Cele Myanmar News

  • Home
  • Cele Myanmar News

Cele Myanmar News ဆယ်လီသတင်းစုံ ဖော်ပြပေးမည်
(1)

15/12/2021
08/12/2021
အသားရေကို ပျက်စီးစေနိုင်တဲ့ မနက်ခင်းအလေ့အထတွေက ဘာတွေဖြစ်မလဲ
25/11/2021

အသားရေကို ပျက်စီးစေနိုင်တဲ့ မနက်ခင်းအလေ့အထတွေက ဘာတွေဖြစ်မလဲ

ပုံမှန်အသားရေထိန်းသိမ်းတဲ့အလေ့အထက သင့်အသားရေလိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး အံဝင်ခွင်ကျဖြစ်နိုင်ပေမဲ့ သင် ....

နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)***********************************(တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပါ။အခုခေတ်မှာ လ...
24/11/2021

နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)
***********************************
(တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပါ။အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ)

ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း
တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင် လိုအပ်ချက်တွေကို
သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
မြင်လဲမြင်ဆရာ ပါ။
သူရေးခဲ့တဲ့ စာစုကို
ပြန်ဖော်ပြလိုက်ပါတယ်။

အသက်တွက်ပြီးမှအိမ်ဆောက်ပါ။
အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။

ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ၀ ကြွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံး၀မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့

ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
*****************
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။

တိုင်ထူရင် ရှောင်ရမယ့်အသား
**********************
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ်။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ်
**************
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

ရွှေလက်တွဲကြတော့မယ့် မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသားချွိုင်တေးဂျွန်
24/11/2021

ရွှေလက်တွဲကြတော့မယ့် မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသားချွိုင်တေးဂျွန်

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီး ပတ်ရှင်ဟေးဟာ ၄ နှစ်ကြာ တွဲခဲ့တဲ့ မင်းသားချွိုင်တေးဂျွန်နဲ့လက်ထပ်တေ....

"သက်ငယ်မုဒိန်းကြောင့် ကိုယ်ဝန်ရကာ မီးဖွားရင်း မိခင်သေဆုံးသွားတဲ့ ချစ်စရာသမီးလေး ခိုင်နှင်းဝေထံ ရောက်ရှိ"သက်ငယ်မုဒိမ်းကြေ...
23/11/2021

"သက်ငယ်မုဒိန်းကြောင့် ကိုယ်ဝန်ရကာ မီးဖွားရင်း မိခင်သေဆုံးသွားတဲ့ ချစ်စရာသမီးလေး ခိုင်နှင်းဝေထံ ရောက်ရှိ"

သက်ငယ်မုဒိမ်းကြောင့် ကိုယ်ဝန်ရသွားကာ မီးဖွားရင်း သေဆုံးသွားတဲ့ သထုံမြို့မှ အမျိုးသမီးရဲ့ ချစ်စရာသမီးလေး ခိုင်နှင်းဝေထံ ရောက်ရှိပြီဖြစ်ပါတယ်။


Credit

ယနေ့အဆိုတော်သားဂန်း💕သရုပ်ဆောင်ဘေဘီမောင် တို့မင်္ဂလာဆွမ်းကျွေး14.11.2021တနင်္ဂနွေနေ့မှာတော့အဆိုတော်သားဂန်း(ခ)ကျော်ရဲထက်နှ...
14/11/2021

ယနေ့အဆိုတော်သားဂန်း💕သရုပ်ဆောင်ဘေဘီမောင် တို့မင်္ဂလာဆွမ်းကျွေး
14.11.2021တနင်္ဂနွေနေ့မှာတော့အဆိုတော်သားဂန်း(ခ)ကျော်ရဲထက်နှင့်ဘေဘီမောင်(ခ)သန္တာဇော်တို့ရဲ့မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲကိုလှည်းကူးမြို့နယ်ရှိရတနာအောင်မြေကျောင်းတိုက်တွင်ယနေ့ကျင်းပြုလုပ်ခဲ့သည်။

စိတ်ညစ်နေလား🔷🔷🔷🔷🔷🔷 စိတ်ညစ်နေလားသူငယ်ချင်း... 🔷မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ...🔷 တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်နေလာ...
13/11/2021

