Magway Daily News

  • Home
  • Magway Daily News

Magway Daily News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Magway Daily News, Media/News Company, .

တစ်စတစ်စနဲ့ကျွန်တော်တို့က လှုပ်ရှားနေတဲ့ပါတီတစ်ခုဖြစ်အောင်၊ဒီလှုပ်ရှားတာကလည်း အရွေ့တစ်ခုဖြစ်အောင်၊လုပ်ချင်တာတွေ လျှောက်လ...
11/12/2022

တစ်စတစ်စနဲ့ကျွန်တော်တို့က
လှုပ်ရှားနေတဲ့ပါတီတစ်ခုဖြစ်အောင်၊
ဒီလှုပ်ရှားတာကလည်း အရွေ့တစ်ခုဖြစ်အောင်၊
လုပ်ချင်တာတွေ လျှောက်လုပ်ပြီး
အရွေ့မဖြစ်ရင် အလကားပဲ

လုပ်တိုင်းလုပ်တိုင်းမှာ
ပါတီအောင်နိုင်ရေးအတွက်
အရွေ့ရှိတဲ့အရာကိုပဲလုပ်
အရွေ့မရှိတဲ့ဟာကို လုပ်ကိုမလုပ်နဲ့
အချိန်ကုန်တယ်......။

ဦးခင်ရီ
ဥက္ကဋ္ဌ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

(ပဲခူးတိုင်းဒေသကြီး(အရှေ့)တွေ့ဆုံပွဲမှ)

ဝေါမြို့နယ် ပါတီဝင်အသစ်များ အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတက်ရောက်=====================================...
10/12/2022

ဝေါမြို့နယ် ပါတီဝင်အသစ်များ အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတက်ရောက်
=======================================
ဒီဇင်ဘာ ၉၊ ဝေါ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၀၉၀၀ အချိန်မှ ၁၀၂၀ အချိန်ထိ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်သော ပါတီဝင်အသစ် (၄၃၁)ဦးတို့၏ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှ ပါတီဝင်အသစ်များအား အမှာစကားပြောကြားခဲ့ပါသည်။ ပြောကြားရာတွင် " ပါတီဖြစ်တည်လာမှုဆိုင်ရာအကြောင်းအရာများ၊ ပါတီသို့ အသစ်ဝင်ရောက်လာကြသော ပထမဦးဆုံးအကြိမ်မဲပေးကြမည့် လူငယ်များ သိသင့်သိထိုက်သည့် အချက်အလက်များ၊ လူငယ်များ အသိပညာ၊ အတတ်ပညာ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပါတီမှဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ နိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်နေသော အခြေအနေများ " အား ရင်းနှီးနွေးထွေးစွာ ပြောကြားခဲ့ပါသည်။

ထို့နောက် ဝေါမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ယု မှ ပါတီဝင်အသစ် (၄၃၁)ဦး၏ အဆိုပြုလွှာများအား ပေးအပ်ရာ ပါတီဥက္ကဋ္ဌမှ လက်ခံယူခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့်အတူ ဗဟိုအတိုင်ပင်ခံ ဦးစောမော်ထွန်း၊ တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးရဲမြင့်ထွန်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများ၊ ပါတီဝင်အသစ်များ စုစုပေါင်းအင်အား (၅၁၈)ဦးတက်ရောက်ခဲ့ကြပါသည်။


(east)

06/06/2022
မကွေးမြို့ အိုးဘိုရပ်ကွက်ရှိ ဟသာ်ညီနောင် ဆိုင်အား နိုင်ငံတော်ပိုင်အဖြစ်သိမ်းယူမည်ဖြစ်သောကြောင့် ချိတ်ပိတ်နိုဝင်ဘာ ၁၀မကွေ...
10/11/2021

မကွေးမြို့ အိုးဘိုရပ်ကွက်ရှိ ဟသာ်ညီနောင် ဆိုင်အား နိုင်ငံတော်ပိုင်အဖြစ်သိမ်းယူမည်ဖြစ်သောကြောင့် ချိတ်ပိတ်

နိုဝင်ဘာ ၁၀

မကွေးမြို့ အိုးဘိုရပ်ကွက်၊ မဲထီးလမ်းရှိ အိမ်အမှတ် ၂၆-၁ ဟသာ်ညီနောင်ဆိုင်အား အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်နေသည့်အတွက် အကြမ်းဖက်ဥပဒေအရ ပိုင်ဆိုင်မှုများအား နိုင်ငံတော်ပိုင်အဖြစ်သိမ်းယူနိုင်ရန် နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းတွင် ချိတ်ပိတ်လိုက်ကြောင်းသိရသည်။

