Jimmywhotalks

  • Home
  • Jimmywhotalks

Jimmywhotalks I wanna thank me.

JUST IN: Sean Wotherspoon x ADIDAS GAZELLE INDOOR “CORDUROY”ရိုးရိုးရှင်းရှင်း Gazelle ကို Sean Wotherspoon ရဲ့ အသုံးမျာ...
17/04/2023

JUST IN: Sean Wotherspoon x ADIDAS GAZELLE INDOOR “CORDUROY”

ရိုးရိုးရှင်းရှင်း Gazelle ကို Sean Wotherspoon ရဲ့ အသုံးများတဲ့ “အရောင်တွေ” နဲ့တွဲစပ်လိုက်တဲ့… Corduroy ကတော့… May 16 မှာထွက်လာတော့မယ်လို့သိရပါတယ်။ GAZELLE တွေက ပုံမှန်ဆိုစျေးကြီးတဲ့ ဖိနပ်တွေမဟုတ်ပါဘူး။ ဒါပေမယ့်ရှေ့မှာ Gucci x Gazelle ကို retail $850 နဲ့ထုတ်ထားဖူးတော့… ဒီ collaboration ရဲ့စျေးကခန့်မှန်းရခက်နေတုန်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဖိနပ်က retail သိပ်မမြောက်ရင်… collect လုပ်ထားသင့်တဲ့အထဲပါပါတယ်။
တော်တော်လည်းလှပါတယ်။

01/02/2023

2023 မှာ လူပြောအများဆုံး ဖိနပ်နောက်တစ်ရံလို့ပြောရမယ့်…Tiffany x Nike Air Force 1 1837 ကိုတော့…
King James နဲ့မြင်နေရပြီဖြစ်ပါတယ်။
Source: NBA

23/12/2022

God Of War: PSG Version!🌝

BREAKING: ဒီကနေ့တက်လာတဲ့ သတင်းတွေအရတော့..ကလေးသူငယ်လိင်ပိုင်းဆိုင်ရာစွပ်စွဲချက်တွေနဲ့… ဝေဖန်ခံနေရတဲ့ Balenciaga နဲ့ရှေ့ဆက...
21/12/2022

BREAKING: ဒီကနေ့တက်လာတဲ့ သတင်းတွေအရတော့..
ကလေးသူငယ်လိင်ပိုင်းဆိုင်ရာစွပ်စွဲချက်တွေနဲ့… ဝေဖန်ခံနေရတဲ့ Balenciaga နဲ့ရှေ့ဆက်ပြီးလုပ်မယ့် အလုပ်တွေအားလုံးကို Adidas ဖက်က ရပ်ဆိုင်းလိုက်ပြီလို့သိရပါတယ်။

ဒီအတောအတွင်း Adidas ဟာ Kanye West ကိုကျတော့… လူမှုစံနှုန်းချိုးဖောက်လို့ဆိုပြီး.. စာချုပ်ဖျက်ပစ်တဲ့အပြင်ပေးရမယ့် ငွေကြေးတွေအတွက်ပါတရားရင်ဆိုင်တယ်။ Balenciaga ကိုကျတော့ ဒီအတိုင်းထားထားတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ဆက်တိုက်ခံနေခဲ့ရတာဆိုလည်းမမှားပါဘူး။ ဒီနေ့မှာတော့ Adidas ဖက်က Balenciaga နဲ့ဆက်ထုတ်မယ့် products တွေကိုလည်းရပ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ပြောရရင် ဒီ 2022 က Adidas အတွက်လည်း တော်တော်လေး အပြောင်းအလဲ.. အခက်အခဲတွေကြုံရတဲ့နှစ်ဆိုလည်းမမှားပါဘူး။ CEO ကနှုတ်ထွက်.. YEEZY ကပျက်… အခုထပ်ခေါ်ထားတဲ့ BALENCIAGA ကလည်းကိုယ့်ပုံရိပ်ကိုပါ လာထိခိုက်စေတဲ့ brand ဖြစ်သွားပါသေးတယ်။

ကမ္ဘာကျော် HYPEBEAST magazine နဲ့ EDITED ကထုတ်ပြန်တဲ့ 2023 မှာ…. ဖြစ်လာမယ့် trend!
18/12/2022

ကမ္ဘာကျော် HYPEBEAST magazine နဲ့ EDITED ကထုတ်ပြန်တဲ့ 2023 မှာ…. ဖြစ်လာမယ့် trend!

ကျတော်တို့ရဲ့ ချစ်လှစွာသော KAWS ကတော့ web3 NFT industry ထဲကို ထူးထူးခြားခြားနဲ့ဝင်လာခဲ့ပါပြီ။ အရုပ်တွေ.. ရှားပါးပစ္စည်းတ...
15/12/2022

ကျတော်တို့ရဲ့ ချစ်လှစွာသော KAWS ကတော့ web3 NFT industry ထဲကို ထူးထူးခြားခြားနဲ့ဝင်လာခဲ့ပါပြီ။ အရုပ်တွေ.. ရှားပါးပစ္စည်းတွေ.. နာမည်ကြီးအနုပညာလက်ရာတွေနဲ့ နာမည်ကြီးတဲ့ AllRightsReserved (ARR) ရဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ KAWS X ARR ကြေးရုပ် ၁၂ မျိုးထုတ်လာပါတယ်။ ထူးခြားတာက တစ်ရုပ်ချင်းစီမှာ digital token ID card တွေပါလာတယ်။
ဒီ card တွေကို scan ဖတ်လိုက်တာနဲ့ ကိုယ့်အရုပ်မှာပါတဲ့ code နံပါတ်အတိုင်း NFT တစ်ခုကိုရမှာပါ။
ဒီ NFT ဟာ ရှေ့လာမယ့် NFT project တော်တော်များများအတွက်လည်း အခွင့်အရေးကောင်းကောင်းတွေပေးဦးမယ်လို့လည်း သိထားရပါတယ်။
အရုပ်တစ်ရုပ်စျေးကတော့… $2900 ပါ။🙂

