မိုးကောင်းသတင်းအမှန် ပြန်ကြားရေး - MGRNT

  • Home
  • မိုးကောင်းသတင်းအမှန် ပြန်ကြားရေး - MGRNT

မိုးကောင်းသတင်းအမှန် ပြန်ကြားရေး - MGRNT မိုးကောင်းမြို့မှ သတင်းအမှန်များကိုသာ ဖော်ပြပါမည်

အာဖရိကတိုက်က မြို့တွေကို ကျော်တက်ပြီး ချောက်မြို့က ကမ္ဘာ့ အပူဆုံး နံပါတ်တစ် မြို့အဖြစ်သို့ ရောက်ရှိ။ ကမ္ဘာ့အပူဆုံး မြို့...
09/05/2023

အာဖရိကတိုက်က မြို့တွေကို ကျော်တက်ပြီး ချောက်မြို့က ကမ္ဘာ့ အပူဆုံး နံပါတ်တစ် မြို့အဖြစ်သို့ ရောက်ရှိ။ ကမ္ဘာ့အပူဆုံး မြို့ ၁၀ မြို့မှာ မြန်မာနိုင်ငံက မြို့ ၅ မြို့ အထိ ပါဝင်နေ။

12/02/2023

Federal Union Day of Myanmar, Sacramento State Capitol, California, USA
credit_ZP

07/01/2022

JINGHPAW MUNG HPE TSAW AI- Group Song

မ မေ့အပ်တဲ့.... သမိုင်းဖြစ်ရပ် တခုKIO -KIA ရဲ့ ပထမဦးဆုံး ဥဣဌနဲ့စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် GOC - Zau Seng ဟာ1975 A...
10/08/2021

မ မေ့အပ်တဲ့.... သမိုင်းဖြစ်ရပ် တခု

KIO -KIA ရဲ့ ပထမဦးဆုံး ဥဣဌနဲ့စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် GOC - Zau Seng ဟာ
1975 Aug 10 ရက် နေ့ ထိုင်းနိုင်ငံအတွင်းက Tham Ngop စခန်းမှာ လုပ်ကြံသတ်​ဖြတ်ခံရပါတယ်

1975 ဟာ KIO/KIA နဲ့ ကချင်လူထုအတွက်
ဆုံးရူံးမှုအင်မတန်ကြီးမား တဲ့ အ....မင်ဂလာ နှစ်တနှစ် လို့ဆိုရမှာပါ
ကချင်လွပ်လပ်ရေး/တော်လှန်ရေးသမိုင်းမှာ ​ နေလိုလလို​​ထင်ရှားတဲ့ "ဇော်"​ လေး "ဇော်" ​
1. Kio/kia ကိုစတင်တည်ထောင်သူ ဥဣဌကြီး/စစ်ဦးစီချုပ် ဗိုလ်ချုပ် GOC-Lahtaw Zau Seng
2. ညီအရင်းဖြစ်သူ ဒုစစ်ဦးစီးချုပ် VCS ဗိုလ်မူးချုပ် Lahtaw Zau Tu
3. သူတို့ရဲ့ညီအငယ် တပ်မဟာ(4 ) တပ်မဟာမူး ဗိုလ်မူးကြီး Lahtaw Zau Dan နဲ့
4.ပထမဆုံးKIO အထွေထွေအတွင်းရေးမူး Slg Kaba Pungshwi Zau Seng တို့လေးဦးဟာ
1975 တနှစ်တည်းမှာပဲအသီးသီးကျဆုံးခဲ့ရလို့ဖြစ်ပါတယ်

#တပ်မဟာမူးCol. Zau Dan ဟာ ကိုယ်ရံတပ်ခွဲမပါပဲ စစ်သည်အနည်းငယ်နဲ့
ခရီးနှင်နေခိုက် ဗကပ အင်အားတရာကျော် ချုံခိုတိုက်ခိုက်မူကြောင့်
1975 march 1 မှာ ရှမ်းမြောက်နမ့်ဖတ်ကာအနောက်တောင် (ယခု ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မန်တုံမြို့နယ်အပိုင်)
Mungmaw pa- မုန်းမောပြန့်ထဲက Namhai မှာ ကျဆုံးခဲ့ပါတယ်

Lahtaw Zau Tuနဲ့ အတွင်းရေးမူးZau Seng တို့နှစ်ဦးဟာ
ချင်းမိုင်ကနေ ပြန်အလာ Htam Ngop စခန်းရောက်ခါနီးလမ်းခုလတ်မှာ
1975 Aug 6 ညနေ ပစ်သတ်ခံရပါတယ်.

