Highlights Football Myanmar

  • Home
  • Highlights Football Myanmar

Highlights Football Myanmar ဘောလုံးပွဲ ဟိုက်လိုက်များတင်ပေးတယ်နော်😉😉
(2)

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် ယှဉ်ပြိုင်ရန် မြောက်ကိုရီးယားအသင်း ရန်ကုန်အပြည်ပြည်ဆိုင...
18/11/2023

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် ယှဉ်ပြိုင်ရန် မြောက်ကိုရီးယားအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့သည်။

မြောက်ကိုရီးယားအသင်းသည် ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မည်ဖြစ်သည်။

2026 FIFA World Cup Qualification – AFC Second Round................................................
MYANMAR Vs DPR KOREA
21 Nov 2023, 4:00 PM, Thuwunna Stadium, Yangon

Breaking🚨: ပေါင်ကြွက်သား ဒဏ်ရာကြောင့် အနည်းဆုံး (၂)လခွဲ နားရမယ့် ဗင်နီးဆီးယပ်စ်ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီးဆီးယ...
18/11/2023

Breaking🚨: ပေါင်ကြွက်သား ဒဏ်ရာကြောင့် အနည်းဆုံး (၂)လခွဲ နားရမယ့် ဗင်နီးဆီးယပ်စ်

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီးဆီးယပ်စ် ဂျူနီယာဟာ မနေ့က ကစားသွားတဲ့ ကိုလံဘီယာနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွင်း ရခဲ့တဲ့ ပေါင်ကြွက်သားစုတ်ပြဲမှု ဒဏ်ရာကြောင့် အနည်းဆုံး ၂လခွဲ အနားယူရဖို့ ရှိကြောင်း ကလပ်ဖက်က တရားဝင် statement ထုတ်ပြန်လာပါတယ်။
Get well soon … Vini Jr.
ရီးရဲလ်အသင်းရဲ့ လက်ရှိဒဏ်ရာရကစားသမားစာရင်း
- ကော်တွိုက်
- မီလီတာအို
- ချူဝါမန်နီ
- ဆီဘယ်လော့စ်
- ကီပါ
- အာဒါဂူလာ
- ကာမာဗင်ဂါ
- ဗင်နီးဆီးယတ်စ်

လူးဝစ်ဒီယက် ဟာ ယနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာ  ဘရာဇီးကို 2-1 နဲ့ အနိုင်ရရှိခဲ့ပြီး ကိုလံဘီယာ အတွက် 4 မိန...
17/11/2023

လူးဝစ်ဒီယက် ဟာ ယနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာ ဘရာဇီးကို 2-1 နဲ့ အနိုင်ရရှိခဲ့ပြီး ကိုလံဘီယာ အတွက် 4 မိနစ်အတွင်း 2 ဂိုး သွင်းယူကာ နိုင်ငံအတွက် နိုင်ပွဲ ရယူပေးခဲ့ပါတယ်။ 🇨🇴
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ပေးဆွဲခံရမှုကနေ လွတ်လာခဲ့တဲ့ ၎င်းရဲ့ ဖခင်ကလည်း ပွဲကြည့်စင် ကနေ လာရောက်အားပေးသွားခဲ့ပြီး ဒီယက် ဂိုးသွင်းပြီးနောက် စိတ်ခံစားမှု ပြင်းထန်စွာ အောင်ပွဲခံသွားခဲ့ပါတယ်။

ယနေ့ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမားဟောင်း လူးဝှစ်နာနီ  ၏ ၃၇ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။Luis Nani ဟာ ယူန...
17/11/2023

ယနေ့ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမားဟောင်း လူးဝှစ်နာနီ ၏ ၃၇ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။

Luis Nani ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း(၂၃၀) ကစားပေးခဲ့ပြီး သွင်းဂိုး ၄၁ ဂိုးနဲ့ ဂိုးဖန်တီးမှု (၇၃) ကြိမ်ပြုလုပ်ထားကာ ဆုဖလားအောင်မြင်မှုများအနေနဲ့ ကွန်မြူနတီဒိုင်း ၄ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ပရီးမီးယားလိဂ် ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