ဦးနှောက်ထဲကို ကွန်ပျူတာ chips တွေ… devices တွေထည့်ပြီး.. ဥာဏ်ရည်တု (AI- Artificial Intelligence) လုပ်ဆောင်မှုတွေအကြောင်း...
07/12/2022

ဦးနှောက်ထဲကို ကွန်ပျူတာ chips တွေ… devices တွေထည့်ပြီး.. ဥာဏ်ရည်တု (AI- Artificial Intelligence) လုပ်ဆောင်မှုတွေအကြောင်းစမ်းသပ်နေတဲ့ Elon Musk ရဲ့ Neuralink ကို အမေရိကန်အစိုးရက စတင်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

စက်ရုပ်တွေ.. လူတစ်ယောက်လိုတွေးခေါ်နိုင်တဲ့ AI နည်းပညာတွေကို အသည်းအမဲလိုက်နေတဲ့ Elon Musk ဟာ ၄ နှစ်အတွင်း… တိရိစ္ဆာန်တွေရဲ့ ဦးနှောက်ထဲကို chips တွေထည့်စမ်းသပ်ရင်း.. အကောင်ရေ ၁၅၀၀ ကျော်သေဆုံးစေခဲ့တယ်လို့သိရပါတယ်။ ဒီအရေအတွက်ဟာ လိုအပ်တာထက် အဆပေါင်းများစွာပိုကြောင်း… မြန်မြန်ဆန်ဆန်တိုးတက်ချင်စိတ်များနေတာကြောင့်… တစ်ကောင်သေဆုံးသွားရင် နောက်တစ်ကောင်နဲ့ထပ်မံပြီးချက်ချင်းစမ်းသပ်စေချင်နေတာတွေကြောင့်.. သေဆုံးအရေအတွက်ဟာ လိုအပ်တာထက် အဆပေါင်းများစွာများနေကြောင်းလည်း အမည်မဖော်လိုတဲ့ဝန်ထမ်းတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။ လက်ရှိအချိန်မှာတော့… အမေရိကန်အစိုးရဟာ.. Elon Musk ရဲ့ Neuralink ကိုစတင်စစ်ဆေးမှုတွေပြုလုပ်နေပြီး… စစ်ဆေးတွေ့ရှိပါက အရေးယူအပြစ်ပေးမှုတွေပြုလုပ်သွားမယ်လို့လည်းသိထားရပါတယ်။

ICYMI: MSCHF ကတော့.. အကျင့်က ကောင်းကို မကောင်းတာပါ။မနေ့က သူတို့ website မှာ member register လုပ်ထားတဲ့သူတွေဆီကို Art Bas...
03/12/2022

ICYMI: MSCHF ကတော့.. အကျင့်က ကောင်းကို မကောင်းတာပါ။

မနေ့က သူတို့ website မှာ member register လုပ်ထားတဲ့သူတွေဆီကို Art Basal ဆိုတဲ့ မိုင်ယာမီမှာလုပ်တဲ့ပွဲကိုလာဖို့ VIP Pass ဆိုပြီး.. QR Code ပါတဲ့ပုံလေးလှမ်းပို့တယ်။ ကိုယ်တွေတောင်ရသေးတယ်။

ဒီနေ့ကျတော့.. အဲ့ပွဲကိုလာတဲ့သူတွေကို အရှက်ခွဲပါလေရော။ ပွဲကို လာတဲ့သူတွေအတွက်.. MSCHF BANK ဆိုပြီး ဘဏ်တွေမှာသုံးတဲ့ ATM စက်ကြီးတစ်လုံး ပွဲရှေ့မျက်နှာစာမှာချထားပေးတယ်။

1. ကိုယ့်ရဲ့ဘဏ် card ကိုထည့်ပါ။
2. Balance Check လုပ်ပါ။
3. Leaderbord မှာပါဝင်နိုင်ပါပြီ။

ဘာမှန်းမသိ ညာမှန်းမသိနဲ့…. ဘာလေးညာလေးများ (Wavy Baby ဖိနပ်လေးများ) ရမလားဆိုပြီး.. လူတွေက ဝိုင်းပြီးစမ်းကြရော။

ပြီးလည်းပြီးရော… အပေါ်က screen မှာ ကိုယ့်မျက်နှာကြီးနဲ့ ဘဏ်ထဲမှာ ငွေဘယ်လောက်ပဲရှိပါတယ်ဆိုတဲ့ စာရင်းကြီးနဲ့ leaderboard ကြီးပေါ်လာပါလေရော။ ဝတ်ကောင်းစားလှကြီးတွေဝတ်ပြီး ဘဏ်အကောင့်ထဲမှာ $49 ပဲရှိတဲ့သူကလည်း.. သူ့မျက်နှာကြီးနဲ့ ပေါ်နေလို့ပေါ်နေ။ “ငါက အပြင်မှာငွေသားပဲထုတ်သုံးတာ” လို့ပြောတဲ့သူကပြောနဲ့။
MSCHF က ကောင်းကိုမကောင်းတာပါဆို။ 🌝

Child S*x… Child P**n ကို Balenciaga က normalize လုပ်နေတာလား?ဒီမနက် အုတ်အောသောင်း ထွက်လာတဲ့သတင်းကတော့… Balenciaga ရဲ့အငြ...
23/11/2022

Child S*x… Child P**n ကို Balenciaga က normalize လုပ်နေတာလား?

