BLACK WOLF - ARMY

  • Home
  • BLACK WOLF - ARMY

BLACK WOLF - ARMY If you dare touch a wolf, ten wolves will get back to you.Yet , you k_illed one of them , they will
(37)

13/02/2024

မိမိတို့ တပ်ဖွဲ့ဝင်များ ကျဆုံးမှု့ အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်စားချေတိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ခြင်း

တိုက်ခိုက်မှု့ နရက် နနာရီ - ၈ ရက် ၂ လ ၂၀၂၄ ခုနှစ် ( နန ၈နာရီ ၁၁ မိနစ် ၂၅ စက္ကန့် မှ ၈နာရီ ၁၂ မိနစ် ၂၉ စက္ကန့်ထိ )

တိုက်ခိုက်မှု့ မပည - ကျောက်မြောင်း မြို့နယ် ၊ တည်ပင်ရွာ လမ်းခွဲ အနောက်ဘက် ကျောက်ခွဲစက်အနီး

စစ်ကောင်စီ တပ်သား အင်အားဦးရေ - ၂၀ ဦး ( ခမရ - ၁၂ )

စစ်ကောင်စီအား လက်စားချေ တိုက်ခိုက်ခဲ့သည့် အဖွဲ့စည်းများ - BLACK WOLF - ARMY ၊ Who am i - army ၊ forest fighter army ၊ Taze people defence force

တိုက်ခိုက်မှု အမျိုးအစား - Drone bome ( 9 )
ဒရုန်း ဗုံးသီး ( ၉ ) လုံး

ခမရ - ၁၂ မှ စစ်ကောင်စီတပ်သား ဦးရေ ၂၀ ဦးခန့်သည် ကျောက်မြောင်း မြို့နယ် ၊ တည်ပင်ရွာ လမ်းခွဲ အနောက်ဘက် ကျောက်ခွဲစက်အနီး တွင် ရောက်ရှိ ကင်းပုန်းဝပ်နေကြောင်း သတင်းရရှိသဖြင့် မိမိတို့ BWA တပ်ဖွဲ့ဝင်များ နှင့် မဟာမိတ် တပ်ဖွဲ့များပူးပေါင်းကာ ဒရုန်း ဗုံးသီး ( ၉ ) လုံးကြဲချ တိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီတပ်သားများ ပြန်လည်တုံ့ပြန်မှု့ - လက်နက်ကြီးများဖြင့် ကောင်တာပြန်လည်ပစ်ခတ်ခဲ့

စစ်ကောင်စီ တပ်သားထိခိုက်မှု - ၃ ဦး ကျဆုံး ( ၂ ဦး စိုးရိမ်ထိခိုက်ဒဏ်ရာ ရ )

မိမိတို့ နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ထိခိုက်မှု - မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



ပါ၀င်ကူညီပေးကြပါအုံး ခင်ဗျhttps://www.facebook.com/share/NJBotHLKVFKssT2Y/?mibextid=2JQ9oc
12/02/2024

ပါ၀င်ကူညီပေးကြပါအုံး ခင်ဗျ

https://www.facebook.com/share/NJBotHLKVFKssT2Y/?mibextid=2JQ9oc

ရန်သူရဲ့ ရန်သူပီသမှုနဲ့အတူ အခုဆိုရင် ကျနော်တို့ပြည်သူတွေဟာ ကျီးလန့်စာစားဘဝသို့ ထပ်မံရောက်ရှိခဲ့ရပြန်ပါပြီ။ ထင်ကြေးမျိုးစုံ ခံစားမှုမျိုးစုံ
အခြေအနေမျိုးစုံတွေကြား ဝေခွဲမရဖြစ်နေမယ်ဆိုတာလည်း မြို့ပြမှာကျနော်တို့ရဲဘော်တွေ ချစ်ရတဲ့မိသားစုတွေကျန်ရှိနေတာမို့ အပြည့်အဝ ကိုယ်ချင်းစာနိုင်ပါတယ်။

သက်ဆိုင်တပ်ဖွဲ့တွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေနဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လုံးက အပြစ်မဲ့လူငယ်တွေ စစ်ထဲမောင်းသွင်းမခံရဖို့ ကြိုးစားနေကြပါတယ်။ ကျနော်တို့လည်း နေ့စဥ်လုပ်နေကြ တော်လှန်ရေးတာဝန်တွေကို မပျက်ကွက်အောင် ထမ်းဆောင်ချင်ပါတယ်။

အဲ့တာကတော့ ကျနော်တို့ 500 teamက ကတိပေးထားတဲ့အတိုင်း အညာတပ်ဖွဲ့၃ဖွဲ့အတွက် သိန်း၁၀၀၀ ကမ်ပိန်းဟာ အခုထိ Targetမပြည့်သေးပါဘူး။ရှေ့လျှောက် ကျနော်တို့ဘက်ကို ပူးပေါင်းလာမယ့် ညီကို ရဲဘော်အသစ်တွေအတွက်
လက်နက်တပ်ဆင်ပေးဖို့ များစွာလိုအပ်လာပါလိမ့်မယ်။

Ticket တစောင်၂သောင်းထဲနဲ့ အညာတပ်ဖွဲ့သုံးဖွဲ့ကို
လက်နက်တပ်ဆင်ပေးနိုင်မှာဖြစ်ပြီး အမှတ်တရအနေနဲ့ ကိုကျားhoddie နဲ့ Rebel Dag ရဲ့ Tote Bag (အယောက် ၃၀) ကို ပေးမှာဖြစ်ပါတယ်....

