Daily Update Myanmar

  • Home
  • Daily Update Myanmar

Daily Update Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daily Update Myanmar, Media/News Company, .

10/12/2022

လမ်းမပေါ်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရမှု တမူး PDF တပ်ရင်း (၄)နှင့်ဆက်သွယ်မေးမြန်းချက် (ရုပ်သံ)


ံလွင်ခက်

NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဥရောပပါလီမန် ကြေညာ ဒီဇင်ဘာ(၁၀)  အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရ...
10/12/2022

NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဥရောပပါလီမန် ကြေညာ

ဒီဇင်ဘာ(၁၀)

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းကို တရားဝင်အစိုးရကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုတယ်လို့ ဥရောပ ပါလီမန်က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၈) ရက်နဲ့ (၉) ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ဥရောပပါလီမန် အစည်း အဝေးမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ အခြေအနေဆိုတဲ့ ခေါင်းစဉ်နဲ့ ဥရောပပါလီမန် မှာ NUG လူ့အခွင့်အရေးဝန်ကြီးကဆွေးနွေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာပါ။

“NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး တက်ရောက်စကားပြောဖို့ ဖိတ်ကြားခဲ့အတွက် European Parliament ကို အထူးကျေးဇူးတင်ပါတယ်။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ ရေးသားထား ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Heidi Hautala နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ က အမျိုးသားညီညွတ်ရေးအစိုးရကသာ မြန်မာ ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဥရောပပါလီမန်ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ဥရောပ ပါလီမန်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဦးအောင်မျိုးမင်းဟာ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှုတွေ အတွက် တရားဝင် ပြည်သူ့ကိုယ်စားလှယ် ဖြစ်တယ်လို့ ရေးသားထားပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အလေးမထားတာကြောင့် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့၊ အမျိုးသား ညီညွတ်ရေးအစိုးရကသာ တရားဝင်အစိုးရဖြစ်တယ်ဆိုတာ သိရှိဖို့၊ ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်ဖို့နဲ့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ကြဖို့ ဆိုတဲ့ အချက်လေးချက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

10/12/2022

ပုလဲမြို့နယ် ပအဖ၊ပကဖ အဖွဲ့ဝင်များက MRDAခေါင်းဆောင် ဗိုလ်နဂါး ကို ထိပ်တိုက်ရှင်းလင်းရန် စိန်ခေါ်၊ မီဒီယာများကို စိတ်နာကြောင်းပြောကြား

ဒီဇင်ဘာ ၈

5,Dec,2022တွင် Ayeyarwaddy Times သတင်းဌာနမှာ ဗိုလ်နဂါး က မြို့နယ် ပအဖ၊ပကဖ နဲ့ ပတ်သတ်ပြီး များစွာ ဝေဖန်ပြောကြားခဲ့ပါသည်။

အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များက
ဗိုလ်နဂါး ကို ထိပ်တိုက်ရှင်းလင်းရန် စိန်ခေါ်ခဲ့ပြီး
မီဒီယာ များကိုလည်း စိတ်နာကြောင်း၊ မီဒီယာ ကျင့်ဝတ်နှင့်အညီလုပ်ဖို့ မှန်မှန်ကန်ကန်သတင်းများကိုသာ တင်ပေးဖို့ ပအဖ၊ပကဖ အဖွဲ့ဝင်များ က ပြောကြားခဲ့သည်။

Video #ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

07/12/2022

မအလနဲ့ ပကဖတွေအကြောင်း ထုတ်ပြောလာတဲ့ ဗိုလ်နဂါး (ရုပ်သံ)

05/12/2022

တမူးမြို့က မအေမာထွန်းကိစ္စ နွေဦးတော်လှန်ရေးဆရာတော်ရဲ့
သုံးသပ်ချက်။ (ရုပ်သံ)
အမှန်တရားသိချင်ရင်ဝင်ကြည့်သွား 👌👌


#နွေးဦးတော်လှန်ရေးဆရာတော်Live

20/11/2022

အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူများ
လွှတ်မြောက်လာမှုအပေါ် အမျိုးသားညီညွှတ်ရေးအစိုး ယာယီသမ္မတ
ဒူဝါလရှီးလ၏ အရေးပေါ်အခြေပြမိန့်ခွန်း (ရုပ်သံ)

