ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲ ကားလမ်မပေါ်တွင် ဖမ်းဆီးရမိသည့် ဒဂုံနီဘီယာများကို ဖယ်ခုံ PDF ဖျက်ဆီး ( ရုပ်/သံ )
မိုးဗြဲမြို့၊ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်။
ရှမ်း-ကရင်နီ နယ်စပ်၊ လွိုင်ကော်၊ မိုးဗြဲ ကားလမ်မကြီး ဆောင်ကန်းလမ်းခွဲတွင် ၁၂ ဘီးကားဖြင့် တင်ဆောင်လာသည့် ဒဂုံနီဘီယာများကို စစ်ဆေးတွေ့ရှိ၍ ဖယ်ခုံ PDF တပ်ရင်း(၂)က ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ အဓိကစီပွါးရေးလုပ်ငန်းများထဲမှ ထုတ်ကုန်အမျိုးအစားတစ်ခုဖြစ်သည့် ဒဂုံနီဘီယာ ဖာ ငါးရာကျော်ကို တွေ့ရသည့်အတွက် ဖျက်ဆီးခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီထုတ်ကုန်များ ဖြန့်ဖြူးခြင်း၊ရောင်းချခြင်း၊သယ်ဆောင်ခြင်းများ မပြုလုပ်ရန် သတိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ထပ်မံတွေ့ရှိပါက ပိုမိုပြင်းထန်သော အပြစ်ဒဏ်များ ပေးမည်ဖြစ်ကြောင်း ဖယ်ခုံ PDF
အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)ကM -79 လက်လုပ်လောင်ချာနှင့်၄ဝမမ ဗုံးဆန်များထုတ်လုပ်အောင်မြင်(ရုပ်/သံ)
DRPA၊ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်။
အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)သည်M-79 လက်လုပ်လောင်ချာနှင့်40မမ ဗုံးဆန်တို့ကိုယနေ့ဇွန်လ၂၁ ရက်နေ့တွင်အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း DRPA၏သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးထံကသိရသည်။
"M-79လောင်ချာနဲ့40မမဗုံးဆန် တစ်လုံးရဲ့ကုန်ကျစရိတ်က၁၀၀,၀၀၀ဝန်းကျင်လောက်တော့ရှိပါတယ်ဗျ။40မမကိုထုတ်လုပ်နိုင်တာတော့ကြာပါပြီ။ယခုအကြိမ်ထုတ်လုပ်နိုင်တယ်ဆိုတာကကိုယ့်အတွက်လည်းအန္တရယ်မရှိဘူး၊ရန်သူဘက်ကိုကျတာနဲ့ကွဲဖို့ကလည်း ၁ဝ၀ရာခိုင်နှုန်းသေချာတဲ့အနေအထားမျိုးမှာရှိပါတယ်။ 40မမကိုတစ်လ၂၅ဖူးအထိ ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။ သူ့ရဲ့ရောက်နိုင်တဲ့အကွာအဝေးကတော့တစ်မိုင်နီးပါးလောက်ထိဆွဲ
ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေးသပိတ်စစ် ကြောင်း ချီတက်ဆန္ဒပြ ( ရုပ်/သံ )
ယင်းမာပင်မြို့၊ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရွှေနွယ် သွေးသပိတ်စစ်ကြောင်းသည် နယ်မြေတွင်းမတည်ငြိမ်မှုများကြားမှ ပြည်သူလူထုအင်အားများစွာဖြင့် ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။
“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၁၆ ရက် မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခဲ့ကြသည်။
“ အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓါး” ဆိုသည့် ကလေးမြို့ပင်မသပိတ် ဆန္ဒပြ ( ရုပ်/သံ )
ကလေးမြို့၊ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်။
ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိဓါး” စာတမ်းကိုင်စွဲပြီး ဇွန်လ ၂၁ ရက်တွင် ဟစ်ကြွေး ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၄၉၉ မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းလည်းဖြစ်သည်။
