Our_Community_MDW_Daily News Page

  • Home
  • Our_Community_MDW_Daily News Page

Our_Community_MDW_Daily News Page Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Our_Community_MDW_Daily News Page, Media/News Company, .

04/09/2023
🌠တစ်သိန်းပဲ ဝင်ငွေ ရှိချင်ရင် တစ်သိန်းနဲ့ တန်တဲ့ စိတ်ဖိစီးမှုပဲ ခံစားရမယ်ဆယ်သိန်း ဝင်ချင်ရင် ဆယ်သိန်းနဲ့ တန်တဲ့စိတ်ဖိစီး...
04/09/2023

🌠တစ်သိန်းပဲ ဝင်ငွေ ရှိချင်ရင်
တစ်သိန်းနဲ့ တန်တဲ့ စိတ်ဖိစီးမှုပဲ ခံစားရမယ်
ဆယ်သိန်း ဝင်ချင်ရင် ဆယ်သိန်းနဲ့ တန်တဲ့
စိတ်ဖိစီးမှုရှိမယ် ....

သိန်း ၁၀၀ ရချင်ရင်
သိန်း ၁၀၀နဲ့ တန်တဲ့ Stress ရှိမှာပဲ
လူတချို့ ပိုက်ဆံ ရှာတာပဲ လူသိကြတာ။

အဲ့လူတွေရဲ့ အိပ်မပျော်တဲ့
ညတွေ အကြောင်း လူတော်တော်
များများက မသိကြဘူး။

လောကကြီးမှာ ဘယ်အရာမှ လွယ်လွယ်မရဘူး။

 #သတိပြုရန်(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝ...
04/09/2023

#သတိပြုရန်

(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝယ်နဲ့။
(၄) ယခင် အိမ်ရှင်ကို ဝယ်ပြီးရင်မထားနဲ့။
(၅) ယခင် အိမ်ရှင်ကို အိမ်ငှါးပါတယ်လို့လဲ စာချုပ်မချုပ်နဲ့။

အဘယ်ကြောင့်ဆိုသော်:-

(၁) အိမ်ငှါးနေထိုင်နေသည့် အိမ်နှင့်မြေကို မည်သို့မျှ မဝယ်နှင့်။ လက်ရောက်ရယူတယ်လို့ မခေါ်နိုင်။ အရောင်းအဝယ်စာချုပ် မမြောက်။ ဝယ်တဲ့သူက အိမ်ငှါးကို ဖယ်လို့မရ။ ဟန်ဆောင်စာချုပ်လို့ သတ်မှတ်နိုင်။ ရောင်းတဲ့သူကသာ အိမ်ငှါးကို ဖယ်ရှားခွင့်ရှိ။

(၂) ရောင်းသူက အိမ်ရောင်းသည် သို့ပေမဲ့ ကျန်းမာရေးမကောင်းလို့ မဖယ်ပေး။ လက်ရောက်မရသေး ရင် နှင်လိုမှုစွဲလို့မရ။ လက်ရှိဖြစ်မှ သီးခြားသက်သာခွင့် (၉) အရ လက်ရောက်ရယူလိုမှုစွဲလို့ရ။ အိမ်ရှင်ကို အိမ်ပေါ်မထားရ။

(၃) မြေကွက်တစ်ကွက်ကို ဦးဖြူကပိုင်ပြီး၊ ထိုမြေကွက်ကို ဦးမဲကကျူးကျော်နေထိုင်သည်။ ထိုအချိန်တွင် ဦးဖြူက ဦးပြာကိုရောင်းချသည်။ မှတ်ချက် မူလပိုင်ရှင် ဦးဖြူကသာ ကျူးကျော်သူကို နှင်လို့ရသည်။

(၄) မြေရှင်က မြေကွက်ပေါ်မှာ အခမဲ့ နေထိုင်ခွင့်ပေးထားသည်။ ယခုလို မြေမျိုး မဝယ်ပါနှင့်။ ဝယ်တဲ့သူက နှင်လို့မရ။ ဖယ်ရှားလို့မရ။ နှင်မည်ဆိုက ခွင့်ပြုချက်ပေးသူကသာ နှင်လို့ရ။

