Buthidaung Updates News

  • Home
  • Buthidaung Updates News

Buthidaung Updates News ဘူးသီးတောင်မြို့နယ် နှင့် မြန်မာနိ?

ကမ္ဘာလှည့်ဗီဇာ လျှောက်ထားရယူခြင်းများအတွက် သတ်မှတ်ဖော်ပြထားသည့်အချက်များ(၅-၈-၂၀၂၂ ရက်၊ နေပြည်တော်)
05/08/2022

ကမ္ဘာလှည့်ဗီဇာ လျှောက်ထားရယူခြင်းများအတွက် သတ်မှတ်ဖော်ပြထားသည့်အချက်များ

(၅-၈-၂၀၂၂ ရက်၊ နေပြည်တော်)

(လဝက) အရာရှိထံက ရယူခဲ့သည့် မှတ်ပုံတင် (အတု) ကိုင်ဆောင်မှုဖြင့် စစ်တွေလေဆိပ်တွင် ရိုဟင်ဂျာ ၃ဦး ဖမ်းဆီးခံရ ဩဂုတ် ၅ ၊ AEN ယ...
05/08/2022

(လဝက) အရာရှိထံက ရယူခဲ့သည့် မှတ်ပုံတင် (အတု) ကိုင်ဆောင်မှုဖြင့် စစ်တွေလေဆိပ်တွင် ရိုဟင်ဂျာ ၃ဦး ဖမ်းဆီးခံရ

ဩဂုတ် ၅ ၊ AEN

ယမန်နေ့ ဩဂုတ်လ ၄ရက်နေ့ နေ့လယ်အချိန်တွင် စစ်တွေလေဆိပ်မှ ရန်ကုန်မြို့သို့ ထွက်ခွာမည့် လေယာဉ်တွင် လိုက်ပါစီးနင်းမည့် ရိုဟင်ဂျာ ခရီးသည် ၃ဦးအား ၎င်းတို့ကိုင်ဆောင်ထားသည့် (ပြု)နိုင်ငံသားစီစစ်ရေးကတ်ပြားများသည် မြို့နယ်လဝကရုံး စာရင်းလက်ခံနှင့် ကိုက်ညီမှုမရှိ၍ မှတ်ပုံတင်(အတု) ဟုသတ်မှတ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၀၁၇ မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ယခင် မောင်တောခရိုင်နေ ရိုဟင်ဂျာဒုက္ခသည် မာမွတ်တာဟဲရ် (ဘ)ဦးအဘူအာလောင်၊ မဖာတေမာ (ဘ)ဦးအဘူဟူဆောင်း၊ မမူစတော်ကာမာ (ဘ)ဦးမာမတ်တာလီ တို့ ၃ဦးသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် လူကုန်ကူးပွဲစားများနှင့်ချိတ်ဆက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်တောင်ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်းသို့ ဇူလိုင်လ ၁၅ ရက်နေ့တွင် စက်လှေဖြင့် ရောက်ရှိခဲ့ပြီး၊ စစ်တွေမြို့တွင်နေထိုင်ခဲ့ပြီး ပွဲစားကတဆင့် လဝကအရာရှိတချို့နှင့် ချိတ်ဆက်၍ (ပြု)နိုင်ငံသားစီစစ်ရေးကတ်ပြားများအား အမည်၊ နေရပ်များ ပြောင်းလဲကာ ရယူခဲ့ပြီး၊ ပွဲစားများ၊ လဝက အရာရှိများ၏ အစီအစဉ်ဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ကြောင်းခရီးဖြင့် သွားရောက်ရန် လေဆိပ်တွင် ရှိနေစဉ် ဖမ်းဆီးခံရကြောင်း စစ်တွေလေဆိပ် လဝကအဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

" မွတ်စလင်တွေ လေယာဉ်စီးဖို့နဲ့ ကုန်းလမ်းကနေ ခရီးသွားဖို့ (ပြု)မှတ်ပုံတင်ကတ်ပေါ့ ကတ်ပြား၊ တံဆိပ်၊ လက်မှတ်တွေကတော့ အစစ်ပါပဲ၊ လဝက အရာရှိတွေကိုယ်တိုင် တစ်ကဒ်ကို သုံးသိန်းကနေ ရှစ်သိန်းအထိ ငွေယူပြီး ထုတ်ပေးတာမျိုးပါ။ ရုံးလက်ခံတွေ ငယ်စာရင်းတွေတော့ မရှိဘူးပေါ့"စစ်တွေမြို့ခံတစ်ဦးဖြစ်ပြီး လဝကရုံးများနှင့် နီးစပ်သူတစ်ဦးက The Arakan Express News သို့ ပြောပြသည်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ရိုဟင်ဂျာများထဲက လူငယ်လူရွယ်များ၊ အမျိုးသမီးများသည် ပြည်ပ၌ ဒုက္ခသည်ဘဝ ကာလရှည်နေရခြင်းနှင့် ပြည်တွင်း၌ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရခြင်းတို့ကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန်နှင့် အိမ်ထောင်ပြုရန် နည်းမျိုးစုံဖြင့် ထွက်ခွာလျက် ရှိနေပြီး၊ ပွဲစားများ၊ လူကုန်ကူးအဖွဲ့များနှင့် လဝကအရာရှိများ၊ ဝန်ထမ်းများက စာရွက်စာတမ်းများနှင့် ခရီးစဉ်များအား အခကြေးငွေ ရယူကာ ဆောင်ရွက်ပေးလျက်ရှိကာ၊ တချို့ပွဲစားနှင့် အချိတ်အဆက်မမိလိုက်သည့် မြန်မာစစ်တပ် ပူးပေါင်းအဖွဲ့နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့တို့ကလည်း ဧရာဝတီတိုင်း၊ မွန်နှင့်ကရင်ပြည်နယ်တို့တွင် ရိုဟင်ဂျာခရီးသွားများအား တွေ့ရှိပါက အထောက်အထားမဲ့ ခရီးသွားလာမှုဖြင့် ဖမ်းဆီးကာ တရားစွဲလျက်ရှိသည်။