လေယာဉ်ဗုံးကျဲခံရမှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများ မြေမြှုပ်သဂြိုလ်Oct 25,2022/Kachin News GroupPhoto - Crdဖားကန့...
25/10/2022

လေယာဉ်ဗုံးကျဲခံရမှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများ မြေမြှုပ်သဂြိုလ်
Oct 25,2022/Kachin News Group
Photo - Crd

ဖားကန့် KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါ (A Nang Pa) တွင် စစ်ကောင်စီတပ် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် သေဆုံးသွားရုပ်အလောင်းများကို ယနေ့ နေ့လည်ပိုင်းက ကံဆီးကျေးရွာအထက် ဘော်ဆာဒီးတွင် မြေမြှုပ်သဂြိုလ်ခဲ့သည့် ကြောင်းသိရသည်။

ယနေ့ မြေမြှုပ်သဂြိုလ်ခဲ့သည့် ရုပ်အလောင်း ၆၀ ဝန်းကျင်ခန့်ရှိပြီး ယနေ့ည ၇နာရီ ဝန်းကျင်အထိ ဆေးဝါးကုသခွင့်မရရှိသည့် အတွက် သွေးလွန်သေဆုံးသူများရှိနေသေးကြောင်း ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။

စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသူများကို ဖားကန့်ဘက်သို့ ထွက်လာ၍ မရအောင် ကံဆီးကျေးရွာအထွက် ဂိတ်နေရာတွင် ပိတ်ဆို့ထားဆဲဖြစ်ပြီး သတင်းအရင်းအမြစ်များပြောဆိုချက်အရ သေဆုံးသူ စာရင်း ၈၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းလည်းသိရသည်။

အကြီးမားဆုံးသော ဆုံးရှူံးမှုများဖြစ်လာ😢🥀ယမန်နေ့ညက ဖားကန့်တွင်KIO အထိမ်အမှတ်နေ့ တေးဂီတပွဲဖျော်ဖြေနေစဉ် လေယာဉ်ဖြင့် ဗုံးကြ...
24/10/2022

အကြီးမားဆုံးသော ဆုံးရှူံးမှုများဖြစ်လာ😢🥀

ယမန်နေ့ညက ဖားကန့်တွင်
KIO အထိမ်အမှတ်နေ့ တေးဂီတပွဲဖျော်ဖြေနေစဉ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီ (Aurali) ဟာ သီချင်းသီဆိုနေသည့်အချိန်မှာပင် ပွဲချင်းပြီး ကျဆုံးခဲ့ကြောင်းသိရ၊
အခင်းဖြစ်ခဲ့သည့်ညမှာပင် KIO အရာရှိအချို့၊ အနုပညာရှင်များအပါအဝင် ပြည်သူ (၅၀) ဦးနီးပါး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်းသိရပါတယ်။
ကချင်ပြည်နယ်အတွက် အကြီးမားဆုံးသော ကြေကွဲဖွယ်ဆုံးရှူံးမှုကြီးတစ်ခုပါပဲ😢

‌မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါတယ်
ကောင်းရာဘုံဘဝရောက်ပါစေ..... 🙏

KNG📌

မြို့ပြစစ်ဆင်ရေးအတွက် လေ့ကျင့်နေတဲ့မြင်ကွင်းတွေကို အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ ထုတ်ပြန်လာ အနောက်ပိုင်းတိုင်းပြည်သူ့...
23/10/2022

မြို့ပြစစ်ဆင်ရေးအတွက် လေ့ကျင့်နေတဲ့မြင်ကွင်းတွေကို အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ ထုတ်ပြန်လာ

အနောက်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၇၀၃၊ အထူးတိုက်ခိုက်ရေးကွန်မန်ဒို တပ်ဖွဲ့ရဲ့ မြို့ပြစစ်ဆင်ရေးနဲ့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ဖို့ လေ့ကျင်နေတဲ့ မြင်ကွင်းတွေကို အဲဒီအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ဒီကနေ့ အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

တပ်ရင်း ၇၀၃ က တပ်ဖွဲ့ဝင်တွေကို အထူးတိုက်ခိုက်ရေးတပ်သားတွေအဖြစ် လေ့ကျင့်သင်ကြားပေးနေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ-တပ်ရင်း ၇၀၃

21/10/2022

(ယနေ့ နံနက် ကော့ကရိတ်မြို့ တိုက်ပွဲ မြင်ကွင်းတချို့)

