Chindwin Post

  • Home
  • Chindwin Post

Chindwin Post Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chindwin Post, Media/News Company, .
(1)

◾ကိုယ်ဝန်ဆောင်အား ဓားမြတိုက်သတ်ဖြတ်သည့်အဖွဲ့မှာ Monywa Force ကျွဲကြီးအဖွဲ့ဖြစ်၊- စေခိုင်းသည့်တရားခံကို စကစ မဖမ်းလျှင် ၎င...
11/08/2023

◾ကိုယ်ဝန်ဆောင်အား ဓားမြတိုက်သတ်ဖြတ်သည့်အဖွဲ့မှာ Monywa Force ကျွဲကြီးအဖွဲ့ဖြစ်၊

- စေခိုင်းသည့်တရားခံကို စကစ မဖမ်းလျှင် ၎င်းတို့ဖမ်းမည်ဟု GUARDIAN FORCE ခေါင်းဆောင် စိန်ခေါ်


ဩဂုတ်-၁၁

မုံရွာမြို ထန်းတော-ကျွန်းဆွယ်ရပ်ကွက် အင်းဖြတ်လမ်းရှိ နေအိမ်တစ်အိမ်မှ နေစေ့လစေ့ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ခဲ့သောအဖွဲ့မှာ Monywa FORCE-ကျွဲကြီး အမည်ခံ UG အဖွဲ့ ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းအဖွဲ့ကို မုံရွာ GUARDIAN FORCE -PDFကဖမ်းဆီးခဲ့ပြီး ကိုယ်ဝန်ဆောင်ကိုသတ်ရန် စေခိုင်းသူမှာ အခင်းဖြစ်နေအိမ် နှင့် သုံးအိမ်ခြာနေသူ မမေခိုင် ဆိုသူဖြစ်ကြောင်း G-FORCE ခေါင်းဆောင်က ယနေ့ည ၇ နာရီခွဲတွင် တိုက်ရိုက်လွှင့်မှုတွင် ပြောဆိုထားသည်။

"နာမည်ပြောပြီးပြီ ၊ တရားခံကို မင်းတို့မဖမ်းရင် ၃ရက်အတွင်း ငါတို့အဖွဲ့ဖမ်းပြမယ် "ဟု G-FORCE ခေါင်းဆောင်က စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များကို စိန်ခေါ် ခဲ့သည်။

သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ကောင်စီထောက်တိုင်ဖြစ်ကြောင်း ငွေရေးကြေးရေးရန်ငြိုးရှိသည့် အိမ်နီးချင်းအမျိုးသမီးက ကျွဲကြီး UGအဖွဲ့ကို သတင်းမှားပေး၍ သတ်ဖြတ်ခိုင်းခြင်းဖြစ်ကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပါရှိသည်။

သတ်ဖြတ်သော ကျွဲကြီး UG အဖွဲ့မှာ တော်လှန်ရေးအမည်ခံအဖွဲ့ သာဖြစ်ပြီး လက်လုပ်ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ ထန်းတော ကျွန်းဆွယ်ရပ်သို့ စစ်ကောင်စီတပ်များ ယနေ့ညနေပိုင်းက ပိတ်ဆို့စစ်ဆေးမှုများလုပ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီလော်ဘီတယ်လီဂရန်များတွင် PDFက သတ်ဖြတ်ကြောင်းဖြန့်ဝေ ထားပြီး အများပြည်သူသတင်းမှန်သိရန် ချပြမည်ဖြစ်ပြီး တရားခံများကို တရားစီရင်မှုမှာ အထက်အဖွဲ့အစည်း၏ ချမှတ်စည်းကမ်းဥပဒေ အတိုင်းသာလုပ်ဆောင်မည်ဟု G-FORCE အဖွဲ့ကပြောဆိုထားသည်။

ပုံ- ကိုယ်ဝန်ဆောင်အား သတ်ဖြတ်သည့် လက်လုပ်သေနတ်

#ကိုယ်ဝန်ဆောင်
#ချင်းတွင်းပို့စ်

မုံရွာတွင် ကိုယ်ဝန်ဆောင်အား သတ်ဖြတ် ဓားမြတိုက်ခဲ့သော အုပ်စုဖမ်းမိဩဂုတ်-၁၁မုံရွာမြို ထန်းတော-ကျွန်းဆွယ်ရပ်ကွက် အင်းဖြတ်လမ...
11/08/2023

မုံရွာတွင် ကိုယ်ဝန်ဆောင်အား သတ်ဖြတ် ဓားမြတိုက်ခဲ့သော အုပ်စုဖမ်းမိ

ဩဂုတ်-၁၁

မုံရွာမြို ထန်းတော-ကျွန်းဆွယ်ရပ်ကွက် အင်းဖြတ်လမ်းရှိ နေအိမ်တစ်အိမ်ကို ဩဂုတ် ၁၀ရက် နေ့လည် ၃နာရီက လူသတ်ဓားမြတိုက်ခဲ့သော အဖွဲ့အား မုံရွာ GUARDIAN FORCE -PDFက နေ့ချင်းဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။

ဓားမြအဖွဲ့သည် ဆိုင်ကယ် ၃စင်းဖြင့်လာရောက်ပြီး နောက် နေအိမ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သက်ကြီးအမျိုးသမီးကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖုန်း ၂လုံးနှင့် ဆိုင်ကယ် ကလစ် တစ်စီးအား ယူဆောင်ထွက်ပြေးကြောင်း သတင်းရရှိသည်။

"သေတဲ့ ကောင်မလေးက နေစေ့လစေ့ သားဦးကိုယ်ဝန်ကြီးနဲ့၊နောက်လထဲမွေးတော့မှာ၊ အခန်းထဲမှာ ဖုန်းသုံးနေတာကို ဖုန်းဝင်လုရင်းပစ်သွားတာ၊ သူ့ယောက္ခမကြီးလည်းပစ်ခံရပေမယ့် ဒဏ်ရာရရုံပဲ "ဟု ၎င်းရပ်ကွက်နေသူတစ်ဦးကပြောသည်။

သေဆုံးသူ ကိုယ်ဝန်သည်အမျိုးသမီးမှာ အသက် ၂၅နှစ်အရွယ် အေးငြိမ်းသူ(ခ)သဲသဲ ဖြစ်ပြီး နေအိမ်ရှိ အမျိုးသားတစ်ဦးကိုလည်း ဓားမြအဖွဲ့မှ လိုက်လံပစ်ခတ်သေးကြောင်း ဖမ်းမိစဉ်ထွက်ဆိုထားသည်။

ဓားမြခေါင်းဆောင်အပါအဝင် ၇ဦးကို မုံရွာ PDFအဖွဲ့ကဖမ်းဆီးပြီး စစ်ဆေးချက် ဝန်ခံချက်များအား ဩဂုတ် ၁၁ရက် နံနက် ၉ နာရီတွင်တိုက်ရိုက် ထုတ်လွှင့်ထားသည်။

ဓားမြအဖွဲ့ကို အမျိုးသမီး တစ်ဦးကစေခိုင်းကြောင်း ထွက်ဆိုထားပြီး စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် ဒေသခံ PDFများက လုပ်ဆောင်သည်ဟု ဝါဒဖြန့်ချီထားသည်။

စစ်ကိုင်းတိုင်း အကြီးဆုံးမြို့ဖြစ်သော မုံရွာမြို့တွင် ဓားမြ မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ မည်သည့်အဖွဲ့ကမှန်းမသိ ဖမ်းဆီးမှု၊ လူပျောက်မှုများ နေ့စဉ်နီးပါး ရှိနေကြောင်း ဒေသခံ အများစုက ပြောဆိုသည်။

#မုံရွာ #ဓားမြမှု #ကိုယ်ဝန်ဆောင်
#ချင်းတွင်းပို့စ်

" ပန်းပန်လျက်ပဲ"ဇွန်-၁၉စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ရက်ပေါင်း ၈၂၀မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်းမြင်ကွင်း။ဇွန်လ ၁...
19/06/2023

" ပန်းပန်လျက်ပဲ"

ဇွန်-၁၉

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ရက်ပေါင်း ၈၂၀မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်းမြင်ကွင်း။

ဇွန်လ ၁၉ရက် ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်မြောက်မွေးနေ့မှာ "ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ၊တော်လှန်ပန်းတွေလွင့်ပျံ အမျိုးသမီးထုအားမာန်"စတဲ့ စသားများကိုင်စွဲကာ ဆန္ဒပြခဲ့ကြပါတယ်။

ဇွန်-၉ရက်က မုံရွာမြို့နဲ့ မျက်နှာချင်းဆိုင် ချင်းတွင်းမြစ်ခြားတဲ့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဟာ ကျေးရွာတွေကို ၁၀ရက် ဆက်တိုက်မီးရှို့ နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ- ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီ

#ချင်းတွင်းပို့စ်

ညောင်ပင်ကြီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေ၊ ၂ဦးအရှင်ဖမ်းမိ၊ PDF တစ်ဦးသေဇွန်- ၁၀မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင...
10/06/2023

ညောင်ပင်ကြီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေ၊ ၂ဦးအရှင်ဖမ်းမိ၊ PDF တစ်ဦးသေ

ဇွန်- ၁၀

မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရဲစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၅ဦးသေဆုံး ၊အရှင် ၂ဦးဖမ်းမိပြီး PDF တစ်ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်သည်။

