Daily News Myanmar

  • Home
  • Daily News Myanmar

Daily News Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daily News Myanmar, Media/News Company, .

အပျိုကြီးကိုလုပ်ရတဲ့အရသာ(အပြာစာအုပ်)ဖတ်ရန် >https://ouryal.xyz/akh/btcadfdsf/
27/04/2023

အပျိုကြီးကိုလုပ်ရတဲ့အရသာ(အပြာစာအုပ်)
ဖတ်ရန် >https://ouryal.xyz/akh/btcadfdsf/

16/06/2022

အရေးပေါ် သတင်းထူး

"ပေးဆပ်မှုနဲ့ အလုပ်လုပ်တဲ့အခါဆန္ဒကိုဘေးဖယ်ထားပါ...ယုံကြည်မှုနဲ့ အလုပ်လုပ်တဲ့အခါလိမ်ညာမှုကိုဘေးဖယ်ထားပါ"
29/05/2022

"ပေးဆပ်မှုနဲ့ အလုပ်လုပ်တဲ့အခါ
ဆန္ဒကိုဘေးဖယ်ထားပါ...

ယုံကြည်မှုနဲ့ အလုပ်လုပ်တဲ့အခါ
လိမ်ညာမှုကိုဘေးဖယ်ထားပါ"

"တစ်ချို့ငှက်တွေက ခရီးလွန်နေတယ်ထင်ပါရဲ့အိမ်ပြန်ဖို့ကို မေ့နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"
21/05/2022

"တစ်ချို့ငှက်တွေက
ခရီးလွန်နေတယ်ထင်ပါရဲ့
အိမ်ပြန်ဖို့ကို
မေ့နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"

လက်နက်နှင့်အတူ CDM ဝင်လာသည့် တပ်မ ၆၆ မှ တပ်သား သက်စိုးပိုင်ကို ဆုကြေးငွေ သိန်း ၂၀ ချီးမြှင့်၊ ပွင့်ဖြူတွင် စစ်သား ၈ ဦး လ...
21/05/2022

လက်နက်နှင့်အတူ CDM ဝင်လာသည့် တပ်မ ၆၆ မှ တပ်သား သက်စိုးပိုင်ကို ဆုကြေးငွေ သိန်း ၂၀ ချီးမြှင့်၊ ပွင့်ဖြူတွင် စစ်သား ၈ ဦး လက်နက်နှင့်အတူ ထွက်ပြေးသွား၍ စစ်တပ်က အပူတပြင်း အသည်းအသန်ရှာနေ

ရန်ကုန်၊ မေ ၂၁

ကရင်နီပြည်နယ်တွင် လက်နက်နှင့်အတူ CDM ဝင်လာသည့် တပ်မ ၆၆ မှ တပ်သား သက်စိုးပိုင်ကို ငွေကျပ် သိန်း ၂၀ ဆုချီးမြှင့်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က သတင်းထုတ်ပြန်သည်။

မေလ ၁၇ ရက်နေ့ တပ်မ ၆၆ မှ တပ်သား သက်စိုးပိုင်သည် KNDF ထံသို့ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက်တစ်ဘောက်၊ ကျည်ဆံ ၇၁တောင့်ဖြင့် CDM ပါဝင်လာခြင်းဖြစ်ပြီး တပ်သား သက်ပိုင်စိုး ကို ကရင်နီပြည် သူ့ရင်ခွင်ခိုလုံရေး အစီစဥ်မှ တာဝန်ခံတစ်ဦး ဆုငွေ သိန်း ၂၀ အားချီးမြှင့်လိုက်ခြင်းကြောင်း၊ ကျန်ရှိသော ကရင်နီပြည် အတွင်း ထိုးစစ် ဆင်လာသော တပ် သား အရာရှိ အရာခံ များ CDM ပြုလုပ်ပေးပါရန် လေးစားစွာ ဖြင့် ဖိတ်ခေါ်ကြောင်း ကရင်ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်မ ၆၆၊ ခလရ ၁ မှ တပ်သား သက်စိုးပိုင်သည် ဘော်လခဲမြို့နယ်၊ မတ်စလောင်းတောင် စစ်ကောင်စီစခန်းတွင် ရောက်ရှိလာပြီး ၂ ရက်အကြာ မေလ ၁၆ ရက်တွင် ထွက်ပြေးလာကြောင်း၊ မတ်လ ၁၇ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၆ နှင့်တွေ့ဆုံကာ ထိုမှတဆင့် ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ ရောက်ရှိလာခြင်းဖြစ်သည်။

ဒီးမော့ဆိုမှ ဘော်လခဲ မတ်စလောင်းတောင်စခန်းသို့ လာရောက်စဉ် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှု များစွာကို ကြုံတွေ့ခဲ့ရကြောင်း တပ်သားသက်စိုးပိုင်က ပြောသည်။

"အထဲမှာ ပင်ပန်းဆင်းရဲမှု၊ နှိပ်စက်မှုတွေကို မခံနိုင်တော့ဘူး၊ အထက်အရာရှိတွေက ထိုးတဲ့ ကြိတ်တဲ့ ဒဏ်ကို မခံနိုင်လို့ ထွက်ပြေးလာတယ်။ CDM လုပ်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ဝါသနာပါတဲ့ ကားမောင်းတဲ့ အလုပ်လေးပဲ ဆက်လုပ်သွားချင်တယ်" ဟု တပ်သား သက်စိုးပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