(၅) အိမ်ရှင်ထံမှ ဝယ်ပြီး၊ အိမ်ရှင်ကို အိမ်ငှါးအဖြစ် ပြန်လည်စာချုပ်ချုပ်ဆိုမည့် အိမ် မဝယ်နဲ့။ မြေပေါ်မှာ ပိုင်ရှင်ကို မထားနဲ့။ ပျက်ပြယ်လိုက ပျက်ပျယ်ခွင့်ရှိ။

(၆) ရောင်းသူက အိမ်ထောင်ရှိလျှင် လင်/မယား နှစ်ဦးလုံးကို လက်မှတ်ထိုးဝယ်ရန်။ အမည်မပေါက်တဲ့သူကို သက်သေနေရာက ရေးထိုးထားပါ။

© ဆရာဦးခင်ဇော် (မရမ်းကုန်း)
© ဦးမောင်မောင်မင်းခေါင် (တရားလွှတ်တော်ရှေ့နေ)

ထမင်းချက်နည်း လျှို့ဝှက်ချက် ၁. ရှာလကာရည်ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ရာသီဥတုပူပြင်းတဲ့...
01/09/2023

ထမင်းချက်နည်း လျှို့ဝှက်ချက်

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

Credit - original writer

| စစ်တွေကမ်းခြီတွင် အချေတစ်ဦးသီဆုံးရခိုင်ပြည်နယ် စစ်တွေမြို့တွင်  #မွီးကင်းစ ယောင်္ကျားချေတစ်ဦးစစ်တွေ ကမ်းခြီသဲသောင်ပြင်...
01/09/2023

| စစ်တွေကမ်းခြီတွင် အချေတစ်ဦးသီဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် #မွီးကင်းစ ယောင်္ကျားချေတစ်ဦး
စစ်တွေ ကမ်းခြီသဲသောင်ပြင်တွင် အဝတ်ဗလာနန့် သီဆုံးနီပါရေ
ဇာကြောင်းနန့် အဂုပိုင် သီဆုံးခရစော်လေ့ မသိရသိမ့်ပါ
#မိဖတိ သားသမီးကို ဂရုစိုက်မူနည်းလို့လား --- ?
လုပ်ကြံခံရစော်လေ့ -- စိုင်းစားလိုက်ကေ့ ရင်နာစရာပါ
အဂုပိုင် မြင်ကွင်းချေတိကို မြင်တွိ့ရလို့
မိဖတိကိုယ့်စား မှ အထူးပင် စိတ်မကောင်းဖြစ်ရပါရေ
နှောင်ဘဝဆက်တိုင်းမှာလေ ဒေပိုင်အဖြစ်ဆိုးနန့် မကြုံလီကေ့ အဘုချေ

လူတစ်ချို့မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်းမင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။လူတစ်ချို့မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်းမင်း...
25/08/2023

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ
မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့
မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတော်တော်များများက
တန်ဖိုးမထားချင်ကြဘူး
ဒါကိုမင်းသိရင်နောက်တစ်ခါ
ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
တန်ဖိုးမရှိတဲ့အမှိုက်
မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးကို
မသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့
သူတွေကိုလောကကြီးက
သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ

အဲတော့ မနေချင်တဲ့
သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့
သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရှုံးသွားကြတာက
ဂရုစိုက် ပေးဆပ်ပြီး
ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်
လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့
မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ်
တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော
မျက်ရည်တွေနဲ့ပါရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ်။

အသက်ကြီးလို့ ဗိုက်ကြီးပူလာခြင်းကို မပူပါနဲ့ ငွေမကုန်ပဲ သက်ရင်းကြီးမြစ်နဲ့ဒီလိုရှင်းလို့ ရတယ်...အသက်ကြီးလာလျှင် ယောက်ျား ...
24/08/2023

အသက်ကြီးလို့ ဗိုက်ကြီးပူလာခြင်းကို
မပူပါနဲ့ ငွေမကုန်ပဲ သက်ရင်းကြီးမြစ်နဲ့
ဒီလိုရှင်းလို့ ရတယ်...

