10A Publishing House

  • Home
  • 10A Publishing House

10A Publishing House The Publishing house based in Yangon, Myanmar (Burma) since June 2017.
(3)

စာအုပ်ငါတို့ တွေဟာ စာအုပ် ဖတ်ကြရမယ်စာအုပ် ဖတ်ကြရမယ်စာအုပ် ဖတ်ကြရတယ်စာအုပ် ဖတ်ကြ ။   ။ အောင်ချိမ့်
21/08/2024

စာအုပ်

ငါတို့ တွေဟာ စာအုပ် ဖတ်ကြရမယ်
စာအုပ် ဖတ်ကြရမယ်
စာအုပ် ဖတ်ကြရတယ်
စာအုပ် ဖတ်ကြ ။ ။

အောင်ချိမ့်

ဖြောင့်ချက်ဒီကမ္ဘာကြီးမှာ ကျွန်တော် တစ်ယောက်ထဲဘဝ ပျက်ခဲ့ပါတယ် ။   ။အောင်ချိမ့်
21/08/2024

ဖြောင့်ချက်

ဒီကမ္ဘာကြီးမှာ ကျွန်တော်
တစ်ယောက်ထဲ
ဘဝ ပျက်ခဲ့ပါတယ် ။ ။

အောင်ချိမ့်

21/08/2024
ဘာတစ်ခုမှအဆင်မပြေတာကိုရော၊ကံဆိုးမှု အကြိမ်ကြိမ်ကျရောက်ခဲ့ရတာကိုရော၊ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊တစ်စိမ့်...
19/08/2024

ဘာတစ်ခုမှအဆင်မပြေတာကိုရော၊
ကံဆိုးမှု အကြိမ်ကြိမ်ကျရောက်ခဲ့ရတာကိုရော၊
ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊
တစ်စိမ့်စိမ့် တစ်မြေ့မြေ့ နာကျင်ပြီး ဆာလောင်နေတာကိုရော၊
ကိုယ်ကချစ်လိုက်ပြီး ပြန်အချစ်ခံခွင့် ရတာကိုရော အမုန်းခံလိုက်ရတာကိုရော၊
အစစစုပေါင်း ဖြစ်တည်ပျက်ယွင်းနေတဲ့ ဒီဘဝတိုတိုဆိုတာလေးကို
အထူးလှိုက်လှဲစွာကျေနပ်လှပါတယ်။
(လူသားတစ်ယောက်နဲ့တစ်ယောက် နူးညံ့ခြင်းပြိုင်ပွဲမရှိခဲ့တာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုပါတယ်။)

#မောင်ချောနွယ် ၊ ကဗျာဆရာနဲ့ ပင်လယ်ဓားပြမှ
၁၉၈၅

ကော်လက်ရှင် ဆယ့်နှစ်စုံ ဟံလင်း Photo - KHN
18/08/2024

ကော်လက်ရှင် ဆယ့်နှစ်စုံ
ဟံလင်း

Photo - KHN

ဆုတောင်းတွေမပြည့်တော့ဘူး ထင်ထားတဲ့ မြို့မှာဆုတောင်းပြည့်စေတီလေး ရှိရာ ဖူးတော့ဆုတွေ ထပ်ရလာခဲ့ ။ဆည်းလည်းသံကိုလေပြေကသူ့အသံလ...
18/08/2024

ဆုတောင်းတွေ
မပြည့်တော့ဘူး ထင်ထားတဲ့ မြို့မှာ
ဆုတောင်းပြည့်စေတီလေး ရှိရာ ဖူးတော့
ဆုတွေ ထပ်ရလာခဲ့ ။

ဆည်းလည်းသံကို
လေပြေက
သူ့အသံလို့ ဟန်ဆောင်ပြီး လှုပ်ပြတယ် ။

ကိုယ်က
ဘေးနားမှာ သူရှိတယ် အထင်နဲ့
ပန်းစီးကို ပေးလိုက်မိတော့
လွတ်ကျမတတ် ဖြစ်ရတယ် ။

ပြန်ဆင်းတော့
လွမ်းစေတီမှာ ခန နား
မြစ်မင်းက ဆွဲငင်ထားတော့
စိတ်နဲ့ ကူးလာခဲ့ရုံပဲ ။ ။

လွမ်းစေတီ

ဝင်းမြင့်

စစ်ကိုင်းချောင် နေ့ရက်များမှ

The book bazaar ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တွေထဲမှာ စာကြည့််တိုက်နဲ့ ကော်လက်ရှင် ဆယ့်နှစ်စုံ ပါဝင် …
17/08/2024

The book bazaar ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တွေထဲမှာ စာကြည့််တိုက်နဲ့ ကော်လက်ရှင် ဆယ့်နှစ်စုံ ပါဝင် …

" ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေတာကိုအောင်သင်း၊ ကျွန်တော် မယုံကြည်တာ ဘာမှမလုပ်ခဲ့ဘူး၊ လုပ်ခဲ့သမျှကိုလည်း ကျွ...
15/08/2024

" ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေတာကိုအောင်သင်း၊ ကျွန်တော် မယုံကြည်တာ ဘာမှမလုပ်ခဲ့ဘူး၊ လုပ်ခဲ့သမျှကိုလည်း ကျွန်
တော် နောင်တရစရာမရှိခဲ့ဘူး၊ ကမ္ဘာ့စာတွေ လူငယ်တွေ ဖတ်ကိုဖတ်ရမယ်၊ သည်ကွပ်လပ်ကို ကျွန်တော် ရည်ရွယ်ချက်ရှိရှိဖြည့်နေတာ။

မြသန်းတင့်

စာအုပ် ဘယ်လိုမှာရမလဲ ...ဒီလိုမှာ 👇👇👇👇
14/08/2024

စာအုပ် ဘယ်လိုမှာရမလဲ ...
ဒီလိုမှာ 👇👇👇👇

😍😍😍 ကျေးဇူး အများကြီး တင်ပါတယ် စာဖတ်ပြီး အနုပညာ ပြည့်ဝတဲ့ မင်းသားရေ 😍😍😍
14/08/2024

😍😍😍 ကျေးဇူး အများကြီး တင်ပါတယ် စာဖတ်ပြီး အနုပညာ ပြည့်ဝတဲ့ မင်းသားရေ 😍😍😍

ကော်လက်ရှင်ဆယ့်နှစ်စုံ - ဒုတိယအကြိမ် ရပါပြီ။  ပထမအကြိမ်ထုတ်မှာ မပါဝင်ခဲ့တဲ့ ဇိုရမ်ရဲ့ ကိုယ်ပိုင်အယူအဆ အရေးအသားတစ်ပုဒ်ရယ်...
14/08/2024

