MSX AXIL Traveller

  • Home
  • MSX AXIL Traveller

MSX AXIL Traveller Braking news

27/09/2021

ရွှေပြည်သာ တ/15 ရက်ကွပ်ရုံးအနား 7:17pm လောက်ကဗုံးပေါက်ကွဲ

27.9.2021
ရွှေပြည်သာမြို့နယ်သတင်း

26/09/2021

ရွှေပြည်သာကားလေးဂိတ် ဘက်ဧည့်စာရင်းစစ်နေပါတယ်
အချိန် က ၁၂ မတ်တင်း အခု သန္တာလမ်းပြီးသွားပါပြီ
အဖမ်းခံရလူတချို့လဲရှိနိုင်ပါတယ် ခန့်မှန်းက လေးယောက်လောက်ပါ 12:05

27.9.2021
ရွှေပြည်သာမြို့နယ်သတင်း

အလှူခံပိုစ့်လေးပါဗျcdmလုပ်ထားတဲ့အစ်မ ခက်ခဲနေပါတယ်ဗျာအခုချိန်ဖိတောင့်ခံထားရတာ ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲဗျာ တတ်နိုင်သလေ...
23/09/2021

အလှူခံပိုစ့်လေးပါဗျ
cdmလုပ်ထားတဲ့အစ်မ ခက်ခဲနေပါတယ်ဗျာအခုချိန်ဖိတောင့်ခံထားရတာ ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲဗျာ တတ်နိုင်သလောက်ကူညီပေးကြပါဦး အသေးစိတ်အချက်အလက်များကို ကြည့်ချင်တယ်ဆိုရင်cbလာပေးကြပါဗျာ ။ကူညီပေးကြပါဦးဗျာ🙏
23.9.2021
ရွှေပြည်သာမြို့နယ်သတင်း

စက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)ကျောင်းသား မောင်လှိုင်ဖြိုးဝင်း(2GMech)သည် စစ်အာဏာရှင်ကို တော်လှန်‌သောတိုက်ပွဲတွင် နိုင်ငံ...
22/09/2021

စက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)ကျောင်းသား မောင်လှိုင်ဖြိုးဝင်း(2GMech)သည် စစ်အာဏာရှင်ကို တော်လှန်‌သောတိုက်ပွဲတွင် နိုင်ငံတော်အသစ်အတွက် အသက်ပေးလှူကာ မြင့်မြတ်စွာ ကျဆုံးသွားပါသည်။

အလေး‌ပြုအပ်ပါသည်ရဲဘော်
ကောင်းရာသုဂတိလားပါစေ

ွှေပြည်သာကျောင်းသားများသမဂ္ဂ
22.9.2021
ရွှေပြည်သာမြို့နယ်သတင်း

22/09/2021

အင်းစိန်လမ်းမ ဆင်ရေတွင်းမှတ်တိုင်အနီး စစ်ကားဖြတ်ချိန် ဗုံးပေါက်ပြီး ပစ်ခတ်သံများထွက်ပေါ်
———————
အင်းစိန်လမ်းမ ဆင်ရေတွင်းမှတ်တိုင်အနီး စစ်ကားဖြတ်ချိန် ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများထွက်ပေါ်လာကြောင်း ကမာရွတ်မြို့နယ်တွင် နေထိုင်သူအချို့က ပြောသည်။

ည ၇ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို မသိရသေးပေ။

" စစ်ကားက အဲ့ဒီမှတ်တိုင်နားလောက်အရောက်မှာ ထပေါက်တာ။ ပေါက်တဲ့အသံတော်တော်ကျယ်တယ်။ ပေါက်ပြီးသိပ်မကြာဘူး သေနတ်သံတွေ ထွက်လာတယ်။ အတွဲလိုက်ပစ်တဲ့အသံပဲ" ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦးကပြောသည်။

လက်ရှိတွင် အင်းစိန်လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ မော်တော်ယာဥ်များနှင့် လှည့်လည်နေပြီး အချို့မှာ အိမ်စီးကားများကို အသုံးပြု
နေသည်ကို တွေ့ရသည်ဟု ဒေသခံများကဆိုသည်။

" မီးတန်းကားတွေ DC ကားတွေနဲ့တင်မကဘူး။ အိမ်စီးကားတွေ ပါလာတာတွေ့တယ်။ အထဲမှာက အဲ့ကောင်တွေပါလာတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

‼️ရွှေပြည်သာ (၄)ရပ်ကွက် ဒေါနလမ်းတွင် မီးလောင်‼️🔥🚒ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ဒေါနလမ်းရှိ...
22/09/2021