#နေ့စဉ်လှူပါငွေငါးရာ



#သိန်းတထောင်

#

02/02/2024

Black wolf - Army ရဲဘော်များအတွက် ၁ နှစ်ပြည့် လက်စားချေ တိုက်ခိုက်ခြင်း

၁ ရက် ၂ လ ၂၀၂၄ ခုနှစ် ၁ နာရီ ၁၄ မိနစ်မှ ၁ နာရီ ၁၆ မိနစ်ထိ

ရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်း ရွာအတွင်း တပ်စွဲထားသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ + ပျူ တပ်သား များအား
မိမိတို့ BLACK WOLF - ARMY ၊ Who am i - Army ၊ Forest Fighter Army ၊ Snake Eye - People Defwnce force ၊ ပြည်သူ့အစေခံ အဖွဲ့ ၊ Taze People defence force တို့မှ ဒရုန်းဗုံးသီးကြီး ( ၁၁ ) လုံးတိတိအသုံးပြုကာ ကျဆုံးခဲ့ရသော ရဲဘော်များ ( ၁ ) နှစ်ပြည့်မြောက်ခြင်း အတွက် လက်စားချေ တိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီတပ်သား ထိခိုက်မှု
ထိခိုက်မှု များနိုင် ( စိစစ်ဆဲ )

စစ်ကောင်စီဘက်မှ ပြန်လည်တုန့်ပြန်မှု
လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့

မိမိတို့ ထိခိုက်မှု
မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



Black wolf - Army တပ်ဖွဲ့ ဝင် ( ၃ ) ဦးကျဆုံးခြင်း ( ၁ ) နှစ်ပြည့် ကတိသစ္စာစကား နှင့် အောက်မေ့ဖွယ် မှတ်တမ်း( ၁ ) ရဲဘော် ...
01/02/2024

Black wolf - Army တပ်ဖွဲ့ ဝင် ( ၃ ) ဦးကျဆုံးခြင်း ( ၁ ) နှစ်ပြည့် ကတိသစ္စာစကား နှင့် အောက်မေ့ဖွယ် မှတ်တမ်း

( ၁ ) ရဲဘော် ပိုင်လေး ( တပ်စုမှူး )
( ၂ ) ရဲဘော် ခန့်သီဟ ( Fundrising and Photographer )
( ၃ ) ရဲဘော် ဝင်းစိုး
တို့သည် ဘုန်းဘွဲ့ ရွာ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက် ရဲရင့်စွာ တိုက်ခိုက် ရင်း တော်လှန်ရေးအတွက် ၁ ရက် ၂ လ ၂၀၂၃ ခုနှစ်တွင် မြင့်မြတ်စွာ အသက်ပေးလှူခဲ့သည်မှာ ယနေ့တွင် ( ၁ ) နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ Black wolf - Army တပ်ဖွဲ့ဝင်များမှ ရဲဘော်တို့၏ တော်လှန်ရေးအတွင်း ပေးဆပ်မှု များနှင့် ရဲဝံ့ပြောင်မြောက်စွာ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကိုလည်း အောက်မေ့သတိရလျက် ရှိပါသည်။

ကျွန်တော်တို့လည်း ဒီထက်မက ပိုမိုကြိုးစား တိုက်ခိုက်သွားကြမည် ဖြစ်ကာ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်ကြမည်ဖြစ်ကြောင်း ကျဆုံးခဲ့သော ရဲဘော်များအား ကတိသစ္စာပြုပါသည်။

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



အားလုံးပဲကိုယ်ရောစိတ်ရော ကျန်းမာကြရဲ့လားခင်ဗျာ။ထောက်ပို့ပြည်သူ‌တွေကို တစ်ခုလောက်ပြောချင်တာလေးရှိလို့ပါ။အခု ကျ‌နော်တို့ B...
26/01/2024

အားလုံးပဲကိုယ်ရောစိတ်ရော ကျန်းမာကြရဲ့လားခင်ဗျာ။ထောက်ပို့ပြည်သူ‌တွေကို တစ်ခုလောက်ပြောချင်တာလေးရှိလို့ပါ။

အခု ကျ‌နော်တို့ Black Wolf နဲ့ နေ့စဉ်လှူပါ ငွေငါးရာတို့ပူးပေါင်းပြီး "အညာရပ်ဆီသို့" ဆိုတဲ့ သိန်းတထောင် Campaign လေးပြုလုပ်နေပါတယ်။

ဒီ campaign မှာ တခြားတပ်ဖွဲ့နှစ်ခုဖြစ်တဲ့ ADRPA နဲ့ Myingyan Black Tiger အဖွဲ့တို့လည်းပါဝင်ပါတယ်။ တပ်ဖွဲ့သုံးဖွဲ့စာအတွက် ပြုလုပ်တဲ့ Campaign ဖြစ်ပြီး အညာနယ်မြေ ပိုမိုစိုးမိုးနိုင်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။

ဒီ campaign မှာ ပါဝင်ချင်တယ်ဆိုရင် "နေ့စဉ်လှူပါ ငွေငါးရာ" page မှာ Ticket များကို တစ်မဲ ၂သောင်းကျပ်နဲ့ ဝယ်ယူပြီး ပါဝင်ထောက်ပို့ပေးလို့ရပါတယ်။

နေ့စဉ်လှူပါငွေငါးရာ ရဲ့page linkကိုတော့ commentမှာချပေးထားပါတယ်ခင်ဗျာ။

#အညာရပ်ဆီသို့



#နေ့စဉ်လှူပါငွေငါးရာ

09/01/2024

ခမရ - ၁၂ မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ( ၅ ) ဦးအား တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ခြင်း

၇ ရက် ၁ လ ၂၀၂၄ ခုနှစ် နန ၇ နာရီ ၃၀ မိနစ်

ကျောက်မြောင်းမြို့ ခမရ - ၁၂ မှ ထွက်ခွာလာသည့်
အင်အား ( ၃၀ ) ဦးမှ ရှေ့ပြေးကင်းထွက်လာသည့် စစ်ကောင်စီ တပ်သား ( ၅ ) ဦးအား မိမိတို့ Black WOLF - Army ၊ Who am i - army ၊ Forest Figher - army ၊ Taze People Defence Force တို့မှ ဒရုန်းဖြင့် ( ၃ ) ကြိမ်တိတိ လိုက်လံ ရှင်းလင်းတိုက်ခိုက် ခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်သားထိခိုက်မှု
( ၂ ) ဦး ထိခိုက်ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီ တုန့်ပြန်တိုက်ခိုက်မှု
လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့

မိမိတို့ ထိခိုက်မှု
မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



ကျွန်တော်တို့ ရဲ့ မစ်ရှင်များဖော်ဆောင်နိုင်ရန် အောက်ပါpage လေးမှာ မဲဝယ်ပေးကြဖို့ မိဘပြည်သူများကို တိုက်တွန်းနှိုးဆော်အပ်...
29/12/2023

ကျွန်တော်တို့ ရဲ့ မစ်ရှင်များဖော်ဆောင်နိုင်ရန် အောက်ပါpage လေးမှာ မဲဝယ်ပေးကြဖို့ မိဘပြည်သူများကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

