Queen Soap

Queen Soap Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Queen Soap, Digital creator, .
(1)

အရုပ်လှတာလေး ပေါ်လာလိမ်မယ်
20/01/2024

အရုပ်လှတာလေး ပေါ်လာလိမ်မယ်

15/01/2024

မင်းနှုတ်ဆက်ခြင်းမှာထားရစ်ခဲ့တော့🎵🎼🎶


မယုံကြနဲ့🤭
22/12/2023

မယုံကြနဲ့🤭

Korea တွေအရမ်းကြိုက်ကြတဲ့ ကြက်ဉပဲငံပြာရည်စိမ်လေးလုပ်ပြထားပါတယ်နော် လုပ်ရတာလဲအရမ်းလွယ်ပြီးစားလို့​ေကာင်းလို့တင်ပေးလိုက်ပါ...
25/11/2023

Korea တွေအရမ်းကြိုက်ကြတဲ့ ကြက်ဉပဲငံပြာရည်စိမ်လေးလုပ်ပြထားပါတယ်နော် လုပ်ရတာလဲအရမ်းလွယ်ပြီးစားလို့​ေကာင်းလို့တင်ပေးလိုက်ပါပြီရှင်🥚🥚🥚

ပါဝင်ပစ္စည်းများ 👇🏻

ကွကျဉ
ပဲငံပြာရည်အကြည်
ပဲငံပြာရည် အနောက်
ရေ
သကြား
နံနံပင်၊ကြက်သွန်မြိတ်၊နှမ်း
ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း🌶
နှမ်း

ပြုလုပ်နည်း 👇🏻

ကြက်ဉကိုပြုတ်မယ် (မကြတ်တကြတ်လေးဆိုပိုကောင်းပါတယ်နော်)

နံနံပင်၊ကြက်သွန်ဖြူ၊ကြက်သွန်မြိတ်၊ငရုပ်သီးစိမ်း
တို့ကိုပါးပါးလှီးထားမယ်။

ပန်းကန် လုံးထဲကို ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် (အနည်းငယ်)၊သကြား၊ရေတို့ကိုရောဖျော်ထားမယ်၊ကြက်ဉနဲ့လှီးထားတဲ့အရွတ်တွေကိုရောထည့်မယ်၊နှမ်းထည့်ပြီးရေခဲသေတ္တာထဲညထားပြီးရင်
ခေါက်ဆွဲပြုတ်နဲ့ပဲစားစား ထမင်းပူပူလေးနဲ့ပဲအရမ်းစားကောင်းတဲ့ကြက်ဉပဲငံပြာရည်စိမ်လေးရပါပြီရှင့်

စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်စရာရှိတာလုပ်တဲ့သူတွေပဲ တိုးတက်သွားတာ◾မိုးရွာလို့ မလုပ်သေးဘူး၊ နေပူလို့မလုပ်သေးဘူးလုပ်န...
09/11/2023

စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်စရာရှိတာလုပ်တဲ့သူတွေပဲ တိုးတက်သွားတာ

မိုးရွာလို့ မလုပ်သေးဘူး၊ နေပူလို့မလုပ်သေးဘူးလုပ်နေသူတွေက တစ်ခုခုဆို အလုပ်ဖြစ်အောင်လုပ်ဖို့ထက် ဆင်ခြေတွေနဲ့တင် ရပ်တန့်နေတတ်ကြတယ်။

ကိုယ်လုပ်ရမယ့်အရာ၊ လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အရာကို ဖြစ်အောင်လုပ်တာက Self-discipline ပဲ။

တစ်ပတ် လေးရက် လေ့ကျင့်ခန်းလုပ်မယ်ဆို လုပ်ဖြစ်အောင်လုပ်တာ၊ တစ်ရက် တစ်နာရီစာဖတ်မယ်ဆို ဖတ်ဖြစ်အောင်ဖတ်တာ Self-discipline ပဲ။