ဒီမနက် အုတ်အောသောင်း ထွက်လာတဲ့သတင်းကတော့… Balenciaga ရဲ့အငြင်းပွါးဖွယ်ဓါတ်ပုံတွေအကြောင်းပါပဲ။
Balenciaga က သူတို့ရဲ့နောက်ဆုံးထွက် products တွေအတွက် “Toy Stories” လို့နာမည်ပေးထားတဲ့ photo campaign ကို…. ဒီတစ်ခါ ထူးထူးခြားခြား ကလေးတွေနဲ့ထွက်လာပါတယ်။

လုံးဝ match မဖြစ်တာကတော့… ကလေးတွေကြော်ငြာပေးရတဲ့ အိတ်တွေက… sexually explicit ဖြစ်တဲ့ B**M ဆန်ဆန် theme နဲ့အိတ်တွေပါ။

Balenciaga ရဲ့လက်ရှိနောက်ဆုံးထွက်အိတ်တွေမှာ… မိန်းကလေးပုံစံပြင်ဆင်ထားတဲ့ ဝက်ဝံရုပ်လေးတွေကိုတပ်ထားပါတယ်။ ထပ်ပြီးတော့.. အဲ့ဒီ့မိန်းကလေး ဝက်ဝံရုပ်တွေကို လက်ထိပ်တွေ.. လည်ပတ်တွေ… ဆံပင်ဖရိုဖရဲတွေ… ညိုမဲနေတဲ့ မျက်လုံးတွေ.. လုပ်ထားပြီး B**M theme လုပ်ထားခဲ့တာပါ။

ဒီလို B**M theme နဲ့ sexually ဖြစ်ဖြစ်ထုတ်ထားတဲ့ အိတ်တွေကို ကလေးတွေနဲ့ အိပ်ရာပေါ်မှာ ကြော်ငြာခိုင်းတဲ့အခါမှာတော့… ထောက်ပြဝေဖန်ပြောဆိုမှုတွေ မရပ်မနားထွက်လာပါတော့တယ်။
ဒီ campaign က ကလေးတွေရဲ့ child s*x... child p**n တွေနဲ့ တမင်ကိုရည်ရွယ်ချက်ရှိရှိလုပ်ထားတယ်ဆိုတာကို.. နောက်ထပ်ပုံတစ်ပုံနဲ့ထပ်ထောက်ပြကြပါသေးတယ်။ ဒုတိယထွက်လာတဲ့ပုံကတော့.. ပုံမှန်အတိုင်း ကြည့်လိုက်ရင် Balenciaga အိတ်ကို စားပွဲခုံပေါ်က စာရွက်တွေပေါ်မှာတင်ထားတာပါပဲ။ ဒါပေမယ့် တစ်ကယ်တမ်း အဲ့စာရွက်တွေကို ZOOM ဆွဲကြည့်လိုက်ရင်တော့.. အမေရိကန်တရားရုံးက ထုတ်ပြန်ထားတဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တစ်ချို့ရဲ့အကြောင်းစာရွက်တွေပါ။
လက်ရှိအချိန်မှာ BALENCIAGA ဖက်က တောင်းပန်စာထုတ်ပြီး… ပုံတွေအားလုံးကိုလည်းဖြုတ်ချလိုက်ပါပြီ။

Kanye West တုန်းက စည်းလွတ်ဘောင်လွတ်ပြောဆိုခဲ့လို့… လက်တွဲဖြုတ်ခဲ့တဲ့ Balenciaga က.. ဒီလို အမှားမျိုးလုပ်မိတယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

တစ်ခြား NFT project တွေနည်းတူ.. BAPE A BATHING APE® OFFICIAL ကလည်း သူတို့ထုတ်ထားတဲ့ NFT project “(B)APETAVERSE” အတွက် အပ...
19/11/2022

တစ်ခြား NFT project တွေနည်းတူ.. BAPE A BATHING APE® OFFICIAL ကလည်း သူတို့ထုတ်ထားတဲ့ NFT project “(B)APETAVERSE” အတွက် အပြင်မှာဝတ်လို့ရမယ့် အင်္ကျီတွေထုတ်ပေးလာပါတယ်။

ဒါပေမယ့် အင်္ကျီဒီဇိုင်းက ပွဲစျေးမှာ ပုံရိုက်ပေးလိုက်သလိုဖြစ်နေလို့ လောလောဆယ်တော့အဝေဖန်ခံနေရရှာပါတယ်။

အင်္ကျီရဲ့ ဒီဇိုင်းက NFT ပုံကိုကျောဖက်မှာ လေးထောင့်ကွက်အတိုင်းပဲရိုက်ပေးလိုက်တာဖြစ်ပြီး.. ထူးထူးခြားခြားလည်း ဘာမှတော့မပါပြန်ပါဘူး။

Bape ဟာ 2013 မှာ NIGO ထွက်သွားပြီးကတည်းက.. ဖန်တီးမှုတွေဟာ ပရိသတ်တွေအတွက် သိပ်အားရစရာမရှိတော့သလိုခံစားလာကြရပါတယ်။ အသစ်တွေဖန်တီးဖို့ထက်.. ရှိပြီးသားတွေကိုပဲ ကျမသွားအောင်ထိန်းနေသလိုပါပဲ။ Shark Hoodies တွေ.. Bapesta တွေကို အရောင်စုံ.. ကာလာစုံနဲ့ထုတ်တယ်။ အဲ့လိုထုတ်တာကြာလာပြီဆိုရင်.. တစ်ခြား နာမည်ရပြီးသား brands တွေနဲ့ collab လုပ်ပြီးထုတ်မယ်။ ဒီ flow အတိုင်းပဲသွားနေတာဆိုတော့.. BAPE ဆီကတစ်ခုခုထူးခြားမှုတွေပေါ်လာတာကို မြင်ချင်နေကြတာတော့အမှန်ပါပဲ။