အညာရပ်ဆီသို့ ✊✊✊

တော်လှန်ရေးအရှိန်အဟုန်ကောင်းလာဖို့ စိုးမိုးနယ်မြေတွေ ပိုမိုများပြားလာဖို့ရာအတွက်ဆို အညာရဲ့အင်အား အညာတပ်တွေအပေါ်ထောက်ပို့မှုဟာလည်း ချန်လှပ်ထားလို့မရပါဘူး။

အားလုံးသိကြတဲ့အတိုင်း အညာပြည်သူလူထုဟာ အညာဘက်က တပ်တွေနဲ့အတူတသားတည်းရှိခဲ့ကြလို့ ဖျက်ဆီးခံရတဲ့ အိုးအိမ်တွေ စိုက်ခင်းတွေဟာလည်း အများအပြားဆိုတာ သိကြပြီးဖြစ်မှာပါ။ ဒီဇာတ်နာစရာ‌ေတွကို ထပ်ပြောပြဖို့လိုအပ်တော့မယ်မထင်ပါဘူး။

အခုပြောပြချင်တာကတော့ 500 teamက ပြုလုပ်မယ့် အညာကတပ်တွေ အတွက် campaign လေးအကြောင်းပါ။
"အညာကတပ်တွေ"လို့ ဘာလို့သုံးရလဲဆိုတော့ တပ်ဖွဲ့တစ်ခုတည်းအတွက်မဟုတ်ဘဲ တပ်ဖွဲ့(၃) ဖွဲ့အတွက် ပြုလုပ်မယ့် Campaign ဖြစ်လို့ပါပဲ။
အရင်ကတော့ တပ်ဖွဲ့တစ်ခုစီအတွက် Campaign တစ်ခုစီလုပ်လေ့ရှိပေမယ့် ယခုလက်ရှိမှာ တိုက်ပွဲတွေအရှိန်မြင့်လာတာနဲ့အမျှ ‌တပ်ဖွဲ့တိုင်းဟာ ထောက်ပို့မှုပိုလိုအပ်လာတာကြောင့် တစ်ခါတည်းနဲ့ အဖွဲ့သုံးဖွဲ့စာ စီစဉ်လိုက်ရခြင်းပဲဖြစ်ပါတယ်။

ကဲ ဒီတော့ ဘယ်တပ်ဖွဲ့တွေပါမှာလဲဆိုတော့
Anti- Dictatorship People's Revolution Army (ADPRA)
Black Wolf
Myingyan Black Tiger အဖွဲ့တို့ပဲဖြစ်ပါတယ်။
ဒီတပ်ဖွဲ့တွေက စစ်ကိုင်း ၊ ယင်းမာပင် နဲ့ ရွှေဘိုမှာ အခြေစိုက်တဲ့ တပ်ဖွဲ့တွေဖြစ်ပြီး တပ်ဖွဲ့သုံးဖွဲ့စာအတွက် သိန်း တစ်ထောင်ကျပ် ထောက်ပို့မှာပဲဖြစ်ပါတယ်။
Campaign ကာလကိုတော့ ထုံးစံအတိုင်း တစ်လ သတ်မှတ်ထားပြီး ဒီတစ်ခါရော ဘာပစ္စည်းလေးတွေ ပြန်မဲဖောက်ပေးမှာလဲဆိုရင်တော့

အားကျူးရဲ့ Revolute Brand ကထုတ်တဲ့ Hoodie
ကိုနိုဗန်ရဲ့ Rebel dog က ထုတ်တဲ့ Tote Bag တို့ပဲဖြစ်ပြီး အယောက် 30 စာမဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်
အော် ဒါနဲ့ အရေးကြီးဆုံးတစ်ခုကျန်ခဲ့တော့မလို့ 😄😄
ဒီတစ်ခါ Target က သိန်းတစ်ထောင်ဆိုတော့ Ticket 5️⃣0️⃣0️⃣0️⃣ ရှိမှာဖြစ်ပြီး
Ticket တစ်ခုကို 2️⃣0️⃣0️⃣0️⃣0️⃣ ကျပ်နဲ့ ရောင်းချမှာပဲဖြစ်ပါတယ်။
တပ်ဖွဲ့သုံးဖွဲ့စာအတွက်ဖြစ်ပြီး Target ပမာဏလည်းများတာကြောင့် အားများများစိုက်ပြီး ပါဝင်ဝန်းရံပေးကြပါဦးလို့ တောင်းဆိုပါရစေခင်ဗျာ။

#အညာရပ်ဆီဆို့




#‌နေ့စဉ်လှူပါ_ငွေငါးရာ

22/12/2023

တက္ကသိုလ်ကျောင်းပေါက်ဝ တွင် တပ်စွဲထားသောစစ်ကောင်စီ တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ကြောင်း

၁၆ ရက် ၁၂ လ ၂၀၂၃ ခုနှစ် ၁၆ နာရီ ၁၂ မိနစ်

ရွှေဘို တက္ကသိုလ် ကျောင်းပေါက်ဝ တွင် တပ်စွဲကာ နေရာယူနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား မိမိတို့ BLACK WOLF - ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သော Who am i - Army ၊ Forest Fighter - Army တို့မှ ပူးပေါင်းကာ ၆၀ မမ ( ၁ ) လုံး ကြဲချ တိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီ တပ်သား ထိခိုက်မှု
စစ်ကောင်စီ တပ်ကြပ် ( ၁ ) ဦးဒဏ်ရာ ရဲတပ်သား ( ၁ ) ဦး ရွှေဘိုဆေးရုံ၌ ဒဏ်ရာ ပြင်းထန်

စစ်ကောင်စီဘက်မှ တုံ့ပြန်မှု
မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



29/11/2023

အကြမ်းဖက် စစ်သားများအား ဒရုန်းဖြင့် ၃ နေရာတိတိ ကြဲချ တိုက်ခိုက်ခဲ့ရာအကြမ်းဖက် စစ်ကောင်စီ ဗိုလ် ၁ ဦး ကျဆုံးကြောင်း အသိပေးထုတ်ပြန်ခြင်း