MA-1 သေနတ် ၁လက်၊ ကျည်ကတ် ၁ ခု၊ ကျည်ဆံ ၇၁တောင့်နှင့်အတူ CDM ပြုလုပ်လာသော တပ်သား သက်စိုးပိုင်ကို ကရင်နီပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်က ဆုငွေ သိန်း ၂၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ရေပုတ်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး မေလ ၁၉ ရက်နေ့တွင် လက်နက်များနှင့်အတူ ထွက်ပြေးသွား၍ စစ်တပ်က အသည်းအသန် လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။

ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်တပ်ကို PDF ဝင်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးရန်ကုန်၊ မေ ၂၀ မကွေးတိုင်း...
21/05/2022

ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်တပ်ကို PDF ဝင်ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့လယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အစောင့်စစ်တပ်ကို PDF ဝင်ပစ်ခတ်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း Pakokku People's Defense Force နှင့် Earthquake People's Defense Force က သတင်းထုတ်ပြန်သည်။

မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ပခုက္ကူမြို့မဈေးအနီးရှိ မြန်မာ့စီးပွားရေးဘဏ်ကို ကင်းစောင့်နေသည့် စစ်တပ်နှင့်ရဲများကို Pakokku People's Defense Force နှင့် Earthquake People's Defense Force မှ လက်နက်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ ၊ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ ရမ်းသမ်းပြီးပစ်ခတ်မှုများရှိခဲ့ပြီး မိမိတို့ဘက်မှ သူရဲကောင်းများအားလုံး အထိအခိုက်လုံးဝ(လုံးဝ) မရှိခဲ့ပါကြောင်း PDF တပ်ဖွဲ့များ၏ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

စစ်တပ်ဘက်က ထုတ်ပြန်သော သတင်းများတွင်မူ လက်နက် ၂ လက်နှင့်ကျည်ဆန်များ သိမ်းဆည်းရမိပြီး ကားတစ်စီးပါ ရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- PDF တပ်များ ကျန်ရစ်ခဲ့သော ကျည်ဆန်များ၊ လက်နက်များနှင့်ကားများ။

မြောင်မြို့နယ်၊ မယ်မသော်ရွာကို အင်အား ၁၀၀ ပါ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ်မီးရှို့၊ ​စစ်တပ်ထွက်သွ...
21/05/2022

မြောင်မြို့နယ်၊ မယ်မသော်ရွာကို အင်အား ၁၀၀ ပါ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ်မီးရှို့၊ ​စစ်တပ်ထွက်သွားချိန် မီးဝင်ငြှိမ်း​သော်လည်း အိမ် ၁၀၀ နီးပါး ပြာကျ

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မယ်မသော်ရွာကို အင်အား ၁၀၀ ပါ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ်မီးရှို့လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင်ပြီး စစ်တပ်က မယ်မသော်ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီး ရွာလုံးကျွတ်ကို မီးရှို့ခြင်းဖြစ်ပြီး မီးရှို့ပြီးနောက် ပြန်လည် ထွက်ခွာသွားကြောင်း၊ စစ်ကြောင်း ပြန်လည်ထွက်ခွာသော အခါ ကျေးရွာသားများက ရွာကို မီးဝင်ငြိမ်းကြသော်လည်း အိမ်ခြေ ၇၃ လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

"ဘိုးဘွားလက်ထက်ကတည်းနေလာခဲ့ပြီး ငွေရှိတိုင်းပြန်လုပ်ယူလို့မရတဲ့အဆောက်အဦးလေးတွေ မျက်စိတစ်မှိတ်အတွင်းပျက်စီးသွားတော့ စိတ်ထိခိုက်ပြီး သတိလစ်တဲ့သူတွေအများကြီးပဲ။ ဘာတိုက်ပွဲမှ မဖြစ်ဘဲ ဝင်ပြီး မီးရှို့သွားတာပါ။ မနေ့ မွန်းလွဲ တစ်နာရီမှ စရှို့တာ သူတို့ထွက်သွားပြီးတော့ ကျနော်တို့ ဝင်ငြိမ်းတယ်။ ည ၁၀ နာရီလောက် အထိ မီးငြိမ်းရတယ်။ အိမ်ခြေ၃၅၀ ကျော်ရှိတဲ့နေရာမှာ ၇၃ အိမ် မီးလောင်သွားပါတယ်။ ပြည်သူတွေအနေနဲ့ ကျနော်တို့ကို ကူညီကြပါဦး။ ပစ်မထားကြပါနဲ့" ဟု ဒေသခံ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ယခုရက်ပိုင်းအတွင်းကျေးရွာများကို ရွာလုံးကျွတ် အများအပြား မီးတင်ရှို့ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။

စစ်ကောင်စီကို ပံ့ပိုးထောက်ခံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် ဂျပန်အပါအဝင် ၉ နိုင်ငံရှိ တရုတ်သံရုံးများရှေ့တွင် ...
20/05/2022

စစ်ကောင်စီကို ပံ့ပိုးထောက်ခံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် ဂျပန်အပါအဝင် ၉ နိုင်ငံရှိ တရုတ်သံရုံးများရှေ့တွင် တစ်ပြိုင်နက်တည်း ဆန္ဒပြ

ရန်ကုန်၊ မေ ၂၀

စစ်ကောင်စီကို ပံ့ပိုးထောက်ခံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် ဂျပန်အပါအဝင် ၉ နိုင်ငံရှိ တရုတ်သံရုံးများရှေ့တွင် တစ်ပြိုင်နက်တည်း ဆန္ဒပြကြသည်။