ချင်းပြည် မင်းတပ်မြို့နယ်မှာ စစ်ယာဉ်တန်းနှင့် မင်းတပ် CDF -Mindat လေးရက်ဆက် တိုက်ပွဲဖြစ် ( ရုပ်/သံ )
မင်းတပ်မြို့၊ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်။
ချင်းပြည်နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ယာဉ်တန်းနှင့် မင်းတပ် CDF -Mindat တပ်ဖွဲ့ကြား ပြီးခဲ့တဲ့ မေလအတွင်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
မတူပီမြို့ကနေ မင်းတပ်မြို့ဘက် ဝင်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ယာဉ်တန်းကို မေ(၁၅)ရက်ကနေ (၁၈)ရက်အထိ လေးရက်ဆက် တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်အုပ်စု အထိနာ အသေများပြီး စစ်ကားတချို့ ပျက်စီးခဲ့တယ်လို့ CDF -Mindat က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက မင်းတပ်မြို့ပေါ် အထိုင်ချနေပြီး ဒီကနေ့ ဇွန်(၂၁)ရက် မနက်ပိုင်းမှာ မင်းတပ်မြို့မှာ ရှိတဲ့ စစ်အုပ်စုက ကျေးရွာတွေဘက် အကြောင်းမဲ့ လက်နက်ကြီးနဲ့ ထုနေတယ်လို့လည်း မင်းတပ် CDF -Mi
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်မှာ ဒေသကာကွယ်ရေး (၃၈)ဖွဲ့ စုပေါင်း ကျင်းပခဲ့တဲ့ လူထုခေါင်းဆောင် မွေးနေ့ပွဲ ( ရုပ်/သံ )
မြောင်မြို့၊ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်၊။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇)နှစ်ပြည့် မွေးနေ့အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်(၁၉)ရက်က မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က ဦးဆောင်ပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ် တနေရာမှာ ကျင်းပခဲ့ပါတယ်။
လူထုခေါင်းဆောင်ရဲ့ မွေးနေ့ပွဲ အခမ်းအနားကို မြောင်နယ် တော်လှန်ရေးအင်အားစုများ၊ ချောင်းဦး ၊ မြင်းမူ၊ မြင်းခြံ နှင့် မဟာမိတ်များ (၃၈) ဖွဲ့မှ ရဲဘော်များနှင့် ပြည်သူများ စုစုပေါင်း လူဦးရေ (၅၀၀)ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ ဖက်ဒရယ်နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးခဲ့သော နွေဦးတော်လှန်ရေး သူရဲကောင်းများအား အလေးပြုခြင်
မုံရွာ - စစ်ကိုင်း လမ်းပေါ်မှာ ကားအစီး(၁၀၀)ကျော်ပါ စစ်ယာဉ်တန်းကို သုံးကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက် ( ရုပ်/သံ )
မြင်းမူမြို့ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်။
မုံရွာမြို့ နမခ တပ်ဝင်းထဲက ထွက်လာပြီး စစ်ကိုင်းဘက် ဦးတည်သွားနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားအစီးရေ (၁၀၀)ကျော်ကို ယာဉ်တန်းကို ဇွန်လ ၂၁ ရက်နေ့ ဒီကနေ့ နေ့လည်(၁)နာရီဝန်းကျင်မှာ မြင်းမူနယ်ထဲ သုံးနေရာဆက်တိုက် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇွန်(၂၁)ရက် နေ့လည်(၁၂)နာရီကျော်၊ (၁)နာရီနှင့် (၁)နာရီကျော်အချိန်တွေမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ယာဉ်တန်းကို မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြားမှာ တစ်ကြိမ်၊ အလ္လကပ္ပကျေးရွာ နှင့် ဘိုးမင်းကြီးကင်း ကျေးရွာကြားမှာ တစ်ကြိမ်နှင့် အလ္လကပ္ပကျေးရွာ နှင့်
(၁၄၇)နှစ်မြောက် ကရင်နီမျိုးသားနေ့ နှင့်ကရင်နီတပ်မတော် သင်တန်းဆင်းပွဲအခမ်းအနား(ရုပ်/သံ)
