CoPot News

CoPot News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CoPot News, News & Media Website, .

၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး Player of the Match ဆုနဲ့အတူ မြင်တွေ့ရတဲ့ ဗလင်စီယာ photo credit
21/11/2022

၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး Player of the Match ဆုနဲ့အတူ မြင်တွေ့ရတဲ့ ဗလင်စီယာ

photo credit

Breaking 💔မကြာသေးခင်ကမှ ဒဏ်ရာကပြန်လည်သက်သာလာတဲ့Ballon D’or ပိုင်ရှင် ပြင်သစ်တိုက်စစ်မှူး Benzema ဟာယနေ့ training မှာ ဒဏ်...
20/11/2022

Breaking 💔
မကြာသေးခင်ကမှ ဒဏ်ရာကပြန်လည်သက်သာလာတဲ့
Ballon D’or ပိုင်ရှင် ပြင်သစ်တိုက်စစ်မှူး Benzema ဟာ
ယနေ့ training မှာ ဒဏ်ရာအသစ်ထပ်ရခဲ့တဲ့အတွက်
လာမယ့် အဂ်ါနေ့မှာယှဉ်ပြိုင်မယ့် Australia နဲ့
အဖွင့်ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်၊
လက်ရှိမှာ ဆေးစစ်မှူများဆက်လက်ပြုလုပ်နေပြီး
ဒဏ်ရာမသက်သာရင်တော့ ကမ္ဘာ့ဖလားကစားခွင့်တောင် ရဖို့မသေချာဘူးဖြစ်နေပါတယ်။

ကာတာကို ရောက်ရှိလာပြီဖြစ်တဲ့ ကမ္ဘာ့ဖလားသမိုင်းရဲ့ ပထမဆုံးချန်ပီယံအသင်း photo credit
20/11/2022

ကာတာကို ရောက်ရှိလာပြီဖြစ်တဲ့ ကမ္ဘာ့ဖလားသမိုင်းရဲ့ ပထမဆုံးချန်ပီယံအသင်း

photo credit

အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ဆာကာဟာ နိုက်ဂျီးရီးယားနိုင်ငံက ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေတဲ့ ကလေးငယ် ၁၂၀ ကို BigSho...
18/11/2022

အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ဆာကာဟာ နိုက်ဂျီးရီးယားနိုင်ငံက ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေတဲ့ ကလေးငယ် ၁၂၀ ကို BigShoe နဲ့ ပူးပေါင်းကာ ခွဲစိတ်ပေးခဲ့တယ်လို့ သိရပါတယ်။ BigShoe ဟာ ကမ္ဘာတစ်ဝန်းမှာ ခွဲစိတ်ကုသဖို့လိုအပ်နေတဲ့ ကလေးငယ်တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာလည်း အာဆင်နယ်ကစားသမားဟောင်း အိုဇေးလ်က မြန်မာပြည်မှာရှိတဲ့ နှာခေါင်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို ခွဲစိတ်ပေးခဲ့ဖူးပါတယ်။ ဆာကာဟာ နိုက်ဂျီးရီးယားလူမျိုးမိဘတွေကနေ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် မိဘတွေရဲ့ နိုင်ငံကို ကောင်းကျိုးပြုသူလိုလည်း ဆိုရမှာဖြစ်ပါတယ်။

photo credit

  : ယူနိုက်တက်ဟာ ယနေ့မနက် ဆွေးနွေးမှုတွေအပြီး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အင်တာဗျူးကိစ္စဟာ စာချုပ်ပါအချက်အလက်တွေကို ဖောက်ဖ...
18/11/2022