အသက်ကြီးလာလျှင် ယောက်ျား မိန်းမ
ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟုဆိုနိုင်ပါသည်။ အဆီများ၍
ပူလာသောဗိုက်ကို သရင်းကြီးမြစ်နှင့်
စမ်းသပ်လိုက်ပါ။

သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများသေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။

သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက်

ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်းဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

ဆေးသောက်နည်း

နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို

ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်းပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

ဆေးသောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။

နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။

နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကိုရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။

ဝမ်းသွား၍ အားအင်ကုန်ခန်းခြင်း မရှိပါ။ ဆေးများများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။

သရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ

၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီများ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။

၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။

၃။ မျက်စိများ ကြည်လင်လာပါမည်။

၄။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါများ သက်သာသွားပါမည်။

၅။ လေထိုးလေအောင့် ရောဂါများရှိလျှင် သက်သာလာမည်။

၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသားကို စင်ကြယ်စေပါသည်။

၇။ ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။

ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီးတင်ပြလိုက်ရပါသည်။

Myat Moe Credit: ဦးလှစိန်-ကလေး(ကြံခင်း)

ရခိုင်ပြည်နယ် မောင်တောမြို့ - မြို့မစျီးတွင်အဂုလက်ချိန်  #ငါးသလောက် တပိဿာကို တစ်သိန်းကျပ် #ကျားပုဇွန်ဆိုဒ်သေးဆိုကေ့ ယခင်...
24/08/2023

ရခိုင်ပြည်နယ် မောင်တောမြို့ - မြို့မစျီးတွင်
အဂုလက်ချိန် #ငါးသလောက် တပိဿာကို တစ်သိန်းကျပ်
#ကျားပုဇွန်ဆိုဒ်သေးဆိုကေ့ ယခင်က ၆၅၀၀ ကျပ်
အဂုလက်ရှိ စျီးနှုန်း #တပိဿာကို ၁၆၀၀၀ ကျပ်
ကျားပုဇွန်ဆိုဒ်ကြီးဆိုကေ့ နှစ်သောင်းကျပ်
#အမဲသား ဆိတ်သား တပိဿာကို - ၂၄၀၀၀ ကျပ်
#အိမ်ကြက် တပိသာကျော်တစ်ကောင်ကို - ၅၀၀၀၀ ကျပ်
#မွေးမြူးရေးကြက် တပိဿာကို - ၂၀၀၀၀ ကျပ်
#ပေါ်ဆန်မွေး ဆန်တအိတ်ကို - ၁၂၀၀၀၀ ကျပ်
#ဆီတလီတာကို - ၇၅၀၀ ကျပ်
#ကြက်သွန်နီ တပိဿာကို - ၄၀၀၀ ကျပ်
#ငရုတ်သီးခြောက် တပိဿာကို - ၂၅၀ဝဝ ကျပ် ဖြင့်
မောင်တောမြို့မစျီး / စျီးဝယ်သူတစ်ဦးထံမှ သိရှိရလို့
#သာလီစွရခိုင်ပြည် မှ မျဝီတင်ဆက်လိုက်ရခြင်း ဖြစ်သည်

ဂျူဗင်တပ်နဲ့ မန်ယူနိုက်တက်အသင်းတို့မှာ 4 နှစ်ကြာ ကျင်လည်အပြီး ရီးရဲမက်ဒရစ်ဆီ ပြန်လည်ရောက်ရှိလာတဲ့ ခရစ်တီယာနိုရော်နယ်ဒိုဂ...
03/01/2023

ဂျူဗင်တပ်နဲ့ မန်ယူနိုက်တက်အသင်းတို့မှာ 4 နှစ်ကြာ ကျင်လည်အပြီး ရီးရဲမက်ဒရစ်ဆီ ပြန်လည်ရောက်ရှိလာတဲ့ ခရစ်တီယာနိုရော်နယ်ဒိုဂျူနီယာ...