ကော်လက်ရှင်ဆယ့်နှစ်စုံ - ဒုတိယအကြိမ် ရပါပြီ။

ပထမအကြိမ်ထုတ်မှာ မပါဝင်ခဲ့တဲ့ ဇိုရမ်ရဲ့ ကိုယ်ပိုင်အယူအဆ အရေးအသားတစ်ပုဒ်ရယ်
ဆရာဟံလင်းက မေးမြန်းထားပြီး ဇိုရမ်က ပြန်လည်ဖြေဆိုထားပေးတဲ့ စာပေအင်တာဗျူး တစ်ခုရယ် ပါဝင်ထားပါတယ်။
စာမျက်နှာ -၁၅၈ မျက်နှာဖြစ်ပြီး တန်ဖိုး - ၁၀၀၀၀ ကျပ်ဖြစ်ပါတယ်။
ကြိုတင်အမှာပေးထားကြတဲ့ စာဖတ်သူတွေကို မနက်ဖြန်ကစလို့ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စာအုပ်တွေကို အစဉ်တစိုက် မှာယူအားပေးကြတဲ့ စာဖတ်သူတွေအတွက် စာအုပ်ဖို့ခ ဝန်မများရအောင် အသက်သာဆုံးနှုန်းထားနဲ့ အိမ်အရောက် ပို့ဆောင်ပေးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။
ရန်ကုန်တိုင်း အတွင်းက မှာယူတဲ့ စာဖတ်သူတွေအားလုံး ပို့ခ - ၁၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး ကျန်မြို့တွေကတော့ ပို့ခ - ၂၅၀၀ သာ ကျသင့်ပါမယ်။ ဝေးလံတဲ့ တချို့မြို့တွေအတွက်ကတေ့ာ အများဆုံး - ၃၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေးလည်း ပါးချင်ပါသေးတယ်။

ယခင်ကမူ လူများများကို သိချင်သည်။ မိမိကိုလည်း လူများများက သိအောင်လုပ်ခဲ့မိဖူးသည်။ ယခုမူ ဂေါတမဗုဒ္ဓ၏ ဩဝါဒ အတိုင်း မိမိကိုယ...
14/08/2024

ယခင်ကမူ လူများများကို သိချင်သည်။ မိမိကိုလည်း လူများများက သိအောင်လုပ်ခဲ့မိဖူးသည်။ ယခုမူ ဂေါတမဗုဒ္ဓ၏ ဩဝါဒ အတိုင်း မိမိကိုယ်မိမိ သိအောင် ကြိုးစားလျက်ရှိပြိီဖြစ်၍ လူတွေကိုလည်း မသိလို။ မိမိအား လူများက သိခြင်းကိုလည်း မလိုလား။ မိမိကိုယ်မိမိ သဘာဝ ကျကျ သိဖို့ကိုသာ အရေးကြီးပါတော့သတည်း။

ရွှေဥဒေါင်း

ညီထက်
13/08/2024

ညီထက်

ရွှေပွဲစားတန်းကို စွန့်ခွာလိုက်သူ

(၁)
ကော်ဖီက ထိုင်းဘက်က ထုတ်သည်ဆိုသော ကော်ဖီ။ သည်ကော်ဖီတံဆိပ်ကို ကျွန်တော် သောက်ဖူးခဲ့သည်မှာ ကြာပြီ။ သို့သော် မြန်မာပြည်ထုတ်ကိုသာ သောက်ခဲ့ဖူးသည်။ ထိုင်းထုတ်ကိုမူ ဘားအံဘက်တွင် အိမ်ထောင်ကျနေသည့် သူငယ်ချင်းတစ်ယောက်က တကူးတကဝယ်ပြီး လက်ဆောင်ပေးလိုက်သဖြင့် သောက်ဖူးခြင်း ဖြစ်သည်။ ထုပ်ပိုးမှုပုံစံတွင် သိပ်ကွာဟမှုမရှိသည့်တိုင် ကော်ဖီ၏ အရသာနှင့် အရည်အသွေးမှာ တော်တော်ကွာနေသည်။ တဆက်တည်းမှာပင် ကျွန်တော်တို့အိမ်နီးချင်း ထိုင်းနှင့်ပက်သက်ပြီး ဟိုဟိုသည်သည် ကျွန်တော် စဥ်းစားနေမိသည်။ ဟိုယခင်က ယိုးဒယားဟုခေါ်သည့် ထိုင်းကို အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲများမှတဆင့် ကျွန်တော်တို့ ရင်းနီးခဲ့သည်။ ကျွန်တော်တို့ငယ်ငယ်က မြန်မာ့အသံမှပြသည့် ဘောလုံးပွဲများတွင် အစီအစဥ်တင်ဆက်သူက ယိုးဒယားဘောလုံးအသင်းဟု သုံးသည်ဟု ထင်ပါသည်။ ‘ယိုးဒယားအသင်းရဲ့ ဘောလုံးဟာ လိမ့်ကာ လိမ့်ကာနဲ့ ဘေးစည်းကို ကျော်သွားပါတယ်’ဟု ပြောသည့်အခါ အစီအစဥ်တင်ဆက်သူက အတည်ကြီးပြောသည့်တိုင် ကျွန်တော်တို့ ရယ်မိကြသည်။ အလယ်တန်းကျောင်းတွင်လည်း ယိုးဒယား-မြန်မာ ဆက်ဆံရေးအကြောင်းကို ဖတ်စာအုပ်အနေဖြင့် ပြဌာန်းထားသည်။ စာအရေးအသားနှင့် စကားပြောဆိုရာတွင် ‘ယိုးဒယား’ဟု ရေးသည်၊ ပြောသည်။ ၎င်းခေတ်ကြီးကို ဖြတ်သန်းလာခဲ့ကြသူတချို့မှာ ယခုတိုင် ‘ထိုင်း’ဟု မခေါ်ဘဲ ယိုးဒယားဟုပင် နှုတ်ကျိုးနေကြဆဲ ရှိပါသေးသည်။ ထိုင်းအကြောင်းပြောလျှင် သင်္ဘောသားတွေက ‘ယပက်လက်’ဟု သုံးနှုန်းသည်။ တချို့က ရှမ်းဟု ခေါ်သည်။ ဟိုရှေ့ရှေးခေတ်ကတော့ အယုဒ္ဓယ။ အယုဒ္ဓယ၊ ယိုးဒယား၊ ထိုင်း၊ ယပက်လက်၊ ရှမ်း မည်သို့ပင်ဆိုစေ ပြောချင်သည်က တစ်ချက်ပဲ ရှိပါသည်။ ယင်းမှာ အခြားမဟုတ်။ တံဆိပ်ချင်းအတူတူ ထိုင်းဘက်က ထုတ်သည်ဆိုသော ကော်ဖီကို ဈေးပိုပေး၍ ကျွန်တော်တို့ သောက်နေရခြင်း ဖြစ်သည်။