ဟသာ်ညီနောင်ပိုင်ရှင် ဇော်မိုးသည် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလများတွင် NLD ပါတီအတွက် ငွေအား၊ ပစ္စည်းအား များစွာဖြင့် အားပေးခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်လာသည့် မဲခိုးမှုမဖြေရှင်းဘဲ ထွက်ပြေးပြီးမှ လက်လွတ်ခဲ့သောအာဏာပြန်ရရေး အကြမ်းဖက်မှုများ လုပ် ဆောင်နေသည့် အကြမ်းဖက်အဖွဲ့အဖွဲ့များဖြစ်ကြသည့် CRPH,NUG နှင့် PDF များကို များစွာထောက်ပံ့ပေးခဲ့မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

ဟသာ်ညီနောင်ဆိုင်များမှာ အိုးဘိုရပ်ကွက်က မဲထီးလမ်း၊ မကွေးမြို့မစျေးမြောက်ဖက်နှင့် မင်းဘူးမြို့
တို့တွင် ရှိနေကြသည်။

အလားတူ မင်းဘူးမြို့တွင်လည်း အကြမ်းဖက်အားပေးနေသည့် လုပ်ငန်းရှင်ကြီးများရှိနေကြောင်း၊ ၄င်းတို့သည် လွန်ခဲ့သော ရွေးကောက်ပွဲများ၌ ငွေအား၊ လူအား ပစ္စည်းအားများဖြင့် အားပေးကြသည့်အပြင် ၄င်းတို့၏ အလုပ်သမားများကိုပင် အခြားပါတီအားပေးပါက လစာဖြတ်တောက်ခြင်း၊ အလုပ်ထုတ်ပြခြင်းတို့ဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ဆောင်ရွက်ခဲ့ကြပြီး၊ နောက်ပိုင်းအကြမ်းဖက်အဖွဲ့များနှင့် CDM များအား အတန်ကြာ ထောက်ပံ့ပေးနေခဲ့ကြကြောင်း သို့အတွက် ခိုင်လုံသည့်သက်သေများရှာဖွေလျှက်ရှိကြောင်း၊ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းလည်းသိရသည်။

မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင် ငဖဲမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောက်ဆီဂျင်စက်...
01/11/2021

မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင် ငဖဲမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေး

ငဖဲ၊ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးထွန်းခင်သည် ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉နာရီအချိန်က ငဖဲမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သိန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ် မြောက်ရေးကော်မတီဝင်များက အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားရှိမှုအခြေ အနေများကို တင်ပြဆွေးနွေးရာ တိုင်းရင်းသားရေးရာဝန်ကြီးမှ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မယု (ငဖဲ)

မကွေးတိုင်း အပါအဝင် တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီး/ပြည်နယ်တွေမှာ တစ်ပြိုင်နက် ကျင်းပနေကြောင်းသိရမကွေး၊ အောက်တိုဘာ ၂...
25/10/2021

မကွေးတိုင်း အပါအဝင် တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီး/ပြည်နယ်တွေမှာ တစ်ပြိုင်နက် ကျင်းပနေကြောင်းသိရ

မကွေး၊ အောက်တိုဘာ ၂၅

အေးချမ်းစွာ စာသင်ကြားနိုင်ဖို့မျှော်လင့်ကြောင်း ကျောင်းသားမိဘများဆိုမကွေး၊ အောက်တိုဘာ ၁၉မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ...
19/10/2021

အေးချမ်းစွာ စာသင်ကြားနိုင်ဖို့မျှော်လင့်ကြောင်း ကျောင်းသားမိဘများဆို

မကွေး၊ အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များက စာသင်ကျောင်းတွေမှာ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုများ ပြုလုပ်လျှက်ရှိပြီး မိဘများကိုယ်တိုင် မိမိသားသမီးများ ကာကွယ်ဆေးထိုးနှံရာစာသင်ကျောင်းများကို လိုက်လံပို့ဆောင်လျှက်ရှိပါတယ်။

၎င်း ကာကွယ်ဆေးထိုးနှံရာနေရာကို လိုက်လံပို့ဆောင်တဲ့ ကျောင်းသားမိဘတစ်ဦးကို ကလေးငယ်များ အေးချမ်းစွားစာသင်ကြားနိုင်ရေးနဲ့ ပတ်သက်လို့ မေးမြန်ရာမှာတော့ ယခုလိုပြောပါတယ်။