သူဟာ ရီးရဲမက်ဒရစ် U-14 အသင်းမှာ ကစားမှာပါ။
P.S. >>> ရော်နယ်ဒိုဂျူနီယာဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲ 20 မှာ ဂိုး 50 ကျော် သွင်းယူခဲ့ပါတယ်။

ဖခင်ရဲ့ ခြေရာကို နင်းနိုင်မလား...
🤔🤔🤔

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့် ကလေးပြိုင်ပွ...
03/01/2023

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပပြုလုပ်

မောင်တော ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့ တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေး ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် မောင်တော ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ အ စည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ကလေး ပြိုင်ပွဲ များအား ကလေး များ၏ ကာယ ၊ ဉာဏဖွံ့ဖြိုးမှုအတွက် မိဘများအလေးထား စနစ် တကျ ပြုစု စောင့် ရှောက်တတ်စေရန် ၊ ဘဝ ရှေ့ဆောင် ရက် ၁၀၀၀ ကာလအတွင်း ကလေးများ၏ ဘက်စုံဖွံ့ ဖြိုးတိုး တက်ရေးကို အလေးပေး ဆောင်ရွက် တတ် စေရန် နှင့် ကလေးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ရပ်ရွာ အတွင်းရှိ မိဘများက မိမိရင်သွေးအား တန်ဖိုးထား စောင့်ရှောက် စေ ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပြီး လာ ရောက် ယှဉ် ပြိုင်သည့် ကလေးများနှင့် မိခင်များအား မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ၊ ခရိုင် လူမှု ဝန်ထမ်းရုံးမှ ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်သူနိုင် ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ၊ ခရိုင်အမျိုး သမီး ရေး ရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း နှင့် တာဝန် ရှိသူများက အာ ဟာဖြည့် စွက် စာ အဖြစ် ကြက်ဉ ၊ ကွေကာ ၊ အိုဗာတင်း ၊ ပဲနို့ ၊ အိုင်အိုဒင်းဆားများ ထောက်ပံ့ ပေး အပ် ခဲ့ကြသည်။

ပြိုင်ပွဲများတွင် အသက် ၆ လအောက် ၊ အသက် ၆ လမှ ၁ နှစ် ၊ ၁ နှစ် မှ ၂ နှစ် အရွယ်များအား အသက်အရွယ် (၃)ပိုင်းခွဲကာ ၊ အသက် အပိုင်း အခြားအလိုက် ပထမ ၊ ဒုတိယ ၊တတိယ ဆု များ ရွေးချယ်၍ ၂၀၂၃ ခုနှစ် ၊ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်သွား မည်ပြီး ကလေးပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်သူ(၁၀၀)ဦးခန့် ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကျင်းပ မောင်တော        ဇန်နဝါ...
02/01/2023

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကျင်းပ

မောင်တော ဇန်နဝါရီ ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၂၀၂၂ ခုနှစ် ပြည်သူ့ ကျန်း မာ ရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန် မြို့နယ် ပြည်သူ့ ဆေးရုံ ဝင်းအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးဌာန ဝန်ထမ်း များက ဗုဒ္ဓပူဇနိယ ယိမ်းအကဖြင့် ကပြ ဖျော်ဖြေကြသည်။

ဆက်လက်၍ မြို့နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဝန် ထမ်း များ ၊ ၂၀၂၂ ခုနှစ် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ခဲ့သည့် အရန် သားဖွားများ နှင့် စေတနာဝန်ထမ်းကျန်းမာရေးလုပ်သားများ နှင့် ကျေးရွာတာဝန်ခံများ ၊ရပ်/ကျေးစာရေးများ နှင့် အုပ်ချုပ်ရေးမှူးများ ၊ ၂၀၂၂ ခုနှစ် မောင်တောခရိုင်ပြည်သူ့ဆေးရုံ၏ ပြည်သူ့ဝန်ထမ်းကောင်းဆုများ ၊ ပြည်သူကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် အထူးဆုနှင့် ပြည်သူကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း စွမ်း ဆောင်ရည်ဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလွှာ နှင့် ဆုများ အသီးသီး ချီးမြှင့် ပေး ခဲ့ကြရာ တာဝန် ရှိ ဆုရရှိသူများက လက်ခံ ရယူကြသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ဗျာလသီချင်းဖြင့် ကပြဖျေိာ်ဖြေခဲ့ကြပြီး မြိုလူမျိုး၊ သက် လူမျိုး များက တိုင်းရင်းသားရိုးရာ အက အလှ များဖြင့် ဖျော် ဖြေခြင်း နှင့် ကျန်းမာရေးဝန်ထမ်းများအား ကံစမ်းမဲဖောက် အစီအစဉ် များကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