Breaking News :   အဲဗာတန် အသင်းဟာ ဘဏ္ဍာရေး စည်းမျဥ်းကို ချိုးဖောက်ခဲ့တဲ့ အတွက် အမှတ် 10 မှတ် အနှုတ်ခံလိုက်ရပါပြီ ။   ဒီီ...
17/11/2023

Breaking News :
အဲဗာတန် အသင်းဟာ ဘဏ္ဍာရေး စည်းမျဥ်းကို ချိုးဖောက်ခဲ့တဲ့ အတွက် အမှတ် 10 မှတ် အနှုတ်ခံလိုက်ရပါပြီ ။
ဒီီလို ဖြစ်သွားတဲ့အတွက် အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 14 နေရာမှ အဆင့် 19 နေရာထိ ဆင်းပေးရတော့မှာပဲ ဖြစ်ပါတယ် ။
အဲဗာတန် အသင်းဖက်ကတော့ ဒီကိစ္စကို အယူခံဝင်ဖို့ လုပ်ဆောင်နေတယ်လို့ သိလိုက်ရပါတယ် ။

ဘောနက်စ် ရဖို့ သေချာ သလောက် ရှိနေပြီဖြစ်တဲ့ ဟယ်ရီကိန်းအကယ်၍ ဟယ်ရီကိန်း အနေနဲ့ ဒီရာသီ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမ...
16/11/2023

ဘောနက်စ် ရဖို့ သေချာ သလောက် ရှိနေပြီဖြစ်တဲ့ ဟယ်ရီကိန်း

အကယ်၍ ဟယ်ရီကိန်း အနေနဲ့ ဒီရာသီ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ အသင်းရဲ့ သွင်းဂိုး 40 (Goal+Assist) မှာ တိုက်ရိုက်ပါဝင်ပက်သက်နိုင်ခဲ့မယ်ဆိုရင် ဘောနက်စ် အနေနဲ့ ယူရို 2 သိန်းခွဲ ရရှိမှာ ဖြစ်ပါတယ်။ 🏴󠁧󠁢󠁥󠁮󠁧󠁿💰
လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ သွင်းဂိုး 28 ဂိုးမှာ တိုက်ရိုက်ပါဝင်ပက်သက်ထားပြီး ဖြစ်သလို အခုမှ နိုဝင်ဘာလသာ ရှိပါသေးတယ်။ (Source: Munich, Germany )

PHOTO NEWS !မန်ချက်စတာ ယူနိုက်တက်အသင်းသားများ သည် သက်ဆိုင်ရာနိုင်ငံအသင်းများနှင့် လေ့ကျင့်ခန်းဆင်းနေကြပြီဖြစ်ပါတယ် ၊၊
16/11/2023

PHOTO NEWS !
မန်ချက်စတာ ယူနိုက်တက်အသင်းသားများ သည်
သက်ဆိုင်ရာနိုင်ငံအသင်းများနှင့် လေ့ကျင့်ခန်းဆင်းနေကြပြီဖြစ်ပါတယ် ၊၊

ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အခုချိန်ထိရှုံးပွဲမရှိသေးတဲ့အသင်း (၃)သင်းသာကျန်ရှိတော့တာဖြစ်ပါတယ်။အဲ့ဒီ့ အသင်းတွေကတော့ ဘိုင်ယန်...
14/11/2023

ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အခုချိန်ထိရှုံးပွဲမရှိသေးတဲ့အသင်း (၃)သင်းသာကျန်ရှိတော့တာဖြစ်ပါတယ်။
အဲ့ဒီ့ အသင်းတွေကတော့ ဘိုင်ယန်မြူးနစ် ၊လေဗာကူဆင် နဲ့ နိုက်စ်အသင်းတို့ပဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဘက်က ကိုးလ်ပါမားဟာ အသင်းရဲ့အဓိကကစားသမားအဖြစ် နှစ်ပေါင်းများစွာ ကစားပေးသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ပါမား...
13/11/2023