" ကျွန်မတို့သားသမီးတွေ အေးအေးချမ်းချမ်း နဲ့ ကောင်းကောင်းမွန်မွန် စာသင်ကြားစေချင်တာက မိဘတိုင်းလိုပါပဲ၊ သူတို့ကို ကျောင်းကိုသာ လိုက်ပို့နေရတယ် ဗုံးများဘယ်အချိန်ထပေါက်မလဲဆိုပြီး နေ့စဥ်နဲ့အမျှ စိုးရိမ်နေရတာပါ၊ ကျွန်မတို့ကတော့ အရင်လို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ နေချင်လှပါပြီ၊ ကျွန်မတို့သားသမီးတွေ ကောင်းကောင်းမွန်မွန်စာသင်ကြားနေတာကိုလည်း မြင်ချင်လှပါပြီ "

ဒါ့အပြင် ဗုံးဖောက်ခွဲတာတွေ လုပ်ဆောင်နေမှုများနဲ့ အကြမ်းဖက် သတ်ဖြတ် နေတာတွေကိုလည်း မိမိတို့အနေနဲ့ လုံးဝ လက်မခံ မထောက်ခံကြောင်း ပြောကြာထားပါတယ်။

မြို့သစ်မြို့နယ် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဦးစီးလုပ်ဆောင်နေတဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမြိ...
14/10/2021

မြို့သစ်မြို့နယ် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဦးစီးလုပ်ဆောင်နေတဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မြို့သစ်၊ အောက်တိုဘာ ၁၄

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်ဆောင်ရွက်နေပြီး ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ ပုလင်းပြားကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုးဟာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။

ဖြစ်စဥ်မှာ ဦးဝင်းစိုးနဲ့ တစ်ရွာတည်းနေ သံဒိုးတို့ဟာ မြို့သစ်မြို့ကနေ မှတ်ပုံတင်ပြုလုပ်ပြီးအပြန် ဦးဝင်းစိုးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အမည်မသိဆိုင်ကယ်တစ်စီးနဲ့ လူ (၂) ဦးကကျော်တက်ပြီး ဦးဝင်းစိုးအား သေနတ်နဲ့ ပစ်ခတ်တာကြောင့် ကျည်ထိမှန်ကာဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီး ထပ်မံပစ်ခတ်သဖြင့် သံဒိုးမှာ ယာဘက်တံတောင်ဆစ် ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိခဲ့ကာ ဦးဝင်းစိုးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရပါတယ်။

ဦးဝင်းစိုးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒေသခံများကတော့ ဦးဝင်းစိုးဟာ ကျေးရွာအုပ်စုအတွင်းက ဒေသခံပြည်သူများကို မဖြစ်မနေ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ဆော်သြ ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပြီး မိမိတို့ ကာကွယ်ဆေးထိုးနှံနေမှုတွေကို ​ဟန့်တားနှောက်ယှက်ဖို့အတွက် ယခုလို သတ်ဖြတ်တာဖြစ်ကြောင်း၊ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့
အကြမ်းဖက်သမားတွေကိုလည်း အလိုမရှိ လက်မခံကြောင်းနဲ့ ဆန့်ကျင် ရှုတ်ချကြောင်း၊ ထိရောက်စွာ အရေးယူပေးစေလိုကြောင်းပြောကြားထားပါတယ်။

ဗိဿနိုး PDF ကတော့ အဆိုပါလုပ်ကြံသတ်ဖြတ်မှုဟာ ၎င်းတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

နတ်မောက်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသည့် ရပ်ကျေးစာရေးနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ နတ်မောက်၊ အောက်တိုဘာ...
13/10/2021

နတ်မောက်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသည့် ရပ်ကျေးစာရေးနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

နတ်မောက်၊ အောက်တိုဘာ ၁၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာ များအတွင်း ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းများဆောင်ရွက်နေတဲ့ ရပ်ကျေးစာရေးနှစ်ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်းသိရပါတယ်။

၎င်း ပစ်ခတ်သတ်ဖြတ်မှုကို မကြာသေးခင်အတွင်းက စတင်ဖွဲ့စည်းခဲ့တဲ့ "ငါးပြေမ ပြောက်ကြားတပ်ဖွဲ့(နတ်မောက်) ကလုပ်ဆောင်ခဲ့ကြောင်းသိရပြီး ဒေသခံပြည်သူများကတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ ဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာဟာ မသင့်တော်ကြောင်းနဲ့ အဆိုပါလုပ်ရပ်ကို ဆန့်ကျင် ရှုတ်ချကြောင်း ပြောကြားထားပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်က အုပ်ချုပ်ရေးမှူး အသတ်ခံရမကွေးတိုင်း မြိုင်မြို့နယ် ဂျုတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျေ...
09/09/2021

