Rubber Insights Series - Myanmar

  • Home
  • Rubber Insights Series - Myanmar

Rubber Insights Series - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rubber Insights Series - Myanmar, News & Media Website, No. 14, Kyaikthalan Pagoda Street, Shwe Taung Quarter, Mawlamyine, Mon State, .

Rubber Insight Series သည် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်သော ဈေးနှုန်း၊ ဈေးကွက်ဆိုင်ရာ အချက်အလက်များ၊ နည်းပညာများကို မျှဝေတင်ဆက်ပေးနေသော စာမျက်နှာဖြစ်သည်။

ဤစာမျက်နှာကို Generating Rubber Opportunities - GRO Myanmar အဖွဲ့၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် မွန်ပြည်နယ် အခြေစိုက် National Enlightenment Institute (NEI)မှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။

၂၀၂၄ မှာ ဈေးကွက် အသာစီး ရောက်လာနိုင်မည့် ကမ္ဘာ့ သဘာဝရော်ဘာ - ၂၀၂၃ မှာ ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ်မှု ကျဆင်းလာ ကမ္ဘာ့ သဘာဝ...
15/02/2024

၂၀၂၄ မှာ ဈေးကွက် အသာစီး ရောက်လာနိုင်မည့် ကမ္ဘာ့ သဘာဝရော်ဘာ

- ၂၀၂၃ မှာ ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ်မှု ကျဆင်းလာ

ကမ္ဘာ့ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံများ၏ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ထုတ်လုပ်မှု အနေအထား များအား သုံးသပ်ရာတွင် နိုင်ငံအများစု၏ ထုတ်လုပ်မှုသည် အကျဘက်သို့ ဦးတည် နေသည့် အခြေအနေကို တွေ့ရှိ နေရသည်။
ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ်မှု အများဆုံးသော နိုင်ငံများ၏ ၂၀၂၃ ခုနှစ် နှစ်ကုန် အထိ ဖြစ်တန်ခြေ ထုတ်လုပ်မှု ပမာဏ ခန့်မှန်းထားချက် တစ်ရပ်တွင်၊ ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ်နိုင်မှုသည် ၁ ဒသမ ၉ ရာခိုင်နှုန်း ခန့်အထိ ကျဆင်း နိုင်ခြေ ရှိကြောင်း ခန့်မှန်း ထားပေသည်။
ဤတွင် ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ်မှုတွင် အင်အားကြီး နိုင်ငံများ ဖြစ်သည့် ထိုင်း (၄ ဒသမ ၄ ရာခိုင်နှုန်းခန့်)၊ အင်ဒိုနီးရှား (၁၄ ဒသမ ၆ ရာခိုင်နှုန်းခန့်) ၊ ဗီယက်နမ် (၁ ဒသမ ၁ ရာခိုင်နှုန်းခန့်) ၊ တရုတ် ( ၀ ဒသမ ၉ ရာခိုင်နှုန်းခန့်) ၊ မလေးရှား (၉ ရာခိုင်နှုန်းခန့်) အသီးသီး ကျဆင်းနိုင်ခြေ ရှိကြောင်း ခန့်မှန်း ထားပေသည်။
ထိုသို့ သဘာဝရော်ဘာ ထုတ်လုပ်မှု ကျဆင်းနိုင်သည့် အရိပ်အယောင် ရှိသည့် နိုင်ငံများ ရှိသကဲ့သို့ပင် တစ်ဖက် တွင်လည်း သဘာဝ ရော်ဘာ ထုတ်လုပ်မှု တိုးတကက် လာနိုင်ခြေ ရှိသည့် နိုင်ငံ များလည်း ရှိကြောင်း ခန့်မှန်း ထားပေသည်။