၂၉ ရက် ၁၁ လ ၂၀၂၃ ခုနှစ်

ရွှေဘိုမြို့ စိုင်နိုင်ဂွေ့မှ ထွက်ခွာလာသည့် အင်အား ( ၇၅ ) ဦးပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မိမိတို့ BLACK WOLF - ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သောလWho am i Army ၊ Forest Fighter Army တို့မှ ဇီးတောရွာ ထိပ် ( ၃ ) နေရာ တိတိ ၆၀ မမ ဗုံးသီး ( ၃ ) လုံး လိုက်လံ ကြဲချတိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သားထိခိုက်မှု့
၄ ဦးထိခိုက် ( ၂ ဦး စိုးရိမ်ရ ၊ ၂ ဦးမစိုးရိမ်ရ ) ထမ်းစင်များဖြင့်သယ်ထုတ်သွား ( ဗိုလ် တင်ထွန်းအောင် သေဆုံး )
Video တွင်ကြည့်ရှုနိုင်သည်။

စစ်ကောင်စီတပ်သားများ တုံ့ပြန့်မှု
လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့

မိမိတို့ထိခိုက်မှု
မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



26/11/2023

၂၀ ရက် ၁၁ လ ၂၀၂၃ ခုနှစ် မှ ၂၂ ရက် ၁၁ လ ၂၀၂၃ ခုနှစ်အထိ တိုက်ခိုက်မှု မှတ်တမ်း

၂၀ ရက် ၁၁ လ ၂၀၂၃ ခုနှစ် ၂၃ နာရီ ၅ မိနစ်

စခတ ( ၈ ) မှ သံပြားကာ ကားကြီး( ၄ ) စီး လူအင်အား အပြည့်ဖြင့် ရွှေဘို - မန္တလေး လမ်းကြောအတိုင်း ထွက်ခွာလာရာ မိမိတို့ BLACK WOLF - ARMY နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်သော Who am i ၊ Forest Fighter တို့မှ စောင့်ကြိုကာ မိုင်းအကြီး ( ၂ ) လုံးအသုံးပြုတိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သား ထိခိုက်မှု
-

စစ်ကောင်စီဘက်မှ ပြန်လည်တုံ့ပြန်မှု
ကားပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်

မိမိတို့ ထိခိုက်မှု
မရှိ

၂၂ ရက် ၁၁ လ ၂၀၂၃ ခုနှစ် ၁၅ နာရီ ၄ မိနစ်

ရွှေဘိုမြို့နယ် ကော့ရွာ ( ပျူရွာ ) စာသင်ကျောင်းတွင် အထိုင်ချ တပ်စွဲထားသည် အကြမ်းဖက်စစ်ကောင်စီ တပ်သားနှင့် အကြမ်းဖက်ပျူများနေထိုင်ရာ နေရာအား
မိမိတို့ BLACK WOLF - ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော Who am i ၊ Forest Fighter တို့မှ
ဒရုန်းဗုံးသီး ( ၅ ) လုံး အသုံးပြုတိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သားထိခိုက်မှု
၁ ဦး စိစစ်ဆဲ

စစ်ကောင်စီဘက်မှ တုံ့ပြန့်မှု
လက်နက်ငယ်များ ၊ ၄၀ မမ များအသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့

မိမိတို့ ထိခိုက်မှု
မရှိ

၂၂ ရက် ၁၁ လ ၂၀၂၃ ခုနှစ် ၁၆ နာရီ ၁၀ မိနစ်

ရွှေဘိုမြို့ တောင်ဘက်မုဒ်ပေါက်မှ ခြေလျင်ထွက်ခွာလာသည့် အင်အား ( ၇၈ ) ဦးပါ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရှေ့ပြေးကင်းထောက် အကြမ်းဖက်စစ်သားများအား
ဘုံးဘွဲ့ရွာ မြောက်ဖက်တွင် မိမိတို့ BLACK WOLF - ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော Who am i ၊ Forest Fighter တို့မှ ရှေ့ထွက်မိုင်း ( ၈ ) လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သား ထိခိုက်မှု
( ၂ ) ဦး စိစစ်ဆဲ

စစ်ကောင်စီဘက်မှ တုံ့ပြန်မှု
လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့

မိမိတို့ ထိခိုက်မှု
မရှိ

၂၂ ရက် ၁၁ လ ၂၀၂၃ ခုနှစ် ၁၇ နာရီ ၃၀ မိနစ်

အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်
ရွှေဘိုမြို့ မုဒ်ပေါက်အနီးမှ ဘန်ကာအား မိမိတို့ BLACK WOLF - ARMY နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော
Who am i ၊ Forest Fighter တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြပါသည်။

စစ်ကောင်စီတပ်သားထိခိုက်မှု
( ၁ ) ဦး

စစ်ကောင်စီဘက်မှ ပြန်လည်တုံ့ပြန်မှု
အပြန်အလှန်ပစ်ခတ်ပြီးနောက် မြို့တွင်းသို့ ပြန်လည်ဆုတ်ခွာသွား

မိမိတို့ထိခိုက်မှု
မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



Project 300 Campaign အကြောင်း ရှင်းလင်းဖော်ပြချက်Project 300 Campaign တွင် ( Ticket 4691 ) စောင် ရောင်းရခဲ့ပါသည်။Project...
18/11/2023

Project 300 Campaign အကြောင်း ရှင်းလင်းဖော်ပြချက်

Project 300 Campaign တွင်
( Ticket 4691 ) စောင် ရောင်းရခဲ့ပါသည်။
Project 300 Campaign
ရငွေ ( 24,460,870 ks ) တိတိရရှိခဲ့ပါသည်။

Campaign ရငွေ 12,000,000 Ks အား Drone ဝယ်ယူမှုတွင် အသုံးပြုခဲ့သည်။

Campaign ရငွေ 12 ,460 ,870 Ks အား လက်နက်ခဲယမ်း နှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူဖြည့်တင်းခဲ့ပါသည်။



17/11/2023

၁၂ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ဗုံးကြဲ ခဲ့မှု့ မှတ်တမ်း

၁၂ ရက် ၁၁ လ ၂၀၂၃ ခုနှစ် ၁၂ နာရီ ၁၁ မိနစ်

ကျောက်မြောင်းမြို့ ခမရ ( ၁၂ ) မှ ထွက်ခွာ လာသည့် အင်အား ( ၅၀ ) ဦးပါ အကြမ်းဖက်စစ်ကောင်စီ တပ်သားများသည် ။ ရှေ့ပြေးကင်းအဖြစ် ရွှေဘိုမြို့ ၊ မောင်းတက် ရွာ ထိပ်တွင် ကင်းပုန်းဝပ်တပ်စွဲချက်ရှိနေသဖြင့် မိမိတို့ BLACK WOLF - ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော WHO AM I - ARMY ၊ Forest Fighter တို့မှ ဒရုန်းဖြင့် ဗုံးသီး ( ၂ ) လုံးချ တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်သားထိခိုက်မှု
( ၂ ) ဦး ဒဏ်ရာရ