: ယူနိုက်တက်ဟာ ယနေ့မနက် ဆွေးနွေးမှုတွေအပြီး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အင်တာဗျူးကိစ္စဟာ စာချုပ်ပါအချက်အလက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုကို ယူနိုက်တက်ဂျာစီနဲ့ ထပ်မြင်တွေ့ရဖို့ မရှိတော့ပါဘူး။
ကစားသမားအနေနဲ့ ပေါင် ၁၆ သန်းခန့် ဆုံးရှုံးဖို့ရှိနေပြီး အဆိုပါဆုံးဖြတ်ချက်ကို ဂျိုရယ်ဂလေဇာ၊ ရစ်ချက်အာနိုး၊ ဂျွန်မားသော့ဂ်ျနဲ့ နည်းပြအဲရစ်တန်ဟတ်တို့ အစည်းအဝေးထိုင် ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နည်းစနစ်ဒါရိုက်တာ အီဒူးကို အားကစားဒါရိုက်တာအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပ...
18/11/2022

အာဆင်နယ်အသင်းဟာ နည်းစနစ်ဒါရိုက်တာ အီဒူးကို အားကစားဒါရိုက်တာအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အီဒူးဟာ အာဆင်နယ်အသင်း ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့စဉ်က ပါဝင်ခဲ့တဲ့အသင်းသားတစ်ယောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်နွေမှာ နည်းစနစ်ဒါရိုက်တာအဖြစ် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အခုတော့ အာတီတာနဲ့အတူ အသင်းကို အကောင်းဆုံးအနေအထားတစ်ခုရောက်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

photo credit

ဘရာဇီးလ်လူစာရင်းက ချန်လှပ်ခံခဲ့ရတဲ့ ဖာမီနိုနဲ့ ဂါဘရီရယ်လ်-------------------------------------------------ဒီရာသီပရီးမီးယ...
08/11/2022

ဘရာဇီးလ်လူစာရင်းက ချန်လှပ်ခံခဲ့ရတဲ့ ဖာမီနိုနဲ့ ဂါဘရီရယ်လ်
-------------------------------------------------
ဒီရာသီပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ကစားသမားနှစ်ယောက်ဖြစ်ပေမယ့် ဖာမီနိုနဲ့ ဂါဘရီရယ်လ်ကတော့ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့အပြီးသတ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဖာမီနိုဟာ ရုန်းကန်နေရတဲ့ လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်းမှာ အကောင်းဆုံး ရုန်းပေးနေသူတစ်ယောက်ဖြစ်လို ဒီကမ္ဘာ့ဖလားဆိုတာ သူ့အသက်အရွယ်အရ နောက်ဆုံးကစားရမယ့် နိုင်ငံတကာပြိုင်ပွဲကြီးလည်း ဖြစ်နေတာပါ။ အခုလိုလွဲချော်ခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။
ဂါဘရီရယ်လ်ကလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လန်ဒန်ဒါဘီမှာ ချဲလ်ဆီးအသင်းဘက်ကို တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အခုတော့ သူတို့နှစ်ယောက်ဟာ ဘရာဇီးလ်ရဲ့ ပရိသတ်တွေအဖြစ်သာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

photo credit

သင်သိပါသလား ?မီဆွတ် အိုဇေးလ်ဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ ပရီးမီးယားလိဂ် ၊ ဘွန်ဒက်လီဂါ ၊ လာလီဂါ ၊ ချန်ပီယံလိဂ် ၊ ယူရိုပ...
08/11/2022

သင်သိပါသလား ?

မီဆွတ် အိုဇေးလ်ဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ ပရီးမီးယားလိဂ် ၊ ဘွန်ဒက်လီဂါ ၊ လာလီဂါ ၊ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ယူရိုဖလား နဲ့ ကမ္ဘာ့ဖလား အသီးသီးတို့မှာ ဂိုးဖန်တီးမှု အများဆုံး ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ် ။

ဘာစီရဲ့တိုက်စစ်အားသန်ညာနောက်ခံလူဆာဂျီနိုဒက်စ်ကိုခေါ်ယူဖို့ဆွေးနွေးနေတဲ့ မန်ချက်စတာယူနိုက်တက်.. #မန်ယူ #ဘာစီလိုနာ #ပရီးမီ...
31/08/2022

ဘာစီရဲ့တိုက်စစ်အားသန်ညာနောက်ခံလူဆာဂျီနိုဒက်စ်ကိုခေါ်ယူဖို့ဆွေးနွေးနေတဲ့ မန်ချက်စတာယူနိုက်တက်..
#မန်ယူ
#ဘာစီလိုနာ
#ပရီးမီးယားလိဂ်

ဘာစီလိုနာရဲ့ ညာနောက်ခံလူဆာဂျီနိုဒက်စ်ကိုခေါ်ယူဖို့ဆွေးနွေးနေတဲ့မန်ယူ Leave a Comment / Manchester United / By admin FacebookTwitterပရီးမီးယားလ.....

