GG Gaming

GG Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GG Gaming, Gaming Video Creator, .

💢 ကျွန်တော်တို့ရဲ့ မြန်မာကိုယ်စားပြု M2 သွားရောက်ယှဉ်ပြိုင်တဲ့ Burmese Ghouls အသင်း Champion ဆုနှင့်တကွ ပျော်ရွှင်စွာပြန...
27/12/2020

💢 ကျွန်တော်တို့ရဲ့ မြန်မာကိုယ်စားပြု M2 သွားရောက်ယှ
ဉ်ပြိုင်တဲ့ Burmese Ghouls အသင်း Champion ဆုနှင့်
တကွ ပျော်ရွှင်စွာပြန်လာနိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်...🇲🇲🏆🇲🇲

Wild Rift!!! 🎲ပထမဦးဆုံးအနေနဲ့  League of Legends: Wild Rift ရဲ့ basic concept တွေအကြောင်းပြောပြချင်ပါတယ်// ROLES AND LAN...
25/11/2020

Wild Rift!!! 🎲

ပထမဦးဆုံးအနေနဲ့ League of Legends: Wild Rift ရဲ့ basic concept တွေအကြောင်းပြောပြချင်ပါတယ်

// ROLES AND LANES

League of Legends PC version မှာ အောက်မှာပြောထားတဲ့ Role တွေပါရှိပါတယ်။ Wild Rift ရဲ့ကြေညာချက်တွေအရ မြေပုံက နှစ်ဖက်လုံးတူတူပဲ ဖြစ်မယ်ဆိုတော့ ဘယ်လမ်းကိုဘယ်လို Champion တွေထိန်းရမယ်ဆိုတာ အနည်းငယ်တော့ပြောင်းလဲနိုင်ပါတယ်။ အထူးသဖြင့် အပေါ်လမ်းနဲ့ အောက်လမ်းပေါ့။

မြေပုံက နှစ်ဖက်လုံးတူတူပဲဆိုတော့ Red Team ပဲဖြစ်ဖြစ် Blue Team ပဲဖြစ်ဖြစ် ပုံမှန်ဒီဘက် တစ်ဖက်ထဲကပဲဆော့ရမှာဆိုတော့ ကိစ္စသိပ်မရှိပါဘူး။ (MLBB တို့ AoV တို့လိုပါပဲ)

* Top Lane, WR မှာတော့ Baron Lane လို့ခေါ်ပါတယ်(Baron ရှိတဲ့ lane မို့ပါ): Offlane 1 vs 1 ထိန်းရမယ့် lane ပါ။ melee champion တွေအများအားဖြင့် အဆင်ပြေပါတယ်

* Jungle: ဒါကတော့ရှင်းပါတယ်။ Jungle champion တွေ farm ရမယ့်နေရာပါ။ ဒါပေမယ့် Jungle Champion တွေပဲသီးသန့် farm မယ် Gank ပေးမယ် Lane push တာတွေလုပ်ရပါမယ်။ တစ်ခြား MOBA တွေလို ADC ‌တွေ Offlane champ တွေ‌တောဖို့အဆင်မ‌ပြေပါဘူး။

* Mid Lane: 1v1 ပဲထိန်းရပါတယ်။ mages တွေအများအားဖြင့်သွားကြပါတယ်။ ဒါပေမယ့် တစ်ခြား mid champion တွေလည်းရှိပါသေးတယ်။

* Bottom lane (PC) / Dragon Lane (WR) (Dragon ရှိတဲ့ lane မို့ပါ): မှာကတော့ Ranged ADC တွေက ‌support တစ်ယောက်နဲ့ သွားထိန်းရပါတယ်

* Support: သူ့ရဲ့ role ကတော့ ADC ကိုကြမ်းအောင် ကူညီပေးရပါတယ်။ last hits တွေမယူမိဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ Crowd Control ကောင်းကောင်းရှိတဲ့ Champion တွေက အဆင်အပြေဆုံးပါပဲ။

// OBJECTIVES

League of Legends: Wild Rift မှာ မြေပုံက နှစ်ဖက်လုံးတူတူပဲဆိုတော့ မြစ်ထဲမှာ နေရာနှစ်ခုရှိပါမယ်။ Wild Rift က ဂိမ်းကို အချိန်သိပ်မကြာအောင် လုပ်ထားတာဆိုတော့ အချိန်တွေကတော့ PC နဲ့တူချင်မှ တူပါလိမ့်မယ်။

* Rift Herald – 4 မိနစ်လောက်မှာထွက်ပါတယ်။ သူ့ကိုသတ်လိုက်မယ်ဆိုရင်တော့ Artifact တစ်ခုကျပါမယ်။ အဲ့ဒီ Artifact ကိုကောက်လိုက်တဲ့သူက အကောင်တစ်ကောင်ထုတ်လို့ရပြီး Lane push လို့ရပါတယ်။ 10 မိနစ်ကျော်သွားရင်တော့ Rift Herald ကနေ Baron အဖြစ် ပြောင်းသွားပါမယ်။