ဓာတ်ပုံ - ရခိုင်နေ့စဉ်

ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်တွင် တွေ့ဆုံBUN ...
03/08/2022

ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်တွင် တွေ့ဆုံ

BUN 3 Aug 2022

မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် နစက ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ ဩဂုတ်လ (၃) ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံအကြား စစ်ရေး၊ စီးပွားရေး အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိနေသည့် အချိန်တွင် နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များ ယခုလိုတွေ့ဆုံကြခြင်း ဖြစ်သည်။

မြန်မာ - ရုရှားတို့ဟာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတစ်ခုကို လက်မှတ်ရေးထိုးရန် ရှိနေပြီး နှစ်နိုင်ငံအကြား ကော်မရှင်ရဲ့ တတိယ အစည်း အဝေးကိုလည်း ယခုနှစ်နှစ်ကုန်ပိုင်းမှာ ပြုလုပ်ရန်ရှိကြောင်းလည်း ရုရှနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ဩဂုတ်(၃)ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံထား သည်။

ယခုခရီးစဉ်အတွင်း အရေးတကြီးဖြစ်နေသည့် နိုင်ငံတကာနှင့်ဒေသတွင်း ပြဿနာတွေကို ဆွေးနွေးရန် စဉ်းစားထားကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ယခုခရီးစဉ်အတွင်း နိုင်ငံရေးဆွေးနွေးမှု၊ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါ င်းဆောင်ရွက်မှု၊ ကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်အ ပြန်အလှန်ဆက်သွယ်မှုနှင့် လူသားချင်းစာနာထောက် ထားဆက်ဆံမှုများ အပါအဝင် ရုရှား-မြန်မာဆက်ဆံရေးနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနက ဩဂုတ်လ (၂) ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာများအားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေ...
26/07/2022

ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာများအားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်

ဇူလိုင် ၂၆ ၊ AEN

မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ သွားရောက်ခိုလှုံနေရသည့် နေရပ်စွန့်ခွာ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်နေကြောင်း၊ လက်ခံရေးစခန်းများအား ပြုပြင်မှုများရှိနေကြောင်း မောင်တောခရိုင်ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးမှ The Arakan Express News သို့ အတည်ပြုပြောကြားခဲ့သည်။

"ဒီတကြိမ်ကတော့ ပြန်လည်လက်ခံတဲ့ကိစ္စဖြစ်ကိုဖြစ်လာနိုင်ပါတယ်။ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်နဲ့အခု လက်ခံရေးစခန်းတွေပြင်ဆင်တာတွေလုပ်နေပါတယ်။ ဝန်ထမ်းတွေ တိုးချဲ့နေရာချထားပေးမှုတွေလည်း မကြာခင်ဖြစ်လာမယ်လို့ သိရပါတယ်၊ စက်တင်ဘာအကုန် အောက်တိုဘာပေါ့ အဲ့တော့လောက် စပြီးလက်ခံမယ်လို့တော့ သိထားတယ်"

တဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်လက်ခံရာတွင် တနေ့လျှင် လူဦးရေ ၁၅၀ကနေ ၃၀၀ထိ လက်ခံဖွယ်ရှိကြောင်း၊ နေရပ်ပြန်ရိုဟင်ဂျာများအား တောင်ပြိုဝဲ၊ ငါးခူရ၊ ကြိမ်ချောင်း၊ လှဖိုးခေါင်စသည့် ယာယီစခန်းများတွင် ကာလတခုအကြာနေထိုင်စေပြီးမှ ပန်းတောပြင်၊ လှဖိုးခေါင်၊ သဲချောင်း(လှဖိုးခေါင်)၊ ကျောက်လှေကား၊ သက္ကယ်ပြင်၊ ဒါးကြီးစား၊ စံပယ်ကုံး၊ ဒိုးတန်း၊ ဘက္ကာဂုံးနား၊ ကြိမ်ချောင်း(တောင်)၊ ကျောက်ပြင်ဆိပ် (အရှေ့)၊ ကျောက်ပြင်ဆိပ်(အနောက်)၊ ကျောက်ပြင်ဆိပ် (တောင်)၊ ပွင့်ဖြူချောင်း၊ ဆောင်ပိုင်ညာ၊ ကျွန်းပေါက်ပြုစု၊ မြို့မိချောင်း၊ သဲချောင်း (မော်လဝီ) ကျေးရွာများတွင် ပြန်လည်နေရာချထားပေးရန် ပြင်ဆင်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း The Arakan Express News က ထပ်ဆင့်အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

နေရပ်စွန့်ခွာရိုဟင်ဂျာဒုက္ခသည်များအား မြန်မာဘက်က ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီးမှ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် အာဆီယံနိုင်ငံများက တာဝန်ရှိသူများနှင့် ယခင်လကတည်းက သွားရောက်တွေ့ဆုံမှုများရှိခဲ့ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်နေ့တွင်လည်း တရုတ်သံအမတ်နှင့်တွေ့ဆုံကာ ရိုဟင်ဂျာများနေရပ်အမြန်ဆုံးပြန်နိုင်ရန်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ယခင်လလယ်က ဘင်္ဂလားနိုင်ငံခြားရေးအတွင်းဝန်နှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်တို့ ဒုက္ခသည်များနေရပ်ပြန်ရေးကိစ္စ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ရက်နေ့တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့ဘဇားခရိုင်တွင်းရှိ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည် သိန်းချီ စုဝေးကာ ၎င်းတို့နေရပ် မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်း(ဆေးပေးခန်း)

