VOK Media

VOK Media Everyone got rights to know what is happening!
ဖြစ်ပေါ်နေတဲ့ အခြေနေမှန်တွေအားလုံး လူတိုင်း သိခွင့်ရှိပါတယ်။

10/07/2024

နောင်ချိုမြို့ Sold out ပါ။

10 July 2024

မင်းတပ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး၊ တော်လှန်ရေး ပဋိပက္ခအပေါ် ပြည်ပရောက် တိုက်နယ်(၄)အဖွဲ့အစည်းဖြစ်သော HMDO အဖ...
28/06/2024

မင်းတပ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး၊ တော်လှန်ရေး ပဋိပက္ခအပေါ် ပြည်ပရောက် တိုက်နယ်(၄)အဖွဲ့အစည်းဖြစ်သော HMDO အဖွဲ့၏ သဘောထား ထုတ်ပြန်ချက်

21/05/2024

“ရင်ထဲက ငြိမ်းချမ်းရေး” manghtangpa@22/05/2024
ပရောဖက်ဟေရှာယ ဟောထားချက်အရ "သိုးသူငယ်နှင့်အတူ တောခွေးနေထိုင်လိမ့်မည်၊ မြေကြီးသည်လည်း ဘုရားသခင်ကိုသိနားလည်သောအသိပညာတို့နှင့် ပြည့်လိမ့်မည်" (ဟေရှာယ ၁၁:၆-၉)။ ငြိမ်းချမ်းသော လူ့ဘောင်တခုကို ပြန်လည် ထူထောင်ရာတွင် ဘုရားကိုသိနားလည်သော ညဏ်/ပညာ ပါရမီတခုသာလျှင် အဓိက ဖြစ်ပါသည်။ ဘုရားကိုသိနားလည်ခြင်း၏ ဆိုလိုရင်းကို ဘယ်လိုနားလည်ကြမလဲ။ (၁ယော၄း၇-၈) မှာပြောထားသည်မှာ “ငါတို့သည် အချင်းချင်း ချစ်ကြပါစို့၊ အကြောင်း မူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ ဆင်းသက်လာ၍၊ ချစ်တတ်သောသူသည် ဘုရားသခင်မှ မွေးဖွားလာသူဖြစ်သောကြောင့် ဘုရားသခင်ကို သိနားလည်၏။ မချစ်တတ်သော သူသည် ဘုရား သခင်ကို မသိ၊ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ သောကြောင့်ဖြစ်၏။” ချစ်တတ်သော မေတ္တာတရား အရင်းခံခြင်းဖြင့်သာ ငြိမ်းချမ်းသော အရိပ်စစ် တခုကို တည်ဆောက်နိုင် ကြမည်ဖြစ်သည်။
လက်ရှိဖြစ်ပျက်နေသော မြန်မာနိုင်ငံ၏ အခြေနေရှုထောင့်မှ ချစ်ခြင်းမေတ္တာတရား၏ အဓိပ္ပါယ်ကို ဘယ်လို နားလည်ကြမလဲ။ နွေဦးတော်လှန်ရေးသည် အာဏာရှင်ကို ဆန့်ကျင်သော လှုပ်ရှားခြင်းလို့နားလည်တာထက် ကိုယ်ချစ်တဲ့ တိုင်းပြည်နှင့် လူမျိုး ကောင်းကျိုး အတွက် အပြောင်းလဲတခုကို ဖန်တီးနေသော ကိုယ်ကျိုးစွန့်လှုပ်ရှားမှုအဖြစ်နားလည်ကြမည်ဆိုလျှင် ပိုပြီး အဓိပ္ပါယ် လေးနက်မည်ဖြစ်ပါသည်။ အချစ်စစ်သည် ရယူခြင်းမဟုတ်၊ ပေးဆပ်ခြင်း သက်သက်သာ ဖြစ်သည်ဟု လူတိုင်း နားလည်ထားကြပါသည်။ အချစ်စစ်၏ ပေးဆပ်သော နောက်ဆက်တွဲတိုင်းသည် ဆန်းသစ်သော ဖြစ်တည်မှုတို့ ဖြစ်ပေါ်စေစမြဲဖြစ်ပါသည်။ ဗျာဒိတ်တော်ကျမ်း၏ဖော်ပြချက်အရ ထိုကဲ့သို့ ဆန်းသစ် သောဖြစ်တည်မှုတို့သည် ဘုရားရှင်၏လုပ်ဆောင်ချက်သာဖြစ်ကြောင်းကို ဤကဲ့သို့ ဖော်ပြ ထားပါသည်၊ "ကြည့်ရှုလော့၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖြစ်အောင် အစဉ်အမြဲ ပြုလုပ်တော် မူသည်" (ဗျာဒိတ် ၂၁:၅)။ ထိုကဲ့သို့သော ဆန်းသစ်သောဖြစ်တည်မှုအတွက် စွမ်းထက်သောမေတ္တာစစ်ကို အရင်းခံပြီး တိုင်းပြည်နှင့် လူမျိုးကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဝေဒနာတွေကြား စေတနာ တွေပွားနိုင်သော ခေါင်းဆောင်မျိုးသာလျှင် အဖွဲ့စည်းတိုင်း လိုအပ်နေကြခြင်းဖြစ်ပါသည်။
ပရောဖက် ယောလ ၏ ဟောထားချက်အရ “လူသားအားလုံးအပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်၏သားသမီးတို့သည် ပရောဖက်အလုပ်ကိုပြုကြလိမ့်မည်။” (ယောလ ၃:၁)။ လူသားတိုင်းတွင် ဘုရားပေးသော ဆုကျေးဇူးတော် ကိုယ်စီရှိကြသည်။ ထိုကျေးဇူးတော်များကို အများကောင်းကျိုးအတွက် မေတ္တာစစ်အရင်းခံပြီး ဝေမျှပေးနိုင်ကြသည့်အခါ ထိုအပြုအမှုလေးသည် စေတနာ ဖြစ်လာသည်။ စေတနာစိတ်ထားတို့သည် ဝါသနာအဖြစ်ရပ်တည်လာကြတဲ့အခါ ပါရမီ တို့သည် အများအတွက် ဝတ်တရားများ အဖြစ် အစွမ်းထက်လာကြစမြဲဖြစ်ပါသည်။ စေတနာဖြင့် ပါရမီ တို့၏ အစွမ်းသည် အားလုံးကို စိတ်ချမ်းသာမှုကို ဖန်တီးပေးနိုင်သော ငြိမ်းချမ်းခြင်းအရိပ်ပင် ဖြစ်စေ နိုင်ပါသည်။ စစ်မှန်သော ချစ်မေတ္တာဖြင့် ဘုရားရှင်နှင့် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ကြပြီး ငြိမ်းချမ်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ကြဖို့ စစ်မှန်သောမေတ္တာဓာတ် ဝေဆာစေကြောင်း ဆုမွန်ချွေလျှက်။
ဘုရားရှင်၏မေတ္တာဂုဏ်တော် အစဉ် ထွန်းလင်း တောက်ပနိုင်ပါစေ။🫶💪🙏

