Pyae Wa Shin

Pyae Wa Shin Book Distributer

03/10/2022

ဘယ်သောအခါကမှ ကိုယ့်ရဲ့စကားတွေကို အလေးနက်ထားပီးနားမထောင်ခဲ့ဘူးထင်ပါရဲ့.

ရယ်မောသံပါခဲ့ပါသောစကားလုံးတွေဟာလဲ
လေးနက်ခဲ့ပါတယ်နော်

အိမ်မက်တွေဖြည့်စေပေးမယ်ဆိုတာဟာလဲ
အလေးအနက် မထားခဲ့တဲ့သူအတွက်တော့
ပါးစပ်လှုပ်တိုင်းထွက်ကြလာတဲ့ စကားသာသာပေါ့.

Black Rose (PWS)

21/09/2022

အရာရာဟာတော့လေ မဖြစ်ချင်ဘူးဆိုလဲ အချိန်တန် ဖြစ်လာတော့တာပါဘဲလေ ...

အစထဲကိုက မတွယ်တာမိခဲ့သင့်တာပါ
တွယ်တာမိခဲ့ သူဧ။် အမှားသာပေါ့ ....

Black Rose (PWS)

20/07/2022

ရရှိဖူးတဲ့ present အချို့ကို
အချိန်အတော်ကြာလေး ပြန်ကြည့်နေမိတယ်
ခေါင်းထဲမှာတော့ ဗလာပေါင်းများစွာနဲ့ပေါ့ # # #

16/02/2022

သူ့မာယာတွေအောက်မှာ မိန်းကလေးတို့ အကြိမ်ကြိမ် ကျရှုံးဖူးပါသည့်ဟု ကြွားဝါတတ်သော မောင်ကို့ ကျွန်မ အလွန်ကြည့်မရဖြစ်ခဲ့ဘူးသည်။ မောင်က အပြောတင်မဟုတ် သူ့၏ ဟန်ပန်ကိုက အလွန် ဂုဏ်‌ဆာနေသော အမျိုးသားတစ်ယောက် အသွင်ပေါ်လွန်နေသည်။ အဘယ်မျှ အမြင်ကတ်စရာကောင်းလိုက်ပါသနည်း။ မောင် အသွင်ပြင်မှာ အသားက ခပ်လတ်လတ် ဖြူသည်ဟုပြော၍ရသည် မျက်ခုံးက ထင်းထင်း မျက်တောင်များမှာလဲ ကောညွန်လို့ ဆံပင်တိုတိုကို gel များဖြင့်သေသပ်ကျနစွာဖီးလိမ်ထားသည့် ရုပ်ခံမှာ အထင်းသားပေါ်လွင်နေသည်က အမှန်ကိုပင်ကြည့်ကောင်းနေသည်။ ထို့ကြောင့်လဲ အဲ့လောက်ကို ဂုဏ်ဆာနေသည်ပင်နေမှာပေါ့။ ကျွန်မစေ့စေ့ ကြည့်နေသည့် အချိန်မှာပင် မောင်၏မျက်လုံးများပွင့်လာသည် မသိမသာ ကျွန်မ၏ အကြည့်များကိုလွှဲဖယ်ထားလိုက်သည်။ မောင်က ဘယ်ချိန်ရှိပီလဲဟု မေးလဲမေး ကျွန်မ၏ လက်မှ နာရီကိုလဲ တစ်ချိန်ထဲ ဆွဲယူကြည့်သည်။ စောသေးတယ်နော် အမ ဟုပြောပီ မျက်လုံးပြန်မှိတ်သွားသည်။ မောင်သည် ကျွန်မပေါင်ပေါ်သို့ သူ့၏ ကျောပိုးအိတ်ကလေးကိုတင် ၍ ခေါင်းအုံးအိပ်နေခြင်းဖြစ်သည်။

Black Rose (PWS)

12/02/2022

သူ ဂရုစိုက်တာ မကြိုက်တာမဟုတ်ဘူး
ကျမ အကျင့်ပါသွားမှာဆိုးတာ
you တို့တွေက စိတ်မချရဘူးလေ ☺️😁🤭🤭

Black Rose ( PWS)

30/01/2022

ဘာလို့ များကြောင့်...
လူတွေဟာ ကိုယ့်ရဲ့ ပျော်ရွင်မှု့ကို တခြားတစ်ယောက်ဆီမှာ သွားရှာနေရတာလဲကွယ် ..

ကိုယ့်ပျော်ရွှင်ဖို့ တခြားတစ်ယောက်ဆီက
မျှော်လင့်နေရပီဆို စစ်မှန်တဲ့‌ကိုယ့်ရဲ့ ပျော်ရွှင်မှု့ပါလို့ . ခေါင်းမော့ ရင်ကော့ပီးပြောရဲရဲ့လား ...

ပျော်ရွှင်ခြင်းက ဝေးဝေးမှာရှိမနေပါဘူး...
လိုက်ရှာမနေနဲ့ ကိုယ့်ဆီမှာ ...
ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ...

ပျော်ရွှင်နိုင်ပါစေ ကိုယ့်ကြောင့်
ပျော်ရွှင်နိုင်ပါစေ ကိုယ့်ရဲ့ အတွေးတွေကြောင့်
ပျော်ရွှင်နိုင်ပါစေ ကိုယ့်ရဲ့ အကြည့်တွေကြောင့်

Black rose (PWS)

29/01/2022

သဘောကျတယ်ဆိုတဲ့
ခေါင်းစဉ်အောက်မှာပဲနေပါ အေးချမ်းတယ်...
ဘယ်သူဟာ ဘယ်သူ့ အပိုင်ရယ်လို့မရှိဘူး...
ချည်နှောင်ထားမှ မြဲမဲ့ ကြိုးဆို
သူလွတ်လပ်ပါစေပေါ့ ...

Address


Website

Alerts

Be the first to know and let us send you an email when Pyae Wa Shin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share