ဒီမိုကရေစီလိုလားသူ မြန်မာပြည်သူများမှ နိုင်ငံ ၉ ခုရှိ တရုတ်သံရုံးများသို့ တစ်ပြိုင်နက်တည်း ပြင်းထန်စွာဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည့်အပြင် မြန်မာပြည်သူများ​၏ဆန္ဒကို ထင်ဟပ်ပေါ်လွင်စေသော အိတ်ဖွင့်ပေးစာကိုလည်း တရုတ်သံရုံးများသို့ ပေးပို့ကာ မီဒီယာများကိုလည်း ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် ၈ မိုင်တွင် ဗုံးပေါက်ကွဲသံနှင့်ပစ်ခတ်သံများ ထွက်ပေါ်၊ ၈ မိုင်တံတားနှင့်လမ်းကို ပိတ်ဆို့စစ်ဆေးရန...
20/05/2022

ရန်ကုန်တိုင်းစစ်ဌာနချုပ် ၈ မိုင်တွင် ဗုံးပေါက်ကွဲသံနှင့်ပစ်ခတ်သံများ ထွက်ပေါ်၊ ၈ မိုင်တံတားနှင့်လမ်းကို ပိတ်ဆို့စစ်ဆေး

ရန်ကုန်၊ မေ ၂၀

ရန်ကုန်တိုင်းစစ်ဌာနချုပ် ၈ မိုင်တွင် ဗုံးပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများ ယနေ့ နံနက် ၈ နာရီခွဲဝန်းကျင်တွင် ထွက်ပေါ်လာပြီး လမ်းများပိတ်ဆို့စစ်ဆေးမှုရှိကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"၈မိုင် စစ်ရုံးနားမှာ ပစ်ခတ်သံကြားရတယ်။ အခုတံတားပေါ် DC ကားနှစ်စီးရှိနေတယ်။ ဘယ်ဘက်က ပစ်တာလဲတော့မသိဘူး။ တံတားလည်း ပိတ်ထားတယ်အခု။ လာသမျှ ကားတွေ အကုန်လှည့်ပြန်ခိုင်းတယ်။ တံတားပေါ်ရော တံတားအောက်ရော အခုပိတ်ထားတယ်။ ပစ်သံက အတွဲလိုက်ပစ်တာ ၇ ချက်လောက်တော့ရှိမယ်။ ဗုံးကွဲသံလိုလည်းကြားတယ်။ အခုတော့ ငြိမ်သွားပြီ ဘာသံမှ မကြားတော့ဘူး" ဟု ရန်ကုန် ၈ မိုင်အနီးဖြတ်သန်းသွားလာသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မရမ်းကုန်းမြို့နယ် ၈ မိုင်လမ်းဆုံ ပတ်ပတ်လည်တွင် ကားများကို ပိတ်ဆို့ စစ်နေကြောင်း၊ အထူးသဖြင့် ရှစ်မိုင်တံတားပေါ် နှစ်ဖက်စလုံး ပိတ်ဆို့ထားကြောင်း ၊ စစ်တပ်နှင့်ရဲများလည်း နေရာယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၈ မိုင်တံတားမြင်ကွင်း(ပုံအဟောင်းဖြစ်သည်)

ရန်ကုန် သန်လျင် ဗိုလ်နဂါး ပျောက်ကျားအဖွဲ့ တာဝန်ခံ ကိုဘူးသီးနှင့် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ၊ ဆက်စပ်မှုရှိသူများကို သတိထားရ...
20/05/2022

ရန်ကုန် သန်လျင် ဗိုလ်နဂါး ပျောက်ကျားအဖွဲ့ တာဝန်ခံ ကိုဘူးသီးနှင့် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ၊ ဆက်စပ်မှုရှိသူများကို သတိထားရန် အသိပေး

ရန်ကုန်၊ မေ ၁၉

ရန်ကုန်သန်လျင် ဗိုလ်နဂါးပျောက်ကျားအဖွဲ့ တာဝန်ခံ ကိုဘူးသီးနှင့် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။

မေလ ၁၈ ရက်နေ့ ညပိုင်းတွင် သန်လျင် ဗိုလ်နဂါးအဖွဲ့တာဝန်ခံ ကိုဘူးသီးကို လှိုင်သာယာတွင် စစ်တပ်၏ ဧည့်စာရင်း စစ်မှုအတွင်း အဖမ်းခံလိုက်ရကြောင်း၊ ယခင်တစ်ပတ်ကတည်းက ကိုဘူးသီး၏ ဇနီးနှင့် ယောက္ခမဖြစ်သူကို စစ်တပ်က ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သန်လျင် ဗိုလ်နဂါးအဖွဲ့တာဝန်ခံ ကိုဘူးသီး အဖမ်းခံလိုက်ရပြီးနောက် ယနေ့ညပိုင်းတွင် အဖွဲ့ဝင် ၄ ဦးကို လက်နက်များနှင့်တကွ ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