Credit: https://www.facebook.com/share/p/3Yr5M4bhbcvb7XBa/?
18/05/2024

Credit:

https://www.facebook.com/share/p/3Yr5M4bhbcvb7XBa/?

Breaking News- ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် ဗျူူဟာဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်

ရန်ကုန်၊ မေ ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က ယနေ့ သိမ်းပိုက်လိုက်ပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ် ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) က မေလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ ၃၇၈ ၊ ခမရ
၂၃၄ ၊ ခမရ ၃၄၅ ၊ ခမရ ၃၅၂ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြောင်း၊ မေလ ၁၄ ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၂၆၃ နှင့် ခမရ ၂၃၃ စသည့် တပ်ရင်း ၄ ရင်းကို လည်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့တွင် နခခ ၃ ကိုလည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နခခ (၈) စခန်းကိုလည်း ကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

AA က တပ်ရင်းများကို သိမ်းပိုက်လိုက်ပြီးနောက် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင် တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး AAကို တိုက်ခိုက်နေသော မွတ်စလင်များကို လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်တွင် ဆက်လက်ဖြစ် ပွား လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားများမှာ ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း "အထူး" သတိပေးအပ်ကြောင်း AA က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဝမ္မသူး ပြည်သူ့ဆေးရုံးကြီးအား တိုက်ခိုက်မှုအပေါ် Higünglong Multi-Development Organ...
30/04/2024

အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဝမ္မသူး ပြည်သူ့ဆေးရုံးကြီးအား တိုက်ခိုက်မှုအပေါ် Higünglong Multi-Development Organization (HMDO) မှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

Credit: Western News30 March 2024■ လက်နက်ချ အညံ့မချဘဲ ထွက်ပြေးသည့် ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းမှ  ဗျူဟာမှူးနှင့် ခလရ ၂...
30/03/2024

Credit: Western News
30 March 2024

■ လက်နက်ချ အညံ့မချဘဲ ထွက်ပြေးသည့် ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူးနှင့် ခလရ ၂၀၈ တပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော်ကို AA က အသေဖမ်းဆီးရရှိ

(စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ဖြစ်)

ရုပ်သံအား Western News တယ်လီဂရမ်တွင် ကြည့်ရှုပါရန်

Western News| မတ် ၃၀

ရခိုင်ပြည် ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲအတွင်း ပုဏ္ဏားကျွန်းမြို့ (ခမရ ၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ခလရ ၂၀၈ မှ တပ်ရင်းမှူး အပါအဝင် ထွက်ပြေးသည့် စစ်ကောင်စီ စစ်သား ၂၀ ကျော်ကို အသေဖမ်းဆီးရရှိကြောင်း AA ၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့ (ခမရ ၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကိုနှင့် ဗိုလ်မှူးစောထွေး၊ ခလရ ၂၀၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးသူအောင် အပါအဝင် ထွက်ပြေးသည့် စစ်ကောင်စီ စစ်သား ၂၀ ကျော်ကို အသေဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သည် လက်နက်ချ အညံ့မခံဘဲထွက်ပြေးသောကြောင့် AA က လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် AA က ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုနှင့် ခလရ ၂၀၈ တပ်ရင်း၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖြိုးသူအောင် အသေဖမ်းဆီး ရရှိခဲ့ကြောင်း သတင်းရစ်မြစ်တစ်ဦးက ပြောသည်။

"ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို (နပခဗျူဟာ-၃၊ DSA-42) နဲ့ ဗိုလ်မှူးစောထွးပါတယ်။ ခလရ ၂၀၈ တပ် ရင်း၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖြိုးသူအောင် ပါတယ်။ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို အသေဖမ်းဆီး ရရှိခဲ့တယ်။ အချို့ကို အရှင် လက်ရဖမ်းဆီးရမိခဲ့တယ် "ဟုပြောသည်။