ကိုယ့်စည်းကမ်းကိုယ် လိုက်နာဖို့အရေးကြီးတယ်။ လုပ်စရာရှိတာကို ဖြစ်အောင်လုပ်တဲ့သူတွေက အမြဲတမ်းအလုပ်ပြီးမြောက်တတ်ပြီး လုပ်စရာရှိတာကို နေ့ရွှေ့ညရွှေ့ ရွှေ့တတ်တဲ့သူတွေက ဘယ်အရာမှာမှ ဖြစ်မြောက်လာမှာမဟုတ်ဘူး။

တိုးတက်သူနဲ့ သာမန်လူတွေကြား အဓိကကွာခြားသွားစေတာ Self-discipline ပဲ။

Crd to original writer with respect

😀😀😀👀👀👀
04/11/2023

😀😀😀👀👀👀

02/11/2023

“အလုပ်” -
လုပ်နိုင်တဲ့အချိန်မှာ မလုပ်ထားရင်
မလုပ်နိုင်တဲ့အချိန်ကျမှ လုပ်နေရလိမ့်မယ်…။

လုပ်နိုင်တဲ့အချိန်မှာ
မလုပ်ဘဲ အနားယူနေရင် …
အနားယူရမယ့်အချိန်ကျမှ
မနားရဘဲ လုပ်နေရလိမ့်မယ်…။

ဆရာ

      original uploader
25/10/2023


original uploader

😂😂😂
25/10/2023

😂😂😂

😂😂😂
24/10/2023

😂😂😂

21/10/2023

ရူးလောက်အောင်ချမ်းသာတဲ့သူဖြစ်ချင်တာ
အခုရူးနေပြီဆိုတော့ ငါ့ရည်ရွယ်ချက် တစ်ဝက်
ပြည့်ပြီ။
Credit

11/10/2023

သစ်သီးဒိုင်လုပ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်. သူ့ရဲ့ တစ်နေ့တာ အမြတ်ငွေကတင် သိန်း ၂၀-၃၀ လောက်ရှိတယ်. တစ်လဆို သိန်း ၆၀၀-၉၀၀ လောက်အေးဆေး၀င်တယ်ပေါ့.
သူ့ကြည့်ရင် Pajero Model ဟောင်းကားလေးနဲ့ အိမ်ကလည်း မင်္ဂလာဒုံဘက် ခြံကျယ်ထဲ တစ်ထပ်ခွဲတိုက်နဲ့နေတယ်. သားသမီးတွေကို Private School မှာထားတယ်. English ကိုကျ BC မှာတောင် ထပ်ဆောင်းထားတာ. ကျွန်တော်က ဘာလို့ IS မထားတာလဲမေးတော့ မြန်မာလည်းဆန်စေချင်လို့တဲ့.
သူကိုယ်တိုင်လည်း လူကြီးရှေ့လမ်းလျှောက်ရင်တောင် ခါးအမြဲကိုင်းတယ်. စကားပြောလည်း ဟုတ်ကဲ့ခင်ဗျ အမြဲပြောတယ်.
ဝတ်စားတာလည်း brand တွေဘာတွေသိပ်မဝတ်တော့ သူဌေးပုံမပေါက်ဘူးပေါ့လေ.
တစ်ရက် ငယ်သူငယ်ချင်းတွေ ဆုံကြတော့ တချို့က brand တွေဝတ် စိန်လက်စွပ်ကြီးတပြူးပြူးနဲ့ ငါကတော့ ဘယ်ကုမ္ပဏီမှာ မန်နေဂျာကြီး ငါကတော့ဘယ်သင်္ဘောလိုင်းမှာဘယ်ရာထူးဖြစ်နေပြီ ငါကတော့ အထည်ဆိုင်ကြီးဘယ်မှာဖွင့်ထားတယ်နဲ့ ပါးပါးလေးကြွားကြတာပေါ့လေ. သူ့ကိုဘာတွေလုပ်နေလဲမေးတော့ ဒီလိုပဲ အသီးရောင်းနေတယ်လေကွာလို့ ပြုံးပြုံးပဲဖြေတယ်. ပြန်ခါနီးနှုတ်ဆက်ကြတော့ တချို့သူငယ်ချင်းတွေက လိုအပ်တာရှိလည်းပြောကွာဆိုပြီး သူ့ပခုံးကိုပုတ်ပြီးပြောသွားတာတွေ့တော့ ကျွန်တော်တောင် ကြားထဲကနေအားနာမိတယ်. ကျွန်တော်က မင်းဘာလို့ငမွဲလိုပဲနေနေတာလဲ ပြောတော့မှ ငမွဲတွေနားမှာ ဘယ်အခွင့်အရေးသမားမှ ကပ်မနေဘူးကွ. လူချမ်းသာပုံမပေါက်လေ မိတ်ဆွေစစ်ကိုရလေပဲတဲ့.