ချဲလ်ဆီးအသင်းဘက်က ကိုးလ်ပါမားဟာ အသင်းရဲ့အဓိကကစားသမားအဖြစ် နှစ်ပေါင်းများစွာ ကစားပေးသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ပါမားကို ခေါ်ယူဖို့ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့တုန်းက ရက်သတ္တပတ်ပေါင်းများစွာ လှို့ဝှက်ကြိုးစားခဲ့ရပြီး အပြောင်းအရွေ့ပိတ်ခါနီးမှာတော့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ချဲလ်ဆီးအသင်းကိုရောက်တာ ရက်ပေါင်း(70)သာရှိသေးပေမယ့် ကိုးလ်ပါမားရဲ့ အသင်းအပေါ် အကျိုးပြုနိုင်မှုအပေါ် ချဲလ်ဆီးဘက်က ကျေနပ်နေပါတယ်။

တကယ်ကိုကောင်းတဲ့ပွဲကောင်းတစ်ပွဲပါပဲ Chelsea 4 Vs Mancity 4Silva 29’         Haaland(pen)25’,47’Sterling 37’    Akanji 45...
12/11/2023

တကယ်ကိုကောင်းတဲ့ပွဲကောင်းတစ်ပွဲပါပဲ

Chelsea 4 Vs Mancity 4

Silva 29’ Haaland(pen)25’,47’
Sterling 37’ Akanji 45+1’
Jackson67’ Rodri86’
Palmer90+5’(pen)

Player Update News :   မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ စပိန် ...
10/11/2023

Player Update News :

မန်ချက်စတာယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့နောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ စပိန် နိုင်ငံသား ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ ရီးယဲ ဘက်တစ် အသင်းအတွက် ကစားပေးဖို့ ဆွေးနွေးမှုတွေကို စတင် လုပ်ဆောင်နေပြီလို့ သိခဲ့လိုက်ရပါတယ် ။



ချန်ပီယံလိဂ် Fact :   ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ပွဲကစားချိန် မိနစ် အများဆုံး ပိုင်ဆိုင်ထားခဲ့ကြတဲ့ ကစာ...
10/11/2023

ချန်ပီယံလိဂ်

Fact :

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ပွဲကစားချိန် မိနစ် အများဆုံး ပိုင်ဆိုင်ထားခဲ့ကြတဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီစာရင်းထဲ GOAT ကြီးတွေရဲ့ အထက်မှာတော့ ရီးယဲ မက်ဒရစ် ဂိုးသမားဟောင်း အိုင်ကာ ကာဆီးလက်စ် က ရပ်တည်နေပါတယ် ။

သင်သိပါသလားမန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ်လေး Rasmus Højlund ဟာ ပရီးမီးယားလိဂ်မှာ ဂိုးလုံးဝ မသွင်းရသေးပေမယ့် ချန်ပ...
09/11/2023

သင်သိပါသလား

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ်လေး Rasmus Højlund ဟာ ပရီးမီးယားလိဂ်မှာ ဂိုးလုံးဝ မသွင်းရသေးပေမယ့် ချန်ပီယံလိဂ် မှာတော့ ၅ ဂိုးသွင်းပေးထားပါတယ် ။

ကံဆိုးတာကတော့ သူ ဂိုးသွင်းတဲ့ ၃ ပွဲစလုံး မန်ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့ရတာပါ ။ သူဂိုးမသွင်းတဲ့ ကိုပင်ဟေဂင် နဲ့ ပထမအကျော့မှာ မန်ယူနိုက်တက် နိုင်ပွဲ ရခဲ့ပါတယ် ။

မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့ကြသူများ 😍
08/11/2023

မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့ကြသူများ 😍

07/11/2023

ဒီရာသီ ပထမဆုံးရှုံးပွဲတွေ့သွားခဲ့တဲ့ စပါး

**************

ပရီးမီးယားလိဂ်ပြိုင်ပွဲ (ပွဲစဥ် 11)