မကွေးတိုင်း မြိုင်မြို့နယ်က အုပ်ချုပ်ရေးမှူး အသတ်ခံရ

မကွေးတိုင်း မြိုင်မြို့နယ် ဂျုတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို ည ၁၀ နာရီအချိန်ခန့်က PDF အဖွဲ့တွေဟာ နေအိမ်တွင်းဝင်ပြီး ဓားနဲ့ အချက်ပေါင်းများစွာ ခုတ်သတ်သွားတယ်လို့ သိရပါတယ်။

အရက်အတူထိုင်သောက်ရင်း အကြွေး ၂ သောင်းတောင်းရာမှ ဓားထိုးမှုဖြစ်ပြီး ဓါးထိုးခံရသူသေဆုံးမကွေး၊ စက်တင်ဘာ ၆ မကွေးတိုင်းဒေသကြီ...
06/09/2021

အရက်အတူထိုင်သောက်ရင်း အကြွေး ၂ သောင်းတောင်းရာမှ ဓားထိုးမှုဖြစ်ပြီး ဓါးထိုးခံရသူသေဆုံး

မကွေး၊ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာတွင် မိတ်ဆွေဖြစ်သူများ အရက်အတူ ထိုင်သောက်ရာမှ ဓားထိုးမှုဖြစ်ပြီီး ဓါးထိုးခံရသူ သေဆုံးခဲ့သည်။

ဗိဿနိုးနယ်မြေ PDF များမှ မြို့သစ်မြို့ မြို့နယ်စည်ပင်သာယာရေးရုံးကို ဗုံးဖောက်ခွဲ စည်ပင်ဝန်ထမ်းများကို ခြိမ်းခြောက်မြို့သ...
04/09/2021

ဗိဿနိုးနယ်မြေ PDF များမှ မြို့သစ်မြို့ မြို့နယ်စည်ပင်သာယာရေးရုံးကို ဗုံးဖောက်ခွဲ စည်ပင်ဝန်ထမ်းများကို ခြိမ်းခြောက်

မြို့သစ်၊ စက်တင်ဘာ ၄

မကွေးတိုင်း မြို့သစ်မြို့နယ် စည်ပင်သာယာ ရေးရုံးကို စက်တင်ဘာ ၄ ရက်နေ့ ည ၇:၀၀ နာရီအချိန်က ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့တယ်လို့ ဗိဿနိုးနယ်မြေ PDF များက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီး ထိုကြေညာချက်ထဲမှာ မြို့နယ် စည်ပင်ဝန်ထမ်းများကို ခြိမ်းခြောက်ထားတဲ့ စာသားများပါဝင်လာပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း နေ့စဥ်နဲ့အမျှ အကြမ်းဖက် ဖောက်ခွဲ သတ်ဖြတ်မှုများဖြစ်
ပွားနေပြီး ယနေ့အချိန်ထိအကြမ်းဖက်
သမားများကို အပြစ်ပေး ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။

NLD ပါတီရဲ့ CEC အဖွဲ့ဝင်လည်း ဖြစ် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း အဖြစ် တာဝန်ယူခဲ့တဲ့ မန်းဂျော်နီရဲ့  ယနေ့ နံနက်ပိုင်းက စ...
28/08/2021

NLD ပါတီရဲ့ CEC အဖွဲ့ဝင်လည်း ဖြစ် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း အဖြစ် တာဝန်ယူခဲ့တဲ့ မန်းဂျော်နီရဲ့ ယနေ့ နံနက်ပိုင်းက စစ် ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားတဲ့ ဓါတ်ပုံလူမှုကွန်ယက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

-credit

မင်းဘူးခရိုင်ရဲရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားမင်းဘူး၊သြဂုတ် ၂၇မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူးမြို့ အမှတ် ၄ မမင်းဘူးရပ်ကွ...
27/08/2021

မင်းဘူးခရိုင်ရဲရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား

မင်းဘူး၊သြဂုတ် ၂၇

မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူးမြို့ အမှတ် ၄ မမင်းဘူးရပ်ကွက် အနောက်ဘက် မကျီးချောင်းရွာအနီး မင်းဘူးခရိုင်ရဲရုံးကို ယခု ည ၇:၃၀ အချိန်က ဗုံးနှစ်လုံး ပစ်ခတ်ခံရပြီးတစ်လုံးပေါက်ကွဲကာ ကျန်တစ်လုံးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

မင်းဘူး-စကု MS-PDF အဖွဲ့ကတော့ ယင်းဗုံးပေါက်ကွဲမှုဟာ ၎င်းတို့လက်ချက်ဖြစ်ပြီး
ပဏာမ သတိပေးခြိမ်းခြောက်မှု တစ်ခုသာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

https://www.facebook.com/103654328571557/posts/160953206175002/

ရေစကြိုမြို့ ဇီးတောစံပြကျေးရွာနေ ဦးသန်းထွေး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးရေစကြို၊ သြဂုတ် ၂၇ မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတ...
27/08/2021

