Kayah ပြည်နယ်သတင်းစုံ

  • Home
  • Kayah ပြည်နယ်သတင်းစုံ

Kayah ပြည်နယ်သတင်းစုံ နည်းပညာ ကြိုဆိုပါတယ်

၁၃.၁၁.၂၃ 😭😭နာနတ်တော အခြေအနေတဲ့ 😭😭
14/11/2023

၁၃.၁၁.၂၃ 😭😭နာနတ်တော အခြေအနေတဲ့ 😭😭

ဖရူဆိုမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း KNDFတပ်ဖွဲ့ဖက်မှ စစ်ကြောင်းမှူး ကာဗြေလယ်ကျဆုံးကန္တာရဝတီ...
30/09/2023

ဖရူဆိုမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း KNDFတပ်ဖွဲ့ဖက်မှ စစ်ကြောင်းမှူး ကာဗြေလယ်ကျဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီးမှာ တိုက်ပွဲအတွင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖက်မှ စစ်ကြောင်းမှူး ကာဗြေလယ်(ခ)ကြက်ဖ ကျဆုံးခဲ့တယ်လို့ တပ်ရင်းအမှတ်(၅)က ဒီကနေ့ (စက်တင်ဘာလ ၃၀ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကြောင်းမှူး ကာဗြေလယ်ဟာ KNDF တပ်ရင်းအမှတ်(၅) နဲ့ ပူးတွဲပြီး ကရင်နီတပ်ပေါင်းစု ကွန်မန်ဒို မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ စက်တင်ဘာလ(၂၇)ရက်နေ့က ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ဓါတ်ပုံ - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၅)
-------------------------------------------------------
Kantarawaddy Times Mobile App ဒေါင်းလုဒ် လုပ်ရန် - https://bit.ly/3MAz6el
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - Kantarawaddy Times
(Eng) - Kantarawaddy Times - English
Twitter - twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times

27/09/2023

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

မဲခေါင်၊ စက်တင်ဘာ ၂၆

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကရင်နီစစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ ဒီကနေ့ အချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

"တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲပေါ့နော်။ အရင်တစ်ခေါက်လိုပဲ တိုက်ပွဲ ဖြစ်နေသေးတာကြောင့် ၂ ဖက် ထိခိုက်မှု အခြေအနေကိုတော့ ပြောလို့မရသေးပါဘူး" လို့ သူကရှင်းပြပါတယ်။

အဆိုပါ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီရဲ့ လွိုင်ကော် အမြောက်တပ်က လက်နက်ကြီး ပစ်ကူပေးနေသလို အတွဲလိုက် ဒုံးတွေ ထုတ်သုံး တိုက်ခိုက်လာတယ်လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အခုလို လွိုင်ကော်မြို့နဲ့ မနီးမဝေးမှာ တိုက်ပွဲရက်ရှည် ဖြစ်ပွားလာတာကြောင့် မြို့တွင်းကို စစ်မီးကူးစက်လာမှာ စိုးရိမ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်ဒေသ တိုက်ပွဲဖြစ်စဥ်နဲ့ ထိခိုက်သေးဆုံးမှု အသေးစိတ်ကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ ဆက်လက်စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေ ဘက်ကတော့ ကရင်နီပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်ပြီလို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ဥက္ကဌ ခွန်ဘီထူးက ပြောဆိုထားပြီး နယ်မြေ တစ်ခုလုံး လွတ်မြောက်ရေး ကြိုးစားမယ်လို့ ပြောဆိုထားပါတယ်။

MK-007

#လွိုင်ကော်မြို့နယ်

#ကရင်နီစစ်ရေး သတင်းရင်းမြစ် တစ်ဦး

ကရင်နီပြည်နယ်တွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်သား ၁၁၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိရန်ကုန်၊ စက်တင်ဘာ ၅ ကရင်နီပြည်နယ်တွင် ...
05/09/2023

ကရင်နီပြည်နယ်တွင် ဩဂုတ်လတိုက်ပွဲများအတွင်း စစ်သား ၁၁၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၅

ကရင်နီပြည်နယ်တွင် ဩဂုတ်လ တစ်လတာတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်မှ အရာရှိများအပါအဝင် စစ်သား ၁၁၀ ဦးသေဆုံးပြီး အရှင် ၃ ဦးဖမ်း မိကာ လက်နက်ကြီး ၁ လက်၊ လက်နက်ငယ် ၁၅ လက်အပါ အဝင် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက တရားဝင် သတင်း ထုတ် ပြန် သည်။

ဩဂုတ်လအတွင်း ကရင်နီပြည်တစ်ဝန်း KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲ အကြိမ်ရေ ၅၀ ခန့် ရှိခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ဦး သေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးကို အရှင်ဖမ်းနိုင်ခဲ့ပြီး လက်နက်ငယ် ၁၅ လက်နှင့် လက်နက်ကြီး ၁ လက် အပါအဝင် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲများ အတွင်း KNDF တပ်ဖွဲ့ဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ ရကြောင်း သိရှိရသည်။

ဩဂုတ်လ ၂ ရက်နေ့ မှစ၍ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမ ကြီးအား ထိန်းချုပ်နိုင်ရန် ဒီးမော့ ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြားရှိ ပြည်ထောင်စု လမ်းမကြီးဘေး ဝဲ၊ ယာရှိ ကျေးရွာများကို အကြမ်း ဖက်စစ်ကောင်စီတပ် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများမှ စစ်ကြောင်း ၃ ကြောင်းဖြင့် အပြင်းအ ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာ နှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်များနှင့် နေ့စဉ်ထိ တွေ့ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်စစ်မျက်နှာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးကြီးအဆင့် ရှိသူအပါအဝင် ထိခိုက်ကျဆုံးမှုများ များပြားခဲ့ သဖြင့် တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းဖြင့် တိုက်ခိုက် ခဲ့ကြောင်း၊ အလားတူ မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန် ဖားဆောင်းမြို့ နယ် ဘက်မှ အပြင်းအထန်စစ်ကြောင်းထိုးလာသဖြင့် ပန်းတိန်းကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိ ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကျက် တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ်များ ကိုလည်း ကရင်နီပူးပေါင်းတပ်များက အဆက်မပြတ် ခြုံခိုတိုက်ခိုက်လျက် ရှိသည်ဟု ဆိုသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် တိုက် ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ် အလုံး ၂၀ ၊ ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း နှင့် စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ ထို့အတူ တိုက် ပွဲဖြစ်ပွားရာ ကျေးရွာ များအတွင်း စစ်သားများ၏ မီးရှို့ဖျက်ဆီး မှုကြောင့် လူနေအိမ် ၁၈ လုံး မီးလောင် ပြာကျပျက်စီးခဲ့ကြောင်း သိရသည်။
ခေတ်သစ်

