Love Knot

Love Knot Love Knot

01/10/2022

ပြတ်သားနိုင်တယ်တဲ့လား မင်းမို့ပြောထွက်တယ်နော်
ကိုယ်မပြတ်သားနိုင်တုန်းကတော့ မင်းက သစ္စာရှိခဲ့ရဲ့လား မင်းကိုယ်မင်းမေးကြည့်ပါဦးကွယ်
အမှားဆိုတာ လူတိုင်းနဲ့မကင်းနိုင်ပေမဲ့ မင်းအမှားက ၃ကြိမ် ၃ခါတဲ့လားကွယ် ပြတ်သားနိုင်တယ်ဆိုတာထက် စိတ်နာသွားတာဆိုရင် ပိုမှန်ပါတယ်ကွယ်

27/04/2022

ကံစီမံရာအတိုင်း အလိုက်သင့်စီးမျောရင်း
မင်းနဲ့ကွေကွင်းခဲ့ရတယ်
မင်းလဲ ကိုယ့်ကိုချစ်သလို ကိုယ်လဲမင်းကိုချစ်ပါတယ် သို့သော် ငါတို့ဟာ ကံစီမံရာ အလိုက်သင့်ကနေရတဲ့ အရုပ်သာသာ😢

"နောက်ဘဝကျ ညီမလေးနဲ့အတူတူ ရှင်သန်ချင်တယ်ငယ်ငယ်ကတည်းက အတူတူလေ. . . " တဲ့နောက်ဘဝသာ ထပ်ရှိခဲ့ရင်ကျနော်ကတော့ အကို့ရဲ့ညီမလေး ...
10/11/2020

"နောက်ဘဝကျ ညီမလေးနဲ့အတူတူ ရှင်သန်ချင်တယ်
ငယ်ငယ်ကတည်းက အတူတူလေ. . . " တဲ့

နောက်ဘဝသာ ထပ်ရှိခဲ့ရင်
ကျနော်ကတော့
အကို့ရဲ့ညီမလေး မဖြစ်ချင်တော့ဘူး

ကော်ဖီခွက်လေး တစ်ခွက်
ဒိုင်ယာရီစာအုပ်လေး တစ်အုပ်
ဒါမှမဟုတ်
ရေဒီယိုလေးတစ်လုံးသာ ဖြစ်ချင်တော့တယ်
အကို လွယ်လွယ်ဝယ်ယူလို့ရတဲ့ အရာတစ်ခုခုပေါ့လေ
နောက်ဘဝကျရင်တော့
ကျနော့်ကို အလွယ်တကူပဲ ရှာတွေ့စေချင်တော့တယ်ပေါ့ . . . ။ ။

#ဖရော်ဆန်
to Flowers In Heart

11/09/2020
အကို
11/09/2020

အကို

31/08/2020

ပိုင်ဆိုင်ခွင့်မရနိုင်တဲ့ လူကိုမှ
မျှော်ငေးတမ်းတနေရတဲ့ဘဝက
ရင်နင့်စရာအကောင်းဆုံးပါဘဲ။

#အရိပ်မင်း

သို့/ပြန်လာခဲ့ပါ ကိုကြီး ညီမဆီပြန်လာနှုန်းက လိပ်လိုပဲနှေးနှေး ခရုလိုပဲ နှေးနှေး ညီမစောင့်နိုင်ပါတယ်ဘယ်လောက်ပဲစောင့်ရ စောင...
10/06/2020

သို့/

ပြန်လာခဲ့ပါ ကိုကြီး ညီမဆီပြန်လာနှုန်းက လိပ်လိုပဲနှေးနှေး ခရုလိုပဲ နှေးနှေး ညီမစောင့်နိုင်ပါတယ်
ဘယ်လောက်ပဲစောင့်ရ စောင့်ရ နောက်ဆုံးမှာ ကိုကြီးနဲ့အတူရှိနေရရင် တော်ပါပြီ ကိုကြီးပြန်လာဖို့ ညီမလမ်းခင်းပေးထားပါတယ် ညီမဆီကနေ ထွက်သွားနေတာလဲ ကြာပြီပဲ ပြန်လာခဲ့ဖို့သင့်ပါပြီ ကိုကြီးရယ်😢