* Baron – သူ့ကို သတ်လိုက်ရင်တော့ Team Gold နဲ့ Buff ရမယ်။ Buff က အနားမှာရှိတဲ့ minion(creep) buff ပေးတာဖြစ်ပြီး Game ကို end ဖို့အတွက် တော်တော်လေးအသုံးဝင်ပါတယ်။

* Dragon – သူကလည်း 4 မိနစ်လောက်ဆိုထွက်ပါတယ်။ Dragon က Elemental Drake လေးမျိုးရှိပါတယ်။ ပေါ်တာကတော့ Random ပါပဲ။ သူ့ကိုသတမလိုက်ရင် 5 မိနစ်ကြာရင်ပြန်ပေါ်ပါတယ်။ သူ့ကိုသတ်လိုက်ရင် သူ့ရဲ့ Type အပေါ်မူတည်ပြီး permanent buff ပေးပါတယ်။ တစ်ယောက်ထဲက သုံးကြိမ်အထိ ယူလို့ရပါတယ်။ နာရီဝက်လောက်ကြာရင်တော့ Elder Dragon အဖြစ်ပြောင်းသွားပါတယ်။ Elder Dragon ကိုသတ်ရင် ကိုယ့် Team က elemental drake ဘယ်လောက်သတ်ထားလဲအပေါ်မူတည်ပြီး big boost တွေ additional buff တွေ ရပါမယ်။

Note: Buffs တွေ Objectives တွေ အချိန်တွေကတော့ Wild Rift မှာ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။

// KEY DIFFERENCES BETWEEN OTHER MOBA AND LEAGUE OF LEGENDS

* LoL skins တွေက ဘာမှ stats တွေထပ်မပေါင်းပေးပါဘူး။ အလှသက်သက်ပါပဲ။ ပြီးတော့ Champion အကုန်လုံးနီးပါးနဲ့ ကြမ်းပြီး carry ပေးလို့ရပါတယ်။

* ဘယ် Role က ဘယ်လမ်းကိုသွားရမယ်ဆိုတာ တွေက အတိအကျလိုက်နာရပါတယ်။ ဥပမာ ADC က Jungle item တွေနဲ့ တောတိုးနေလို့ အသုံးမ၀င်ပါဘူး။

* Characters တွေကို Heros လို့မခေါ်ပဲ Champions လိုခေါ်ပါတယ်။

* Runes တွေ Summoner spell တွေ အကုန်လုံးက 100% free ပါပဲ။ ပြီးတော့ အစပိုင်းမှာထဲက တော်တော်များများက Unlock ဖြစ်ပါတယ်။ ( Rune ဆိုတာ MLBB က emblem တွေလိုပါပဲ)

* Runes တွေအတွက် keystone တစ်ခု‌ရွေးရမယ်။ အဲ့ဒီ keystone တစ်ခုမှာ unique ability တစ်ခုနဲ့ small buff 3 ခုဆီပါပါမယ်။

* LOL champions တွေ‌တော်‌တော်များများက ကျွမ်းကျင်ရင် အရမ်းကြမ်းကြပါတယ်။ ဥပမာ Katarnia ဆို Kill နည်းနည်းရပြီးတာနဲ့ 1v5 ချလို့ရတဲ့ champion မျိုးပါ။

ကျွမ်းကျင်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?

ကျွမ်းကျင်တယ်ဆိုတာ Champion တစ်ယောက်တဲ့ လုပ်နိုင်တဲ့ပမာဏ ဘယ်လောက်ထိ ကြမ်းနိုင်တယ်ဆိုတာမျိုးကို အဆုံးထိကို နားလည်ပြီး အဲ့ဒီအတိုင်းလိုက်လုပ်နိုင်တာမျိုးကိုပြောတာပါ။ ကိုင်ရခက်တဲ့ champion တစ်ကောင်ကို ကိုင်ထားပေမယ့် သူ့ကိုကျွမ်းကျွမ်းကျင်ကျင်နားလည်ပြီး pertect နီးပါးကိုင်တတ်ရင် 1v5 လောက်ကတော့ အေးဆေးပါပဲ။

* Last-hitting က အရမ်းအရေးကြီးပါတယ်။ last hit ယူနိုင်ရင် Gold ပိုရပါတယ်။ last hit မယူရင် Gold ရမရကတော့ မသေချာသေးပါဘူး။

* Turrets တွေ Nexus တွေက ပိုပြီးကြမ်းပါတယ်။

* LoL မှာ Jingler တွေကလွဲပြီး တစ်ခြား champion တွေမှာ Jungle creep တွေစားနိုင်ဖို့ တော်တော်ခက်ပါတယ်။Jungler ကလွဲပြီး တစ်ခြား champion တွေ Jungle တိုးဖို့ လုံးဝမသင့်တော်ပါဘူး။

* Dark area တွေ ward တွေပါပါတယ်။

* Fog of war ပါတဲ့အတွက် Vision range က အရေးကြီးပါတယ်။

// DIFFERENCES BETWEEN LEAGUE OF LEGENDS (PC) AND LEAGUE OF LEGENDS: WILD RIFT (LOL MOBILE)