သတင်းများအရ ရက္ခိုင့်တပ် AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကစဉ့်ကလျားထွက်ပြေးနေသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေ ဒကစ နှင့် ရေတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးတောင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ၎င်းတို့ တောင်းဆိုခဲ့သည့် လက်နက်ကြီး အကူအညီသည် လယ်ကွင်းအတွင်းတွင် ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပြီး ရေပေါက်ချောင်းနှင့် တန်းစွယ်ရွာအကြားတွင် ကျရောက်ပေါက်ကွဲကာ ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို အပါအဝင် ၂၀ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရရှိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀ ကို AA က အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချ အလင်ဝင်ရောက်ခဲ့ကြောင်း သတင်းရစ်မြစ်က Western News ကိုပြောသည်။

ယင်းနောက်တွင် ပုဏ္ဏာကျွန်းမြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဌာနဆိုင်ရာ ရုံးများရှေ့တွင် ရိုက်ကူထားသည့် ပုံများကို ထုတ်ပြန်လာခဲ့သည်။

တိုက်ပွဲအတွင်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် -၄၂ ၊ ခလရ -၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ - ၅၅၀ မှ ဗိုလ်မှူး စောထွေးတို့အပါအဝင် စစ်ကောင်စီတပ်သား အမြောက်အများသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။

ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၀ မြို့နယ်ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အား အစားထိုးခန့်လိုက်ပြီးနောက် AA ကလည်း ရခိုင်တွင် ထိုးစစ်ကို အရှိန်ဟုန်မြှင့်လိုက်သည်။

ရက္ခိုင့်တပ်တော် AA သည် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း နေရာ နှစ်ခုတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင် AA က မတ် ၂၈ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

Western News-WN

29/03/2024

လူနေခြုံကြား၊ စိတ်နေဘုံဖျား။ ဗမာတိုင်းရင်းသား စကားပုံ။

22/12/2023

မင်းတပ်စစ်ဒေသမှူး Naing Tam ​၏ ယနေ့ Post။

ဒီလအတွင်း မင်းတပ်အနေနဲ့ စခန်းသိမ်းတိုက်ပွဲကို ၃နေရာမှာ မဟာမိတ်တွေ၊ ညီနောင်တွေနဲ့အတူ ပူးပေါင်းဖော်ဆောင်ခဲ့ရာမှာ ထယ်ဘွေးစခန်းနဲ့ မြစ်သာဆည်စခန်းတို့ကို အပြီးပြတ်သိမ်းနိုင်ခဲ့ပြီး ၁၀ရက်တာပြင်းထန်ခဲ့တဲ့ ရေမျက်နီတိုက်ပွဲမှာတော့ စကစဖက်က စစ်ကူတွေ၊လေကြောင်းပစ်ကူတွေ များပြားလွန်းတာကြောင့် ဆုတ်ပေးခဲ့ရပြီး ဒီဇင်ဘာလအတွင်းမှာ CDF-Mindat ရဲဘော် ၄ယောက် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရပါတယ်

နောက်ထပ်တိုက်ရမယ့်စခန်းကြီးတွေကျန်နေသေးတာမို့ ပြည်တွင်းပြည်ပကမင်းတပ်သားတွေညီညီညွတ်ညွတ်နဲ့ အားပေးကူညီပေးကြဖို့ တောင်းဆိုပါတယ်။

Credit: Naing Tam(မင်းတပ်စစ်ဒေသမှူး)

နမ့်ဆမ်မြို့ တိုက်ပွဲမှ TNLAတို့ သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများ တောင်လို ပုံနေအော...
18/12/2023

နမ့်ဆမ်မြို့ တိုက်ပွဲမှ TNLAတို့ သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများ တောင်လို ပုံနေအောင်ရရှိခဲ့ကြ။

Credit: Khit Thit

နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့၊ ပျောက်ဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အဆက် အသွယ် ပြတ်နေဆဲ

■ ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံနှင့် မြောက်မြားစွာသော ကျည်ဆန် ခဲယမ်းသေတ္တာများရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း ၊ ဗိုလ်မှူး ၊ ဗိုလ်ကြီး အပါ အဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နမ့်ဆန်မြို့ရှိ စစ်စခန်း အားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၆၀ ဦးကျော် သေဆုံးပြီး စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိကြောင်း ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ နမ့်ဆန်မြို့ရှိ စစ်စခန်းအားလုံးကို TNLA က တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ် ကဲနေသည့် စစ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည် ။

"အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး (ဗိုလ်မှူးချုပ်) ပျောက်နေတာ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး။ အသက်ရှင်နေတုန်းလို့တော့ ယူ ဆရတယ်။ ခလရ ၂၅၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးငြိမ်းချမ်းနဲ့ ဒုတပ်ရင်း မှူး ဗိုလ်မှူး ကျဆုံးတာ အတည်ပြုလို့ရပါပြီ။ ခလရ ၂၅၈က မကွေးတိုင်း၊ ရေစကြိုက တပ်ပါ။ လက်ဖက်ခြောက်စက်ရုံမှူး ဗိုလ်မှူးနဲ့ တပ်ထိန်း ဗိုလ်ကြီးတွေလည်း ကျဆုံးပါတယ်။ အခု ရထားတဲ့စာရင်းတွေအရ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အနည်းဆုံး ၁၀ ဦးစာရင်းတော့ ကျဆုံးစာရင်း ရထားပါတယ်။ ထပ်ပြီးလည်း အတည်ပြုနေပါတယ်။ တချို့ အရာရှိတွေက ကျဆုံးတာလား၊ အဖမ်းခံရတာလား ဆက်လက်ပြီး စိစစ်နေတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နမ့်ဆန်မြို့ရှိ စစ်စခန်းများသည် ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁ နှင့် လက် အောက်ခံတပ်ဖြစ်သည့် ခလရ-၂၅၈ မှ လာရော က်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ တပ်များဖြစ် သည့် အမှတ် ၆၂၆ နှင့် ၉၂၉ တို့ အခြေချရာ မြို့လည်း ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့ရှိ စစ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း အကြမ်းဖက် စစ်တပ်၏ မန်တုံ ခလရ-၁၃၀ တပ်က လက်နက်ကြီးဖြင့် အချက်ရေများစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းဖြင့် Mi35 ၁ ကြိမ်၊ ART-42 ၅ ကြိမ်၊ Jet Fighter ၁၉ ကြိမ်၊ Y12 လေယာဥ် ၅ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများ၊ နမ့်ဆန် မြို့မ ဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်း ဆောင်၊ နေအိမ် အလုံး ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား အလောင်း ၆၀ ကျော်နှင့် စစ်သုံ့ပန်း ၃၀ ဦး၊ မိသားစုဝင် ၃ ဦး၊ ရဲ ၆ ဦး၊ ရဲမိသား စုဝင် ၂၅ ဦး စုစုပေါင်း ၆၄ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်း အများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