ထိုသို့ တိုးတက် ထုတ်လုပ် လာနိုင်ခြေ ရှိသည့် နိုင်ငံများ ထဲတွင် အိုင်ဗရီကိုစ့် (၂၆ ဒသမ ၁ ရာခိုင်နှုန်း) ၊ ကမ္ဘောဒီးယား ( ၂ ဒသမ ၁ ရာခိုင်နှုန်း) ၊ မြန်မာ (၃ ဒသမ၂ ရာခိုင်နှုန်း) နှင့် အခြားနိုင်ငံများ (၁ ဒသမ ၇ ရာခိုင်နှုန်း) အသီးသီး တိုးတက်မှု ပြနေသည့် ခန့်မှန်းချက် ရှိသည့် အနေအထားကို တွက်ဆ ထားပေသည်။
၂၀၂၃ နှစ်ကုန် အထိ ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်နိုင်မှု တန်ချိန်ပေါင်း ၁၄ ဒသမ ၃၄၃ မီလီယံ ရှိနိုင် မည်ဟု ခန့်မှန်း ထားပြီး ယင်းပမာဏသည် ၂၀၂၂ ခုနှစ်၏ ထုတ်လုပ်မှု စုစုပေါင်း ပမာဏထက် ၁ ဒသမ ၉ ရာခိုင်နှုန်း နည်းပါး နိုင်သည်ဟု တွက်ဆ ရပေမည် ဖြစ်သည်။
ယခု ၂၀၂၃ နှစ်၏ ရော်ဘာရာသီ (စက်တင်ဘာ လလယ်မှ - ဇန်နဝါရီ လလယ် အထိ) တွင်မူ ယခင် နှစ်များ ကဲ့သို့ ရော်ဘာ အမြောက်အများ ထုတ်လုပ်နိုင်ခြင်း မရှိသည့် အခြေအနေကို မြင်တွေ့ နေရသည်။ ထိုသို့ ထုတ်လုပ်မှု ကျဆင်း စေရခြင်းအား သက်ရောက်နေသည့် အကြောင်းတရား များစွာလည်း ရှိနေပေသည်။
အထူးအဖြင့် ကမ္ဘာ့သဘာဝ ရော်ဘာ အများဆုံး ထုတ်လုပ်လျက်ရှိသည့် ထိုင်းနိုင်ငံ၏ ရော်ဘာ အဖွင့်ရာသီ၌ ထုတ်လုပ် နိုင်စွမ်းသည် ယခင်နှစ် ကာလတူ အချိန်နှင့် နှိုင်းယှဉ်လျှင် လစဉ်ပင် ၁၀ ရာခိုင်နှုန်းခန့် လျော့နည်း နေကြောင်း မြင်တွေ့ရသည်။
ထိုသို့ ထိုင်းနိုင်ငံ အတွင်း ထုတ်လုပ်မှု ကျဆင်းလာရသည့် အကြောင်းရင်း များထဲတွင် ထိုင်းနိုင်ငံ၏ ရော်ဘာစိုက် ဒေသများ၌ အချိန်အခါ မဟုတ် ဖျက်မိုး ရွာသွန်း မှုကြောင့် ရော်ဘာများ ပုံမှန် ထုတ်လုပ် နိုင်ခြင်း မရှိသည့် အခြေအနေ တစ်ခု ပါဝင်သည်။
ထို့ပြင် ရော်ဘာခြံများ၌ အရွက်နှင့် ပတ်သက်သည့် ရောဂါတစ်မျိုး ကျရောက်မှု (ရော်ဘာစိုက်ဧရိယာ ဟက်တာပေါင်း ၁၅၀၀၀၀ ခန့် ရောဂါ ကျရောက်ခဲ့) ကြောင့် ရော်ဘာ ထွက်ရှိမှုအား ထိခိုက် စေခဲ့သည့် အခြင်းအရာ တစ်ခုလည်း ထပ်ဖြစ်ခဲ့ ပြန်သည်။ ထပ်မံ၍ လည်း ထိုင်းနိုင်ငံ၏ အဓိက ရော်ဘာစိုက် ဒေသများ၌ ရာသီဥတု အပူချိန် မြင့်မားခြင်း၊ အပူလှိုင်း ရိုက်ခတ်မှု ခံရခြင်းတို့ကြောင့် ရော်ဘာ အထွက်နှုန်းအား ထိခိုက်မှု များစွာ ဖြစ်ပေါ် စေခဲ့ ပြန်သည်။ ထိုင်းနိုင်ငံ၌ ရော်ဘာ အထွက်နှုန်း ကျဆင်း စေသကဲ့သို့ပင် ကမ္ဘာ့ သဘာဝ ရော်ဘာ ထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံ တစ်ခုဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ၌လည်း ထုတ်လုပ်မှု ကျဆင်း နေသည့် အခြေအနေကို မြင်တွေ့ ရပေသည်။
အထက်ဖော်ပြပါ အခြေအနေများအား ခြုံငုံကြည့်ပါမူ ၂၀၂၃ ရော်ဘာ ထုတ်လုပ်မှု ရာသီတွင် ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ် နေသည့် နိုင်ငံများ၏ ထုတ်လုပ်မှု ကျဆင်း လာမည့် အခြေအနေကို ကွင်းကွင်း ကွက်ကွက်ပင် မြင်တွေ့ နေရပေသည်။