-Zau Seng လည်းပဲ Htam Ngop စခန်းကိုတက်အလာ
1975 Aug 10 ရက်နေ့မှာ ထပ်မံ လုပ်ကြံခံရပါတယ်
======
GOC- Zau Seng ဟာ လက်နက်ခဲယမ်းရရှိဖို့...
နယ်စပ်က တော်လှန် ရေးအင်အားစုတွေအပါနိုင်ငံတကာနဲ့ထိတွေ့နိုင်ဖို့ရည်ရွယ်ချက်နဲ့
1965 မှာ ထိုင်းနိုင်ငံကိုဆင်းလာပီး Tham Ngop မှာ အခြေစိုက်စခန်း
နဲ့အတူ OKFA-office of kachin foriegn affair ရုံးကိုဖွင့်လှစ်ပါတယ်

Tham Ngop ဟာ ချင်းမိုင်မြောက်ဖက် 134ကီလို
မြန်မာနယ်စပ်နဲ့ 8 ကီလိုလောက်...ထိုင်းနိုင်ငံအတွင်းက ပေ 3700 ကျော်မြင့်တဲ့တောင်ကြောတခု ဖြစ်ပါတယ်
Tham ngop မှာ ထိုင်းအစိုးရက တရားဝင်ခွင့်​ ပြုထားတဲ့
တရုပ်ဖြူကူမင်တန် တပ်စခန်းကြီးရှိသလို....ကိုးကန့်လက်နက်ကိုင်တပ်စခန်းငယ်တခုလည်းရှိပါတယ်
Tham ngop တောင်ခြေမှာ kia ထောက်ပံ့ရေးဂိုဒေါင်ထားတဲ့ရွာငယ်ကလေးရှိပါတယ်

Vcs Zau Tu ဟာ 1965 ကတည်းက ထိုင်းကိုရောက်နေတဲ့
ဥဣဌနဲ့ တွေ့ဖို့ 1973မှာ KIA ရှေ့တန်းဌာနချုပ်ရှိရာ ​​ ကချင်​​ပြည် ဟူးကောင်း Maji bum က နေဆင်းချလာတာဖြစ်ပီး
အတွင်းရေးမူး Zau Seng ကတော့ ရှမ်းမြောက်က တပ်မဟာ4ကိုလှည့်လည်စစ်ဆေးအပီး
ကျန်းမာရေးအတွက်ဆေးစစ်ဖို့ 1975 may မှာ ထိုင်းကိုဆင်းလာတာပါ
ဒါကြောင့်1975 Aug မှာ သူတို့သုံးဦးအတူရှိနေကြ​ ခြင်း​ ဖြစ်ပါတယ်

သူတို့သုံးဦးကို လုပ်ကြံဖို့ ဦးစီးသူဟာ မြန်မာအစိုးရ ​ဝန်ထမ်းလုပ်နေရာက
1968 feb မှာ Kia ထဲဝင်လာသူ Lt. Maran Seng Tu (KC-163) ဖြစ်ပါတယ်
သူဟာ Vcs Zau Tu ရဲ့အထူးချီးမြောက်တာကိုခံရတဲ့ လူယုံတဦးပါ
1972 အပစ်ရပ်ဆွေးနွေးပွဲတွေမှာပါဝင်ခဲ့သူ​ပါ
Vcs နဲ့အတူ Htam ngok ကိုပါလာသူဖြစ်ပီး assistant military officer ဆိုတော့
အဲဒီခေတ် ဖွဲ့စည်းပုံအရ အရေးပါတဲ့ အဆင့်​ မြင့်စစ်ဦးစီးအရာရှိ လို့ဆိုနိုင်ပါတယ်

Lt. Seng Tu ဟာ Tham ngop စခန်းမှာ "hpri gang ramma(သံမဏိလူငယ်)" လျို့ဝှက်အဖွဲ့ဖွဲ့ပီး
လူသူသိမ်းသွင်းခဲ့ပါတယ်. သူ့ရဲ့​​ စေခိုင်းမှုအရငယ်သားတွေက Aug 6 ရက် /10 ရက်နေ့ မှာ
ခေါင်းဆောင်သုံးဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်