‼️ရွှေပြည်သာ (၄)ရပ်ကွက် ဒေါနလမ်းတွင် မီးလောင်‼️

🔥🚒ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ဒေါနလမ်းရှိ ဂိုထောင်တစ်ခုတွင် ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၈:၄၇)ကစ၍ မိနစ်(၂၀)ဝန်းကျင်အကြာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နံနက်(၉:၀၅)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

#မီးသတင်း
#ရွှေပြည်သာ
#ဓာတ်ပုံ_MFSD
22.9.2021
ရွှေပြည်သာမြို့နယ်သတင်း

21/09/2021

ရွှေပြည်သာ ‼
အင်းပေါက်စု ဇေယျသုခ ၃ လမ်းထိပ်
အခုလေးပဲ EPC အေးသန်း အိမ်ရှေ့ ကောင်လေး နှစ်ယောက် သုံးယောက် ပါသွားပြီ့ စစ်ကားနှစ်စီးနဲ့ လာခေါ်သွား ဟုသိရ❗

8:50PM
21.9.2021
ရွှေပြည်သာမြို့နယ်သတင်း

21/09/2021

🛑Attention please🛑
ရွှေပြည့်သာမြို့နယ် ရှိ ရပ်ကွက်ပအတွင်းနေထိုင်သူများအနေဖြင့် မိမိတို့ရပ်ကွက် ပတ်ဝန်းကျင်မှာဖြစ်ပျက်နေသမျှအရာအားလုံးကို page cb သို့လာရောက်သတင်းပေးပို့ပေးဖို့တောင်းဆိုပါတယ်
သတင်းပေးပို့ရာတွင်လည်း
-နေရာအတိအကျ
-အချိန်
-ပုံ(ရိုက်လို့ရရင်)
-အင်အား(ကားဘယ်နှစီးဘယ်နှစ်ယောက်စသည်)
-ဘာတွေလုပ်နေလဲ(အသံဗုံးပစ်/ကျည်အစစ်နှင့်ပစ်လက်ပစ်ဗုံးပစ်စသည်)
-ထိခိုက်ဒဏ်ရာရသူရှိလျှင်
-ကျဆုံးသူရှိလျှင်စသည်ဖြင့်အပြည့်အစုံနဲ့သတင်းပို့ပေးပါ ကျွန်တော်တို့ admin team ကတတ်နိုင်သမျှreplyပြန်ပေးပြီး သတင်းအစစ်အမှန်ကို ပြန်လည် ဝေမျှပေးပါ့မယ်
ရိုင်းဆိုင်းသော မန့်များ ဆဲဆိုသောမန့်များ
pageကို ဆော်ကားသောမန့်များတွေ့လျှင်
အကောင့်Banပါမည် ။
အားလုံးကိုယ်ဆီ လိုအင်ဆန္ဒများပြည့်ဝပါစေ
စိတ်သွားတိုင်းကိုယ်ပါ၍ ကျမ်းမာချမ်းသာဘေးကင်းကြပါစေ၊
အရေးတော်ပုံ အောင်ရမည်။

20/09/2021

ယနေ့၂၀.၉၂၀၂၁ ည ၁၀:၃၀ ဝန်းကျင်မှစ၍
ရွှေပြည်သာ၁ရပ်ကွက်မိချောင်းအိုင်ရှိ အဆောင်များကိုစကစများမှဝင်ရောက်စစ်ဆေးခြင်းများရှိနေပါတယ်။အဆောင်များကို ဝင်ရောက်စစ်ဆေးရာ‌တွင်အဆောင်ရှိလူအကုန်အပြင်ထွက်ခိုင်းပြီးတစ်ခန်းခြင်းလိုက်စစ်ဆေးမှုများပြုလုပ်နေပါတယ် အိမ်သာထဲ မှအစ အထုတ်လေးများမှအဆုံးဖွင့်စစ်ခြင်းများရှိပါတယ် ဟု သတင်းအတိအကျရရှိထားပါသည်။

20.9.2021
ရွှေပြည်သာမြို့နယ်သတင်း

20/09/2021

ရွှေပြည်သာမြို့နယ်တွင် ဧည့်စာရင်းစစ်သည်ဟု အမည်ခံပြီး
မတရားဝင်ရောက်ဖမ်းဆီးမှုများရှိနေ -

လက်ရှိ ရွှေပြည့်သာမြို့နယ် မှာ အကြမ်းဖက်စစ်တပ်မှ ဧည့်စာရင်းစစ်သည်ဟု အမည်ခံပြီး မတရားဝင်ရောက်စစ်ဆေးမှု နဲ့ ဖမ်းဆီးမှုများရှိနေပါတယ်။