respect ဆိုတာ ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။respect ဆိုတာ...
05/10/2023

respect ဆိုတာ
ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။
ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။
ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။

respect ဆိုတာ အချင်းချင်းကြားမှာ
ထားသင့် ၊ ထားအပ် ၊ ထားထိုက်တဲ့အရာ ။

ကိုယ်က တစ်ခြားသူကို respect မထားရင်
ကိုယ့်ကိုလည်း သူများက
respect ထားလိမ့်မယ်မဟုတ်ပါ ။

respect ထားတယ်ဆိုတာ
လူသားပီသမှု ၊ တစ်ဖက်သားကိုငဲ့ညာမှု
ကြီးသူကိုရိုသေမှု ၊ ရွယ်တူကိုအလေးထားမှု
ငယ်သူကို ငဲ့ညှာသနားမှု အားလုံးပါဝင်ပါတယ် ။

24/09/2023

တိုက်နဲ့ကားရအောင်
Tiger လှူလိုက်တာ
ကားတိုက်သွားတယ်: 3

နှစ်မကုန်သေးဘူး နောက်နှစ်ရဲ့ပိတ်ရက်ပါကြိုတွက်ပြီးနေပြီလူတွေရယ်😀😀
23/09/2023

နှစ်မကုန်သေးဘူး နောက်နှစ်ရဲ့ပိတ်ရက်ပါကြိုတွက်ပြီးနေပြီလူတွေရယ်😀😀


😀😀😀
17/09/2023

😀😀😀


  Photo
26/08/2023

Photo

မကျပ်တည်းခင်စုဆောင်းပါ..💵ငွေစုပါ..💵သုံးလို့ရတာချင်း အတူတူ စျေးကြီးတဲ့ဖုန်းမှ ဟန်လိုချင်လို့ ရွေးပြီးမကိုင်ပါနဲ့..အပိုငွေ...
19/08/2023

မကျပ်တည်းခင်စုဆောင်းပါ..💵
ငွေစုပါ..💵
သုံးလို့ရတာချင်း အတူတူ စျေးကြီးတဲ့ဖုန်းမှ ဟန်လိုချင်လို့ ရွေးပြီးမကိုင်ပါနဲ့..
အပိုငွေကုန်ပါတယ်။
ငွေစုပါ..💵
လက်သည်းတွေကို လှချင်စိတ်တစ်ခုတည်းနဲ့ ငွေသိန်းချီပေးကာ ဆိုင်မှာ သွားမလုပ်ပါနဲ့ လက်သည်း
နီဘူးတွေ ရောင်စုံမထားပါနဲ့..လက်သည်းက တစ်ဘူးတည်းနဲ့လည်း သင့်တင့်သလောက်လှပါတယ်။ အပိုငွေကုန်တယ်။
ငွေစုပါ..💵
အိပ်တွေ ဖိနပ်တွေ ခရေစီ ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ လိုအပ်သည်ထက် အများမဝယ်ပါနဲ့..
အပိုငွေကုန်ပါတယ်။
ငွေစုပါ..💵
စိတ်ပင်ပန်းနေတာ လူပင်ပန်းနေတာမဟုတ်ပဲ ဇိမ်ခံချင်တဲ့စိတ်နဲ့ ဆိုင်မှာ ခေါင်းခဏခဏသွားမလျှော်ပါနဲ့..အပိုငွေကုန်ပါတယ်။ခေါင်းက အိမ်မှာလျှော်လည်းပြီးပါတယ်။
ငွေစုပါ..💵
အဖေ, အမေ မတော်တဆ ကျန်းမာရေးမကောင်းခဲ့သည်ရှိသော် ကိုယ့်ငွေနဲ့ ကုပေးနိုင်တယ် ဖြစ်ရအောင် ရလာတဲ့ငွေထဲက သုံးဘုံ တစ်ဘုံဖြစ်ဖြစ်စုပါ။ မိဘဆေးဖို့ ကိုယ့်ငွေနဲ့ခံပေးနိုင်တယ်ဆိုတာ
မွန်မြတ်တဲ့ကုသိုလ်တစ်ခု..
ငွေစုပါ..💵
မလိုအပ်ပဲ မသုံးပါနဲ့..
လူ့ဘဝကြီးခဏတာ လုပ်ချင်တာ လုပ်သွားရမယ်ဆိုပေမဲ့ ကံဆိုတာ ဘာဖြစ်မယ်မှန်းမသိတာကြောင့် မတော်တဆများ ကံမှားကျခဲ့သည်ရှိသော် ငွေလိုတဲ့အခါသုံးနိုင်အောင်..
ငွေစုပါ..💵
မလိုအပ်ပဲ အပိုမသုံးနဲ့ အပိုမဝယ်ပါနဲ့..
အပိုဆိုတာ အရေးကျရင် စားလို့ရတာမဟုတ်..
အထူးသဖြင့် ဒီလို ခေတ်မှာ..