"သန်လျင်ဗိုလ်နဂါးအဖွဲ့တာဝန်ခံကိုဘူးသီးကို လှိုင်သာယာမှာ အဖမ်းခံလိုက်ရတယ်။ နောက်ထပ်၄ ဦးကို ထပ်မံဖမ်းတယ်။ အမူထမ်းနယ်မြေ ၁၀ သမာဓိလမ်းမှာ ဖမ်းတာ။ အမှုထမ်းနယ်မြေမှာ လက်ပစ်ဗုံး ၉ လုံး ပစ္စတို ၃ လက် ကျည်အတောင့် ၉၆ တောင့် သိမ်းဆည်းသွားတယ်။ အဆက်အစပ်ရှိတဲ့သူတွေအနေနဲ့တော့ သတိထားဖို့ သတိပေး အသိပေး ချင်ပါတယ်" ဟု သန်လျင်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ကကျဆုံးခဲ့ရသည့် သူရဲကောင်း ရဲဘော် သာမာဓိ😢
19/05/2022

ယမန်နေ့ကကျဆုံးခဲ့ရသည့် သူရဲကောင်း ရဲဘော် သာမာဓိ
😢

ရခိုင်တွင် ပြဿနာဖြစ်လာလျှင် "စစ်တပ်ကို အဆိုးမဆိုနဲ့" ဟု   AA ကို စစ်တပ် က တုံ့ပြန်၊ "လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို ...
19/05/2022

ရခိုင်တွင် ပြဿနာဖြစ်လာလျှင် "စစ်တပ်ကို အဆိုးမဆိုနဲ့" ဟု AA ကို စစ်တပ် က တုံ့ပြန်၊ "လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်" ဟု အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်းပြောဆို

ရန်ကုန်၊ မေ ၁၉

ရခိုင်တွင် ပြဿနာဖြစ်လာလျှင် "စစ်တပ်ကို အဆိုးမဆိုနဲ့" ဟု AA ကို အကြမ်း ဖက်စစ်တပ် တုံ့ပြန်ပြောဆိုလိုက်ပြီး "လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်" ဟု အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

AA နှင့်ပတ်သက်၍ စစ်တပ်ဘက်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး AA က အမျိုးသားညီညွတ်ရေးအစိုးရNUG နှင့်တွေ့ဆုံခြင်း၊ မင်းအောင်လှိုင်ကမ်းလှမ်းသော ငြိမ်းချမ်းရေးကို ပယ်ချခြင်းများ လုပ်ဆောင်ခြင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် စိန်ခေါ်မှုများ လုပ်ဆောင်ပြီးနောက် စစ်တပ်ဘက်က ယင်းသို့ တုံ့ပြန်လာခြင်းဖြစ်သည်။

“"ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာ၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ ထပ်ပြောပါမယ် ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿ နာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့။ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်" ဟု အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက စစ်တပ် ကမ်းလှမ်းသော ငြိမ်းချမ်းရေးသည် လက်ရှိအခြေအနေတွင် ဆွေးနွေးရန် မဖြစ်နိုင်သေးကြောင်း တရားဝင် ထုတ် ဖော်ပြောဆိုထားသည်။

ဝမ်းရေးအတွက်ပျော်ပျော်ရွှင်ရွှင်ငါးဖမ်းနေကြသောတော်လှန်ရေးရဲဘော်များပုံရိပ် များ ချစ်ကြ​​သေးလား😘😘
19/05/2022

ဝမ်းရေးအတွက်ပျော်ပျော်ရွှင်ရွှင်
ငါးဖမ်းနေကြသောတော်လှန်ရေး
ရဲဘော်များပုံရိပ် များ ချစ်ကြ​​သေးလား😘😘

ရန်ကုန်၊ လှိုင်မြို့နယ်တွင်  "ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်" ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှေ...
18/05/2022

ရန်ကုန်၊ လှိုင်မြို့နယ်တွင် "ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်" ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ မေ ၁၈

ယနေ့ ရန်ကုန်မြို့ လှိုင်မြို့နယ်တစ်နေရာတွင် ' ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ် ' ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။

လူထုသပိတ်တိုက်ပွဲဝင် သပိတ်ရဲဘော်များ၊CDM သူရဲကောင်းများ၊တောတောင်ထဲမှ PDFသူရဲကောင်းများ၊ထောင်တွင်းမှ ကျောင်းသားပြည်သူများ၊အနီများ၊အစိမ်းများအားလုံးသည် မည်သည့်အရောင်ကာလာကွဲပြားပါစေ ပြည်သူလူထုသာဖြစ်ကြောင်း နှင့် ပြည်သူလူထု၏ အစိုးရသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊တော်လှန်ရေးအစိုးရ NUG ဖြစ်ကြောင်း ' Accept NUG , Reject military ' စာသားများကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ
- စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)
- အလုံလူငယ်တပ်ဦး (AYF)
- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)
- စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
(AJAY) တို့မှအားဖြည့်ဝန်းရံခဲ့ကြပြီး အကြမ်းဖက် ဖက်ဆစ်သူပုန်တပ်များ၏ စစ်ဆေးမှုအဖမ်းအဆီးအကျပ်အတည်းများကြားမှ အောင်မြင်စွာ ဖောက်ထွက်ကာ လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

Photo - AAMIJ

ဆီမီးလော့ကျေးရွာတိုက်ပွဲတွင် KNDF ရဲဘော် အောင်ရွှေ ကျဆုံးခဲ့*****************ဖယ်ခုံမြို့အရှေ့ဘက်ကမ်းဒေသ ဆီးမီးလော့ကျေးရွ...
18/05/2022

