We Love Myawady

  • Home
  • We Love Myawady

We Love Myawady Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love Myawady, Media, .

08/11/2021
မြဝတီမှ ရခိုင်ပြည်နယ်နေရပ်ပြန်များအား တင်ဆောင်လာသည့် မှန်လုံယာဥ်တစ်စီး အာရှလမ်းမကြီး နတ်စင်ကွေ့ နေရာ၌ တိမ်းမှောက်ကော့ကရိ...
13/10/2021

မြဝတီမှ ရခိုင်ပြည်နယ်နေရပ်ပြန်များအား တင်ဆောင်လာသည့် မှန်လုံယာဥ်တစ်စီး အာရှလမ်းမကြီး နတ်စင်ကွေ့ နေရာ၌ တိမ်းမှောက်
ကော့ကရိတ် အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ် - မြဝတီအာရှလမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄နှင့် ၁၅၅အကြား နတ်စင်ကွေ့နေရာ၌ ယနေ့ နေ့လည် ၁၂နာရီခွဲအချိန်က မြဝတီမှ ရခိုင်ပြည်နယ်နေရပ်ပြန်များအား တင်ဆောင်လာသည့် မှန်လုံယာဥ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မြဝတီမြို့မှ ကော့ကရိတ်မြို့ဘက်သို့ ယာဥ်မောင်း မြင့်မြတ်ငြိမ်း ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင် လာ ပြီး ရခိုင်ပြည်နယ်နေရပ်ပြန် (၂၂)ဦးတို့အား တင်ဆောင်လာသည့် ယာဥ်အမှတ် YGN 2D/5443 HYUNDAI အမျိုးအစား အနီရောင်မှန်လုံယာဥ်သည် အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄နှင့် ၁၅၅အကြား နတ်စင်ကွေ့အရောက်တွင် အရှိန်လွန်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ ယာဥ် မောင်း မြင့်မြတ်ငြိမ်းမှာ မေးစေ့ပေါက်ပြဲ၊ ယာလက်မောင်းပေါက်ပြဲ (မစိုးရိမ်ရ) ၊ တောင်ဒဂုံမြို့နေသူ ယာဥ်နောက်လိုက် ဝေလင်းနိုင်မှာ ဆီးခုံနာကျင်၊ ယာလက်မကွဲဒဏ်ရာရ(မစိုးရိမ်ရ) ၊ တောင်ကုတ်မြို့ မီးချောင်းလူရွာနေသူ ဦးလင်းအောင် မှာ ယာလက်ကောက်ဝတ်ပြတ်ရှ၊ ယာနံပွန်းပဲ့နာကျင်ဒဏ်ရာ (မစိုးရိမ်ရ) ၊ ကော့မှူးမြို့နယ် ကြာကန်ကျေးရွာနေသူ ဦးစိုးနိုင်မှာ ယာလက်ဖျံပြတ်ရှ၊ ဝဲလက်မောင်းပွန်းပဲ့ (မစိုးရိမ်ရ) ၊ မြောက်ဦးမြို့နယ် စေတီတောင်ရွာနေသူ မဦးနွယ်ဆန်း မှာ ယာနားပေါက်ပြဲ၊ ပါးပေါက်ပြဲ၊ နှုတ်ခမ်းပေါ်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ၊ ဟိန်းဝင်းဇော် (၄)လသားမှာ ယာဦးခေါင်းပွန်းပဲ့၊ ယာခါးပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ၊ ကျောက်တော်မြို့နယ်၊ သံဂနိုင်ရွာနေသူ ဦးအောင်ချေမှာ ယာလက်မောင်းပြတ်ရှ၊ ယာလက်ဖျံပေါက်ပြဲ၊ ယာလက်ခုံပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ၊ မသန်းညွှန်စိမ် မှာ ဦးခေါင်းနာကျင်၊ ဝဲလက်နာကျင်ဒဏ်ရာ (မစိုးရိမ်ရ) ၊ မင်းပြားမြို့နယ် ထောက်ရှည်ရွာနေသာ မဦးဝေမမှာ ယာမျက် ခုံးပေါက်ပြဲ၊ ယာပါးပေါက်ပြဲ၊ ယာလက်မောင်းပေါက်ပြဲ၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ၊ မန်အောင်မြို့နယ် ကွမ်းမြိုင်ကုန်းရွာနေသူ ဦးဘရွှေမှာ နဖူးပေါက်ပြဲ၊ ယာလက်ဖျံပေါက်ပြဲ၊ ယာခြေခုံပေါက်ပြဲ၊ ရင်ဘတ်အောင့်ဒဏ်ရာ (မစိုးရိမ်ရ) ၊ မြောက်ဦးမြို့နယ် ကျားရသေ့ရပ်ကွက်နေသူ ဦးနိုင်မျိုးဝင်မှာ ဝဲနထင်ပေါက်ပြဲ၊ ဦးခေါင်းနောက်စေ့ပေါက် ပြဲ၊ ယာလက်ကောက်ဝတ်ပွန်းပဲ့ (မစိုးရိမ်ရ)ဒဏ်ရာရရှိသူများကို ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ မှု ခံယူလျက်ရှိကြောင်း သိရသည်။ဖြစ်စဥ်နှင့် ပတ်သက်၍ ယာဥ်မဆင်မခြင်မောင်းနှင်သူ မြင့်မြတ်ငြိမ်းအား ကော့က ရိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူရန် ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါယာဥ်တိမ်းမှောက်နေရာသို့ ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ခံနှင့် အသင်းသားများက ကူညီကယ်ဆယ် ရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်