1975 Aug လဆန်းပိုင်းမှာ ခေါင်း​ ဆောင်သုံးဦးဟာ ချင်းမိုင်မှာအတူရှိ​ပါတယ်
Vcs တို့ ကချင်ပြည် ဌာနချုပ်ပြန်ဖို့အတွက် ဆွေးနွေးပြင်ဆင် နေကြတာပါ
GOC Zau Seng ဟာ အလုပ်နဲ့ ဘန်ကောက်ဆင်းသွားပီး
Vcsတို့နှစ်ဦးကိုအရင်ပြန်ခိုင်းလိုက်ပါတယ် ..သူက နောက်မှလိုက်လာမှာပါ
Vcs တို့နှစ်ဦးပဲ Aug 6 မှာ Tham ngop စခန်းပြန်တက်လာမှာကို
GOCရဲ့ WTဆက်သွယ် ရေးစက်ကိုင် Kareng Hkawng Hawng ဆိုသူသိပါတယ်
လုပ်ကြံသူခေါင်းဆောင် SengTu ဟာ Aug 5 နေ့မှာ စက်ကိုင် Hkawng Hawng ကို
တောင်ခြေ​ရွာကနေ Tham ngop စခန်းထဲဆင့် ခေါ်ယူကာမေးမြန်းထားလို့
Vcs တို့ပြန်လာမဲ့နေ့ ကိုသိနေပါတယ်

Aug 6 ညနေ လုပ်ကြံအပီး.....Seng Tu အုပ်စုဟာ
ဗဟိုအမိန့်အရ ခေါင်းဆောင်သုံးဦးကို သုတ်သင်လိုက်ပီဖြစ်ကြောင်း
(ဥဣဌကို တော့ ချင်းမိုင်ဘူတာရုံမှာ သုတ်သင်လိုက်ကြောင်း)
ကြေငြာပါတယ်... အားလုံးကိုလည်း အိမ်ပြင်မထွက်ရ...အမိန်နဲ့
Tham ngop စခန်းတခုလုံးကို ထိန်းချုပ်ထားလိုက်ပါတယ်

ဒါပေမဲ့ GOCဟာ ဘန်ကောက်မှာပဲရှိနေသေးတာကို သိတဲ့ Hkawng Hawng ဟာ
သူ့ကို စောင့်​ ကြပ်နေသူတွေကို အယုံသွင်းကာ
မလှမ်းမကန်းက ကိုးကန့်တပ်စခန်းဆီအ ရောက်သွားပီး
GOC ထံ စာတိုတစောင် ပို့​ ပေးဖို့ အကူညီ​ တောင်းခံခဲ့ပါတယ်
ကိုးကန့်တွေဟာ သူ့ကို စခန်းထဲပေးမဝင်ပါ. အကူညီလည်းမပေးကြပါ
ဘာသတင်းမှမရတဲ့ GOC ဟာ အစီစဥ်အတိုင်း Tham ngop စခန်းကိုပြန်အလာ
Aug 10 မှာ ထပ်မံလုပ်ကြံ ခံရခြင်းဖြစ်ပါတယ်

အကယ်၍များ GOC သာ စာတိုကလေးကိုရရှိပီး အခြေနေကို အချိန်မီသိရှိခဲ့ရင်
သမိုင်းကြောင်းဟာ အကြီးကျယ်ပြောင်းသွားမှာပါ

ဒါကြောင့်...မပို့ဖြစ်လိုက်တဲ့ စာတို လေးဟာ
Kia ရဲ့ လွပ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို
အ​ ကြီးကျယ် ပြောင်းသွား​ စေခဲ့တယ်လို့ဆိုနိုင်ကြောင်းပါခင်ဗျာ

Ps
WT စက်ကိုင် Hkawng Hawng သက်ရှိထင်ရှား ရှိသေးကြောင်းသိရပါသည်
Crd; Mading Labung

04/08/2021
Crd lin nyo say
03/08/2021

Crd lin nyo say

The historic noviciation ceremony ofHer Excellency Daw Aung San Suu Kyi  Shinbyu is considered one of the Twelve Auspici...
03/08/2021