ဒီလပိုင်းအတွင်း Razer နဲ့ collab တာတို့.. Supreme လိုမျိုး လူသုံးပစ္စည်းတွေပိုထုတ်လာတာမျိုးတော့မြင်နေရပေမယ့်.. အရင်လို StockX မှာ Top 5 brands ထဲပြန်ဝင်နိုင်ပါဦးမလားဆိုတာကတော့.. ဆက်စောင့်ကြည့်ရမှာပါပဲ။

Adidas နဲ့ Yeezy လမ်းခွဲတဲ့ကိစ္စက အမှန်တော့ မသေးဘူး။ Sneakers industry အတွက် အပြောင်းအလဲအကြီးကြီးတွေပါဖြစ်လာနိုင်လောက်တယ...
05/11/2022

Adidas နဲ့ Yeezy လမ်းခွဲတဲ့ကိစ္စက အမှန်တော့ မသေးဘူး။ Sneakers industry အတွက် အပြောင်းအလဲအကြီးကြီးတွေပါဖြစ်လာနိုင်လောက်တယ်။

Adidas က Yeezy နဲ့လမ်းခွဲလိုက်တာက သူတို့ရဲ့အမြတ်နည်းနည်း ဆုံးရှုံးရုံကလွဲပြီး ဘာမှဖြစ်မသွားဘူးလို့ပြောနေပေမယ့်… တစ်ကယ်တမ်းချက်ကျလက်ကျထွက်လာတဲ့ နံပါတ်တွေအရ… Adidas ရနေတဲ့ နှစ်စဉ်အမြတ်အားလုံးပေါင်းရဲ့ 40% ကျော်က Yeezy ကလာတယ်။ (Link -1)

Kanye West ဖက်က Adidas က သူ့ design တွေခိုးနေတယ်…လမ်းခွဲမယ် လို့ ဇူလိုင်လလောက်မှာစအသံထွက်လာပြီးနောက်ပိုင်း… Adidas ကုမ္ပဏီရဲ့အကြီးဆုံးရာထူးဖြစ်တဲ့ CEO Kasper Rorsted ကလည်းရာထူးကနှုတ်ထွက်ခဲ့တယ်။ သူ့နေရာကို Puma ရဲ့ CEO ကဝင်မယ်။ (Link-2)

ခန့်မှန်းကြည့်ရသလောက် Kanye (Yeezy) ကိစ္စမှာ ဘုတ်အဖွဲ့ဝင်တွေ နဲ့ CEO ကြားထဲမှာအမြင်မတူတာတွေ တော်တော်များခဲ့မယ်လို့ယူဆလို့ရတယ်။

ဆက်ပြီးဖြစ်လာနိုင်တာတွေကိုစဉ်းစားကြည့်ရင်.. ဖိနပ်လောကမှာ နံပါတ် ၁ နဲ့ ၂ လို့ပြောလို့ရတာက Nike နဲ့ Adidas ပဲ။ ပြိုင်ဖက်တွေဆိုလည်းမမှားဘူး။ Sneakers ကိုမှ Hypewear ဆိုရင်…. Nike ကိုယှဉ်နိုင်တာက Adidas မဟုတ်ဘူး Yeezy ပဲ။ အခု Yeezy ဆိုတာမရှိတော့ဘူးဆိုရင် (Adidas ကတော့ ဆက်ထုတ်ဦးမယ်ပြောနေပေမယ့် အရင်လို ပေမှီဒေါက်မှီ Yeezy မဟုတ်တော့) … YEEZY ဆိုတာမရှိတော့ဘူးဆိုရင်… Adidas အတွက် ငွေရော… brand battle မှာရော ဆုံးရှုံးမှုတွေအများကြီးဖြစ်လာနိုင်တယ်။

Nike အတွက်ကတော့ ဒီအခြေအနေက သူတို့အကြိုက်ပဲ။ ဖိနပ်လောကကို သူတို့စိတ်ကြိုက်ပုံဖော်လို့ရအောင် အခုဆို… resellers တွေကိုပါစပြီးနှိပ်ကွပ်နေပြီ။ သူတို့မကြိုက်တဲ့ resellers တွေဆို မရောင်းပေးတော့ဘူးဆိုပြီးလည်း ကြေငြာထားပြီးပြီ။ အမှန်တော့ စီးပွါးရေးနယ်ပယ်တွေမှာက ပြိုင်ဖက်တွေရှိမှ အဆင်ပြေတာ.. တစ်ယောက်တည်းက အကုန်လက်ဝါးကြီးအုပ်ထားရင်.. ဝယ်သူတွေမှာလည်းရွေးစရာမရှိသလို… ကုမ္ပဏီတွေကလည်း သိပ်ပြီးကောင်းအောင်မကြိုးစားဘဲ အမြတ်ပဲလှိမ့်ယူနေတာမျိုးဖြစ်လာမှာ။ ကျွန်တော်ကတော့ ကျတော်တို့အကြိုက်ဆုံး brand တစ်ခု ဒီလိုဖြစ်သွားတာတော်တော်နှမြောတယ်။ နောက်ပြီး Trust me.. Kanye ကိုထုတ်ပစ်တာ… အခုပြောနေတဲ့ လူမျိုးခွဲခြားလို့ ဘာလို့ဆိုတဲ့အကြောင်းက အဓိကမဟုတ်ဘူး။

