12/09/2021
ပလက်ဝမြို့နယ် ဘာသာေရးဂိုဏ်းပေါင်းစုံအသင်းများကို စစ်ကောင်စီကထောက်ပံ့ေငွပေး
_______________________________________
September 12, 2021
ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့က ပလက်ဝမြို့နယ် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တပါးကို ကျပ် ၁၈၀၀၀ ထောက်ပံ့တဲ့ငွေကို စက်တင်ဘာ ၁၁ ရက် ညနေ ၂ နာရီခွဲတွင် ပလက်ဝနှစ်ခြင်းဘုရားကျောင်းမှာ ပလက်ဝခရစ်ယာန်အသင်းတော်များကောင်စီနဲ့ ပလက်ဝ ဧဝံဂေလိမဟာမိတ်အဖွဲ့တို့ကလက်ခံလိုက်တယ်လို့သတင်းရရှိပါတယ်။
ပလက်ဝ ခရစ်ယာန်အသင်း တော်များကောင်စီဥက္ကဌ ဆရာတော်ထိန်ဘေးက “ဟိုတနေ့က ဂိုဏ်းပေါင်းစုံအမှုတော်ဆောင်အားလုံး အစည်းအဝေးထိုင်တယ်။ အဲ့ဒါကို ပလက်ဝထွေအုပ်ရုံးမှာ စာတင်တယ်။ ချင်းပြည်နယ်အစိုးရအနေနဲ့ ပလက်ဝမြို့အမှုတော်ဆောင်တွေကူညီတာအရမ်းကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် လက်ရှိပလက်ဝမြို့ပေါ်မှာ ကိုဗစ်နဲ့ဖြစ်ဖြစ် ကျနော်တို့ သင်းအုပ်ဆရာတွေထက် အခြားခက်ခဲတဲ့ပြည်သူတွေရှိတော့ သူတို့အတွက်လှူဒါန်းရင်ကောင်းမယ်လို့စာတင်တယ်။ သူတို့က ရုံးမှာပြန်ခေါ်တယ်။ လက်ခံဖို့ပြောတော့ ဒီနေ့ လက်ခံပေးလိုက်တယ်။ ပလက်ဝကလည်း တခြားနယ်နဲ့မတူတော့ အများကြီးစဉ်းစားရတယ်။ အခြေအနေအရလက်ခံပေးတာဖြစ်တယ်။ လက်ခံတဲ့အလှူငွေအားလုံးတခြားနေရာမှာပြန်လှူဖို့စီစဉ်ထားတယ်။ နောက်ပတ် တနင်္လာနေ့ ဒါမှမဟုတ် အင်္ဂါနေ့မှာ ကိုဗစ်စင်တာမှာ အောက်ဆီဂျင်အတွက်လာအခမ်းအနားနဲ့ပြန်လှူဖို့စီစဉ်ထားတယ်။ ငွေသားအပြင် ဆန်၊ ဆီ၊ ဆား၊ ပဲတွေလည်းပါတယ်။ အရေအတွက်တော့မသိလိုက်ဘူး” လို့ပြောပါတယ်။
စစ်ကောင်စီဟာ ပလက်ဝမြို့နယ်က ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ၃၁၀ ပါးအတွက် ၅၅၈,၀၀၀ ကျပ်ပေးအပ်လှူဒါန်းခဲ့
ကြောင်းသိရသည်။
Credit to Zalen Media
Community Media