 #ပျောက်ဆုံးသွားသောနေ့စွဲများမင်းနဲ့တို့ လမ်းမှာတွေ့ကြတဲ့အခါမဆုံဖူးတဲ့ တစိမ်းတွေလိုမျက်နှာလွှဲကာ ရှောင်တိမ်းသွားကြတယ်အတိတ...
03/06/2020

#ပျောက်ဆုံးသွားသောနေ့စွဲများ
မင်းနဲ့တို့ လမ်းမှာတွေ့ကြတဲ့အခါ
မဆုံဖူးတဲ့ တစိမ်းတွေလို
မျက်နှာလွှဲကာ ရှောင်တိမ်းသွားကြတယ်
အတိတ်က ရင်းနှီးမှုဟာ မရှိခဲ့သလိုဘဲ
ပျောက်ဆုံးသွားတယ်
မင်းနဲ့တို့ စကားပြောတဲ့အခါ
အားနာနေရသလိုပဲ စကားလုံးတွေမရှိတတ်ပြန်ဘူး
အတိတ်က စကားနိုင်လုခဲ့ခြင်းဟာလဲ
ပျောက်ဆုံးနေတတ်ပြန်တယ်
တို့နှစ်ယောက်ဟာ အတိတ်က
အချစ်ဆုံးသူတွေဖြစ်ခဲ့ကြလဲ
အခုချိန်မှာတော့ အရာဟာလုံးကပျောက်ဆုံးနေပါပီ
ဘယ်တုန်းကမှမရှိခဲ့တဲ့ နေ့စွဲတွေအတိုင်းပဲ

ကိုယ်ဝမ်းနဲနေပါတယ်လို့ status တင်တဲ့အခါမင်းပေးတဲ့ sad react😢လေးကလဲကိုယ့်ကို ပျော်ရွှင်စေပါတယ်ကိုယ်အဆင်မပြေဘူးလို့ my day ...
03/06/2020

ကိုယ်ဝမ်းနဲနေပါတယ်လို့ status တင်တဲ့အခါ
မင်းပေးတဲ့ sad react😢လေးကလဲ
ကိုယ့်ကို ပျော်ရွှင်စေပါတယ်
ကိုယ်အဆင်မပြေဘူးလို့ my day တင်တဲ့အခါ
မင်းမှားနှိပ်လိုက်တဲ့ sad react😢လေးကလဲ
ကိုယ့်ကို အေးချမ်းစေပါတယ်
ကိုယ်အထီးကျန်နေပါတယ်လို့ status တင်တဲ့အခါ
မင်းပေးတဲ့ sad react😢လေးကလဲ
ကိုယ့်ကို လုံခြုံနွေးထွေးမှုပေးနိုင်ပါတယ်
မင်းကို မပိုင်ဆိုင်ရပေမဲ့
မင်းပေးတဲ့ sad react😢နဲ့တင်
ကိုယ့်ဘဝ ပြည့်စုံလုံခြုံပါပြီ......

အဆက်အသွယ်ဖြတ်လိုက်တဲ့အခါ ပထမဆုံးဆက်သွယ်မဲ့သူဟာ မင်းပဲဖြစ်ပါစေစကားမပြောဘဲ နေကြတဲ့အခါအရင်ဆုံး သတိရတဲ့သူဟာ မင်းပဲဖြစ်ပါစေအရ...
24/05/2020

အဆက်အသွယ်ဖြတ်လိုက်တဲ့အခါ
ပထမဆုံးဆက်သွယ်မဲ့သူဟာ မင်းပဲဖြစ်ပါစေ
စကားမပြောဘဲ နေကြတဲ့အခါ
အရင်ဆုံး သတိရတဲ့သူဟာ မင်းပဲဖြစ်ပါစေ
အရင်လို မဆုံဖြစ်တဲ့အခါ
တွေ့ဆုံဖို့ ကြိုးစားသူဟာ မင်းပဲဖြစ်ပါစေ.

