
16/08/2024
စက်တင်ဘာ ၂၇ ရက်နေ့ဘန်ကောက်မှာ ကျွန်တော့်ညီအကို ကိုစိုးလင်းဦးအနေနဲ့ ONE Championship မှာ ထိုင်းစိန်ခေါ်သူကောင်းတစ်ယောက်နဲ့ ယှဉ်ပြိုင်ထိုးမှာဖြစ်ပါတယ်။ ပြိုင်ဘက်ပုံစံက ကျွန်တော့်လို ခပ်ပိန်ပိန် နဲ့ အရပ်ရှည်တဲ့ ပုံစံမျိုးပါ။ သူ့အရပ်ကတော့ ၁၉၂ စင်တီမီတာ ရှိပါတယ်။ ပြီးတော့ သူ့ပြိုင်ဘက်ကို သူ့ရဲ့ခြေတံရှည် လက်တံရှည်နဲ့ အကွာအဝေးတခုမှာ ထားနိုင်တဲ့ပုံစံမျိုးပါ။ ကျွန်တော်တို့ရဲ့ ညီအကို ကိုစိုးလင်းဦးကို ဒီတိုက်ခိုက်ပွဲအတွက် အဆင်သင့်ဖြစ်အောင်၊ သူနဲ့ ပုံစံတူတဲ့သူနဲ့ လေ့ကျင့်ဖို့ ကျွန်တော့်အနေနဲ့ကူညီပေးချင်ပါတယ်၊ ဒါမှသာ ကျွန်တော်တို့အနိုင်ရဖို့ အကောင်းဆုံးအခွင့်အရေး ရရှိနိုင်မှာဖြစ်ပါတယ်။ 🏆
ကိုစိုးလင်းဦးကို ကျွန်တော့်အနေနဲ့ စိတ်ရောကိုယ်ပါအားပေးနေပါတယ်။ အခုအချိန်မှာ အဲ့ပြိုင်ဘက်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ကျွန်တော့်အနေနဲ့ အတူတူကူညီလေ့ကျင့်ဖို့အချိန်ရှိပြီးအဆင်ပြေပါတယ်။ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ တစ်ပတ်လောက် ကျွန်တော်နဲ့အတူတူလေ့ကျင့်ဖို့ ကမ်းလှမ်းချင်ပါတယ်။ သက်ဝင်းအောင် (ANS ချန်ပီယံ) နဲ့ အခြား မြန်မာကစားမား နှစ်ဦးလည်း ဒီမှာလေ့ကျင့်နေပါတယ်။ ကျွန်တော်တို့နဲ့ အတူတူတပတ်လောက်လာလေ့ကျင့်လိုက်ပါ၊ ခရီးစရိတ်တွေ လေယာဉ်ခနဲ့ ဟိုတယ်ခကို ကျွန်တော့်ဘက်ကအကုန်အကျခံပါမယ်။ ကျွန်တော် သူ့ပုံစံကို တုပပြီး အရပ်မြင့်တဲ့လူကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာ ပြသပါမယ်။ ချုပ်ကွက်တွေအတွက်ကော လေ့ကျင့်ဖို့ လက်ဝှေ့ထိုး ဟန်ပြုရသော အငှားကစားသမားအဖြစ်လည်းအတူတူလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ 🙏
တကယ်လို့လာဖို့အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော်နားလည်ပါတယ်၊ကျွန်တော် လာမယ့်ပွဲအတွက် အားပေးနေပါတယ်။ ဒီကိုလာဖို့အဆင်ပြေရင်တော့ ကျွန်တော်တို့နှစ်ယောက်တူတူ လေ့ကျင့်တာကိုကူညီရတာကျွန်တော့်အနေနဲ့ဝမ်းမြောက်မိပါတယ်။ တကယ်လို့လာနိုင်မယ်ဆိုရင်တော့ ကိုစိုးလင်းဦး မန်နေဂျာအနေနဲ့ ကျွန်တော့် Team ရဲ့မေးလ် [email protected] ကိုကျေးဇူးပြု၍ဆက်သွယ်ပြီးမေးလ်ပို့ပေးပါဗျ။ — ဒေဝ
ကျွန်တော့်ရဲ့နောက်လာမယ့်
ပွဲစဥ်များကိုသိလိုသော ပရိသတ်များအားလုံး ကျွန်တော့်ရဲ့မြန်မာမိသားစုသီးသန့်တယ်လီဂရမ်ကို Join ပေးကြပါ https://t.me/+YpY64Les89wwZWMx