(၂)
ကျွန်တော့်သူငယ်ချင်း ယူလာသည့် ထိုင်းကော်ဖီကို မြည်းစမ်းရင်း သုံးကျိုက်လောက် ကျိုက်ပြီးသည်နှင့်
“ငါတော့ နတ်(စ်)ကော်ဖီဝတ္ထုထဲကလို ဖြစ်နေဦးမယ် ထင်ပါရဲ့ကွာ”
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်ကျွန်တော့်သူငယ်ချင်းကို လှမ်းပြောမိလိုက်သည်။ တစ်ခါက စာရေးဆရာနေဝင်းမြင့်၏ နတ်(စ်)ကော်ဖီ ဝတ္ထုတိုလေးအကြောင်းကို ကျွန်တော် ပြောပြထားဖူးသဖြင့် သူကလည်း ချက်ချင်းသဘောပေါက်သည်။
“ငါကလည်း အဲ့လိုဖြစ်အောင် လုပ်တာလေ”
ဟက်ဟက်ပက်ပက်ရယ်ရင်း ကျွန်တော့်ကို ပြန်ပြောပါသည်။ သူ့စကားအဆုံးတွင် ကျွန်တော်တို့နှစ်ယောက် ပြိုင်တူရယ်လိုက်မိကြသည်။ ထို့နောက် ကျွန်တော်တို့နှစ်ယောက် ဝတ္ထုအကြောင်း၊ ရုပ်ရှင်အကြောင်း၊ ဂီတအကြောင်း၊ ပန်းချီအကြောင်း၊ ဘဝအကြောင်း၊ အရက်အကြောင်း၊ ဆေးလိပ်အကြောင်း စုံနေအောင် ပြောဖြစ်လိုက်ကြသည်မှာ တစ်နေကုန်သွားတော့သည်။ ထိုမျှကြာအောင်စကားပြောဖို့ စကားလုံးတွေ စုထားကြသလား အောက်မေ့ရသည်။ ကျွန်တော်တို့ ဖတ်ထားခဲ့ကြသည့် စာအုပ်နာမည်များမှာ အများအားဖြင့် တူနေသည့်အတွက် စကားလုံး သိပ်ရွေးနေစရာ မလို။ ကိုယ်ပြောချင်သည့် အကြောင်းအရာကို တန်းပြောချလိုက်လို့ ရသည်။ ရွတ်ချင်သည့်စာကို ကောက်ရွတ်လိုက်လို့ ရသည်။ ကျွန်တော်တို့ ပြောလေ့ရှိကြသည့်အကြောင်းအရာများက စာအုပ်တစ်အုပ်၊ ဝတ္ထုတစ်ပုဒ် ဖြစ်ချင်ဖြစ်မည်။ ကဗျာတစ်ပုဒ်၊ သီချင်းတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မည်။ သံစဥ်တေးသွားတစ်ခုအကြောင်းလည်း ဖြစ်ချင်ဖြစ်မည်။ ပြဇာတ်တစ်ပုဒ်အကြောင်းလည်း ဖြစ်ချင်ဖြစ်မည်။ စကားပုံတစ်ခုအကြောင်းလည်း ဖြစ်ချင်ဖြစ်မည်။ ပန်းချီဆရာတစ်ယောက်နှင့် သူ၏ ပန်းချီကားတစ်ချပ်အကြောင်းလည်း ဖြစ်ချင်ဖြစ်မည်။ တခါတရံ ဘာအဓိပ္ပါယ်မျှရှိမနေသည့် စကားလုံးတစ်လုံး၊ ကွက်လပ်တစ်ခု၊ လူတစ်ယောက်၊ မျဥ်းကွေးမျဥ်းကောက်တစ်ကြောင်းလည်း ဖြစ်ချင်ဖြစ်နေတတ်သည်။

(၃)
ကျွန်တော့်သူငယ်ချင်းမှာ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးသော အနောက်ဥရောပကုမ္ပဏီကြီးတစ်ခု၏ မြန်မာပြည်ရုံးခွဲတွင် စီမံကိန်းပိုင်းဆိုင်ရာ နေရာတစ်ခုကို တာဝန်ယူ လုပ်ကိုင်နေရသူ ဖြစ်သည်။ နောက်တော့ (ကုမ္ပဏီဘက်က ပြောသည့် စကားတိုင်းဆိုလျှင်) ဖြစ်ပွားလျက်ရှိသော အခြေအနေအကြောင်းအရာများကြောင့် ကုမ္ပဏီကို ပိတ်လိုက်ရသည်။ ထို့ကြောင့် ကုမ္ပဏီက ပေးအပ်ထားခဲ့သည့် ဝန်ထမ်းအဆောင်အယောင်များကို ရုံးချုပ်တွင် လာရောက်ပြန်လည်အပ်နှံရင်း ကျွန်တော့်ထံ အလည်ဝင်လာခြင်း ဖြစ်သည်။ သည်တွင် ကျွန်တော်ပြောသည့် ထိုင်းကော်ဖီ လက်ဆောင်ပါလာခဲ့ခြင်း ဖြစ်ပါသည်။ ကော်ဖီသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တချို့ကိုလည်း ကျွန်တော် သတိရနေမိသည်။