အဓိကက တစ်နှစ်ကို ဒေါ်လာ သန်း ၂၀၀ လောက် Kanye ကိုပေးနေရလို့ရယ် (Link 3) .. အဲ့လိုပေးနေရတဲ့ကြားက Kanye ကလည်း ဒီတိုင်းထိုင်ယူမနေဘဲ… ဒီဇိုင်းခိုးတယ်… အတုတွေထုတ်နေတယ်ဆိုတာမျိုးတွေရယ် ပါးစပ်ဖွာလို့ရယ်လို့ပဲထင်တယ်။

အခု အကုန်တစ်ကယ်ဖျက်ပလိုက်တော့.. သူလည်းခွေးဖြစ် ကိုယ်လည်း ဒုက္ခရောက်တွေနဲ့ နှစ်ဖက်လုံးအထိနာကုန်ရော။ ရှေ့လာမယ့်နှစ်တွေက နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်။

Nike ကို hypewear မှာယှဉ်နိုင်ဖို့ Adidas ကအခုလုပ်နေသလို Balenciaga နဲ့ collab ဖိနပ်တွေပဲဆက်ပြီးထုတ်သွားမှာလား? Kanye ရဲ့ မူလပထမ Yeezy ကရော ဘယ်သူနဲ့ထပ်ထွက်လာမလဲ? ပြိုင်ဖက်ကင်းနေတဲ့ Nike ကရော reseller တွေကိုအပျောက်ဖျောက်ပြီး ဖိနပ်လောကကို စိတ်ကြိုက်ပုံဖော်တော့မှာလား?
ဒီမေးခွန်းတွေက လက်ရှိကျွန်တော်တို့လိုဖိနပ်ကြိုက်တဲ့ sneakerhead တွေစကားပြောကြတဲ့အခါ မရိုးရအောင် ခဏခဏပြောဖြစ်နေကြတဲ့အရာတွေပါပဲ။

Link 1: https://www.soleretriever.com/news/articles/40-percent-of-adidas-profit-came-from-yeezy-sneaker-sales-2022

Link 2: https://www.bloomberg.com/news/articles/2022-08-22/adidas-ceo-to-step-down-in-2023-replacement-search-under-way

Link 3: https://www.forbes.com/sites/dereksaul/2022/10/25/adidas-stock-drops-6-as-company-takes-247-million-loss-on-kanye/?sh=75c6b4e24768

လက်ရှိလူငယ်တွေကြားထဲမှာ ရေပန်းအစားဆုံးအင်္ကျီတစ်ထည်ကိုပြပါဆိုရင်… Stüssy ရဲ့ 8 Ball Fleece Jacket ကိုပဲပြရမှာပါ။TikTok မ...
04/11/2022

လက်ရှိလူငယ်တွေကြားထဲမှာ ရေပန်းအစားဆုံးအင်္ကျီတစ်ထည်ကိုပြပါဆိုရင်… Stüssy ရဲ့ 8 Ball Fleece Jacket ကိုပဲပြရမှာပါ။

TikTok မှာ viral ဖြစ်သွားတာကနေစပြီး… ဒီ Stüssy Fleece တွေဟာ… Fashion Trend ကိုရော… TikTok Trend ကိုရော လိုက်မှီချင်တဲ့လူငယ်တွေကြားမှာတော့… must have item တစ်ခုလိုကိုဖြစ်လာနေတာပါ။ Retail စျေး $220 ဆိုပေမယ့်… အခုအချိန်မှာစျေးက အနည်းဆုံး $450 ဖြစ်နေပါပြီ။

ဒီအခြေအနေကိုသိတဲ့ Stüssy က maximum effect ရအောင်… Converse နဲ့ပါ သူ့ရဲ့ 8 Ball ကို collab လုပ်ပြီး ဒီည 11:30 မှာ drop မှာပါ။ ဒီdrop ကို စောင့်နေကြတဲ့သူတွေဟာ အခုဆိုတစ်ကမ္ဘာလုံးမှာ သန်းနဲ့ချီရှိနေပြီလို့လည်းပြောရမှာပါ။

မြန်မာပြည်ကလူငယ်တွေလည်းဒီထဲမှာပါနေတယ်ဆိုတာက ကျွန်တော်တို့ကို 8 Ball Converse ဝယ်သင့်လားဆိုပြီး လာ dm ထားကြတာတွေကြည့်ရုံနဲ့လည်းသိနိုင်ပါတယ်။ ဒီည drop မှာ င်္အကျီတွေအပြင် ဖိနပ် ၂ ရံလည်းပါတယ်လို့သိထားရပါတယ်။

Good Luck.. Guys!
#

ကမ္ဘာကျော် celebrity များနဲ့ …2022 Halloween ဖက်ရှင်။
02/11/2022

ကမ္ဘာကျော် celebrity များနဲ့ …
2022 Halloween ဖက်ရှင်။

28/10/2022

Spatial Labs က အသစ်ထုတ်ဖို့ပြင်ဆင်နေတဲ့ "Light Field” ဆိုတဲ့ metaverse test run နေတာဖြစ်ပါတယ်။

This is insane!🔥

Kanye West ရဲ့ personality ကိုကျွန်တော်တို့တွေတော်တော်လေးသဘောမကျဘူးလို့ရှေ့မှာလည်းပြောခဲ့ကြဖူးတယ်။ ကျွန်တော် သိသလောက် Ka...
26/10/2022