စခန်းကိုသိမ်းပြီး မီးရှို့နေခိုက် နမခ မှ ရဟတ်ယာဉ် ၂စင်းဖြင့်လာရောက်ပစ်ရာ PDF တစ်ဦး ဗိုက်ပွင့်သေဆုံး၍ ၄ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ပွဲကို ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး - Union Liberation Front – ULF ၊ကျွဲစစ်သည်အဖွဲ့ - Buffalo People Defense Force (လွိုင်ကော်)၊ရတနာပုံတပ်ဖွဲ့တို့က ဒေသခံတပ်များဖြင့်ပူးပေါင်းရှင်းလင်းခြင်းဖြစ်ကြောင်းသိရသည်။

ညောင်ပင်ကြီးစခန်း အနီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီ တွင် တပ်ဖြန့်ထားသော စစ်တပ်က လက်နက်ကြီးများပစ်ကူခြင်း မုံရွာကမ်း သောင်ပြင်မှ လက်နက်ကြီးများဖြင့် ထုခြင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

မြစ်ကြောင်းကိုကူး၍ တပ်ကူများမရောက်ရန် PDFများက ပိတ်ဆို့ပစ်ခတ်နိုင်ခဲ့ပြီး လက်နက်များသိမ်းကာ ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်သည်။

နမခ တိုင်းစစ်ဌာနချုပ်အနီး ချင်းတွင်းမြစ်သာခြားသော ရဲစခန်းအလစ်ငိုက်တိုက်ခိုက်ခံရပြီးနောက် ယနေ့တွင် ညောင်ပင်ကြီးအနီးတဝှိက်၌ အင်အားတိုး စစ်ကြောင်းထိုးကာ ကျေးရွာများကို တနေကုန်မီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။

စခန်းသိမ်းတိုက်ပွဲကနေ (G-3) သေနတ် ၄လက်၊ (MA-1) သေနတ် ၁လက်၊ စက်လတ် သေနတ် ၁လက်၊ (၇၉)သေနတ် တစ်လက်နဲ့ လက်နတ်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့ပြီး ဖမ်းဆီးခံထားရသော ဗိုလ်နဂါး အဖွဲ့မှ ၂ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု သတင်း
ရှိသည်။

#ညောင်ပင်ကြီး #ချင်းတွင်းပို့စ်

မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီးတွင်တိုက်ပွဲပြင်းထန်၊စစ်ရဟတ်ယာဉ်ဖြင့် ပစ်ဇွန်-၉စစ်ကိုင်းတိုင်း အနောက်မြောက်တိုင်းစစ်ဌာနချု...
09/06/2023

မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီးတွင်တိုက်ပွဲပြင်းထန်၊စစ်ရဟတ်ယာဉ်ဖြင့် ပစ်

ဇွန်-၉

စစ်ကိုင်းတိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ မုံရွာမြို့ ချင်းတွင်းမြစ်တဖက်ကမ်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာတွင် ယနေ့ ညနေ ၅နာရီခွဲက တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စင်းဖြင့် ဆက်တိုက်ပစ်ခတ်ပြီး မုံရွာမြို့ မြစ်ဆိပ်ကမ်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

"ညောင်ပင်ကြီးရဲစခန်း သိမ်းပြီးမီးရှို့လိုက်တယ်ကြားတယ် ၊ပစ်တဲ့အသံတွေရော ၊ လေယာဉ်နဲ့ပစ်တာရော ဒီဘက်ကမ်းကနေ အတိုင်းသား မြင်နေရတာ ၊ မြစ်ကမ်းနား အေးသာယာ ၊ အုန်းခြံရပ်ကွက်က ထွက်ပြေးနေကြရပြီ "ဟု မုံရွာမြို့ခံကပြောသည်။

လက်ရှိတွင် ညောင်ပင်ကြီး ရွာ အနီးတဝှိက် မီးလောင်နေသည်ဟုသတင်းရရှိသည်။ မုံရွာမြို့ပေါ်တွင်လည်း ည၈နာရီအထိ ပစ်ခတ်မှုများ လက်နက်ကြီးပစ်သံများ ဆူညံနေသည်ဟု မြို့ခံကပြောသည်။

#ညောင်ပင်ကြီး #ချင်းတွင်းပို့စ်

မုံရွာ အထည်ဆိုင်ရှေ့ ကားခိုးခံရ၊ကားထဲပါသွားသော ကလေးကို လမ်းဘေးချထားခဲ့ မုံရွာ၊မေ-၁၅မုံရွာမြို့ ကျောက္ကာလမ်း၊ ဇောတိကဘုန်း...
15/05/2023

မုံရွာ အထည်ဆိုင်ရှေ့ ကားခိုးခံရ၊ကားထဲပါသွားသော ကလေးကို လမ်းဘေးချထားခဲ့

မုံရွာ၊မေ-၁၅

မုံရွာမြို့ ကျောက္ကာလမ်း၊ ဇောတိကဘုန်းကြီးကျောင်းအနီး ပိုးထည်တိုက်သို့ စျေးဝယ်လာသော အိမ်စီးကားတစ်စီး ယနေ့ နေ့လယ်က ခိုးယူခံရသည်။

ဟွန်ဒါဖစ် GK3 ကားအမဲကိုမောင်းလာသော အမျိုးသမီးသည် ကားအတွင်း ကလေးငယ်အိပ်နေသဖြင့် အဲယားကွင်းဖွင့် စက်နှိုးထားခဲ့ရာမှ တဆင့် ခိုးယူခံရခြင်းဖြစ်ကြောင်း လူမှုကွန်ယက် စာမျက်နှာတွင်အကူအညီတောင်းခံထားသော စာများအရသိရသည်။

အခင်းဖြစ်ရာ အနီးမှ စျေးသည်တစ်ဦးကမူ "ယောကျာ်း၃ယောက် ကားပေါ် တက်ပြီး ယူသွားတာ၊အစထဲက ကြည့်ထားပုံပဲ ၊ ကလေးနဲ့ လူကြီး အော်သံလည်းကြားတယ်၊ ပြီးတော့ကားက မောင်းပြေးသွားတာ၊ လုသွားသလိုပဲ "ဟု မြင်တွေ့လိုက်ရမှုအား ပြောသည်။

ကလေးငယ်အား မိုင်ဝက်ခန့်အကွာ လူသူရှင်းရာ ရေကူးကန်လမ်းအတွင်း ချထားခဲ့ကြောင်းသိရသည်။

ကလေးအား လိုက်လံရှာဖွေရာမှ တဆင့် ပြန်တွေ့ခဲ့ကြသည်ဟု သတင်းရရှိသည်။

ဖြစ်ပွားခဲ့သော ကျောက္ကာလမ်းမကြီးနေရာမှာ လူအသွားအလာ ရှုပ်ထွေးသော နေရာဖြစ်သော်လည်း မည်သူမှ ကူညီဆောင်ရွက်ပေးနိုင်သည့် အနေအထား မရှိကြောင်း၊ လုယက်မှု ခိုးမှု၊ ဓားမြမှုကျူးလွန်သူများမှာ လက်နက်ကိုင်၍ ပြောင်ပြောင်တင်းတင်းပင် လုပ်နေကြကြောင်း မြို့ခံတစ်ဦးက မှတ်ချက်ပေးသည်။

ပုံ- သူခိုးလက်ပါသွားသော အိမ်စီးကား

#ချင်းတွင်းပို့စ်

14/05/2023

🔴မုန်တိုင်းလမ်းကြောင်းပေါ်မှ စစ်ကိုင်းတိုင်းသို့ အရေးပေါ် သတိပေးချက်

မုန်တိုင်းသည် စစ်ကိုင်းတိုင်း အနောက်ပိုင်းနှင့် အလယ်ပိုင်းကို ယနေ့ည ၁၀ နာရီမှ ၁၂ နာရီကြားဖြတ်သန်းသွားမည်။ လေတိုက်နှုန်း တစ်နာရီ ၇၀မိုင် အထိရှိမည်။ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။

နာဂတောင်တန်း ကုန်းမြင့်ဒေသများတွင်မြေပြိုမှုများဖြစ်နိုင်သည်။

🚩 Warning for Sagaing

Cyclone Mocha will pass over western and central townships of Segaing between 10pm -12am. Wind speeds of up to 70m/h. Heavy rain can be expected. Landslides in highlands of Naga could be possible.