အောက်တိုဘာ ၁၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၇၃ ဦးတွေ့ရှိ၃၄ ဦး ထပ်မံသေဆုံးwww.mohs....
13/10/2021

အောက်တိုဘာ ၁၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၇၃ ဦးတွေ့ရှိ
၃၄ ဦး ထပ်မံသေဆုံး
www.mohs.gov.mm
#မြန်မာဒစ်ဂျစ်တယ်သတင်းများ

ပြည်သူသို့ မေတ္တာရပ်ခံချက်
13/10/2021

ပြည်သူသို့ မေတ္တာရပ်ခံချက်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac COVID-19 ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနာ...
13/10/2021

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac COVID-19 ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၃

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး (၂)သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေး (၁)သန်းနှင့် ဆေးထိုးအပ် (၁,၀၀၁,၆၀၀) တို့သည် ဒေသစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် Air China လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေ‌ဆိပ်သို့ ရောက်ရှိလာရာ လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ‌ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ရှေးဦးစွာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ ယခုအခါတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ Vaccine ထိုးနှံရန်သတ်မှတ်ထားသော ဦးတည်အုပ်စု အသီးသီးကို ကာကွယ်ဆေး ထိုးနှံနေပြီ ဖြစ်ပါသဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါထိန်းချုပ်ရေး၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ မြှင့်တင်ရေးကို အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းသည့် ကာကွယ်ဆေးများသည် မြန်မာနိုင်ငံရှိ ကျောင်းသား လူငယ်များအား ထိုးနှံပေးမည်ဟု သိရှိရပါသဖြင့် မြန်မာနိုင်ငံ၏ ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရန်အတွက် အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ကိုဗစ်-၁၉ ကုသရေးစင်တာ တည်ဆောက်ရေး အစရှိသည်တို့တွင် ပူးပေါင်းလုပ်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ စဉ်ဆက်မပြတ် ဖော်ဆောင်နေသော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်ခြင်းနှင့် ဝယ်ယူခြင်းများတွင် အကူအညီပေးခြင်းအပြင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်မှ မြန်မာနိုင်ငံတွင် ကာကွယ်ဆေး အရည်ဖြည့်ထုပ်ပိုးပြီး ပူးပေါင်းထုတ်လုပ်ရန်လည်း ဆွေးနွေးညှိနှိုင်းလျက် ရှိပါကြောင်းနှင့် ကောင်းမွန်တဲ့ရလဒ် ရရှိနိုင်ဖို့ မျှော်လင့်ပါကြောင်း၊ အဆွေတော် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ကျန်းမာရေးဝန်ကြီးဌာနမှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ကြီးမားသည့် ကြိုးပမ်းဆောင်ရွက်မှုများအတွက် လေးစားပါကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၅၀% ရရှိရေး၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၅% အောက်အထိ ကျဆင်းရေး ရည်မှန်းချက်ဖော်ဆောင်ရာတွင် အဆွေတော်နဲ့အတူ ရင်းနှီးစွာ ချိတ်ဆက်ပြီး တရုတ်နိုင်ငံမှ တတ်စွမ်းသမျှ ကူညီပေးသွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ COVID-19 ရောဂါ ကူးစက်မှုဟန့်တားနိုင်ရန် ကာကွယ်ဆေးများအား အချိန်နှင့်တစ်ပြေးညီ ထိုးပေးနိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကာကွယ်ဆေးများအား မိမိတို့မှ ဝမ်းမြောက်စွာ လက်ခံရရှိပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းသော COVID-19 ကာကွယ်ဆေး Sinopharm Dose ပမာဏ (၃.