ပရီးမီးယားလိဂ်ရဲ့ပထမဆုံးနည်းပြရာထူးမှရပ်နားခံလိုက်ရတဲ့ တန်းတက်ဘုန်းမောက်နည်းပြစကော့ပါကား #ပရီးမီးယားလိဂ်  #စကော့ပါကား
31/08/2022

ပရီးမီးယားလိဂ်ရဲ့ပထမဆုံးနည်းပြရာထူးမှရပ်နားခံလိုက်ရတဲ့ တန်းတက်ဘုန်းမောက်နည်းပြစကော့ပါကား
#ပရီးမီးယားလိဂ်
#စကော့ပါကား

ယခုရာသီ ပရီးမီးယားလိဂ်ရဲ့ပထမဆုံးနည်းပြရာထူးမှထုတ်ပယ်ခံရတဲ့နည်းပြစကော့ပါကား Leave a Comment / Chelsea / By admin FacebookTwitterယခုရာသီတွ...

27/08/2022

Man of the match ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်
===============================
တစ်ဦးချင်း ရှင်းထုတ်မှု - ၁၀၀% အောင်မြင်
ဘောလုံးထိချက် - ၆၁ ချက်
ပေးပို့မှုအကြိမ်ရေ - ၄၈ ကြိမ်
ကြားဖြတ်ရှင်းထုတ်မှု - ၇ ကြိမ်
အမြင့်ဘောရှင်းထုတ်မှု - ၅ ကြိမ်မှာ ၅ ကြိမ်လုံး အောင်မြင်
ကြားဖြတ်လုယူမှု - ၄ ကြိမ်
#မန်ချက်စတာယူနိုက်တက်
#ဆောက်သမ်တန်
#ပရီးမီးယားလိဂ်

ဖာနန်ဒက်ရဲ့ သွင်းဂိုးကြောင့်ဆောက်သမ်တန်ကိုအနိုင်ရခဲ့တဲ့မန်ချက်စတာယူနိုက်တက်.. #မန်ယူ #ဆောက်သမ်တန်
27/08/2022

ဖာနန်ဒက်ရဲ့ သွင်းဂိုးကြောင့်ဆောက်သမ်တန်ကိုအနိုင်ရခဲ့တဲ့မန်ချက်စတာယူနိုက်တက်..
#မန်ယူ
#ဆောက်သမ်တန်

ဖာနန်ဒက် ရဲ့သွင်းဂိုးနဲ့နိုင်ပွဲဆက်ခဲ့တဲ့မန်ယူ Leave a Comment / Manchester United / By admin FacebookTwitterပရီးမီးယားလိဒ်ပွဲစဥ်(၄)ရဲ့အစောဆုံးပ...

ခဗျားတို့အားလုံးမှန်တယ် ကျွန်တော်မှားခဲ့တာပါဆိုတဲ့လီဗာပူးလ် နည်းပြကလော့လ်
27/08/2022

ခဗျားတို့အားလုံးမှန်တယ် ကျွန်တော်မှားခဲ့တာပါဆိုတဲ့
လီဗာပူးလ် နည်းပြကလော့လ်

ဘောလုံးစျေးကွက်နောက်ဆုံး အပတ်မှာခေါ်ယူမှုအကြီးစားလုပ်ပြီးပိတ်သိမ်းမယ့်လီဗာပူး Leave a Comment / Liverpool / By admin FacebookTwitterလီဗာပ....