Al-Nassr အသင်းမှာကင်မရွန်းတိုက်စစ်မှုးကြီး Vicent Aboubakar နဲ့အတူတွဲကစားသွားရမယ့် ရော်နယ်ဒို 🇵🇹🇨🇲
02/01/2023

Al-Nassr အသင်းမှာကင်မရွန်းတိုက်စစ်မှုးကြီး Vicent Aboubakar နဲ့အတူတွဲကစားသွားရမယ့် ရော်နယ်ဒို 🇵🇹🇨🇲

02/01/2023

"ဇိယာရသ်ပြုနည်း။"

ကဗရ်သင်္ချိုင်းသို့သွားရောက်"ဇိယာရသ်"
ပြုလုပ်ခြင်းမှာကောင်းမြတ်လှပြီး
မွတ်စ်စလင်မ်အမျိုးသားတို့အဖို့
မွတ်စ်သဟဗ် ဖြစ်ပါတယ်။
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪
♦တစ်ပတ်တစ်ခါသောကြာနေ့တွင်ကဗရ်သို့သွားရောက်ဇိယာရသ်ပြုလုပ်ခြင်းမှာ
အလွန်ပင်ကောင်းမြတ်လှပေတယ်။
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪
♦ယှအ်ဗာန်လ"၁၅"ရက်၊ဗရအသ်ညတွင်
ဇိယာရသ်ပြုလုပ်ခြင်း၊ကုရ်အာန်ကျမ်းမြတ်လာအာယသ်တော်များဖတ်ကာ

🔸သသူများအပြစ်မှလွတ်ကင်းပြီးကောင်းရာ
ရောက်ကြစေရန်ဒိုအာပြုပို့သခြင်းမှာစွန္နသ်ဖြစ်သည်။
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪
🔸အခြေအနေမပေး၍
ကဗရ်သင်္ချိုင်းသို့မသွားနိုင်ပါလျှင်နေ့စဉ်
(သို့)အခါအားလျော်စွာအာယသ်တော်
များဖတ်ကာသေသူများထံ
🏤ကုသိုလ်ကောင်းမှုများပို့ပေးနိုင်ပေတယ်။
🔸ဥပမာ-နေ့စဉ်နေ့တိုင်း(သို့)အခါအခွင့်
သင့်တိုင်း"စူရဟ်အိခ်လားဆ်ွ"
(ကွလ်ဟုဝလ်လားဟုအဟဒ်)အစမှ
အဆုံးထိသုံးခါဖတ်ပြီးနောက်
"အို-အလ္လာဟ်အရှင်မြတ်ကျွန်တော်မျိုး
ယခုဖတ်ရွတ်လိုက်သောစူရဟ်၏
🔸ကောင်းကျိုးကုသိုလ်များကိုကျွန်တော်မျိုး/မ၏ကွယ်လွန်သူ မိဘ၊ညီအစ်ကို
(မိမိပို့သသောသူ/သူမ ၏အမည်)တို့
အားချီးမြှင့်တော်မူပါ။"ဟုဒိုအာပြုပါက
♦ကုရ်အာန်အစအဆုံးတစ်အုပ်လုံးဖတ်ရွတ်ပြီး
ပို့သကဲ့သို့
ကုသိုလ်အကျိုးစဝါးဗ်ရရှိစေတော်မူမည်ဖြစ်ပါတယ်။
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪
"ကဗရ်စဿန်"သို့ရောက်လျှင်ရှေးဦးစွာ
စလာမ်ဆိုရမည်။"
اَلسَّلاَمُ عَلَيْكُمْ يَۤااَهْلَ الْقُبُوْرِ يَغْفِرُاللّٰهُ لَنَاوَلَكُمْ
وَاَنْتُمْ سَلَفُنَاوَنَحْنُ بِالْاَثْرِ

အတ်စ်စလားမုအလိုင်းကွန်းမ်
ယာအဟျလလျကုဗူးရိ၊ယဂျဖှိရှလျလားဟု
လနာ၊ဝလကွန်မ်၊ဝအန်းန်သွန်မ်၊
စ လ ဖု နာ၊ဝနဟ်နု ဗိလ်အဆ်ရ်

♦ထို့နောက်ကိဗ်လဟ်ဘက်သို့ကျောပေး
၍ ကဗရ်ဘက်သို့မျက်နှာမူလျက်
♥ကျမ်းမြတ်ကုရ်အာန်မှရသမျှကိုရွတ်ဖတ်ရမည်။
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪

♥ဟဒီးဆ်တော်များ၌လာရှိသည်။
"ကဗရ်"များမှဖြတ်သန်းသွားသောသူ
သည်
"စူရဟ်အိခ်လားဆ်ွ"(၁၁)ကြိမ်(သို့)
"စူရဟ်ဖွာသေဟဟ်"(အလ်ဟမ်ဒု-ရှရီးဖ်)
"စူရဟ်အိခ်လားဆ်ွ နှင့်"စူရဟ်သကာစူရ်"
ရွတ်ဖတ်၍၎င်း၏စဝါးဗ်ကို
၎င်း"ကဗရ်စဿန်ရှိ"မိုင်ယသ်များသို့
ပို့သလျှင်

(သို့)"ကဗရ်စဿန်"၌
"စူရဟ်ယာစီးန်"ရွတ်ဖတ်လျှင်သေသူ
များ၏"အဇားဗ်"၌အလ္လာဟ်အရှင်မြတ်
သည်ပေါ့လျော့သက်သာမှုကိုဖြစ်ပေါ်စေတော်မူ၏။

🔸ရွတ်ဖတ်၍အကျိုးစဝါးဗ်ကိုပို့သသော
သူသည်လည်း"ကဗရ်စဿန်"ရှိသူသေ
အပေါင်း၏အရေအတွက်နှင့်အမျှ
🔸အကျိုးစဝါးဗ်ကိုရရှိပါတယ်။
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪
🔸သို့မဟုတ်အောက်ပါစူရဟ်တော်များကို
ဖတ်ရွတ်ခြင်းဖြင့်ကုရ်အာန်ကျမ်းတော်မြတ်
(ကိုး)ခသမ်ပြုသည့်
အကျိုးစဝါးဗ်နှင့်
အာယသ်တော်ပေါင်း
(၁၀၀၀)တစ်ထောင်ဖတ်သည့်
🔸အကျိုးစဝါးဗ်ရရှိမည်။
၎င်းစူရဟ်များမှာ-
(၁)စူရဟ်ဖွာသိဟဟ် (၃)သုံးကြိမ်
(၂)အာယသွလ်ကုရ်စီ (၄)လေးကြိမ်
(၃)စူရဟ်ကဒရ် (၄)လေးကြိမ်
(၄)စူရဟ်အားဒိယဟ် (၂)နှစ်ကြိမ်
(၅)စူရဟ်ဇိလ်ဇားလ် (၂)နှစ်ကြိမ်
(၆)စူရဟ်ကာဖွိရူးန် (၄)လေးကြိမ်
(၇)စူရဟ်နဆ်ွ ရ် (၄)လေးကြိမ်
(၈)စူရဟ်အိခ်လားဆ်ွ (၃)သုံးကြိမ်
(၉)စူရဟ်သကာစွတ်ရ်(၁)တစ်ကြိမ်
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪
🔸အလ္လာဟ်အရှင်သည်ကျန်ရစ်သူအားလုံးတို့အားသေသူများအတွက်
အကျိုးစဝါးဗ်နေ့စဉ်ပို့သနိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါစေ။အာမီးန်
✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪✪

ဆော်ဒီမှာ ရောင်းမလောက်ဖြစ်နေတဲ့ ရော်နယ်ဒိုရဲ့ ဂျာစီ
02/01/2023

ဆော်ဒီမှာ ရောင်းမလောက်ဖြစ်နေတဲ့ ရော်နယ်ဒိုရဲ့ ဂျာစီ

၂ လကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် မအေးမြစန္ဒာနှင့် ကိုမောင်မောင်ကျော်တို့ ပြန်လွတ်လာဇန်နဝါရီ၊ ၁ရက်ပြီးခဲ့သည့် ၂၀၂၂ ခုန...
02/01/2023

၂ လကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် မအေးမြစန္ဒာနှင့် ကိုမောင်မောင်ကျော်တို့ ပြန်လွတ်လာ

ဇန်နဝါရီ၊ ၁ရက်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ရက်က စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မအေးမြစန္ဒာနှင့် မောင်မောင်ကျော်တို့ ၂လကြာပြီးနောက် ယနေ့ ဇန်နဝါရီ ၁ရက်နေ့ မနက်ပိုင်းက ပြန်လည် လွတ်မြောက်လာကြောင်း မိသားစုဝင်များက Western News ကို ပြောသည်။

