပြောပြော စစ်ရေးကျင့်ဝတ်တွေကို လိုက်နာမှုမရှိကြရင်တော့ အဲ့ဒါက တော်လှန်ရေးအမည်ခံ အကြမ်းဖက်မှုပါပဲ။

မိမိတို့ပြည်သူအများစုရဲ့သဘောသဘာဝအရ သတင်းဦးချင်တာ၊ သိချင်စိတ်လွန်ကဲတာ (စပ်စုတာ) ကို ထည့်တွေးပြီး မစ်ရှင်တွေဆောင်ရွက်တဲ့အခါမှာ အများပြည်သူသတိမထားမိအောင်ဆောင်ရွက်ရပါမယ်။ လူအများသွားလာနေတဲ့ လမ်းမှာ အရင်ကမရှိတဲ့ ပစ္စည်းတစ်ခုခု ရောက်ရှိနေတာ၊ လိုင်းပေါ်မှာ အိတ်အမဲတွေတွေ့ရင်ရှောင်ဖို့ကြေငြာပြီး အိတ်အမဲတွေ လူမြင်ကွင်းမှာ ချထားတာ စသဖြင့် လူတွေသတိပြုမိစေနိုင်တဲ့ ပုံစံမျိုးတွေကို မြို့ပြရဲဘော်တွေအနေနဲ့ရှောင်ရှားသင့်ပါတယ်။ နောက်တစ်ချက်က မိမိတို့တိုင်းပြည်မှာ ပလုံကောက်ပြီး ပြန်ရောင်းစားတဲ့ စျေးကွက်ရှိတဲ့အတွက် ပလုံကောက်သူတွေအများအပြားရှိနေတာကိုလည်း ထည့်တွေးပြင်ဆင်ရပါမယ်။ မိမိတို့မစ်ရှင်လုပ်ဖို့ပြင်ထားတဲ့ မိုင်းတွေကို ပြည်သူတွေဝိုင်းကြည့်တာကြောင့်၊ ပလုံကောက်တဲ့သူတွေကြောင့်၊ ပြည်သူတွေသွားလာနေကြတာကြောင့် ဖျက်လိုက်ရတာဆိုရင် ပြည်သူတွေကို အပြစ်အတင်ပဲ ပြင်ဆင်မှု အားနည်းတဲ့ ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ပါ။ ကိုယ့်ကိုကိုယ်ပြန်မသုံးသပ်ပဲ မစ်ရှင်တွေမအောင်တာ ပြည်သူကြောင့်လို့ အပြစ်တင်နေကြရင်တော့ ကျနော်တို့ ပြောက်ကျားတိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ပြည်သူနဲ့ဝေးလာပါလိမ့်မယ်။

ပြောက်ကျားဆိုတာ ပြည်သူတွေရှိလို့ ပြောက်ကျားလုပ်လို့အဆင်ပြေနေတာပါ။ ပြည်သူတွေနဲ့ ကွာဝေးလာရင်တော့ ကျနော်တို့ချည်း သီးသန့်ဖြစ်ပြီး ပြောက်ကျားစစ် ဆင်နွှဲလို့မရနိုင်တော့ပါ။ ပြည်သူတွေသွားလာလှုပ်ရှားနေကြတာက ကျနော်တို့ ပြောက်ကျားရဲဘော်တွေမစ်ရှင်လုပ်ဖို့ ကိုယ်ယောင်ဖျောက်လို့ ပိုမိုလွယ်ကူစေပါတယ်။ ပြည်သူတွေကို အပြင်မထွက်ဖို့ ကြေငြာချက်တွေထုတ်ပြီး တပ်လှန့်နေကြတာက တကယ်အန္တရာယ်များတဲ့လုပ်ရပ်ပါပဲ။ ကျနော်တို့ဟာ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲမည့်အခြေအနေဆိုရင်တော့ ပြည်သူတွေကိုမထိခိုက်အောင် တပ်လှန့်တာကမဖြစ်မနေလုပ်ရမှာဖြစ်ပေမဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေမှာတော့ မလိုအပ်ပဲ တပ်မလှန့်သင့်ပါဘူး။ အင်အားကြီးအမေရိကန်စစ်တပ်ကို စစ်ရှုံးစေတဲ့ ဗီယက်နမ်ပြောက်ကျားစစ်ဆင်ရေးကို ကျနော်တို့ ပြောက်ကျားရဲဘော်တွေလေ့လာထားသင့်ပါတယ်။