(၄)
ကျွန်တော်တို့နှစ်ယောက်မှာ လုပ်ငန်းခွင်ရောက်မှ သိကျွမ်းရင်းနီးလာကြသူများဖြစ်သော်လည်း သိပ်မကြာမီမှာပင် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရှိသည့် ရဲဘော်ရဲဘက်များ ဖြစ်လာကြသည်။ နယ်ဘက်ကျေးဘက်များတွင် ကောက်စိုက်သမများ ပျိုးနုတ်ကောက်စိုက်ရင်း တောင်မြောက်လေးပါး ပြောကြသလို ကျွန်တော်တို့နှစ်ယောက်လည်း ဆိုဒ်ထဲတွင် ကေဘယ်(လ်)ဝါယာကြိုးများ ဖြုတ်ရင်းတပ်ရင်း စာအုပ်စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ ပြဇာတ်များအကြောင်းပြောကြသည်။ တခါတရံ ဆက်သွယ်ရေး တယ်လီဖုန်း တာဝါတိုင်မြင့်မြင့်ကြီးများပေါ်တွင် ပြဿနာရှာနေသည့် မိုက်ခရိုဝေ့(ဖ်)စလောင်းကြီးများ၊ ရေဒီယိုအင်တာနာတိုင်ကြီးများကို ကျွန်တော်တို့နှစ်ယောက် ပလိုင်ယာများ၊ ဂွင်းဂွများ၊ ဝက်အူလှည့်များ အသုံးပြု၍ ပြင်ဆင်နှစ်သိမ့်ပေးပြီးသွားသည့်တိုင် အောက်မြေပြင်သို့ မဆင်းဖြစ်သေး။ အထူးသဖြင့် အနောက်ဘက်ဆီတွင် နေကလည်း ဝင်ခါစအချိန်မျိုး ဖြစ်နေသည်ဆိုလျှင်၊ တာဝါတိုင်ပေါ်တွင် ညနေခင်းလေက ချိုနေသည်ဆိုလျှင် တာဝါတိုင်ထိပ်ဆုံးရှိ နားနေစင်ပေါ်တွင် ဆေးလိပ်သောက်ရင်း ကိုဒေါင်းအကြောင်း ပြောချင်ပြောနေသည်။ ထိုအခါမျိုးတွင် ကျွန်တော့်သူငယ်ချင်းမှာ ကိုဒေါင်း၏ လေသံမျိုး ပြောင်းသွားတတ်သည်။ ‘ငါတို့ တက္ကသိုလ်တက်တုန်းကပေါ့ကွာ’ဟု အစချီကာ သူ၏ အစိုးရ နည်းပညာ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ပြောပြသည်။ ရွေးမြစ်ထဲက လှိုင်းအိအိကလေးများ၊ စပါးသုံးရာပါ သမ္ဗန်လှေကြီး ရှိမနေသည်ကလွဲလျှင် ကိုဒေါင်းဝတ္ထုထဲက ဆက်တင်အတိုင်း ဖြစ်သည်။ ဘဝအခြေခံခြင်း သိပ်မကွာခြားလှသဖြင့် သူ ပြောဆိုနေတာကို ကျွန်တော် နားလည်သည်။ ကျွန်တော့်ထက် စာဖတ်နာခဲ့သူဖြစ်သဖြင့် ကျွန်တော် မသိသေး နားမလည်သေးသည့် အချို့အရာများမှာ သူ့ထံတွင် အဖြေရှိနေပြီးသား ဖြစ်သည်။ သို့သော် ကျွန်တော်တို့ စာဖတ်နေကြခြင်းမှာ တစ်ယောက်နှင့်တစ်ယောက် အဖြေတိုက်နေကြခြင်းမဟုတ်သည့်အတွက် ကံကောင်းသည်ဟု ပြောရမည်ထင်ပါသည်။ တခါတရံတွင်လည်း နှစ်ယောက်သား ကွမ်းလေးမြုံရင်း တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအကြောင်း ပြောချင်ပြောနေသည်။ သို့မဟုတ်လျှင်လည်း မသိန်းရှင်၏ ထန်းလျက်တောင်းကလေးကို တစ်ယောက်တစ်လှည့်ထမ်းရင်း ညိုညိုပို့လိုရာ အရပ်မျက်နှာကို ရှာဖွေနေမိကြသည်။ ယခု ၈နှစ်ကြာပြီးသည့်တိုင် မသိန်းရှင်၏ ထန်းလျက်တောင်းလေးအကြောင်း ကျွန်တော်တို့ ဆက်ပြောနေကြဆဲ။

(၅)
“ဘယ့်နှယ့်လဲ၊ နောက်ကုမ္ပဏီ လျှောက်ထားသေးလား၊ ဘာလုပ်မယ် စိတ်ကူးသလဲ”
တစ်ယောက်နှင့်တစ်ယောက် ဆိုးတိုင်ပင်ကောင်းတိုင်ပင် ပွင့်လင်းသည့် သူငယ်ချင်းဆက်ဆံရေးမျိုးရှိခဲ့သူဖြစ်သဖြင့် လာမည့်အနာဂတ်အစီအစဥ်ကို ကျွန်တော် မေးလိုက်မိသည်။ အတန်ကြာသည်အထိ ဘာမျှပြန်မဖြေ။ တစ်စုံတစ်ခုကို ရှည်ရှည်ဝေးဝေး စဥ်းစားနေပုံမျိုး။ ဘာမျှရှိမနေသည့် ကျွန်တော့်အိမ်နံရံကွက်လပ်ကြီးကို စိုက်ကြည့်နေသည်။ ကျွန်တော်ကလည်း ဘာမျှဆက်မမေးဖြစ်။ သူ့အဖြေကိုသာ စောင့်နေသည်။ တော်တော်ကြာမှ သက်ပြင်းချရင်း
“တော်ပြီကွာ၊ ရွှေပွဲစားတန်းကို စွန့်ခွာတော့မယ်၊ ရွာမှာပဲ …
___ရွာမှာပဲ အခြေချတော့မယ်”
သူ့စကားကိုကြားတော့ လွန်ခဲ့သည့် သုံးလေးနှစ်ကို ကျွန်တော် ပြန်သတိရနေမိသည်။
ကျွန်တော် လူငယ်ဘဝတုန်းက အကြောင်းအမျိုးမျိုးကြောင့် စာ သိပ် မဖတ်ခဲ့ရ။ သို့သော် လူလတ်ပိုင်းသို့ရောက်လာပြီး အလုပ်နှင့်အကိုင်နှင့်ဖြစ်လာသည့်အခါ ငယ်ငယ်က ဝယ် မဖတ်ခဲ့ရသမျှ အတိုးချပြီး စာအုပ်တွေ ဝယ်သည်။ ဖတ်သည်။ ခေတ်ရေစီးကြောင်းအတွင်း ပေါ့(ပ်)ဖြစ်နေသည့် စာတွေလည်း ဖတ်သည်။ ဟိုးအရင်က ကြားဖူးနားဝသာရှိပြီး မဖတ်ဖြစ်ခဲ့သည့် စာအုပ်တွေကိုလည်း ဖတ်သည်။ ထားတော့။ ကျွန်တော် ပြောချင်သည်က လူလတ်ပိုင်းသို့ ချဥ်းနင်းဝင်ရောက်စ နှစ်နှစ်သုံးနှစ်အတွင်းတွင် စာအုပ်တွေ ပိုဖတ်ဖြစ်လာသည်။ အထူးသဖြင့် ဘဝတွေ၊ အဖြစ်အပျက်တွေအကြောင်းပြောပြီး နှလုံးသားကို ပြုပြင်ပေးလိုက်သည့် စာအုပ်များ ဖတ်လာရသည့်အခါ ဘဝအမြင်တွေ ပြောင်းလဲလာသည်။ အတွေးအခေါ်တွေအကြောင်းပြောပြီး ဦးနှောက်အတွင်းရှိ သံချေးများကို ဆေးကြောပေးလိုက်သည့် ဝတ္ထုများ ဖတ်ဖန်များလာသည့်အခါ အသိအမြင်တွေ ပြောင်းလဲလာသည်။ နောက်ဆုံး ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းခွင်ကို စွန့်ခွာရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ကုမ္ပဏီသို့ ထွက်စာတင်ပြီး အလုပ်ဆင်းရက်နောက်ဆုံးနေ့သို့ ရောက်လာသည့်အခါ နှုတ်ဆက်ပွဲတွင် ‘ငါတော့ ရွှေပွဲစားတန်းကို စွန့်ခွာလိုက်ပြီ’ဟု ကျွန်တော် သူ့ကို ပြောခဲ့မိလိုက်သည်။ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သည့် ‘မှောရုံတောမှာ မောလှပြီ’ (The Gold of Their Bodies by Charles Gorhan) ဝတ္ထုထဲက ဇာတ်ကြောင်းကို ရည်ညွှန်းပြီး ကျွန်တော် ပြောလိုက်ခြင်း ဖြစ်ပါသည်။ တဟီတီကျွန်း၊ ေဂါ်ဂင်၊ ဗန်ဂိုး၊ သီအို စသည်ဖြင့် ဆက်ပြောနေစရာ မလိုတော့ပြီ။ ရုံးတွင်း ညစာစားပွဲများ၊ လက်ဖက်ရည်ပွဲများတွင် ‘မှော်ရုံတော’အကြောင်းကို ကျွန်တော်တို့နှစ်ယောက် ပြောဖူးလှပြီ။ အကျယ်ချဲ့၍ ဆက်ပြောစရာမလို၊ သည်လောက်ဆိုလျှင် ဂယက်အနက်၊ လိုရင်းအနက်ကို သူ သဘောပေါက်သည်။ သို့ဖြင့် ယခု သူလည်း ‘ရွှေပွဲစားတန်းကို စွန့်ခွာလိုက်ပြီ’ဟု ဆိုနေခြင်းမှာ ပြီးခဲ့သည့် သုံးနှစ်ခန့်ကစကားကို ပြန်ကောက်ခြင်း ဖြစ်ပါသည်။
အကြောင်းတိုက်ဆိုင်လာသဖြင့် ရွှေပွဲစားတန်းကို စွန့်ခွာလိုက်သူတစ်ယောက်အတွက် ရှေ့ဆက်ရမည့် ဘဝခရီးလမ်း မည်မျှခက်ခဲကြမ်းတမ်းသည်ဆိုမည်ကို ကျွန်တော် ပြောပြလိုက်သည်။ တချိန်မဟုတ် တချိန်တွင် ဝမ်းနည်းစရာတွေ မုချကြုံတွေ့ရမည်ကို ကျွန်တော် ပြောပြလိုက်သည်။ ထို့အပြင် မည်မျှစိတ်လှုပ်ရှားစရာကောင်းသည်ကိုလည်း ကျွန်တော် ပြောပြလိုက်သည်။ သို့သော် မည်မျှပျော်ရွှင်စရာကောင်းသည်ဆိုသည်ကိုကား ကျွန်တော် မပြောတော့ပြီ။ ထိုကွက်လပ်ကလေးသည် ရွှေပွဲစားတန်းကို စွန့်ခွာလိုက်သူတစ်ယောက်အတွက် ကိုယ့်ဘာသာကိုယ် ဖြည့်ရသည့် ကွက်လပ်ကလေးတစ်ခုဟု ကျွန်တော် ယုံကြည်နေသောကြောင့် ဖြစ်ပါသည်။