 #စိတ်ထွက်ပေါက်များ ၉မင်းတယောက်တည်းကိုကြည့်ပြီး တလောကလုံးကို ဥပေက္ခာပြုခဲ့တာပါမင်းရဲ့နွေးထွေးတဲ့မေတ္တာတွေနဲ့တလောကလုံးရဲ့ေ...
17/05/2020

#စိတ်ထွက်ပေါက်များ ၉
မင်းတယောက်တည်းကိုကြည့်ပြီး
တလောကလုံးကို ဥပေက္ခာပြုခဲ့တာပါ
မင်းရဲ့နွေးထွေးတဲ့မေတ္တာတွေနဲ့
တလောကလုံးရဲ့ အေးစက်ခြင်းတွေကို ရင်ဆိုင်နိုင်ခဲ့တာပါ
မင်းပေးတဲ့ အလင်းရောင်နဲ့
မှောင်မိုက်နေတဲ့ ကိုယ့်အနာဂတ်ကို မြင်ခဲ့ရတာပါ
ကိုယ့်ရဲ့ဖြစ်တည်မှုဟာ အရာရာ မင်းပါပဲ
မင်းပျောက်ဆုံးသွားရင် မင်းမရှိတော့ရင်
ကိုယ့်ဟာ သေလူတယောက်လိုပါပဲ

မင်းမရှိတဲ့ကမ္ဘာမှာ ငါ့ကိုယ်ငါ ပြန်ရှာမတွေ့တော့ဘူး
17/05/2020

မင်းမရှိတဲ့ကမ္ဘာမှာ ငါ့ကိုယ်ငါ ပြန်ရှာမတွေ့တော့ဘူး

 #စိတ်ထွက်ပေါက်များ ၈အချိန်ဖြုန်းမိခြင်းကျနော်တို့ဟာ ကျနော်တို့ဘဝအတွက် အရေးမပါတဲ့သူ့ထံအချိန်တွေဖြုန်းခဲ့ကြတယ်သူ့အကြောင်း...
04/05/2020

#စိတ်ထွက်ပေါက်များ ၈
အချိန်ဖြုန်းမိခြင်း
ကျနော်တို့ဟာ ကျနော်တို့ဘဝအတွက် အရေးမပါတဲ့သူ့ထံ
အချိန်တွေဖြုန်းခဲ့ကြတယ်
သူ့အကြောင်းကိုပဲ ခေါင်းထဲထည့်ကာ
အချိန်ဖြုန်းမိခဲ့တယ်
သူ့အကြောင်းပြောရင်း အချိန်ကုန်ဆုံးခဲ့တယ်
သူနဲ့ စကားပြောရင်း အချိန်ဖြုန်းမိနေတတ်တယ်
သူနဲ့ စာတွေအပြန်အလှန်ရေးရင်း အချိန်ဖြုန်းပြန်တယ်
ထိုသူဟာ ကျနော်တို့နဲ့ ခဏတာပဲ ရေစက်ဆုံခဲ့တယ်
ထိုသူဟာ ကျနော့နဲ့အတူ တဘဝလုံးပါမလာခဲ့ဘူး
ကျနော် သူ့အတွက်နဲ့ အချိန်ဖြုန်းခဲ့မိတာ အချည်းနှီးပါပဲလေ

 #စိတ်ထွက်ပေါက်ကလေးများ ၇နာကျင်စေရသောအရာထိုအရာများနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်.ဝေးသွားလဲ နာကျင်နေရတုန်းပဲတကယ်...
01/05/2020

#စိတ်ထွက်ပေါက်ကလေးများ ၇
နာကျင်စေရသောအရာ
ထိုအရာများနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်.
ဝေးသွားလဲ နာကျင်နေရတုန်းပဲ
တကယ်တော့
ကိုယ့်ကို နာကျင်စေတာ သူတို့မဟုတ်ဘူး
ကိုယ်တိုင်ပါ
ဥပက္ခာပြုတတ်ဖို့ ကြိုးစားလိုက်ရင်
မင်းကို ဘယ်အရာမှ နာကျင်အောင်မလုပ်နိုင်တော့ပါဘူး