ပြောက်ကျားတိုက်ခိုက်မှုတွေဟာ ရေရှည်မှာ တော်လှန်တိုက်ပွဲတွေနဲ့ချိတ်ဆက်ပြီးတိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးရည်မှန်းချက်နဲ့ပါ တိုက်ခိုက်ဖို့လိုအပ်ပါတယ်။ လက်နက်အားကိုးပြီး နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ကင်းလွတ်လာခဲ့ရင် လူထုကိုစည်းရုံးဖို့ ခက်ခဲလာပါလိမ့်မယ်။ လူထုမပါတဲ့ တော်လှန်ရေးက အောင်မြင်ဖို့မရှိပါဘူး။ ဒါကြောင့် ပြောက်ကျားရဲဘော်တွေအနေဖြင့်
(၁) လူထုနဲ့တသားတည်းဖြစ်အောင်နေပါ။
(၂) စစ်ရေးကျင့်ဝတ်တွေကိုလေးစားလိုက်နာပြီး Public Area တွေကိုရှောင်ပါ။
(၃) စစ်ရေးပစ်မှတ်တွေကိုဦးတည်တိုက်ခိုက်ပြီး အရပ်သားထိခိုက်မှုမရှိအောင်ဆောင်ရွက်ပါ။
(၄) ပြည်သူတွေကို အပြစ်မတင်ပဲ မိမိတို့ဗျူဟာကို ပြောင်းပါ။
(၅) ပြောက်ကျားစစ်ဆင်ရေး၊ မြေအောက်တော်လှန်ရေး နည်းနာများကို လေ့လာကျင့်ကြံပါ။
(၆) နိုင်ငံရေးရည်မှန်းချက်နဲ့တိုက်ခိုက်ပါ။

လေးစားစွာဖြင့်
ဥက္ကာ (မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦး)

23/06/2022

We are quit!!!

19/06/2022

တာမွေ (သီတာလမ်းမှတ်တိုင်)အနီးရှိ ကင်းလှည့်စစ်ကားဖောက်ခွဲမှု ရုပ်သံမှတ်တမ်း (တစ်နှစ်ပြည့်)

17/04/2022

ဧပြီ၁၇၊၂၀၂၁။ ရန်ကင်းထွေအုပ်ရုံးမှခွေးရိုက်ပွဲ။

စကစမှယနေ့တိုင် ခြေရာကောက်မရသေးသော ဒုအရာခံဗိုလ်မြင့်လှိုင်နှင့်တပ်သားများထိခိုက်သေဆုံးမှုရုပ်သံမှတ်တမ်း

တစ်နှစ်တာကာလအတောတွင်း Missions များဖော်ဆောင်ခဲ့ပြီးသကာလ ကျွန်ုပ်တို့ PDGV အဖွဲ့ဝင်များသည် အဖွဲ့အစည်း၏အမည်နှင့်တကွ ဆောင်ရ...
16/04/2022

တစ်နှစ်တာကာလအတောတွင်း Missions များဖော်
ဆောင်ခဲ့ပြီးသကာလ ကျွန်ုပ်တို့ PDGV အဖွဲ့ဝင်များသည် အဖွဲ့အစည်း၏အမည်နှင့်တကွ ဆောင်ရွက်ခဲ့ပြီးသော missionများကို အများပြည်သူသို့ တင်ပြရန် သင့်/မသင့် အကြိမ်ကြိမ် ဆွေးနွေးဆုံးဖြတ်ခဲ့ရသည်။

အကြောင်းရာပေါင်းများစွာကို ဆွေးနွေးပြောဆို တိုင်ပင်ပြီးနောက် အများပြည်သူသို့ အသိပေးမည့်အစီအစဥ်ကို (ခြွင်းချက်နှင့်) အတည်ပြုလက်ခံခဲ့ကြသည်။