🟢ကရင်နီမှာ ဇူလိုင်လအတွင်း စစ်ကောင်စီက ၄၂ ကြိမ်ခန့် လေကြောင်းသုံးတိုက်ခိုက်ခဲ့သြဂုတ် ၅ ရက်၊ ကရင်နီကရင်နီပြည်နယ်မှာ ဇူလိုင...
05/08/2023

🟢ကရင်နီမှာ ဇူလိုင်လအတွင်း စစ်ကောင်စီက ၄၂ ကြိမ်ခန့် လေကြောင်းသုံးတိုက်ခိုက်ခဲ့

သြဂုတ် ၅ ရက်၊ ကရင်နီ

ကရင်နီပြည်နယ်မှာ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၄၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ယနေ့ သြဂုတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့​ရပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပါတယ်။

ဇူလိုင်လအတွင်း လူနေအိမ် ၁၃ လုံးပျက်စီးခဲ့တဲ့အပြင် ဘာသာရေးအဆောက်အဦး ၂ ခု၊ ဆေးပေးခန်း တစ်ခု၊ စာသင်ကျောင်း ၂ ကျောင်းပျက်စီးခဲ့ပါတယ်။

ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပေါင်း ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈၄ ဦးသေဆုံးခဲ့ပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ရတဲ့အပြင် လက်နက်ငယ် ၈ ခုနဲ့အတူ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ တတိယအပတ်ကလည်း ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့ကိုဖြတ်ပြီး လွိုင်ကော်မြို့သို့ ဝင်လာတဲ့ စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို ကရင်နီပူးပေါင်းကာကွယ်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ကား ၃ စီးပျက်စီးခဲ့ပြီး တပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့ပါတယ်။

ဇူလိုင်လမှာ ကရင်နီပြည်တစ်ခုလုံး KNDF ပါဝင်ခဲ့တဲ့ တိုက်ပွဲ ၃၃ ကြိမ်ရှိခဲ့ပြီး KNDF တပ်သား ၂ ဦး ကျဆုံးခဲ့ပါတယ်။

ဇူလိုင်လ ပထမပတ်ကတည်းက စစ်ကောင်စီဟာ မယ်စဲ့မြို့ကို ပြန်သိမ်းယူလိုတာကြောင့် ကုန်းလမ်းနဲ့ လေကြောင်းလမ်းကိုအသုံးပြုပြီး အင်အားအလုံးအရင်းနဲ့လည်း စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီပြည်နယ်မှာ သြဂုတ်လအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

#လေကြောင်းတိုက်ခိုက်မှု #သေဆုံး #ကရင်နီ #စစ်ကောင်စီ #ရွှေဖီမြေ
ဓာတ်ပုံ - Local

ကျောက်ထုံးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့Aug 3,2023,Kachin News Groupစစ်ကိုင်းတိုင်း ကသာခရိုင် ကျောက်ထုံးကြ...
04/08/2023

ကျောက်ထုံးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့
Aug 3,2023,Kachin News Group

စစ်ကိုင်းတိုင်း ကသာခရိုင် ကျောက်ထုံးကြီးကျေးရွာက လူနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ကနေ ဒီကနေ့မနက်ထိ ၄ ရက်ကြာ တပ်စွဲခဲ့တဲ့စစ်အင်အား ၁၀၀ နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ကျောက်ထုံးကြီးကျေးကို ၃ ရက်ဆက်တိုက်မီးတင်ရှို့ခဲ့ပြီး စုစုပေါင်းအိမ် ခြေ ၄၀ ကျော်ပါသွားတယ်လို့ ကျောက်ထိုးကြီးဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စစ်ကြောင်းကတော့ဒီမနက်ရွာကနေ ထွက်သွားပြီ အိမ်ခြေ ၄၀ ကျော်ပါသွားတယ် မီးရှိ့တာ။ ဖက်လက်ရည်ဆိုင်တစ်ခုနဲ့ ကုန်ခြောက် ဆိုင်လေးတွေလည်းတချို့ပါသွားတယ် အတိအကျတော့မရသေးဘူးစစ်ကြောင်းကခုမနက်မှရွာထဲကနေ ထွက်သွားတာလေး”လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဒေသခံများပြောပြချက်အရ အိမ်ခြေ ၄၇ လုံးခန့်နှင့် လက်ဖက်ရည်ဆိုင်တစ်ခုအပါအဝင် ကုန်ခြောက် ဆိုင်အချို့မီးလောင်တဲ့ထဲပါသွားတယ်လို့သိရပါတယ်။

ဆက်လက်ဖတ်ရှု့ရန် >>> https://bit.ly/3OEaAMM

လွိုင်ကော်မှာ စစ်သား ၂၀ ဦးသေဆုံးတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်ကိုင်းတိုင်းမှာ ပြည်သူများကို သတ်ဖြတ်ခဲ့တဲ့ ဘီလူးစစ်ကြောင်းဖြ...
01/08/2023

လွိုင်ကော်မှာ စစ်သား ၂၀ ဦးသေဆုံးတဲ့ စစ်တပ်စစ်ကြောင်းမှာ စစ်ကိုင်းတိုင်းမှာ ပြည်သူများကို သတ်ဖြတ်ခဲ့တဲ့ ဘီလူးစစ်ကြောင်းဖြစ်တယ်လို့ ပြော.
++++++++++++++
ဩဂုတ် ၁