စပါး 1-4 ချဲလ်ဆီး

စပါးကို ဂိုးပြတ်ခြေပြတ် အနိုင်ကြိတ်လိုက်တဲ့ ချဲလ်ဆီးFull-time : Tottenham 1 - 4 Chelsea   ကူလူဆက်စကီး ( ၆’ )      ကိုးလ်...
07/11/2023

စပါးကို ဂိုးပြတ်ခြေပြတ် အနိုင်ကြိတ်လိုက်တဲ့ ချဲလ်ဆီး

Full-time : Tottenham 1 - 4 Chelsea

ကူလူဆက်စကီး ( ၆’ ) ကိုးလ်ပါလ်မာ ( ၃၅’ Pen )
ရိုမဲရိုး ( ၃၃’ 🔴 ) ဂျက်ဆင် ( ၇၅’၊ ၉၀’+၄’၊ ၉၀’+၇’ )
အူဒေ့ဂီ ( ၅၅’ 🔴 )

ရှုံးပွဲမရှိသေးတဲ့ တော့တင်ဟမ်တို့ လန်ဒန်ဒါဘီပွဲမှာ အဖွင့်ဂိုး စောစောစီးစီး ရခဲ့ပေမယ့်၊ ၂ယောက်လျော့သွားခဲ့ပြီးနောက် ဧည့်သည် ချဲလ်ဆီးတို့ အသာစီးနဲ့တောက်လျှောက် ဖိကစားကာ ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်သွားပါတယ်။

06/11/2023

မနေ့ညက ဒါဝင်နူနက်ဇ်ရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှု🙃

" တကယ့်ကို လက်ခံနိုင်စရာ မရှိသလို အရှက်မဲ့လွန်းတဲ့ ဆုံးဖြတ်ချက်ပါပဲ ၊ ကျနော် သူတို့ အစား ရှက်မိပါတယ် ။ " အာတီတာအာဆင်နယ် ...
05/11/2023

" တကယ့်ကို လက်ခံနိုင်စရာ မရှိသလို အရှက်မဲ့လွန်းတဲ့ ဆုံးဖြတ်ချက်ပါပဲ ၊ ကျနော် သူတို့ အစား ရှက်မိပါတယ် ။ " အာတီတာ

အာဆင်နယ် နဲ့ ပွဲက နယူးကာဆယ် ရဲ့ အငြင်းပွားဖွယ် သွင်းဂိုး နဲ့ ပတ်သက်ပြီး အာတီတာ က

" သွင်းဂိုး အဖြစ် ခွင့်ပြု လို့ မရတဲ့ အကြောင်းအရင်း များစွာ ရှိနေတဲ့ကြားကကို ဂိုးပေးလိုက်တာပါ ။ ကျနော့် ကောင်လေးတွေ စွမ်းဆောင် ပြခဲ့တဲ့ အရာ ၊ ဘောလုံး ပွဲတစ်ပွဲ ကို ဘယ်လို ကစားရမလဲ ဆိုတဲ့ အရာ နှင့် အငြင်းပွားဖွယ် သွင်းဂိုး ကို ခွင့်ပြု လိုက်တဲ့ အရာတွေက လုံးဝ မတူညီတဲ့ အရာတွေပါ ။ ပြောရရင် ဒီပြိုင်ပွဲကြီးမှာ တစ်စိတ်တစ်ပိုင်း ပါဝင် နေရတာကိုတောင် ကျနော် ရှက်လာပါပြီ ၊ လက်ခံနိုင်စရာ မရှိသလို အရှက်မဲ့လွန်းတဲ့ ဆုံးဖြတ်ချက်ပါပဲ ။ ဒီလို ဆုံးဖြတ်ချက်တွေနဲ့ လိဂ်ကို ကမ္ဘာ့အကောင်းဆုံး လိဂ်လို့ သတ်မှတ်လို့ ရနိုင်ပါဦးမလားဗျာ ၊ ဂိုးပေးသင့် မပေးသင့် ဆိုတာ ဓါတ်ပုံ တစ်ပုံလောက် ကြည့်ရုံနဲ့တင် သိသာနေတာကိုဗျာ ။ "