အကြမ်းဖက် စစ်ကောင်စီမှ ပြန်လည်တုံ့ပြန်မှု
လက်နက်ကြီး ဖြင့် ပြန်လည်ပစ်ခတ်ခဲ့

မိမိတို့ ထိခိုက်မှု
မရှိ

၁၅ ရက် ၁၁ လ ၂၀၂၃ ခုနှစ် ၁၅ နာရီ ၁၇ မိနစ်

ဝက်လက်မြို့နယ် ၊ ဟန်လင်း ( ပျူမြို့ဟောင်း ) ဘုရားဝန်း အတွင်းအကြမ်းဖက်စစ်ကောင်စီ တပ်သားများတပ်စွဲ နေထိုင်လျက်ရှိသော နေရာအား မိမိတို့ BLACK WOLF - ARMY နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သော WHO AM I - ARMY ၊ Forest Fighter တို့မှ ဒရုန်းဖြင့် ဗုံးသီး ( ၄ ) လုံးချ တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားထိခိုက်မှု
-

အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည်တုံ့ပြန်မှု
လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့

မိမိတို့ထိခိုက်မှု
မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



"PROJECT 300" Raffle Tickets ရဲ့ ပေါက်မဲနံပတ်လေးတွေပါ 😍ပေါက်မဲနံပါတ်တွေကတော့ ....🎁 1573     1st Gift - ရွှေဆွဲကြိုး🎁 289...
05/11/2023

"PROJECT 300" Raffle Tickets ရဲ့
ပေါက်မဲနံပတ်လေးတွေပါ 😍

ပေါက်မဲနံပါတ်တွေကတော့ ....
🎁 1573
1st Gift - ရွှေဆွဲကြိုး

🎁 2895
2nd Gift - The Way Set

🎁 618
3rd Gift - Mini Cross Bag

🎁 3064
4th Gift - Into the wild (ပန်ချီကား)

🎁 3254
5th Gift - Still Life (ပန်းချီကား)

🎁 559
6th Gift - Fantastic (Doddle Art) တွေပဲ ဖြစ်ပါတယ်။

"Project 300" မှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ပြည်သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။
ကျနော်တို့အတွက် ရှေ့ဆက်သွားနိုင်ဖို့ ခွန်အားများလည်း ရရှိခဲ့ပါတယ်ဗျ။

Tickets ငွေစာရင်းကိုတော့ ငွေလဲလှယ်နေရတာကြောင့် မကြာမီရက်အတွင်းမှာ ပြန်လည်တင်ပြပေးသွားမှာပါ။
တော်လှန်ရေးမပြီးသေးသရွေ့ဆက်လက်ရုန်းကန်ပြီးပါဝင်ပေးနေကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်း စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာနိုင်ကြပါစေဗျာ ။

နောက်ထပ် Project တွေလုပ်ခဲ့ရင်လည်း ပါဝင်ကူညီအားဖြည့်ပေးဖို့ ကြိုတင်တောင်းဆိုပါရစေဗျ။

"PROJECT 300" Raffle Tickets အစီစဉ်ရဲ့ဆုလက်ဆောင် ပေါက်မဲနံပါတ် များကို မနက်ဖြန် တနင်္ဂနွေနေ့တွင် မဲဖောက်ကြေငြာပေးသွားပါမ...
04/11/2023

"PROJECT 300" Raffle Tickets အစီစဉ်ရဲ့ဆုလက်ဆောင် ပေါက်မဲနံပါတ် များကို မနက်ဖြန် တနင်္ဂနွေနေ့တွင် မဲဖောက်ကြေငြာပေးသွားပါမယ် ခင်ဗျာ။

ကျွန်တော်တို့ မဲဖောက်ဖို့ရာမှာ Live လွှင့်ဖို့ အခက်အခဲရှိနေတာကြောင့် Random Picker ဖြင့် မဲဖောက်ပေးသွားမှာဖြစ်ကြောင်း တပါးတည်း အသိပေးလိုပါတယ်ခင်ဗျာ။

လက်ဆောင် ဆုမဲများကတော့
🎁 1st Gift
ရွှေဆွဲကြိုး တစ်ကုံး
🎁 2nd Gift
The Way Set (ပစ္စည်း ၃ မျိုး)
🎁 3rd Gift
Mini Cross Bag
🎁 4th Gift
Still Life (ပန်းချီကား)
🎁 5th Gift
Into the wild (ပန်းချီကား)
🎁 6th Gift
Fantastic (ပန်းချီကား) တို့ပဲ ဖြစ်ပါတယ်။

Raffle Ticket ဝယ်ယူအားပေးထားသူ မိဘပြည်သူများအားလုံး ရင်ခုန်စွာဖြင့် ဆက်ဆက် စောင့်မျှော်ပေးပါဦး ဗျာ။

' PROJECT 300 ' ကမ်ပိန်းနောက်ဆုံးရက်မှာ ticket ရောင်းအား 60 % ရလာပါပြီ။မျှော်မှန်း Target နဲ့တော့ ဝေးနေတုန်းပဲဗျာ။ တော် ...
31/10/2023

' PROJECT 300 ' ကမ်ပိန်းနောက်ဆုံးရက်မှာ ticket ရောင်းအား 60 % ရလာပါပြီ။

မျှော်မှန်း Target နဲ့တော့ ဝေးနေတုန်းပဲဗျာ။ တော် လှန် မိဘပြည်သူတွေရဲ့ ပူးပေါင်းအားနဲ့ ဒီအထိရောက်လာတာကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

ကမ်ပိန်းပြီးဆုံးဖို့ တစ်ရက်သာ ကျန်တော့တာကြောင့်

အဆုံးသတ်ရက်လေးကို ticket များများ ရောင်းထွက်အောင် လူထုတွန်းအားဖြင့်ထပ်မံအားဖြည့်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါရစေ ခင်ဗျာ။

Page Quality လေးက ပြန်နီနေလို့ Reviews လေးတွေ ပြန်ပေးပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။BLACK WOLF - ARMY
30/10/2023

Page Quality လေးက ပြန်နီနေလို့ Reviews လေးတွေ ပြန်ပေးပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