ရင်းမြစ်-MM Weather
#ချင်းတွင်းပို့စ်

ကနီတွင် မုန်တိုင်းမိုးသည်းနေချိန် စစ်ကြောင်းထိုး၍ ပြည်သူများ တောင်ကျချောင်းများ ဖြတ်ပြေးနေရကနီ၊မေ-၁၄မိုခါ ဆိုင်ကလုန်းမုန...
14/05/2023

ကနီတွင် မုန်တိုင်းမိုးသည်းနေချိန် စစ်ကြောင်းထိုး၍ ပြည်သူများ တောင်ကျချောင်းများ ဖြတ်ပြေးနေရ

ကနီ၊မေ-၁၄

မိုခါ ဆိုင်ကလုန်းမုန်တိုင်းစက်ကွင်းဒေသတွင်ပါဝင်သော
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မေလ ၁၃ရက်က စစ်တပ်ဝင်ရောက်သဖြင့် ကျေးရွာ ၅ရွာမှ ပြည်သူထောင်ချီ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ကနီဒေသသည် တောင်ကျချောင်းများပေါ၍ သာမာန်မိုးရွာလျှင်ပင် လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်လေ့ရှိသော ဒေသများဖြစ်သည်။

"မုန်တိုင်းသတင်းက ကြားပေမယ့် ကိုယ့်အိမ်ထဲကိုယ် ကုပ်မနေရဲဘူး၊ ဒါတောင်မပြေးနိုင်တဲ့သူတွေကျန်ခဲ့တယ်၊ အသက်ကြီးတဲ့သူတွေ မိုးမိတော့ မပြေးနိုင်ကြဘူး၊ ကား နဲ့ဆိုင်ကယ်က ဒီမိုးနဲ့ ခရီးမတွင်ဘူး "ဟု ဒေသခံကပြောသည်။

ကနီမြို့အောက်ဖက် ချင်းတွင်းမြစ် အနောက်ဖက်ကမ်း ချောင်းမ၊ ယက္ကန်းတိုင်၊ သမင်ခြံ၊ မုဌော ၊တွင်းမ စသော ကျေးရွာမှ ဒေသခံများထွက်ပြေးနေရသည်ဟု ဆိုသည်။

မိုခါ မုန်တိုင်းမှာ မေလ ၁၄ရက်တွင် ပင်လယ်မှ ကုန်းတွင်းပိုင်းသို့စတင်ဝင်ရောက်နေပြီး စစ်ကိုင်းတိုင်းသို့ လေပြင်းတိုက်ပါက စစ်ရှောင်ပြည်သူများ ပိုမိုဒုက္ခရောက်နိုင်ကြောင်း ကူညီရေးလုပ်ဆောင်သူများကဆိုသည်။

မိုးရွာသွန်းမှု အရှိန်ကြောင့် လမ်းပန်းဆက်သွယ်ရေးအချို့လည်း စတင်ပြတ်တောက်နေပြီး ရိက္ခာများသယ်ယူရန်မလွယ်ကူဟု ၎င်းတို့က ပြောသည်။

ဓာတ်ပုံ-Pyae Aung Naing (Kani)

#မိုခါ #ကနီ #စစ်ကောင်စီ #မုန်တိုင်း #ချင်းတွင်းပို့စ်

♦️ စစ်ကိုင်းတိုင်းအတွက် ဆိုင်ကလုန်းမိုခါ သတိပေးချက် 15 May(တနလာ်နေ့) နေ့လည် ၁ နာရီမှစ၍ နာဂ ဒေသ အပါအဝင် စစ်ကိုင်းတိုင်းတွ...
14/05/2023

♦️ စစ်ကိုင်းတိုင်းအတွက် ဆိုင်ကလုန်းမိုခါ သတိပေးချက်

15 May(တနလာ်နေ့) နေ့လည် ၁ နာရီမှစ၍ နာဂ ဒေသ အပါအဝင် စစ်ကိုင်းတိုင်းတွင် လေပြင်း တနာရီ ၆၀ မိုင်နှုန်းဖြင့် မိုးသည်းထန်မည်။

♦️Warning for Sagaing:

Strong winds up to 60m/h and heavy rain will effect villages including Naga from 1am 15th May

♦️ချင်းပြည် တောင်ပိုင်း အတွက် မုန်တိုင်းသတိပေးချက်

ဆိုင်ကလုန်းမိုခါ ချင်းပြည်တောင်ပိုင်း မင်းတပ်အပါအဝင် ကျေးရွာများ သို့ 14 May မြန်မာစံတော်ချိန် ၈-၉ နာရီ ဖြတ်မည်။

လေတိုက်နှုန်း တနာရီ ၁၀၀ မိုင် နှုန်းရှိနိုင်သည်။

♦️Warning for Southern Chin:

Cyclone Mocha will effect villages in southern Chin State, including Mindat from 8-9pm.

Wind will be 100-150km/h up to 100m/h

ရင်းမြစ်- JTWC သတိပေးချက်

ဓာတ်ပုံ-မေ ၁၄ရက် မနက်ပိုင်း စစ်ကိုင်းတိုင်း မုံရွာမြို့တွင် သစ်ပင်ကြီးအချို့ လှဲပြို

#ချင်းတွင်းပို့စ်

မိုခါမုန်တိုင်း အရှိန်မြင့်လာ ၊စစ်ကိုင်းတိုင်းမှ လူ၄သိန်းကျော်ထိခိုက်နိုင်ဟု သတိပေးစစ်ကိုင်း၊မေ-၁၁ဘင်္ဂလားပင်လယ်အော်တွင်...
11/05/2023

မိုခါမုန်တိုင်း အရှိန်မြင့်လာ ၊စစ်ကိုင်းတိုင်းမှ လူ၄သိန်းကျော်ထိခိုက်နိုင်ဟု သတိပေး

စစ်ကိုင်း၊မေ-၁၁

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါမှာ ယနေ့ အရှိန်ကောင်းလာပြီး အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က အရေးပေါ် ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် မြန်မာပြည်ရှိ လူ၂သန်းကျော် ဒုက္ခရောက်နိုင်ပြီး မုန်တိုင်းအရှိန်သက်ရောက်ရာ စစ်ကိုင်းတိုင်းတွင်လည်း လူ ၄သိန်းကျော် ထိခိုက်နိုင်ဟု သတိပေးထားသည်။

မုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဦးတည်နေပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀နှင့် ၁၀၀ ကြားဟု ခန့်မှန်းထားသည်။

မုန်တိုင်းလမ်းကြောင်းသက်ရောက်ရာ သည့် အဆိုပါ မုန်ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ကျော်၊ မကွေးတိုင်းအတွင်းမှ လူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့သည် အန္တရယ်ရှိသည့် လေပြင်းတိုက်ခတ်မှု ခံရနိုင်သည်ဟု GDACS က ထုတ်ပြန်သည်။

မုန်တိုင်း အားအကောင်းဆုံးမှာ မေလ ၁၃ရက်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ကြေညာသည်။

#ချင်းတွင်းပို့စ်

သင်္ကြန်အကြိုနေ့ မုံရွာအခြေအနေများဧပြီ-၁၃-မုံရွာမြို့တွင်း၌ သင်္ကြန်အကြိုနေ့ လူအသွားအလာရှင်းနေပြီး မိန်းလမ်း ကန်သာယာကန်တ...
13/04/2023

သင်္ကြန်အကြိုနေ့ မုံရွာအခြေအနေများ

ဧပြီ-၁၃

-မုံရွာမြို့တွင်း၌ သင်္ကြန်အကြိုနေ့ လူအသွားအလာရှင်းနေပြီး မိန်းလမ်း ကန်သာယာကန်တွင်မူ စစ်ကောင်စီက လမ်းပိတ်၍ ပြည်သူများ မပါသောသင်္ကြန်ဖွင့်ပွဲကို လုပ်ဆောင်ခဲ့သည်။

ရနိအောင်၊စိုးသူ၊စိုးမြတ်နန္ဒာ၊ခန့်စည်သူ၊အစ္စဏီ၊စိုင်းလွှမ်း၊မေသဉ္ဇာဦး၊နွေးနွေးချစ်ဖွယ်၊နန်းစုသဇင်၊မြကြာညို၊ဖြိုးဇာခြည်၊ဆောင်းထွန်းစံစသော အနုပညာသည်များခေါ်ပြီး ပြည်သူများမည်သူမဆို လာရောက်နိုင်ကြောင်း ကြေညာထားသော်လည်း လူစည်ကားခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

နေ့လယ်ပိုင်း၌ ကန်သာယာအနီး ပြည်ထောင်စုလမ်းမတွင် ကောင်းထက်ဆိုသူလူငယ်အား စစ်ကောင်စီတက်များကဖမ်းဆီးပြီး လက်လုပ်ဗုံးတွေ့ကြောင်း၊ သကြ်န်ကိုဖျက်ဆီးရန်ကြံစည်သူဖြစ်ပြီး PDF သင်တန်းဆင်းသူဖြစ်ကာ ပြောက်ကျားခေါင်းဆောင် ဗိုလ်ငယ်လေးအဖွဲ့ဝင် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ညပိုင်းတွင် မုံရွာမြို့အနှံ့ပေါက်ကွဲသံများ ပစ်ခတ်သံများ ဆက်တိုက် ဖြစ်နေသည်ဟု မြို့ခံများက​ဆိုသည်။

#ချင်းတွင်းပို့စ်

မုံရွာ မိန်းလမ်းမကိုပိတ်၍ သင်္ကြန်ကျင်းပရန်ပြင်ဆင်ထားမုံရွာ၊ဧပြီ- ၁၁မုံရွာမြို့ မိန်းလမ်းမကြီး ကန်သာယာကန်ဧရိယာတဝှိက်ကို ...
12/04/2023

မုံရွာ မိန်းလမ်းမကိုပိတ်၍ သင်္ကြန်ကျင်းပရန်ပြင်ဆင်ထား

မုံရွာ၊ဧပြီ- ၁၁

မုံရွာမြို့ မိန်းလမ်းမကြီး ကန်သာယာကန်ဧရိယာတဝှိက်ကို ပိတ်ဆို့၍ သကြ်န်ကျင်းပရန် စစ်ကိုင်းတိုင်းစစ်ကောင်စီအဖွဲ့က ပြင်ဆင်ထားသည်။