The Arakan Express News

ICJ အမှု မြန်မာဘက်က ကန့်ကွက်ချက် အားလုံး တရားရုံးပယ်ချ~~~~~■ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိ...
22/07/2022

ICJ အမှု မြန်မာဘက်က ကန့်ကွက်ချက် အားလုံး တရားရုံးပယ်ချ
~~~~~
■ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အပေါ် မြန်မာဘက်က တင်သွင်းထားတဲ့ ကနဦးကန့်ကွက်လွှာ လေးခုစလုံးကို ICJ တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်တည်း ပယ်ချလိုက်ပါတယ်။

တရားရုံးအမိန့်ဖတ်ကြားပွဲကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ ၂၀၂၂ ဇူလိုင်လ ၂၂ ရက် ဒီနေ့ပြုလုပ်ခဲ့တာပါ။ အခုလို ပယ်ချလိုက်တဲ့အတွက် ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုကို ICJ က ဆက်ပြီး ကြားနာတော့မှာ ဖြစ်ပါတယ်။

တရားရုံးအမိန့်ဖတ်ကြားပွဲကို မြန်မာစစ်ကောင်စီဘက်က ဝန်ကြီးဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပေးပါမယ်။

File Photo - ICJ တရားရုံးရှေ့ ဆန္ဒပြနေသူတစ်ဦး (Photo - Reuters)

ဒုက္ခသည်စခန်း တာဝန်ခံခေါင်းဆောင်အား အာဆာလက်နက် ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဇူလိုင် ၂၂ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခ...
22/07/2022

ဒုက္ခသည်စခန်း တာဝန်ခံခေါင်းဆောင်အား အာဆာလက်နက် ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်

ဇူလိုင် ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း၊ စခန်းအမှတ် (၄)၏ ဒုက္ခသည်စခန်းတာဝန်ခံများ ခေါင်းဆောင် (Head of Mazis) အပါအဝင် ရိုဟင်ဂျာ ၂ ဦးအား အာဆာလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ ၂၁ရက်နေ့ ညပိုင်းအချိန်တွင် စခန်းအမှတ် (၄)၏ ဒုက္ခသည်စခန်းတာဝန်ခံများ ခေါင်းဆောင် ဦးမာမတ်ဟူဆောင်းနှင့် အပေါင်းပါ ၂ ဦးသည် ညစာ စားသုံးနေစဉ် အာဆာအဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ရာ အသီးသီးဒဏ်ရာ ရရှိခဲ့ကြပြီး ပစ်ခတ်ခံရသူ တစ်ဦးမှာတော့ ဒဏ်ရာပြင်းထန်နေပြီး ကော့ဘဇားဆေးရုံတွင် တက်ရောက် ဆေးကုနေကြောင်း၊ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ရှိကြောင်း The territorial news- ttn သတင်းဌာန က ဖော်ပြထားသည်။

အဆိုပါသတင်းဌာနက စခန်းတာဝန်ခံ ခေါင်းဆောင် ဦးမာမတ်ဟူဆောင်း၏ သားဖြစ်သူအား မေးမြန်းထားရာတွင် အာဆာလက်နက်အဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်များထံက ဆက်ကြေးတောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ မူးယစ်ဆေးဝါးများနှင့် ဆက်နွယ်ခြင်းတို့ ပြုလုပ်လျက်ရှိပြီး စခန်းတာဝန်ခံခေါင်းဆောင်မှာ အာဆာလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်အား ထောက်ခံခြင်း မပြုကြောင်း၊ ထိုသို့ ၎င်းတို့ ဩဇာလွှမ်းမိုး၍မရသဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်တာဖြစ်ကြောင်း ပြောပြထားသည်။

အာဆာလက်နက်ကိုင်အဖွဲ့သည် တရားဥပဒေကို လေးစားပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၊ ခေါင်းဆောင်များကို ပစ်မှတ်ထားကာ လုပ်ကြံသတ်လေ့ရှိပြီး၊ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ အထင်ကရ ရိုဟင်ဂျာခေါင်းဆောင် မူဟီဘူလာကိုလည်း အာဆာအဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ttn

“အထောက်အထားမဲ့” ရိုဟင်ဂျာလို့ ပြောနေကြပေမယ့် အထောက်အထားအားလုံး သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာရှိတယ်။၂၀၁၆ - ၂၀၁၇ မှာ နယ်မြေ...
17/07/2022

“အထောက်အထားမဲ့” ရိုဟင်ဂျာလို့ ပြောနေကြပေမယ့် အထောက်အထားအားလုံး သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာရှိတယ်။

၂၀၁၆ - ၂၀၁၇ မှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ရိုဟင်ဂျာတွေကို သတ်ဖြတ်၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို မီးထဲပစ်ထည့်ပြီး မီးရှို့သတ်ဖြတ်၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်၊ ရွာပေါင်း ၄၀၀ ကျော် မီးရှို့ပစ်လို့ အထောက်အထားတွေ မီးထဲပါသွားပြီး “အထောက်အထားမဲ့” ဖြစ်နေကြပေမယ့် တကယ်တမ်း အရေးပါတဲ့ အထောက်အထား အားလုံး သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာရှိတယ်။

၁၉၉၂ ခုနှစ်ကစပြီး ခင်ညွန့်တည်ထောင်ခဲ့တဲ့ နယ်စပ်ဒေသကွပ်ကဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (န.စ.က) နဲ့ ၂၀၁၃ ခုနှစ်မှာ သိန်းစိန်က န.စ.က ကို ဖျက်သိမ်းပြီး နာမည်သစ်နဲ့ ပြန်တည်ထောင်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ဆီမှာ ရိုဟင်ဂျာတစ်ဦးချင်းရဲ့ ဓါတ်ပုံ၊ မိသားစုလိုက် ဓါတ်ပုံ၊ ရွာမြေပုံ၊ တစ်အိမ်ချင်းစီရဲ့ ဓါတ်ပုံ၊ သန်းခေါင်စာရင်း၊ အမျိုးသားမှတ်ပုံတင်မိတ္တူ၊ ယာယီသက်သေခံကတ်ပြား (ဝှိုက်ကတ်) မိတ္တူ စတဲ့ အရေးကြီးစာရွက်စာတမ်း အားလုံးရှိတယ်။

အထောက်အထားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကာယကံရှင်တွေဆီမှာ မရှိတော့အောင် လုပ်ပစ်တယ်။

ပြီးတော့ မီဒီယာသုံးပြီး ဒီတိုင်းပြည်က မဟုတ်တဲ့လူတွေ ဝင်လာသလို ဝါဒဖြန့်တယ်။

ထွက်ပြေးသွားတဲ့လူတွေကို ပြန်ခေါ်လာဖို့ လုပ်နေကြောင်း PR Campaign လုပ်တယ်။ လိုအပ်ရင် သူတို့နဲ့ နီးစပ်ရာလူတွေကို ပြန်ခေါ်လာပြီး ဓါတ်ပုံ၊ ဗီဒီယိုရိုက်ပြီး PR Campaign လုပ်တယ်။

ကိုယ့်ဆန္ဒနဲ့ကိုယ်ပြန်လာတဲ့လူတွေကျတော့ “အထောက်အထားမဲ့” ခေါင်းစဉ်တပ်ပြီး ဖမ်းဆီး ထောင်ချတယ်။

ဓာတ်ပုံ-ရခိုင့်နေ့စဉ်
Credit @ Ro Nay San Lwin

နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen သည် အာဆီယံနှစ်နိုင်ငံသို့ တစ်ပတ်ကြာ အလည်အပတ်ခရီး စတင်ခဲ့ပြီး ရိုဟင်ဂျာများ နေရပ်ပြန...
15/07/2022

နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen သည် အာဆီယံနှစ်နိုင်ငံသို့ တစ်ပတ်ကြာ အလည်အပတ်ခရီး စတင်ခဲ့ပြီး ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို တွန်းအားပေးရန်အတွက် အစုအဖွဲ့နှင့် ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်သည်။

၎င်း၏ ခရီးစဉ် ပထမအကျော့တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ လက်ရှိဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် အစုအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတို့ ယနေ့မှစ၍ လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