စစ်ကောင်စီလက်အောက်ခံ သုံ့ပန်းများကိုဖမ်းဆီးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်ဆုတ်လာဟုသိရ

အောက်တိုဘာ (၂၁)၊၂၀၂၂ ခုနှစ်။

ကော့ကရိတ်မြို့ကို ပိတ်ဆို့တိုက်ခိုက်နေသည့် KNLA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ကောင်စီလက်အောက်ခံ သုံ့ပန်းများကို ဖမ်းဆီးပြီး မြို့ကနေ ဆုတ်ခွါလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ကော့ကရိတ် မြို့အဝင်ဂိတ်နှင့် ထွေအုပ်ရုံးဝန်ထမ်းအိမ်ယာတို့အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူအပါအဝင် လေယာဉ်ပစ်ကူများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူတချို့သေဆုံးကြောင်း၊ တစ်မြို့လုံးရှိ စျေးဆိုင်များ ပိတ်ထားကြပြီး ပြည်သူများ ထိတ်လန့်နေကြကြောင်း၊ မြဝတီလမ်းကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကော့ကရိတ်မြို့ယနေ့တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတချို့ သေဆုံးမှုနှင့် အရှင်ဖမ်းဆီးခံရမှုများရှိကြောင်း၊ PDF တပ်ဖွဲ့ဝင်တချို့ ကျဆုံးမှုရှိကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့်လေယာဉ်ပစ်ကူကြောင့် ပြည်သူ (၁) ဦးသေဆုံးကြောင်း သိရသည်။

ဖားအံအခြေစိုက် စစ်ကောင်စီတပ် အင်အားအများအပြား ကော့ကရိတ်သို့တက်လာကြောင်းနှင့် လေကြောင်း ပစ်ကူ၊ နယ်ခြားစောင့်တပ်မှလည်း စစ်ကောင်စီဘက်က ကူပေးရန် ကော့ကရိတ်ဘက်သို့ သွားနေကြောင်း သိရသည်။

ရုပ်သံ - ဒေသခံပြည်သူများနှင့် တိုက်ပွဲဝင်ရဲဘော်များ

21/10/2022

သားတို့ပြန်လာမှာပါ အမေရယ်
သားတို့ပြန်လာမှာပါတဲ့...
ပြန်လာပုံတွေကတူညီပါ့မလားကွာ။ 😢


20/10/2022

မကြာခင်စတင်တော့မယ့် ကာချုပ်ရဲ့
ဒုတိယခြေလှမ်း ♥️♥️♥️

19/10/2022

စဉ်းစားပါရဲဘော်
မင်းရပ်တည်နေတဲ့ဘက်က ဓမ္မလား အဓမ္မလားသေချာစဉ်းစားပါ။
အချိန်လွန်မှ နောင်တရနေရင်ဘာမှလုပ်လို့မရဘူးနော်။ 👌

29/09/2022

PDF ကလေး တပ်ရင်း(၁၂)မှ တပိုင်တနိုင်ရေအားလျှပ်စစ် ထုတ်လုပ်အောင်မြင် (ရုပ်သံ)

28/09/2022

"တို့သတိရနေမှာပါ" သီချင်းက purely အချစ်သီချင်းမဟုတ်ဘူးဗျ။ 😞

ခြေရာထင်ကျန်ဆဲ အဓိပတိလမ်းဆိုတာ
ချစ်သူနှစ်ယောက်ရဲ့ခြေရာ မဟုတ်ဘူးဗျာ စစ်ဖိနပ်ခြေရာဗျ 😞
သွေးတွေစွန်းနေတဲ့ စစ်ဖိနပ်ခြေရာဗျ။ 😞😞😞

26/09/2022

ရေစကြိုမြို့နယ် ဂွေချိုရွာရှိ ပျူစခန်းကို Pakokku Rangerအဖွဲ့ ဝင်ရောက်တိုက်ခိုက်

Sep 26, Daily Update Myanmar

မကွေးတိုင်း ရေစကြိုမြို့နယ် ပျူစောထီးများစခန်းချထားသည့် ဂွေချိုကျေးရွာရှိ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Pakokku Rangerအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၆ ရက်) နံနက် ၁၀နာရီခန့်တွင် ပျူစခန်းကို Pakokku Ranger အဖွဲ့နှင့် ပူပေါင်းတော်လှန်ရေးအဖွဲ့များဝင်ရောက်ရှင်း လင်းခဲ့ခြင်းဟု ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၅၀ခန့်ကြာမြင့်ခဲ့ပြီးနောက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