 #အလွန်မှန်သောစိတ်ပညာ😯😯 #ကော်ဖီထုပ်ကိုကတ်ကြေးနဲ့ဖောက်တဲ့အခါ ဘယ်လိုပုံစံမျိုး ဖောက်တတ်လေ့ ရှိသလဲ။ ထိပ်ကို အတိ ညှပ်ချတတ်သူ...
02/07/2022

#အလွန်မှန်သောစိတ်ပညာ😯😯
#ကော်ဖီထုပ်ကိုကတ်ကြေးနဲ့ဖောက်တဲ့အခါ ဘယ်လိုပုံစံမျိုး ဖောက်တတ်လေ့ ရှိသလဲ။

ထိပ်ကို အတိ ညှပ်ချတတ်သူလား။

ချွန်ချွန်လေးဖြစ်အောင် ညှပ်လေ့ရှိသူလား။

ဒါမှမဟုတ် အလယ်ကနေ ညှပ်ထုတ်ပြီး ဖောက်တတ်သူလား။

အသုံးချစိတ်ပညာအရ သင် ဘယ်လိုလူစားမျိုးလဲဆိုတာကို အခုလို သာမန်ကိစ္စတစ်ခုကနေ အလွယ်တကူ သိနိုင်မယ်ဆို နည်းနည်း အံ့သြသွားမလား။

ဒီအဖြစ်ကနေ သင့်အနာဂတ်ကိုပါ ခန့်မှန်းပြောဆိုနိုင်တယ်ဆိုရင်ရော များများ အံ့သြသွားမလား။

ဆိုတော့ကာ ...

ပုံထဲက တစ်ခုကို ရွေးပါ။
ပြီးရင် သင် ဘယ်လိုလူစားလဲဆိုတာကို
ဆက်လက်ဖတ်ရှုကြည့်ပါ။

➖ ထိပ်ကနေ အတိညှပ်ချတတ်သူဟာ အင်မတန် အားယားနေတဲ့လူစားမျိုး ဖြစ်ပါတယ်။ ကိုယ့်အတွက် အကျိုးတစ်စုံတရာ မဖြစ်ထွန်းတဲ့ကိစ္စတွေအပေါ်မှာ အချိန်တွေ ပေးနေမိတာကြောင့် ကျေနပ်စရာဘဝအခြေအနေကို မရနိုင်ဖြစ်နေသူမျိုးပါ။ ပညာရပ်တစ်ခုကို ပေါက်ပေါက်မြောက်မြောက် လေ့လာလိုက်စားဖို့ မကြိုးစားဘဲ အခုလို ပေါက်တတ်ကရ ဟောပြောမှုတွေထဲ နစ်နေတတ်သူဖြစ်တာကြောင့် ကိုယ်နဲ့ မဆိုင်တဲ့ အောက်က အချက် နှစ်ချက်ကိုလည်း ဆက်လက်ဖတ်ရှုဦးမှာပါ။