ကဲ သူများတွေ ပြည်သူနှင့် ပူးပေါင်းကုန်ကြပြီ။ အချစ်တုန်းတို့၊ အသဲတုန်းတို့ မြန်မြန်လေး ပြည်သူနှင့်ပူးပေါင်းလာကြပါနော်။ တပ...
01/12/2023

ကဲ သူများတွေ ပြည်သူနှင့် ပူးပေါင်းကုန်ကြပြီ။ အချစ်တုန်းတို့၊ အသဲတုန်းတို့ မြန်မြန်လေး ပြည်သူနှင့်ပူးပေါင်းလာကြပါနော်။ တပ်ရင်းလိုက် ပြည်သူနှင့် ပူးပေါင်းလာသူတွေကို ပြည်သူတွေကလည်း ကျေးဇူးမမေ့ပါဘူးနော်။

ကုန်းကြမ်းမြို့နယ်တွင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံသော ခလရ ၁၂၅ တပ်မှ လက်နက်ခဲယမ်းများ ရရှိမှု အလွန်များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်-ဒကစ) လက်အောက်ခံ ကုန်းကြမ်းမြို့နယ်မှ ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံ အလင်းဝင်ပြီးနောက် ယင်းတပ်ရင်းမှ သေနတ်အလက် ရာပေါင်းများစွာ၊ အမြောက်များစွာ၊ လက်နက်ကြီးကျည်နှင့်လက်နက်ငယ် ကျည်ဆန် သောင်းပေါင်းများစွာ ရရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစ လက်အောက်ခံ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) ၊ ခလရ ၁၂၅ မှ တပ်ဖွဲ့ဝင် ၉၃ ဦး ၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ရှိခဲ့ကြောင်း၊ ခလရ ၁၂၅ တွင် ရဟတ်ယာဉ်ကွင်းပါရှိပြီး Jammer များပါ အထူးတပ်ဆင်ထားကြောင်း MNDAA က ထုတ်ပြန်ပြောဆိုချက်အရ သိရှိရသည်။

သို့ရာတွင် MNDAA ၏ တိုက်စစ်ဆင်မှုကို မခံနိုင်သဖြင့် အလင်းဝင်လာခဲ့ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန်အချက်ပြခဲ့ကြောင်း၊ ထို့နောက် ၎င်းတပ်ရင်းမှတပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ပြီး ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေးချပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ၄ နာရီခန့်တွင် ၎င်းတပ်ရင်းမှူးသည် လက် အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီး MNDAAထံသို့ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊ ၎င်းတပ်ရင်းမှူး၏ပြောဆိုချက်အရ စစ်ကောင်စီမှ စကခ ၁၆ ၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

"လက်နက်တွေ၊ အမြောက်တွေ၊ ကျည်တွေ ရတာတော့ အရမ်းများတယ်။ သယ်တာတောင် အခေါက်အခါခါ မနည်းသယ်ယူရတယ်။ အရေအတွက်တော့ MNDAA ဘက်က တရားဝင် ထုတ်ပြန်မှသိရမယ်။ ကျနော်သိသလောက်တော့ ကျည်ဆန်တွေဆိုတာ တောင်ပုံရာပုံပဲ။ လက်နက်ခဲယမ်းကတော့ တပ်ရင်းအလိုက် ရတာ၊ လက်နက်ဂိုဒေါင်ပါရတာဆိုတော့ အတော်ကို များတဲ့ ပမာဏပါ" ဟု MNDAA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသော PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးစီးသည့် အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသား စု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး တပ်ရင်းအလိုက် MNDAA ထံတွင် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

Credit: Khit Thit

ခေတ်သစ်သတင်းမှ

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်ရေး ပစ်မှတ် မဟုတ်သည့် လူအုပ်ကြီးထဲသို့  စစ်တပ် က လေကြောင်း ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ အနည်...
11/04/2023

ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်ရေး ပစ်မှတ် မဟုတ်သည့် လူအုပ်ကြီးထဲသို့ စစ်တပ် က လေကြောင်း ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ အနည်းဆုံး ၅၀ ကျော် သေဆုံး

■ အလောင်းများ ပြန့်ကျဲနေပြီး ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေး

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် လူအုပ်ကြီးထဲသို့ စစ်တပ်က တိုက်လေယာဉ်၊ Mi 35 ရဟတ် ယာဥ်တို့ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူအနည်းဆုံး ၅၀ ကျော် ထိခိုက် သေဆုံးကြောင်း ဒေသပြည်သူများ ၏ပြောဆိုချက်အရ ကနဦး သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ အနည်းဆုံး ၅၀ ကျော် ကျဆုံးကြောင်း ကနဦးသိရှိရသည်။

" ပြည်သူအရေအတွက် ၅၀ ဦးခန့် ထိခိုက်ကျဆုံးတယ်လို့ သိထားရတယ်။ အဲဒီထက်ပိုများနိုင်တယ်။ အခု အထိ အတည်မပြုနိုင်ဘူး" ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ နောက်ဆုံး စုံစမ်းချက်များအရ စစ်လေယာဉ်ဖြင့် လူအုပ် ကြီး ထဲသို့ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက် မှုကြောင့် အနည်းဆုံး သေဆုံးသူ ပြည်သူ ၁၀၀ နီးပါး ရှိနိုင်သည်ဟု သိရှိရသည်။

Crd
#ကန့်ဘလူ

Credit: CNDFဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်မိဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။ချင်းပြည်နယ်၊ ဖလမ်းမြိ...
10/04/2023

Credit: CNDF
ဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်မိ

ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် (၁၂) မိုင်ခန့်အကွာရှိ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်မှစတင်တိုက်ခိုက်ရာ (၁) နာရီ (၃၀) မိနစ်ဝန်ကျင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးကာ (၁၄) ဦးအရှင်ဖမ်းမိခဲ့ကြောင်း CNO ကထုတ်ပြန်ထားသည်။

ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသာရှိကြောင်း၊ တိုက်ပွဲအပြီး MA1 - (၃)လက်၊ MA2-(၁)လက်၊ MA3-(၂)လက်၊ MA 4-(၁) လက်၊ G3-(၁၂)လက်၊ ကျည်ဘောက်-(၂၀)၊ ၆၀ မမ စိန်ပြောင်း - (၂)ခု၊ ၆၀ မမ ကျည်-(၅၈)ခု၊ အီနာဂါ - (၈)ခု၊ G3 ကျည်ဘောက် - (၃၇) ခု၊ တိုက်မိုင်း -(၁၀)ခု၊ ၄၀ မမ ကျည် -(၃၃)ခု၊ လက်ပစ်ဗုံး - (၁)လုံး၊ ရှေ့ထွက်မိုင်း - (၅၀)၊ နင်းမိုင်း - (၅၀၀)၊ MA ကျည် - (၁,၀၀၀)ကျော် နှင့် G3 ကျည် - (၂,၅၀၀)ကျော် သိမ်းဆည်းရမိပြီး၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ပွဲအပြီးတွင် ဗားရ်ကျေးရွာအနီးတဝိုက် ဗုံးကြဲမှုများရှိခဲ့ကြောင်း၊ တိုပ်ပွဲအတွင်း အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့ပြီး၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

03/03/2023
01/03/2023

ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသားနှင့် အချုပ် သား ၉ ဦး ကားပေါ်မှ ဆင်းပြေး၍ လက်နက် လုယူပြီး ရဲများကို ပစ်ခတ်ကာ လွတ်မြောက်

ရန်ကုန်၊ မတ် ၁

မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၉ ဦးသည် ယနေ့ ည နေ ၄ နာရီကျော်အချိန် အချုပ်ကားပေါ်မှ ဆင်းပြေး၍ လက် နက် များလုယူပြီး ရဲများကို ပြန်လည် ပစ်ခတ်ကာ လွတ်မြောက်သွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ မတ်လ ၁ ရက်နေ့တွင် ရမည်းသင်းထောင်မှ ပျဉ်းမနားသို့ တရားရုံးထုတ်လာသည့် အချုပ်သား ၂၁ ဦးကို ရုံးထုတ်ပြီး အပြန်လမ်း၊ ကင်းသားလမ်းခွဲတွင် ပါဆယ်ယူရန် ရှိသည်ဟုဆိုကာ အချုပ်ကားကို ခဏရပ်ခိုင်းကြောင်း၊ ယင်းနောက် အကျဉ်းသား၊ အချုပ်သား ၉ ဦးက ရဲများထံမှ လက် နက် လု ယူကာ ပစ်ခတ်ပြီး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

"ရမည်းသင်းအကျဥ်းထောင်မှ ရုံးထုတ်လာတဲ့ အချုပ်သား ၊ အကျဉ်းသား ၂၁ ဦးကို ပျဉ်းမနားမှာ ရုံးထုတ်ပြီး အပြန် ထောင်ပြန် အပို့ ကင်းသာလမ်းခွဲမှာ ပါ ဆယ် ယူဖို့ ရှိလို့ ကားခဏရပ်နေချိန် အချုပ်သား ၊အကျဥ်းသား ၉ ဦး ထွ က်ပြေး တယ်။ ရဲတွေဆီက သေနတ်တွေပါ သွားတယ်။ ရဲတွေနဲ့ ပစ် ခတ်မှုဖြစ်တယ်။ ၉ ဦးလုံး လွတ်ပါတယ်။ လွတ်မြောက်သွား သူတွေထဲမှာ ထောင်ဒဏ် နှစ် ၅၀ ကျော် ချခံထားရတဲ့ သူတွေလည်းပါတယ်။ နိုင်ငံရေးအမှုတွေ အပါ အဝင် အမှုမျိုးစုံပဲ။ ဒုရဲအုပ်တစ်ဦး ခေါင်းကွဲပါတယ်။ ရဲတပ်သားတစ်ဦး သေ နတ် ထိမှန်ဒဏ်ရာဖြင့် ဆေးရုံပို့ထားရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲများက လွတ်မြောက်သွားသော အချုပ်သားနှင့်အ ကျဉ်း သားများကို ဖမ်းဆီးရရှိရေး တောနင်း ရှာဖွေမှုများ လုပ်ဆောင်နေပြီး အခင်းဖြစ်ပွားသည့်နေရာအနီးအနားမှ ကျေးရွာများကိုလည်း ပိတ်ဆို့ လျက်ရှိကြောင်း သိရှိရသည်။