"မြေပြင်သတင်းများအရ ပျူ​စောထီး စစ်ခွေးများဘက်မှ အထိအခိုက် သေဆုံးများစွာရှိနေပါတယ်"ဟု Pakokku Ranger အဖွဲ့က ပြော သည်။

ထိခိုက်သေဆုံးမှုကို စိစစ်နေပြီး ပျူစောထီးများ သေဆုံးမှုကို အတည်ပြုနိုင်ပါက အရေအတွက်ကို ထပ်မံထုတ်ပြန်မည်ဟု ဖော်ပြသည်။

Pakokku Ranger အဖွဲ့သည်စက်တင်ဘာ ၁၀ ရက်က ပခုက္ကူခရိုင်အကျဥ်းထောင်မှ ထွက်ပြေးလွတ် မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားငါးဦးကိုကယ်ထုတ်ပေးနိုင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သည်။

ရုပ်သံ - Pakokku Ranger

26/09/2022

တမူးတွင် ပြည်သူ့နေအိမ်ကို မီးရှို့တဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲခံရတာကြောင့် ၂၀ခန့် ထိခိုက်သေဆုံး

စက်တင်ဘာ ၂၆၊ ၂၀၂၂။

တမူးမြို့အဝင်တွင် ဒေသခံနေအိမ်မီးရှို့ပြီး ကလေးဘက်ကို ခြေလျင်ဖြင့် ထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ကို Freedom Rangers Tamu (FRT)အဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ ပဒေသာမိုင်း(၄)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုများပြားကြောင့် သိရှိရသည်။

"ဒီနေ့ မွန်းလွဲ ၂နာရီဝန်းကျင်လောက်က ထန်းတပင်နှင့်မန်မော်ကြားတွင် ပဒေသာမိုင်း(၄)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ စစ်ကြောင်းအလယ်တွင် ခွဲနိုင်ခဲ့ပြီး စစ်ခွေးအမြောက်အများ မြေသြဇာဖြစ်သွားတယ်လို့"လို့ ဖော်ပြထားပါတယ်။

"မိမိတို့အဖွဲ့မှာ (၃)ညအိပ် (၄)ရက်တာ ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ခွေးများ လေပေါ်ပျံတက်သွားအောင်အထိ ပဒေသာမိုင်း ဆွဲနိုင်ခဲ့ပါတယ်။လတ်တလောသတင်းများအရ အသေအပျောက်များပြီး ခြေပြတ်လက်ပြတ်များလည်း များသည်ဟု ကြားသိရသည်။"လို့ ဆိုပါတယ်။

နောက်ထပ်လည်း တိုက်ခိုက်နိုင်ဖို့ရာ ကျည်ဖိုး၊ မိုင်းဖိုးများလည်း အခက်ခဲရှိတာကြောင့် ပါဝင် လှူပေးကြဖို့ Freedom Rangers-Tamu - FRT က မေတ္တာရပ်ခံထားသည်။

စက်တင်ဘာ ၁၉ရက်နေ့ တမူးမြို့ ၄မိုင် တိုက်ပွဲမှာလည်း စစ်ကူတက်လာတဲ့ စကစစစ်ကြောင်းအား ထန်းတပင်ကျေးရွာနှင့် မန်မော်ကျေးရွာကြားတွင် Freedom Rangers Tamu အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် စကစဘက်မှ ၁၀ဦး သေဆုံးကြောင်း သိရှိရသည်။
ရုပ်သံ- Freedom Fangers Tamu

25/09/2022

သူ့ဖာသူဘယ်လောက်ပဲနာမည်ကြီးကြီး အမှန်တရားဖက်ကမရပ်ရင်တော့ အဲ့လိုလူတစ်ယောက်ရဲ့တန်ဖိုးက ချီးသာသာပါပဲ။ မတရားမှုကို မြင်နေရဲ့သားနဲ့ ပါးစပ်ပိတ်နေတဲ့သူတွေကြောင့် ကျနော်တို့တိုင်းပြည်ဟာ Normal Life လိုပုံစံတွေ ကမ္ဘာ က ပြန်မြင်ပြီး စစ်အာဏာသိမ်းတဲ့ကိစ္စ နဲ့ မတရား လူသတ်နေတဲ့ကိစ္စက နိုင်ငံတကာအလယ်မှာ ပြန်ငုပ်လျှိုးခဲ့ရတယ်။