 #ချစ်ခြင်းတရားများ ၂လေယူရာ ယိမ်းကခဲ့မိတာ ကိုယ့်အမှားမှ မဟုတ်တာမင်း သေဆိုသေ ရှင်ဆိုရှင် ဘဝမှာမင်းသယ်ဆောင်ရာ လွင့်မျောဖို...
30/04/2020

#ချစ်ခြင်းတရားများ ၂
လေယူရာ ယိမ်းကခဲ့မိတာ
ကိုယ့်အမှားမှ မဟုတ်တာ
မင်း သေဆိုသေ ရှင်ဆိုရှင် ဘဝမှာ
မင်းသယ်ဆောင်ရာ လွင့်မျောဖို့
ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေတာ
အချစ်လေညှင်းကိုသာ သယ်ဆောင်ခဲ့ပါ
မင်းအတွက်ဆို မြေပြင်ထိ ဝပ်သွားဖို့လဲ အဆင်သင့်ပါပဲ

 #စိတ်ထွက်ပေါက်ကလေးများ ၆ပျံသန်းပါ ငှက်ကလေးစိတ်လွတ်ကိုယ်လွတ် ပျံသန်းလိုက်ပါသူနဲ့ အဝေးဆုံးကို ပျံသန်းလိုက်ပါမင်းကို စိတ်ဒ...
30/04/2020

#စိတ်ထွက်ပေါက်ကလေးများ ၆
ပျံသန်းပါ ငှက်ကလေး
စိတ်လွတ်ကိုယ်လွတ် ပျံသန်းလိုက်ပါ
သူနဲ့ အဝေးဆုံးကို ပျံသန်းလိုက်ပါ
မင်းကို စိတ်ဒုက္ခပေးနေတဲ့ ဒီပတ်ဝန်းကျင်ကနေ
ထွက်သွားလိုက်ပါ
မင်းတောင်ပံ မညောင်းတရွေ့ 
အမြင့်ဆုံးထိရောက်အောင် ပျံသန်းလိုက်ပါ
မင်းရဲ့ ဆိုးဝါးတဲ့ ပတ်ဝန်းကျင်ကို ထားခဲ့လိုက်ပါ
လွတ်လပ်စွာ ပျံသန်းပါ ငှက်ကလေးရယ်....

 #စိတ်ထွက်ပေါက်လေးများ ၅အတိတ်တဲ့မေ့ဖျောက်လို့မရတဲ့အတိတ်ပြန်ပြင်လို့မရတဲ့အတိတ်ကိုယ့်ကိုခြောက်လှန့်နေတဲ့အတိတ်စိတ်ခြောက်ခြာ...
30/04/2020

#စိတ်ထွက်ပေါက်လေးများ ၅
အတိတ်တဲ့
မေ့ဖျောက်လို့မရတဲ့အတိတ်
ပြန်ပြင်လို့မရတဲ့အတိတ်
ကိုယ့်ကိုခြောက်လှန့်နေတဲ့အတိတ်
စိတ်ခြောက်ခြားစရာဖြစ်စေတဲ့အတိတ်
အရိပ်လို တကောက်ကောက်လိုက်နေတဲ့ အတိတ်
အတိတ်ရေ အတိတ်မှာပဲ နေခဲ့ပေးပါ
ငါ့ရဲ့ အနာဂတ်ကို မင်းရဲ့ အတိတ်နဲ့ မဖျက်စီးချင်ပါနဲ့
ငါ မင်းကို မုန်းတယ် အတိတ်..