အသက် ၂၄ နှစ်အရွယ်ရှိ မအေးမြစန္ဒာနှင့် အသက်၂၂ နှစ်ရွယ်ရှိ ကိုမောင်မောင်ကျော်တို့ကို ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အမှတ်(၂၄) ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရပြီးနောက်တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁)၊ (၂) တို့ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ယင်းနောက် ၎င်းတို့နှစ်ယောက်ကို ၂ လအကြာတွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်က ဇန်နဝါရီလ ၁ရက် နံနက် ၁၀နာရီခွဲတွင် စစ်ကောင်စီက ပြန်လည်လွှတ်ပေးလိုက်ကြောင်း မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးချမ်းငြိမ်းက ပြောသည်။

"ဒီကနေ့ မနက်ပိုင်းက လွှတ်လိုက်တာပါ။ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်က ပြန်လွတ်လာတာပါ။ ကျနော့် အစ်မနဲ့ မိသားစုတွေ အဆက်အသွယ်ရပါတယ်။ ပြီးတော့ ကယ်ရီမောင်းတဲ့ ကိုမောင်မောင်ကျော်လည်း လွတ်လာပါတယ်။ သူနဲ့ အဆက်အသွယ်ရပါတယ်။ အစ်မကတော့ ကျန်းကျန်းမာမာလို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့အခြေ အနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ရှိတယ်ဆိုတာကို ကျနော်တို့လည်း မမေးရသေးပါဘူး။ သူနဲ့တွေ့မှ အကြောင်းစုံကို မေးရပါမယ်"ဟုပြောသည်။

ပြန်လည်လွတ်မြောက်လာသူထဲမှ မအေးမြစန္ဒာ မှာ နေအိမ်သို့ ရောက်လာြခင်းမရှိသေးဘဲ မောင်တောမြို့၏ ဆွေမျိုးနေအိမ် တစ်အိမ်တွင် ရောက်ရှိနေကြောင်း မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးချမ်းငြိမ်းက ပြောသည်။

၎င်းတို့နှစ်ဦးကို ၂လကြာ ဖမ်းဆီးခံရစဉ်အတွင်း စစ်ကောင်စီက ရိုက်နှက်စစ်ဆေးမှုများမှုနှင့် ညှဉ်းပန်းနှိက်စက်မှု ရှိ၊ မရှိဆိုသည်ကို ကာယကံရှင်းဖြစ်သူနှစ်ဦးကို Western News က ဆက်သွယ်နေဆဲဖြစ်ပြီး ကိုမောင်မောင်ကျော် အစ်ကိုဖြစ်သူ ဦးစိုးတင့် က သူ့၏ ညီဖြစ်သူ လွတ်လာကြောင်းမှာ မှန်ကန်ကြောင်း ပြောဆိုသည်။

"လွတ်လာတာမှန်ပါတယ်။ မနက်က လွှတ်ပေးလိုက်တာလို့ ဖုန်းဆက်ပြောပါတယ်။ ရွာကိုတော့ လာနေတယ်လို့ ပြောတယ်။ အခုအချိန်ထိတော့ မရောက်သေးဘူး။ သူရောက်လာမှ အခြေအနေကို အသေးစိတ် မေးမြန်းလို့ ရပါမယ်"ဟုပြောသည်။

ဖမ်းဆီးခံရသည့် ၂ဦးတွင် မအေးမြစန္ဒာမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောဇာတိဖြစ်ပြီး မောင်မောင်ကျော်မှာ မောင်တောမြို့နယ် အောင်တဗွေကျေးရွာမှဖြစ်ကာ ၎င်းတို့နှစ်ဦးမှာ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မအေးမြစန္ဒာမှာ မောင်တောရှိ မင်္ဂလာညွှန့်ကျေးရွာသို့အလည်သွားပြီး နေရပ်သို့အပြန်တွင် ကြိမ်ချောင်းဂိတ်၌ ဖမ်းခံရခြင်းဖြစ်ပြီး သူမအားလိုက်ပါပို့ဆောင်သည့် ကယ်ရီမောင်းနှင်သူ မောင်မောင်ကျော်ပါ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးချမ်းငြိမ်းက "ကျနော့် အစ်မကို လွှတ်ပေးသလို့ နောက်ထပ် အပြစ်မရှိဘဲ ဖမ်းဆီးထားတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ သူတို့ကိုလည်း လွှတ်ပေးစေချင်တယ်။ ရခိုင်ပြည်က ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ် ပေးစေချင်ပါတယ်။ အစ်မကတော့ ပြောပါတယ်။ စိတ်မပူနဲ့တော့ လွတ်လာပြီးဆိုပြီးတော့ပြောပါတယ်" ဟုပြောသည်။