ဒီထဲမှာမှ ဆိတ်ဆိတ်မနေဘဲ အမှန်တရားကို ကမ္ဘာ့စင်မြင့်မှာ နိုင်ငံတကာ ကသိအောင်ထပြောခဲ့တဲ့ ဟန်လေး ဆိုတဲ့ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ရဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတဲ့ ဗွီဒီယိုလေးကို ပြန်ရှာပြီး ပြန်တင်လိုက်ရပါတယ်။ အဲ့လိုထုတ် ဖော်ပြီး အမှန်တရားဖက်က ရပ်တည်ပြောခဲ့လို့လည်း စစ်ကောင်စီက သူမကို ငြိုးပြီး ဝရမ်းပြေးအဖြစ်တံဆိပ်ကပ် လိုက်သလို လက်ရှိမှာလည်း ထိုင်းအစိုးရကို ဖိအားပေးပြီး ဟန်လေးကို သူတို့လက်ထဲအပ်ဖို့ ကိစ္စ ဖြစ်နေတော့ သူမရဲ့ သမိုင်းဝင်စကားကို ပြည်သူအားလုံးပြန်သတိရလာအောင် ထပ်တင်ပေးလိုက်ပါတယ်။

Video Credits: GrandTV

24/09/2022

ဒီနေ့ပွဲမှာ "မင်းမော်ကွန်း" သီဆိုခဲ့တဲ့

" #အလိုမရှိ" သီချင်းလေးပါ။

ယနေ့ သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပတဲ့

"စစ်အာဏာရှင်စနစ် ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့ ရန်ပုံငွေပွဲ"

AUSTRALIA နိုင်ငံ Perth မြို့
Jim Satchell Main Hall
24-09-2022

Video Credit : Martin Swe

24/09/2022

မြိုင်နယ်တွင် စစ်အုပ်စုပူးပေါင်းစစ်ကြောင်းကို PDF ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်

ထိုက်ထိုက်/Daily Update Myanmar

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ပူးပေါင်းစစ်ကြောင်းကို ယမန်နေ့(စက်တင်ဘာ ၂၃ရက်)က တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်(၆)တပ်ရင်း မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး(MVRF)က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသတင်းနှင့်အတူ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြထားသည်။

အင်အား ၈၀ခန့်ရှိ စစ်ကောင်စီနှင့် ပျူစောထီးများသည် မြိုင်မြို့နယ် ကန်နီကျေရွာမှ အနောက်ဘက်သို့ ထွက်ခွာလာစဉ် MVRFနှင့် ဒေသခံ ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ကန်နီရွာသည် ပျူစောထီးကျေးရွာဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုမှာ ၁၀မိနစ်ကျော် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်၏ အကျအဆုံးသတင်းအား ထပ်မံအသိပေးသွားမည်ဟု MVRFက ထုတ်ပြန်သည်။

ရုပ်သံ - MVRF

24/09/2022

စာသင်ကျောင်းထဲဝင်နေတဲ့ စစ်ခွေး (၂၅) ကောင်လစ် (ရုပ်သံ)

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဆရာအရင်း  ဗိုလ်ချုပ်အုန်းသွင် ကို နေအိမ်တွင် မြို့ပြပျောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းရန်က...
24/09/2022

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဆရာအရင်း ဗိုလ်ချုပ်အုန်းသွင် ကို နေအိမ်တွင် မြို့ပြပျောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်း

ရန်ကုန်၊ စက်တင်ဘာ ၂၄

အကြမ်းဖက်စစ်တပ်၏ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာရင်းဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း) ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ယနေ့ တွင် ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် လှိုင်မြို့နယ် ၁၂ရပ်ကွက်အတွင်းရှိ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမြို့ပြ စစ်ဆင်ရေးကို အမည်မဖော်လိုသည့် မြို့ပြတပ်ဖွဲ့တစ်ခုနှင့် Inya Urban Force အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အုန်းသွင်သည် DSA စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်း ဆင်းဖြစ်ပြီး ဗိုလ်မှုးချုပ်/ဗိုလ်ချုပ် ဘဝဖြင့်စစ်တပ်မှအငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာ သံအမတ်ကြီး ၊ ဘဂ်လားဒေ့ရှ် သံအမတ်၊ မော်လ်ဒိုက် သံ အမတ် နှင့်တောင်အာဖရိကသံအမတ် အဖြစ်ပါ တာဝန်ယူခဲ့သူလည်းဖြစ်သည်။

