West Yoma News

  • Home
  • West Yoma News

West Yoma News West Yoma Media
(1)

စက်တင်ဘာလတွင်ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းငယ် တစ်ခုဖြစ်ပေါ်နိုင်ဟုဆို++++++++++++++++++++++++++++++++++++++++++28 ...
28/08/2023

စက်တင်ဘာလတွင်ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းငယ် တစ်ခုဖြစ်ပေါ်နိုင်ဟုဆို
++++++++++++++++++++++++++++++++++++++++++
28 August 2023
စက်တင်ဘာလတွင်ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှူးဦးစီးဌာနက ယနေ့ သြဂုတ်လ ၂၈ရက်တွင်ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလပတ်အတွက်မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလာ ပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ခန့်မှန်းထားသည်။

အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင် ဘာလ ၁၉ ရက် မှ၂၅ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှ လည်း ကောင်း၊ စက်တင်ဘာလ (၂၆) ရက်မှ အောက်တိုဘာလ (၁) ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာ ရှိကြောင်း လည်း သိရသည်။

အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော် တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း ၊နေပြည် တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ် ၊နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ခန့်မှန်းထားကြောင်း သိရသည်။

မိုးလေဝသပညာရှင်ဦးဝင်းနိုင် က နောက်လာမည့် ရက်သတ္တပတ်တစ်ပတ် အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊အနောက် မြောက် ပိုင်းပင်လယ်ပြင်အတွင်း လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်ပေါ် နိုင်ကြောင်း နှင့် မြစ်ဝကျွန်းပေါ်ကမ်းနီးရေလုပ်ငန်းလုပ်ကွက် များနဲ့ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက် တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင် ကြောင်း ခန့်မှန်းထားသည်။

မိုးသက်လေပြင်းကျချိန်တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ မိုင် ၃၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၄ ပေ မှ ၇ ပေခန့်အထိ ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်၌ တွေ့ရှိရ၍ ပင်လယ်ပြင်ရေလုပ်သား များ"သိရှိချင့် ချိန်နိုင်ကြပါရန်" ယင်းက ကြိုတင်အသိပေးထားသည်။

မိုခါမုန်တိုင်းသင့်သူများအားကူညီရေး အရေးပေါ်ရန်ပုံငွေနည်းနေဟု UNOCHA ဆို++++++++++++++++++++++++++++++++++++++++++++++++...
19/08/2023

မိုခါမုန်တိုင်းသင့်သူများအားကူညီရေး အရေးပေါ်ရန်ပုံငွေနည်းနေဟု UNOCHA ဆို
+++++++++++++++++++++++++++++++++++++++++++++++++
မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးအတွက်အရေးပေါ်ရန်ပုံငွေနည်းနေ၍ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး အဟန့်အတားဖြစ်နေကြောင်း ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ယနေ့ သြဂုတ်လ ၁၉ ရက် တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် မဆုံးသေးသည့် ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များ ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး မှုများကို မကြုံစဖူးကြုံနေရပြီး ကြီးမားသည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံလူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံမှာ လူသားချင်းစာ နာမှုအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း၊၂၀၂၃ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်း မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဘေးဒဏ်သင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၁ ဒသမ ၈ သန်းအတွက် အမိုးအကာ၊ စားနပ် ရိက္ခာ၊ ကျန်းမာရေး ဝန်ဆောင်မှု၊ပညာရေးနှင့်ကာကွယ်စောင့်ရှောက်မှုအကူ အညီများ ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

“အကာအကွယ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေဆီ အတားအဆီးမရှိဝင် ရောက်ကူညီခွင့်ရဖို့ လိုအပ်ပါ တယ်။ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်နက်ကိုင် ပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်းနဲ့သဘာဝဘေးအန္တရာယ်တွေရဲ့ စုဖွဲ့လာ တဲ့ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေဆီ အပြည့်အဝ ကူညီပေးဖို့ ရန်ပုံငွေပံ့ပိုးမှု ကတန်းတူညီမျှအရေးကြီးပါတယ်”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ၂၀၂၃ ခုနှစ်၏ ရှစ်လတာကာလအတွင်းလူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်ဖြင့် မိုခါ မုန်တိုင်းတုံ့ပြန် ကူညီရေး အရေးပေါ် ပုံရန်ပုံ ငွေတောင်းခံမှုအတွက် စုစုပေါင်းရန်ပုံငွေလိုအပ်ချက်၏၂၅ရာခိုင် နှုန်းသာ ရရှိထားကြောင်း ၊ယင်းရန်ပုံငွေမှာ ကူညီပံ့ပိုးမှုများကို အချိန်မီ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး အဟန့်အတားဖြစ်စေကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်အသိပေး ထားသည်။

ယင်းကြောင့် ဘက်ပေါင်းစုံကအကျပ်အတည်းတွေကို ခါးစည်းခံနေကြရသော မြန်မာနိုင်ငံပြည်သူများအပေါ် ထားရှိသည့်ကတိကဝတ်ကို ထပ်လောင်း အ တည်ပြုကြရန် နှင့် ရန်ပုံငွေထည့်ဝင်မှုများ အရှိန်မြှင့်ကြရန် အစုအဖွဲ့အားလုံး နှင့် အလှူရှင်အသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ပုံစာ-ပြီးခဲ့သည့် မေလ ၁၅ ရက်က မိုခါမုန်တိုင်း ဝင်ရောက်ပြီးနောက်ရခိုင်ပြည် နယ်၊ စစ်တွေမြို့ကမ်းနားလမ်းမြင်ကွင်းအချို့