ဌာနဆိုင်ရာ မဏ္ဏပ်များကို ကန်သာယာတွင် စုပေါင်း လုပ်ထားပြီး စစ်ကောင်စီနှင့်ဆက်နွယ်သူများ သီးသန့်ပျော်ပါးရန်လုပ်ဆောင်ထားသည်ဟု ဒေသခံများက ဆိုသည်။

"အဲဒီနေရာကို ဘယ်သူမှ မသွားကြဘူး၊ကျန်တဲ့နေရာလည်း ဘယ်မဏ္ဏပ်မှ မရှိဘူး "ဟု ဒေသခံကပြောသည်။

ရုပ်ရှင်သရုပ်ဆောင်၊အဆိုတော် မော်ဒယ် ၂၀ကျော်ဖြင့် သင်္ကြန်ပွဲကိုစည်ကားနိုင်ရန် ပြင်ဆင်နေပြီး ယိမ်းအဖွဲ့ များလည်းထည့်ကာ ဆုပေးပွဲ ပြုလုပ်မည်ဟု သတင်းရရှိသည်။

စစ်ကောင်စီ၏ သကြ်န်မဏ္ဏပ်အနီး ဖြတ်သန်းသွားလာခြင်းမလုပ်ရန် တော်လှန်ရေးအဖွဲ့များကလည်း သတိပေးစာထုတ်ထားသည်။

#ချင်းတွင်းပို့စ်

-ကန့်ဘလူတွင် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံနှင့် ပအဖအဖွဲ့ဝင် ၆၀ကျော်သေ-စစ်ကိုင်းတိုင်းတွင် လူသေမှုအများဆုံးလေကြောင်းတိ...
11/04/2023

-ကန့်ဘလူတွင် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံနှင့် ပအဖအဖွဲ့ဝင် ၆၀ကျော်သေ

-စစ်ကိုင်းတိုင်းတွင် လူသေမှုအများဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်

ကန့်ဘလူ၊ဧပြီ-၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ဘက် ပဇီကြီးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရုံး ဖွင့်ပွဲပြင်ဆင်နေစဉ် စစ်ကောင်စီက ဂျက်ဖိုက်တာ၊ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံနှင့် ပအဖ အဖွဲ့ဝင် ၆၀ကျော် သေဆုံးကြောင်းသတင်းရရှိသည်။

ယနေ့နံနက် ၇နာရီ ခွဲ ဂျက်လေယာဉ်ဖြင့်ဗုံးချပြီးနောက်တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်ဆက်တိုက်ပစ်ခြင်းကြောင့် ကလေးလူငယ်များပါသေဆုံးသည်ဟု ဒေသခံများကဆိုသည်။

ဒဏ်ရာရသူ ၁၀၀ ကျော်ရှိနေပြီး အချို့မှာပြင်းထန်သည်ဟု သိရသည်။

"အလောင်းတွေလည်း တစစီပဲ၊ပွဲကမလုပ်ရသေးဘူး၊အရပ်သားတွေ ရောနှောနေတာကို အတိအကျ လာပစ်တာ ၊ရွာနဲ့က ၃မိုင်လောက်ပဲဝေးတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ယခု လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေမှုမှာစစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ်သည်။

ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသော နယ်မြေမဟုတ်သော်လည်း စစ်တပ်၏ လက်အောက်ခံ ပျူစောထီးအင်အားအများဆုံးဒေသတစ်ခုလည်းဖြစ်သည်။

#ကန့်ဘလူ #ပဇီကြီး #ချင်းတွင်းပို့စ်

ပုလဲမြို့နယ် ကုန်းကြောင်း၊လေကြောင်းတိုက်ခိုက်ခံရမှု PDF ၁၂ဦးနှင့်ဒေသခံ ၃ဦးသေဆုံး၊ပုလဲ၊ဧပြီ-၇စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်...
07/04/2023

ပုလဲမြို့နယ် ကုန်းကြောင်း၊လေကြောင်းတိုက်ခိုက်ခံရမှု PDF ၁၂ဦးနှင့်ဒေသခံ ၃ဦးသေဆုံး၊

ပုလဲ၊ဧပြီ-၇

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ကုန်းကြောင်း လေကြောင်းတိုက်ခိုက်မှုကြောင့် တပါတ်အတွင်း PDF ၁၂ဦး ဒေသခံ ၃ ဦးသေဆုံးသည်။

ဧပြီ ၁ရက်မှစ၍ ကုန်းကြောင်း စစ်ထိုးမှုကြောင့် နှောကန်ရွာ အိမ်ခြေ ၁၂၀ကျော် မီးရှို့ခံရပြီး ကြောင်သန်း၊ငှက်ပျောတောတောင်၊ငှက်ပျောတောမြောက်၊ကျောက်ဖျာကန်၊မင်းတိုင်ပင်၊အင်းကန်ရွာမှာ မွှေနှောက်ဖျက်စီးခံရသည်။

ဧပြီ ၅ရက်တွင် မကွေးတိုင်း- စစ်ကိုင်းနယ်စပ် ပန်းရွာ အနီး M7 PDF စခန်းကိုလေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ စခန်းတွင် ကွန်မန်ဒို သင်တန်းတက်နေသော လူငယ်ရဲဘော် ၇ဦးဖမ်းဆီး မီးရှို့သတ်ဖြတ် ခံရကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

နောက်ထပ် ရဲဘော် ၅ဦးမှာစစ်ကြောင်းနှင့်တွေ့ဆုံစဉ်တိုက်ပွဲ ၌ ကျဆုံးကြောင်းသိရသည်။

စစ်ကြောင်းနှစ်ခု တိုက်ခိုက်မှုကြောင့် နေပူပြင်အတွင်း စစ်ပြေးဒုက္ခသည်ဒေသခံအမျိုးသမီးတစ်ဦး ဦးနှောက်သွေးကြောပေါက်သေဆုံး၊အဖွားအို(၁)ဦး မီးလောင်သေဆုံး၊အမျိုးသား(၁)ဦး မိုင်းထိသေဆုံးပြီး ၁၁ဦး ဖမ်းဆီးခေါ် ခံရကြောင်း ပုလဲ သပိတ်ကော်မတီက ထုတ်ပြန်သည်။

တိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်မှုကြောင့် ပျူစောထီးနှင့်စစ်သား ၁၀ဦးခန့်သေနိုင်ပြီး MA3 သေနတ်(၂)လက်၊ဖုန်း(၂)လုံး၊နွားလှည်း(၃)စီး ရရှိခဲ့သည်။

စစ်တပ်ဘက်တွင်လည်း ဆိုင်ကယ်(၇)စီး၊မီးစက်(၁)လုံး၊မောင်းပြန်(၄)လက်၊အတို(၂)လက် ရရှိသွားကြောင်း သိရသည်။

ဓာတ်ပုံ-ပုလဲသပိတ်ဦးဆောင်ကော်မတီ

#ချင်းတွင်းပို့စ်

အင်းတော်တွင် အမျိုးသမီး ၃ဦးကို စစ်ခုံရုံးက ထောင်တသက်တစ်ကျွန်းချအင်းတော်၊ဧပြီ-၅စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့တွင...
05/04/2023

အင်းတော်တွင် အမျိုးသမီး ၃ဦးကို စစ်ခုံရုံးက ထောင်တသက်တစ်ကျွန်းချ

အင်းတော်၊ဧပြီ-၅

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့တွင် PDF များထောက်ပို့လုပ်မှုဖြင့် မတ်လ-၅ရက်က ဖမ်းဆီးခံရသော အမျိုးသမီး ၃ဦးကို စစ်ခုံရုံးက ဧပြီ ၃ရက်၌ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခဲ့သည်။

စျေးသည်အမျိုးသမီး၂ဦးနှင့် CDMဆရာမတစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀(ည)၊ ၅၂(က)တို့ဖြင့် အမှုဖွင့်ကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထောင်တသက်ချခံရသူများမှာ CDMဆရာမ ဒေါ်သိန်းလှ၊ ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်း၊ဒေါ်အေးအေးတို့ဖြစ်သည်။

အမျိုးသမီး၃ဦးကို ကသာခရိုင်ထောင်ကြီးသို့ပို့ထားသည်ဟု သတင်းရသည်။ စစ်ကောင်စီက ယခုနှစ်ဖေဖော်ဝါရီမှစ၍ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၇မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာကာ တိုင်းမှူးကို လုပ်ပိုင်ခွင့်များပေးထားသည်။

ဓါတ်ပုံ-Indaw Revolution)

#ချင်းတွင်းပို့စ်

27/03/2023

ချင်းတွင်းမြစ်အတွင်း ရွှေမျော ရာချီကို စစ်တပ်မီးရှို့

မင်းကင်း၊မတ်-၂၇

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း မင်းကင်းမြို့နယ်၊ ကဗျစ်ရွာနဒ၊ဖရုံကာရွာ ၊ရှမ်းတောရွာအနီး ချင်းတွင်းမြစ် အတွင်း ရွှေမျောတိုက်နေသော မျောဖောင် ၁၄၀ကျော်ကို စစ်တပ်က ယနေ့မီးရှို့ဖျက်ဆီးသည်။

မျောဖောင်များကို PDF များနှင့် ဆက်စပ်သူများက လုပ်ကိုင်သည်ဟု ဆိုကာ မီးရှို့ခြင်းဖြစ်ကြောင်း စစ်တပ်လက်အောက်ခံများက သတင်းဖြန့်ထားသည်။