Momen နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းရေးမှူး (အရှေ့) Mashfee Binte Shams နှင့် အရှေ့တောင်အာရှရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Najmul Huda တို့သည် အာဆီယံ၏ အထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်။

အင်ဒိုနီးရှားတွင် နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် တွေ့ဆုံမည်ဖြစ်သည်။

"ကမ္ဘောဒီးယားက လက်ရှိအာဆီယံရဲ့ ဥက္ကဌဖြစ်ပြီး အင်ဒိုနီးရှားက နောက်ဥက္ကဌ ဖြစ်လာမှာပါ။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံစလုံးက အရေးကြီးပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တစ်ဖက်တွင်မူ အာဆီယံသည် မြန်မာ၏ နှစ်ဆအကျပ်အတည်းကြောင့် ဒုက္ခရောက်နေရပြီး တစ်ခုမှာ အမေရိကန်က လူမျိုးတုံးသတ်ဖြတ်မှုဟု အမေရိကန်က သတ်မှတ်ခဲ့သည့် စစ်တပ်က နှိမ်နင်းပြီးနောက် ရိုဟင်ဂျာများ ဝင်လာခြင်းဖြစ်ပြီး နောက်တစ်ခုမှာ စစ်တပ်က အာဏာသိမ်းခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဧပြီလတွင် အာဆီယံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောတူညီမှု ငါးရပ်ကို အတည်ပြုခဲ့သည်။ ၎င်းတို့တွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးရေး၊ အထူးသံတမန်တစ်ဦးခန့်အပ်ခြင်း၊ အာဆီယံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခြင်း၊ အစုအဖွဲ့၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ပြီး ပါတီအားလုံးနှင့် တွေ့ဆုံရန်။

မြန်မာနိုင်ငံသည် အများဆန္ဒကို အကြီးအကျယ် ချိုးဖောက်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

တောင်အာရှနှင့် အရှေ့တောင်အာရှကြား ပေါင်းကူးတံတားဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အာဆီယံနှင့် ချိတ်ဆက်မှုနှင့် ကုန်သွယ်မှု တိုးတက်ရန် စိတ်အားထက်သန်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် အာဆီယံ၏ စောင့်ကြည့်လေ့လာသူ အဆင့်အတန်းကို အာမခံရန် အချိန်အတော်ကြာ ကြိုးပမ်းခဲ့သည်။ ထို့အပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကိုလည်း ချိတ်ဆက်ရန် ကြိုးပမ်းလျက်ရှိသည်။

အာဆီယံနှင့် ကုန်သွယ်မှု တိုးတက်ရေးသည် မရှိမဖြစ် လိုအပ်သော်လည်း ရိုဟင်ဂျာများ နေရပ်ပြန်ရေး အမြန်စတင်ရန် ဘင်္ဂလားဒေ့ရှ် အတွက်လည်း အရေးကြီးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နဝဒေးတံတားထိပ်တွင် ရိုဟင်ဂျာ ၅ဦး ဖမ်းဆီးခံရဇူလိုင် ၃/၂၀၂၂ ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်ခြမ်း ပြည်ခရိုင်၊ နဝဒေးတံတားထိပ်တ...
03/07/2022

နဝဒေးတံတားထိပ်တွင် ရိုဟင်ဂျာ ၅ဦး ဖမ်းဆီးခံရ

ဇူလိုင် ၃/၂၀၂၂

ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်ခြမ်း ပြည်ခရိုင်၊ နဝဒေးတံတားထိပ်တွင် အာဏာသိမ်းမြန်မာစစ်တပ် လက်အောက်ခံ တပ်ဖွဲ့များက ပြီးခဲ့သည့် ဇွန်လ ၂၈ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း NMG သတင်းဌာနက အုပ်ချုပ်ရေးအဖွဲ့အစည်းကို ကိုးကား၍ သိရကြောင်း ဖော်ပြထားသည်။

အဆိုပါ ရိုဟင်ဂျာ ၅ ဦးတွင် ၄ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အမျိုးသမီးဖြစ်သည်။ ၎င်းတို့အနက် ၃ ဦးမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းရောက် နေရပ်စွန့်ခွာခဲ့ရသော ရိုဟင်ဂျာများဖြစ်ပြီး၊ ကျန် ၂ ဦးမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သက္ကာကုန်းကျေးရွာနေသူနှင့် စစ်တွေမြို့နယ်၊ ဓားပိုင်ကျေးရွာနေသူတို့ ဖြစ်ကြသည်။

ရိုဟင်ဂျာ ၅ ဦးအား တစ်ဦးလျှင် ကားခ ၁၂သိန်းနှုန်းဖြင့် ကားသမား ၃ဦးက ဧရာဝတီတိုင်းဒေသကြီးအတွင်းကနေ ရန်ကုန်မြို့သို့ တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။ ရိုဟင်ဂျာ ၅ဦးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၃ ဦးတို့အား ပန်းတောင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားကာ အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ဒေသခံ ရိုဟင်ဂျာများနှင့် ၂၀၁၇ ခုနှစ်၊ မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားခရိုင်သို့ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရ်ှနယ်စပ်တို့ကနေ လူကုန်ကူးပွဲစားများအား အခကြေးငွေပေးကာ ကုန်လမ်း၊ ရေလမ်းတို့ဖြင့် ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ထိုင်းမြန်မာနယ်စပ် ထိုမှတဆင့် မလေးရှားနိုင်ငံတို့ကို အလုပ်လုပ်ကိုင်ရန် သွားရောက်နေကြသည်။

Photo - NMG

အာဆီယံအထူးသံရဲ့ မြန်မာခရီးစဥ် မနက်ဖြန် စတင်မယ်မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြ...
28/06/2022

အာဆီယံအထူးသံရဲ့ မြန်မာခရီးစဥ် မနက်ဖြန် စတင်မယ်

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

အထူးသံတမန်ဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

ဒါဟာ အထူးသံရဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ခရီးစဥ်လည်း ဖြစ်ပါတယ်။

အာဆီယံက မြန်မာ့အရေးအထူးသံတမန်ခန့်အပ်မှုအပိုင်းမှာ မြန်မာ့အရေးငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံခွင့်ရနိုင်ရေးလည်း ပါဝင်ပေမဲ့ အထူးသံဟာ အခုခရီးစဥ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အာဆီယံအထူးသံကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ထဲ ရွှေ့ပြောင်းခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကို ထောက်ရှုပြီး မူလနေရာကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီကို မနေ့ကပဲ တိုက်တွန်းထားပါတယ်။

ဦးနု စစ်တပ်လက်က အာဏာပြန်ရပြီး နှစ်နှစ်အကြာမှာ အာဏာပြန်သိမ်းခံရတာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ အရှိန်ရပြီးသား ပြ...
27/06/2022

ဦးနု စစ်တပ်လက်က အာဏာပြန်ရပြီး နှစ်နှစ်အကြာမှာ အာဏာပြန်သိမ်းခံရတာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ အရှိန်ရပြီးသား ပြုပြင်ရေးတွေ ပြန်နောက်ဆုတ်တယ်လို့ အယူဆခံရတဲ့ ကိစ္စတွေမှာ မင်းတုန်း သီပေါလက်ထက် ပြုပြင်ရေးနဲ့ နှိုင်းယှဉ်ပြောကြ