၅)သန်းအားလည်း လက်ခံရရှိခဲ့ပြီး အဆိုပါကာကွယ်ဆေးများအား National Vaccine Deployment Plan အရ ဦးစားပေး အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဖော်ဆောင်လျက်ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်တွင်လည်း ကပ်ရောဂါ ကာလအတွင်း နှစ်နိုင်ငံပြည်သူများ အသွားအလာ ထိန်းချုပ်ခြင်းနှင့် ကူးစက်မှု လျော့ပါးစေရေးအတွက် လှူဒါန်းရရှိထားသော Sinopharm ကာကွယ်ဆေးများအနက် (၁)သန်းကို ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရေးအတွက် နယ်စပ်ဒေသ နေထိုင်သူများအား ထိုးနှံပေးလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်တွင်းလိုအပ်ချက်နှင့် အညီ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နည်းပညာပံ့ပိုးမှုဖြင့် Ready to Fill Bulk (RTF) စနစ်အသုံးပြုကာ ထုတ်လုပ်ရန် ပြင်ဆင်နေမှုများအားလည်း ရှေ့ဆက်၍ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်နှင့် ဆက်လက်ကူညီ ပံ့ပိုးပေးရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏ ခေါင်းဆောင်မှုနှင့် သံရုံးမှအဖွဲ့ဝင်များ၏ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ အချိန်မီ ရောက်ရှိစေရေး မနားမနေ ကြိုးစားဆောင်ရွက်မှုများအား မိမိအနေဖြင့် အသိအမှတ်ပြု၍ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး လာမည့် ကာလများတွင်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါအား စည်းလုံးညီညွတ်စွာ အတူတကွ တိုက်ထုတ်ရန် ဆက်လက်၍ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လွှဲပြောင်းလက်ခံသည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာအား နှစ်ဖက်လက်မှတ်ရေးထိုး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ယနေ့ ရောက်ရှိလာသည့် Sinovac ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင် ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ပါသည်။

၁၃-၁၀-၂၀၂၁ နေ့အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၈)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၇)သန်းကျော် အားလည်း လက်ခံရရှိပြီးဖြစ်ပါသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၂-၁၀-၂၀၂၁)ရက်နေ့ အထိ လူဦးရေစုစုပေါင်း (၁၀,၅၉၁,၆၀၉)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၄,၂၀၁,၆၃၀) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၆,၃၈၉,၉၇၉)ဦး ရှိပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ (၁၂-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၄,၇၉၃,၂၃၉) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

သတင်းစဉ်

" အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လိုက်နာရမည့်အချက်များ "
13/10/2021

" အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လိုက်နာရမည့်အချက်များ "

မြဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်မြဝတီ အောက်တိုဘာလ ၁၃ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေး...
13/10/2021

မြဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်
မြဝတီ အောက်တိုဘာလ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသီက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာ ပေးလုပ်ငန်းများကို page များဖွင့်လှစ်ကာ Online မှတစ်ဆင့်အသိပညာပေးနေကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးသီဟနိုင်က လူမှုဝန်ထမ်းဦးစီးဌာနနေဖြင့် လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ်ကိုသတ်မှတ်ပြီး ပြည်သူများ၏ လူမှုရေးဆိုင်ရာဝန် ဆောင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရှိကြောင်း၊ သိမှတ်ဖွယ်ရာ ကလေးတို့၏ အခွင့်အရေးများ၊ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် ကလေးသူငယ်အခွင့်အရေးများ အကျဉ်းချုပ်၊ကလေးများ အပေါ်မတော်မတရားပြုမှုခြင်း၊ အကြမ်းဖက်ခြင်း၊ကလေးများအပေါ်ခေါင်းပုံဖြတ်အမြတ် ထုတ်ခြင်းနှင့်က လေးသူငယ်များ ကာကွယ်စောင့်ရှောက်ရန်လိုသော ကလေးသူငယ်များအဖြစ်သတ်မှတ်သည့် အချက်(၁၆)ချက်ကို လည်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