BLACK WOLF - ARMY

သီတင်းကျွတ်လက်ဆောင် Reffle Tickets Giftဆရာမ Thin zar Aye အတွက် - ( ၁ ) စောင်ဆရာမ  မနော်ထိုက်  ( NAW HTIKE ) အတွက် - ( ၁ ...
30/10/2023

သီတင်းကျွတ်လက်ဆောင် Reffle Tickets Gift

ဆရာမ Thin zar Aye အတွက် - ( ၁ ) စောင်
ဆရာမ မနော်ထိုက် ( NAW HTIKE ) အတွက် - ( ၁ ) စောင်
ဆရာမ Nan chaw su khin အတွက် - ( ၁ ) စောင်

ဆိုပြီး တော်လှန်ပြည်သူ တဦးမှ Reffle Tickets လေးလက်ဆောင်လာပေးသွားပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Page Messenger မှ တဆင့် လာရောက်ထုတ်ယူပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။


30/10/2023

ကျွန်တော်တို့ BLACK WOLF - ARMY မှ ပြည်သူများထံသို့ သီတင်းကျွတ်သီတင်းစကားလေးပါးပါရစေခင်ဗျာ။

Project 300 ကမ်ပိန်း လေးရဲ့ နောက်ဆုံးရက်လေးဖြစ်တာမို့ ဝိုင်းဝန်းကူညီပေးကြပါအုံးခင်ဗျာ။



သီတင်းကျွတ်လက်ဆောင် Raffle Tickets GIFTမင်းသား ဒေါင်း DAUNG - ဒေါင်း  အတွက် - ၁ စောင်မ Thant Wai Kyaw  အတွက် - ၁စောင် မင...
28/10/2023

သီတင်းကျွတ်လက်ဆောင် Raffle Tickets GIFT

မင်းသား ဒေါင်း DAUNG - ဒေါင်း အတွက် - ၁ စောင်

မ Thant Wai Kyaw အတွက် - ၁စောင်

မင်းသမီး Chit Thu Wai အတွက် - ၁ စောင်

မင်းသား MYAT အတွက် - ၁ စောင်

နွေဦးနတ်ကွန်း - Nway Oo Nat Kon အတွက် - ၁ စောင်

Supporter 'X' အတွက် - ၁ စောင်

ဆရာမ KyiThar အတွက် - ၁ စောင်

ဆိုပြီး ပြည်သူ တဦးမှ သီတင်းကျွတ်လက်ဆောင် gift လေး ပေးသွားပါတယ်ခင်ဗျာ။

လာရောက်ထုတ်ယူပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

26/10/2023

ညီမလေး နန်းချောစုခင်က ကျွန်တော်တို့ ROJECT 300 ကမ်ပိန်း မှာ ပါ၀င်ပးကြဖို့ ပြည်သူများကို တိုက်တွန်းပြောကြားထားပါတယ် ခင်ဗျ။
ကမ်ပိန်းပြီးဆုံးဖို့ ၅ ရက် ပဲ လိုတော့တာမို့ တော်လှန်ပြည်သူအားလုံး ဆက်တွန်းပေးကြပါအုံး နော်....

ကျနော်တို့ Messenger ကနေ စောင့်နေပါပြီခင်ဗျာ။




Raffle tickets အရောင်းအခြေအနေလေးအနီရောင်အဆင့်မှ ဝါတော့‌လာပြီဗျ။လက်ကျန်(၇)ရက်အတွင်း မြေပြင်မှာခြေသံလုံလုံ လှုပ်ရှားနေရတဲ့...
25/10/2023

Raffle tickets အရောင်းအခြေအနေလေး
အနီရောင်အဆင့်မှ ဝါတော့‌လာပြီဗျ။

လက်ကျန်(၇)ရက်အတွင်း မြေပြင်မှာ
ခြေသံလုံလုံ လှုပ်ရှားနေရတဲ့ ဝံပုလွေတို့
စိတ်ခွန်အား တက်ရအောင်

မဲလက်မှတ်(၁)စောင် ၅,၀၀၀ကျပ်ဖြင့်
ပြည်တွင်း ပြည်ပမှ တော်-လှန်-ပြည်သူအပေါင်း
ဝန်းရံလှုပ်ရှားပေးကြပါဦး ခင်ဗျာ။

ခက်ခဲကြပ်တည်းတဲ့ကာလမှာ
ဖက်-ဆစ်-တပ်ကို အမြစ်ဖြတ်ဖို့
စိတ်အားထက်သန်စွာဖြင့်

ယနေ့အထိ 52% ရအောင်
အားသွန်ခွန်စိုက် ပါဝင်ကြသူ
မိဘပြည်သူတစ်ဦးချင်းစီကို
ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျာ။

24/10/2023

မိမိတို့ နယ်မြေ ရှင်းလင်းခဲ့သော အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီ တပ်သားများမှ ထပ်မံ လာရောက် အ ကြမ်းဖက် သောင်းကျန်းခြင်း ၊ ရွာအတွင်း ခိုအောင်း နေထိုင်ခြင်း တို့ကြောင့် နယ်မြေရှင်းလင်းရေး ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ခြင်း

၂၃ ရက် ၁၀ လ ၂၀၂၃ ခုနှစ် ၉ နာရီ ၂၀မိနစ်မှ ၁၄ နာရီ ၄၄ မိနစ် အထိ တိုက်ခိုက်ခဲ့မှု မှတ်တမ်း

လုံးတော်ကျေးရွာ အတွင်း၌ အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီ တပ်သားများ ရောက်ရှိလာသဖြင့် ၉ နာရီ ၂၀ မိနစ်တွင် ဒရုန်း ဗုံးသီး ( ၁ ) ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ထို့နောက် မိမိတို့ BLACK WOLF - ARMY ၊ Who am i - army တို့မှ မိမိတို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သော နေရာများ ၌ အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီ တပ်သား ( ၈၀ ) ဦး သည် ရွာသစ်ကျေးရွာ အတွင်း မိမိတို့ နယ်မြေရှင်းလင်းစဥ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီ တပ်သား ( ၇ ) ဦးအား ဆေးကုသနေကြောင်းသတင်းရှိခဲ့သည်။