➖ ချွန်ချွန်လေး ဖောက်တတ်သူတွေဟာ အချိန်ဖြုန်းရာမှာ အင်မတန် ပျော်မွေ့တတ်တဲ့လူစားတွေ ဖြစ်ပါတယ်။ လက္ခဏာဗေဒင်၊ ​နက္ခတ်ဗေဒင်၊ တားရိုး စတာတွေမှာ အမှန်တကယ် ပေါက်မြောက်သူ ဟုတ် မဟုတ် မလေ့လာဘဲ ဟောပါတယ်ဆိုတာနဲ့ ကျနော့် ဟော​ပါ၊ ကျမ ဟောပါဆိုပြီး အတင်း ပူဆာတတ်သူတွေ ဖြစ်ပါတယ်။ အယုံလွယ်၊ အမှတ်မရှိတာကြောင့် အဟောအပြောအမှားတွေကို သတိမမူတတ်သူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်အကြောင်း ကိုယ်တိုင်သိဖို့ မကြိုးစားဘဲ ကိုယ့်အပေါ် သူများအမြင်တွေ ဘယ်လိုရှိသလဲဆိုတာမျိုးအပေါ် ဂရုစိုက်တတ်လွန်းသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအချက်ကို လာဖတ်နေတာပါ။

➖ အလယ်ကနေ ဖောက်တတ်သူတွေကတော့ အရေးအရာလုပ်ရမယ့်ကိစ္စတွေကို အာရုံ မစိုက်တတ်တဲ့လူစားတွေပါ။ ဒါကြောင့်လည်း ဒီလိုအချိန် ဒီလိုကာလ အသက်တမျှ အရေးကြီးတဲ့ကိစ္စကြီး ရှိနေတာကိုတောင် လျစ်လျူရှုထားပြီး ယခုလို အရည်မရ အဖတ်မရ စာတွေ လာဖတ်နေတာ ဖြစ်ပါတယ်။

အရေးအရာလုပ်ရမှာတွေကို အရေးအရာလုပ်ကြဖို့ မေတ္တာရပ်ခံပါရစေ။ အနည်းငယ်မျှပဲဖြစ်ဖြစ် ပြုံးနိုင်ပါစေ။



 #နှမြောလိုက်တာမြန်မာပြည်ကြီးရေ.....😞အရာအားလုံးဟာ တိုးတက်မြင့်မားလာရေး စိန်ခေါ်မှုလမ်းကြောင်းပေါ် သူ့ဘာသာ စနစ်တကျနဲ့သွား...
30/06/2022

#နှမြောလိုက်တာမြန်မာပြည်ကြီးရေ.....😞

အရာအားလုံးဟာ တိုးတက်မြင့်မားလာရေး စိန်ခေါ်မှုလမ်းကြောင်းပေါ် သူ့ဘာသာ စနစ်တကျနဲ့သွားခဲ့မယ်ဆို.....

ဒီအချိန်ဆို ညောင်နှစ်ပင်စက်မှုဇုံစပြီ။

လျှပ်စစ်မီး တစ်နိုင်ငံလုံး60%လွှမ်းခြုံပြီ။

YBSကတ်စနစ် စပြီ။

တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ်ခွင့် Pilot Project စပြီ။

ဖလမ်းမှာ လေယာဉ်ကွင်းအသစ်ကြီးနဲ့ လေယာဉ်စဆင်းပြီ။

ဘုရားကြီးသထုံအဆင့်မြင့်အဝေးပြေးလမ်းမကြီးစပြီ။

နေပြည်တော်မှာ Japan,Malaysia,
Thai နိုင်ငံတွေက ဖွင့်မဲ့ တက္ကသိုလ်စီမံကိန်းတွေစပြီ။