ရွှေမျောဖောင်များနှင့် ဆက်စပ်ပစ္စည်းများတန်ဖိုး သိန်းပေါင်းနှစ်သောင်းရှိကြောင်း သိရသည်။

အလုပ်သမားများနေထိုင်သော တဲအိမ် ၁၀၀ကျော်ကိုလည်း မီးရှို့ခဲ့သည်ဟု ပြောဆိုသည်။

ယင်းနေရာရှိ ရွှေမျောများမီးရှို့ ခံရမှုတွင် မျောပိုင်များမှာ စစ်တပ်စွပ်စွဲ သကဲ့သို့ PDFများပိုင်ဆိုင်သည် ဟုတ် မဟုတ်ကိုမူ ဒေသခံများထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

#ချင်းတွင်းပို့စ်

မုံရွာ မိန်းလမ်းဘေး ပေါ်ဦးရွှေဆိုင် ဓားပြမှု၊ရွှေပိသာချီနှင့်သိန်းထောင်ချီပါသွားမတ်-၂၂မုံရွာမြို့ မိန်းလမ်းမကြီးဘေး အောင...
22/03/2023

မုံရွာ မိန်းလမ်းဘေး ပေါ်ဦးရွှေဆိုင် ဓားပြမှု၊ရွှေပိသာချီနှင့်သိန်းထောင်ချီပါသွား

မတ်-၂၂

မုံရွာမြို့ မိန်းလမ်းမကြီးဘေး အောင်မဂ်လာရပ် ပေါ်ဦး-၂ ရွှေဆိုင် မှာ မတ်လ၂၁ ရက် မွန်းတည့်ချိန်က ဓားပြတိုက်ခံရသည်။

ဆိုင်မှရွှေထည်နှင့်၊အတုံး ပိသာလိုက် ၊ငွေသား သိန်းထောင်ချီကို တံခါးပိတ် ဓားပြတိုက်သွားသည်ဟု သိရသည်။

"ဆိုင်ကတော့ တံခါးပိတ်ရောင်းတာပဲ၊ သူနဲ့မျက်နှာချင်းဆိုင်မှာ ဝိန့်စိန်ရွှေဆိုင်ရှိတယ်၊ပထမ မိန်းမနှစ်ယောက် ရွှေဝယ်သလိုလာပြီး တံခါး အဖွင့်မှာ သေနတ်ကိုင်ယောကျာ်းလေးတွေက ဝင်လာတာ၊ အထဲမှာ ရွှေဝယ်သလိုနဲ့ ရောက်နှင့်တဲ့ တချို့ကလည်းဓားပြအဖွဲ့ကပဲ "ဟု ပေါ်ဦးရွှေဆိုင် အသိုင်းအဝိုင်းနှင့်နီးစပ်သူကပြောသည်။

တံခါးစောင့် ရွှေဆိုင်အလုပ်သမားတစ်ဦးကိုလည်း ဓားပြအဖွဲ့ကသေနတ်ဖြင့်ပစ်သွားသဖြင့် ကုသမှုခံနေရသည်ဟု သိရသည်။

ဓားပြမှုဖြစ်အပြီး စစ်ကောင်စီတပ်များရောက်လာကာ စီစီတီဗွီ မှတ်တမ်းများ ရရှိသွားသည်ဟု သိရသည်။

ပေါ်ဦးရွှေဆိုင်မှာ မိန်းလမ်းဘေးတွင်တည်ရှိပြီး ဓားပြတိုက်ခံရသော ဆိုင်မှာ ၂၀၂၀ခုနှစ်က ဖွင့်ထားသော ဆိုင်သစ်ဖြစ်သည်။

မုံရွာ မိန်းလမ်းဘေး ရှိရွှေဆိုင်အများစု ရှိပြီး သိန်းတရာ နှင့်ပေါ်ဦးရွှေဆိုင်တို့မှာ ဓားပြတိုက်ခံထားရသည်။

မုံရွာမြို့ရှိ သိန်းရာချီ ထောင်ချီသော လုယက်မှု၊ ဓားပြမှု များအားလုံးမှာ တရားခံ ဖမ်းမိခြင်းမရှိပေ။

ယင်းကြောင့် ခိုးမှု၊လုယက်မှု ကျူးလွန်သူများမှာနေ့ခင်းပင် ပေါ်ပေါ်တင်တင် လုပ်လာကြပြီး အောင်ချမ်းသာရပ်ကွက် ကုန်စုံဆိုင် သေနတ်အတုဖြင့်တိုက်သော ဓားပြမှုတွင် ဆိုင်ရှင်အမျိုးသား သတ်ဖြတ်ခံရသည်ဟု မြို့ခံများကဆိုသည်။

မုံရွာတွင် ယခုနှစ်အတွင်း ဖုန်းဆိုင်၊ကုန်စုံဆိုင်၊နေအိမ်၊ရွှေဆိုင် ဓားပြတိုက်မှုပေါင်း ၁၂မှုရှိထားပြီး အသေးစား ဓားပြမှု၊ လမ်းမများထက် လုယက်မှုများမှာမူ နေ့စဉ်နီးပါးဖြစ်နေသည်ဟု မြို့ခံများကဆိုသည်။

#ပေါ်ဦး #ရွှေဆိုင် #ဓားပြမှု #ချင်းတွင်းပို့စ်

စစ်ကောင်စီဥက္ကဌ မုံရွာရောက်စဉ် တပ်တွင်းစည်လုံးရေးကို တဖွဖွပြောမတ်-၂၀အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ရှိရာ  စစ်ကိုင်းတ...
20/03/2023

စစ်ကောင်စီဥက္ကဌ မုံရွာရောက်စဉ် တပ်တွင်းစည်လုံးရေးကို တဖွဖွပြော

မတ်-၂၀

အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ရှိရာ စစ်ကိုင်းတိုင်း မုံရွာမြို့တပ်နယ်သို့ စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ မတ်လ ၁၉၊၂၀ရက်က လာရောက်သည်။

နမခ ဇေယျာသီရိခန်းမ၌ တပ်မိသားစုများနှင့်တွေ့ဆုံစဉ်
“အင်အား” ဟူသည့်စကားမှာ စကားလုံးတစ်လုံးတည်းသာ ဖြစ်သော်လည်း နိုင်ငံတော်အတွက်၊ တပ်မတော်အတွက် ကောင်းမွန်တိုးတက်သော အပြောင်းအလဲများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ တပ်တွင်းစည်းလုံးညီညွတ်မှုအား မဖြစ်မနေ တည်ဆောက်ရမည်ဟု တဖွဖွ မှာကြားကြောင်း သတင်းရင်းမြစ်က ပြောသည်။

ရွေးကောက်ပွဲလုပ်မည်ဖြစ်၍ မဲပေးမှုများလွတ်လပ်စေရန် နှောင့်ယှက်ဖျက်ဆီး မည့်သူများကို ရှင်းလင်းရမည်မှာ တပ်မတော်တာဝန်ဖြစ်သည်ဟု ပြောခဲ့သည်ဟုဆိုသည်။

တပ်တွင်းစည်းလုံးညီညွတ်မှုရှိမှသာလျင် တပ်အတွင်း၌ စုစည်းညီညွတ်သည့် “အား” တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိမှသာလျင် တပ်တွင်းစည်းလုံး ညီညွတ်မှုအား ပိုမိုကောင်းမွန်လာမည်ဟု ပြောခဲ့သည်။

၎င်းနောက်မွေးမြူရေးခြံများ၊တပ်ဆေးရုံများ၊ကျောက္ကာလမ်းရှိ ၊ အီကိုကျောင်း၊ရန်ကင်းဘုန်းကြီးကျောင်း၊ အခြားဘုန်းပြီးကျောင်းများသို့ သွားရောက်ခဲ့ကြောင်း မုံရွာမြို့တွင်း မြို့ပြင် လမ်းတလျောက် စစ်တပ်အင်အား ထူထပ်စွာချထားကြောင်း မြို့ခံများကပြောသည်။

စစ်အုပ်ချုပ်ရေး ထုတ်ထားသော မြို့များနှင့် မုံရွာပါတ်လည် စစ်ကြောင်းထိုးနေသော တပ်သားများကိုလည်း မြို့ပေါ် ခေါ် ထားသည်ကိုတွေ့ရပြီး ခြင်းကြားများထမ်းထားသော စစ်သားများလည်း တွေ့ရသည်ဟု မြို့ခံများကဆိုသည်။

စစ်ကောင်စီဥက္ကဌ သည် တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်း မြို့တော် မုံရွာသို့ လာခြင်းမှာ ပထမဆုံးဖြစ်ပြီး တည်ငြိမ်နေပြီး ၎င်းကိုယ်တိုင်သွားလာနေသည်ကို လူထုအားပြသရန် နိုင်ငံရေးလှည့်ကွက် စည်းရုံးမှုတခု သာဖြစ်ကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။

စစ်ကောင်စီဥက္ကဌ မုံရွာသို့ရောက်နေခိုက် နမခ အတွင်းသို့ တော်လှန်ရေးအင်အားစုများက လက် နက် ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်တပ်က ဓာတုအဆိပ် လက် နက်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) မှသတင်းထုတ်ပြန်ထားသည်။