Auto-converted: မြဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်
မြဝတီ အောက်တိုဘာလ ၁၃

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်ပိုးကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မြဝတီ...
13/10/2021

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်ပိုးကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
မြဝတီ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊ပိုးကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများတွင် အ သိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲနေအိမ်ပြင်ပ မထွက်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နေ့စဉ်အသိပညာပေးလိုက်လံနှိုးဆော်လျက်ရှိ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

Auto-converted: မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်ပိုးကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
မြဝတီ အောက်တိုဘာ ၁၃

စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်စုကလိ       အောက်တိ...
13/10/2021

စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
စုကလိ အောက်တိုဘာ ၁၃
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ဇော်နိုင်လင်း

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆ...
13/10/2021

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆော်

ဝေါလေမြိုင် အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပေးနှိုးဆော်မှုများအား နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအာ...
13/10/2021

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1obQFm4dFlRuBZ4NGBx4Dsv4Qgvr_QqE1/view?usp=sharing

13/10/2021
13/10/2021

ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်​ရေးလုပ်န်းစဥ်များအ​ပေါ် NUG/PDFတို့၏အကြမ်းဖက်​နှောက်ယှက်မှုများအားပြည်သူသို့အသိ​ပေးချက်
(ပိုးကရင်ဘာသာ)

13/10/2021

ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်းစဥ်များအ​ပေါ် NUG/PDFတို့၏အကြမ်းဖက်​နှောက်ယှက်မှုများအားပြည်သူသို့အသိ​ပေးချက်
( စ​ကောကရင်ဘာသာ)

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၂-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
12/10/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၂-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်စုကလိ       အောက်တိ...
12/10/2021

စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
စုကလိ အောက်တိုဘာ ၁၂
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ဇော်နိုင်လင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Down...
12/10/2021

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1I3VkU_cm9cFGUhbAePpsE6pwuXZxJ2tK/view?usp=sharing

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်စကောကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မြဝတီ...
12/10/2021

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်စကောကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
မြဝတီ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများတွင် အ သိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲနေအိမ်ပြင်ပ မထွက်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ် ရာ ကျန်းမာရေး ဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နေ့စဉ်အသိပညာပေးလိုက်လံနှိုးဆော်လျက်ရှိ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

Auto-converted: မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်စကောကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
မြဝတီ အောက်တိုဘာ ၁၂

မြဝတီမြို့၌ အခြေခံပညာအလယ်တန်းကျောင်း၊အထက်တန်းကျောင်းများရှိ‌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြ...
12/10/2021

မြဝတီမြို့၌ အခြေခံပညာအလယ်တန်းကျောင်း၊အထက်တန်းကျောင်းများရှိ‌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆိုင်ရာ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း‌ဆွေးနွေး
မြဝတီ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၊အထက်တန်း ကျောင်းများရှိ ကျောင်းသား /ကျောင်းသူများအား ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မကြာမှီကာလ အတွင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ (ပထမ) အကြိမ် စတင်ထိုးနှံပေးမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က အခြခံ ပညာအလယ်တန်း‌ေကျာင်းများ၊အထက်တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာအေးအေးဖြူက အသက်(၁၂)နှစ်မပြည့်သေး သူများနှင့်လတ်တလောဖျားနာနေသောကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလို့မရ ကြောင်း၊ဆေးတစ်ခုခုနှင့်ဓာတ်မတည့်သောရောဂါရှိသူများ၊အတတ်ရောဂါစသည့်ဦးနှောက်အာရုံကြောဆိုင်ရာရောဂါတစ်ခုခုရှိသူများ၊သွေးမတိတ်ရောဂါရှိသူများနှင့်အခြားရောဂါအခံရှိသူများကို ကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင် ဆွေးနွေးပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့်ကာကွယ်ဆေးထိုးရာတွင် သာမန်နောက်ဆက် တွဲပြဿနာများအနေဖြင့် ခေါင်းမူးခြင်း၊ပင်ပန်းခြင်း၊ခေါင်းကိုက်ခြင်း၊ရင်ဘတ်အောင့်ခြင်းဖြစ်တတ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက မကြာမှီကာလ အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ အခြေခံပညာအလယ်တန်းကျောင်းများ/အထက်တန်းကျောင်းများရှိ ကျောင်းသူ/ ကျောင်းသားများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံသွားမည်ဖြစ်ရာ ဆရာ၊ဆရာမတို့အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်လုပ်ငန်း(၁၂)ချက်ကို အသေးစိတ်မှာကြားဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ကျောင်းအုပ်ဆရာ၊ဆရာမများ၊ရပ်‌ကွက်အုပ်ချုပ်‌ ရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများနှင့်ပတ် သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