စိတ်ညစ်နေလား
🔷🔷🔷🔷🔷
🔷 စိတ်ညစ်နေလားသူငယ်ချင်း...
🔷မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ...
🔷 တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
🔷ခဏတော့ သည်းခံ မျိုသိပ်လိုက်ပါ...
🔷 တစ်ခါတစ်လေကျရင်လေ ဒီနေ့ ပြောချင်နေတဲ့ စကားကို နောက်တစ်ရက် ရွှေ့လိုက်လို့လည်း အများကြီး နောက်ကျ မသွားပါဘူး ။ မင်းမမျိုသိပ်နိုင်တော့ရင် နောက်နေ့မှ..ငါ့ကိုပြောပြနော်...
🔷 သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး " လို့ ပြန်ပြောလိမ့်မယ်...
🔷 ဒီလိုပါပဲ သူငယ်ချင်း..ခံစားချက်ဆိုတာ...အရှိန် တက်နေတုန်းတော့ ရင်နဲ့အမျှပါပဲ....တစ်ရက်ထက်တစ်ရက် ရက်ကြာလာတာနဲ့အမျှ အနယ်ထိုင်သွား လိမ့်မယ်။ အဲ့ဒီ အခါမှာ မင်း..တစ်ချို့ခံစားချက်တွေကို ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..
🔷 တချို့ခံစားချက်တွေကို ဥပက္ခာ ပြုတတ်လာမယ်....
🔷 တချို့ခံစားချက်တွေကို မင်းပြန်သုံးသပ်တတ်လာမယ်....
🔷 တချို့ခံစားချက်တွေကို သင်ခန်းစာ ယူတတ်လာမယ်...
🔷 တချို့ခံစားချက်တွေက ဟာသ ဖြစ်သွားမယ်....
🔷 တချို့ခံစားချက်တွေက တစ်ကယ်တွေးကြည့်ရင် ဘာမှ မဟုတ်ပါဘူး...
🔷 မင်းစဉ်းစားကြည့် မင်းခံစားချက်တွေကို ငါ့ကိုရင်ဖွင့်ရင် မှန်လား မှားလားဆိုတာ....မစာနာလို့ပြောတာမဟုတ်ဘူးနော် ကိုယ်ချင်းစာလို့ ပြောပြတာ....
🔷 မင်းစကားအဖတ်တင် ကျန်မနေစေချင်လို့ပါ...မင်းခံစားချက်ကို လူတကာလိုက်ပြောရအောင် ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ ...
🔷 ပြောပြရင်တော့ နားထောင်ကြမှာပဲ...နားထောင်လို့ ကောင်းတာကိုး...အပြည့်အဝ ထပ်တူ ခံစားပေးလိမ့်မယ်လို့ မင်းထင်သလား...
🔷 သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို မင်းသာ အသိဆုံး....မင်းခံစားချက်ကိုလည်း မင်းသာ အသိဆုံး ...ဘာလုပ်သင့်တယ်ဆိုတာ မင်းသာ အသိဆုံး ဖြစ်ရမှာပေါ့...
🔷 ငါပေးတဲ့ အကြံက ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ... ငါခိုင်းတဲ့ အတိုင်းကော မင်းလိုက်လုပ်မှာမို့လို့လား...
🔷 စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ... စကားအဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ...
🔷 တစ်ချို့ခံစားချက်တွေက...
🔷 ခံစားရတဲ့သူတိုင်း မှန်နေတယ်လို့ ပြောလို့မရဘူး.. နေရာတိုင်းမှာ အကြောင်း အကျိုးဆက်နွယ်မှုတွေရှိနေတတ်တာကို မမေ့ဖို့တော့ မှာချင်တယ် ....
🔷 နွားသိုးမှန်ရင် ဂျိုချက်နဲ့ မကင်းပါဘူး ...
🔷ရင့်ကျက်မှုဆိုတာကလည်း ရင်ထဲက အနာတရတွေကတစ်ဆင့် ရလာတာ....ဘဝအတွေ့အကြုံတွေကနေ တစ်ဆင့်ရလာတာပါ...
🔷 ဒဏ်ရာမရှိတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့ မင်းကလေးလေးပဲလုပ်တော့..ဘယ်တော့မှလူလားမြောက်လာမှာ မဟုတ်ဘူး..
🔷 စိတ်ညစ်ပြေသွားပြီလားသူငယ်ချင်း ....
🔷 စိတ်ညစ်မပြေသေးဘူးဆို နောက်နေ့တွေကျမှ ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......
...
လေးစားစွာဖြင့် Wyne