စစ်တပ်အာဏာမသိမ်းမီ ၁ နှစ်ခန့် အလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းမှပင်အာဏာ သိမ်းစရာမလိုဘဲ အာဏာထိန်း၍ ရကြောင်းစာတမ်းတစ်ခု ရေး သားကာ အကြမ်း ဖက်စစ်တပ်ဒုခေါင်းဆောင်စိုးဝင်းထံပေးပို့ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။

ဗိုလ်ချုပ်အုန်းသွင်သည် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားဆဲဆိုဖူးသူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းဆန္ဒပြလူငယ်များသတ်ဖြတ်ခံရချိန်
လူမှုကွန်ရက် ပေါ်တွင်အောင်ပွဲခံခဲ့သူလည်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အရန်လက်ကိုင်တုတ်ဖြစ်သည့် မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့တွင်လည်း နာယက ​အဖွဲ့ဝင်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အုန်းသွင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College (NDC) တွင်လည်းသင်တန်းပို့ချနေသူဖြစ်ပြီး ၎င်း၏သားမှာ လက်ရှိရခိုင်ပြည်နယ်တွင် တာဝန်ကျ နေသည့်ဗိုလ်မှူး ကျော်ဇင်စိုးဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်အုန်းသွင်တွင် သားသမီး ၃ ဦးရှိပြီး အကြီးဆုံးမှာ ကျော်ဇေစိုး၊ အလတ်မှာ ဗိုလ်မှူးကျော်ဇင်စိုးဖြစ်ပြီး သမီးအငယ်ဆုံးမှာလင်းနန္ဒာသွင်ဖြစ်ကြောင်း၊ လင်းနန္ဒာသွင် ၏ ယောက်ျားမှာ စစ်အရာရှိ ဗိုလ်ကြီး ရဲတေဇဖြစ်ပြီး အာဏာမသိမ်းခင်ကအငြိမ်းစားယူထားသူဖြစ်ကြောင်း သိရှိရသည်။

24/09/2022

မြန်မာပြည်သူတွေရဲ့ဘဝ လုံခြုံမှုမရှိတော့ပါ။ (ရုပ်သံ)

23/09/2022

နိုင်ငံစုံညွှန့်ပေါင်းဖွဲ့ပြီး မြန်မာပြည်သူတွေကိုကူညီဖို့ အထူးကိုယ်စားလှယ်တိုက်တွန်း (ရုပ်သံ)

သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးထိခိုက်ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်း၊ မရမ်...
23/09/2022

သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးထိခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ ယာဉ်ထိန်းရဲကင်းတွင် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"အုန်းကနဲဆိုတဲ့ အသံကြားရတယ်။ စီးတီးမတ်နားမှာ လူနာတင်ကား ရပ်ထားတာလည်းတွေ့တယ်။ ၂ ဦးကို လူနာတင်ကားပေါ်တင်သွားတယ်။ ရဲလား၊ ပြည်သူလားမသိဘူး။ ယာဉ်ထိန်းရဲ ဖြစ်ဖို့များမယ်ထင်တာပဲ။ သေချာမသိသေးဘူးခင်ဗျ" ဟု အခင်းဖြစ်နေချိန် ဖြတ်သန်းသွားလာသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

သမိုင်းလမ်းဆုံသည် စစ်ကောင်စီတပ်များက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားသည့်နေရာဖြစ်ပြီး နှစ်ထပ် ဘန်ကာ လုံခြုံရေး အဆောက်အအုံ အသစ်တည်ထောက်ကာ လက်နက်ကိုင်စစ်သားများ အမြဲချထားသည့်နေရာလည်းဖြစ်သည်။

ဓာတ်ပုံ- သမိုင်းလမ်းဆုံ၊ စီးတီးမတ်ရှေ့ရှိ ယာဉ်ထိန်းရဲကင်းတွင် စောင့်နေကြသည့် အကြမ်းဖက်စစ်သားနှင့်ရဲများ။ (ပုံအဟောင်းဖြစ်သည်)