VOK media

စစ်ကောင်စီလက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦးသေဆုံးပြီး၊ CDF-Mindat ရဲဘော်တစ်ဦး ကျဆုံး ဖြစ်စဥ်မှာ....၂၅.၂.၂၀၂၃   ရက်နေ့ညနေ...
26/02/2023

စစ်ကောင်စီလက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦးသေဆုံးပြီး၊ CDF-Mindat ရဲဘော်တစ်ဦး ကျဆုံး

ဖြစ်စဥ်မှာ....၂၅.၂.၂၀၂၃
ရက်နေ့ညနေပိုင်းတွင်
===
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အခြေစိုက် CDF-Mindat တပ်ဖွဲ့ ဗိုလ် ဆလိုင်းဘီလီအောင်ထန်း ဟာ စစ်ဘေးရှောင်စာရင်းကောက်ရန်သွားစဉ်လမ်းမှာ စစ်ကောင်စီဘက်မှရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက် ပေးကျဆုံးခဲ့ရပါတယ်...

ဆက်လက်ပြီး မင်းတပ်မြို့နယ် အမှတ် ၄ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်လို့ အိမ်ထဲက မိသားစုဝင် ၃ ဦးပွဲချင်းသေဆုံးပြီး ကျန်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရတယ်။

VOK Media

အာဏာသိမ်း စစ်အုပ်စုမှ ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိသည့်   မြို့နယ်ပေါင်း (၃၂)မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ...
02/02/2023

အာဏာသိမ်း စစ်အုပ်စုမှ ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိသည့် မြို့နယ်ပေါင်း (၃၂)မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ
https://www.tachileik.net/mm/news/31875
* * * * *

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် တိုင်းနှင့်ပြည်နယ်များထဲက မြို့နယ်ပေါင်း (၃၂)မြို့နယ်ကို စစ်အုပ်ချုပ်ရေး အမိန့် ကြေညာကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်းပြီး စစ်ကောင်စီအမည်ခံကာ စစ်တပ်ကအုပ်ချုပ်ပြီး ရွာများကို မီးရှို့၊ ပြည်သူများကိုသတ်ဖြတ်နေသည်မှာ (၂)နှစ်ကြာပြီးနောက် ယင်းမြို့နယ်များကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းမှ မြို့နယ်(၁၁)မြို့နယ်၊ ချင်းပြည်နယ်မှ မြို့နယ်(၇) မြို့နယ်အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို စစ်အုပ် ချုပ်ရေးအဖြစ် တာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ထားသည်။

မကွေးတိုင်းမှ မြို့နယ်(၅)မြို့နယ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအား စစ်အုပ်ချုပ်ရေးပေးပြီး ပဲခူးတိုင်းမှ မြို့နယ်(၅)မြို့ နယ်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအား စစ်အုပ်ချုပ်ရေးပေးကြောင်း ထုတ်ပြန်သည်။

ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် (၂)နှစ်အကြာ အလူးအလဲ ထိုးဆင်စစ်ကာ တိုက်ခိုက်နေရသည့် အာဏာသိမ်းစစ်အုပ်စုသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လွိုင်ကော်၊ ဒေသကွပ်ကဲရေးမှူးအား ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်အပါအဝင် မြို့နယ်(၄)မြို့နယ်ကို စစ်အုပ်ချုပ်ရေးပေးကြောင်း ထုတ်ပြန် သည်။

ထုတ်ပြန်ချက်တွင် တိုင်းမှူးသည် အချိန်နှင့်တပြေးညီပြောင်းလဲဖြစ် ပေါ်လျှက်ရှိသော အခြေအနေအရပ်အရပ်အပေါ်မူတည်၍ ကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။


မင်းတပ်သမိုင်း ဘယ်တော့မှမရိုင်းခဲ့ဘူး 💪2023 ၊ ဖေဖော်ဝါရီလ 1ရက်နေ့ မင်းတပ်မြို့မြင်ကွင်းစစ်အာဏာရှင်များမှ တိုင်းပြည်အာဏာသ...
01/02/2023

မင်းတပ်သမိုင်း ဘယ်တော့မှမရိုင်းခဲ့ဘူး 💪

2023 ၊ ဖေဖော်ဝါရီလ 1ရက်နေ့ မင်းတပ်မြို့မြင်ကွင်း

စစ်အာဏာရှင်များမှ တိုင်းပြည်အာဏာသိမ်းခြင်း 2နှစ်ပြည့်နေ့ မင်းတပ်မြို့မြင်ကွင်းဖြစ်သည်။

ဓာတ်ပုံ Salai Naing Hung

ဇန်နဝါရီ (၃၁) ရက်၊၂၀၂၁ ညတုန်းကဘာတွေလုပ်နေခဲ့ကြလဲ ❓❓❓သိသွားပြီးတဲ့နောက်ရော ဘယ်လိုတွေ ခံစားခဲ့ကြရလဲ ❓Comment မှာအခြားသူတွေ...
31/01/2023