Marvel ဇာတ်ကားတွေရဲ့ မျက်နှာဖုံးနောက်ကွယ်က သရုပ်ဆောင်တွေ အကြောင်း
09/11/2021

Marvel ဇာတ်ကားတွေရဲ့ မျက်နှာဖုံးနောက်ကွယ်က သရုပ်ဆောင်တွေ အကြောင်း

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးမယ့် အကြောင်းအရာလေးကတော့ Marvel ဇာတ်ကားတွေရဲ့ နောက်ကွယ်က ပါဝင်သရုပ်ဆောင်ခဲ့ကြ...

မာနလေးတော့ ထားခွင့်ပြုပါ…….
09/11/2021

မာနလေးတော့ ထားခွင့်ပြုပါ…….

လူတစ်ယောက် အရမ်းတည်ငြိမ်သွားရင် မာနကြီးတယ်လို့ မြင်ကြတယ်။ လူတစ်ယောက် အရမ်းထက်မြက်သွားရင် ဘဝင်မြင့်လိုက်တ...

၉ လတာအတွင်း ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လာရင်း ‘ဘယ်တော့မှ နောက်မလှည့်ဘူး’ လို့ ဆိုလိုက်တဲ့ အလင်းရောင်
09/11/2021

၉ လတာအတွင်း ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လာရင်း ‘ဘယ်တော့မှ နောက်မလှည့်ဘူး’ လို့ ဆိုလိုက်တဲ့ အလင်းရောင်


ဟောလိဝုဒ် မှာ ကျင်းပခဲ့တဲ့ နာမည်ကျော် Gucci Love Parade Runway ပွဲ မှာ ပါဝင်ခွင့်ရခဲ့တဲ့ မော်ဒယ် သက်သက်နှင်းရဲ့ ပုံရိပ်😍
09/11/2021

ဟောလိဝုဒ် မှာ ကျင်းပခဲ့တဲ့ နာမည်ကျော် Gucci Love Parade Runway ပွဲ မှာ ပါဝင်ခွင့်ရခဲ့တဲ့ မော်ဒယ် သက်သက်နှင်းရဲ့ ပုံရိပ်😍

ဘယ်မင်းသား အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး😘😍❤💛💚💙💜💗💖
05/11/2021

ဘယ်မင်းသား အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး😘😍❤💛💚💙💜💗💖

❤နေနဲ့လ  ရွှေနဲ့မြ ❤အားလုံးလေးစားအားကျရတဲ့ဇနီးမောင်နှံ💕မောင်တစ်ထမ်းမယ်တစ်ရွက်တတ်ညီလက်ညီ💕အနုပညာရှင်စုံတွဲလေးရဲ့ ငယ်ဘဝကပုံရ...
04/11/2021

❤နေနဲ့လ ရွှေနဲ့မြ ❤အားလုံးလေးစားအားကျရတဲ့ဇနီးမောင်နှံ
💕မောင်တစ်ထမ်းမယ်တစ်ရွက်တတ်ညီလက်ညီ💕
အနုပညာရှင်စုံတွဲလေးရဲ့ ငယ်ဘဝကပုံရိပ်လေးတွေ

ချင်းပြည်နယ် ထန်တလန် ပြည်သူတွေအတွက် ကျပ်ငွေ၁၀ သိန်း လှူဒါန်းခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်နန်းမွေစံ
04/11/2021

ချင်းပြည်နယ် ထန်တလန် ပြည်သူတွေအတွက် ကျပ်ငွေ၁၀ သိန်း လှူဒါန်းခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်နန်းမွေစံ