ဆီမီးလော့ကျေးရွာတိုက်ပွဲတွင် KNDF ရဲဘော် အောင်ရွှေ ကျဆုံးခဲ့
*****************

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းဒေသ ဆီးမီးလော့ကျေးရွာအနီးတွင် မေလ ၁၈ရက် နံနက်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNDFတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အရှေ့ဘက်ကမ်းဒေသသို့ စစ်ကြောင်းထိုးလာသည့် ၄၂၂တပ်ရင်းနှင့် KNDF-B03 တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁း၀၀ နာရီချိန်အထိ အပြန်လှန်ပစ်ခတ်နေကြသည်။

တိုက်ပွဲအတွင်း လွိုင်ကော်အမြောက်တပ်နှင့် ၄၂၂ တပ်ရင်းအတွင်းမှ လက်နက်ကြီးအဆက်မပြတ်ပစ်ကာ စစ်ကူခဲ့သည်။

အဆိုပါတိုက်ပွဲတွင် KNDF-B03 တပ်ခွဲ(၄) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီးဲဘော်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရှိခဲ့သည်။

ကျဆုံးသွားသော သူရဲကောင်း အောင်ရွှေ အားအလေးနီပြုကြောင်းနှင့် ကျန်ရှိသော ရဲဘော်များမှ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမည်ဖြစ်ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ထီးလင်း၊ ဆေးမင်တော ရဲစခန်းမှ ရဲတပ်သား ၁ ဦး PDF ထီးလင်းထံ လက်နက်နှင့် အလင်းဝင်ရန်ကုန်၊ မေ ၁၈မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊...
18/05/2022

ထီးလင်း၊ ဆေးမင်တော ရဲစခန်းမှ ရဲတပ်သား ၁ ဦး PDF ထီးလင်းထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်၊ မေ ၁၈

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်တော နယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် ၎င်းကိုင်ဆောင်သည့် သေနတ်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထီးလင်း ထံသို့ ဆက်သွယ်ကာ အလင်းဝင်လာကြောင်း PDF-Htilin က သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်သားသည် M-13 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၆၅ တောင့်နှင့်အတူ CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရဲတပ်သားက CDM ပြုလုန်ရန် ဆက်သွယ်လာစဉ် PDF-Htilin၊ ပ.က.ဖ အဖွဲ့ဝင်များက ၎င်း၏ မိသားစုများကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး အန္တရာယ်ကင်းသည့်နေရာတွင် ပို့ဆောင်ထားကြောင်း၊ လက်နက်နှင့် အလင်းဝင်လာသည့် တပ်သားကို ဆုငွေ သိန်း ၅၀ ကျပ် ချီးမြှင့်ခဲ့ကြောင်း PDF-Htilin က သတင်းထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးမှာ မိုးသည်းထန်စွာပြီး စေတီတော်ကြီးကို မိုးကြိုးခလို့ ရွှေသင်္ကန်း အနည်းငယ် ကွာကြမှု ဖြစ်ပ...
16/05/2022

ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးမှာ မိုးသည်းထန်စွာပြီး စေတီတော်ကြီးကို မိုးကြိုးခလို့ ရွှေသင်္ကန်း အနည်းငယ် ကွာကြမှု ဖြစ်ပွား.................
မေလ ၁၆

ယနေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးမိုးကြိုးခလို့ ရွှေသင်္ကန်းများအနည်းငယ် ကွာကြမှု ဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံ ရေး တာဝန်ယူထားသူတစ်ဦးက ပြောပါတယ်။

ယနေ့‌မေလ ၁၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်က ဆံတော်ရှင်ကျိုက်ထီးရိုး တောင် ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ စေတီတော်မြတ်ကြီး၏ ကျောက်လုံး တော်ကိုလည်း မိုးကြိုးအနည်းခကာ စက်ကွင်းမိသွားခြင်းဖြစ် တယ်လို့ဆိုပါတယ်။

ယင်းက“မိုးက မနေ့ညနေကတည်းကရွာနေတာ။ ဘုရားကိုပိတ်ထားလို့ မိုးတိတ်မှ သိရတာ။အပျက်အစီးကြီးကြီးမားမားမရှိပါဘူး။ရွှေသင်္ကန်းကပ်ထားတဲ့နေရာအချို့ကွာပြီကျောက်တုံးတော်ကြီး အနည်းငယ် ထိသွားတာလောက်တော့ရှိတယ်။” လို့ ယင်းက ပြောပါတယ်။

တိုင်းရင်းသားကလေးငယ်တွေနဲ့ပြည်သူ့အချစ်တော်မင်းမော်ကွန်း🥰
15/05/2022

တိုင်းရင်းသားကလေးငယ်တွေနဲ့
ပြည်သူ့အချစ်တော်မင်းမော်ကွန်း🥰

စစ်တက္ကသိုလ်ဆင်းပြီး ၂ နှစ်အကြာ ဗိုလ်သော်ကောင်းစံ  PDF၏ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် ထွက်ပြေးစဉ် ပစ်ခတ်ခံရပြီး သေဆုံးရန်ကု...
15/05/2022

စစ်တက္ကသိုလ်ဆင်းပြီး ၂ နှစ်အကြာ ဗိုလ်သော်ကောင်းစံ PDF၏ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် ထွက်ပြေးစဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန် ၊ မေ ၈