ထိုကြောင့် ၂၀၂၂ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် “ကျဆုံးနွေဦးသူရဲကောင်း (နွေဦးကြယ်ပွင့်)များအား ဂုဏ်ပြုခြင်းနှင့် နောက်တန်းစစ်ရေးပစ်မှတ်များအား တိုက်ခိုက်ခြင်း” အစီအစဉ်နှင့်အတူ အဖွဲ့အမည် Logo နှင့် ဆောက်ရွက်ခဲ့ပြီးသော mission များအား အများပြည်သူသို့ တင်ပြခဲ့ပြီးဖြစ်သည်။

ကျွန်ုပ်တို့ PDGV အဖွဲ့သည်
တခြားသောမြို့ပြပြောက်ကျားအဖွဲ့များ ကြုံတွေ့ရသည့် အခက်အခဲများကို အများနည်းတူ တွေ့ကြုံခဲ့ရသည်။
ကျွန်ုပ်တို့ အဖွဲ့အတွက် အကြီးမားဆုံး အခက်အခဲ အတားအဆီး ၂ ခုရှိသည်။

🛑နံပါတ်တစ်အတားအဆီးမှာ mission ဆောင်ရွက်ပြီး
နောက် အဖွဲ့ဝင်ရဲဘော်များနှင့် ကူညီဆောင်ရွက်သူများမှ အစီအစဥ်တိုင်း အန္တာရာယ်ကင်းကင်း ဆုတ်ခွာလာနိုင်
သည့်တိုင်အောင် စကစ နှင့် ဘက်တော်သားများမှ တိုက်ခိုက်မှုနှင့် မသက်ဆိုင်သူ အရပ်သားပြည်သူများကို
အကြောင်းမဲ့ဖမ်းဆီးနှိပ်စက် အလီဘိုင်ပြသော
လုပ်ကွက်များပင်ဖြစ်သည်။

ကျွန်ုပ်တို့အဖွဲ့အနေဖြင့်လည်း လုပ်ခဲ့ပြီးသမျှ mission တိုင်း၏ ၈၀%အထက် တွင် မိမိတို့တိုက်ခိုက်မှုနှင့်မသက်ဆိုင်သူများ ဖမ်းဆီးနှိပ်စက်ခံရမှုများကို ကြားသိခဲ့ရသည်။

ထိုသို့သော်အဖြစ်အပျက်များကို ကြားသိရသည့် အခါတိုင်း ကျွန်ုပ်တို့ အဖွဲ့ဝင်ရဲဘော်များသည် စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဖြစ်စဥ်၏ဝေးရာနေရာသို့ရှောင်တိမ်းထွက်ပြေးကြရန် နှင့် သိချင်စိတ်မလွန်ကဲရန် ထပ်မံ၍ သတိပေးပါသည်။

🛑နောက်တစ်ချက်မှာ အဖွဲ့၀င်ရဲဘော်များ၏ လုံခြုံရေးနှင့်ဗျူဟာမပေါက်ကြားရေးဖြစ်သည်။

ထိုအချက်သည် ကျန်ုပ်တို့ PDGV အဖွဲ့၏ ထိပ်တန်းစည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည်။

ကာလအတန်ကြာအဖမ်းအဆီးမခံရပဲ ယနေ့ထိရပ်တည်နိုင်သည့်အကြောင်းရင်းတစ်ခုဟုဆိုလျင်လည်းမမှားနိုင်ပါ။

ထိုအချက်ကိုတည်မှီ၍ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း ကျွန်ုပ်တို့အဖွဲ့အနေဖြင့် လုပ်ဆောင်သမျှ missionတိုင်းကို
အချိန်နှင့်တပြေးညီမထုတ်ပြန်ပဲ အခါအားလျှော်စွာပင် ဆောင်ရွက်အောင်မြင်ပြီးသော mission အချို့တစ်၀က်ကို replay or rewind ပုံစံဖြင့်အများပြည်သူများသို့
ပြန်လည်တင်ဆက်ထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ညီနောင်မဟာမိတ်များအားလုံးလည်း ဘေးကင်းရေးကို
ရှေ့ရှု့၍ တော်လှန်ရေးအောင်ပန်းဆင်နိုင်ကြပါစေ။

Address


Website

Alerts

Be the first to know and let us send you an email when People Defense and Guerrilla Vanguard - PDGV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share