ညီထက်
ဝါခေါင်လပြည့်ကျော် ၁ရက်၊ ၁၃၈၄ခုနှစ်၊ ဩဂုတ် ၁၂၊ ၂၀၂၂။

Photo _ Artist Zwe Yan Naing

မင်းအကြောင်းတွေဘာမှမရေးဘဲ ဖောင်တိန်ကို သိမ်းထားတာနှစ်ပေါင်းများစွာမင်းပြန်ရောက်လာမှ ငါရေးမှာ။ နေမျိူးတစ္ဆေစာရေးဆရာ
12/08/2024

မင်းအကြောင်းတွေ

ဘာမှမရေးဘဲ ဖောင်တိန်ကို သိမ်းထားတာ
နှစ်ပေါင်းများစွာ
မင်းပြန်ရောက်လာမှ ငါရေးမှာ။

နေမျိူး
တစ္ဆေစာရေးဆရာ

နတ်သမီးပေးတဲ့ အိပ်မက် ၁၂၉နေရောင်တွေဟာအိပ်မက်တွေကို ကြွေလွင့်စေမယ်ဆိုရင်နေ့ထဲကို ငါမလာပါငါ့အမှောင်ထဲမှာ ငါနေရင်းငါ့အိပ်မက...
10/08/2024

နတ်သမီးပေးတဲ့ အိပ်မက် ၁၂၉

နေရောင်တွေဟာ
အိပ်မက်တွေကို ကြွေလွင့်စေမယ်ဆိုရင်
နေ့ထဲကို ငါမလာပါ
ငါ့အမှောင်ထဲမှာ ငါနေရင်း
ငါ့အိပ်မက်တွေကို ဖမ်းဆုပ်ထားမယ်

ပိုင်

မျက်နှာဖုံးအသစ်နဲ့ ထပ်မံထွက်ရှိလာမယ့် ကော်လက်ရှင် ဆယ့်နှစ်စုံ ကော်လက်ရှင် ဆယ့်နှစ်စုံကို ဒုတိယအကြိမ် ထပ်မံထွက်ရှိလာဖို့ ...
03/08/2024