- ရောင်းလိုအားနည်းပြီး၊ ဝယ်လိုအားများမည့် အရိပ်အယောင် ပြနေသည့် သဘာဝ ရော်ဘာ
၂၀၂၄ ပထမ လေးလပတ်၏ ကမ္ဘာ့သဘာဝရော်ဘာ ဈေးကွက် အခြေအနေသည် ရော်ဘာ ထွက်ရှိမှု အရ ပစ္စည်း ရောင်းလိုအား နည်းကာ ၊ ဝယ်လိုအား များနိုင်မည်ဟု ခန့်မှန်းရကာ ဈေးကွက် ပြိုင်ဆိုင်မှု ကြီးမားမည်ဟု ခန့်မှန်း ထားကြသည်။
သဘာဝရော်ဘာကို နှစ်စဉ် ပုံမှန်အားဖြင့် စက်တင်ဘာ လလယ်မှ ဇန်နဝါရီလယ်အထိ အမြောက်အများ ထုတ်လုပ်နိုင်သည့် အချိန် ဖြစ်သည်။ ထိုတစ်ရာသီစာ ထွက်ရှိသည့် ကမ္ဘာ့ သဘာဝရော်ဘာ ပမာဏသည် ရော်ဘာဈေးကွက်နှင့် ဈေးနှုန်း အခြေအနေ တစ်ခုလုံးပေါ်သို့ များစွာ သက်ရောက် ပေသည်။
ထိုသို့ ထုတ်လုပ် ကျဆင်း ခြင်းကြောင့် ကမ္ဘာ့ လိုအပ်ချက် အလျင်မီအောင် သဘာဝရော်ဘာ ဖြည့်ဆည်း ပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကိုကား ကမ္ဘာ့ သိုလှောင် ရော်ဘာ လက်ကျန်များ၏ ပမာဏကိုလည်း ထည့်သွင်း တွက်ချက် ရပေဦးမည် ဖြစ်သည်။
တရုတ်နိုင်ငံမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ဝေ ခဲ့သည့် ၂၀၂၃ - စက်တင်ဘာ အထိ ကုန်သွယ်ရေး အခြေအနေ အစီရင်ခံစာ၏ အဆိုအရ တရုတ်သည် ကမ္ဘာ့ဒုတိယ စီးပွားရေး အကောင်းဆုံး ဖြစ်ကြောင်း အခြေအနေအရပ်ရပ်က မီးမောင်း ထိုးပြနေသကဲ့သို့ ကမ္ဘာ့ သဘာဝရော်ဘာ ဝယ်ယူသုံးစွဲမှု အများဆုံး နိုင်ငံ လည်း ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ကိုဗစ် အလွန် စီးပွားရေး တိုးတက်မှုနှုန်း တည်တည် ငြိမ်ငြိမ်နှင့် တက်ရိပ် ပြနေကာ ထိုစီးပွားရေး တက်ရိပ်အား လိုက်၍ သဘာဝရော်ဘာ ဝယ်လိုအား အခြေအနေ သည်လည်း တဖြည်းဖြည်းနှင့် ပြည်လည် တည်ငြိမ် အားကောင်း လာနေ ကြောင်းလည်း ထောက်ပြ ထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်တွင် နှစ်လည်တွင် အမေရိကန်နှင့် အီးယူတို့၏ ပြောင်းလဲလာနိုင်ခြေ ရှိသည့် ငွေကြေး မူဝါဒကြောင့် စီးပွားရေး လည်ပတ်မှု ပိုမို အားကောင်း လာနိုင်သည့် မှန်းဆချက်နှင့် အတူ လိုက်ပါ၍ သဘာဝ ရော်ဘာ ဝယ်လိုအား တိုးတက် လာနိုင်မည့် အရိပ်အယောင် ရှိနေသည်ကို တွေ့ရှိ ရပေသည်။ အထူးသဖြင့် မော်တော်ကား ထုတ်လုပ်မှုနှင့် တာယာထုတ်လုပ်သည့် စက်ရုံများမှ သဘာဝရော်ဘာ ဝယ်လိုအားသည် အမေရိကန်နှင့် အီးယူတို့၏ စီးပွားရေး ပြန်လည် ကောင်းမွန်စွာ လည်ပတ်လာမှုနှင့် လိုက်ပါ တိုးတက်လာမည် ဖြစ်၍ ထို့အခြေအနေကြောင့် သဘာဝရော်ဘာ ဝယ်လိုအား တမဟုတ်ချင်း တိုးတက်လာနိုင်ခြေ ရှိသည်ဟု ခန့်မှန်း ထားခြင်း ဖြစ်သည်။
ထိုအခြေအနေများကြောင့် ၂၀၂၄ ခုနှစ် အတွင်းနှင့် ၂၀၂၄ ခုနှစ် အလွန်တွင်ပင် သဘာဝရော်ဘာ ဝယ်လိုအား များပြီး ဈေးကွက်ယှဉ်ပြိင်မှု မြင့်မားသည့် အခြေအနေကို ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်း ထားသည်။