ရခိုင်တွင် မတရားအသင်းအက်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံရသူများ အများအပြားရှိနေပြီး မတရားအသင်း ဥပဒေပုဒ်မနှစ်ခုထဲမှ ၁၇(၁)မှာ ၁၇(၂) ထက်ပြစ်ဒဏ်လျော့ပြီး စွဲဆိုခံရသူများထဲတွင် ၁၇(၁) ဖြင့်စွဲဆိုခံရသူ ပိုများပြားကြောင်း တွေ့ရသည်။

ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့ လျားသွားဒီဇင်ဘာ၊ ၁၅ ရက်ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်နှင့် ၇ န...
15/12/2022

ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့ လျားသွား

ဒီဇင်ဘာ၊ ၁၅ ရက်

ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်နှင့် ၇ နာရီ ဝန်းကျင်လောက်တွင် ထူးဆန်းသည့် အလင်းတန်းတစ်ခုကို ရခိုင်ပြည်အနှံ့အပြင် မြန်မာပြည် တစ်ဝှမ်းမှ မြင်တွေ့ခဲ့ရပြီး အလင်းတန်းပေါ်ထွက်လာမှုမှ အလျားလိုက် အနေအထားဖြစ်ကာ အနောက်ဖက်တွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထူးဆန်းသည့် အလင်းတန်းကို ရခိုင်ပြည် မြို့နယ် အသီးသီးက အာကာပြင်တွင် တွေ့မြင်ခဲ့ရသည့်အပြင် အဆိုပါမြင်ကွင်းကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်၊ တိုင်းတချို့မှ တွေ့မြင်ရကြောင်း ဒေသခံတစ်ချို့ က Western News ကို ပြောသည်။

"နေထွက်တဲ့အရပ်တဲ့ မျက်နှာချင်းဆိုင်မှာပေါ်လာတာမျိုးပေါ့။ အပြင်ကိုအမှတ်မထင်ထွက်ကြည့်ရင်းနဲ့တွေ့တာ။ အလင်းတန်းက တစ်စုတစ်စည်းတည်းအနေထားကနေပြန့်ကြဲသွားတယ်။ အလင်းတန်းရှေ့မှာ အရာဝတ္ထုတစ်ခုတော့တွေတော့ ဓာတ်မီးတောင့်လိုပဲ ခပ်ချွန်ချွန်လေး။ အဲ့လိုပေါ်လာတော့ ကိုယ့်ဒေသဓလေ့အတိုင်း အမျိုးမျိုးတော့ အတိတ်နိမိတ်ကောက်တာတွေ တောင်ရှိနေကြတယ်" အလင်းတန်းအားမြင်တွေ့ခဲ့သူတစ်ဦးကပြောသည်။

ယခုကဲ့သို့အလင်းတန်းဖြစ်ပေါ်မူကို နိုင်ငံတဝန်းမှ လူဦးရေအမြောက်အမြားမြင်တွေ့ခဲ့မှုရှိသော်လည်း မမြင်တွေ့လိုက်ရသူများလည်း အများအပြားရှိခဲ့သည်။

အဆိုပါအလင်းတန်းမှာ မြောက်ဖက်မှ တောင်ဖက်သို့ဦးတည်၍ ဖြစ်ပေါ်ခြင်းဖြစ်ပြီး အလင်းတန်းဖြတ်သန်းသွားသည့်နေရာတွင် အလင်းရောင်များပြန့်ကြဲကျန်ခဲ့သည့်

Address


Website

Alerts

Be the first to know and let us send you an email when Our_Community_MDW_Daily News Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share