မျက်နှာဖုံးအသစ်နဲ့ ထပ်မံထွက်ရှိလာမယ့် ကော်လက်ရှင် ဆယ့်နှစ်စုံ

ကော်လက်ရှင် ဆယ့်နှစ်စုံကို ဒုတိယအကြိမ် ထပ်မံထွက်ရှိလာဖို့ မျှော်နေကြတဲ့ စာဖတ်သူတို့အတွက် ဩဂုတ်လ နောက်ဆုံးအပတ်မှာ ကော်လက်ရှင် ဆယ့်နှစ်စုံ ထွက်ရှိလာတော့မှာ ဖြစ်တဲ့အကြောင်း သတင်းပေးရင်း ဒုအကြိမ်ထုတ်မူရဲ့ အပြောင်းအလဲလေးတွေကိုလည်း ပြောပြချင်ပါတယ်။
ပထမဆုံး မျက်နှာဖုံးကို ပြောင်းထားပါတယ်။Jackie Lynn ရဲ့ နောက်ထပ် ဖန်တီးမှု တစ်ခုပါ။ ပထမအကြိမ်ထုတ် မျက်နှာဖုံးလေးကို ချီးကျူးကြသလို အခု မျက်နှာဖုံးလေးကိုလည်း နှစ်သက်အားရဖို့ မျှော်လင့်ပါတယ်။
နောက်ထပ် ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုကတော့ ဘာသာပြန်သူ ဟံလင်းက မေးမြန်းထားပြီး မူရင်းရေးသားသူ ဇိုရမ်ဇစ်ကိုဗစ် ပြန်လည် ဖြေဆိုထားတဲ့ စိတ်ဝင်စားစရာ စာပေအင်တာဗျူးကြီး တစ်ခုကို အပိုထပ်ဆောင်း ထည့်ပေးထားတာပါ။ ကော်လက်ရှင် ဆယ့်နှစ်စုံနဲ့ စာကြည့်တိုက်ကို ဖတ်ပြီး ဇိုရမ့်ကို စိတ်ဝင်စား ချစ်ခင်ကြတဲ့ စာဖတ်သူတွေ အတွက်ရော ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ စာပေဆိုင်ရာ အတွေးအခေါ်တွေကို စိတ်ဝင်စား လေ့လာလိုသူတွေအတွက်ရော ဒီအင်တာဗျုးက အကောင်းစားအရသာကို ပေးမှာပါ။
နောက်ထပ် ပြောင်းလဲမှုကတော့ စာအုပ်တိုက်အနေနဲ့ လုံးဝကို မပြောင်းလဲချင်ဘဲ ပြောင်းလဲထားရတဲ့ အရာဖြစ်ပါတယ်။ အဲ့တာကတော့ စာအုပ်ဈေးနှုန်းပါ။ မှန်သော စကားပြောရရင် ပထမအကြိမ်ထုတ်နဲ့ ဒုတိယအကြိမ်ထုတ်မှာ စာအုပ်အရည်အသွေးနဲ့ အရသာကို မတူအောင်ပြောင်းလဲချင်ပေမယ့် စာအုပ်ဈေးနှုန်းကိုတော့ လုံးဝကို မပြောင်းချင်ခဲ့ပါဘူး။ ပြောင်းရင်တောင် ပမာဏ အနည်းငယ်ပဲ ပြောင်းချင်တာပါ။ ဒါပေမယ့် ပထမ အကြိမ်ထုတ်တုန်းက (၇၀၀၀) ကျပ်နဲ့ရောင်းလို့ရခဲ့ပေမယ့် ဒုတိယအကြိမ်ထုတ်ကတော့ (၁၀၀၀၀) ကျပ် သတ်မှတ်မှ အဆင်ပြေမယ့် အနေအထားဖြစ်သွားပါတယ်။ အကြောင်းအရင်းကတော့ မမှန်းဆနိုင်အောင် မြင့်မားတဲ့ စက္ကူဈေးနှုန်းတွေကြောင့် တစ်ကြောင်း၊ မူရင်းစာရေးသူ ဇိုရမ့်ကို စာမူခပေးတဲ့အခါ ယူရိုငွေနဲ့ ပေးရတာ ဖြစ်တဲ့တစ်ကြောင်း (ဒါတောင် ဇိုရမ်က 10A ကို ချစ်ခင်တဲ့အတွက် သူ့ရဲ့ အနိမ့်ဆုံးစာမူခ သတ်မှတ်ပမာဏထက်ကို ထပ်ပြီး လျှော့ပေးထားပါတယ်) ။
ကျွန်တော်တို့ စာအုပ်တိုက်ဟာ ဝန်ထမ်းမရှိ ၊ ဆိုင်ခန်း ငှားခမရှိ၊ စာစီစာရိုက်အတွက် ကုန်ကျစားရိတ်မရှိ၊ စာပြင်စာတည်းအတွက် ကုန်ကျစရိတ်မရှိ၊ ကိုယ်တိုင် ဖြန့်တာဖြစ်လို့ ဖြန့်ချိရေးအတွက် % မရှိ စတဲ့ အထွေထွေ ကုန်ကျစားရိတ် အားလုံး သက်သာအောင် အစစ အရာရာ ကိုယ်တိုင်လုပ်တဲ့ တိုက်ဖြစ်နေလို့ စာအုပ်အရည်အသွေးကို အတိုင်းအတာ တစ်ခုထိ ထိန်းထားနိုင်တုန်း ဖြစ်နေတာပါ။
အခု သတ်မှတ်ထားတဲ့ ရောင်းဈေးဟာလည်း စာအုပ်ရဲ့ ကုန်ကျစားရိတ်ကို တွက်ချက်ပြီး အမြတ်မတင်ဘဲ ကုန်ကျစားရိတ်အတိုင်း တွက်ချက်ထားတဲ့ ရောင်းဈေးဖြစ်ပါတယ်။ မင်းတို့ ဘာမြတ်လဲလို့ မေးလာရင်တော့ စာဖတ်သူတွေ လက်ထဲရောက်သင့်တယ်လို့ ကျွန်တော်တို့ယူဆထားတဲ့ စာအုပ်တွေကို အရောက်ပို့နိုင်ခြင်းက အမြတ်ပဲလို့ ဖြေရမှာပါပဲ။ စာအုပ်ရောင်းချနေတာကတော့ နောက်ထပ် ထွက်သင့်ထွက်ထိုက်တဲ့ စာအုပ်တွေအတွက် အရင်းအနှီး (အနည်းဆုံး စက္ကူဖိုးဖြစ်ဖြစ်) ပြန်ရအောင်စုဆောင်းချင်လို့ဖြစ်ပါတယ်။ အခြေအနေအရ စာအုပ်အသစ်ကို ဈေးတက်ရပေမယ့် ယခင်က ထုတ်ဝေထားတဲ့ 10A ရဲ့ စာအုပ်များကိုတော့ ဈေးနှုန်းလုံးဝ မပြောင်းလဲဘဲ ရောင်းချမှာ ဖြစ်တဲ့အကြောင်း သတင်းစကားပါးရင်း ကော်လက်ရှင်ဆယ့်နှစ်စုံ ဒုတိယအကြိမ်ထုတ်ကို မှာယူချင်သူတွေအတွက် ကြိုတင်အမှာတွေလည်း လက်ခံနေပြီ ဖြစ်တဲ့အကြောင်း တဆက်တည်း သတင်းစကားပါးချင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကော်လက်ရှင် ဆယ့်နှစ်စုံ (ဒုတိယအကြိမ်)
စာမျက်နှာ - ၁၆၀
တန်ဖိုး - ၁၀၀၀၀ ကျပ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ရဲ့ စာအုပ်တွေကို အစဉ်တစိုက် မှာယူအားပေးကြတဲ့ စာဖတ်သူတွေအတွက် စာအုပ်ဖို့ခ ဝန်မများရအောင် အသက်သာဆုံးနှုန်းထားနဲ့ အိမ်အရောက် ပို့ဆောင်ပေးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။
ရန်ကုန်တိုင်း အတွင်းက မှာယူတဲ့ စာဖတ်သူတွေအားလုံး ပို့ခ - ၁၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး ကျန်မြို့တွေကတော့ ပို့ခ - ၂၅၀၀ သာ ကျသင့်ပါမယ်။ ဝေးလံတဲ့ တချို့မြို့တွေအတွက်ကတေ့ာ အများဆုံး - ၃၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေးလည်း ပါးချင်ပါသေးတယ်။