ထို့ကြောင့် မိမိတို့ BLACK WOLF - ARMY ၊ Who am i - army တို့ မှ နယ်မြေရှင်းလင်းဆောင်ရွက်ရန်
ဒရုန်း ဖြင့် ဗုံးသီးများ အား ၁၄ နာရီ ၄၀ မိနစ် တွင် ( ၁ ) ကြိမ် ၁၄ နာရီ ၄၄ မိနစ်တွင် ( ၁ ) ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ပါသည် ။

စုစုပေါင်း စစ်ကောင်စီ တပ်သားထိခိုက်မှု
( ၇ ) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန် ( အတည်ပြု )
( ၃ ) ဦး ကျဆုံး ( အတည်ပြု )

မိမိတို့ သိမ်းဆည်းရမိသောပစ္စည်းများ
အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီ တပ်သားများ
အသုံးပြု ခဲ့သော စွပ်ကျယ် ၊ ခါးပတ် ၊ ဘောင်းဘီရှည် ၊ ခါးချိတ်အိတ် ၊ လူနာတင်ဆောင်ရန် အသုံးပြုခဲ့သော စောင်ပုခက် ( ၁ ) ခု တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီတပ်သားများ အားရှင်းလင်းသုတ်သင် နိုင်ရန် ကျွန်တော်တို့ တပ်ဖွဲ့ အကူညီလိုအပ်လျက်ရှိပါသည်။
comment တွင် ကြည့်ပါ။

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



ကျွန်တော်တို့ Black Wolf Army မှ ရဲဘော်အားလုံးအတွက်   - အမှတ်တရ အဖြစ် သီတင်းကျွတ်မုန့်ဖိုးပေးပါသော သရုပ်ဆောင် ဒေါင်း နှင...
22/10/2023

ကျွန်တော်တို့ Black Wolf Army မှ
ရဲဘော်အားလုံးအတွက်
- အမှတ်တရ အဖြစ် သီတင်းကျွတ်မုန့်ဖိုးပေးပါသော သရုပ်ဆောင် ဒေါင်း နှင့် တော်လှန်ပြည်သူအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ။




'PROJECT 300' ဆိုတဲ့အတိုင်း သိန်း ၃၀၀ ကို လက်-နက်-ခဲ-ယမ်း အချိန်မီ ပြန်ဖြည့်နိုင်ဖို့ စ-စ်ရေးစရိတ် စုဆောင်းနေတာကြောင့်ယခ...
19/10/2023

'PROJECT 300' ဆိုတဲ့အတိုင်း သိန်း ၃၀၀ ကို လက်-နက်-ခဲ-ယမ်း အချိန်မီ ပြန်ဖြည့်နိုင်ဖို့
စ-စ်ရေးစရိတ် စုဆောင်းနေတာကြောင့်

ယခုပုံပါ raffle tickets ဝယ်ယူထားတဲ့
ရာခိုင်နှုန်းပမာဏထက် ပိုများလာအောင်
လက်မှတ်တစ်စောင်ကို ၅,၀၀၀ ကျပ်ဖြင့်

နောက်တန်းမှ ကျနော်တို့ရဲ့ မိဘပြည်သူများ
နိုင်သလောက် တက်ညီလက်ညီ အားဖြည့်ပါဝင်ကြဖို့ တိုက်တွန်းပါ‌ရစေ ခင်ဗျာ။





18/10/2023

ယင်းမာရွာအနီး တွင် ခေတ္တတပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ခြင်း

ရွှေဘိုမြို့ ယင်းမာရွာအနီးတွင် တပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်သား ( ၄၀ ) ဦးခန့်အား မိမိတို့ BLACK WOLF - ARMY ၊ Who am i - Army တို့မှ ၁၄ ရက် ၁၀ လ ၂၀၂၃ ခုနှစ်တွင် ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ကြပါသည်။

စစ်ကောင်စီ တပ်သား ကျဆုံးမှု
၁ ဦး မှ ၂ ဦး အတည် ပြု ( ကျန် စိစစ်ဆဲ )

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိ ခိုးရာပါ ပစ္စည်းများ
EVA ( ၁ )ထုပ် ၊ ထမင်းစားဇလုံ ( ၁ ) လုံး ၊ ဘတ်တံဆိပ်ပါ ဦးထုပ် ( ၂ ) လုံး ၊ မိုးကာ အစိမ်း ( ၄ ) ခု

စစ်ကောင်စီဘက်မှ ပြန်လည်တုံ့ပြန်မှု
လက်နက်ကြီး ( ၂ ) လုံးဖြင့် ပစ်ခတ်

မိမိတို့ထိခိုက်မှု
မရှိ

ဝံပုလွေတကောင်ကို ထိရင်
နောက်ထပ် ဆယ်ကောင်နဲ့ငြိမယ်။
" အေး "
ဝံပုလွေတကောင်ကို သတ်မိရင်တော့
ဝံပုလွေတွေက ရေမြေဆုံးထိ လက်စားချေမယ်။

If you dare touch a wolf, ten wolves will get back to you.Yet , you killed one of them , they will take revenge to the ends.



အသက်ပေး တိုက်-ပွဲဝင်ဖို့က မြေပြင်မှ ကျနော်တို့ ဝံပုလွေတို့ရဲ့တာဝန်ထားပါ ခင်ဗျာ။ မစ်ရှင်များ၊ တိုက်-ပွဲများဖော်ဆောင်ဖို့ ...
15/10/2023

အသက်ပေး တိုက်-ပွဲဝင်ဖို့က မြေပြင်မှ ကျနော်တို့ ဝံပုလွေတို့ရဲ့တာဝန်ထားပါ ခင်ဗျာ။
မစ်ရှင်များ၊ တိုက်-ပွဲများဖော်ဆောင်ဖို့ အခရာကျတဲ့ လက်-နက်-ခဲ-ယမ်းများအတွက် ကျနော်တို့အနောက်ကနေ ငွေအားဖြင့် ကူညီပေးမဲ့ ပြည်သူလူထုတော့ လိုအပ်လျက်ရှိနေတယ်ဗျ။