ကရင်နီပြည်နယ်၊ဇွန်လ ၂၁ ရက်၊၂၀၂၂ ခုနှစ်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သည့် (၁၄၇)နှစ်မြောက် ကရင်နီမျိုးသားနေ့အခမ်းအနားနှင့်
နှင့်တကွအတူ ကရင်နီတပ်မတော် သင်တန်းဆင်းပွဲအခမ်းအနားကို ကရင်နီ(ကယား)ပြည်နယ်တွင်းတစ်နေရာတွင် ပြုလုပ်ခဲ့ပါတယ်။
ရုပ်သံ - ပေးပို့
နေပြည်တော်၊ စစ်ကောင်စီသုံး ဓာတ်အားလိုင်းကို ဖယ်ခုံ PDF ဖျက်ဆီး (ရုပ်/သံ)
ဧရာဝတီ၊ သြဂုတ် ၁၇၊ ၂၀၂၁
ကယားပြည်နယ်၊ လောပိတရေအားလျှပ်စစ်စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့် မဟာဓါတ်အားလိုင်း တာဝါတိုင် ၂တိုင်ကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဖျက်ဆီးလိုက်သည်ဟု သတင်းရရှိသည်။
ဖယ်ခုံ PDF က တာဝါတိုင်များကို သြဂုတ် ၁၂ ရက်က ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်ကို ယနေ့၊ သြဂုတ် ၁၇ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဖယ်ခုံPDF သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အပြင် ရှမ်း-ကယားနယ်စပ်တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။
၎င်းတို့သည် စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေချိန် သြဂုတ် ၁၂ ရက်၊ နေ့လည် ၃ နာရီခွဲခန့်က လောပိတမှ နေပြည်တော်သို့ သွယ
တာချီလိတ်မြို့တွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ ပုန်းထွန်ရပ်ကွက်အတွင်း၊ ဗေဒါလမ်းရှိ နေအိမ်အတွင်း ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၇) ရက်နေ့ နံနက်(၄) နာရီကျော်က ခိုးယူခံလိုက်ရကြောင်း သိရသည်။
ခိုးယူခံရသည့် ဆိုင်ကယ်မှာ ၂၀၁၅ ခုနှစ်ထုတ် Honda Wave 125 အမျိုးအစား အနက်ရောင်ဖြစ်ပြီး စက်အမှတ် JA 211E-0259185 နှင့် ဘောင်အမှတ် MLHJA 211XE525185 ဖြစ်ကာ ယာဉ်လိုင်စင် အမှတ် SHN/5862 ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်အား လာရောက်ရောင်းချပါက ဖော်ပြပါ စက်အမှတ်နှင့် ဘောင်အမှတ်များကို စစ်ဆေးပေးပြီး ခိုးခံရသည့် ဆိုင်ကယ် ဖြစ်နေပါက ဖုန်း 09 263426379 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားသည်။
တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမ
"စစ်အာဏာရှင်ဖြုတ်ချရေး သွေးမအေး" ဟု ကြွေးကြော်ကာ လုံးခင်းကျေးရွာတွင် ချီတက်ဆန္ဒပြ (ရုပ်/သံ)
ရန်ကုန်၊ သြဂုတ် ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ တော်လှန်ပြည်သူများသည် သြဂုတ်လ ၁၇ ရက် နံနက် မိုးရေထဲတွင် " တော်လှန်ဟစ်ကြွေး သွေးမအေး" ဟု ကြွေးကြော်ကာ စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ချီတက်ဆန္ဒပြကြသည်။
Credit to Khit Thit Media
အိမ်စောင့်စစ်ခွေးအလိုမရှိဟု ကြွေးကြော်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ဖားကန့်တွင် ချီတက်ဆန္ဒပြ(ရုပ်/သံ)
ရန်ကုန်၊ သြဂုတ် ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ တော်လှန်ပြည်သူများသည် အိမ်စောင့်စစ်ခွေးအလိုမရှိဟု ကြွေးကြော်ကာ သြဂုတ်လ ၁၇ ရက် နံနက်တွင် စစ်အာဏာရှင် အလိုမရှိကြောင်း၊ KIA နှင့် PDF ကို ထောက်ခံကြိုဆိုကြောင်း ချီတက်ဆန္ဒပြကြသည်။
Credit to Khit Thit Media