"Phone / Computer သေတ္တာတွေနဲ့ အထုပ်တွေအိမ်သာ ရေချိုးခန်းကအစအကုန်စစ်တယ် ပြီးတော့ ဝန်ထမ်းကဒ် မှက်ပုံတင် အကုန်စစ်တယ် သူတို့စီမှာပါတဲ့ စာရွက်နဲ့ တိုက်ပြီးစစ်တာ သူတို့စစ်ချင်တဲ့အိမ်ကိုပဲ အကြာကြီးစစ်တာ" ဟု အမည်မဖော်လိုသူတစ်ဦးမှ ပြောကြားလာပါတယ်။

အမည်ခံဧည့်စာရင်းစစ်ဆေးမှုများဟာ အိမ်တိုင်းကိုစစ်ဆေးမှုမရှိပဲ အကြမ်းဖက်စစ်တပ်မှ မသင်္ကာသောအိမ်များ နှင့် သတင်းရရှိသောအိမ်များကိုပဲ စစ်ဆေးမှုပြုလုပ်နေပြီး သော့မဖွင့်ပေးသောအိမ်များရှိခဲ့ပါက ရိုက်ဖွင့်ပြီးဝင်ရောက်စစ်ဆေးတယ်လို့ထပ်မံသိရပါတယ်။


20.9.2021
ရွေပြည်သာမြို့နယ်သတင်း

20/09/2021

ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်သော ပြည်သူများခဗျာ ကျွန်တော်တို့pageသို့ လာရောက်၍‌ေရွှပြည်သာမြို့နယ်အတွင်းဖြစ်စဥ်သတင်းမှန်များပေးလို့ရပါပြီခဗျာ ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတာမို့ ဝိုင်းဝန်းကူညီကြပါဗျာ ....

20.9.2021
ရွှေပြည်သာမြို့နယ်သတင်း

20/09/2021

ရွှေပြည်သာမြို့နယ်နေ ပြည်သူများအတွက်သတိပေးချက်

‌ယခုရက်ပိုင်းအတွက် ရွှေပြည်သာမြို့နယ်အတွင်းလုယက်ခံရသည်များ ဆက်တိုက်ဖြစ်ပေါ်နေပါသဖြင့်အသွားအလာဂရုစိုက်ပေးကြပါခဗျာ။
"ကျွန်တော်တို့ရွှေပြည်သာ စက်မှုဇုန်သံလမ်း အဲ့ဘက်လမ်းတောက်လျောက်မှာ လုယက်မှုတွေအရမ်းများနေတယ်ဗျာ ကျွန်တော်ဆို ၁၈.၉.၂၀၂၁ ကဖုန်းအလုခံရတယ်ဗျာ ဖုန်းနှစ်လုံးဗျမှတ်ပုံတင်ရောပဲ ဆွဲကြိုးလုခံရတာတွေရှိတယ်ဗျ လုယက်ခံရတာသိရဲ့နဲ့ဝိုင်းပြီးတောင်မဖမ်းပေးကြပါဘူးဗျာ ကျွန်တော်တို့လို့ဆင်းရဲသားတွေအတွက် ဖုန်းတစ်လုံးဝယ်ဖို့မပြောနဲ့စားဖို့တောင် အနိုင်နိုင်ပါခဗျာ"ဆိုပြီး အလုယက်ခံရတဲ့အမျိုးသားတစ်ဦးက ပြောပြထားပါတယ်။သို့ပါသောကြောင့် ကျွန်တော်တို့ရွှေပြည်သာနေ မိဘပြည်သူများ အသွားအလာ ဂရုစိုက်ကြပါ တစ်ယောက်နဲ့တစ်ယောက်ဝိုင်းဝန်းပေးကြပါခဗျာ။

20.9.2021
ရွှေပြည်သာမြို့နယ် သတင်း

20/09/2021

ဒီ pageလေး ကို ရွှေပြည်သာ မြို့နယ် နဲ့ ပတ်သတ်တဲ့ သတင်း တွေ ကို လာရောက် ပေးပို့ နိုင်ပါ တယ်

new

20/09/2021

"မနက်ဖြန်(စက်တင်ဘာ၂၁ရက် )ရန်ကုန် ၉မြို့နယ်
ရပ်ကွက်အချို့ မီးပြတ်မည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်း စေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို (၂၁.၉.၂၀၂၁) ရက်နေ. အင်္ဂါနေ့ မနက် (၀၉:၀၀) နာရီ မှ (၁၂:၀၀)နာရီ အချိန်အတွင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ လမ်းမတော်၊ ကမာရွတ်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီမြို့နယ်များအတွင်းရှိ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း အများပြည်သူထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း

20/09/2021

ကျတော် ဒီpage ကို သတင်းတင်တဲ့...

Pageတခု အနေ နဲ့ ဆက် အသုံးပြုမှာ...

ဖစ်ပါတယ်....💫

Address


Website

Alerts

Be the first to know and let us send you an email when MSX AXIL Traveller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share