မန်ယူပစ်မှတ်အန်တိုနီဒဏ်ရိုက်ခံရ မှုနှင့် ပါဗာငြင်းပယ်ခြင်းခံရတဲ့မန်ယူ
27/08/2022

မန်ယူပစ်မှတ်အန်တိုနီဒဏ်ရိုက်ခံရ မှုနှင့် ပါဗာငြင်းပယ်ခြင်းခံရတဲ့မန်ယူ

မန်ယူရဲ့ကမ်းလှမ်းမှုကို ပါဗာငြင်းပယ် Leave a Comment / Manchester United / By admin FacebookTwitterမန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပြင်သစ်န...

ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပထမပိုင်းရလဒ်မန်ချက်စတာယူနိုက်တက် 1-0 လီဗာပူးလ် (ဆန်ချို ၁၆မိနစ်)အရင်ပွဲတွေနဲ့မတူ ပုံစံကောင်းတချ...
22/08/2022

ပရီးမီးယားလိဂ် ပွဲစဉ်(၃)

ပထမပိုင်းရလဒ်

မန်ချက်စတာယူနိုက်တက် 1-0 လီဗာပူးလ်

(ဆန်ချို ၁၆မိနစ်)

အရင်ပွဲတွေနဲ့မတူ ပုံစံကောင်းတချို့ ပြသထားနိုင်တဲ့ ယူနိုက်တက်တို့ ပထမပိုင်းမှာ ဆန်ချို့ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေ

Photo Credit

သတင်းထောက် - ဘောလုံးသမားတဦးအနေနဲ့ မိန်းကလေးတွေ အများကြီးနဲ့ အိပ်ခွင့်ရှိလား?ချီလီနီ - ငါ့ကိုပဲကြည့်လေကွာ၊ ရုပ်အရမ်းဆိုးန...
19/08/2022

သတင်းထောက် - ဘောလုံးသမားတဦးအနေနဲ့ မိန်းကလေးတွေ အများကြီးနဲ့ အိပ်ခွင့်ရှိလား?

ချီလီနီ - ငါ့ကိုပဲကြည့်လေကွာ၊ ရုပ်အရမ်းဆိုးနေတဲ့ဟာကို..

😁😁😁

(၂၀၁၂) တုန်းက မော်ရင်ဟိုရဲ့အဖြစ်အပျက်တခုပါ။မော်ရင်ဟိုတယောက် စောဒကတက်တယ်ဆိုပြီး ကွင်းလယ်ဒိုင်မိုက်ဒင်းက မော်ရင်ဟိုကို အဝါ...
18/08/2022

(၂၀၁၂) တုန်းက မော်ရင်ဟိုရဲ့အဖြစ်အပျက်တခုပါ။

မော်ရင်ဟိုတယောက် စောဒကတက်တယ်ဆိုပြီး ကွင်းလယ်ဒိုင်မိုက်ဒင်းက မော်ရင်ဟိုကို အဝါကတ်ပြသခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ မော်ရင်ဟိုက "အဝါကတ်ပြခံရတာဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ရိုင်းလိုက်မိတာကိုး။ ဒါပေမယ့် ကျနော်က သောက်ရူးတယောက်အပေါ် ရိုင်းလိုက်တာပါ" လို့ တုံ့ပြန်သွားခဲ့ပါတယ်။

Source: AiScore Sports

ဒီတစ်ပွဲတော့ အပိုင်ပဲဆိုပြီး အိမ်ပေါင်လောင်းသူတွေကို ဘုန်းကြီးကျောင်းရောက်အောင်လုပ်လိုက်တဲ့ လီဗာပူးလ်လီဗာပူးကတော့ ရာသီအဖ...
16/08/2022

ဒီတစ်ပွဲတော့ အပိုင်ပဲဆိုပြီး အိမ်ပေါင်လောင်းသူတွေကို ဘုန်းကြီးကျောင်းရောက်အောင်လုပ်လိုက်တဲ့ လီဗာပူးလ်