COVID-19 Indiaကဆေး ထိုး ပြီးပြီ။

ဒဂုံမြို့သစ်မှာ ယိုးဒယား Project စပြီ။

ဒဂုံမြို့သစ်မှာ ကုတင် ၁၀၀၀ ဆေးရုံစပြီ။

ရန်ကုန်မြို့သစ် စီမံကိန်း စပြီ။

လှည်းကူးမှာ Japan စီမံကိန်း စပြီ။

ရန်ကုန်-ဒလတံတားသစ် စီမံကိန်း အတော်
ခရီးပေါက်ပြီ။

နေပြည်တော်မှာ ပညာမြို့တော် တည်ပြီ။

ဟိုတယ်ဇုန်ကြီးဟာလည်း အရမ်းဧည့်စည်ကားနေပြီ။

ရန်ကုန်မှာ MRT လိုင်းတွေ စပြီ။

ဝန်ထမ်းတွေ ကားဝယ်ခွင့် ရပြီ။

ပြည်တွင်းထုတ် Toyota ကားစီးရပြီ။

ရန်ကုန် မန္တလေး ရထားလမ်းလဲ အတော်ပြီးလောက်ပြီ။

ပဲခူး International လေဆိပ် စပြီ။

ငွေဆောင် ဂွ ကမ်းရိုးတန်း ပတ်လမ်း စပြီ။

ရန်ကုန် နေပြည်တော် ဝန်ထမ်းအိမ်ရာ စီမံကိန်း၊ အငှါး အိမ်ရာ စီမံကိန်းတွေ စပြီ။

သီလဝါ Second Phase စပြီ။

တစ်နိုင်ငံလုံးအစိုးရတင်ဒါလုပ်ငန်းတွေ
ပဲခူးတိုင်းတစ်ခုထဲ ၂၀၀ကျော်တယ်။

လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရပြီ။

လူငယ်တွေ ပညာရေးအခွင့်အလမ်းတွေ ရပြီ။

ဒါတွေဟာ ငြင်းဆန်လို့မရတဲ့ အမှန်တရားတွေပဲ၊ အမှန်အတိုင်းပဲ မြင်ပေးကြစမ်းပါ။ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ဟာ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့ စဉ်းစားတွေးခေါ်တတ်မှုတွေအပေါ်မှာ မူတည်တယ်။

ဘာတွေကို တွေဝေနေကြဦးမှာလဲ...

အခုတော့...အခုတော့ ...အရာရာဟာ.....



07/06/2022

ဘာကို လွမ်း မိလဲ သိလား

မနက် (၅) နာရီ မိန်းခလေးတစ်ယောက်တည်းပဲ
လမ်းမပေါ်ထွက် workout လုပ်လို့ရတာ

ညဖက် မုန့်ဟင်းခါး ထမင်းကြော်
ကြိုက်တဲ့အချိန်ထွက်စားလို့ရတာ

ညဖက် ကြိုက်တဲ့ အချိန်ထွက်
အစစ်ဆေး အမေးအမြန်းမရှိ သွားလာလို့ရတာ။

ပိတ်ရက်တွေမှာ နိုင်ငံအနှံ ခရီးသွားလို့ရတာ။

Weekend တွေ မှာ Shopping ထွက်လို့ရတာ။

Internet ကို ဘာမှ ကျော်ခွစရာမလိုပဲ လမ်းပေါ်မှာ
အိမ်ထဲမှာ ကားမောင်းရင်းနဲ့ သုံးချင်သလို သုံးလို့ရတာ။

တည်ငြိမ်တဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရအောက်မှာ
မှန်မှန်ကန်ကန် နဲ့ စီးပွါး ရှာလို့ရတာ။

အပြင်ထွက်တာနဲ့ ကိုယ့်အမှားမလုပ်ထားပဲနဲ့
ဘယ်သူ့ကိုမှ ကြောက်စရာမလိုတာ။

ညဖက်မိုးချုပ်လည်း အိမ်ရှေ့ ဝရံတာမှာ မီးဖွင့်ပြီး အပင်လေးတွေကို အကြောက်အရွံမရှိ
ရေလောင်းလို့ရတာ။

ဘဏ်ထဲက ငွေဆိုတာ လုံခြုံလွန်းလို့ ဘယ်သွားသွား ငွေသားသယ်စရာမလိုပဲ ဖုန်း ရှိရုံ
ဘဏ်ကဒ်ရှိရုံနဲ့ ပေါ့ပေါ့ပါးပါး သွားလာလို့ရတာ။