Kanye West ရဲ့ personality ကိုကျွန်တော်တို့တွေတော်တော်လေးသဘောမကျဘူးလို့ရှေ့မှာလည်းပြောခဲ့ကြဖူးတယ်။ ကျွန်တော် သိသလောက် Kanye West ရဲ့ toxic moments တွေကိုပြန်ပြောပြမယ်။

2006 မှာတုန်းက ခရစ်ယာန်တွေရဲ့ ဘုရားသခင် ယေရှုပုံစံမျိုးဝတ်ပြီး.. ခေါင်းမှာလည်း ဆူးခတ်တွေနဲ့ သွေးထွက်နေတဲ့ပုံစံနဲ့ ယေရှုပုံစံဝတ်လို့ ဝေဖန်မှုတွေအခုထက်အဆပေါင်းများစွာကြီးမားခဲ့တယ်။

2007 မှာ MTV ဆု ၅ဆုမှာ ဇကာတင်ပါပြီးတော့.. တစ်ကယ့်တမ်းကျတော့ တစ်ဆုမှမရလို့.. MTV ဆုပေးတဲ့သူတွေကလိမ်နေတာဘာညာ ဆဲဆိုခဲ့ဖူးတယ်။

2008 မှာတုန်းက ပွဲတက်လာတဲ့သူ့ကို ဓါတ်ပုံတွေ video တွေအရမ်းလုရိုက်ဖို့ကြိုးစားတဲ့ paparazzi နဲ့ ထထိုးကြတယ်။

2009 မှာ.. LV နဲ့ collabလုပ်ပြီး sneakers ထုတ်တုန်းက သူ့ကိုယ်သူ အမေရိကရဲ့ အရှိန်အဝါအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မာတင်လူသာကင်းနဲ့ သူ့ကိုယ်သူခိုင်းနှိုင်းပြီး.. “Martin Louis The King. Jr” လို့ပြောလို့.. ဝိုင်းဆဲကြသေးတယ်။

2009 မှာပဲ… အားလုံးသိကြတဲ့ Taylor Swift ကို စင်ပေါ်အထိတက်ဖြဲတယ် အားလုံးရှေ့မှာ။

2018 မှာဆို… အမေရိကရဲ့ အထိအရှအလွယ်ဆုံး topic တစ်ခုဖြစ်တဲ့ လူမဲတွေကို “slavery” “ကျွန်ပြုခိုင်းစေမှု” နဲ့ပတ်သက်ပြီး.. နှစ်ပေါင်း ၄၀၀ လောက်ဖြစ်ခဲ့တာဆိုတော့.. ဒါက အခိုင်းခံချင်လို့ကို ခံခဲ့ကြရတာဆိုပြီးပြောလို့.. ပွဲမှာတင်ကြည့်နေတဲ့သူတွေက ထဆဲကြတာခံခဲ့ရဖူးတယ်။

ဆက်ပြောရရင် အများကြီးမှ အများကြီးပဲ။
ဒါပေမယ့်…
ဒီ ဒါပေမယ့်က အရေးကြီးတယ်။

Adidas က Kanye ဟာ ဒီလိုလူမှန်းသိသိနဲ့ 2015 လောက်မှာသူ့ကိုရွေးချယ်ပြီး သူတို့ အကျိုးအမြတ်အတွက်အလုပ်လုပ်ခဲ့တယ်။ Adidas အတွက် Yeezy က ဝင်ငွေကို ဘီလီယံနဲ့ချီပြီးရစေခဲ့တယ်။ Nike ရဲ့ ပြိုင်ဖက်က Adidas မဟုတ်ဘူး Yeezy လို့ပြောလို့ရတဲ့အထိပဲ။ အခုဖြစ်တဲ့ White Lives Matter အင်္ကျီဝတ်လို့ဆိုတဲ့ ကိစ္စထက် အဆပေါင်းများစွာဆိုးတဲ့ကိစ္စတွေဖြစ်ခဲ့တယ်။

သေချာစဉ်းစားကြည့်ရင်… အခုအချိန်မှာ စာချုပ်ဖျက်မယ်စပြောတာက Kanye West… သူ့ design တွေကို Adidas ကခိုးတာလည်း အမှန်ပဲ။ Adidas ဖက်ကအခုဒီစာမထုတ်ခင်လေးတင် ၂ရက်လောက်ကတင်.. Balenciaga ရော Adidas ရော Kanye West ရောပါတဲ့ ညှိနိုင်းဆွေးနွေးပွဲကို.. လူ ၅ ယောက် ထိုင်ပြီးလုပ်ခဲ့ကြတယ်။ အဆင်ပြေတဲ့ပုံမပေါ်ဘူး။ ညှိလို့မရတဲ့အဆုံးမှ စာချုပ်ဖျက်သိမ်းဖို့ သတင်းထုတ်တာ။

စီးပွါးရေးသမားတွေက.. စီးပွါးရေးအတွက်ပဲကြည့်တာ။ ရသလောက်လည်း ညှိိတယ်။ ညှိလို့မရလို့ စာချုပ်ဖျက်လည်းဖျက်ရရော.. Kanye West က racist ဖြစ်လို့… လူမှုစံနှုန်းတွေမထိန်းလို့ဆိုပြီး… သူတို့ နာမည်ကောင်းမရရအောင် ပုံစံဖမ်းရော။ ပေးရမယ့် ပိုက်ဆံတွေလည်းမပေးတော့ဘူးဆိုပဲ။ အဲ့ဒါကြီးကိုတော့… တော်တော်ချဉ်တယ်။