" ကျနော်တို့ ဘာ အခွင့်အရေးမှ မပေးခဲ့ရပါဘူး ။ ကျနော့် ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ချီးကျူး ချင်ပါတယ် ၊ ကျနော်တို့ ဒီကနေ့ သူတို့ ကွင်းမှာကစားခဲ့သလိုမျိုး တခြားအသင်းတွေ ကစားနိုင်တာ မတွေ့ခဲ့ဖူးပါဘူး ။ ဒါပေမဲ့ အမှန်တရား ကတော့ ကျနော်တို့ အမှတ် မရဘဲ အိမ်ပြန် ခဲ့ရတယ် ၊ သူတို့ ၃ မှတ် ရသွားခဲ့တယ် ဆိုတာပါပဲ ။ "

" ဒီလိဂ် မှာ ကွာခြားချက်တွေက အတော်လေး ကျဉ်းမြောင်းပါတယ် ။ ပြိုင်ဆိုင်မှုတွေကလည်း ကြီးမားလွန်းပါတယ် ၊ ကွင်းထဲမှာ စွမ်းဆောင်ပြခဲ့တာနဲ့ ယှဉ်ရင် အခုလို မတရားဆုံးဖြတ်ချက်နဲ့ ရှုံးပွဲ ကြုံခဲ့ရတာကို လက်ခံနိုင်စရာ မရှိပါဘူး ။ "

05/11/2023

တစ်ပွဲလုံးလိုက်ညစ်နေတဲ့ နယူးကာဆယ်ဘက်က ဘရူနိုဂွီမာရေ့စ် ပွဲပြီးတဲ့အထိ အနီကတ်ထိမသွားတာ အံ့အားသင့်စရာပါပဲ။

05/11/2023

ရွှေဖလားအိမ်မက်ပျက်စီးခဲ့ရတဲ့ အာဆင်နယ်

******************

ပရီးမီးယားလိဂ်ပွဲစဥ် (11)

နယူးကာဆယ် 1-0 အာဆင်နယ်

05/11/2023

ချန်ပီယံခြေစွမ်းပြခဲ့ပြန်တဲ့ မန်စီးတီး

**************

ပရီးမီးယားလိဂ်ပွဲစဥ် (11)

မန်စီးတီး 6-1 ဘုန်းမောက်

05/11/2023

ကိန်းရဲ့Hat-trickနဲ့ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဘိုင်ယန်

***************

ဘွန်ဒက်လီဂါပြိုင်ပွဲ (ပွဲစဥ် 10)

ဒေါ့မွန် 0-4 ဘိုင်ယန်မြူးနစ်

အသင်းသမိုင်းရဲ့ ပထမဆုံး ကိုပါ လေဘာတဒိုး ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဖလူမင်နီးစ် Copa Libertadores FinalFull Ti...
05/11/2023

အသင်းသမိုင်းရဲ့ ပထမဆုံး ကိုပါ လေဘာတဒိုး ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဖလူမင်နီးစ်

Copa Libertadores Final
Full Time

Boca Juniors 1-2 Fluminense

ထုံးစံအတိုင်း မနက်ကျရင် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ကနေ တောင်းပန်စာလေးတော့ ထွက်လာမှာပါ။
05/11/2023

ထုံးစံအတိုင်း မနက်ကျရင် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ကနေ တောင်းပန်စာလေးတော့ ထွက်လာမှာပါ။

အငြင်းပွားဖွယ်သွင်းဂိုးနဲ့ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်******************ပရီးမီးယားလိဂ်ပွဲစဥ် (11)နယူးကာဆယ်   1-0   အာဆင်နယ...
05/11/2023

အငြင်းပွားဖွယ်သွင်းဂိုးနဲ့ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်

******************

ပရီးမီးယားလိဂ်ပွဲစဥ် (11)

