11/09/2022
ဥရောပသမဂ္ဂမှ ယူရိုငွေ(၅)ဘီလီယံ ယူကရိန်းရရှိ
---------------------------------------
ဥရောပသမဂ္ဂကနေ ယူကရိန်းနိုင်ငံအတွက် အလွန်ကြီးမားတဲ့ ဘဏ္ဍာရေးအကူအညီ ယူရိုငွေ (၅) ဘီလီယံကို ခွဲဝေပေးထားတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက စက်တင်ဘာလ၊ (၉) ရက်နေ့က ဗီဒီယိုမိန့်ခွန်းမှာ ပြော ကြားလိုက်ပါတယ်။
အဲဒီမိန့်ခွန်းထဲမှာ ရုရှားနိုင်ငံသားတွေအပေါ် ဗီဇာကန့်သတ်ချက်အသစ်တွေကို လာမယ့် စက်တင်ဘာလ (၁၂) ရက်နေ့မှာ စတင် အကောင်အထည်ဖော်မယ့်အကြောင်းကိုလည်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
အဲဒီ ဗီဇာကန့်သတ်ချက်ဟာ ရုရှားနိုင်ငံသားတွေအတွက် ဥရောပတစ်လွှား ခရီးသွားလာမှုတွေအပေါ် ပိုပြီး ခက်ခဲလာမယ်လို့ ဆိုပါတယ်။ “ဒါဟာ အီးယူအတွက် အကာအကွယ်ပါပဲ၊ ဘာကိုမှ အပြောင်းအလဲ မလုပ် ချင်တဲ့သူတွေအတွက်တော့ အခက်အခဲဖြစ်လာမှာပါ” လို့ သမ္မတဇယ်လန်စကီးက ပြောခဲ့တာပါ။
တစ်ဆက် တည်းမှာပဲ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ခါကိဗ်ဒေသရဲ့ နေရာ (၃၀ )ကျော်ကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ လွတ် မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ခါကိဗ် ဒေသရဲ့ အဝေးပြေးလမ်းမကြီးတစ်လျှောက် ရုရှားတင့်ကားတွေ မောင်းနှင်နေတဲ့ ဗီဒီယိုဖိုင်ကို စက်တင်ဘာလ၊ (၉) ရက်နေ့က ထုတ်ပြခဲ့ပါတယ်။ ဒါ့အပြင် ရုရှားရဟတ်ယာဉ်နှစ်စင်း နဲ့ ခါကိဗ်ဒေသမှာ တပ်ဖြန့်နေပုံ တွေကို လည်း နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။