ကရင်နီပြည်နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းမှာ ၂ ရက်ဆက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးသေဆုံးခဲ့ရာမှာ အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ စစ်ကိုင်းတိုင်းမှာ ပြည်သူများကို သတ်ဖြတ်ခဲ့တဲ့ ဘီလူး စစ်ကြောင်း ဖြစ်တယ်လို့ ကရင်နီသတင်းရင်းမြစ်များက သတင်းဖော်ပြထားပါတယ်။

ဘီလူးစစ်ကြောင်းဟာ လွိုင်ကော်ကို စစ်ကြောင်းထိုးလာချိန် ကရင်နီတပ်များရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိကာ စစ်ကား ၁ စီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ဘီလူးစစ်ကြောင်းဟာ ပြည်သူများကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်တာ၊ တော်လှန်ရေးရဲဘော်များကို ခေါင်းဖြတ်သတ်ဖြတ်တာ၊ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ လွိုင်ကော်မြို့အထွက် မော်ချီးစု စည်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မိုးဗြဲဘက်က စစ်ယာဥ်တန်းကားများနဲ့ လွိုင်ကော်ဘက်ကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားများကို KA၊ KNDF B/02 ၊ KNDF B/14 ၊ KNDF B/12 ၊ KNF ETD နဲ့ Loikaw PDF တို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 ၅ လက် ၊ MA-2 စက်ကလေး ၁ လက် ၊ MA-3 ၂ လက် အပါအဝင် ဆက်စပ် ခဲယမ်းမီးကျောက်များနဲ့ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိကာ စစ်သုံးကား ၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ဖယ်ခုံ - မိုးဗြဲ လမ်းမကြီးကတစ်ဆင့် လွိုင်ကော်ကို ဦးတည်ပြီး စစ်ယာဥ်တန်း ကားများနဲ့ အင်အားဖြည့် ဝင်ရောက်ခဲ့ရာမှာလည်း မိုးဗြဲမြို့အထွက် လမ်းမကြီးတစ်လျှောက်မှာ KNDF B/03 နဲ့အတူ မိတ်ဖက်တပ်ဖွဲ့များက ကြားဖြတ်ကာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော် လမ်းမကြီးများကို အသုံးပြုကာ စစ်ယာဥ်တန်းကားများအပြင် အရပ်သား ကားများနဲ့ပါ အသွင်ယူပြီး အသုံးပြုဝင်ရောက်ခဲ့တာကို လမ်းမကြီး တစ်လျှောက်ရှိ ကရင်နီပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ လမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်နေပြီး တော်လှန်ရေး ပူးပေါင်း တပ်များနဲ့ ထိတွေ့မှုများ ရှိလာနိုင်တဲ့အတွက် အဲ့ဒီလမ်းမကြီးကိုအသုံးပြု သွားလာနေကြတဲ့ ပြည်သူများအနေနဲ့ စစ်ရေးအသိ၊ သတိရှိစွာနဲ့ မိမိလုံခြုံရေးကို အလေးထား သွားလာကြဖို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

03/07/2023

မောရ၀တီရေတပ်မှ အရာရှိအပါအဝင် စစ်ကောင်စီတပ် သား ၂၇ ဦး လက်နက် အပြည့်စုံဖြင့် ထွက်ပြေး၊ တစ်ပတ်အတွင်း ထွက်ပြေးသူ ၃၉ ဦး အထိရှိလာ

ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇူလိုင်လ ၃ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ မောရဝတီရေတပ် ဌာနချုပ်မှ တပ်စုတစ်စု စာရှိသည့် စစ်ကောင်စီတပ်သား ၂၇ ဦး လက်နက်နှင့် အတူထွက်ပြေး သွားကြောင်း ရေတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

ဇွန်လ ၃ ရက် နံနက် ၁ နာရီခန့်အချိန်က မောရဝတီရေတပ်ဌာနချုပ်မှ အရာရှိ၊ တပ်ကြပ်၊ ဒုတပ်ကြပ် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးတို့သည် စစ်ကားသုံးစီးဖြင့် တပ်ကို စွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ထွက်ပြေးတာက အားလုံး ၂၇ ယောက်ပါ။ တပ်စုတစ်စုစာပေါ့။ကား သုံးစီးနဲ့ထွက်ပြေးသွားကြတယ်။သူတို့က ကံပေါက်မှာ ညကင်းပတ်ရင်း ကားနဲ့ထွက်ပြေးသွားကြတယ်။လက်နက်အပြည့်စုံပါတယ်။ မနက်အထိ တပ်ထဲကို ကား သုံးစီးစလုံးပြန်မရောက်လာတော့မှ ထွက်ပြေး သွားမှန်းသိရတယ်။ ကားတွေကို တော့ ကလိန်အောင် -ကံပေါက်လမ်းပိုင်းမှာထားခဲ့တယ်။အခုဆိုရင် တစ်ပတ်အတွင်း မှာ တပ်ကိုစွန့်ခွာထွက်ပြေးသူ ၃၉ ဦးအထိ ရှိလာနေပြီဖြစ်တယ်" ဟု စစ်ကောင်စီ၏ ရေတပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် အုန်းပင်ကွင်းမောရဝတီ ရေတပ် ဌာနချုပ်မှ စစ်ကောင်စီတပ်သားများက
ကံပေါက် - ကလိန်အောင် လမ်းပိုင်း ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထား ပြီး
အင်အားအများ အပြားဖြင့် ရောက်လာပြီးလုံခြုံရေးများ ချကာ တောနင်း စစ် ကြောင်းထိုး ခြင်းများ ပြုလုပ်နေကြပြီး လမ်းဆုံလမ်းခွများတွင်လည်း စစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထွက်ပြေးသွားသည့် မောရဝတီရေတပ်ဌာနချုပ်မှ တပ်သား ၂၇ ဦး ပြန်လည်ဖမ်းဆီးရမိ ရေးအတွက် ကလိန်အောင်လမ်းပိုင်းရှိ သဲအေးတောင် များသို့ စစ်ကြောင်း ထိုးခြင်း၊ တောနင်းခြင်းများပြုလုပ်၍ အပူတပြင်းလိုက်လံရှာဖွေနေပြီး ယခုအချိန်အထိ ပြန်လည် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တပ်တွင်းသတင်းရင်း မြစ်များထံကသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအရာရှိ၊တပ်ကြပ်၊ဒုတပ်ကြပ် အပါအဝင် စစ်ကောင်စီတပ် သား ၁၂ ဦးသည် လက်နက်များနှင့် စွန့်ခွာထွက်ပြေးသွားခဲ့ရာ လွတ်မြောက်နယ်မြေ တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ပုံစာ- ၂၀၂၁ ခုနှစ်က ကံပေါက် တွင် စစ်ကောင်စီတပ်များစစ်ဆေးနေသည့် ပုံ (ပုံဟောင်း)