နယူးကာဆယ် 1-0 အာဆင်နယ်

ဂေါ်ဒွန် 64

04/11/2023

စီရိုနယ်ဒိုရဲ့သွင်းဂိုး အလန်းကြီး 🐐 ❤️


ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ မန်စီးတီး**************ပရီးမီးယားလိဂ်ပွဲစဥ် (11)မန်စီးတီး    6-1    ဘုန်းမောက်                  ...
04/11/2023

ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ မန်စီးတီး

**************

ပရီးမီးယားလိဂ်ပွဲစဥ် (11)

မန်စီးတီး 6-1 ဘုန်းမောက်

ဒိုကူ 30
ဆေးလ်ဗား 33, 83
အကန်ဂျီ 37, ဖိုဒန် 64
အကီ 88

04/11/2023

ဖာနန်ဒက်စ်ရဲ့အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်

**************

ပရီးမီးယားလိဂ်ပွဲစဥ် (11)

ဖူလ်ဟမ် 0-1 မန်ချက်စတာယူနိုက်တက်

ဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူနိုက်တက်**************ပရီးမီးယားလိဂ်ပွဲစဥ် (11)ဖူလ်ဟမ်  0-1 မန်ချက်စတာယူနိုက်တက...
04/11/2023

ဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူနိုက်တက်

**************

ပရီးမီးယားလိဂ်ပွဲစဥ် (11)

ဖူလ်ဟမ် 0-1 မန်ချက်စတာယူနိုက်တက်

ဘရူနိုဖာနန်ဒက်စ် 90+1

မက်တော်မီနေးရဲ့ သွင်းဂိုးမှာ လူကျွံတာက ဘာကြောင့်လဲဆိုပြီး ယူနိုက်တက်ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ မေးခွန်းထုတ်နေကြပါပြီ။ ယ...
04/11/2023

မက်တော်မီနေးရဲ့ သွင်းဂိုးမှာ လူကျွံတာက ဘာကြောင့်လဲဆိုပြီး ယူနိုက်တက်ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ မေးခွန်းထုတ်နေကြပါပြီ။ ယူနိုက်တက်ကိုဆိုရင် ဂိုးမပေးချင်လို့ကို VAR က လုပ်နေတာလို့လည်း စွပ်စွဲနေကြပါတယ်။

𝐁𝐚𝐥𝐥𝐨𝐧 𝐝’𝐎𝐫 ဆုအတွက် တရားဝင် Votingရလဒ်🇦🇷 မက်ဆီ - 462 မှတ်🇳🇴 ဟာလန်း - 357 မှတ်အမှတ်ပေးရလဒ်မှာ မက်ဆီက ဟာလန်းထက် (105)မှတ်အ...
04/11/2023

𝐁𝐚𝐥𝐥𝐨𝐧 𝐝’𝐎𝐫 ဆုအတွက် တရားဝင် Votingရလဒ်

🇦🇷 မက်ဆီ - 462 မှတ်
🇳🇴 ဟာလန်း - 357 မှတ်

အမှတ်ပေးရလဒ်မှာ မက်ဆီက ဟာလန်းထက် (105)မှတ်အထိအသာရပြီး 𝐁𝐚𝐥𝐥𝐨𝐧 𝐝’𝐎𝐫ဆုကြီးကို ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။


02/11/2023

လီဗာပူးတို့ နောက်တစ်ဆင့်တက်ပြီ

*****************

EFL ဖလား (16သင်းအဆင့်ရှုံးထွက်)

ဘုန်းမောက် 1-2 လီဗာပူး

02/11/2023

အာဆင်နယ်တို့ ဖလားတစ်လုံးလက်လွတ်လိုက်ရပြီ

*****************

EFL ဖလားပြိုင်ပွဲ (16သင်းအဆင့်ရှုံးထွက်)

ဝက်စ်ဟမ်း 3-1 အာဆင်နယ်


#အာဆင်နယ်

02/11/2023

ချဲလ်ဆီးတို့ နောက်တစ်ဆင့်တက်ပြီ

*****************

EFL ဖလား (16သင်းအဆင့်ရှုံးထွက်)