စစ်-ရေးစရိတ်ရှာဖွေစုဆောင်းတဲ့ 'PROJECT 300' ကမ့်ပိန်းဟာ
သိန်း၃၀၀ရဲ့ ၃ပုံ ၁ပုံပင် မရသေးတာကြောင့်
ticket 🎟️ (၁)စောင်
🔸 MMK - 5,000 Kyats
🔸 USD - 3 Dollars
🔸 SGD - 3 Dollars
🔸 JPN - 300 Yen
🔸 THA - 100 Baht
ဖြင့် ဝယ်ယူကာ
ဖယ်ဒရယ်ဒီမိုကရေစီ နိုင်‌ငံတော်သစ်ဆီ မရောက်မချင်းခရီးများ အဆုံးထိလျှောက်မယ့် ဝံပုလွေတို့ ဆက်လက်တိုက်-ပွဲဝင်နိုင်ဖို့ အားဖြည့်ကူညီသွားပါဦး ခင်ဗျာ။

(ကမ့်ပိန်းအကြောင်း အသေးစိတ် cmtတွင် ဖတ်ရှုပေးပါရန်)





ကမ့်ပိန်း ၁၂ ရက်တာအကြာ ရလဒ်က 26% ဆိုတော့ ပို့စ်တင်တိုင်း စောင့်ကြည့်နေတဲ့ မြေပြင်က ကျနော်တို့ရဲဘော် ဝံပုလွေတစ်အုပ်ကို စိ...
11/10/2023

ကမ့်ပိန်း ၁၂ ရက်တာအကြာ ရလဒ်က 26% ဆိုတော့

ပို့စ်တင်တိုင်း စောင့်ကြည့်နေတဲ့ မြေပြင်က
ကျနော်တို့ရဲဘော် ဝံပုလွေတစ်အုပ်ကို စိတ်ခွန်အား မပေးနိုင်တော့မှာ စိုးရိမ်မိတာပါပဲ ခင်ဗျာ။

မိဘပြည်သူများ ခင်ဗျာ .....
မပြီးဆုံးသေးတဲ့ ဖယ်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး တိုက်-ပွဲအတွက် ဝံပုလွေတို့ အသက်သွေးချွေးဖြင့် ဆက်လက်တိုက်-ပွဲ-၀င်သွားမည်ဖြစ်ကြောင်း
ကတိသစ္စာပြုအပ်ပါတယ် ခင်ဗျာ။

ပြည်တွင်း ပြည်ပမှ မိဘပြည်သူများအနေဖြင့်
📣 Raffle ticket တစ်စောင်လျှင်
🔸 MMK - 5000 kyats
🔸 USD - 3 Dollars
🔸 SGD - 3 Dollars
🔸 JPN - 300 Yen
🔸 THA - 100 Baht
တို့ဖြင့် ဝယ်ယူ ထောက်-ပို့-ကာ
ကျနော်တို့ ဝံပုလွေတွေကို စိတ်ခွန်အားပေးသွားကြပါဗျာ။

အမှတ်တရ လက်ဆောင်များနဲ့ ကမ့်ပိန်းအကြောင်း
အသေးစိတ် သိလိုပါက
https://m.facebook.com/story.php?story_fbid=254200757609144&id=100090576631951&mibextid=Nif5oz





ရဲဘော်မာဃ ( ၁ )နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️၈.၁၀.၂၀၂၂ မှာ တိုက်ပွဲ၀င်ရင်း မြင့်မြတ်စွာ...
08/10/2023

ရဲဘော်မာဃ ( ၁ )နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

၈.၁၀.၂၀၂၂ မှာ တိုက်ပွဲ၀င်ရင်း မြင့်မြတ်စွာ
ကျ ဆုံးသွားတဲ့ ရဲဘော် မာဃရဲ့ (၁)နှစ်ပြည့် အောက်မေ့သတိရကြောင်းပြုလုပ်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်။

လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ဖော်ဆောင်ရန်အတွက် ရဲဘော်ရဲ့ ပေးဆပ်အနစ်နာခံမှုတွေကို ငါတို့နိုင်ငံ၊ ငါတို့တိုင်း၊ ငါတို့မြို့၊ ငါတို့တပ်ဖွဲ့ က အမြဲအောက်မေ့ အမှတ်ရဂုဏ်ယူနေမှာပါ။

ရဲဘော်နဲ့အတူ လက်တွဲပြီး တိုက်ပွဲ၀င်ခဲ့ရခြင်းတွေကိုလည်း အမြဲတမ်းအမှတ်ရ ဂုဏ်ယူနေမှာပါ။

မပြီးဆုံးသေးတဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတိုက်ပွဲအတွက် ဆက်လက် တိုက်ပွဲ၀င်သွားမယ်လို့ ငါတို့ ကတိသစ္စာပြုပါတယ်။

ရဲဘော် မာဃ ကောင်းရာဘုံဘ၀မှာ
အေးချမ်းစွာ အနားယူနိုင်ပါစေ 💐



Hello !!တော်လှန်ပြည်သူအားလုံး မင်္ဂလာပါဗျကျနော်တို့ရဲ့ “ PROJECT 300 ” Campaign လေး စခဲ့တာ ခုဆို (၈) ရက်မြောက်နေ့ ရောက်လ...
07/10/2023

Hello !!
တော်လှန်ပြည်သူအားလုံး မင်္ဂလာပါဗျ
ကျနော်တို့ရဲ့ “ PROJECT 300 ” Campaign လေး စခဲ့တာ ခုဆို (၈) ရက်မြောက်နေ့ ရောက်လာတဲ့ထိ မျှော်မှန်း 🎯 ရဲ့ 12 % သာ ရရှိပါသေးတယ်ဗျ။

ပြည်သူလူထုအနေနဲ့လဲ တတ်နိုင်သမျှပါ၀င်နေကြတယ်ဆိုတာ သိပေမယ့် သတ်မှတ်ထားတဲ့ 🎯 နဲ့ အလှမ်းဝေးနေပါသေးတယ်။

ဒီ Campaign ကို Oct 31 ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး Target အနေနဲ့ ကျပ်သိန်း ၃၀၀ သတ်မှတ်ထားပါတယ်။

ဒါကြောင့် ကျန်ရှိနေတဲ့ရက်မှာ Target ပြည့်မီအောင် ကျွန်တော်တို့ပြည်သူတွေက ဝိုင်းတွန်းပေး ကြမယ်ဆိုတာ ယုံကြည်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Black Wolf Army အတွက်
ကံစမ်းမဲလက်မှတ်များကို ယခုစာမျက်နှာ နှင့် အောက်ပါ fundraisers များမှ တဆင့်
ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/supporterx69?mibextid=ZbWKwL

https://www.facebook.com/NwayOoNatKon?mibextid=ZbWKwL



Address


Alerts

Be the first to know and let us send you an email when BLACK WOLF - ARMY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share