ဇန်နဝါရီ (၃၁) ရက်၊၂၀၂၁ ညတုန်းက
ဘာတွေလုပ်နေခဲ့ကြလဲ ❓❓❓

သိသွားပြီးတဲ့နောက်ရော ဘယ်လိုတွေ ခံစားခဲ့ကြရလဲ ❓

Comment မှာအခြားသူတွေသိအောင်
မျှဝေပေးခဲ့ပါဦးနော် 👇👇👇

🚨🚨🚨
မနက်ဖြန် 2023 ဖေဖော်ဝါရီ (၁) ရက်နေ့
မနက် ၁၀:၀၀ နာရီကနေ နေ့လည် ၃:၀၀ နာရီအထိ အာဏာသိမ်းတာ(2)နှစ်ပြည့် အတွက်
Silent Strike ဘယ်သူဈေးရောင်းရောင်းမရောင်းရောင်း မထွက်ဘဲအိမ်မှာ နေကြရအောင် 📣📣

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့ကို အသေပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိ...
23/01/2023

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့ကို အသေပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့် အောင် တို့ကို အသေပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်းဆည်း ရရှိကြောင်း Bago PDF က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး သန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင် ငူ ခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က အသေ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ၉-မိုင် ခွဲ ပြည်လမ်း North Point - Ocean စင်တာ အနီးရှိ အမှတ် ၁ စစ်ဘက် ရေးရာလုံခြုံ ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူး ဗိုလ်မှူး သန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့သည် UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက် နက်များ ၀ယ်ယူမည် ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေ ကြသူများဖြစ်သည်။

ဗိုလ်မှူး သန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့နှင့်အတူ စုစုပေါင်း လူ ၄ ဦး လိုက်ပါသော ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမည်းရောင်ယာဉ်သည် ရန်ကုန်-မန္တလေး အမြန် လမ်း အတိုင်း ထွက်ခွာလာပြီဖြစ်ကြောင်း YUA အဖွဲ၏ သတင်း အချက် အလက် ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲဝင်များမှာ ကင်းပုန်းဝပ်၍ စောင့်ဆိုင်း ကာ ကားကို တားဆီးခဲ့ကြောင်း သိရှိရသည်။

ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲဝင်များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်း ဆီးစဉ် အဆိုပါ ၂ ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန်လည် ခုခံ သဖြင့် တော်လှန်ရေးတပ်ဖွဲဝင်များက ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီ၏ တပ်ဖွဲဝင် ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ ဗိုလ်မှူး သန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူး သန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်နှင့် အတူပါလာသော အမျိုးသား ၂ ဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက်နက်အား လုယူထွက်ပြေးရန် ကြိုးစားလာသောကြောင့် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲဝင်များ ထိခိုက်ဒဏ်ရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်ထားသည်။

Credit khit thit

VOK media

မင်းတပ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာနေပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်၊ လက်နက်ကြီးများဖြ...
22/01/2023

မင်းတပ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာနေပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိပဲ အ ကြမ်းဖက်စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိ တိုက်လေ ယာဉ် ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့လည် ၁၁ နာရီဝန်း ကျင်တွင်လည်း မင်းတပ်မြို့ပေါ်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဝမ္မသူးကျေးရွာကို ဟောင်ဝစ်ဇာ ‌(Howitzer) လက် နက်ကြီးများဖြင့် ၅ ချက် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ကျေးရွာများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၁၅)ရက်အတွင်း ဒေသခံပြည်သူ ၂၅၀၀ ကျော်ထွက်ပြေးတိမ်း ရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ပြီး ၁၇ ရက်နေ့အထိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူး လေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာများတွင်းသို့ ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီး အလုံးပေါင်း ၃၁ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထို သို့ ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးနှင့် ထင်းပုံတစ်ပုံ ပျက်စီးခဲ့ပြီး၊ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူလူထုနေထိုင်သော ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်သော အကြမ်း ဖက် စစ်တပ်များမှာ ခလရ-၁၂၄၊ ခလရ- ၆၀၊ ခမရ-၃၅၁ နှင့် ခမရ-၄၃၉ တပ်တို့ဖြစ်ပြီး ၎င်းတို့၏ ပစ်ခတ်မှု ကြောင့် ပြည်သူလူထု စုစုပေါင်း ၂၅၆၆ ဦး ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။

အဆိုပါရက်များအတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက် ကြီးပစ်ခတ်မှုများမှာ ခလယ်တူရယ် ကျေး ရွာကို သို့ ၉ လုံး၊ ဃဲဒဲကျေးရွာကို ၄ လုံး၊ ပကော်ခီးကျေးရွာကို ၂ လုံး၊ ကျို့ကုန်းကျေးရွာကို၂ လုံး၊ သရေးစီလော် ကျေးရွာကို ၂ လုံး၊ မတောကူးကျေးရွာကို ၅ လုံး၊ သေဂေါ်ဒဲကျေးရွာကို ၄ လုံး နှင့် ရွှေပေါက်ကံကျေးရွာကို ၃ လုံး တို့ဖြစ်ပြီး ကျေးရွာ ၈ ရွာတွင် လက်နက်ကြီးအလုံးရေ ၃၁ လုံး ပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သရေးစီလော်ကျေးရွာရှိ နော်ခင်မြ၏ နေအိမ်နှင့် ထင်းပုံမှာ မီးလောင်ပြာကျခဲ့ပြီး ခလယ်တူရယ်ကျေးရွာရှိ စောဘီ၏ နေအိမ်မှာ ပျက်စီးခဲ့ကြောင်း၊ သေဂေါ်ဒဲ ကျေးရွာနေ အသက် ၁၆ နှစ်အရွယ်‌ နော်စုမေဖောတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Photo - မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများ

Breaking News- ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်း တွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်...
11/01/2023

Breaking News- ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်း တွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ချင်းပြည်နယ်၊ ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲကြောင်း ချင်းအမျိုး သားတပ်ဦး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်အချိန်တွင် CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ထပ်မံ ဗုံးကျဲခြင်း ဖြစ်ကြောင်း သိရှိရသည်။

"ဂျက်ဖိုက်တာ အပြာရောင် ၃ စီးနဲ့ ကျဲချသွားတာ။ ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေ မသိရသေးဘူး။ မနေ့က ပထမအကြိမ် ကျဲတာ။ အခုက ဒုတိယအကြိမ် ထပ်ကျဲတာ။ မီးခိုးလုံးတွေ တက်လာတယ်" ဟု ချင်း အမျိုးသား တပ်ဦး နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း CNF ဌာနချုပ်ကို ပထမအကြိမ် တိုက်လေယာဉ် ဖြင့် ဗုံးကျဲခဲ့သဖြင့် တော်လှန်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် မီးခိုးလုံးများ တက်လာနေစဉ်။

ပုသိမ် အကျဥ်းထောင်တွင် နိုင်ငံ​ရေးအကျဥ်သားကိုဝေယံဖြိုးကို စစ်တပ်က ပစ်သတ်၊ နိုင်ငံ​ရေးအကျဥ်းသား ၆ ဦးကျည်ထိမှန်ကာ ၄ ဦးစိ...
06/01/2023

ပုသိမ် အကျဥ်းထောင်တွင် နိုင်ငံ​ရေးအကျဥ်သားကိုဝေယံဖြိုးကို စစ်တပ်က ပစ်သတ်၊ နိုင်ငံ​ရေးအကျဥ်းသား ၆ ဦးကျည်ထိမှန်ကာ ၄ ဦးစိုးရိမ်ရ

ရန်ကုန်၊ ဇန်နဝါရီ ၆

ဧရာဝတီတိုင်း၊ ပုသိမ် အကျဥ်းထောင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်မှု ကိုဝေယံဖြိုး (ခေါ်) မဲကြီး သေဆုံးပြီး ၆ ဦးကျည်ထိမှန်ကာ ၄ ဦးစိုးရိမ်ရကြောင်း ပုသိမ် အကျဥ်းဦးစီးနှင့် ပတ်သက်ဆက်နွယ်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် ကိုဝေယံဖြိုး (ခေါ်) မဲကြီး ထံမှ ဖုန်း ၁ လုံး သိမ်းဆည်းရမိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုဝေယံဖြိုးကို အကျဥ်းဦးစီး ဝန်ထမ်းများက ခေါ်ဆောင်သွားပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အကျဥ်းသားများက ကိုဝေယံဖြိုးကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ထောင်ဆူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထောင်ဆူမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပုသိမ်မြို့မ ရဲစခန်းမှ ရဲများနှင့် နယ်မြေခံ ရဲများက အကျဥ်းထောင် အတွင်းဝင်ရောက်လာကာ ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး အကျဥ်းသား ၆ ဦး ကျည်ထိမှန်ခဲ့ကာ ၄ ဦး ဒဏ်ရာပြင်းထန်​ပြီး ကိုဝေယံဖြိုး (ခေါ်) မဲကြီးသည် ဦးခေါင်းကို ကျည် ၃ ချက် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ကိုဝေယံဖြိုးသည် နိုင်ငံရေး အကျဥ်းသားဖြစ်ပြီး ချောင်းသာမှ Hotel လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများပစ်ခတ်မှုကြောင့် ပုသိမ် အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ကိုစိုးယုကျော်၊ ကိုဝေဇော်လတ်၊ ကိုအောင်ထွန်းမြင့်၊ ကိုကျော်ရဲအောင်၊ ကိုရဲသွေးနီနှင့် အမည်မသိ ၁ ဦးတို့ ဖြစ်ပြီး ပစ်ခတ်ခံရသူ အားလုံးသည် နိုင်ငံရေး အကျဥ်းသားများ ဖြစ်ကြောင်း သိရသည်။

"​ထောင်ဒဏ် ၂၈ နှစ် အမိန်ချခံထားရတဲ့ ကိုဝေယံဖြိုးဆီက ဖုန်းမိလို့ဆိုပြီး ခေါ်ရိုက်နှက်ကြတယ်။ ဒီနေ့ နံနက်ထိ ပြန်မပို့လို့ နိုင်ကျဉ်းတွေက ပြန်လွှတ်ပေးပို့ တောင်းဆိုရာကနေ ပုသိမ်မြို့မ ရဲစခန်းက ရဲတွေနဲ့ နယ်မြေခံ ရဲတွေက ထောင်ထဲဝင်ပစ်တာ ကိုဝေယံဖြိုးက နဖူးကို ကျည် ၃ ချက် ပစ်ခံရတယ်။ ဒီနေ့က ထောင်ဝင်စာပို့ရက်ပါ။ ရဲတွေပစ်လို့ ထိထားတာက ၆ ဦးပါ ၄ ဦးက စိုးရိမ်ရပါတယ်။ ၂ ဦးကတော့ သိပ်မစိုးရိမ်ရဘူး" ဟု ပုသိမ် အကျဥ်းဦးစီးနှင့် ပတ်သက် ဆက်နွယ်သူက ပြောဆိုသည်။

VOK media

Address


Website

Alerts

Be the first to know and let us send you an email when VOK Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VOK Media:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share