#နမခ #မင်းအောင်လှိုင် #မုံရွာ #ချင်းတွင်းပို့စ်

မုံရွာ ထနောင်းတောရွာကို စစ်တပ်မီးရှို့စဉ် သက်ကြီးရွယ်အိုများ ပိတ်မိသေဆုံးမတ်-၁၅မုံရွာမြို့တောင်ဘက် ၄မိုင်ခန့်အကွာ အမြင့်...
15/03/2023

မုံရွာ ထနောင်းတောရွာကို စစ်တပ်မီးရှို့စဉ် သက်ကြီးရွယ်အိုများ ပိတ်မိသေဆုံး

မတ်-၁၅

မုံရွာမြို့တောင်ဘက် ၄မိုင်ခန့်အကွာ အမြင့်လမ်းရှိ ထနောင်းတောတောင်ရွာကို ယနေ့နက် ၆နာရီက စစ်ကောင်စီတပ်များဝင်ရောက် မီးရှို့ကြောင်း ဒေသခံများကပြောသည်။

မုံရွာမြို့အဝင် စွမ်းရည်ထက်ဆီဆိုင်အနီး တပ်စွဲထားသော စစ်ကြောင်းက တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်မီးရှို့ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောသည်။

မီးရှို့စဉ် ကျေးရွာအတွင်း ပိတ်မိခဲ့သူများအနက် အသက် ၇၀ကျော် အဘိုး ၁ဦးနှင့်အဘွား ၂ဦးမှာ မီးလောင်သေဆုံးကြောင်းသတင်းရရှိသည်။

ထနောင်းတောရွာမှဒေသခံအချို့လည်း အထုပ်အပိုးများဖြင့် ယနေ့နံနက်က မုံရွာမြို့ပေါ် သို့ထွက်ပြေးလာရကြောင်း မြို့ခံများကပြောသည်။

မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀နီးပါးရှိသော ထနောင်းတောရွာတွင် ၇၀နီးပါး ပျက်ဆီးသွားသည်ဟု သိရသည်။

ယမန်နှစ် စက်တင်ဘာ ၂၇ရက်ကလည်း ထနောင်းတောမြောက်ရွာတွင် အိမ်(၄)လုံး ၊ ထနောင်းတောတောင်ရွာ ပအိမ်(၃)လုံးကို စစ်တပ်ကမီးရှို့ခဲ့ဖူးကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးစာမျက်နှာက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

#ချင်းတွင်းပို့စ်

မိုဘိုင်းဝမ်း ဖုန်းဆိုင် ဗုံးခွဲဓားမြတိုက်မှု ဝန်ထမ်းသုံးဦး ဒဏ်ရာပြင်းထန်ရန်ကုန်၊ဖေဖော်ဝါရီ-၂၃စစ်ကိုင်းတိုင်း၊ မုံရွာမြိ...
23/02/2023

မိုဘိုင်းဝမ်း ဖုန်းဆိုင် ဗုံးခွဲဓားမြတိုက်မှု ဝန်ထမ်းသုံးဦး ဒဏ်ရာပြင်းထန်

ရန်ကုန်၊ဖေဖော်ဝါရီ-၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကျောက္ကာလမ်းဆုံ မီးပွိုင့်အနီး မိုဘိုင်းဝမ်း Mobile-1 ဖုန်းဆိုင်မှာ ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေပိုင်းက တကိုယ်တော်ဗုံးခွဲဓားမြတိုက်မှုကြောင့် ဆိုင်ဝန်ထမ်း သုံးဦးဒဏ်ရာ ပြင်းထန်စွာရခဲ့သည်။

အိကျီင်္အတွင်း လက်ပစ်ဗုံးထည့်လာသော အမျိုးသားတစ်ဦးက ဆိုင်ဝန်ထမ်းများကို ဗုံးပြကာ ဖုန်းဟန်းဆက်များနှင့် ငွေကို ယူဆောင်သွားသည်ဟု သိရသည်။

ဆိုင်မှ ပြန်အထွက် ငွေထုပ်မှာ ကျကျန်ရစ်ပြီး လက်ပစ်ဗုံးကိုဆိုင်အတွင်း ပစ်ခွဲ ထွက်ပြေးသွားကြောင်း ပါတ်ဝန်းကျင်နေသူများကပြောသည်။

ဖုန်းဆိုင်အနီး လမ်းကြားတွင် လက်နက်ဖြင့်အသင့်စောင့်နေသူနှစ်ဦးက ဓားမြတိုက်သူကို ကားဖြင့်ခေါ်ဆောင်ထွက်ပြေးသွားကြောင်း မျက်မြင်များက ဆိုသည်။

မုံရွာတွင် ဓားမြတိုက်လုယက်မှုများ နေ့စဉ်နီးပါးရှိနေပြီး လူသတ်မှုပါကျူးလွန်လာကြောင်း နာမည်ရှိ လူဆိုး လူမိုက်များကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခြင်းမရှိပဲ မည်သည့် လုယက်မှုမျှ တရားခံ ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ခြင်းမရှိဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ-မုံရွာဗိုလ်ချုပ်လမ်းရှိ မိုဘိုင်းဝမ်း ဆိုင်ခွဲ

#ဓားမြမှု #မိုဘိုင်းဝမ်း #မုံရွာ #ချင်းတွင်းပို့စ်

ရွှေဘို၊ဝက်လက်၊အရာတော် မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာစစ်ကိုင်း၊ဖေဖော်ဝါရီ-၂၃စစ်ကိုင်းတိုင်းက ရွှေဘို၊ဝက်လက်၊အရာတေ...
23/02/2023

ရွှေဘို၊ဝက်လက်၊အရာတော် မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာ

စစ်ကိုင်း၊ဖေဖော်ဝါရီ-၂၃

စစ်ကိုင်းတိုင်းက ရွှေဘို၊ဝက်လက်၊အရာတော်မြို့နယ် သုံးခုကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် စစ်ကောင်စီက ယမန်နေ့ည မှာ ထပ်မံကြေညာပါတယ်။

အရာတော်မြို့နယ်ဟာ နမခ စစ်ရုံးစိုက်ရာ မုံရွာခရိုင်ထဲက မြို့နယ်တခုဖြစ်ပြီး မုံရွာနဲ့ မိုင်၃၀ခန့်အကွာမှာရှိပါတယ်။

အရင်ကလည်း ပြည်တွင်းက မြို့နယ် ၄၄ခုကို စစ်အုပ်ချုပ်ရေးကြေညာ ခဲ့ပြီး စစ်ကိုင်းတိုင်းက မြို့နယ် ၁၁မြို့နယ်နဲ့ အများဆုံးပါခဲ့ပါတယ်။

အခု ၃မြို့နယ်ထပ်တိုးတာကြောင့် စစ်ကိုင်းတိုင်းရဲ့ မြို့နယ်ပေါင်း ၃၈မြို့နယ်မှာ ၁၄မြို့နယ်အထိ စစ်အုပ်ချုပ်ရေးကြေညာထားခြင်း ခံရတာပါ။

စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်ချုပ်ရေးနယ်မြေတွေ ထပ်တိုးနေတာဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အင်အားကောင်းလာတာကို ပြသတဲ့ အချက်တချက်လို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်တွေမှာ စစ်တိုင်းမှူးက အဓိက ဖြစ်တာမို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်သန်းထိုက်ကို ဗိုလ်ချုပ်ရာထူးတိုးပေးထားပြီး စစ်အင်အားတွေ ထပ်မံဖြည့်နေတယ်လို့ သတင်းရင်းမြစ်တခုက ပြောပါတယ်။

ပုံ-ISP Myanmar မှထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးမြို့နယ်များ ဇယား

#ချင်းတွင်းပို့စ်

မုံရွာမြိုခံ အမျိုးသားစာပေဆုရ ဆရာမောင်ရဲခိုင်ကွယ်လွန်ဇန်နဝါရီ-၂၆မုံရွာမြိုခံ အမျိုးသားစာပေဆုရ ဘာသာပြန်စာရေးဆရာ မောင်ရဲခိ...
26/01/2023

မုံရွာမြိုခံ အမျိုးသားစာပေဆုရ ဆရာမောင်ရဲခိုင်ကွယ်လွန်

ဇန်နဝါရီ-၂၆

မုံရွာမြိုခံ အမျိုးသားစာပေဆုရ ဘာသာပြန်စာရေးဆရာ မောင်ရဲခိုင်(ဦးမြတ်ဦး)သည် ယနေ့နံနက် ၁၀နာရီက ကွယ်လွန်ကြောင်း သတင်းရရှိသည်။

ဆရာမောင်ရဲခိုင်သည် ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်အစောပိုင်နေအိမ်၌ စာရေးနေစဉ် သတိမေ့လဲကျသွား၍ မုံရွာမှတဆင့်မန္တလေးဆေးရုံတွင်ကုသနေခိုက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေများက ပြောသည်။

ဆရာမောင်ရဲခိုင် နာမည်ကျော် စာဆိုလယ်တီပဏ္ဍိတဦးမောင်ကြီး၏ မြေးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၂နှစ်ရှိပြီဖြစ်သည်။

ဆရာမောင်ရဲခိုင်၏ ဘာသာပြန်စာပေလက်ရာများအနက် "ဘဝအလွမ်းအိမ်" စာအုပ်သည် ၂၀၀၅ခုနှစ်ဘာသာပြန်၊ရသ အမျိုးသားစာပေဆုရရှိခဲ့သည်။