ဖားကန့် တွင် မြေစာပုံပြိုကျ၍ ပျောက်ဆုံးသူ ၄၀ ကျော်အထဲမှ ရုပ်အလောင်း ၃၃ လောင်းတွေ့ရှိ++++++++++++++++++++++++++++++++++++...
18/08/2023

ဖားကန့် တွင် မြေစာပုံပြိုကျ၍ ပျောက်ဆုံးသူ ၄၀ ကျော်အထဲမှ ရုပ်အလောင်း ၃၃ လောင်းတွေ့ရှိ
++++++++++++++++++++++++++++++++++++++++++++++++++++++

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မနကျေးရွာအနောက်ဘက် မနမှော်ရှိမျိုးနွယ်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တွင် မြေစာပုံပြိုကျ၍ ပျောက်ဆုံးသူ ၄၀ ကျော်အထဲမှ ရုပ်အလောင်း ၃၃ လောင်းတွေ့ ရှိခဲ့ကြောင်း ဖားကန့်ဒေသခံ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းများက သိရသည်။

မြေစာပုံပြိုကျရာတွင် နစ်မြုပ်ခဲ့သူများကို ဩဂုတ်လ ၁၃ ရက်မှစ၍ သြဂုတ်လ ၁၇ ရက်ထိ ရှာဖွေရေးပြုလုပ်ခဲ့ ရာတွင် စုစုပေါင်း ရုပ်အလောင်း ၃၃ ခု ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖားကန့် - မနမှော် မြေပြို ဖြစ်စဉ်မှာ ပျောက်ဆုံးသူတွေကိုရှာတဲ့အခါ သြဂုတ်လ ၁၅ ရက်နေ့ ညနေထိ ရုပ်အလောင်း ၂၅ လောင်းတွေ့ပါတယ်။သြဂုတ်လ ၂၆ ရက်နေ့မှာ ၈ လောင်း တွေ့ပါတယ်။စုစုပေါင်း ၃၃ လောင်း တွေ့ပြီးပါပြီ။ပျောက်နေတာက ၄၂ ယောက် ရှိပါတယ်"ဟု ပရဟိတလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဒေသတွင်း ပရဟိတလုပ်ကိုင်သူများအနေဖြင့် တွေ့ရှိခဲ့သော ရုပ်အလောင်းများကို ဆယ်ယူ၍သင်္ဂြိုဟ်ပေး ခြင်းများ ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဩဂုတလ် ၁၃ ရက်ညနေ ၄ နာရီခန့်က အမြင့် ၁၀၀ ပေရှိ မနမှော် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၄၀ ကျော် ရေထဲမျောပါပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းအဆင့်သို့ မရောက်၊မြန်မာနိုင်ငံဘက်ကိုလည်း ရွေ့လျားလာနိုင်ဖွယ် မရှိဟုဆို++++++++++++++++++...
17/08/2023

လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းအဆင့်သို့ မရောက်၊မြန်မာနိုင်ငံဘက်ကိုလည်း ရွေ့လျားလာနိုင်ဖွယ် မရှိဟုဆို
+++++++++++++++++++++++++++++++++++++++++++++++++++++++

လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းအဆင့်သို့ မရောက်၊မြန်မာနိုင်ငံဘက်ကို လည်း ရွေ့လျားလာနိုင်ဖွယ်လည်း မရှိဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က ခန့်မှန်းပြောဆိုသည်။

“သင်္ချာပုံစံကြိုတင်ခန့်မှန်းရေးမော်ဒယ်တွေက ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေပြီး နောက် ၄၈ နာရီအတွင်း အနောက်ဘက် - အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်နဲ့ အနောက်ဘင်္ဂလား ပြည်နယ် ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားမယ်၊ ကုန်းတွင်းလေဖိအား နည်းရပ်ဝန်းအဖြစ် ဆက်လက်တည် ရှိနေနိုင်တယ်လို့ ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရ ပါတယ်”ဟု သူက ခန့်မှန်းထားသည်။

လေဖိအားနည်းရပ်ဝန်း၏အရှိန်သက်ရောက်မှုကြောင့် သြဂုတ်လ ၁၇ ရက် မှ နောက်လာမည့် ၂၄ နာရီအတွင်း ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း များကျရောက်နိုင်ပြီး လေပြင်းတစ်နာရီမိုင် ၃၀ မှ မိုင်၄၀ အထိ တိုက်နိုင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းနိုင်ကြောင်းလည်း သိရသည်။

သြဂုတ်လ ၁၇ ရက် နောက် ၃ ရက်အတွင်း ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသ ကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်းလည်း ယင်းက ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ ညောင်ဦး၊ မြင်းခြံ၊ မြင်းမူ၊ မိတ္ထီလာ၊ သာစည်၊ ကျောက်ဆည်၊ မုံရွာ၊ တံတားဦး၊ မန္တလေး၊ ဝမ်းတွင်း၊ မြစ်သား၊ မလှိုင်၊ တောင်သာ၊ နထိုးကြီး၊ ရေစကြို၊ ချောင်းဦး၊ ပုလဲ စတဲ့မြို့နယ်တို့တွင် မိုးနည်း နိုင်ကြောင်းလည်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းနီးပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၆ ပေ မှ ၈ ပေအထိ ရှိနိုင်ကြောင်းလည်း ကြိုတင်ခန့်မှန်းချက်များကို ကိုးကား၍ ၎င်း ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင် ကြောင်းခန့် မှန်းချက်ကို ဩဂုတ်လ ၁၇ ရက် ညနေပိုင်း တွင် ထုတ်ပြန်ထားသည်။

Address


Website

Alerts

Be the first to know and let us send you an email when West Yoma News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to West Yoma News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share