 #ချစ်ခြင်းတရားများ ၁ကိုယ်မကြိုတ်တဲ့ Coffeeတွေကိုမင်းကြိုတ်မှန်းသိကတည်းက သောက်မိခဲ့တယ်အဲ့နေ့ကစပြီး ကိုယ်ရင်တွေတုန်နေခဲ့တ...
27/04/2020

#ချစ်ခြင်းတရားများ ၁
ကိုယ်မကြိုတ်တဲ့ Coffeeတွေကို
မင်းကြိုတ်မှန်းသိကတည်းက သောက်မိခဲ့တယ်
အဲ့နေ့ကစပြီး ကိုယ်ရင်တွေတုန်နေခဲ့တယ်
ကိုယ်မုန်းတဲ့ ဆေးလိပ်ကို
မင်းမဖြတ်နိုင်မှန်းသိကတည်းက
ကိုယ်ဆေးလိပ်နဲ့ရင်းနှီးဖို့ ကြိုးစားမိတယ်
အဲ့အချိန်ကစ ကိုယ်အသက်ရှုကြပ်တော့တာပဲ
ကိုယ့်ကိုမချစ်တဲ့မင်းကို
မေ့ပျောက်ဖို့ကြိုးစားခဲ့တယ်
အဲ့အချိန်ကစပြီး
ကိုယ်ဟာ သေလူတယောက်ဖြစ်သွားခဲ့တယ်

 #စိတ်ထွက်ပေါက်လေးများ ၄မင်းကို မေ့ပစ်ဖို့ တိမ်တွေဆီအလည်သွားခဲ့တယ်တိမ်တွေရဲ့ မာယာကိုမင်းသိမှာပါချက်ချင်းပဲ မင်းမျက်နှာကိ...
26/04/2020

#စိတ်ထွက်ပေါက်လေးများ ၎
မင်းကို မေ့ပစ်ဖို့ တိမ်တွေဆီအလည်သွားခဲ့တယ်
တိမ်တွေရဲ့ မာယာကိုမင်းသိမှာပါ
ချက်ချင်းပဲ မင်းမျက်နှာကို ဖန်တီးပေးကြတယ်
ကိုယ်မေ့ပစ်ချင်ပါတယ်ပြောတော့
မင်းရဲ့အပြုံးကို ဖန်တီးပေးပြန်တယ်
သူ့ပုံရိပ်တွေမမြင်ပါရစေနဲ့တော့လို့ ပြောမိတော့
ကောင်းကင်တခုလုံး မင်းကြိုတ်တဲ့ နေကြာပန်းခင်းကြီး
ဖြစ်သွားတယ်
သိပ်ကို မာယာများတဲ့ တိမ်တိုက်ကြီးရယ်
မင်းဆီကနေ ရုန်းထွက်ဖို့ မင်းရဲ့အမုန်းများဖန်တီးပေးပါကွယ်

 #စိတ်ထွက်ပေါက်လေးများ ၃မိုးရေထဲမှာ နေရတာကို သဘောကျတယ်မိုးစက်တွေက ကိုယ့်မျက်ရည်ကို ဖုံးထားပေးတယ်မိုးခြိမ်းသံတွေက ကိုယ့်ေ...
26/04/2020

#စိတ်ထွက်ပေါက်လေးများ ၃
မိုးရေထဲမှာ နေရတာကို သဘောကျတယ်
မိုးစက်တွေက ကိုယ့်မျက်ရည်ကို ဖုံးထားပေးတယ်
မိုးခြိမ်းသံတွေက ကိုယ့်အော်သံတွေကို
ဖုံးအုပ်ပေးတယ်
မိုးရေစီးကြောင်းတွေက ကိုယ့်မျက်ရည်တွေကို
ယူဆောင်သွားကြတယ်
ဘယ်နေရာ ဘယ်ဌာနေထိ ယူဆောင်သွားမလဲတော့
ကိုယ်သေချာမသိပါ
အကယ်လို့များ
ကိုယ့်မျက်ရည်တွေဟာ မင်းရှိရာနေရာထိရောက်ခဲ့ရင်
မျက်ရည်များရဲ့ စကားသံကိုနားထောင်ပါ
မျက်ရည်စက်တွေရဲ့ လက်ဆောင်ကို
မင်းယူလိုက်ပါ.....ကိုယ့်မျက်ရည်တွေ မင်းဆီရောက်ဖို့
မိုးရွာတိုင်း ကိုယ်ငိုပါရစေ 😢🌧⛈🌦