လီဗာပူးကတော့ ရာသီအဖွင့်မှာ တောက်လျှောက်ရုန်းကန်နေရပြီး အိမ်ကွင်းမှာပါ ခရစ္စတယ်ပဲလေ့စ်ကို သရေကျခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ဇာဟာ၊ အက်ဇီတို့ရဲ့ တန်ပြန်တိုက်စစ်တွေကို လီဗာပူးတို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး ပေးလိုက်ရတဲ့ဂိုးကလည်း ဒီကစားသမားနှစ်ယောက်ရဲ့ အတွဲအဖက်ကြောင့်ပါပဲ။

မာနေးမရှိတဲ့ တိုက်စစ်ပိုင်းက သိသိသာသာရော၊ မသိမသာပါ အရှိန်အဝါကျဆင်းလာခဲ့ပြီး ဆာလာ၊ ဒါဝင်နူးနက်ဇ်၊ ဒီယက်ဇ်တို့ ရုန်းကန်ခဲ့ရပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း မီလ်နာ၊ အီလီယော့၊ နောက်တန်းမှာလည်း နသန်ဖီးလစ်ပွဲထွက်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ သူတို့အတွက် တခုတည်းသော

ရွေးချယ်စရာအဖြစ် ခံစစ်ကိုသာ အသေပိတ်ကစားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ဖိကစားရင်းနဲ့ပဲ တန်ပြန်တိုက်စစ်ကတဆင့် အက်ဇီ ဖန်တီးပေးတာကို ဇာဟာက လူကျွံထောင်ချောက်ကို လွတ်လွတ်ကျွတ်ကျွတ် ဖောက်ထွက်ပြီး ကန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နူးနက်ဇ်တယောက်

မလုပ်သင့်တဲ့လုပ်ရပ်ကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်။ ပြိုင်ဘက်က ဆွကစားတဲ့ဒဏ်ကို မခံနိုင်ခဲ့တာကိုလည်း ဒီဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။ အန်ဒါဆန်က သူ့ကို ရိကစားခဲ့ပြီး နူးနက်ဇ်တယောက် ခေါင်းနဲ့ အသားလွတ်တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ထိခဲ့ပါတယ်။

ဒါတောင်မှ ကွင်းထဲကနေ ချက်ချင်းမထွက်ဘဲ ဒိုင်လူကြီးကိုရန်တွေ့နေသေးလို့ ကလော့ပ်ကပါ သူ့ကိုလှမ်းအော်ပြီး ကွင်းထဲက ထွက်ခိုင်းခဲ့ရပါတယ်။ လီဗာပူးတို့ ကံကောင်းသွားတာက ဒီဖြစ်ရပ်အပြီး မကြာခင်မှာတင် ဒီယက်ဇ်ရဲ့ ချေပဂိုးရခဲ့တာပါ။ ဒါပေမယ့်ပွဲပြီးတဲ့အထိ အနိုင်ဂိုးမရခဲ့တာကြောင့် တဂိုးစီသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

လီဗာပူးက အဖွင့်ပွဲအဖြစ် တန်းတက်ဖူလ်ဟမ်နဲ့ အဝေးကွင်းမှာလည်း နောက်တန်းက အားနည်းချက်တွေများပြားခဲ့ပြီး အခု ဒီပွဲမှာလည်း ဇာဟာတယောက်ကို အသည်းအသန်ထိန်းချုပ်ခဲ့ရပါတယ်။ တဦးချင်းအလိုက်ရော၊ အသင်းလိုက်ပါ ခံစစ်တန်းက ခြေစွမ်းကျဆင်းနေပြီး တိုက်စစ်ပိုင်းကပါ ရုန်းကန်နေရတဲ့နောက် အခုလိုပဲ ရာသီအဖွင့်နှစ်ပွဲအပြီးမှာ နှစ်မှတ်သာရထားတာဖြစ်ပါတယ်။

Zawgyi







ပီရက်ဇ် : 🗣️"မင်းသားက အဲ့မှာ ဘာလုပ်နေတာတုန်း ? " ဗက်ဇ်ကေး 🗣️"မက်ဆီ ဘိုင်စကယ်ကစ် လေ့ကျင့်နေတာလေ ဆရာ ..."
10/08/2022

ပီရက်ဇ် : 🗣️
"မင်းသားက အဲ့မှာ ဘာလုပ်နေတာတုန်း ? "

ဗက်ဇ်ကေး 🗣️
"မက်ဆီ ဘိုင်စကယ်ကစ် လေ့ကျင့်နေတာလေ ဆရာ ..."