ဆရာသည် ၁၉၇၀ ပြည့်နှစ်မှစ၍ ရှုထောင့်ဂျာနယ်၊ မိုးဝေမဂ္ဂဇင်းတို့တွင်စတင် ရေးသားခဲ့ပြီး ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ဝတ္ထုရှည် ဘာသာပြန်များရေးသားခဲ့သည်။

ဂျပန်ပြည်မှာလုပ်သည်(ဆိုနီနှင့် မိုရိတပုံပြင်)၊ နှစ်တစ်ရာကခရီးသည်၊ မဟာပရဟိတလူသား အဲလ်ဘတ်ရွှိတ်စာ၊ ဆည်းဆာ၊ စွမ်းအင်ခြေရာ၊ စတုတ္ထကမ္ဘာ၊ နှလုံး
သားအထီးကျန်မုဆိုး၊ သက်တံလမ်း၊ ကန္တာရအချစ် အို
အေစစ်မေတ္တာ၊မြန်မာပြည်လမ်းမကြီး၊ဟာမန်ဟက်စ်၏ဝတ္ထုတိုများ၊ဦးလည်မသုန်၊မိုးမသောက် မှောင်မိုက်အရိပ်မပြေးမီ၊ကောင်းကင်စားကျက် စသော စာအုပ်များကို ဘာသာပြန်ခဲ့သည်။

ဆရာမောင်ရဲခိုင် ကို မုံရွာမြို့တွင် အဖ ဦးဘမြ၊ အမိဒေါ်
တင်ဦးတို့က ၁၉၅၁ တွင်မွေးဖွားခဲ့ပြီး မြို့မဂါတ်ကျောင်း၊ အမှတ်၂အထက်တန်းကျောင်း၊ အမှတ်၁ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

#မောင်ရဲခိုင် #ဘဝအလွမ်းအိမ် #ချင်းတွင်းပို့စ်

မုံရွာ ပရဟိတဆေးခန်းနှင့်ပုဂ္ဂလိကဆေးရုံအား စစ်ကောင်စီ ဝင်စီးမုံရွာ၊ ဇန်နဝါရီ-၂၂စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ပရဟိတဆေးခန်...
22/01/2023

မုံရွာ ပရဟိတဆေးခန်းနှင့်ပုဂ္ဂလိကဆေးရုံအား စစ်ကောင်စီ ဝင်စီး

မုံရွာ၊ ဇန်နဝါရီ-၂၂

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ပရဟိတဆေးခန်းနှင့် မြို့၏အကြီးဆုံး ပုဂ္ဂလိကဆေးရုံတို့အား ယနေ့နံနက် ၁၀နာရီခွဲတွင် စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းရှာဖွေသည်။

မုံရွာ ကူတို့ကုန်းရပ် ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းအတွင်းဖွင့်ထားသော ရွှေတောင်မေတ္တာ အခမဲ့ဆေးခန်းနှင့် ဒေါနခြံရပ်ကွက် ပြည်ထောင်စုလမ်း သာစည်လမ်းမီးပွိုင့်အနီး ရွှေတော်ဝင်ဆေးရုံတို့ကို ဝင်စီးနင်းရှာဖွေခြင်းဖြစ်သည်။

ရွှေတောင်မေတ္တာ အခမဲ့ဆေးခန်းသည် CDM ဆရာဝန်များဦးဆောင်ပြီး လိုင်စင်မရှိဘဲ ကုသနေကြောင်း ၊ရွှေတော်ဝင်ဆေးရုံနှင့်ပူးပေါင်း၍ CDM များအား ကူညီကာဖမ်းဆီးစစ်ဆေးပါက PDFထောက်ပို့များမိနိုင်သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် ဖြန့်ဝေပြီးနောက် ယင်းကဲ့သို့ ဝင်ရောက်ရှာဖွေခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

"ရွှေတောင်မေတ္တာထဲမှာ ဆရာဝန်တွေကမရှိကြတော့ဘူး၊ ပြန်ဖို့အဆင်မပြေတဲ့ နယ်ဝေးက လူနာအချို့နဲ့ဆိုင်ခန်းတွေပဲကျန်တာ၊ ခွဲစိတ်ခန်းပစ္စည်းတွေ ဆေးရုံသုံးပစ္စည်းတွေ ကားတွေအကုန်ယူပြီး ဆိုင်ခန်းတွေ ဖျက်သွားတယ်"ဟု ၎င်းအနီးနေထိုင်သူက ပြောသည်။

စစ်တပ်လော်ဘီတယ်လီဂရမ်တွင်အမည်ပါဝင်သော ဆရာဝန်များ၏နေအိမ်များသို့ပါသွားရောက်ရှာဖွေကြပြီး မတွေ့ရှိကြောင်း ၊ ကျောင်းထိုင် ဘုန်းကြီးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ရွှေတောင်မေတ္တာ အခမဲ့ဆေးခန်းမှာ စစ်အာဏာသိမ်းပြီးနောက် ၂၄ နာရီ ကုသပေးသောဆေးခန်းအဖြစ်ပြောင်းလဲခဲ့ကြောင်း၊မုံရွာမြို့အပြင်အနီးပါတ်ဝန်းကျင်မှ လူနာများ အားကိုးရာ ဖြစ်လာပြီး ဘုန်းကြီးကျောင်း ဓမ္မာရုံ၊ဆွမ်းစားဆောင်များကိုပါ လူနာ ထားရှိရာ အဖြစ် အသုံးပြုရကြောင်း ဒေသခံများကပြောသည်။

"ကိုယ်ဝန်ဆောင်တွေအတွက် ပိုအားကိုးစရာဆေးရုံပါ။လူနာတချို့ဆို ဆေးလာကုရင်း သူတို့ရွာကအိမ်မီးရှို့ခံရလို့ ပြန်စရာတောင်မရှိတာတွေပါတယ်"ဟု ဆေးခန်းနှင့်နီးစပ်သူက ပြောသည်။

အတွင်းလူနာ ၁၀၀ကျော်နှင့်ပြင်ပလူနာ ၂၀၀နီးပါးကို နေ့စဉ်အခမဲ့ ကုသမှုပေးနေသည်ဟု သိရသည်။

ရွှေတော်ဝင် ပုဂ္ဂလိက ခြောက်ထပ်ဆေးရုံကြီးမှာ မုံရွာမြို့တွင် ကုသရေးပစ္စည်းစုံလင်သော ဆေးရုံတခုဖြစ်ပြီး ဆေးရုံတာဝန်ခံဆရာဝန်အား စစ်ဆေးနေသည်ဟု သိရသည်။

ရွေတောင်မေတ္တာ အခမဲ့ဆေးခန်းကို ယခင်ကလည်း ၂ကြိမ်ဝင်ရောက်စီးနင်းပြီး စစ်ဆေးမှုများလုပ်ခဲ့ဖူးကာ ယခုအကြိမ်သည် ဆေးခန်းလည်ပါတ်ခွင့်မရရန် အကုန်သိမ်းဆည်းမှုများလုပ်ကြောင်းသိရသည်။

#ရွှေတောင်မေတ္တာ #ရွှေတော်ဝင် #ဆေးရုံ #ချင်းတွင်းပို့စ်

မုံရွာစည်ပင် ဒုဦးစီးအား ပလဖက ဝင်ဖမ်းသွားမုံရွာ၊ဇန်နဝါရီ-၂၁မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူးအား မြို့နယ်ပြည်သူ...
21/01/2023

မုံရွာစည်ပင် ဒုဦးစီးအား ပလဖက ဝင်ဖမ်းသွား

မုံရွာ၊ဇန်နဝါရီ-၂၁

မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူးအား မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဇန်နဝါရီ ၂၀ရက် ည ၇နာရီတွင် ၎င်း၏နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

"သေနတ်တွေရောဖောက်တယ်၊ အဲဒီလူက စည်ပင်မှာ ဝန်ထမ်းလုပ်နေတာကြာပြီလို့ပြောတယ်" ဟု မုံရွာမြို့ အလယ်ရပ်ကွက်နေသူက ပြောသည်။

စည်ပင် ဒုဦးစီးမှာ စစ်ကောင်စီဒေါက်တိုင်ဖြစ်ပြီး ပြည်သူအပေါ် အမြတ်ထုတ်နေ၍ မြို့နယ်(ပလဖ)ခေါင်းဆောင်လီယိုနှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ပလဖ အဖွဲ့က ထုတ်ပြန်ထားသည်။

#ချင်းတွင်းပို့စ်

◾မုံရွာ ထန်းတောရပ်ရှိ ကွမ်းယာဆိုင်ဓားပြတိုက်သွား- မုံရွာတွင် ဓားပြမှု၊လုယက်မှုများဆက်တိုက်ဖြစ်နေဇန်နဝါရီ-၂၁မုံရွာမြို့ထန...
21/01/2023

◾မုံရွာ ထန်းတောရပ်ရှိ ကွမ်းယာဆိုင်ဓားပြတိုက်သွား

- မုံရွာတွင် ဓားပြမှု၊လုယက်မှုများဆက်တိုက်ဖြစ်နေ

ဇန်နဝါရီ-၂၁

မုံရွာမြို့ထန်းတောရပ်ကွက် ဘောလုံးကွင်းအနီး "ကြယ်နီ"ကွမ်းယာဆိုင်ဖွင့်ထားသောနေအိမ်သို့ ယနေ့ နေ့လယ် ၂နာရီက လက်နက်ကိုင်လူတစ်စုမှ ဓားပြတိုက်သွားသည်။