#မောရ၀တီရေတပ် #အရာရှိအပါအဝင် #စစ်ကောင်စီတပ်သား #၂၇ဦး #လက်နက်အပြည့်စုံထွက်ပြေး #တစ်ပတ်အတွင်း #ထွက်ပြေးသူ၃၉ဦးအထိရှိ

ကရင်နီပြည်နယ် မယ်စဲ့မှာ နယ်ခြားစောင့်တပ် BGF 1004 က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်++++++++++++++ဇွန် ၂၀ ဇွန်လ ၁၄ ရက်ကစပ...
20/06/2023

ကရင်နီပြည်နယ် မယ်စဲ့မှာ နယ်ခြားစောင့်တပ် BGF 1004 က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်
++++++++++++++
ဇွန် ၂၀

ဇွန်လ ၁၄ ရက်ကစပြီး KNPLF ဟာ ဌာနချုပ် အခြေစိုက်ရာ ဟိုစဲ့မြို့သစ်ဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ မယ်စဲမြို့မရဲစခန်း၊ ဗျူဟာကုန်းနဲ့ ထိုင်း-မြန်မာနယ်ခြားအမှတ်(BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူအင်အားစုက ဒီနေ့ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ် မယ်စဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူခဲ့တဲ့တပ်ဖွဲ့မှာ BGFများပါတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ပါသလို တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်း နယ်ခြားစောင့်တပ်တွေထဲမှာ စစ်ကောင်စီကို ပထမဆုံး ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့တဲ့ အခြေအနေတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဇွန်လ ၁၄ ရက်က KNPLF တပ်ဖွဲ့ဟာ စစ်ကောင်စီအခြေစိုက်ရာ မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းနဲ့ ထိုင်း - မြန်မာ နယ်ခြားအမှတ် BP 14 တပ်စန်း၊ BP 15 မယ်တနွယ်စခန်း၊ BP 16 တောင်လှစခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး အရင် BGF 1004 နဲ့ BGF 1005 အထိုင်ချရာ တပ်ရင်းဌာနချုပ်စခန်းနှစ်ခုကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - KNPLF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟ...
17/04/2023

Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက်စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လေတပ်စခန်းတစ်ခုဖြစ်တဲ့ နေပြည် တော် အေလာလေတပ်ကို ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ပစ်ခတ် မှုဖြစ်ပွားပြီး မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်လို့ နေပြည် တော် သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။

"နေပြည်တော် အေလာလေတပ်မှာ မနေ့ ည ၁၁ နာရီ ဝန်းကျင် ပေါက်ကွဲသံ ၂ ချက် ကြားရပြီး မီးလောင်ပါတယ်။ မီးလောင်တဲ့ ဧရိယာက အတော်ကို ကြီးပါတယ်။ လောင်စာကန်ထိတယ်လို့လည်းပြောသလို သေဆုံးထိခိုက်မှု ရှိတယ်လည်း ပြောကြတယ်။ လေတပ်ထဲမှာ ထိခိုက် ပျက်စီးမှုရှိတယ်ဆိုပြီး သတင်းတွေကြားရပါတယ်။ အသေးစိတ် အတိအကျတော့ မသိရပါဘူး" ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ ပစ်ခတ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲအပြီးမှာ မီးတွေ ထလောင်ခဲ့တာလို့ သိရပါ တယ်။ လောင်ကျွမ်းတဲ့မီးကိုလည်း နာရီ အတော်ကြာအောင် ငြိမ်းသတ်ခဲ့ရ တယ် လို့လည်း သိရပါတယ်။

ဝင် ကြေး ပေး စ ရာ မ လို ဘူး     ခ န လေး ပဲ ဝင် ကြည့် လိုက်......             သူ့ နေ ရာ မှာ......                 ငါ သာ ဆ...
12/04/2023

ဝင် ကြေး ပေး စ ရာ မ လို ဘူး

ခ န လေး ပဲ ဝင် ကြည့် လိုက်......

သူ့ နေ ရာ မှာ......

ငါ သာ ဆို တဲ့ စိတ် လေး တစ် ခု ပဲ ယူ ခဲ့

ကျန် တာ အ ခ မဲ့.............

မဲဆောက်တွင် တော်လှန်ရေးရဲဘော် ၃ ဦးကို  ထိုင်းက ဖမ်းဆီးပြီး BGF ထံ အပ်  နှံမှု ဥပဒေချိုးဖောက်မှုဖြစ်၍ ဖြေရှင်းချက်ပေးရန် ...
10/04/2023

မဲဆောက်တွင် တော်လှန်ရေးရဲဘော် ၃ ဦးကို ထိုင်းက ဖမ်းဆီးပြီး BGF ထံ အပ် နှံမှု ဥပဒေချိုးဖောက်မှုဖြစ်၍ ဖြေရှင်းချက်ပေးရန် ထိုင်းနိုင်ငံရေးပါတီ တောင်း ဆို၊ ထိုင်းလ၀က၏ လုပ်ရပ်ကို ရှုတ်ချ
++++++++++++++++++++
စစ်အာဏာရှင် တော်လှန်ရေးရဲဘော် ၃ ဦးကို မဲဆောက်တွင် ထိုင်းက ဖမ်းဆီး ပြီး စစ်ကောင်စီ လက်အောက်ခံ BGF ထံ အပ်နှံမှု ဥပဒေချိုးဖောက်မှုဖြစ်၍ ဖြေရှင်း ချက်ပေးရန် ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Commoners' Party က ဧပြီလ ၈ ရက်နေ့တွင် တရားဝင် ကြေညာချက် တောင်းဆိုလိုက်သည်။