25/10/2022

Prada ရဲ့ အပူချိန်အပြောင်းလဲတိုင်း design ပြောင်းလဲစေမယ့်... $2580 တန် puffer jacket ဖြစ်ပါတယ်။

NFT တွေရဲ့ Total Sales Volume သတ်မှတ်ချက်အရ.. ကမ္ဘာ့အဆင့် ၁ က မျောက်ပုံကြီးတွေမဟုတ်သလို…RTFKT ရဲ့ CloneX လည်းမဟုတ်ပါဘူး။...
21/10/2022

NFT တွေရဲ့ Total Sales Volume သတ်မှတ်ချက်အရ.. ကမ္ဘာ့အဆင့် ၁ က မျောက်ပုံကြီးတွေမဟုတ်သလို…RTFKT ရဲ့ CloneX လည်းမဟုတ်ပါဘူး။

Lewis Hamilton x Takashi Murakami 村上隆တစ်ကယ့် ကမ္ဘာကျော် ၂ ယောက်ရဲ့ ထိပ်တန်း collab တစ်ခုတော့ထပ်ထွက်လာပြန်ပါတယ်။ F1 လို ပ...
06/10/2022

Lewis Hamilton x Takashi Murakami 村上隆

တစ်ကယ့် ကမ္ဘာကျော် ၂ ယောက်ရဲ့ ထိပ်တန်း collab တစ်ခုတော့ထပ်ထွက်လာပြန်ပါတယ်။

F1 လို ပြိုင်ကားလောကရဲ့ ပြိုင်ဖက်ကင်း နံပါတ် ၁ ဖြစ်တဲ့ Lewis Hamilton နဲ့ … Digital Art လောကမှာ နာမည်ကြီး မူရာကာမိရဲ့ limited edition collaboration ကတော့ထွက်လာပြီဖြစ်ပါတယ်။

03/10/2022

Oct 4 မှာထွက်မယ့် အရံ ၂၀၀ ပဲထုတ်မယ့် Crocs x Steven Harrington collaboration clog ဖြစ်ပါတယ်။
Retail စျေး $70 ထဲနဲ့ဝယ်လို့ရမှာဖြစ်ပြီး..Footlocker ဆိုင်တွေမှာပဲဝယ်လို့ရမယ်လို့ ကနဦးသိထားရပါတယ်။

03/10/2022

မသိလိုက်ကြမှာစိုးလို့… Elon Musk က သူတို့ Tesla ရဲ့နောက်ဆုံးပေါ် AI စက်ရုပ် “Optimus” ကိုလာမယ့် 3-5 years အတွင်း $20000 အောက်နဲ့ ရောင်းချပေးနိုင်တော့မယ်လို့ သောကြာနေ့က ကြေငြာလိုက်ပါပြီ။

အောက် video ထဲမှာက စက်ရုပ်အပေါ်ကို ဘာမှမအုပ်ထားတာပါ။ အပေါ်မှာ ဝတ်စုံတပ်ပေးဦးမှာဆိုတော့.. ဝတ်စုံတပ်လိုက်ရင်.. ကျတော်တို့ကြည့်နေကြ sci-fi ရုပ်ရှင်တွေထဲကအတိုင်းလာတော့မှာပါ။

Video: Tesla

02/10/2022

This is 🔥!
မနေ့က Coperni ရဲ့ပွဲမှာ Bella Hadid ကို special paint သုံးပြီး dress ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

Video: coperni

Have a great Saturday..single fris!
01/10/2022

Have a great Saturday..single fris!

29/09/2022

$20 နဲ့ထုတ်မယ်ဆိုပြီး Kanye West ကြွေးကြော်ခဲ့တဲ့ YZY SHDZ မျက်မှန်ကတော့... official မထွက်ခင်မှာပဲ ဒီဇိုင်းအခိုးခံလိုက်ရပါပြီ။
Instagram ပေါ်မှာ followers ၉သိန်းလောက်ရှိတဲ့ လူသိများတဲ့ brand တစ်ခုဖြစ်တဲ့ Market က YZY SHDZ အတိုင်း တစ်ထေရာတည်းတူနေတဲ့ မျက်မှန်တွေကိုထုတ်လာခဲ့ပါတယ်။

ဘဝမှာ စိတ်ညစ်စရာတွေများလာရင်... မိန်းမနဲ့လည်းကွဲ.. ကွဲတဲ့မိန်းမကလည်း ကိုယ့်ထက်ငယ်တဲ့ကောင်နဲ့သာယာပြ... အလုပ်ကိစ္စ Brand Deal တွေနဲ့လည်း အကုန်ပြသနာတက်တဲ့အပြင်... မထုတ်ရသေးတဲ့ product design ပါအခိုးခံရတဲ့ Kanye West ကိုသတိရလိုက်ပါ။ 🌝

have a nice day.. pals!

မြန်မာ့ရိုးရာ ခြေညှပ်ဖိနပ်ကိုသာ တမြတ်တနိုးဝတ်ဆင်လေ့ရှိတဲ့.. ကိုကန်းညေးဝက်စ် အား.. မနေ့က BURBERRY SS23 ပွဲမှာတွေ့ရစဉ်..။ ...
27/09/2022

မြန်မာ့ရိုးရာ ခြေညှပ်ဖိနပ်ကိုသာ တမြတ်တနိုးဝတ်ဆင်လေ့ရှိတဲ့.. ကိုကန်းညေးဝက်စ် အား.. မနေ့က BURBERRY SS23 ပွဲမှာတွေ့ရစဉ်..။

26/09/2022

This is how customized sneakers should be!!
Dope af! 🔥🔥
video: custombyshelly instagram