"ရော်နယ်ဒိုကို ပွဲစကတည်းက သုံးရင် အခုလို ရှုံးမှာ မဟုတ်ဘူး..."ရော်နယ်ဒို ပွဲစကတည်းက ကစားသောပွဲ :
08/08/2022

"ရော်နယ်ဒိုကို ပွဲစကတည်းက သုံးရင် အခုလို ရှုံးမှာ မဟုတ်ဘူး..."

ရော်နယ်ဒို ပွဲစကတည်းက ကစားသောပွဲ :

ရော်နယ်ဒို။   ။ ငါ ရီးရဲလ်မက်ဒရစ်ကထွက်လာတုန်းက ဂျူဗင်တပ်စ်ကိုသွားပြီး ဖလားတွေဘာတွေယူသေးတယ်လေကွာ။ မင်းကျမှ တခါတည်းပြောင်း...
07/08/2022

ရော်နယ်ဒို။ ။ ငါ ရီးရဲလ်မက်ဒရစ်ကထွက်လာတုန်းက ဂျူဗင်တပ်စ်ကိုသွားပြီး ဖလားတွေဘာတွေယူသေးတယ်လေကွာ။ မင်းကျမှ တခါတည်းပြောင်းချလာတာတဲ့လား။

ဗာရန်း။ ။ .....

Idea- Football Planet

ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ယူနိုက်တက်တို့ ဘရိုက်တန်ကို လေးဂိုးပြတ်နဲ့ အဝေးကွင်းမှာရှုံးနိမ့်ခဲ့ပါတယ်။ အခု ဒီရာသီအဖွင့် အ...
07/08/2022

ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ယူနိုက်တက်တို့ ဘရိုက်တန်ကို လေးဂိုးပြတ်နဲ့ အဝေးကွင်းမှာရှုံးနိမ့်ခဲ့ပါတယ်။ အခု ဒီရာသီအဖွင့် အိုးထရက်ဖို့ဒ်မှာတော့ နှစ်ဂိုးပြတ်ပဲရှုံးနိမ့်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ ပထမပိုင်းပဲ ပြီးသေးလို့ပါ။

ယူနိုက်တက် ၀-၂ ဘရိုက်တန် (ပထမပိုင်း)

ပထမပိုင်းပြီး ရလဒ်မြန်မာ ၀-၀ ဗီယက်နမ်အမြင်လေးတွေပြောခဲ့ပါဦး
13/05/2022

ပထမပိုင်းပြီး ရလဒ်
မြန်မာ ၀-၀ ဗီယက်နမ်

အမြင်လေးတွေပြောခဲ့ပါဦး

သင်သိပါသလား ❓ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကားဒရိုင်ဘာဟာ အာဆင်နယ်အသင်းထက် ချန်ပီယံလိဂ်ဖိုင်နယ်ကို အကြိမ်အရေအတွက်ပိုပီး ရောက်ဖူး...
13/05/2022

သင်သိပါသလား ❓

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကားဒရိုင်ဘာဟာ အာဆင်နယ်အသင်းထက် ချန်ပီယံလိဂ်ဖိုင်နယ်ကို အကြိမ်အရေအတွက်ပိုပီး ရောက်ဖူးပါတယ် 🫣

"အာလင်ဟာလန်းရဲ့ မန်စီးတီးအသင်းထံပြောင်းရွေ့မှုကို တရားဝင်ထုတ်ပြန်ခဲ့ပြီး 62မိနစ်အကြာမှာပဲ အသက်20အရွယ် ဆဲလ်ဘတ်တိုက်စစ်မှု...
11/05/2022

"အာလင်ဟာလန်းရဲ့ မန်စီးတီးအသင်းထံပြောင်းရွေ့မှုကို တရားဝင်ထုတ်ပြန်ခဲ့ပြီး 62မိနစ်အကြာမှာပဲ အသက်20အရွယ် ဆဲလ်ဘတ်တိုက်စစ်မှုး karim adeyemiကို ခေါ်ယူခဲ့ပြီဖစ်ကြောင်း ဒေါ့မွန်အသင်းဘက်က တရားဝင်ကြေငြာခဲ့ပါတယ် ..."