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ရှားစေဖိုးနှင့် ရေလျှံရွာအနီးတွင် မေလ ၇ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၈၄ မှ ဗိုလ်သော်ကောင်းစံနှင့် တပ်ကြပ်ကြီး ၁ ဦးတို့မှာ KNLA၊ PDFပူးပေါင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံစဉ် ဖမ်းဆီးခံခဲ့ရာမှ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၇ ရက်နေ့ ညနေပိုင်း KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဗိုလ်သော်ကောင်းစံနှင့် တပ်ကြပ်ကြီးတစ်ဦး လိုက်ပါသော ကားကို ဖမ်းဆီးလိုက်ကြောင်း၊ သို့ရာတွင် ဗိုလ်သော်ကောင်းစံနှင့်တပ်ကြပ်ကြီးက ကားပေါ်မှ ဆင်းပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက်အရှင် ဖမ်းဆီးမိခဲ့သော်လည်း လမ်းတွင် ထပ်မံထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံးသွားကြာင်း သိရှိရသည်။

သေဆုံးသွားသူ ဗိုလ်သော်ကောင်းစံ(ကြည်း၇၆‌၃၂၄) သည် ခလရ (၈၄)မှ ဖြစ်ပြီး ပဲခူးသားတစ်ဦးဖြစ်ကြောင်း၊ စစ်တက္ကသိုလ် အပတ်စဉ် - ၆၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဆင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“အဲဒီတပ်က ရှားစေးဘိုစခန်းမှာ နားနေတာ။ ရှားစေးဘိုနဲ့ကျီတော်လမ်းမှာ ကျနော်တို့အဖွဲ့နဲ့ သူတို့ကား တည့်တည့်တိုးတာ။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုတွေ့တော့ ကားပေါ်က ဆင်းပြေးတာ လိုက်ဖမ်းတာ အရှင်မိတယ်။ လမ်းမှာထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်တာ” ဟု ထန်းတပင် PDF ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မေလ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းများကို စစ်သားများက လာကောက်သွားခဲ့ကြောင်း သိရှိရသည်။

12/05/2022

မနက်ခင်းသတင်းထူး #လွတ်လာပြီ

ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်း စစ်ကားကြီး ၁၀ စီးထက်မနည်း အလုံပိတ်၍ ပြင်ဦးလွင်မှ ထွက်ခွာလာရန်ကုန်၊ မေ ၁၂ မန္တလေးတိုင်း၊ ပ...
12/05/2022

ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်း စစ်ကားကြီး ၁၀ စီးထက်မနည်း အလုံပိတ်၍ ပြင်ဦးလွင်မှ ထွက်ခွာလာ

ရန်ကုန်၊ မေ ၁၂

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်း စစ်ကားကြီး ၁၀ စီးထက်မနည်း အလုံပိတ်၍ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ထွက်ခွာသွားသည်ကို မြင်တွေ့ရကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

"ပြင်ဦးလွင်ကနေ ထွက်လာတာ။ ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်းပဲ ထွက်လာတာ။ အချိန်က အခု မနက် ၈ နာရီ ၁၅ မိနစ် အချိန်ပါ။ လားရှိုးဘက်ကို ဦးတည်တည်လို့ ခန့်မှန်းရတယ်။ စစ်ကားတွေက အလုံပိတ်ထားတော့ စစ်သား ပါလား မပါလားသေချာမသိဘူး။ ပါဖို့များတယ်။ အဲဒါလေး သက်ဆိုင်တဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သိအောင်ပါ" ဟု ပြင်ဦးလွင် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မန္တလေးတွင် တာဝါတိုင်နှင့် မလွတ်ဟုအကြောင်းပြကာ တာဝါနှင့် ဝေးသည့် အိမ်များပါ ဖျက်ဆီးနေရန်ကုန်၊ မေ ၁၁ မန္တလေးတိုင်း၊ပြည်ကြ...
11/05/2022

မန္တလေးတွင် တာဝါတိုင်နှင့် မလွတ်ဟုအကြောင်းပြကာ တာဝါနှင့် ဝေးသည့် အိမ်များပါ ဖျက်ဆီးနေ

ရန်ကုန်၊ မေ ၁၁

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ရဲဘော်ကွက်‌သစ်ရပ်ကွက်တွင်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ စုပေါင်းကာ ယနေ့ မေ ၁၁ ရက် နံနက် ၉ နာရီမှ စတင်ကာ ပြည်သူများ နေအိမ်ကို ဖျက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

"ဖြစ်တဲ့ကိစ္စက တာဝါတိုင်နဲ့မလွတ်ဘူးဆိုပြီးဖျက်တာဗျ။ အခုကလွတ်တဲ့ အိမ်တွေပါ လိုက်ဖျက်တာ။ ပြီးတော့အရင်ကလည်းဖျက်ပြီးပြီဗျ။ ဂရန်ရှိတဲ့ အိမ်တွေလည်း ပါတယ်။ ပျဉ်ထောင်အိမ်တွေရော တိုက်အိမ်တွေရော " ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လမ်းဖောက်မည်ဟု အကြောင်းကြားထားသော်လည်း အိမ်များဖျက်မည်ဟု ကြိုမသိရကြောင်း၊ နံနက် ၇ နာရီ ၃၀ ရောက်ချိန်မှ သိရှိရ၍ ပစ္စည်းများ အမြန်သိမ်းဆည်းရကြောင်း ၊ ပေ ၅၀ ကို ၇၅ ပေ အထိ ခိုးကာ အဖျက်ခံနေရကြောင်း အိမ်ဖျက်ခံရသူများထံမှ သိရှိရသည်။

မင်းအောင်လှိုင် အင်းလျားလမ်း နေအိမ် အစုရှယ်ယာကို နိုင်ငံခြားသားများပါ ဝယ်နေ၊  ၅ ရက်အတွင်း ဒေါ်လာ ၃ သန်းရရှိရန်ကုန်၊ မေ ၁...
11/05/2022