အိမ်ရှင်လင်မယား ခေါင်းငုံထားခိုင်းပြီး ကောင်တာနှင့်နေအိမ်အတွင်းမှငွေသား ၅သိန်းခန့်နှင့် လက်ကိုင်ဖုန်းနှစ်လုံး ယူဆောင်သွားသည်ဟု သတင်းရရှိသည်။

ယမန်နေ့ ဇန်နဝါရီ ၂၀ရက်ည ၇နာရီကလည်း
အောင်ချမ်းသာရပ်ကွက်ဗဟိုရှိ "ချမ်းမြေ့သုခ" ကုန်စုံဆိုင်ဓားပြတိုက်ခံရပြီးဆိုင်ရှင် လင်မယားအား ဓားဖြင့်ခုတ်ခဲ့သောကြောင့် ဆေးရုံကြီးတွင် ကုသခံနေရသည်။

ဇန်နဝါရီ ၁ရက်နေ့ကလည်း နန္ဒဝန်ရပ် အေးရိပ်သာလမ်းနှင့်အေးစန္ဒာလမ်းထောင့်ရှိ အိမ်ဆိုင်တစ်ဆိုင်အားလည်းကောင်း ၊နောက် ၅ရက်ခြာတွင် ဗိုလ်ချုပ်လမ်း "မြတ်စေတနာ" ပုဂ္ဂလိကဆေးရုံတွင်လည်းကောင်း၊နောက် ၁ရက်တွင် အောင်မင်္ဂလာရပ် အောင်ရိပ်သာလမ်းရှိ "အောင်သီရိ"ဆေးဝါးအရောင်းဆိုင်တွင်းလည်းကောင်း ဓားပြတိုက်မှုများ ဖြစ်ခဲ့သည်။

ဓားပြတိုက်မှု သတင်းများအား ဒေသခံများသတင်းပေးချက်အရ ဓားပြတိုက်သူများမှာ အမျိုးသား ၇ဦးဖြစ်ပြီး ဆိုင်ကယ် ၄စင်းဖြင့် လာရောက်ကာ သေနတ်များ ဓားများဖြင့်ထောက်၍ တန်ဖိုးကြီးပစ္စည်းများထားရာနေရာသို့ ညွှန်ပြခိုင်းပြီး ကိုယ်တိုင်ယူငင်ထွက်ပြေးသွားသည်ဟု သိရသည်။

ဓားပြမှုကျူးလွန်ပုံအားလုံးမှာ ယင်းကဲ့သို့တပုံစံတည်းဖြစ်၍ အဖွဲ့တစ်ဖွဲ့တည်းမှ နေရာစုံတွင် လှည့်ပါတ် ဓားပြတိုက်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်သည်။

လုယက်မှုများမှာ အောင်သပြေလမ်း၊ငွေငါးငံပြာရည်ဆိုင်လမ်းကြားတွင် အမျိုးသားတစ်ဦးအားဓားထောက်၍ ဆိုင်ကယ်နှင့်ဖုန်းလုခြင်း၊ ပြည်ထောင်စုလမ်း ဘုရားနီ ဘုရားအနီး ဖုန်းလုခြင်း၊သာစည်လမ်းတွင် ပိုက်ဆံအိတ်လုခြင်းများ ဖြစ်ခဲ့ကြောင်း မြို့ခံများက သတင်းပေးပို့ထားသည်။

သာစည်လမ်း ပြည်တော်သာရပ်ကွက် (ယခင် အက်တောရွာ) နေအိမ်အချို့တွင်လည်း ဓားပြမှုမကြာခဏ ဖြစ်၍ မြို့တွင်းနေအိမ်များသို့ ဌားရမ်းနေထိုင်လာရကြောင်း သတင်းရရှိသည်။

ယခင်နှစ်ပိုင်း ဇူလိုင်လမှစ၍ အုပ်စုဖွဲ့ လက်နက်ကိုင် မုံရွာတွင် ဓားပြတိုက်မှုများစတင်ဖြစ်ခဲ့သည်။

ဘုန်စိုးရပ်နှင့်သလ္လာရပ်ရှိနေအိမ် ၂လုံး၊ ရုံးကြီးရပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်၊မိန်းလမ်းရှိ "သိန်းတရာ" ရွှေဆိုင် တို့ဓားပြတိုက်ခံရသည်။

ဖြစ်ပွားသောဓားပြမှုများတွင် ဘုန်စိုးရပ်ရှိ အိမ်အကူမှ အိမ်ရှင်ကို ရုပ်ဖျက်၍ တကိုယ်တော် တိုက်ခဲ့သော ဓားပြမှုတခုသာ တရားခံဖမ်းမိပြီး ကျန်သော အုပ်စုလိုက် ဓားပြမှုများမှာ တမှုမျှ တရားခံ ဖမ်းမိထားခြင်းမရှိဟု သတင်းရရှိသည်။

မုံရွာမြို့သည် စစ်ကိုင်းတိုင်းတွင်အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ အများဆုံးနေထိုင်ရာ မြို့ဖြစ်သည်။

ဓာတ်ပုံ-အောင်ချမ်းသာရပ် ကုန်စုံဆိုင်ဓားပြတိုက်ခံရပြီး အိမ်ရှင် ဒဏ်ရာရမှု

#ဓားပြမှု #မုံရွာ #ချင်းတွင်းပို့စ်

ရေဦးရှိ နှစ် ၁၀၀ကျော် သမိုင်းဝင် ခရစ်ယာန်ကျောင်းမီးရှို့မှုကို လက်နက်တွေ့၍ဟု စစ်တပ်လော်ဘီများ ဝါဒဖြန့်ရေဦး၊ဇန်နဝါရီ-၁၇စ...
17/01/2023

ရေဦးရှိ နှစ် ၁၀၀ကျော် သမိုင်းဝင် ခရစ်ယာန်ကျောင်းမီးရှို့မှုကို လက်နက်တွေ့၍ဟု စစ်တပ်လော်ဘီများ ဝါဒဖြန့်

ရေဦး၊ဇန်နဝါရီ-၁၇

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာရှိ ၁၂၈နှစ်သက်တမ်းရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းအား ဇန်နဝါရီ ၁၅ရက်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသည်။

၎င်းကျောင်းအတွင်း လက်နက်တိုက်နှင့် PDF များခိုအောင်းနေသဖြင့်မီးရှို့ကြောင်း စစ်တပ်လော်ဘီများက ဝါဒဖြန့်ချီထားသည်ကိုတွေ့ရသည်။

အိမ်ခြေ ၈၀၀ နီးပါးရှိသော ချမ်းသာရွာကို စစ်တပ်က ၄ကြိမ်တိုင်ဝင်ရောက် မီးရှိ့ခဲ့သည်ဟု ဒေသခံများကပြောသည်။

"ဒီတိုင်းကိုသေချာ ရှို့ခဲ့တာ၊ခေါင်းလောင်းစင်က အဝေးကကိုမြင်ရတယ်၊ဘာမှတွေ့လို့ရယ်မဟုတ်ဖူး၊အားလုံးပြေးနေကြရတာ "ဟု ဒေသခံက ပြောသည်။

နှစ်ပေါင်း ၄၀၀ ကျော်က ပေါ်တူဂီမျိုးနွယ်များနေထိုင်ခဲ့ရာ ချမ်းသာရွာရှိ ကတ်သလစ်သာသနာ မယ်တော်ဘုရားရှိခိုးကျောင်းကို ၁၈၉၄ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကျောင်းအတွင်း ရှေးဟောင်း လက်ရာ အဆောက်အဦများ၊ပန်းချီကားကြီးများ၊အသစ်မွမ်းမံပြန်လည်တည်ဆောက်ထားတဲ့ Fr.ဘုန်းတော်ကြီးကျောင်းတိုက် ၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်များ မီးလောင်ပျက်စီးသည်။

ချမ်းသာရွာကို စစ်တပ်မှ ၂၀၂၂ခုနှစ်
မေလ ၇ ရက်၊ ဇွန်လ ၇ရက်၊ဒီဇင်ဘာ ၁၄ရက်နှင့် ၂၀၂၃ ဇန်နဝါရီ ၁၄ရက်တို့က ဝင်ရောက် မီးရှို့ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ဘုရားကျောင်းအတွင်း ညအိပ်တပ်စွဲပြီး ပြန်အထွက်တွင် မီးရှို့ခဲ့သည်ဟု သိရသည်။

ချမ်းသာရွာသည် ခရစ်ယာန်ဘာသာဝင်နှင့်ဗုဒ္ဓဘာသာဝင်များအတူယှဉ်တွဲနေထိုင်ရာ ကျေးရွာတစ်ခုဖြစ်သည်။

#ချမ်းသာရွာ #ခရစ်ယာန်ဘုရားကျောင်း #မီးရှို့ #ရေဦး #ချင်းတွင်းပို့စ်

ပုံ-ခရစ်ယာန်ကျောင်း ယခင်နှင့် ယခု မြင်ကွင်းပုံ

Address


Website

Alerts

Be the first to know and let us send you an email when Chindwin Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share