ရေစကြိုမြို့ ဇီးတောစံပြကျေးရွာနေ ဦးသန်းထွေး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

ရေစကြို၊ သြဂုတ် ၂၇

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောကျေးနေ ဦးသန်းထွေး(၅၉) နှစ်ဟာ ဒီကနေ့ မနက်ပိုင်း လယ်တောအသွား ရွာအနောက်ဘက်မှာ အမည်မသိလူ(၅) ဦးကသေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားတယ်လို့ ကျေးရွာတွင်းနေထိုင်သူတွေဆီက သိရပါတယ်။

ဦးသန်းထွေးဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးတစ်ဦးရဲ့ ဖခင်ဖြစ်ပြီး လက်ရှိဇီးတောအုပ်ချုပ်ရေးမှူးရဲ့ဦးလေးတော်စပ်သူ တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရနေပြည်တော်၊ သြဂုတ် ၂၇ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်...
27/08/2021

ဒဂုံဆိပ်ကမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

နေပြည်တော်၊ သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်မှာ သြဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံများက အတည်ပြုပြောဆိုပါတယ်။

တောင်တွင်းကြီးမှာ အဖမ်းခံရတဲ့ ဦးဘုန်းမြတ်မင်းဟာ  NLD ပါတီဝင်တစ်ဦးဖြစ်ကြောင်းသိရတောင်တွင်းကြီး၊ သြဂုတ် ၂၆မကွေးတိုင်း တေ...
26/08/2021

တောင်တွင်းကြီးမှာ အဖမ်းခံရတဲ့ ဦးဘုန်းမြတ်မင်းဟာ NLD ပါတီဝင်တစ်ဦးဖြစ်ကြောင်းသိရ

တောင်တွင်းကြီး၊ သြဂုတ် ၂၆

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးဘုန်းမြတ်မင်းဟာ ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်ဘဲ NLD ပါတီဝင်တစ်ဦးသာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တောင်တွင်းကြီးမြို့ ကုလားမကျေးရွာမှာ နေထိုင်တဲ့ ဦးဘုန်းမြတ်မင်းဟာ သြဂုတ်လ ၂၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လူမှုကွန်ယက်မီဒီယာစာမျက်နှာအချို့မှာတော့ ပြည်ခိုင်ဖြိုးပါတီဝင်အဖမ်းခံရတယ်လို့ရေးသားနေကြပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ၎င်းရဲ့ ဖုန်းအတွင်းမှာ PDF တွေကို ထောက်ပံ့ထားတဲ့ အထောက်အထားတွေကြောင့် ဖမ်းဆီးစစ်ဆေးရတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဂန့်ဂေါမြို့ ပြည်ခိုင်ဖြိုးပါတီဝင် လုပ်ကြံခံရဂန့်ဂေါ၊ သြဂုတ်၂၅မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့ ပြည်ခိုင်ဖြိုးပါတီဝင် လယ်က...
25/08/2021

ဂန့်ဂေါမြို့ ပြည်ခိုင်ဖြိုးပါတီဝင် လုပ်ကြံခံရ

ဂန့်ဂေါ၊ သြဂုတ်၂၅

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့ ပြည်ခိုင်ဖြိုးပါတီဝင် လယ်ကြီးအရှေ့ကျေးရွာအုပ်ချုပ်ရေးမှူး(ဟောင်း) ဦးဝင်းဆွေဟာသြဂုတ်လ ၂၅ ရက် မနက် ၄ နာရီခန့်က PDF တွေရဲ့ ဝင်ရောက်သတ်ဖြတ်မှုခံခဲ့ရတာကြောင့် လည်ပင်းပြတ်ရှ၊ ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဟံသာဝတီရဲမှူးနဲ့တာဝန်ရှိသူတွေက ဆေးရုံကိုပို့ဆောင်ကာအရေးပေါ် ကုသမှုခံယူနေရကြောင်းသိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ဒေါ်ခင်မြတ်သ...
24/08/2021

၂၀၂၀ ရွေးကောက်ပွဲတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ဒေါ်ခင်မြတ်သူဟာ ဩဂုတ်လ(၂၃)ရက်နေ့ ညနေပိုင်းက ၎င်းနှင့်အတူ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခံလိုက်ရကြောင်း NLD ပါတီဝင်အချို့က အတည်ပြုပြောကြားထားပါတယ်။

ရေစကြိုမြို့နယ် ဒုတိယမြောက် PDF အထိုင်စခန်း အတိုက်ခံရပြီး PDF အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရရေစကြို၊ သြဂုတ် ၂၃ မကွေးတိုင်း ရေ...
23/08/2021