ကိုယ်ပိုင်စီးပွါးရေးလည်း ပုံမှန်လည်ပတ်လို့ရနေပြီး ဝန်ထမ်းအပြည့်ကို လစာ အပြည့် ပေးနိုင်နေတာ။

ဒါတွေဟာ ပြည်သူ့ အစိုးရ စစ်စစ်လက်ထက်မှာ
ရခဲ့တယ်ဆိုတာပဲ။

တွေးမိတိုင်း ရင်နာတယ်။

ဒီလို လူပေါင်းများစွာကို စိတ်သောကရောက်အောင် ပူလောင်အောင်လုပ်တဲ့ မီးက ပြန်လောင်တဲ့အခါ ဘယ်လိုနေမလဲ။


  မြို့ကနေအမြို့မြို့အနယ်နယ်သို့သွားရောက်ချင်သူများ အဆင်ပြေရန် ကားဂိတ်ဖုန်းနံပါတ်များဖြစ်ပါတယ် Credit photo
16/05/2022

မြို့ကနေအမြို့မြို့အနယ်နယ်သို့သွားရောက်ချင်သူများ အဆင်ပြေရန် ကားဂိတ်ဖုန်းနံပါတ်များဖြစ်ပါတယ်
Credit photo

27/04/2022

𝗝𝗔𝗣𝗔𝗡 - သက်တမ်း အရှည်ဆုံး နိုင်ငံ၊

𝗗𝗘𝗡𝗠𝗔𝗥𝗞 - အသန့်ရှင်းဆုံး နိုင်ငံ၊

𝗖𝗛𝗜𝗡𝗔 - လူဦးရေ အများဆုံး နိုင်ငံ၊

𝗦𝗪𝗜𝗧𝗭𝗘𝗥𝗟𝗔𝗡𝗗 - နေထိုင်ဖို့ ဈေးအကြီးဆုံး နိုင်ငံ၊

𝗡𝗢𝗥𝗧𝗛 𝗞𝗢𝗥𝗘𝗔 - အကန့်သတ်ဆုံး နိုင်ငံ၊

𝗖𝗘𝗡𝗧𝗥𝗔𝗟 𝗔𝗙𝗥𝗜𝗖𝗔𝗡 𝗥𝗘𝗣𝗨𝗕𝗟𝗜𝗖 - အတိုဆုံး သက်တမ်း ရှိသောနိုင်ငံ၊

𝗨𝗦/𝗨𝗡𝗜𝗧𝗘𝗗 𝗦𝗧𝗔𝗧𝗘𝗦- အင်အားကြီး နိုင်ငံ၊

𝗧𝗔𝗜𝗪𝗔𝗡 - အမြန်ဆုံးအင်တာနက် ရှိသောနိုင်ငံ၊

𝗬𝗘𝗠𝗘𝗡 - အနိမ့်ဆုံးအင်တာနက် သုံးသောနိုင်ငံ၊

𝗩𝗘𝗡𝗘𝗡𝗭𝗨𝗘𝗟𝗔 - အလှမယ်ပြိုင်ပွဲတွင် အနိုင်ရရှိမှု အမြင့်မားဆုံးနိုင်ငံ၊

𝗜𝗖𝗘𝗟𝗔𝗡𝗗 - တိုင်းပြည်မှာ စစ်တပ်မရှိတဲ့ နိုင်ငံ

𝗡𝗘𝗪 𝗭𝗘𝗔𝗟𝗔𝗡𝗗 - မြွေမရှိ/ ကင်းတဲ့ နိုင်ငံ၊

𝗙𝗔𝗦𝗢 𝗙𝗔𝗦𝗢 - အပူဆုံး နိုင်ငံ၊

𝗥𝗨𝗦𝗦𝗜𝗔 - အကြီးဆုံးနိုင်ငံ၊

𝗔𝗡𝗧𝗔𝗥𝗖𝗧𝗜𝗖𝗔 - အအေးဆုံး နိုင်ငံ၊

𝗩𝗔𝗧𝗜𝗖𝗔𝗡 - အသေးငယ်ဆုံး နိုင်ငံ၊

𝗦𝗢𝗠𝗔𝗟𝗜𝗔 - အဆင်းရဲဆုံး နိုင်ငံ၊

𝗟𝗨𝗫𝗘𝗠𝗕𝗢𝗨𝗥𝗚 - အချမ်းသာဆုံး နိုင်ငံ၊

𝗣𝗛𝗜𝗟𝗜𝗣𝗣𝗜𝗡𝗘𝗦- အဆိုတော်ကောင်းတွေ ရှိသောနိုင်ငံ၊

𝗧𝗛𝗔𝗜𝗟𝗔𝗡𝗗 - LGBT လူအများစု နေထိုင်သောနိုင်ငံ၊

𝗜𝗡𝗗𝗢𝗡𝗘𝗦𝗜𝗔 - ကမ္ဘာ့နံပါတ် ၁ အုန်းသီး တင်ပို့ရောင်းချသော နိုင်ငံ၊

𝗦𝗢𝗨𝗧𝗛 𝗞𝗢𝗥𝗘𝗔 - ပလတ်စတစ်ဆာဂျရီနဲ့ အလှအပအတွက် နိုင်ငံ၊

𝗜𝗧𝗔𝗟𝗬- အချစ်မြေ၊