The historic noviciation ceremony of
Her Excellency Daw Aung San Suu Kyi

Shinbyu is considered one of the Twelve Auspicious Rites in Burmese culture. It is deemed the most important duty that parents owe to their son by letting him go forth and embrace the legacy of Gautama Buddha, join the sangha and become immersed in the teachings of the Buddha, the Dhamma, at least for a short while, perhaps longer if not for the rest of his life.
Those who are not blessed with a male child will seek for an orphan boy or a boy from very poor families in order to receive this special dispensation by the Buddha and hence gain great merit by the act.
Adminnoob
crd:
&History

03/08/2021

ကျေးဇူး ပြုပြီး Aung La ကို အပြစ်မပြောကြပါနဲ့လား ဗျာ
ကျနော် တို့ ကချင်လူမျိုး တွေက
N Sang Aung La ကို အရမ်းချစ်ကြတာ
ဟိုရက်က Aung La ပွဲ ခနလေး နဲ့ နိင်လို့
ပျော်နေတဲ့ အချိန် ဖုန်းဝင်လာလို့ ကြည့်မိတော့
" ဟာ ဒီလူ တိုက်ပွဲ ကို ဦးစီး နေရမှာ မလား
ဘာ့ကြောင့် ဖုန်း ဆက်လာတာပါလိမ့် "
တွေးပြီး တော့ ဖုန်းကိုင်လိုက်တာနဲ့
" Aung La ပွဲ ဘယ်လို ဖြစ်နေ ပြီလဲ
သူ နိင်မှ ဖြစ်မှာ "
ဆိုပြီး တန်းမေးတော့တာပဲ
" inn Aung la နိင်သွားပြီ
ညာလက်သီးကြီး နဲ့ကို ပွဲ သိမ်း လိုက် တာ
ဒါနဲ့ ခင်ဗျားက ဘာလုပ်နေလဲ
စစ်မတိုက် သေးဘူး လား "
ဝေးး ဆိုတဲ့ အသံတွေနဲ့ အတူ
" ခုနတုန်းက ပစ်နေကြတယ်လေ
သတင်းပေးပြီးသားပဲ
အခု Aung La ပွဲ ရလဒ် သိချင်လို့
၃ မိနစ်လောက်
ph speaker ဖွင့် ပြီး
ရဲဘော် တွေရော လာနားထောင် လို့ရအောင်
မေးနေတာ
စိတ်ချလိုက် တော့
ဒီည Aung La အတွက် လက်ဆောင် အနေနဲ့
မအလ တွေကို အသေဆော်ပြမယ် "
တဲ့.
တကယ်လည်း အောင်ပွဲ ရလာပါတယ် .
အဲ့ဒီ လောက် ထိ Aung La ကို ချစ်ကြတာ
တိုက်ပွဲ သတင်းကို Group ထဲ သွားပြောတော့လဲ
" ခင်ဗျား ကလဲ ဘာတွေ လာပြောနေတာတုန်း
ဒီမှာ Aung La နိင်တဲ့ အကြောင်းကို
​ပြောနေကြတာကို "
ဆိုပြီး မိတ်ဆွေတွေက ဆဲလွတ်တယ်
ဒါ့ကြောင့် ပြောတာ
ကျနော် တို့ ကချင် လူမျိုး တွေက
Nsang Aung La ကို အရမ်းချစ်တာလို့
သူ့ကို ဆဲရင် ကျနော် တို့ ကို ဆဲတာထက် ပိုနာ တယ်ဗျ
ခင်ဗျားတို့ လူ အချို့ ဆဲနေတဲ့ Aung La ဆိုတဲ့ သူဟာ စစ်ရှောင်စခန်းက ကလေးငယ် တွေကို ပျော်ရွင်အောင် လုပ်ပေးနေသူ
နှင်းတောထဲ မှာ ကင်းစောင့်နေတဲ့ KIA ရဲဘော်