* Map က ဟိုဘက် ဒီဘက် တူပါတယ်

* Lesser champions (~40 instead of ~140)

* Lesser skins

* ပွဲချိန်က တိုပါတယ်

* Inhibitors တွေမပါတော့ပါဘူး။ ပြန်ထွက်နိုင်တဲ့ အဆောက်အဦးတွေရှိပါတယ်။ သူတို့ကိုချိုးလိုက်ရင် အရမ်းကြမ်းတဲ့ minion တွေ enemy team က ခနထွက်လာပါတယ်။ အဲ့တာတွေမပါတော့ပဲနဲ့ အဲ့လို ability ရှိတဲ့ turret တွေ ပါလာပါမယ်။ ဒါပေမယ့် ပြန်တော့ မထွက်ပါဘူး အဲ့ turret တွေက။

* Vision system ကိုလည်း ရိုးရိုးရှင်းရှင်းလုပ်ထားပါတယ်။

* တစ်ချို့ Champs တွေက mobile နဲ့အဆင်ပြေဖို့အတွက် ပြောင်းလဲထားပါလိမ့်မယ်။

* Ranking system လည်း ပြောင်းလဲနိုင်ပါတယ်။

* The graphics/UI တွေလည်း အများကြီး ပြောင်းလဲနိုင်ပါတယ်။

// IN-GAME FEATURE LIST OF LOL WILD RIFT

* Guilds တွေပါပြီးတော့ reward ရနိုင်မယ့် Daily & Weekly quests တွေပါပါမယ်။

* Item တွေကို Fountain ထဲမှာပဲ ၀ယ်လို့ရပါမယ်။

* Dragons buff တွေလည်း ပြောင်းပါမယ်:

- Ocean drake က Life Steal/ Spell Vamp ပေးပါမယ်
- Earth drake က Shield ပေးပါမယ်
- Air drake – ????
- Infernal drake က additional Damage ပေးပါမယ်

* Herald/Baron တွေပါပါမယ်။ Baron က ၁၀ နမိနစ်လောက်မှာထွက်ပါမယ်။ PC ကအတိုင်းပဲ buff ပေးပါမယ်။

* Boots က active item ဖြစ်ပြီး သုံးလိုက်ရင် speed ကိုမြန်ပါမယ်။

* Runes တွေက အရိုးရှင်းဆူံဖြစ်အောင်လုပ်ထားပါတယ်။ (e.g., Electrecute/Ferocious/Spirit Guard)

* PC မှ မပါတဲ့ item အသစ်တွေထပ်ထည့်ထားပါတယ်။ (e.g., Harmonious Melody, Vow Protection)

* Summoner spells ၂ ခုလုံးပါပါမယ်။ အသစ်တော့မပါပါဘူး။

* Game time က တစ်ပွဲကို 15-20 မိနစ်လောက်ပဲကြာပါမယ်။

* Wards တွေက map ထဲမှာ ထောင်ထားပြီးသားပါ။ ward ပေါ် 1.5 second ရပ်လိုက်ရုံနဲ့ activate ဖြစ်ပါတယ်။

* Skillshots တွေက မြေပုံပိုသေးသွားတဲ့အတွက် range ပိုရှည်သွားသလို ထင်ရပါတယ်။

* Champion kits တွေက PC ကအတိုင်းပဲဆိုပေမယ့် တစ်ချို့ကိုတော့ Mobile နဲ့အဆင်ပြေအောင် ပြောင်းပေူထားပါတယ်။ (e.g., Vayne’s silver bolts က active ဖြစ်သွားပါတယ်, Ashe ult က control လုပ်လို့ရပါမယ်, Orianna’s shield က allied target ကိုချိန်သူံလို့ရပါမယ်)

* The plants တွေကို additional HP အဖြစ်သုံးလို့ရပါမယ်။

- Honeyfruit တွေက towers နားမှာရှိပါမယ်
- Scrying Bloom က raptors/blue buff area နားမှာရှိပါမယ်
- Blast cone – ???

* Max level က 15 ဖြစ်ပြီးတော့ ultimate ကို level 5 မှာရပါမယ်။

* သေသွားရင် auto-spectate mode ကိုရောက်သွားပါမယ်။ မြေပုံကို လိုက်ထောက်ကြည့်စရာမလိုတော့ဘူးပေါ့။

* Runes တွေကိုလည်း ရိုးရိုးရှင်းရှင်းလုပ်ပေးထားပါတယ်။ PC မှာဆို Secondary rune ကို main line ကအတိုင်းပဲရွေးရပါတယ်။ Mobile မှာတော့ ကိုယ်ကြိုက်တာကိုယ်ရွေးလို့ရပါတယ်။

* Attack button ကိုဖိထားပြီး ‌aim ကိုချိန်လို့ရပါတယ်။

---
References: Reddit, Shurkou, Yikez, Riku, Suzzysaur.

Crd.

Address


Website

Alerts

Be the first to know and let us send you an email when GG Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share