 #စိတ်ထွက်ပေါက်လေးများ ၂ဘောင်ခတ်မိခြင်းကျနော့်အချစ်တွေကြောင့် ခင်ဗျားကို ဘောင်ခတ်မိတယ်ခင်ဗျား အနေကျဉ်းနေမလားလို့ ကျနော်မ...
26/04/2020

#စိတ်ထွက်ပေါက်လေးများ ၂
ဘောင်ခတ်မိခြင်း
ကျနော့်အချစ်တွေကြောင့်
ခင်ဗျားကို ဘောင်ခတ်မိတယ်
ခင်ဗျား အနေကျဉ်းနေမလားလို့
ကျနော်မတွေးခဲ့ဖူးပါ
ကျနော့်ရဲ့ ကမ္ဘာလေးထဲမှာ ခင်ဗျားပျော်နေခဲ့မယ်ပဲ
ထင်ခဲ့မိတယ်
ကျနော့်ရဲ့ ကမ္ဘာအပြင်မှာ
ခင်ဗျားအတွက်သိပ်လှတဲ့နေရာလေးတွေ ရှိတယ်
သိပ်လှတဲ့ နေရာလေးတွေကြည့်ဖို့
ဘောင်အပြင်ကို ထွက်သွားလိုက်ပါ
ဒါပေမဲ့ ချစ်သူရေ သိပ်ဝေးမသွားခင်
မျက်စိမလည်သေးခင် ကျနော့်ကမ္ဘာ့လေးဆီ
ပြန်လာခဲ့ပါ

 #စိတ်ထွက်ပေါက်လေးများ ၁ငိုတတ်တဲ့လူရဲ့ မျက်ရည်တွေကိုသာ မြင်တတ်ကြတာမငိုတတ်တဲ့လူရဲ့ မျက်ဝန်းအိမ်တွေကို မကြည့်ကြဘူးအော်တတ်တ...
26/04/2020

#စိတ်ထွက်ပေါက်လေးများ ၁
ငိုတတ်တဲ့လူရဲ့ မျက်ရည်တွေကိုသာ မြင်တတ်ကြတာ
မငိုတတ်တဲ့လူရဲ့ မျက်ဝန်းအိမ်တွေကို မကြည့်ကြဘူး
အော်တတ်တဲ့လူရဲ့ အသံကိုသာကြားနေတတ်ကြတာ
နာကျင်စွာပေါက်ကွဲနေတဲ့ နှလုံးသားကိုမမြင်မိကြဘူး
သူခိုးက လူပြန်ဟစ်နေတဲ့လောကကြီးမှာ
သည်းခံနေတတ်တဲ့သူတွေရဲ့ မာနကို
ထိပါးစော်ကားကြတုန်း
အော် လောကကြီးရေ
ဒဏ်ရာသေးသေးနဲ့လူတွေအော်ငိုတာ မြင်နေတရွေ့ 
ဒဏ်ရာများစွာရှိနေတဲ့ နှလုံးသားကို
ဘယ်တော့မှ ကြည့်တတ်မယ်မထင်ဘူး

  3မှားယွင်းစွာ တွေ့ဆုံမိသောလူထိုသူဟာ ဖူးစာရှင်လဲမဟုတ်သလိုကိုယ့်အပူတွေကို ဝေမျှယူမည့်လူလဲ မဟုတ်ခဲ့ဘူးကိုယ့်အပေါ်နားလည်မပေ...
25/04/2020

3
မှားယွင်းစွာ တွေ့ဆုံမိသောလူ
ထိုသူဟာ ဖူးစာရှင်လဲမဟုတ်သလို
ကိုယ့်အပူတွေကို ဝေမျှယူမည့်လူလဲ မဟုတ်ခဲ့ဘူး
ကိုယ့်အပေါ်နားလည်မပေးနိုင်သလို
ကြင်နာမှုတွေလဲ မရှိခဲ့ပြီး