Photo- အီးပီအေ။

Breaking News- ရွှေကူမြို့နယ်၊ မိုးစစ်နှင့်ရေလဲကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ၂ တန်းကျောင်းသား မောင...
23/09/2022

Breaking News- ရွှေကူမြို့နယ်၊ မိုးစစ်နှင့်ရေလဲကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး ကျည်ထိမှန် ပွဲချင်းပြီး သေဆုံး၊ ပြည်သူအများအပြား ဒဏ်ရာရပြီး ထွက်ပြေးကြရ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာနှင့်ရေလဲကျေးရွာကို ယနေ့ ညနေ ပိုင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ၂ တန်းကျောင်း သား မောင်ဇွဲနိုင်မိုး ကျည်ထိမှန် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသ ခံများထံမှ သိရှိရသည်။

စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှစတင်၍ ရွှေကူမြို့ပေါ် ရွှေပေါ်ကျွန်းဘု ရား စေတီပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်း ကျင်က လက်နက်ကြီးများဖြင့် ရွှေကူတစ်ဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက် ကြီး များ ပစ်ခတ်လျက်ရှိကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် မိုးစစ်ကျေးရွာနှင့် ရေလဲကျေးရွာမှ ပြည်သူများ ထိခိုက်ခဲ့ကြောင်း၊ မိုးစစ်ကျေးရွာမှ ၂ တန်းကျောင်း သား မောင်ဇွဲနိုင်မိုး ယနေ့ညနေ ၅ နာရီဝန်းကျင်အချိန်တွင် လက်နက် ကြီး ထိမှန် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

"ရွှေပေါ်ကျွန်းဘုရားမှာ စစ်တပ်က တပ်စွဲပြီးတော့ ရွာဘက်တွေကို လက် နက်ကြီးတွေနဲပစ်တာပါ။ ၂တန်းကျောင်း သား မောင်ဇွဲနိုင်မိုးကတော့ ပွဲချင်းပြီး ဆုံးပါတယ်။ ကလေးကတော့ပွဲချင်းပြီးပဲ။ လောလောဆယ် ပြည်သူတွေ အများအပြား ဒဏ်ရာ ရရှိထားပါတယ်။ မိုးစစ်ကျေးရွာနဲ့ ရေလဲကျေးရွာကို အဓိကထားပြီး စစ်တပ်က လက်နက်ကြီးနဲ့ ထုနေတာပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မိုးစစ်ကျေးရွာနှင့်ရေလဲကျေးရွာမှ ဒဏ်ရာရသူများနှင့် အရပ်သားများမှာ ရွှေကူတစ်ဖက်သို့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အသက်လုပြေးလွှားနေကြရပြီး စစ်တပ်ကလည်း ဆက်တိုက်ဆိုသလိုပင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာမှ ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး ယနေ့ညနေပိုင်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်သေဆုံး သွားသည်ကို ဖခင်ဖြစ်သူက ပွေ့ပိုက်ထားစဉ်။

22/09/2022

စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးရုပ်သံမှတ်တမ်းကို မန္တလေး PDF ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို MDY –PDF က ယနေ့ ထုတ်ပြန်ခဲ့သည်။

၂၀၂၂ခုနှစ်အတွင်း စစ်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ တိုက်ပွဲဖြစ်ပွားရာ နေရာဒေသနှင့် စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

အဆိုပါ စစ်ဆင်ရေးကို “Operation ဝါဆို”ဟု အမည်ပေးထားပြီး စစ်ဆင်ရေး ပုံရိပ်အချို့ကို ဖော်ပြခဲ့သည်။

“စစ်သူပုန်ကို အနိုင်တိုက်ရုံမှ တပါး အခြားမရှိပြီ” ဟု MDY-PDFက ထုတ်ပြန်သည်။

MDY-PDF ရဲဘော်များ အနေဖြင့် အကြမ်းဖက် စစ်သူပုန်ကို ဦးချိုး အနိုင်ယူရန် စွမ်းစွမ်းတမံ ကြိုးစားနေသကဲ့သို့ ပြည်သူလူထု လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ပြည်သူနှင့်အတူ ချီတက်လျက် ရှိကြောင်း အသိပေးဖော်ပြထားသည်။

ရုပ်သံ - MDY-PDF

Address


Website

Alerts

Be the first to know and let us send you an email when Daily Update Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share