- တရုတ်၊ အမေရိကန်နှင့် အီးယူတို့၏ စီးပွားရေး လည်ပတ်မှုနှင့် သဘာဝရော်ဘာ ဝယ်လိုအား
၂၀၂၃ ခုနှစ် သဘာဝရော်ဘာ ထုတ်လုပ် နိုင်မှု လျော့ကျ လာသည့် အခြေအနေ၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နှင့် အီးယူ နိုင်ငံများ၏ စီးပွားရေး ပြန်လည် တည်ငြိမ် အားကောင်းလာနိုင်ခြေ ရှိသည့် အခြေအနေ၊ တရုတ်၏ ကိုဗစ်အလွန် စီးပွားရေး နာလန်ထူမှု အရှိန် ကောင်းလာသည့် အခြေအနေ များကြောင့် ကမ္ဘာ့သဘာဝ ရော်ဘာ ဝယ်လိုအား များလာနိုင်မည်ဟု အကြမ်းဖျင်း ယူဆ၍ ရပေ။
၂၀၂၄ ခုနှစ်တွင် သဘာဝရော်ဘာ ထုတ်လုပ် ထွက်ရှိမှုနှင့် ဝယ်လိုအား အလားအလာ ကောင်းနေသည့် မှန်းဆချက်ကြောင့် ဈေးကွက် အသာစီး အခြေအနေ၌ ရှိမည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း ထိုအားကောင်းသည့် အခြေအနေများအား သက်ရောက်မှု ဖြစ်လာစေနိုင်သည့် အခြေခံ အချက်များကလည်း ရှိနေပြန်ပေသည်။
ကမ္ဘာ့ရော်ဘာဈေး ကောင်းလာ သဖြင့် ထိုအခြေ အနေကို လက်လွတ် မခံလိုသည့် နိုင်ငံအသီးသီးမှ ရော်ဘာ တောင်သူများသည် မိမိတို့၏ ရော်ဘာ ထွက်ရှိမှု ပမာဏ ပိုမို များပြား လာစေရန် အတွက် ရေတိုကုထုံး များဖြင့် တိုးတက် ထုတ်လုပ်ရန် ကြိုးပမ်း လာကြမည် ဖြစ်သည်။
ထိုအခြေအနေ ပေါ်ပေါက်လာပါက ကမ္ဘာ့ဈေးကွက်သို့ သဘာဝရော်ဘာ တင်ပို့လိုမှု ရောင်းလိုအား တိုးလလာ နိုင်ပေသည်။ ကမ္ဘာ့သဘာဝ ရော်ဘာ ထုတ်လုပ်လျက် ရှိသည့် နိုင်ငံများမှ တိုးတက် ထုတ်လုပ် လာမည့် အရိပ်အယောင်ကြောင့် ရောင်းလိုအား မည်မျှ တိုးလာနိုင်ခြေ ရှိသည်ကိုမူ မှန်းဆရန် ခက်ခဲပေသည်။
ထိုသက်ရောက်မှု ဖြစ်ပေါ်လာပါက ဈေးကွက်အသာစီး ရှိနေသည့် အခြေအနေမှ ကမ္ဘာ့ သဘာဝ ရော်ဘာဈေး အထက်စီး ရနေမှု အခြေအနေမှ လျောက နိမ့်ဆင်း လာနိုင်ပေသည်။ ထိုမှသည် ကမ္ဘာ့ သဘာဝရော်ဘာ ရောင်းလိုအားနှင့် ဝယ်လိုအား အခြေအနေ တစ်စုံလုံးအား မည်သို့ သက်ရောက် လာနိုင်မည် ဟူသည်ကိုလည်း မှန်းဆ၍ မရသေးပေ။
သို့သော်လည်း ဖော်ပြပါ အခြေအနေ အရပ်ရပ် များကြောင့် ၂၀၂၄ နှစ်လည် အထိပင် ထုတ်လုပ်မှု လျော့ကျ လာနိုင်မည့် အခြေအနေနှင့် အတူ ကမ္ဘာ့သဘာဝ ရော်ဘာသည် ဈေးကွက် အသာစီး၌ ရှိကာ ရော်ဘာ ဝယ်လိုအားများပြီး ဈေးကွက် ယှဉ်ပြိုင်မှု အားကောင်းသည့် အခြေအနေ ရှိမည်ဟု သုံးသပ် ရပေသည်။