PDF ၃ ဦးကို ထိုင်းလူ၀င်မှုကြီးကြပ်ရေးက ဖမ်းဆီးကာ မြန်မာစစ်အုပ်စုထံ လွှဲ ပြောင်း ခဲ့သည့် လူသေဆုံးခဲ့မှု ဖြစ်စဉ်တွင် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့ကိုယ်တိုင် လက်မှတ်ရေး ထိုးထားသော “ညှဉ်းပမ်း နှိပ်စက်ခြင်းနှင့် လက်စဖျောက် ဖမ်း ဆီးခြင်းကို ဆန့်ကျင်သည့် ဥပဒေ (Act Against Torture and Enforced Disappearance)” အား ချိုးဖောက်ခဲ့ခြင်းအပေါ် ဖြေရှင်းချက်ပေးရန် ထိုင်း အစိုးရကို တိုက်တွန်းလိုက်သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ဆေးကုသ ရန်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င် (၃)ဦးကို ထိုင်းလူဝင်မှု ကြီးကြပ် ရေး က ဖမ်းဆီးခဲ့ပြီး မြန်မာစစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ နောက်ဆုံးရ ရှိသော သတင်းများအရ အဆိုပါ တပ်ဖွဲ့၀င်တချို့ကို မြန်မာစစ်အုပ်စုက သတ် ဖြတ် ခဲ့ကြောင်း သိရှိရသည်။

ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဆေးကု သခွင့် ငြင်းဆိုလိုက်ခြင်း သည် တတိယဂျီနီဗာ သဘောတူညီချက် အပိုဒ်(၁၃) အပါအဝင်၊ စစ်မက်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည့် သဘော သက်ရောက်သည်ဟု Commoners' Party က ယူဆကြောင်း၊ ၎င်းတို့ (၃)ဦးအား နှိပ်စက် ညှဉ်းပမ်းမှုများ ရင်ဆိုင်ရစေရန် သက်ဆိုင်ရာ နိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် “ညှင်းပမ်းနှိပ်စက်ခြင်းကို ဆန့်ကျင်သည့် သဘောတူစာချုပ် (Convention Against Torture)” နှင့် “အတင်း အကျပ် နေရပ်ပြန်မပို့ရေး နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ (The Principle of Non-refoulement)” ကိုလည်း ချိုးဖောက်ရာ ရောက် နေ ကြောင်း၊ ထို့အပြင် မြန်မာစစ်အုပ်စု၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြမ်း ဖက် လုပ်ရပ်များတွင် ထိုင်းအစိုးရက အားပေးကူညီ ပါ၀င်ပတ်သက်နေခြင်းဖြင့် စစ်ရာဇ၀တ်မှု တခုကိုပါ ကျူးလွန်ရာ ရောက်နေကြောင်း တရားဝင် သတင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာပြည်သူများကို အကြမ်းဖက်သတ် ဖြတ် နေသည့် အာဏာသိမ်း စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ရန် ပေါ်ပေါက်လာ သည့် အရပ်သားအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့ တခုဖြစ်ကြောင်း ထိုင်း အာ ဏာ ပိုင်များက ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သော်လည်း နိုင်ငံတကာ ဥပဒေနှင့် ပြည်တွင်း ဥပဒေများ ကိုပါ ချိုးဖောက်ခဲ့ကြောင်း ပြစ်တင် ဝေဖန် ထားသည်။

“ညှင်းပမ်းနှိပ်စက်ခြင်းနှင့် လက်စဖျောက် ဖမ်းဆီးခြင်း တားဆီးနှိမ်နင်းရေး ဥပဒေ (Act on Prevention and Suppression of Torture and Enforced Disappearance B.E. 2565)” ပုဒ်မ (၁၃)တွင် “အစိုးရအဖွဲ့အစည်းများ (သို့မ ဟုတ်) အစိုးရတာဝန်ရှိ သူများအနေဖြင့် လူပုဂိုလ်တဦးတယောက်အတွက် လက်စဖျောက် ဖမ်းဆီးခြင်း၊ လူမဆန်စွာ ပြုမူဆက်ဆံခြင်း၊ ညှဉ်းပန်းနှိပ် စက်ခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်ဟု ယုံကြည်ရသည့် နိုင်ငံ တစ်နိုင်ငံသို့ အဆိုပါ မည်သည့်လူပုဂိုလ် တဦးတယောက်ကိုမှ မောင်းထုတ်ခြင်း၊ လွဲပြောင်းပေးအပ်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းများ အလျင်းမရှိစေရ” ဟု အတိ အလင်း ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသည် နိုင်ငံတကာဥပဒေကိုရော ၎င်း၏ ပြည်တွင်း ဥပဒေ ကိုပါ ဖောက်ဖျက် ကျူးလွန်နေသည့်အတွက် ပြစ်မှုနှစ်ဆ ရှိနေကြောင်း သိရှိရသည်။

ထို့ကြောင့် Commoners' Party သည် ဤဖြစ်ရပ်ကို အပြင်းထန်ဆုံး ရှုတ်ချပြီး (၁) လူ့ဂုဏ်သိက္ခာကို မထီမဲ့မြင်ပြုသည့် အဆိုပါ လူမဆန်သည့် ဖြစ်ရပ် နှင့်ပတ်သက်ပြီး ထိုင်းအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း၊ ထိုင်းအစိုးရသည် အကြမ်းဖက်စစ်အုပ်စုက ညွှန်ကြားသည့်အတိုင်း ရိုးရှင်းစွာ လုပ်ဆောင်ခဲ့ပြီး၊ စစ်ရာဇ၀တ်မှုများ ကျူးလွန်ထားသော မြန်မာစစ်အုပ်စုကို ကူညီပံ့ပိုးပေးမှု အတွက် စစ်ရာဇ၀တ်မှု ကျူးလွန်ရာတွင် ပါ၀င်ပတ်သက်သည်ဟု မှတ်ယူ ကြောင်း၊ (၂) ဆေးကုသရန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် (၃)ဦးကို ထိုင်းလူ၀င်ကြီးကြပ်ရေးမှ ဖမ်းဆီးခဲ့ပြီး မြန်မာစစ်အုပ်စုထံ လွှဲပြောင်း ပေးရာတွင် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း၊ အဆိုပါ ဖြစ်ရပ်တွင် ပရာယွတ်ချန် အိုချာ အိမ်စောင့်အစိုးရက ၎င်း၏ လူ၀င်မှုကြီးကြပ်ရေးဌာနအား ခွင့်ပြုခဲ့ခြင်း အပေါ် နိုင်ငံတကာ ဥပဒေနှင့် ပြည်တွင်း ဥပဒေများကို ဖောက်ဖျက် ကျူးလွန် ခဲ့ခြင်း ရှိ၊မရှိ အများပြည်သူအား ဖြေရှင်းချက် ပေးရမည်ဟု တောင်းဆို ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လူသားမဆန်စွာ ဖမ်းဆီး နှိပ်စက်ခံနေရသည့် PDF ရဲဘော် ၂ ဦး။