မင်းအောင်လှိုင် အင်းလျားလမ်း နေအိမ် အစုရှယ်ယာကို နိုင်ငံခြားသားများပါ ဝယ်နေ၊ ၅ ရက်အတွင်း ဒေါ်လာ ၃ သန်းရရှိ

ရန်ကုန်၊ မေ ၁၁

အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့် အင်းလျားလမ်း ခြံအမှတ် ၁၄၏ အစုရှယ်ယာများကို NUG က ရောင်းချလျက်ရှိရာ ၅ ရက်တာ ကာလအတွင်း ဒေါ်လာ ၃ သန်းရရှိသွားပြီဖြစ်ပြီး နိုင်ငံခြားသားများပါ ရှယ်ယာများ ဝယ်ယူနေကြောင်း NUG စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က တရားဝင်သတင်းထုတ်ပြန်သည်။

အစုရှယ်ယာ ရောင်းချမှုသည် လက်ရှိချိန်တွင် ၃ ပုံ ၁ ပုံ ခန့် အောင်မြင်နေပြီး ရှယ်ယာ ဝယ်ယူမှု အကြိမ်ရေ ငါးထောင် ကျော်ရှိကာ ၁ဝ ရာခိုင်နှုန်းကျော်ကို နိုင်ငံခြားသားများဝယ်ယူကြကြောင်း၊ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသား ခံယူလိုက်ရသူ မြန်မာပြည်ဖွားနိုင်ငံခြားသားများသာမက ပြည်ပနိုင်ငံခြားသားများလည်း ရှယ်ယူသူများတွင် ပါဝင်ကြောင်း သိရသည်။

ရန်ကုန် အင်းလျားလမ်းရှိ ခြံအမှတ် ၁၄သည် မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံ တော်ပိုင် နေအိမ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမေရိကန်ဒေါ်လာ ၁၀ သန်း စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀ သန်းကို အစုရှယ်ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချနေကြောင်း၊ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ကို ရောင်းချနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် မိသားစု။

ချင်းတွင်မြစ်ရိုးတွင် စစ်တပ်အတွက် စက်သုံးဆီ တင်ဆောင်လာသော အမြန်ရေယာဉ် ၄ စီးကို ကာကွယ်ရေး တပ်ဖွဲ့ဖမ်းဆီး၊ ယာဉ်ပေါ်ပါလာသူမ...
11/05/2022

ချင်းတွင်မြစ်ရိုးတွင် စစ်တပ်အတွက် စက်သုံးဆီ တင်ဆောင်လာသော အမြန်ရေယာဉ် ၄ စီးကို ကာကွယ်ရေး တပ်ဖွဲ့ဖမ်းဆီး၊ ယာဉ်ပေါ်ပါလာသူများကို ခံဝန် ထိုးခိုင်းကာ ပြန်လွှတ်ပေး ပြီး စက်သုံးဆီပီပါ ၇ လုံးကိုသိမ်းဆည်း

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း ချင်းတွင်မြစ်ရိုးတစ်လျှောက်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဆောင်ရွာက်နေစဉ် မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ထွက်ခွာလာသော ကုန်တင် အမြန်ရေယာဉ် ၄ စင်းပေါ်တွင် အကြမ်းဖက် စစ်တပ် စက်သုံးဆီ တင်ဆောင်လာသောကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကုန်တင် အမြန်ရေယာဉ် ၄ စီးသည် အကြမ်းဖက် စစ်တပ်အတွက် စက်သုံးဆီ ဓာတ်ဆီပေပါ ၃ လုံးနှင့် ဒီဇယ် ပေပါ ၄ လုံးကို တင်ဆောင်လာခဲ့သောကြောင့် နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)၊ Yoma Fighter (Yinmarbin PDF)၊ Kani People Defense Force (KLG)၊ Spring Gurellia Platoon (နွေဦးပျောက်ကြားတပ်စု)၊ ဒေါင်းလုလင် (LPDF)၊ ဗိုလ်မီးတောက် မဟာမိတ် တပ်ပေါင်းစုတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်အတွက် စက်သုံးဆီများကို တင်ဆောင်လာသည့် ကုန်တင် အမြန်ယာဉ် ၄ စီးမှ တာဝန်ရှိသူများကို စစ်တပ်နှင့် မပတ်သက်ရန်နှင့် နောက်နောင်တွင် ထိုကဲ့သို့ ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ရန် ခံဝန်ကတိ ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်၊  ချက်ကန်ရွာကို မီးလာရှို့သည့်  စစ်တပ်ကို ခုခံ တိုက်ခိုက်ရင်း YRF ရဲဘော် ၂ ဦး ကျဆုံး ရန်ကုန်၊ မေ ၆ပေါက်မြိ...
06/05/2022

ပေါက်မြို့နယ်၊ ချက်ကန်ရွာကို မီးလာရှို့သည့် စစ်တပ်ကို ခုခံ တိုက်ခိုက်ရင်း YRF ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ မေ ၆

ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ရွာကို မီးလာရှို့သည့် အကြမ်းဖက် စစ်တပ်အား ခုခံ တိုက်ခိုက်ရင်း လူငယ်တော်လှန်ရေး တပ်ဦး (YRF)မှ ရဲဘော် နေလင်းထက်နှင့် ရဲဘော် ဇေယျာအောင်တို့ မေလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကျဆုံးခဲ့ကြောင်း YRF မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရဲဘော် နေလင်းထက်သည် မေလ ၄ရက်နေ့၌ ချက်ကန်ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ရန် ရောက်ရှိလာစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း သေနတ် ကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူစဉ် မေလ ၅ ရက်နေ့၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ပွဲတွင် စစ်သား ၁၈ ဦး မိုင်းဆွဲခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ရဲဘော်နေလင်းထက်က ချက်ကန်ရွာကို စစ်ကြောင်းထိုးလာသော ပျူခွေး၊ စစ်ခွေးတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၄ ရက်နေ့ ညနေက ကျည်ဗိုက်ဖောက်ထွက်သွားခဲ့ပါတယ်။ ဆေးကုသမှု ခံယူရာမှ တစ်ရက်သာ ခံပြီး ဆုံးသွားပါတယ်” ဟု YRF ရဲဘော်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

ရဲဘော် ဇေယျာအောင်သည် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ချက်ကန်ရွာ ပြည်သူများ ရွာထဲသို့ ပြန်ဝင်မည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီကို ထောင်ထားသည့် မိုင်းများကို ပြန်လည် ဖြုတ်ရာတွင် မိုင်းတစ်လုံးပေါက်ကွဲပြီး ခြေထောက်ပြတ်သွားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်စဉ်တွင် ကျဆုံးသွားခဲ့ကြောင်း YRF ထံမှ သိရှိရသည်။

စလင်းမြို့၊ ဝက်သည်းကန်အနီး ကင်းလှည့်နေသော ရဲများကို အပြင်းစား C4 ယမ်းပါ တင့်ဖျက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၆ ဦ...
02/05/2022

စလင်းမြို့၊ ဝက်သည်းကန်အနီး ကင်းလှည့်နေသော ရဲများကို အပြင်းစား C4 ယမ်းပါ တင့်ဖျက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့၊ ဝက်သည်းကန်အနီး ကင်းလှည့်နေသော ရဲများကို အပြင်းစား C4 ယမ်းပါ တင့်ဖျက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၆ ဦးသေဆုံးကြော်ငး ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းက သတင်းထုတ်ပြန်သည်။

မေလ ၁ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့၊ ဝက်သည်းကန်အနီးကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင် ၉ ဦး လိုက်ပါသော ဆိုင်ကယ် ၅ စီးကို အပြင်းစား C4 ပါ တင့်ဖျက်မိုင်း အကြီးနှစ်လုံး အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း၊ " တိုက်တိုင်းအောင် စစ်ဆင်ရေး - ၂ " အဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းပြီး " ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း " ထံတွင်း တစ်ပတ်အတွင်း အမြန်ဆုံး ဆက်သွယ်အလင်းဝင်ရန် နောက်ဆုံးအကြိမ်သတိပေးကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ရဲတပ်ဖွဲ့ဝင်များ။

Photo- Getty Image။

30/04/2022

အရေးပေါ်သတင်း

မအလ လက်ထက် ဗမှောင်နိုင်ငံတော်ကြီး 😅😅😅
28/04/2022

မအလ လက်ထက် ဗမှောင်နိုင်ငံတော်ကြီး 😅😅😅

"စစ်ကောင်စီရဲ့ မတရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၇မှုထဲကနေ အမှုပေါင်း ၁၁မှုနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆ...
27/04/2022

"စစ်ကောင်စီရဲ့ မတရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၇မှုထဲကနေ အမှုပေါင်း ၁၁မှုနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ် "

မလေးရှားအစိုးရနှင့် NUG အစိုးရအကြား ဆက်သွယ်တွေ့ဆုံမှုများရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို၊ NUG နိုင်ငံခြားရ...
27/04/2022

မလေးရှားအစိုးရနှင့် NUG အစိုးရအကြား ဆက်သွယ်တွေ့ဆုံမှုများရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC ဥက္ကဋ္ဌတို့နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ရန်ကုန်၊ ဧပြီ ၂၇

မလေးရှားအစိုးရအနေဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်မှုများရှိနေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆိုလိုက်ကြောင်း Benar News နှင့် The Diplomat သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မလေးရှားအစိုးရသည် မြန်မာနိုင်ငံမှ NUG အစိုးရနှင့် စေ့စပ်ဆွေးနွေးခဲ့ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)ဝင် မလေးရှားအစိုးရ ခေါင်းဆောင်တစ်ဦးသည် NUG နှင့် ထိတွေ့ဆက်သွယ်ရှိလျက်ကြောင်း ပထမဆုံး အကြိမ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ပြီး ယင်းစာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှု ကင်းမဲ့နေခြင်းနှင့် NUG အစိုးရနှင့်ထိတွေ့ ဆံဆက်ရန် တိုက်တွန်းထားသည်။

APHR ၏ စာပေးပို့မှုကို မလေးရှားနိုင်ငံခြားဝန်ကြီး ပြန်လည်တုံ့ပြန်ရာတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUCC ဥက္ကဋ္ဌ တို့နှင့် အလွတ်သဘော တွေ့ဆုံပြီးဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

APHR က စစ်ကောင်စီက အာဏာလုထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေသဖြင့် မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန်၊ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အာဆီယံအတွင်း ခရီးသွားလာခွင့်ပိတ်ပင်ရန်၊ စစ်ခေါင်းဆောင်များကို ဦးတည်သော စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

Address


Website

Alerts

Be the first to know and let us send you an email when Daily News Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share