𝗣𝗔𝗞𝗜𝗦𝗧𝗔𝗡 - နေထိုင်ရန် စျေးအပေါဆုံးနိုင်ငံ၊

𝗖𝗔𝗡𝗔𝗗𝗔 - White northဆိုတဲ့ အရမ်းလှပတဲ့ နေရာရှိသော နိုင်ငံ၊

𝗙𝗜𝗡𝗟𝗔𝗡𝗗 - အပျော်ရွှင်ဆုံး နိုင်ငံ။

𝐌𝐘𝐀𝐍𝐌𝐀𝐑 - စောက်ကျိုး အနဲဆုံး နိုင်ငံ

#စာခိုး

 #စောင့်ထိန်းအပ်သောလူမှုကျင့်ဝတ်များ (၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။စကားကို လက်လွယ်စပယ် မပြောပါနဲ့။ ခံစားတတ်တဲ့ ဝေဒန...
26/04/2022

#စောင့်ထိန်းအပ်သောလူမှုကျင့်ဝတ်များ

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။

ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။

မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။

ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။


 #အာပူလျာပူအလွယ်ချက်နည်းတို့အထက်ဘက်ပိုင်းကလူတွေက #အာပူလျာပူလို့ခေါ်တယ် အောက်ပြည်အောက်ရွာဒေသကလူတွေက  #ရခိုင်မုန့်တီ လို့ခ...
27/02/2022

#အာပူလျာပူအလွယ်ချက်နည်း
တို့အထက်ဘက်ပိုင်းကလူတွေက
#အာပူလျာပူလို့ခေါ်တယ် အောက်ပြည်အောက်ရွာဒေသကလူတွေက #ရခိုင်မုန့်တီ လို့ခေါ်ကြတယ်
♥️အိုးတစ်လုံးထဲတွင် အစပ်ငပိကောင်းကောင်း
ထည့်၍ ပြုတ်ထားပါ

♥️ငါးကျင်းတစ်ပိုင်းဝယ်ပြီး အပိုင်းလိုက်ပြုတ်ပါ။

♥️ငါးပြုတ်ကျက်လျင် အရိုးနွံပြီး ဂျင်း၊
ကြက်သွန်ဖြူဖြင့် ဆီချက်သတ်ပါ

♥️‌ငါးဆီချက်သတ်ပြီးသားကို ငပိစပ်ဖြင့်တည်ထား
သော ရေနွေးအိုးထဲသို့ထည့်၍ ပြုတ်ပါ

♥️ထိုအိုးထဲသို့ ကြက်သားမုန့်၊ ဆား၊ တို့ကို
သင့်တော်ရုံထည့်ပြီးလျင် အာပူလျာပူဟင်းရည်
ရရှိပါပြီ

♥️ပန်းကန်ထဲ မုန့်ဖတ်ထည့်၊ငါးဖယ်ကြော်၊ အချဉ်၊ အစပ်ထည့်ပြီးဟင်ရည်ထည့် သုံးဆောင်နိုင်ပါပြီ။

Address


Website

Alerts

Be the first to know and let us send you an email when Queen Soap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share