ဒီးမော့ဆိုမြို့နယ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊  KNDF ရဲဘော် ၁ ဦးကျ...
09/04/2023

ဒီးမော့ဆိုမြို့နယ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ KNDF ရဲဘော် ၁ ဦးကျဆုံး
++++++++++++
ဧပြီ ၈

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း ၂ ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဆီက သိရပါတယ်။

ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်မှာ စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်တဲ့ KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်တဲ့ KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07 နဲ့ KNDF ဗဟိုဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နဲ့ လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များက လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီကျော် အချိန်ခန့်မှာ တိုက်လေယာဥ်နဲ့ ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် ၂ လက် ၊ MA-3 သေနတ် ၁ လက်နဲ့ ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ကို သိမ်းဆည်းရရှိ​ခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၄ ရက်နေ့ တိုက်ပွဲမှာ KNDF B/06 တပ်ရင်းက ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်ဖွဲ့များနဲ့ KA ၊ KNDF တပ်ပေါင်းစုများအကြား လက်ရှိအချိန်ထိ ဖြစ်ပွားနေကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။

ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် ဖြစ်ပွားသော တိုက်ပွဲများနှင့်စပ်လျဉ်း၍ထုတ်ပြန်ကြေညာခြင်း။ စာအမှတ် - KNDF/၁/၂၀၂၃ (၀၀၇)...
26/03/2023

ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် ဖြစ်ပွားသော တိုက်ပွဲများနှင့်စပ်လျဉ်း၍ထုတ်ပြန်ကြေညာခြင်း။

စာအမှတ် - KNDF/၁/၂၀၂၃ (၀၀၇)
၂၀၂၃ ခုနှစ် ၊ မတ်လ (၂၅)ရက်။

၂၀၂၃ ခုနှစ် ၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား မိမိတို့ကရင်နီ ပူးပေါင်းတပ်များမှ ယနေ့ထိ ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်ခဲ့ပါသည်။ စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာချိန်တွင် ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်ထန်ခဲ့ပါသည်။
ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။ စစ်ကောင်စီတပ်ဖွဲ့အား မိမိတို့ပူးပေါင်းတပ်များမှ ချေမှုန်း တိုက်ခိုက်ခဲ့ ရာတွင် ၎င်းတို့ထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့ပါသည်။
အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် မိမိတို့ KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှ အစဉ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။
မတ်လ (၉) ရက်နေ့မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်သော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဉ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက်လေယာဉ် ၊ ရဟတ်ယဉ် များဖြင့်လည်း နေ့စဉ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်လျှက်ရှိပြီး မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရသူများလည်း ရှိပါ သည်။ စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှု အပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မှ မီးရှို့မှုများကြောင့် နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်ဆီးခဲ့ပါသည်။ စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများအတွင်း တပ်စွဲကာ မိမိတို့ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေပြီး ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်းမီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူများအနေဖြင့် အလေးနက် ထား အကူအညီပေးကြရန် မိမိတို့ KNDF မှတောင်းဆိုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာ
ဆက်သွယ်ရန်။ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄။

KNDF twitter link - https://twitter.com/kndf_karenni?t=GXTmItlZvCCPfOZDBQapSg...
KNDF telegram Channel link -
https://t.me/KNDF_official
KNDF website - www.kndf.org

ကယားပြည်မှာစစ်ခွေး_400ခန့်စစ်ကြောင်းထိုးရန်လူအင်အား_ရိက္ခာများဖြည့်တင်းနေ (အရေးကြီး)အသင့်အနေအထား ရှိကြပါ ရဲဘော်တို့။နိူး...
14/03/2023

ကယားပြည်မှာစစ်ခွေး_400ခန့်စစ်ကြောင်းထိုးရန်
လူအင်အား_ရိက္ခာများဖြည့်တင်းနေ
(အရေးကြီး)
အသင့်အနေအထား ရှိကြပါ ရဲဘော်တို့။

နိူးနိူးကြားကြားနဲ့ စစ်ရေးသတိ အမြဲရှိနေဖို့ လိုအပ်လာပါပြီ။

မိုးဗြဲ ၊လွိုင်ကော်မှာ စကစ အင်အား အတော်စုထားပြီ။
ကားလမ်းမတလျှောက် အေးအေးလူလူနဲ့ အင်အား၊လက်နက်ခဲယမ်းများကို ညအချိန် ဖြည့်တင်းထားနေခဲ့ပါတယ်။

လွိုင်ကော်ကနေ - (၆)မိုင် ၊ဒီမော့ဆိုကို တင့်ကားအပါ ၊အင်အားတွေ ပေးပို့ထားပြီး။

ဖရူဆိုဖက်ကို စစ်ရဟက်ယာဉ်နဲ့ အင်အား ၊လက်နက်ခဲယမ်း အဆက်မပြတ်ပို့ဆောင်ထားခဲ့ပြီး၊
ဖရူဆိုဖက် တကြောကို စကစ စစ်ကြောင်းထိုးနေပါတယ်။