စိတ်ကို အနားမပေးတာကောင်းတယ်။စိတ်ဟာ အားတာနဲ့ တစ်ပြိုင်နက် အတိတ်ဆီ ရောက်သွားတတ်တယ်။ပြီးရင် အတိတ်သေတ္တာထဲကနေ နာကျင်စရာတွေ တ...
02/08/2024

စိတ်ကို အနားမပေးတာကောင်းတယ်။
စိတ်ဟာ အားတာနဲ့ တစ်ပြိုင်နက် အတိတ်ဆီ ရောက်သွားတတ်တယ်။
ပြီးရင် အတိတ်သေတ္တာထဲကနေ နာကျင်စရာတွေ တစ်ခုပြီးတစ်ခုဆွဲထုတ်လာပြီး ခင်ဗျားကိုပြမယ်။
“မေ့ချင်ယောင် ဟန်ဆောင်မနေနဲ့ ၊ ဟောဒီမှာ တွေ့လား၊ ဒါက ဘယ်သူ ၊ ဘယ်တုန်းက ဘယ်လို ဖြစ်ခဲ့တာ” ဘာညာ။ အဲဒီမှာ ပျောက်ချင်ယောင်ဆောင်ထားပေမယ့် ကောင်းကောင်းမကျက်သေးတဲ့ ခင်ဗျားရဲ့ အနာနဲ့ ဒဏ်ရာဟာ သွေးတစိမ့်စိမ့် ထွက်လာမယ်။ ကိုယ့် ဒဏ်ရာကိုယ် ပြန်ကြည့်ပြီး ငိုချင်ရင်ငို၊ ရယ်ချင်ရင် ရယ်၊ ဒါမှမဟုတ်လည်း ကိုယ့်အနာကို ကိုယ့်လျှာနဲ့ ပြန်လျက်ပြီး သိမ်းထားချင် ပြန်သိမ်းထားလိုက်ဦးပေါ့။ ခက်သားပဲ ။

ညီထက်

မှာယူ ရရှိနိုင်သော စာအုပ်များ ပါ ခင်ဗျာ ။
30/07/2024

မှာယူ ရရှိနိုင်သော စာအုပ်များ ပါ ခင်ဗျာ ။

မီးတောက်တွေမှာပြာက မျက်ရည် ။မုန်တိုင်းပြီးတော့ကျိုးနေ တဲ့ သစ်ကိုင်းက မျက်ရည်။လှိုင်းထန်ပြီးတော့ပဲ့သွားတဲ့ ကမ်းပါးက မျက်ရ...
30/07/2024

မီးတောက်တွေမှာ
ပြာက မျက်ရည် ။

မုန်တိုင်းပြီးတော့
ကျိုးနေ တဲ့ သစ်ကိုင်းက မျက်ရည်။

လှိုင်းထန်ပြီးတော့
ပဲ့သွားတဲ့ ကမ်းပါးက မျက်ရည် ။

တို့တွေ ပြန်ဆုံကြတဲ့အခါ
ဝမ်းနည်းဝမ်းသာခြင်းကလည်း
မျက်ရည် ။

ပြန်မလာသူအတွက် မျက်ရည်
ပြန်လာသူအတွက် မျက်ရည် ။

မချစ်မနှစ်သက်သူနဲ့
ပေါင်းသင်းနေရခြင်းလည်း မျက်ရည်
ချစ်ခင်နှစ်သက်သူနဲ့
ကွေကွင်းရခြင်းလည်း မျက်ရည် ။

မျက်ရည် နဲ့ ချုပ်တဲ့
စာအုပ်ကလည်း
မျက်ရည် တွေနဲ့ ဖတ်တော့
စကားလုံးတွေက မျက်ရည် ။

သမုဒ္ဓရာရေထက်တောင်
များသေးသတဲ့
တိတ်ပါတော့ မျက်ရည် ။ ။

မျက်ရည် အကြောင်း
ဝင်းမြင့်

နတ်သမီးပေးတဲ့ အိပ်မက် ၁၄၄လတွေလည်း ညတွေမှာ လှပခဲ့ပါတယ်နေ့တွေလည်း နေ့တွေမှာ တောက်ပခဲ့ပါတယ်ဒါပေမယ့် ခုတော့ ဘာကြောင့်များလတွ...
28/07/2024

နတ်သမီးပေးတဲ့ အိပ်မက် ၁၄၄

လတွေလည်း ညတွေမှာ လှပခဲ့ပါတယ်
နေ့တွေလည်း နေ့တွေမှာ တောက်ပခဲ့ပါတယ်
ဒါပေမယ့် ခုတော့ ဘာကြောင့်များ
လတွေက ညတွေမှာ မလှပတော့တာလဲ
နေ့တွေက နေ့တွေမှာ မတောက်ပတော့တာလဲ
ဘာကြောင့်များ ခုတော့ ဘာကြောင့်များ

ပိုင်

နတ်သမီးပေးတဲ့ အိပ်မက် -၂၄၇တစ်ဝက်စိုသွားတဲ့ ဂျင်းဘောင်းဘီနဲ့တစ်နေ့လုံး အေးနေခဲ့ပေမယ့် တစ်ဝက်စိုသွားတဲ့ဂျင်းဘောင်းဘီနဲ့ တစ...
27/07/2024

နတ်သမီးပေးတဲ့ အိပ်မက် -၂၄၇

တစ်ဝက်စိုသွားတဲ့ ဂျင်းဘောင်းဘီနဲ့
တစ်နေ့လုံး အေးနေခဲ့ပေမယ့် တစ်ဝက်စိုသွားတဲ့
ဂျင်းဘောင်းဘီနဲ့ တစ်နေ့လုံး အေးနေမှာမို့
တစ်ညလုံး တဖွဖွပြောနေသူ
တစ်ယောက်ကြောင့်
တစ်ဝက်စိုသွားတဲ့ ဂျင်းဘောင်းဘီနဲ့
တစ်နေ့လုံး အေးနေခဲ့ရတာကို ကျေနပ်မိပါတယ်

ပိုင်
နတ်သမီးပေးတဲ့ အိပ်မက်
အတွဲ- ၂

နှစ်ယောက်ထိုင်ခုံမှာတယောက်တည်းထိုင်နေရတဲ့ အခါကျယ်ဝန်းတယ်လွတ်လပ်တယ် လို့ ထင်ရပေမယ့်တကယ်တော့ အဖော်မဲ့တယ်ကြေကွဲတယ်လို့ အမည်...
27/07/2024