ရေစကြိုမြို့နယ် ဒုတိယမြောက် PDF အထိုင်စခန်း အတိုက်ခံရပြီး PDF အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရ

ရေစကြို၊ သြဂုတ် ၂၃

မကွေးတိုင်း ရေစကြိုမြို့နယ် မြေမလှကျေးရွာအနီးက တောတွင်းမှာရှိတဲ့ PDF အထိုင်စခန်းတစ်ခုဟာ ဒီကနေ့နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ရေစကြိုမြို့ခံတွေထံက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ထပ်တိုးစွဲဆိုတဲ့အမှုတွေရှိလာတာကြောင့် အမှုကိစ္စတိုင်ပင်နိုင်ဖို့တွေ့ဆုံခွင့်တောင်းဆိုမယ် ဒေါ်အော...
23/08/2021

ဒေါ်အောင်ဆန်းစုကြည် ကို ထပ်တိုးစွဲဆိုတဲ့အမှုတွေရှိလာတာကြောင့် အမှုကိစ္စတိုင်ပင်နိုင်ဖို့တွေ့ဆုံခွင့်တောင်းဆိုမယ်

ဒေါ်အောင်ဆန်းစုကြည်ကိုထပ်တိုးစွဲဆိုတဲ့အမှုတွေရှိလာတာကြောင့် အမှုကိစ္စတွေ တိုင်ပင်နိုင်ဖို့တွေ့ဆုံခွင့်ကို အခုအပတ်ထဲမှာ တင်ပြတောင်းဆိုဖို့ရှိတယ်လို့ ရှေ့နေအဖွဲ့ကပြောပါတယ်။ လက်ရှိမှာ ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး ပိတ်တဲ့ရုံးပိတ်ရက်တွေကြောင့် ရုံးချိန်းတွေရပ်ထားရပြီး ရှေ့နေအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ခွင့် မရတာ ရက်သတ္တပတ်ခြောက်ပတ်ရှိပြီလို့ဆိုပါတယ်။ရုံးပိတ်ရက်တွေကို သြဂုတ် ၃၁ရက်အထိ ကိုဗစ်ထိန်းချုပ်နိုင်ဖို့ဆိုပြီးထပ်တိုးပိတ်ထားတာဖြစ်ပါတယ်။
'' ရုံးချိန်းမရှိတော့ CMP လို့ခေါ်တဲ့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ရမယ်ဆိုတာကလည်း ရပ်သွားတဲ့သဘောရှိတယ်။ နောက် ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ ပြီးခဲ့တဲ့ရက်က ထပ်စွဲတာကို ကြေညာတာတွေ့တယ်ဆိုတော့ အဲဒါ ဘာအမှုလဲ ဘယ်မှာစွဲလဲဆိုတာတွေသိဖို့ထပ်လိုတယ်။ ဒါကြောင့် အမှုသည်နဲ့ရှေ့နေတွေ့ဖို့လိုအပ်တယ်။ဒါကိုတောင်းဆိုဖို့ရှိပါတယ်'' လို့ ရှေ့နေအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့တရားစွဲဆိုကြောင်းထပ်မံကြေညာတဲ့အတွက် အစောပိုင်းက မန္တလေးတိုင်းတရားလွှတ်တော်မှာ စွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမှု ၄ မှု နဲ့ ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှု ၅ မှုရင်ဆိုင်ရဖို့ရှိပါတယ်။
တခါ ကနဦးကတည်းရင်ဆိုင်နေရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ၊နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့အပါအဝင် စုစုပေါင်းအမှု ၆ မှု ကို ရင်ဆိုင်နေရတာဖြစ်လို့ စုစုပေါင်း အမှု ၁၁မှုကိုရင်ဆိုင် ရဖို့ရှိနေတာပါ။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကိစ္စအပါအဝင် အခြားအမှုကိစ္စတွေအတွက်ပါ တွေ့ဆုံခွင့်မရသေးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ သိရှိတာမရှိဘူးလို့ ရှေ့နေအဖွဲ့က ပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း

ထီးလင်းမြို့ ကင်းပန်းရွာက စစ်မှုထမ်းဟောင်း အသတ်ခံရထီးလင်း၊ သြဂုတ် ၂၃မကွေးတိုင်း ထီးလင်းမြို့နယ် ကင်းပန်းအုပ်စု ကင်းပန်းရ...
23/08/2021