ပြည်သူ လှူတဲ့ အဝတ်အထည်လေးတွေကို ပြည်သူ ပျော်ရွှင်အောင် ဝတ်ပြခဲ့တဲ့ PDF လေးများ😍crd
04/11/2021

ပြည်သူ လှူတဲ့ အဝတ်အထည်လေးတွေကို ပြည်သူ ပျော်ရွှင်အောင် ဝတ်ပြခဲ့တဲ့ PDF လေးများ😍
crd

အားလုံးအတွက် အကယ်ဒမီရန်အောင် သစ္စာဆိုပြီကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ..ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေး...
03/11/2021

အားလုံးအတွက် အကယ်ဒမီရန်အောင် သစ္စာဆိုပြီ

ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ..
ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့
ဖိတ်ကြားခံခဲ့ရပါတယ်၊
အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်၊
မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့
အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့
မျှော်လင့်ချက်တစ်ခုထဲနဲ့
ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊
ဒိထက်ပိုပြီး ဘာအပေးအယူ
ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး..၊
ကျွန်တော့်စေတနာအမှန်ကြောင့် မလွတ်မြောက်သေးတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေ အမြန်ဆုံးလွတ်မြောက်ဖို့အရေးကို သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့ပါတယ်.
ဒါဟာ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အကြောင်းရင်းမှန်ကန် တဲ့
ကျွန်တော့်ရဲ့ သစ္စာစကားပါ...
အခုလို စေတနာအမှန်ရဲ့ သစ္စာစကားကြောင့်
ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စွာနေထိုင်ရပါစေသား
🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼 🙏🏼🙏🏼🙏🏼
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ..

စစ်ဘေးရှောင် ထန်တလန် ပြည်သူများအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် လုလုအောင်
03/11/2021

စစ်ဘေးရှောင် ထန်တလန် ပြည်သူများအတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် လုလုအောင်

ကိုပေါက်တို့စုံတွဲ
03/11/2021

ကိုပေါက်တို့စုံတွဲ

အောင်မြင်ခါစ မင်းသမီးတစ်လက်ဖြစ်ပေမယ့် အရာအားလုံးကိုစွန့်လွှတ်ပြီး အမှန်တရားရဲ့ဘက်တော်သားအဖြစ်ရပ်တည်ခဲ့တဲ့ မြတ်နိုးအေး
03/11/2021

အောင်မြင်ခါစ မင်းသမီးတစ်လက်ဖြစ်ပေမယ့် အရာအားလုံးကိုစွန့်လွှတ်ပြီး အမှန်တရားရဲ့ဘက်တော်သားအဖြစ်ရပ်တည်ခဲ့တဲ့ မြတ်နိုးအေး


အနုပညာရှင်များ နဲ့ ပတ်သတ်တဲ့ သတင်းလေးတွေ နေ့တိုင်း တင်ပေးမယ်နော်
03/11/2021

အနုပညာရှင်များ နဲ့ ပတ်သတ်တဲ့ သတင်းလေးတွေ နေ့တိုင်း တင်ပေးမယ်နော်

ဆရာမင်းသုခရဲ့ 2021ခုနှစ် (11)လပိုင်းအတွက် တစ်လစာဟာစာတမ်း
02/11/2021

ဆရာမင်းသုခရဲ့ 2021ခုနှစ် (11)လပိုင်းအတွက် တစ်လစာဟာစာတမ်း

တနင်္ဂနွေ သားသမီးအတွက် တနင်္ဂနွေနေ့သားသမီးများသည်အလုပ်အကိုင်အောင်မြင်မှုနှင့် ကြုံတွေ့မည်။ဆရာကောင်းမိတ...

“သရုပ်ဆောင်ပိုင်ဖြိုးသု ကို သမီးအဖြစ်မှမိဘများက အမွေပြတ်စွန့်လွတ်ကြောင်းကြေညာ”
01/11/2021

“သရုပ်ဆောင်ပိုင်ဖြိုးသု ကို သမီးအဖြစ်မှမိဘများက အမွေပြတ်စွန့်လွတ်ကြောင်းကြေညာ”

Address


Website

Alerts

Be the first to know and let us send you an email when Cele Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share