နွေးထွေးစွာ မပွေ့ဖက်တတ်သလို
ကြင်နာစွာလဲ မပြုံးပြတတ်ပြန်ဘူး
ယုယစွာ မထွေးပွေ့သလို
လှပစွာလဲ ချစ်မပြပေးခဲ့ဘူး
ထိုသူနဲ့ မှားယွင်းစွာ တွေ့ဆုံပြီးနောက်ပိုင်း
သိမ်ငယ်ကြောက်ရွံ့ စွာနဲ့ အဆုံးသတ်လိုက်ပါပြီ
ကျနော် သိပ်ကြောက် သိပ်ရွံတဲ့ မှတ်ဥာဏ်တစ်ခုအဖြစ်
မှတ်သား ထားလိုက်ပါတယ် မတွေ့ဆုံသင့်တဲ့
လူပိုကြီးရေ.....

  2ဘဝတခုမှာ တခါသာဆုံတွေ့နိုင်သော သူတယောက်ကိုယ့်မျက်ရည်တွေကို သုတ်ပေးပြီး ကိုယ့်အပူတွေကို မျှယူတတ်တဲ့တယောက်အတိတ်တွေကို မေ...
25/04/2020

2
ဘဝတခုမှာ တခါသာဆုံတွေ့နိုင်သော သူတယောက်
ကိုယ့်မျက်ရည်တွေကို သုတ်ပေးပြီး ကိုယ့်အပူတွေကို မျှယူတတ်တဲ့တယောက်
အတိတ်တွေကို မေ့ထားစေပြီး အနာဂတ်ကိုလမ်းပြပေးတဲ့သူတယောက်
ပျော်ရွှင်စရာလက်ဆောင်တွေသာ ယူဆောင်ပေးတဲ့တယောက်
အိမ်မက်တွေကို အကောင်အထည်ဖော်ပေးမဲ့တယောက်
အဲ့လို တယောက်သောသူကို အချစ်ဆုံးလို့ အဓိပ္ပါယ်ဖွင့်ခဲ့မိတယ်
ရေစက်တွေကုန်သွားတဲ့အခါ အချစ်ဆုံးနဲ့ အပြီးလမ်းခွဲလိုက်ရပြန်တယ်
အချစ်ဆုံးရေ မင်းက ကိုယ်မေ့မရတဲ့ မှတ်ဥာဏ်ပါပဲကွယ်

  1အချစ်ဦးတဲ့အချစ်ကို ချစ်တယ်လို့ပဲ အဓိပ္ပါယ်ဖွင့်တတ်တဲ့အချိန်မှာ ပထမဆုံးတွေ့ရှိခဲ့တာပါသူ့ကိုမြင်နေရရုံနဲ့ ပြုံးတတ်လာအော...
25/04/2020

1

အချစ်ဦးတဲ့
အချစ်ကို ချစ်တယ်လို့ပဲ
အဓိပ္ပါယ်ဖွင့်တတ်တဲ့အချိန်မှာ ပထမဆုံးတွေ့ရှိခဲ့တာပါ
သူ့ကိုမြင်နေရရုံနဲ့ ပြုံးတတ်လာအောင် ပြုစားတဲ့သူ
သူ့အကြောင်းကြားရုံနဲ့ ရန်ခုန်မြန်အောင်လုပ်နိုင်စွမ်းရှိတဲ့သူ
သူ့အသံကြားရုံနဲ့ တမင်လည်ပြန်ကြည့်မိစေတဲ့သူ
ဘယ်တော့မှ မေ့မရအောင် နှလုံးသားအနက်ရှိုင်းဆုံးထိ ဝင်ရောက်ခဲ့တဲ့သူ
ဒဏ်ရာတွေအများကြီးနဲ့ သင်ခန်းစာပေးခဲ့တဲ့သူ
သူဟာ ကျနော်ရဲ့အချစ်ဦးပါ
မေ့ဖျောက်လို့မရတဲ့ မှတ်ဥာဏ် မှတ်မိနေဦးမဲ့ မှတ်ဥာဏ်ပါပဲ

Address


Website

Alerts

Be the first to know and let us send you an email when Love Knot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share