ချဲလ်ဆီး 2-0 ဘလက်ဘန်း

02/11/2023

လက်ရှိချန်ပီယံယူနိုက်တက်တို့ ပြိုင်ပွဲကနေထွက်ရပြီ

*****************

EFL ဖလားပြိုင်ပွဲ (16သင်းအဆင့်ရှုံးထွက်)

မန်ချက်စတာယူနိုက်တက် 0-3 နယူးကာဆယ်

အိမ်ကွင်းမှာထက်မံရှုံးနိပ့်ခဲ့တဲ့ယူနိုက်တက်
02/11/2023

အိမ်ကွင်းမှာထက်မံရှုံးနိပ့်ခဲ့တဲ့ယူနိုက်တက်

သက်တောင့်သက်သာ အနိုင်ရလဒ်နဲ့ ကွာတား တက်တဲ့ ချဲလ်ဆီးCarabao CupFourth RoundFull-time : Chelsea 2 - 0 Blackburn   ဘတ်ဒီယာရ...
02/11/2023

သက်တောင့်သက်သာ အနိုင်ရလဒ်နဲ့ ကွာတား တက်တဲ့ ချဲလ်ဆီး

Carabao Cup
Fourth Round

Full-time : Chelsea 2 - 0 Blackburn

ဘတ်ဒီယာရှီးလ် ( ၃၀’ )
စတာလင် ( ၅၉’ )

အာဆင်နယ် အသင်းကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဝက်စ်ဟမ်းFull Time : Westham 3-1 Arsenal                  White(16')(OG) Ødega...
02/11/2023

အာဆင်နယ် အသင်းကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဝက်စ်ဟမ်း

Full Time : Westham 3-1 Arsenal
White(16')(OG) Ødegaard(90')(+6')
Kudus(50')
Bowen(60')

အာရပ်ကမ္ဘာကို ပြန်ရောက်လာမယ့် ကမ္ဘာ့ဖလား ဆော်ဒီ အာရေဗျ နိုင်ငံဟာ လာမယ့် ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အိမ်ရှင် ...
01/11/2023

အာရပ်ကမ္ဘာကို ပြန်ရောက်လာမယ့် ကမ္ဘာ့ဖလား



ဆော်ဒီ အာရေဗျ နိုင်ငံဟာ လာမယ့် ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အိမ်ရှင် အဖြစ် ရွေးချယ် ခံရဖို့ ၁၀၀% သေချာသွားခဲ့ရပါပြီ ။ ဆော်ဒီ ဟာ ဖီဖာက သတ်မှတ်ပေးထားတဲ့ ၂၀၃၄ ကမ္ဘာ့ဖလား အိမ်ရှင်နေရာ အတွက် လျောက်ထားရမယ့် နောက်ဆုံးအချိန်အထိ စာရင်းပေးသွင်းထားတဲ့ တခုတည်းသော အာရှနိုင်ငံအဖြစ် တည်ရှိနေခဲ့တာကြောင့် ဆော်ဒီကိုသာ အိမ်ရှင်အဖြစ် ရွေးချယ်ရတော့မှာ ဖြစ်ပါတယ် ။

မူလက သြစတြေးလျ နိုင်ငံဟာ ဆော်ဒီနဲ့ အပြိုင် အိမ်ရှင်အဖြစ် လျောက်ထားဖွယ် ရှိတယ်လို့ သတင်းထွက်ခဲ့ ပေမယ့် Deadline ပိတ်ချိန်မှာတော့ ဆော်ဒီ တနိုင်ငံတည်းသာ အိမ်ရှင်အဖြစ် လျောက်ထားခဲ့ပါတယ် ။



ကမ္ဘာ့ဖလားကြီးကတော့ အာရပ်ကမ္ဘာဆီကို နောက်တကြိမ် အလည်အပတ် သွားရောက်ရဦးမှာပါ ။

Address


Website

http://tiktok.com/@highlights.footba37

Alerts

Be the first to know and let us send you an email when Highlights Football Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share