ဟာ Aung la နိင်ပြီ လို့ကြားရင် ရင်ထဲမှာ နွေးထွေး သွားကြတာ
Nsang Aung La ဆိုတာ ကျနော်တို့ အတွက် အရမ်းကို ရင်းနှီးတဲ့ သူ တစ်ဦး ဗျ
ကိုယ်နဲ့ အရမ်း ရင်းနှီးတဲ့ သူကို ဆဲရင်
ဘယ်သူတွေ ကမှ မကြိုက်ပါဘူး
ဒါ့ကြောင့် Aung La ကြီးကို မဆဲ ပေး
ကြပါနဲ့ နော်
သူက ကျနော်တို့အတွက် မိသားစု တစ်ဦး
ဖြစ်လို့ပါ
Aung La ကြီး က လက်သုံးချောင်း
မထောင် တာက ခင်ဗျားတို့ ဒုက္ခ ကို မစာနာ လို့
မဟုတ်ပါဘူး
ကချင် တို့ ရဲ့ စရိုက် တမျိုး ပါ
ကိုယ်က မကူညီ နိင်သေးရင် စိတ်ထဲ မှာပဲ ထားပြီး ကူညီ ဖို့ ကြိုးစား နေတတ်တာမျိုး
သူ့အနေနဲ့ facebook ပေါ်ကနေ စာနာ ပါတယ်နော် ဘာညာ တွေ ကို လက်တွေ့
မကူညီ နိင်သေးပဲ ပြောချင် ပုံမရဘူး
ကချင် လူမျိုး တွေ အရမ်းကို ဒုက္ခ ရောက် နေချိန်မှာ တောင် သူက ဘာမှ သိပ်ပြောတာ
မရှိဘူး , လက်တွေ့ပဲ ကူညီ ခဲ့တာ
( ပါးစပ်နဲ့ ပဲ ပြောတတ်တာ လက်တွေ့က ဘာမှ
မလုပ်ဘူး ဆိုတာ မျိုး အပြောခံရမှာ ကချင် တွေ ရှက်တယ် )
သူ ကူညီ နိင်တဲ့အနေအထားမှာ ကူညီဖို့ အဆင်သင့် ရှိနေပြီး သား ဆိုတာ ကိုတော့
ယုံကြည်ပါတယ်
Aung La လက်သုံးချောင်းမထောင် လို့
စိတ်ဆိုး နေတယ်ဆိုရင်လဲ ကျနော် တို့ တွေ
လက် ပေါင်းများစွာ ထောင်ပေးပါ့မယ်
နွေဦးတော်လှန်ရေး အမြန်ဆုံး အနိင်ရဖို့
အသေခံကိစ္စ တွေ လုပ်စရာ ရှိရင်လည်း
နောက် မတွန့် ပါဘူး
Aung La ကြီး ကိုတော့ မဆဲ ကြပါနဲ့
သူ့ကိုဆဲရင်ကျနော်တို့ စိတ်ထဲ မှာ
ငါတို့ ကို အခုထိ လူအုပ်ကြီး နဲ့ အနိင်ကျင့် နေတုန်းပဲ လို့
ခံစားနေရတယ် ဗျ
ဒီ နိင်င်ငံ ကြီး အတွက် ကျနော်တို့ တွေ
အစွမ်းကုန် ကြိုးစား ပြီး ဖယ်ဒရယ် ပြည်ထောင်စုကြီး ဖြစ်လာအောင်
ကြိုးစား ပါ့မယ်
ကျနော်တို့ ဗဟို အစိုးရ မှာလဲ အာဏာ
တက် မယူ ပါဘူး
ကျနော်တို့ ပြည်နယ် ထဲမှာ ငြိမ်းချမ်းစွာ
နေရရင် ကို ကျေနပ် ပါပြီ
နှစ်ပေါင်းများစွာ အတူတူ နေလာတဲ့ ခင်ဗျားတို့ ကို သံယောဇဉ် ရှိပြီး သားပါ
လိုအပ်ရင် ခေါ်လိုက် ပါ
အပြန်အလှန် အနေနဲ့ ကျနော် တို့
အချစ်တော်, ကျနော်တို့ မိသားစုတစ်ဦး လို
သဘောထား တဲ့သူ ကို တော့ အပြစ်မရှိ ပဲ
မဆဲကြပါနဲ့နော်
မှတ်ချက်
ဒီနေ့အထိ Aung La ကြီး ကို ဆဲနေတာ
တွေ့လို့ ကျနော်တို့ ဘက်က ဘယ်လို ခံစား ရတယ် ဆိုတာ ကို ရှင်းပြ တာပါ
Adminnoob

Address


Website

Alerts

Be the first to know and let us send you an email when မိုးကောင်းသတင်းအမှန် ပြန်ကြားရေး - MGRNT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share