(မှတ်ချက် - ဤဆောင်းပါးသည် What Next Rubber တွင် ဖော်ပြ ထားသည့် ရော်ဘာ ဈေးကွက် သုတေသန၊ အကြီးတန်း သုံးသပ် သူနှင့် What Next Rubber ပူးတွဲ တည်ထောင်သူ ၊ ဆောင်းပါးရှင် Jom Jacob မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ရေးသား ထုတ်ဝေ ခဲ့သည့် “Are Natural Rubber Price Gearing Up for a Trend-Break?” ဆောင်းပါးနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် “Rubber Output drops in the peak season, signaling a potential supply uncertainty by the end of Jan 2024” ဆောင်းပါးပါ အချက်အလက်များအား မှီငြမ်း ကိုးကား၍ ပြန်လည် ရေးသား တင်ပြ ထားခြင်း ဖြစ်ပါသည်။)

SNR ရော်ဘာ ထုတ်ဖို့အတွက် ဦးဆောင် အကောင်ထည်ဖော်ဖို့ ထိုင်းနိုင်ငံက စိတ်ဝင်စားနေ-  ထိုင်းနိုင်ငံသည် အာဆီယံ ဒေသတွင်းရှိ သဘာ...
13/02/2024

SNR ရော်ဘာ ထုတ်ဖို့အတွက် ဦးဆောင် အကောင်ထည်ဖော်ဖို့ ထိုင်းနိုင်ငံက စိတ်ဝင်စားနေ

- ထိုင်းနိုင်ငံသည် အာဆီယံ ဒေသတွင်းရှိ သဘာဝ ရော်ဘာ ထုတ်လုပ်နေသည့် အခြား နိုင်ငံများနှင့် ညှိနှိုင်း၍ ပူးပေါင်းကာ ၊ အတူတကွ SNR ရော်ဘာများ ထုတ်လုပ်နိုင်ရန် အတွက် ပူးပေါင်း အကောင်အထည်ဖော် လုပ်ဆောင် သွားရန် စိတ်ဝင်စားလျက် ရှိကြောင်း မြန်မာ့ သဘာဝ ရော်ဘာ ရေရှည် တည်တံမှု အကောင်အထည် ဖော်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ယုစိန်က ပြောသည်။
“SNR နဲ့ ပတ်သက်လာရင် ထိုင်းက ဦးဆောင်တဲ့ နေရာမှာ ရှိနေတယ်၊ အဲဒါ အပြင် EUDR ကိုပါ လိုက်နာ လုပ်ဆောင်နိုင်ဖို့ အတွက် ပြင်ဆင် ထားပြီး ဖြစ်တယ်၊ ထိုင်းနိုင်ငံက နေပြီးတော့ SNR နဲ့ ပတ်သက်ပြီးတော့ ရော်ဘာ ထုတ်လုပ်တဲ့ အစုအဖွဲ့ တွေနဲ့ ပူးပေါင်းပြီး အတူတကွ လုပ်ဆောင် သွားဖို့ စဉ်းစား နေတယ်” ဟု ဒေါက်တာ ယုစိန်က ပြောသည်။
ထိုသို့ ထိုင်းနိုင်ငံ အနေဖြင့် အခြား အာဆီယံ နိုင်ငံများနှင့် ပူးပေါင်း၍ ရေရှည်တည်တံ့ သဘာဝ ရော်ဘာများ ထုတ်လုပ်ရန် အတွက် စိတ်ဝင်စား နေသည့် အခြေအနေ အား ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နှင့် (၁၅) ရက် နှစ်ရက်တာ ထိုင်းနိုင်ငံ ၊ ဘူရီရာမ် ခရိုင်၌ ကျင်းပ ခဲ့သည့် Sustainable Rubber Plantation and International Conference တွင် ထုတ်ဖော် ပြောဆို ခဲ့ခြင်း ဖြစ်သည်။