Auto-converted: မြဝတီမြို့၌ အခြေခံပညာအလယ်တန်းကျောင်း၊အထက်တန်းကျောင်းများရှိ‌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆိုင်ရာ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း‌ဆွေးနွေး
မြဝတီ အောက်တိုဘာ ၁၂
အခမ်းအနားတွင် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က အခြခံ ပညာအလယ်တန်း‌ကျောင်းများ၊အထက်တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်ပိုးကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မြဝတီ...
11/10/2021

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်ပိုးကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
မြဝတီ အောက်တိုဘာ ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊ပိုးကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများတွင် အ သိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲနေအိမ်ပြင်ပ မထွက်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ် ရာ ကျန်းမာရေး ဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နေ့စဉ်အသိပညာပေးလိုက်လံနှိုးဆော်လျက်ရှိ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
11/10/2021

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

မြဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ်ပထမအကြိမ်စတုတ္ထနေ့အဖြစ်ဆက်လက်ထိုးနှံပေးမြဝတီ အောက်တိုဘာလ ၁၁...
11/10/2021

မြဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ်ပထမအကြိမ်စတုတ္ထနေ့အဖြစ်ဆက်လက်ထိုးနှံပေး
မြဝတီ အောက်တိုဘာလ ၁၁
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံထား ခြင်းမရှိ အသက်(၁၈)နှစ်အထက်ရှိသူများအား ပဉ္စမအသုတ်ပထမအကြိမ်စတုတ္တနေ့အဖြစ် ယနေ့နံနက် ၉ နာရီ အချိန်က ထိုးနှံပေးခဲ့သည်။
မြဝတီမြို့နယ်အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်အဖြစ် ထိုးနှံပေးခြင်းကို ၂၀၂၁ ခု နှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ပြီး ပဥ္စမအသုတ်ပထမအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုး နှံပေးခြင်းကို အသက်(၁၈)နှစ်အထက်ရှိသူများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်(၅)နေရာ၌ အောက်တို ဘာလ(၈)ရက်နေ့မှစတင်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)

Auto-converted: မြဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ်ပထမအကြိမ်စတုတ္ထနေ့အဖြစ်ဆက်လက်ထိုးနှံပေး
မြဝတီ အောက်တိုဘာလ ၁၁
မြဝတီမြို့နယ်အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်အဖြစ် ထိုးနှံပေးခြင်းကို ၂၀၂၁ ခု နှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ပြီး ပဉ္စမအသုတ်ပထမအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးထိုး နှံပေးခြင်းကို အသက်(၁၈)နှစ်အထက်ရှိသူများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်(၅)နေရာ၌ အောက်တို ဘာလ(၈)ရက်နေ့မှစတင်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

11/10/2021

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့်အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်များအား တွေ့ဆုံမေးမြန်းခြင်း
သတင်းရိုက်ကူးပေးပို့သူ-မန်းသန်းရွှေမြင့်

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆ...
11/10/2021

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆော်

ဝေါလေမြိုင် အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပေးနှိုးဆော်မှုများအား နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)

Auto-converted: ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆော်






Address


Website

Alerts

Be the first to know and let us send you an email when We Love Myawady posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share