12/05/2023
နာမည်ကြီးသရုပ်ဆောင်မော်ဒယ်လ်ပိုင်တံခွန်ဒေါ်လာ၁သန်းတန်ရုပ်ရှင်ထုတ်လုပ်ရေးကိစ္စဆွေးနွေးရန် ကမ္ဘောဒီးယားမြို့တော်ဖနွမ်ပင်သို့ Aprilလတွင် သွားရောက်ခဲ့
+++++++++++++++++++++++++
Published 10 May 2023
မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ်ဖြစ်သူ 'ပိုင်တံခွန်'ဟာ ဒေါ်လာ ၁ သန်းတန်ရုပ်ရှင်ထုတ်လုပ်ရေးကိစ္စဆွေးနွေးရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာပါတယ်။
ပိုင်တံခွန်ဟာ ၂၀၂၃ ဧပြီ ၁၉ ရက်နေ့ညနေခင်းမှာ ဖနွမ်ပင်နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာပါတယ်။
နိုင်ငံရေးအကျပ်အတည်းကြုံတွေ့ပြီးနောက်ပိုင်း ပိုင်တံခွန်ဟာ ပထမဆုံးနိုင်ငံခြားခရီးစဉ် ထွက်လာတာလည်းဖြစ်ပါတယ်။
မြန်မာပြည်မှ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ရုပ်ရှင်ပရောဂျက်တစ်ခုကို စစ်ဆေးသုံးသပ်ရန် ကမ္ဘောဒီးယားသို့ရောက်ရှိလာတာဖြစ်ကြောင်း LD Picture Production မှ ဒါရိုက်တာ'လိခ်လီဒါ'က ပြောကြားခဲ့ပါတယ်။
ပိုင်တံခွန်ဟာ ကမ္ဘောဒီးယားမှာ တစ်ပတ်အကြာအထိ ရှိနေခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ပိုင်တံခွန်ရောက်ရှိလာခဲ့တာဟာ ရုပ်ရှင်ထုတ်လုပ်ရေးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမှာဖြစ်ပြီး သူတို့ရဲ့ပူးတွဲထုတ်လုပ်ရေးကို နိုင်ငံခြားရုပ်ရှင်ရုံမှာ တင်ပြသွားမှာဖြစ်ပါတယ်။
Source: Khmer Times