Slang of the day: ASIAN BABY GIRL (ABG)ABG girl ဆိုတာ.. ဒီဇိုင်းခပ်မိုက်မိုက်နဲ့ အာရှသူမိန်းကလေးတွေကို ခေါ်လေ့ရှိတဲ့စကား...
24/09/2022

Slang of the day: ASIAN BABY GIRL (ABG)

ABG girl ဆိုတာ.. ဒီဇိုင်းခပ်မိုက်မိုက်နဲ့ အာရှသူမိန်းကလေးတွေကို ခေါ်လေ့ရှိတဲ့စကားလုံးပါ… 2020 နောက်ပိုင်းတော်တော်လေးကိုခေတ်စားလာတဲ့ Internet Slang ဖြစ်ပြီး အခု 2022 မှာ တစ်ကျော့ပြန်ရောက်လာနေပါတယ်။
ABG girl တွေရဲ့ အဓိက သင်္ကေတတွေက.. ခန္ဓာကိုယ်နေရာတော်တော်များများမှာ တက်တူးတွေရှိမယ်။ Bubble Tea ကိုလက်မှာအမြဲကိုင်ထားတယ်။ Revealing အရမ်းများတဲ့ အဝတ်တွေပဲဝတ်တယ်။ Party တွေ Club တွေ အရမ်းတက်လေ့ရှိတယ်။ နောက် Excessive make up style တွေလိမ်းချယ်လေ့ရှိတဲ့… အာရှသူတွေကိုခေါ်လေ့ရှိတဲ့စကားလုံးတစ်ခုပါပဲ။ Asian Baby Gangster လို့လည်းခေါ်လေ့ရှိပါသေးတယ်။

Photo: Google
-Ellie

What is SneakerCon?SneakerCon ဆိုတာ ဖိနပ်သမား sneakerhead တွေအတွက်ကမ္ဘာပေါ်မှာအကြီးဆုံးပွဲတစ်ခုပါပဲ။ ဒီပွဲမှာ.. ဖိနပ်တွေ...
24/09/2022

What is SneakerCon?

SneakerCon ဆိုတာ ဖိနပ်သမား sneakerhead တွေအတွက်ကမ္ဘာပေါ်မှာအကြီးဆုံးပွဲတစ်ခုပါပဲ။ ဒီပွဲမှာ.. ဖိနပ်တွေရောင်းကြတယ်။ ဝယ်ကြတယ်။ Trade ကြတယ်။

ဒီပွဲက အခမဲ့တက်လို့ရတဲ့ပွဲမဟုတ်ဘဲ.. ပွဲတက်ဖို့အတွက် လက်မှတ်ဝယ်ပြီးမှသာ ဝင်ခွင့်ရမှာပါ။ လက်မှတ်စျေးတွေက $10-$30 လောက်အထိ ရှိတတ်ပြီး.. မနက်ဖြန် Phoenix မှာလုပ်မယ့်ပွဲရဲ့ လက်မှတ်စျေးကတော့ $20 ဖြစ်နေပါတယ်။

SneakerCon မှာ ကမ္ဘာပေါ်မှာအရမ်းရှားပါတယ်ဆိုတဲ့ ဖိနပ်တွေပါတွေ့ရလေ့ရှိပြီး…. ဒီထဲမှာ fake တွေလည်း ပါနေတတ်ပြန်ပါတယ်။
ကောင်းတာတစ်ခုက SneakerCon မှာ legit check counter ရှိပြီး.. တစ်ခုခုမသင်္ကာတာနဲ့ Legit check တန်းလုပ်လို့ရပါတယ်။ ဒီ legit check စစ်ဆေးမှုကို passed ဖြစ်သွားတဲ့ ဖိနပ်တွေအားလုံးကိုလည်း SneakerCon Authenticator Tag အမဲလေးတပ်ပေးပါတယ်။ ဒီ Tag ကို NFC နည်းပညာနဲ့လုပ်ထားတာဖြစ်လို့.. ကိုယ်ဖုန်းနဲ့ ဒီ tag ကိုထိလိုက်တာနဲ့.. ဒီ tag က အစစ်အမှန် ဟုတ်မဟုတ် တန်းပေါ်ပြီး… ဖိနပ်ကလည်း အစစ်ဟုတ်မဟုတ် တန်းပေါ်ပါတယ်။ 2020 မှာတော့… ဒီနည်းပညာကို eBay က ဝယ်ယူလိုက်ပြီး… ဖိနပ်လောကထဲက StockX နဲ့ GOAT တို့ကို eBay က ယှဉ်ပြိုင်လာခဲ့ပါတယ်။

2009 ကတည်းက စခဲ့တဲ့ SneakerCon ပွဲတွေဟာ အစဉ်အလာကြီးမားသလို… လုံခြုံရေးကလည်း တော်တော်ကို strong လေ့ရှိပါတယ်။ Fake seller တွေတွေ့တာနဲ့ ပွဲထဲကတန်းထုတ်တဲ့အထိအရေးယူမှုတွေလည်း ရှိနေဆဲပါပဲ။

ကမ္ဘာ့မြို့ကြီးပေါင်း ၄၀ ကျော်မှာ ခမ်းခမ်းနားနားကျင်းပခဲ့တဲ့.. ဒီပွဲတွေဟာ.. ဒီလရော.. နောက်လထဲမှာပါ America မှာ ကျင်းပဦးမှာပါ။ မြန်မာနိုင်ငံမှာရောလို့တော့မမေးကြေး။

Photos: SneakerCon
-Kelvin

Address


Alerts

Be the first to know and let us send you an email when Jimmywhotalks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jimmywhotalks:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share