ထီးလင်းမြို့ ကင်းပန်းရွာက စစ်မှုထမ်း
ဟောင်း အသတ်ခံရ

ထီးလင်း၊ သြဂုတ် ၂၃

မကွေးတိုင်း ထီးလင်းမြို့နယ် ကင်းပန်းအုပ်စု ကင်းပန်းရွာနေ စစ်မှုထမ်းဟောင်း ဦးသော်တာအား သြဂုတ်လ ၂၃ ရက်နေ့ မနက်
၁ နာရီအချိန်ခန့်က ထီးလင်း PDF ၅ ဦးခန့်က နေအိမ်ကို လာရောက်ပြီး တူမီးသေနတ်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာကြောင့် နေရာမှာပဲ ပွဲခြင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗိဿနိုးနယ်မြေ PDF များ သတိပေးကြေငြာချက်ထုတ်ပြန်တောင်တွင်းကြီး၊ သြဂုတ် ၂၂မကွေးတိုင်း တောင်တွင်းကြီးမြို့ဗိဿနိုးနယ်မြေ PDF...
22/08/2021

ဗိဿနိုးနယ်မြေ PDF များ သတိပေးကြေ
ငြာချက်ထုတ်ပြန်

တောင်တွင်းကြီး၊ သြဂုတ် ၂၂

မကွေးတိုင်း တောင်တွင်းကြီးမြို့ဗိဿနိုးနယ်မြေ PDF များမှ မြို့သစ်မြို့ ပုတီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ကို
သြဂုတ်လ ၂၂ ရက်နေ့ ၈:၁၅ နာရီအချိန်က သေနတ်ဖြင့် ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး သတိပေးကြေငြာချက်တစ်ဆောင် ထုတ်ပြန်ထားပါတယ်။

အောင်လံ ကာကွယ်ရေးပစ္စည်းစက်ရုံကစစ်ဗိုလ်တစ်ဦးနဲ့ တပ်သား၁၅ ယောက်ထွက်ပြေးသွားတယ်ဆိုတာ သတင်းမှားသာဖြစ်ဟုဆိုအောင်လံ၊ သြဂုတ် ...
22/08/2021

အောင်လံ ကာကွယ်ရေးပစ္စည်းစက်ရုံကစစ်ဗိုလ်တစ်ဦးနဲ့ တပ်သား၁၅ ယောက်ထွက်ပြေးသွားတယ်ဆိုတာ သတင်းမှားသာဖြစ်ဟုဆို

အောင်လံ၊ သြဂုတ် ၂၂


မကွေးတိုင်း အောင်လံမြို့ အရှေ့ဘက် စစ်လက်နက်တွေ ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (၁၅) က စစ်ဗိုလ်တစ်ဦးနဲ့ တပ်သား ၁၅ ယောက်ထွက်ပြေးသွားပြီး တစ်ဦး ပစ်သတ်ခံရတယ်လို့ မီဒီယာအချို့က ဖော်ပြနေကြပေမယ့် ဒီသတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ကပစ တပ်နဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ Stay at Home စည်းကမ်းချက် မလိုက်နာသူတွေကို စစ်ဆေးအရေးယူမှုတွေပြုလုပ်နေပွင့်ဖြူ၊ ဩဂုတ် ၂၂ မကွေးတိုင်း...
22/08/2021

ပွင့်ဖြူမြို့နယ်မှာ Stay at Home စည်းကမ်းချက် မလိုက်နာသူတွေကို စစ်ဆေးအရေးယူမှုတွေပြုလုပ်နေ

ပွင့်ဖြူ၊ ဩဂုတ် ၂၂

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ နံနက် ၁၁ နာရီက မြို့အဝင် ပြည်လုံးချမ်းသာ ဘုရားအနီးမှာ စုရပ်ပြုလုပ်ပြီး Stay at Home စည်းကမ်းချက်တွေနဲ့ အညီ နေထိုင်သွားလာခြင်းမရှိတဲ့ ပြည်သူတွေကို အရေးယူခြင်းနဲ့ အသိပညာပေးခြင်းတွေ ပြုလုပ်နေပါတယ်။

နံနက်ပိုင်းတွင် ၁၁ နာရီအချိန်အထိ ၊ ညနေပိုင်းတွင် ၅ နာရီမှ ၆ နာရီ အချိန်အထိသာ သွားလာကြဖို့နဲ့ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအချိန်တွင်း မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ကြဖို့၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပါက ဝန်ထမ်းကဒ်(သို့မဟုတ်) အထက်အရာရှိ၏ ထောက်ခံချက်ဖြင့်သာ သွားလာကြရန် စတဲ့ စည်းကမ်းချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

မြို့သစ်မြို့ ပုတီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရမြို့သစ်၊ သြဂုတ် ၂၂                            ...
22/08/2021