(အဆိုပါ ကစားသမားဟာ နောင်4/5နှစ်အကြာတွင် အာဆင်နယ်ရဲ့ photoshopတွေထဲ ပါဝင်လာဖို့ ရှိနေပါတယ်- just for fun)

🚨 ပီအက်စ်ဂျီအသင်း တိုက်စစ်မှုး ကီလီရန်ဘာပေဟာ မက်ဒရစ်မြို့မှာ နေထိုင်ဖို့အတွက် အိမ်တစ်လုံး ရှာဖွေနေပြီ ဖြစ်ကြောင်း သိရပါတ...
10/05/2022

🚨 ပီအက်စ်ဂျီအသင်း တိုက်စစ်မှုး ကီလီရန်ဘာပေဟာ မက်ဒရစ်မြို့မှာ နေထိုင်ဖို့အတွက် အိမ်တစ်လုံး ရှာဖွေနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ရီးရဲယ်အသင်းအနေနဲ့ ဇူလိုင်လ အစပိုင်းမှာ တရားဝင်ကြေညာ သွားဖွယ်ရှိပါတယ်။ ကီလီရန်ဘာပေဟာ ရီးရဲယ်အသင်းမှာ လစာအမြင့်ဆုံး ကစားသမား ဖြစ်လာဖွယ်ရှိနေပါတယ်

(Source Diarioas)

တိုက်ရိုက်တန်းတက်ရန် ၇ ဂိုးပြတ်အနိုင်ရဖို့ လိုနေတဲ့ပွဲတွင် ၇ ဂိုးပြတ်အနိုင်ယူပြီး တန်းတက်ခဲ့တဲ့ ဘောလုံးလူဆိုး ဘာတန်ရဲ့ ဘ...
08/05/2022

တိုက်ရိုက်တန်းတက်ရန် ၇ ဂိုးပြတ်အနိုင်ရဖို့ လိုနေတဲ့ပွဲတွင် ၇ ဂိုးပြတ်အနိုင်ယူပြီး တန်းတက်ခဲ့တဲ့ ဘောလုံးလူဆိုး ဘာတန်ရဲ့ ဘရစ္စတိုးရိုဗာ

မန်စီးတီးနှင့်နယူးကာဆယ်စတားဟောင်းဂျိုယေးဘာတန်ဦးဆောင်တဲ့ဘရစ္စတိုးရိုဗာဟာလိဂ်၂ ရာသီသိမ်းပွဲတွင်လိဂ်၁သို့တိုက်ရိုက်တန်းတက်နိုင်ရန်အတွက်စကန်သော်ပီကို ၇ဂိုးပြတ်အနိုင်ရရှိရန်လိုအပ်နေခဲ့ပါတယ်။တကယ်တွင်လည်းဘရစ္စတိုးရိုဗာဟာစကန်သော်ပီကို၇-၀ဂိုးဖြင့်အနိုင်ရယူပြီးလိဂ်၁သို့တိုက်ရိုက်တန်းတက်ခွင့်ရရှိသွားခဲ့ပါတယ်။