နှစ်ရက်တာ ကျင်းပခဲ့သည့် အဆိုပါ နိုင်ငံတကာ ရော်ဘာ ကွန်ဖရင့်အား ထိုင်းရော်ဘာ အာဏာပိုင် အဖွဲ့မှ (Rubber Authority of Thailand) မှ ကမကထ ပြုလုပ်၍ ခေါ်ယူ ကျင်းပခဲ့ခြင်း ဖြစ်ကာ ၊ ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ ရော်ဘာ တောင်သူ (၅၀၀၀) အား ဖိတ်ကြား၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုအခမ်းအနားသို့ နိုင်ငံတကာ ရေရှည် တည်တံသော သဘာဝရော်ဘာ ထုတ်လုပ်ရေး အဖွဲ့ (GPSNR) အဖွဲ့မှ အထွေထွေ အတွင်းရေးမှုး၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အင်ဒိုနီးရှား စသည့် အာဆီယံ ဒေသတွင်းရှိ သဘာဝရော်ဘာ ထုတ်လုပ်နေသည့် နိုင်ငံများမှ အသင်းအဖွဲ့များသို့လည်း ဖိတ်ခေါ်၍ တက်ရောက် စေခဲ့ပါသည်။
အဆိုပါ ကျင်းပခဲ့သည့် ကွန်ဖရင့်အား မြန်မာနိုင်ငံ ကိုယ်စားပြု၍ ရော်ဘာ အစုအဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးနှင့် WWF မှ ကိုယ်စားလှယ် (၂) ဦး စုစုပေါင်း ကိုယ်စားလှယ် (၈) ဦး တက်ရောက် ခဲ့ကြသည်။
အဆိုပါ ကွန်ဖရင့်၌ နိုင်ငံ အသီးသီးမှ မိမိတို့ နိုင်ငံအလိုက် SNR ရော်ဘာ ထုတ်လုပ် သွားနိုင်ရန် အတွက် ပြင်ဆင် ဆောင်ရွက်လျက် ရှိသည့် အနေအထား များကိုလည်း နိုင်ငံအလိုက် တက်ရောက် လာကြသည့် ကိုယ်စားလှယ် များက တင်ပြ ဆွေးနွေး ခဲ့ကြသည်။
ထိုင်းနိုင်ငံသည် ကမ္ဘာ့ သဘာဝရော်ဘာ ထုတ်လုပ် တင်ပို့မှု အများဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး လက်ရှိ ၌လည်း ရေရှည် တည်တံသော သဘာဝ ရော်ဘာ ထုတ်လုပ်ရန် အတွက် ဦးဆောင်ဦးရွက် ပြုသည့် အခန်း ကဏ္ဍတွင် တက်တက်ကြွှကြွှ လှုပ်ရှား ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ထိုင်းနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက် နေမှုအား အသိအမှတ် ပြုကြောင်း နိုင်ငံတကာ ရေရှည် တည်တံ့သော သဘာဝရော်ဘာ ထုတ်လုပ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးမှ အဆိုပါ ကွန်ဖရင့်တွင် မှတ်ချက်ပြု၍ ပြောကြား ခဲ့သည်။
ယခုနှစ်များ အတွင်း နိုင်ငံတကာ စျေးကွက်မှ တောင်းဆို လာသည့် ရေရှည်တည်တံသော သဘာဝ ရော်ဘာ ထုတ်လုပ် သွားရန် အတွက် သဘာဝရော်ဘာ ထုတ်လုပ် နေသည့် နိုင်ငံ အသီးသီးမှ ပြင်ဆင် ဆောင်ရွက်လျက် ရှိပေသည်။
မြန်မာနိုင်ငံ အနေဖြင့်လည်း ရေရှည် တည်တံ့သော သဘာဝရော်ဘာ ထုတ်လုပ် နိုင်ရန် အတွက် အခြေခံ ရမည့် မူများအား ရေးဆွဲ ပြင်ဆင်လျက် ရှိနေပြီး လာမည့် ၂၀၂၄ ခုနှစ် အကုန်တွင် မြန်မာနိုင်ငံ အတွက် လိုက်နာ ကျင့်သုံး သွားမည့် မူတစ်ခု အတည်ပြု ပြဌာန်း နိုင်ရန် အတွက် ကြိုးပမ်း အကောင်အထည် ဖော်လျက် ရှိပေသည်။