ဘောလခဲ ၊ဖားဆောင်း ဖက်က စကစတပ်တွေမှာ အသင့်အနေအထား စစ်ရေးပြင်ဆင်ထားပြီး။
နယ်မြေလှုပ်ရှားမှုရှိ။

ကရင်နီ /ကယားရဲ့ အနောက်ဘက်တံခါးမှာ အင်အား(၄၀၀)ခန့် အသင့်အနေအထားရှိနေပြီး နယ်ခံအဖွဲ့အစည်းနဲ့ ညှိနှိုင်းနေ၊
အကယ်၍ ဖြတ်သန်းခွင့်ရပါက နယ်မြေရှင်းလင်းရေးအနေနဲ့ အနောက်ဖက်ကြောကနေ ဝင်လာနိုင်။

ခြုံပြီးကြည့်ရင် ကရင်နီပြည်နယ်ကို အလုံးအရင်းနဲ့ စစ်ကြောင်းအဖက်ဖက်ကနေ ဝိုင်းပြီး ထိုးဖို့ရှိပါမယ်။

တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုများ သတိအနေအထားနဲ့ စုစည်းပြီး စည်းစည်းလုံးလုံးနဲ့ အသင့်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

Feb 27.2.2023             ည ၇:၄၅ စစ်ခွေး လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့်                      ကယားပြည်နယ် ဒီမော့ဆိုအ...
28/02/2023

Feb 27.2.2023

ည ၇:၄၅ စစ်ခွေး လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့်

ကယားပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်တွေလူထိခိုက်မှု ပုံရိပ်အချိုများ

တန့်ဆည်၊ မြင်းမူတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်က ခေါင်းဖြတ်သတ်လိုက် သော PDF ရဲဘော် ၂ ဦး၏ အလောင်း ပြန်လည် ရရှိ၊  ခင်...
28/02/2023

တန့်ဆည်၊ မြင်းမူတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်က ခေါင်းဖြတ်သတ်လိုက် သော PDF ရဲဘော် ၂ ဦး၏ အလောင်း ပြန်လည် ရရှိ၊ ခင်ဦးတွင်လည်း PDF ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၇

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊သရက်ခါးရွာအနီး မြို့ထင်ကျောင်းတွင် တပ်စွဲ ထား သော စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ ကာကွယ်ရေးအဖွဲ့တို့အကြား ယနေ့ နံနက် ၇ နာရီခွဲအချိန် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသ ကာကွယ်ရေးတပ်များထံမှသိရှိရသည်။

"လက်နက်ကြီးသံတွေကတော့ တအုန်းအုန်းကြားနေရတာ။ ခွေးတွေက တန့် ဆည် ကနေ လွန်ခဲ့တဲ့ ၃ ရက် လောက်ကနေထွက်လာတဲ့ကောင်တွေဗျ။ နှစ်ဖက် အထိအခိုက်ကတော့ ဘာမှမသိရသေးဘူး။လက်နက် သံတွေကြား ရတော့ဗျာ။ ဒေသပြည်သူတွေကတော့ အကုန်ပြေးကြရတယ်" ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ အရာတော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ရ ဟတ် ယာဉ်ဖြင့် ချထားပေးခဲ့သည့် အင်အား ၈၀ ခန့် ဝန်းကျင်ရှိ စစ်ကြောင်း က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ ကန်တော် ကျေးရွာအနီးသို့ PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးပြီး Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းရှိရာ နေရာသို့ စစ်ကြောင်း ထိုးဝင် ရောက် ခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ များက တိုက်မိုင်း၊ နင်းမိုင်း များ၊ လက်နက်ကြီး၊ လက် နက် ငယ်များ ဖြင့် ပြန် လည် ခုခံတိုက်ခိုက်ခဲ့ရာ ည ၇ နာရီ ခန့်အထိ တိုက်ပွဲ ပြင်း ထန်ခဲ့ကြောင်း သိရ သည်။

ဖမ်းခေါ်လာတဲ့ ကလေးနှစ်ယောက်ကို စခန်းရှိတဲ့နေရာ လိုက်ပြခိုင်းတယ်၊ စခန်း ရောက်တော့ အဲဒီ ကလေး ၂ ယောက်ကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပစ်ခဲ့တယ်၊ ကလေးတွေက အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်ပဲရှိဦးမယ်၊ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်၊ ဖမ်းမိတဲ့ ရဲဘော်နှစ်ဦးကိုလည်း ကန်တော် ဘုန်းကြီးကျောင်းထဲမှာ ခေါင်းဖြတ်သတ် ခဲ့သ လို အခြားဘုန်းကြီးကျောင်း ၂ ကျောင်း ကိုလည်း မီးရှို့ ဖျက်ဆီးသွားပါတယ် ဟု Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၇ မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး တစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဆားတောင်မိုးကြိုးတပ်ဖွဲ့မှ PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး စစ်သားများ၏ မီးရှို့ဖျက်ဆီးမှု ကြောင့် Zero ပြောက်ကျား တပ် ဖွဲ့ ၏ ယာယီ စခန်းမှ သိန်း ၁၀၀ ဝန်းကျင် မီးစက်တလုံးအပါအဝင် သိန်း ၂၀၀ ဝန်းကျင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဖေဖော် ဝါရီလ ၂၇ရက်နေ့ နံနက်ပိုင်း မြင်းဒေါင်းရွာတွင် တပ်စွဲထားသော စစ်ကြောင်းက အင်အား ၁၀၀ ဖြင့် ရေဦး-ခင်ဦး လမ်းတစ် လျှောက် ထောက်ပို့ ကားသုံးစီးဖြင့် လာရောက်စဉ် သရက်ပင်စုရွာအနီး မကျီးအုပ်ရွာမှ ကင်း ထောက် PDF ရဲဘော် ၂ ဦးကို တွေ့ရှိပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း။၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၄)ရက်နေ့ ။စက်တင်ဘာလ (၄)ရက်နေ့ နံနက် (၆:၃၀)နာရီအချိန်ခန့်တွင် ဒီးမော့...
04/09/2022