နှစ်ယောက်ထိုင်ခုံမှာ
တယောက်တည်းထိုင်နေရတဲ့ အခါ
ကျယ်ဝန်းတယ်
လွတ်လပ်တယ် လို့ ထင်ရပေမယ့်
တကယ်တော့ အဖော်မဲ့တယ်
ကြေကွဲတယ်လို့ အမည်ထွက်တယ်။

မလွယ်ပါဘူး
လမ်းပေါ်မှာလည်း လူတွေမတွေ့ဘူး
လူတွေထဲမှာလည်း ပျောက်သောသူ
မတွေ့ဘူး ။

မလွယ်ပါဘူး
လွယ်ထားတဲ့ လွယ်အိတ်ထဲမှာလည်း
လိပ်စာမရှိဘူး ။

မလွယ်ပါဘူး
လွယ်လွယ်မေ့မပစ်တတ်တော့
လိပ်စာရှိတော့လည်း
လူကိုမတွေ့ဘူး ။ ။

ပျောက်သောသူတယောက်
ဝင်းမြင့်

ကိုယ်ကလည်း ကျကွဲဖို့ ကြံစည်နေတဲ့ မိုးဖွဲလေးသာသာပါ ကမ္ဘာမြေရယ် ။ #ဝင်းမြင့် #ဝေဒနာတစ်ခုပေးခြင်း
26/07/2024

ကိုယ်ကလည်း ကျကွဲဖို့ ကြံစည်နေတဲ့
မိုးဖွဲလေးသာသာပါ ကမ္ဘာမြေရယ် ။

#ဝင်းမြင့်
#ဝေဒနာတစ်ခုပေးခြင်း

ငါမင်းကို ဘယ်လောက်ချစ်ရတယ် ဆိုတာထက်ပိုတောက်ပနိုင်တဲ့ သီချင်းကရော ရှိလို့လား ပိုင်နတ်သမီးပေးတဲ့ အိပ်မက်
19/07/2024

ငါ
မင်းကို ဘယ်လောက်ချစ်ရတယ် ဆိုတာထက်
ပိုတောက်ပနိုင်တဲ့ သီချင်းကရော ရှိလို့လား

ပိုင်
နတ်သမီးပေးတဲ့ အိပ်မက်

နောက်ဆုံးတော့ ပန်းချီစိုးနိုင် Artist Soe Naingရဲ့ ပန်းချီကားနဲ့ စာကြည့်တိုက် မြန်မာဘာသာပြန်စာအုပ်က ဇိုရမ့်ရဲ့ စာကြည့်ခန...
12/07/2024

နောက်ဆုံးတော့ ပန်းချီစိုးနိုင် Artist Soe Naingရဲ့ ပန်းချီကားနဲ့ စာကြည့်တိုက် မြန်မာဘာသာပြန်စာအုပ်က ဇိုရမ့်ရဲ့ စာကြည့်ခန်းဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါပြီ။ မြန်မာပန်းချီဆရာရဲ့ဖန်တီးမှုရယ် မြန်မာစကားလုံးနဲ့ ပုံနှိပ်ထားတဲ့ စာအုပ်တွေရယ်ကို စာပေအရဂုဏ်သိက္ခာ မြင့်မားတဲ့ ကမ္ဘာကျော်တစ်ဦးနဲ့ တွဲဖက်မြင်လိုက်ရတာဟာ ဆက်လျှောက်ရဦးမယ့် ခရီးရှည်အတွက် လှပတဲ့ခွန်အားတစ်ခုလို့ပဲ ခံစားရပါတယ်။
ဇိုရမ့်ရဲ့ ပထမစာအုပ်ကို ထုတ်ဝေပြီးတဲ့ အချိန်မှာ ဆားဘီးယားက စာရေးဆရာ အမျိုးသမီးတစ်ယောက်ကလည်း 10A Publishing Houseနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဖို့အတွက် သူ့ရဲ့စာမူတွေကို ပေးပို့ပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ နိုင်ငံရပ်ခြား စာရေးဆရာတွေက မြန်မာပြည်က ထုတ်ဝေသူတွေကို စိတ်ဝင်စားတာ ရှားတော့ရှားမယ်ထင်တယ်။ သူ့စာအုပ်ဆိုရင် ဂျာမန်ဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ရော ပြန်ဆိုထားပြီးသား။ တတိယမြောက် ပြန်ဆိုမှုအဖြစ် မြန်မာကို လိုလိုလားလားနဲ့ ကမ်းလှမ်းလာတာ ဝမ်းသာစရာဆိုပေမယ့် ကိုယ်တွေအတွက်ကတော့ ဇိုရမ်ရဲ့ စာအုပ် ၂၄ အုပ်စလုံး ပြည့်အောင် မြန်မာဘာသာနဲ့ ထုတ်ဝေနိုင်ဖို့တောင် အခြေအနေ အရပ်ရပ်က မသေချာ ဘယ်အထိတောင့်ခံနိုင်မလဲ ဘယ်လောက် ဆက်သွားနိုင်မလဲ။ စာကြည့်တိုက်ကို ပုံမနှိပ်ခင်တုန်းက ဒီစာအုပ်အတွက် ထုတ်ဝေသူအမှာစာ ရေးဦးမလားလို့ ကိုနေနိုင့် Nay Naing ကို မေးတော့ သူ့အနေနဲ့ ပြောစရာသိပ်မရှိပါဘူး ပြောချင်တာ တစ်ခုပဲရှိတယ် သူ့အတွက် ဒီစာအုပ်က “ခရီးရှည်ချီတက်ပွဲရဲ့ ဒုတိယ ခြေလှမ်းပေါ့” တဲ့။

❛⁠  ညာလက်သီးနဲ့ ထိုးလိုက်တဲ့အချိန်မှာ   ဘယ်လက်သီးဟာ ဘာလုပ်နေတယ်ဆိုတာ   အမြဲတမ်း သိနေဖို့ အရေးကြီးပါသတဲ့။   ရေခဲပြင်ဟာ   ...
10/07/2024

❛⁠ ညာလက်သီးနဲ့ ထိုးလိုက်တဲ့အချိန်မှာ
ဘယ်လက်သီးဟာ ဘာလုပ်နေတယ်ဆိုတာ
အမြဲတမ်း သိနေဖို့ အရေးကြီးပါသတဲ့။

ရေခဲပြင်ဟာ
သူ့အလိုလို ကွဲအက်သွားမှာပါ
တို့တတွေဟာ
လူသားတယောက်ဖြစ်တယ်ဆိုတာ
သိရုံမျှမဟုတ်
တိရစ္ဆာန်တကောင် မဟုတ်ဘူး ဆိုတာကိုလည်း
သိနေဖို့လိုတယ်။

•ပိုင်စိုးဝေ

Address


Website

Alerts

Be the first to know and let us send you an email when 10A Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 10A Publishing House:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share