နိုင်ငံတကာ ရော်ဘာ ကွန်ဖရင့်မှ လေ့လာစရာ၊ သုံသပ်စရာ အချက်များ အပေါ် တွေ့ဆုံ မေးမြန်းခန်း (၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၄) ရက်နှင့...
11/02/2024

နိုင်ငံတကာ ရော်ဘာ ကွန်ဖရင့်မှ လေ့လာစရာ၊ သုံသပ်စရာ အချက်များ အပေါ် တွေ့ဆုံ မေးမြန်းခန်း

(၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၄) ရက်နှင့် (၁၅) ရက်များတွင် ထိုင်းနိုင်ငံ ဘူရီရာမ် မြို့တွင် နိုင်ငံတကာ ရော်ဘာကွန်ဖရင့် တစ်ရပ်အား ခေါ်ယူ ကျင်းပခဲ့သည်။ ထိုပွဲသို့ မြန်မာနိုင်ငံ အပါအဝင် သဘာဝရော်ဘာ ထုတ်လုပ် နေသည့် အိမ်နီးချင်း နိုင်ငံများကိုလည်း အခမ်းအနား တက်ရောက်ရန်အတွက် ဖိတ်ခေါ် ခဲ့သည်။ ထိုနိုင်ငံတကာ ကွန်ဖရင့်သို့ မြန်မာ့ သဘာဝ ရော်ဘာ ရေရှည် တည်တံ့ရေး ဖော်ဆောင်ရေးအဖွဲ့ (Myanmar sustainable Natural Rubber Association) ဥက္ကဋ္ဌ ဦးဆောင်၍ ကိုယ်စားလှယ် (၈) ဦး သွား၍ တက်ရောက် ခဲ့သည်။
ထိုအခမ်း အနားသို့ သွားရောက် တက်ရောက် ခဲ့ကြသည့် ကိုယ်စားလှယ်များ အနက် MSNRA ဥက္ကဋ္ဌ ဒေါက်တာ ယုစိန်နှင့် ရော်ဘာစက်ရုံ လုပ်ငန်းရှင် ဦးသီဟထွန်း တို့အား ကွန်ဖရင့်မှ လေ့လာ ခဲ့ရသည့် သတင်း အချက် အလက်များ ၊ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံ ရော်ဘာကဏ္ဍတို့တွင် ယှဉ်၍ သုံးသပ်စရာ အချက်များ ၊ တောင်သူများ ၏ အခန်းကဏ္ဍ အပေါ် သုံးသပ်ချက် တို့အား စုစည်း မေးမြန်း ထားချက်အား ဖော်ပြ အပ်ပါသည်။)