#စစ်တပ် #ဒေါ်အောင်ဆန်းစုကြည် #မန္တလေး #နိုင်ငံရေး #ဘာသာရေး #အမျိုးသမီး #တရုတ် #အမေရိကန် #ဘီဘီစီမြန်မာပိုင်း
(BBC)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် အာဆီယံ-တရုတ် ချစ်ကြည်ရေ...
27/06/2022

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တတိယအကြိမ်မြောက် ဇာတ်လမ်းတို ဗီဒီယိုပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်

(၂၇-၆-၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် (၀၈၃၀)နာရီအချိန်တွင် ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပြုလုပ်သည့် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တတိယအကြိမ်မြောက် ဇာတ်လမ်းတို ဗီဒီယိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

တတိယအကြိမ်မြောက် ဇာတ်လမ်းတို ဗီဒီယိုပြိုင်ပွဲကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အာဆီယံဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ တရုတ်နိုင်ငံ ရုပ်မြင်သံကြားဌာန၊ တရုတ်နိုင်ငံခြားဘာသာ ထုတ်ဝေရေးဌာန ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ သံတမန် ရေးရာဌာနနှင့် ဝူရှီမြို့၊ မြူနီစီပယ်ပြည်သူ့အစိုးရတို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က မိန့်ခွန်းပြောကြားရာတွင် အာဆီယံ-တရုတ် ဇာတ်လမ်းတို ဗီဒီယိုပြိုင်ပွဲကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသည် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတွင် အာဆီယံ နှင့်တရုတ်နိုင်ငံအကြား ခိုင်မာသည့် ကတိကဝတ် ဖြစ်ပြီး ပြိုင်ပွဲဝင်ဇာတ်လမ်းတိုများသည် ပြီးခဲ့သည့်နှစ်(၃၀)အတွင်း အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ထင်ဟပ်စေပြီး ယဉ်ကျေးမှု ဖလှယ်ရေး နှင့် ပြည်သူအချင်းချင်း ထိတွေ့မှုကို ပိုမိုနက်ရှိုင်း ခိုင်မာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေး အကောင်အထည် ဖော်လျက်ရှိရာ ပြည်သူအချင်း ချင်းထိတွေ့ ဆက်ဆံမှုဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် ပြည်သူများ၏ အသိအမြင်များ ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တတိယအကြိမ်မြောက် ဇာတ်လမ်းတို ဗီဒီယိုပြိုင်ပွဲကို “ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက် နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်မည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် ဇာတ်လမ်းတိုများ သည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၊ စိမ်းလန်း စိုပြေမှု၊ အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှု၊ ပျော်ရွှင်ဖွယ်ဘဝ နှင့် အာဆီယံနှင့်တရုတ်အကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အပါအဝင် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေရန် အကြံပြုထားပါသည်။

ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကိုအောက်ဖော်ပြပါ website link တွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်-

http://www.china.org.cn/ASEAN_China_Video/node_8031592.html

U Chan Aye, Permanent Secretary of the Ministry of Foreign Affairs attended the online launch of the Third ASEAN-China Friendship and Cooperation Short Video Contest

(27-6-2022, Nay Pyi Taw)

U Chan Aye, Permanent Secretary of the Ministry of Foreign Affairs attended the online launch of the Third ASEAN-China Short Video Contest which was held via video conferencing on 27 June 2022 at 0830 hrs.

The Third ASEAN-China “Friendship and Cooperation” Short Video Contest is jointly organized by the Permanent Mission of the People’s Republic of China to ASEAN, the Permanent Mission of Myanmar to ASEAN, the ASEAN Secretariat, the National Radio and Television Administration of China, China Foreign Languages Publishing Administration, the Ministry of Foreign Affairs of the PRC, China Public Diplomacy Association and the Wuxi Municipal People’s Government.

At the Launch Ceremony, Permanent Secretary delivered a keynote speech and highlighted that the implementation of the Short Video Contest exemplifies ASEAN-China strong commitment on people to people ties and the production of short films carries messages of ASEAN-China friendship and cooperation achieved over the past three decades which has deepened the cultural exchanges and strengthened people-to-people ties. He also highlighted that this joint effort between ASEAN and China on people-to-people exchanges will also bring about greater awareness on ASEAN-China Cooperation and regional cooperative activities while implementing ASEAN-China Comprehensive Strategic Partnership.

Under the theme of “Friendship and Cooperation”, the Third ASEAN-China Short Video Contest will run from 27 June 2022 to 15 September 2022, and is opened to any interested participant from ASEAN Member States and China. Entries are suggested to reflect ASEAN-China friendly cooperation on themes including win-win cooperation, Green Homes, Friendly Neighbors, Happy life and people to people exchanges between ASEAN and China.

For more information regarding the Contest, visit:

http://www.china.org.cn/ASEAN_China_Video/node_8031592.html

ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို~~~~~~■ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံ...
27/06/2022

ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို
~~~~~~
■ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့ နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုလိုက်ပါတယ်။

နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းရွှေ့တဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အလွန်အမင်း စိုးရိမ်တဲ့အပြင် မူလနေအိမ်မှာပဲထားဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ စာပေးပို့တောင်းဆိုထားတာလို့ ဇွန်လ ၂၇ ရက် ဒီကနေ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်ဆောင်ကို ယခု ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံ မူလအခြေအနေပြန်ရောက်ဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်အတွင်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တဲ့သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက မှတ်ယူထားတယ်လို့လည်း ဦးဝဏ္ဏမောင်လွင်ကို ပေးပို့ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ စာမှာ ရေးသားဖော်ပြထားပါတယ်။

ပဋိပက္ခနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုကို ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်လိုက်ရင် ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မျှော်လင့်နိုင်မှာ မဟုတ်ဘူးလို့လည်း အထူးကိုယ်စားလှယ်က ပြောထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ အခု ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ခရီးစဉ်အဖြစ်လာရောက်ဖို့ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးကို ဆွေးနွေးသွားဖို့ရှိတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြထားပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့က စစ်ကောင်စီထံ တောင်းဆိုထားပေမယ့် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမှုရင်ဆိုင်နေရတဲ့သူတွေနဲ့ တွေ့ခွင့်ပြုမှာမဟုတ်ဘူးလို့ RFA ကို ဖြေဆိုထားပါတယ်။
- Unicode
---------------

ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို
~~~~~~
■ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့ နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုလိုက်ပါတယ်။

နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းရွှေ့တဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အလွန်အမင်း စိုးရိမ်တဲ့အပြင် မူလနေအိမ်မှာပဲထားဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ စာပေးပို့တောင်းဆိုထားတာလို့ ဇွန်လ ၂၇ ရက် ဒီကနေ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်ဆောင်ကို ယခု ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံ မူလအခြေအနေပြန်ရောက်ဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်အတွင်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တဲ့သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက မှတ်ယူထားတယ်လို့လည်း ဦးဝဏ္ဏမောင်လွင်ကို ပေးပို့ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ စာမှာ ရေးသားဖော်ပြထားပါတယ်။

ပဋိပက္ခနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုကို ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်လိုက်ရင် ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မျှော်လင့်နိုင်မှာ မဟုတ်ဘူးလို့လည်း အထူးကိုယ်စားလှယ်က ပြောထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ အခု ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ခရီးစဉ်အဖြစ်လာရောက်ဖို့ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေအပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးကို ဆွေးနွေးသွားဖို့ရှိတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြထားပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့က စစ်ကောင်စီထံ တောင်းဆိုထားပေမယ့် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမှုရင်ဆိုင်နေရတဲ့သူတွေနဲ့ တွေ့ခွင့်ပြုမှာမဟုတ်ဘူးလို့ RFA ကို ဖြေဆိုထားပါတယ်။
- Zawgyi
---------------

Photo: REUTERS

(အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ တွေ့ရစဉ်)
(Rfa)

ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်~~~~~~■ ချင်းပြည်နယ် ပလက်ဝမြို့နယ် မြောက်ဘက် ချောင်းတစ်ဖက်ကမ်းက ရုပ်ဝရ...
27/06/2022

ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
~~~~~~
■ ချင်းပြည်နယ် ပလက်ဝမြို့နယ် မြောက်ဘက် ချောင်းတစ်ဖက်ကမ်းက ရုပ်ဝရွာအနီးမှာ ဇွန်လ ၂၇ ရက်နေ့ ဒီကနေ့မနက် ၁၁ နာရီကျော်လောက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပလက်ဝမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်သံတွေကြားရတာ ၁၀ မိနစ်လောက် ရှိမယ်ထင်တယ်။ အပြန်အလှန်ပစ်ခတ်ကြတဲ့ပုံစံပါပဲ။ လက်နက်ငယ်တွေ အဆက်မပြတ် ကြားရတယ်။ ပြီးတော့ စစ်တပ်ထဲက လက်နက်ကြီးပစ်တယ်။ ကျနော် ကြားလိုက်တာကတော့ တပ်ရင်းထဲက လက်နက်ကြီးပစ်သံ ငါးချက်လောက် ကြားလိုက်တယ်”

အခုတိုက်ပွဲဖြစ်တဲ့ ရုပ်သားရွာအပါအဝင် အနီးအနားရွာအချို့က ဒေသခံတွေကတော့ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ အရင်တိုက်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ပလက်ဝမြို့ပေါ်နဲ့ ရခိုင်ပြည်နယ်ထဲကို ထွက်ပြေးသွားကြတာ နှစ်ချီပြီလို့လည်း ဒေသခံက ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်တဲ့ ထိခိုက်သေဆုံးမှု အသေးစိတ်ကို AA ရော၊ စစ်ကောင်စီရော နှစ်ဖက်စလုံးက သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားရွာမှာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။
- Unicode
---------------

ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
~~~~~~
■ ချင်းပြည်နယ် ပလက်ဝမြို့နယ် မြောက်ဘက် ချောင်းတစ်ဖက်ကမ်းက ရုပ်ဝရွာအနီးမှာ ဇွန်လ ၂၇ ရက်နေ့ ဒီကနေ့မနက် ၁၁ နာရီကျော်လောက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပလက်ဝမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်သံတွေကြားရတာ ၁၀ မိနစ်လောက် ရှိမယ်ထင်တယ်။ အပြန်အလှန်ပစ်ခတ်ကြတဲ့ပုံစံပါပဲ။ လက်နက်ငယ်တွေ အဆက်မပြတ် ကြားရတယ်။ ပြီးတော့ စစ်တပ်ထဲက လက်နက်ကြီးပစ်တယ်။ ကျနော် ကြားလိုက်တာကတော့ တပ်ရင်းထဲက လက်နက်ကြီးပစ်သံ ငါးချက်လောက် ကြားလိုက်တယ်”

အခုတိုက်ပွဲဖြစ်တဲ့ ရုပ်သားရွာအပါအဝင် အနီးအနားရွာအချို့က ဒေသခံတွေကတော့ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ အရင်တိုက်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ပလက်ဝမြို့ပေါ်နဲ့ ရခိုင်ပြည်နယ်ထဲကို ထွက်ပြေးသွားကြတာ နှစ်ချီပြီလို့လည်း ဒေသခံက ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်တဲ့ ထိခိုက်သေဆုံးမှု အသေးစိတ်ကို AA ရော၊ စစ်ကောင်စီရော နှစ်ဖက်စလုံးက သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားရွာမှာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။
- Zawgyi
---------------
(Rfa)

မောင်တောပညာရေးဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲသူများကို ပုဒ်မ ၃၆၅ ဖြင့် အမှုဖွင့်မောင်တော၊ ဇွန်လ ၂၇/၂၀၂၂ရခိုင်ပြည်နယ်၊ မောင်တေ...
26/06/2022

မောင်တောပညာရေးဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲသူများကို ပုဒ်မ ၃၆၅ ဖြင့် အမှုဖွင့်

မောင်တော၊ ဇွန်လ ၂၇/၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ပညာရေးဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ရာဇတ်သတ်ကြီးပုဒ်မ ၃၆၅ နဲ့ ကြိမ်ချောင်းရဲစခန်းမှာ အမူဖွင့်ထားကြောင်း အမည်မဖော်လိုတဲ့ရဲအရာရှိတဦးက ပြောပါတယ်။

"သူတို့ ၂ ယောက်ကို ပြန်ပေးဆွဲခေါ်ဆောင်သွားသူတွေကို ကြိမ်ချောင်း နယ်မြေ ၃ မှာ ရာဇတ်သတ်ကြီးပုဒ်မ ၃၆၅ နဲ့ အမူဖွင့်ထားတယ်။ တရားစွဲနိုင်ဖို့ကတော သူတို့ ၂ ဦးကို တရားလိုပြသက်သေများအနေနဲ့ တရားရုံးမှာ စစ်ဆေးရပါမှာ။"

သူတို့ ၂ ဦးအား ပြန်ပေးဆွဲဖမ်းဆောင်သွားတာဟာ ကြိမ်ချောင်းအပိုင် ဇီပင်ချောင်ကျေးရွာ ခွဆုံမှာ ဖြစ်တာကြောင့် ကြိမ်ချောင်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတာလို့ ဆိုပါတယ်။

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးဟာ ဇွန် ၁၆ ရက်နေ့က မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ မောင်တောမြို့နယ်ပညာရေးမှူးရုံးကို ဆိုင်ကယ်နဲ့ သွားရောက်စဉ် ကြိမ်ချောင်း နယ်မြေအပိုင် ဇီပင်ချောင်းကျေးရွာမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။

သူတို့အား ပြန်ပေးဆွဲသွားသူတွေရဲ့ ရုပ်သဏ္ဌာန်အား မူးခင်းတပ်ဖွဲ့က ပုံကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတွေဆီက သိရပါတယ်။

ဆရာ ဦးဘိုဝင်းရဲ့ မိသားစုဝင်တဦးက “အခုလက်ရှိ အချိန်အထိတော့ ကျနော်တို့ အစ်ကိုနဲ့ ဆရာမကို မောင်တောခရိုင်ထွေအုပ်ရိပ်သာမှာ လုံခြုံးရေးအရ ထိန်းသိမ်းဆဲပါ။ သူတို့ကို အဖွဲ့ပေါင်းစုံက လာရောက်စစ်ဆေးနေတာ ရှိနေတယ်။” လို့ ပြောဆိုပါတယ်။

သူတို့ ၂ ဦး ပြန်လွတ်မြောက်ဖို့ ပြန်ပေးသမားတွေအား မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန် ၂၂ ရက် နေ့တွေက အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနဲ့ ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ) Kharang Khali (ရခိုင်) ကျေးရွာအနီးမှာ လွှတ်ပေးခဲ့တာပါ။

ဇွန် ၂၃ ရက် ညမှာတော့ ပညာရေးဝန်ထမ်း ၂ ယောက်ကို မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ ကော့ဇ်ဘဇားမြို့အခြေစိုက် အမှတ် ၃၄ BGB နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ လာရောက်လွှဲပြောင်းအပ်နှံခဲ့ကြပါတယ်။

ပညာရေးဝန်ထမ်း ၂ ဦး အား ဇွန် ၂၄ ရက် မွန်းတည်း ၁၂ နာရီကျော်လောက် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မိသားစုတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် လုံခြုံရေးအတွက် ခရိုင်ထွေအုပ်ရိပ်သာမှာ ထိန်းသိမ်းထားတာလည်းဖြစ်ပါတယ်။

ဆရာ ဦးဘိုဝင်းရဲ့ မိသားစုဝင်တဦးက “အခုလက်ရှိ အချိန်အထိတော့ ကျနော်တို့ အစ်ကိုနဲ့ ဆရာမကို မောင်တောခရိုင်ထွေအုပ်ရိပ်သာမှာ လုံခြုံးရေးအရ ထိန်းသိမ်းဆဲပါ။ သူတို့ကို အဖွဲ့ပေါင်းစုံက လာရောက်စစ်ဆေးနေတာ ရှိနေတယ်။” လို့ ပြောဆိုပါတယ်။

သူတို့ ၂ ဦး ပြန်လွတ်မြောက်ဖို့ ပြန်ပေးသမားတွေအား မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန် ၂၂ ရက် နေ့တွေက အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနဲ့ ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ) Kharang Khali (ရခိုင်) ကျေးရွာအနီးမှာ လွှတ်ပေးခဲ့တာပါ။

ဇွန် ၂၃ ရက် ညမှာတော့ ပညာရေးဝန်ထမ်း ၂ ယောက်ကို မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ ကော့ဇ်ဘဇားမြို့အခြေစိုက် အမှတ် ၃၄ BGB နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ လာရောက်လွှဲပြောင်းအပ်နှံခဲ့ကြပါတယ်။

သူတို့ ၂ ဦး အခုလိုပြန်လည်လွတ်မြောက်ဖို့ လွှဲပေးခဲ့တဲ့ငွေတွေဟာ မိသားစု၊ ပညာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတို့က ရှာဖွေချေးယူထားတာလို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

ဆရာ ဦးဘိုဝင်းရဲ့ မိသားစုဝင်တဦးက “အခုလက်ရှိ အချိန်အထိတော့ ကျနော်တို့ အစ်ကိုနဲ့ ဆရာမကို မောင်တောခရိုင်ထွေအုပ်ရိပ်သာမှာ လုံခြုံးရေးအရ ထိန်းသိမ်းဆဲပါ။ သူတို့ကို အဖွဲ့ပေါင်းစုံက လာရောက်စစ်ဆေးနေတာ ရှိနေတယ်။” လို့ ပြောဆိုပါတယ်။

သူတို့ ၂ ဦး ပြန်လွတ်မြောက်ဖို့ ပြန်ပေးသမားတွေအား မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန် ၂၂ ရက် နေ့တွေက အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနဲ့ ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ) Kharang Khali (ရခိုင်) ကျေးရွာအနီးမှာ လွှတ်ပေးခဲ့တာပါ။

ဇွန် ၂၃ ရက် ညမှာတော့ ပညာရေးဝန်ထမ်း ၂ ယောက်ကို မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ ကော့ဇ်ဘဇားမြို့အခြေစိုက် အမှတ် ၃၄ BGB နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ လာရောက်လွှဲပြောင်းအပ်နှံခဲ့ကြပါတယ်။

သူတို့ ၂ ဦး အခုလိုပြန်လည်လွတ်မြောက်ဖို့ လွှဲပေးခဲ့တဲ့ငွေတွေဟာ မိသားစု၊ ပညာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတို့က ရှာဖွေချေးယူထားတာလို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

(DVB)

Address


Website

Alerts

Be the first to know and let us send you an email when Buthidaung Updates News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share