စနေနေ့ကပွဲမတိုင်မီ ဘရစ္စတိုးဟာ နော်သမ်တန်အသင်းရဲ့ရလဒ်ထက် ၅ ဂိုးပိုသွင်းပြီး အနိုင်ရမှသာလျှင် ဂိုးကွာခြားချက်အသာဖြင့်တန်းတက်နိုင်ပါမယ်။ ရမှတ်၂၆မှတ်တည်းသာရရှိပြီးတန်းဆင်းထားရပြီးဖြစ်တဲ့စကန်သော်ပီဟာ ပွဲအစ၁၈မိနစ်မှာပဲအိုလီဗာလော့ဘ်ဘီရဲ့Own Goal ကြောင့်ဂိုးပေးခဲ့ရပါတယ်။ ယင်းနောက်ပွဲချိန်၂၂မိနစ်မှာဘရစ္စတိုးနောက်ခံလူကော်နာတေလာကဒုတိယဂိုးသွင်းခဲ့ပါတယ်။

ယင်းအချိန်တွင်နော်သမ်တန်အသင်းကဘာရိုးကို၃-၁ဂိုးဖြင့်အနိုင်ရရှိနေပါတယ်။ ဒါကြောင့်လည်းဘရစ္စတိုးအနေဖြင့်စကန်သော်ပီကိုနောက်ထပ်၅ဂိုးသွင်းနိုင်ဖို့လိုအပ်နေခဲ့ပါတယ်။တကယ်တမ်းမှာလည်းဘရစ္စတိုးဟာပွဲချိန်၈၅မိနစ်မတိုင်မီအေရွန်ကောလင်းက၂ဂိုး၊အန်တိုနီအီဗန့်က၂ဂိုး၊အင်ဒါဆင်က၁ဂိုးအသီးသီးသွင်းယူခဲ့လို့၇-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဘရစ္စတိုးက၇-၀ဂိုးဖြင့်အနိုင်ရကာတန်းတက်ရန် အခြေအနေကောင်းသွားပြီးနောက်ဘရစ္စတိုးပရိသတ်များကွင်းအတွင်းဝင်ရောက်မှုကြောင့်ပွဲကို၁၇မိနစ်အထိရပ်ဆိုင်းခဲ့ရပါတယ်။ ဒိုင်လူကြီးကပွဲပြန်လည်စတင်ချိန်တွင်ကွင်းသို့ထပ်မံဝင်ရောက်လာလျှင်ပွဲကိုလုံးဝရပ်ဆိုင်းမယ်လို့သတိပေးမှုပြုလုပ်ခဲ့ရပါတယ်။

ရာသီကုန်ဖ်ို့ ပွဲအနည်းငယ်ဘဲကျန်တော့တဲ့အချိန်မှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဘယ်သူရယူသွားနိုင်မလဲ 🧐1. မိုဆာလက် (လီဗာပူး...
03/05/2022

ရာသီကုန်ဖ်ို့ ပွဲအနည်းငယ်ဘဲကျန်တော့တဲ့အချိန်မှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဘယ်သူရယူသွားနိုင်မလဲ 🧐

1. မိုဆာလက် (လီဗာပူး) - 22ဂိုး
2. ဆွန်ဟောင်မင် (တော့တင်တမ်)- 19ဂိုး
3. ရော်နယ်ဒို (ယူနိုက်တက်) - 18ဂိုး

ယနေ့ည ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ဟာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အိုးထရက်ဒ်ဖို့ကွင်းမှာ နောက်ဆုံးကစားတဲ့ ပွဲဖြစ်ရင် ဖြစ်သွား...
02/05/2022

ယနေ့ည ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ဟာ ခရစ်စတီယာနို
ရော်နယ်ဒိုရဲ့ အိုးထရက်ဒ်ဖို့ကွင်းမှာ နောက်ဆုံးကစားတဲ့ ပွဲဖြစ်ရင် ဖြစ်သွားနိုင်ပါတယ် 💔

လာလီဂါချန်ပီယံဆုကို သိမ်းပိုက်အပြီး အန်ဆယ်လော့တီရဲ့ အခြေအနေ 😎🔥
01/05/2022

လာလီဂါချန်ပီယံဆုကို သိမ်းပိုက်အပြီး အန်ဆယ်လော့တီရဲ့ အခြေအနေ 😎🔥

Address


Website

Alerts

Be the first to know and let us send you an email when CoPot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share