မြို့သစ်မြို့ ပုတီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

မြို့သစ်၊ သြဂုတ် ၂၂

မကွေးတိုင်း မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအပါအဝင်အလုပ်သမား ၅ ဦးတို့ဟာ ယနေ့နံနက် ၈:၁၅နာရီအချိန်ခန့်က သီးကုန်းကျေးရွာအရှေ့ဘက်(၁)မိုင်ခန့် အကွာမှာရှိတဲ့ နတ်မောက်တမံလက်ဝဲမြောင်းမကြီး အနောက်ဘက်ခြမ်း တာဘောင်ပေါ်မှာ လက်ပံပင်လဲကျနေတဲ့အတွက် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းနေစဉ် ဆိုင်ကယ်တစ်စီးနဲ့အမည်မသိလူနှစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှာ လိုက်ပါလာသူက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဦးထွန်းထွန်းဦးရဲ့ ယာခြေသလုံး ကျည်ဖောက်ထွက်ဒဏ် ရာ ၁ ချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

၎င်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနဲ့ တပ်ဖွဲ့ဝင်တွေက ထွက်ပြေးသွားတဲ့တရားခံတွေကိုဖမ်းဆီးရမိရေး ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Mytel တာဝါတိုင်မှပစ္စည်းများဖြုတ်ယူခံရဂန့်ဂေါ၊ သြဂုတ် ၂၂မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမြောက်ဘက်မှာရှိတဲ့  M...
22/08/2021

Mytel တာဝါတိုင်မှပစ္စည်းများဖြုတ်ယူခံရ

ဂန့်ဂေါ၊ သြဂုတ် ၂၂

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမြောက်ဘက်မှာရှိတဲ့ Mytel တာဝါတိုင်က ပစ္စည်းတွေဖြုတ်ယူသွားမှု ယမန်နေ့ ဩဂုတ်လ ၂၁ ရက်ညပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်းသိရပြီးလက်ရှိအချိန်ထိ ၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာမှလာရောက်စစ်ဆေးခြင်းမျိုးမရှိသေးဘူးလို့ ဒေသခံများက ဆိုပါတယ်။

နှမ်းခါးရွာဟာ ဂန့်ဂေါမြို့နဲ့ ၁၃ မိုင်အကွာမှာရှိပြီး လူဦးရေ ၅၀၀၀ ခန့်နေထိုင်တဲ့ ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း Covid-19ရောဂါကူး စက်ဖြစ်ပွားသူပေါင်း ၁၉၀၀၀ နီးပါးရှိလာကြောင်းသိရမကွေး၊သြဂုတ် ၂၁မကွေးတိုင်းဒေသကြ...
21/08/2021

မကွေးတိုင်းဒေသကြီးအတွင်း Covid-19
ရောဂါကူး စက်ဖြစ်ပွားသူပေါင်း ၁၉၀၀၀ နီးပါးရှိလာကြောင်းသိရ

မကွေး၊သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီးအတွင်းမှာ သြဂုတ်လ ၂၁ ရက်နေ့ထိ Covid-19 ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၈၆၄၉ ဦးထိ ရှိလာတယ်လို့ ယနေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Covid-19 ရောဂါ စံချိန်တင် ကူးစက်မှုနဲ့သေဆုံးမှုများလည်း ရှိခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့ထိ အတည် ပြုလူနာသစ် ၂၂၈ ဦးထပ်မံကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာပေါင်း ၁၈၆၄၉ ဦး ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၀၅၈ ဦးနှင့် သေဆုံးသူပေါင်း ၈၅၀ ဦးရှိကာ ဆေးဝါးကုသမှု ခံယူနေဆဲ ၃၇၄၁ ဦး ရှိတယ်လို့ သိရပါတယ်။


ပါကစ္စတန်နိုင်ငံမှာ တရုတ်နိုင်ငံသားတွေ အသေခံဗုံးခွဲတိုက်ခိုက်ခံရပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တရုတ်နိုင်ငံသားတွေ...
21/08/2021

ပါကစ္စတန်နိုင်ငံမှာ တရုတ်နိုင်ငံသားတွေ အသေခံဗုံးခွဲတိုက်ခိုက်ခံရ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တရုတ်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စင်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ ရှိခဲ့တယ်လိုသိရပါတယ်။

ဂွါဒါမြို့ အိစ်ဘေးလမ်းမကြီးမှာ ယမန်နေ့ညပိုင်း ၇ နာရီဝန်းကျင်က အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသားတွေ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားသွားပါတယ်။

ပါကစ္စတန်နိုင်ငံရှိ တရုတ်သံရုံးကတော့ ၎င်းဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တစ် ခုအတွင်း တိုက်တွန်းထားပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Magway Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share