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း။

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၄)ရက်နေ့ ။

စက်တင်ဘာလ (၄)ရက်နေ့ နံနက် (၆:၃၀)နာရီအချိန်ခန့်တွင် ဒီးမော့ဆိုမြို့နယ် ၊ ငွေတောင်ရွာသစ်ကျေးရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အားကရင်နီတပ်မတော် (KA) ၊ KNDF B/10 တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။

ထိတွေ့တိုက်ပွဲမှာ (၄)နာရီနီးပါကြာမြင့်ခဲ့ပြီး မိမိတို့ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ (၁)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရွိသူ များပြားခဲ့ပြီး တိုက်ပွဲတွင်းမှ ၎င်းတို့ကိုင်ဆောင်သော MA-3 သေနတ် (၁)လတ် ၊ ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိကာ မိမိတို့ဖက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ပါသည်။

ထို့အတူ ယနေ့ နေ့လည် (၁း၃၆)နာရီအချိန်တွင် ဖရူဆိုမြို့နယ် ၊ ဒေါညေးခူကျေးရွာ နှင့် ထီးပေါ့ဆိုကျေးရွာများအနီးတွင် စစ်ကြောင်းထိုး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား KA ၊ KNDF B/04 ၊ B/15 တို့ပူးပေါင်း၍ (၂)နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကာ မိမိတို့ ပူးပေါင်းတပ်ဖက်မှ ထိခိုက်မှုမရှိ ပြန်လည် ဆုပ်ခွာနိုင်ခဲ့ပါသည်။

အထက်ပါ ထိတွေ့တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ အထိနာ၍ လက်နက်ကြီးများအား အလွန်အကျွံအသုံးပြုပစ်ခက်ခဲ့ပြီး လက်ရှိချိန်တွင်လည်း ဒီးမော့ဆို - ဖရူဆို လမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုး တပ်စွဲခြင်းများ လုပ်ဆောင်လျှက်ရှိပြီး
နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပါသည်။


၃ မိုင်လောက်ထိ ပစ်နိုင်တဲ့ ၁၂၀ မမ လက်နက်ကြီးတွေ ထုတ်လုပ်နိုင်ပြီလို့ နေပြည်တော် ပ.က.ဖ ပြောမဲခေါင်၊ စက်တင်ဘာ ၂အကြာအေဝး ၃ ...
02/09/2022

၃ မိုင်လောက်ထိ ပစ်နိုင်တဲ့ ၁၂၀ မမ လက်နက်ကြီးတွေ ထုတ်လုပ်နိုင်ပြီလို့ နေပြည်တော် ပ.က.ဖ ပြော

မဲခေါင်၊ စက်တင်ဘာ ၂

အကြာအေဝး ၃ မိုင်လောက်အထိ ပစ်ခတ်နိုင်တဲ့ ၁၂၀ မမ လက်နက်ကြီးကို ထုတ်လုပ်နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နေပြည်တော်က ဒီကနေ့ကြေညာပါတယ်။

စစ်ရေးတာဝန်ခံ ဗိုလ်တေဇ၊ ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ယက္ခနဲ့ ရဲဘော်တွေက ထုတ်လုပ်ခဲ့တာဖြစ်ပြီး အလက်ရေများများ ထုတ်လုပ်ပြီးတော့ တော်လှန်ရေးအင်အားစုတွေကို ဖြန့်ဝေပေးသွားမယ်ဆို ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ နေပြည်တော် (ပ.က.ဖ) ဖယ္ခုံ PDF တပ်ရင်း ၂ အတွက် ၈၁ မမ လက်နက်ကြီးနဲ့ အမြောက်ဆံ အမ်ားအျပား ထုတ်လုပ်ပေးခဲ့ဖူးပါတယ်။

လက်နက်ကြီးတွေ ထုတ်လုပ်တဲ့နေရာမှာ ငွေကြေး၊ အချိန်နဲ့ ထုတ်လုပ်စဉ် ထိခိုက်ဒဏ်ရာရတာတွေ၊ အသက်ပေးလိုက်ရတာတွေစတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

29/08/2022

စစ်အာဏာရှင်ပြုတ်ကျရေးတွင် မသက်ဆိုင်သလိုနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှာ စစ်အာဏာရှင်၏ကျွန်များဟု ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်ပြော

ရဲခေါင်/People's Spring

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန်တွင် မသက်ဆိုင်သလို လက်ပိုက်ကြည့်နေ ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများသည် စစ်အာဏာရှင်၏ ကျွန်(သို့မဟုတ်)ဘတ်တော်သား များဖြစ်နေကြောင်း ကရင်နီတပ်မတော်(KA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။

ယနေ့(သြဂုတ် ၂၉ရက်) ရက်စွဲဖြင့် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
လူငယ်များနှင့် ပြည်သူလူထုထံသို့ အထူးသတိထားဂရုပြုရန် အသိပေးစာအရ အထက်ပါ အတိုင်းဖော်ပြထားခြင်းဖြစ်သည်။

ကရင်နီအမျိုးသားများသည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်တိုက်ပွဲဝင်နေချိန်တွင် အစွန်းရောက်ဘာသာရေးသမား၊တော်လှန် ရေး အမည်ခံ အချောင်းသမားသမားများ၊နိုင်ငံရေးပွဲ စားများ၊အတ္တမာန စီးပွားရေးသမားများသည် အသိခေါက်ခဲ အဝင်နက်ပြီး ၎င်းတို့နှင့် မဆိုင်သလို လက်ပိုက်ကြည့်နေကြသည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် အလိုအလျောက်စစ်အာဏာရှင်၏ ကျွန်(ဝါ) ဘတ်တော်သားဖြစ်နေကြသည်ဟု ဗိုလ်မှူးချုပ်အောင်မြတ်က အသိပေးသည်။

ထိုပုဂ္ဂိုလ်များကို အထူးသတိပြုရန်လည်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကို ခုခံစစ်ဆင်နွှဲနေသည့် နိုင်ငံတစ်ဝန်း ရှိဒေသများအနက် ကရင်နီ(ကယား)ပြည်နယ် မွာ နေ့စဉ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိချိန်အထိ ကရင်နီတပ်မတော် KA နှင့် KNDF အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများကနယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။

Address


Website

Alerts

Be the first to know and let us send you an email when Kayah ပြည်နယ်သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share