- ဒေါက်တာ ယုစိန် (ဥက္ကဠ) Myanmar Sustainable Natural Rubber Association - MSNRA
ထိုင်းကို သွားတာက WWF က နေပြီးတော့ စီစဉ် ပေးတာ။ ထိုင်းနိုင်ငံ ဘူရီရာမ် ဆိုတဲ့ မြို့မှာ RAOT (Rubber Authority of Thailand) ကနေပြီးတော့ 5th Sustainable Rubber Plantation and International Conference ဆိုပြီးတော့ လုပ်တယ်။ ဒီဇင်ဘာ (၁၄) နဲ့ (၁၅) နှစ်ရက် လုပ်ခဲ့တယ်။ အဓိက အကြောင်း အရာ ကတော့ သူက ထိုင်းနိုင်ငံ တစ်ဝန်း လုံးက ရော်ဘာတောင်သူတွေကို ဖိတ်တယ်။ အားလုံး အယောက် (၅၀၀၀) လောက်ရှိတယ်။ RAOT က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပါတယ်။ နောက်ပြီးတော့ GPSNR မှာ ထိုင်းနိုင်ငံ ကိုယ်စားပြု ထားတဲ့ လုပ်ငန်းရှင်တွေ ပါတယ်။ International ကဆိုရင် GPSNR က နေပြီးတော့ အထွေထွေ အတွင်းရေးမှူး လာတယ်။ အင်ဒိုနီးရှားက နေပြီးတော့ GPSNR မှာပါတဲ့ ကိုယ်စားလှယ် လာတယ်။ ကမ္ဘောဒီးယားက WWF ကနေ တောင်သူတွေ ကိုယ်စားပြုပြီးတော့ လာတယ်။ မြန်မာနိုင်ငံက နေပြီးတော့ ကျွန်တော် MSNRA ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေ၊ WWF အပါအဝင် အားလုံး (၈) ယောက် သွားတက်ခဲ့တယ်။
ဒီပွဲကို လာတက် ကြတဲ့ ထိုင်းနိုင်ငံက တောင်သူ အစုအဖွဲ့ လေးတွေက နေပြီးတော့ ထုတ်တဲ့ Product လေးတွေ ပြတယ်၊ ပြီးတော့ သူတို့ တီထွင်ထားတဲ့ Bio Fertilizer ထုတ်တာတို့ ပြတယ်၊ RAOT ကလည်း သူ့ Boots နဲ့ သူပြတယ်။ စက်ရောင်းတဲ့ သူကလည်း သူ့စက်တွေကို လာပြတယ်။ နောက်ပြီးတော့ နည်းပညာ ကုမ္ပဏီ တွေကလည်း နည်းပညာတွေ လာမျှ ဝေတယ်။ အဲ့ဒီမှာ ကဏ္ဍအစုံ ပါတော့ International အတွက်ကော Local အတွက်ကော လေ့လာ နိုင်တာပေါ့။ နောက်ပြီးတော့ RAOT ကဆိုရင် သူတို့ Information ပေးချင်တဲ့ စာရွက်တွေ၊ စာအုပ်၊ စာတမ်းတွေ ဝေငှတာတွေ လုပ်တယ်။
ထူးခြားတာ တစ်ခုကတော့ တောင်သူတွေက သူတို့ဘာသာ လာကြပြီးတော့ တက်တက်ကြွကြွ ပါဝင် ဆင်နွှဲ ကြတယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံက တောင်သူ တွေက ဒီလို ပွဲတွေက သူတို့အတွက် အရမ်း အကျိုးရှိ စေမယ်။ သူတို့ အတွက် အသိပညာတွေ တိုးမယ်၊ အဆက် အသွယ်တွေ ရမယ်၊ အမြင်တွေ ပြောင်းလာမယ် ဆိုတဲ့ Mindset က သူတို့မှာ ရနေပြီး။
ကျွန်တော် သူတို့ တောင်သူ တွေနဲ့လည်း စကား ပြောဖြစ်တော့ သူတို့က ဘာပြောလဲဆိုတော့ SNR က ဘယ်လောက် အရေးကြီးလဲ၊ SNR ကို နိုင်ငံတကာမှာ လုပ်နေပြီးဆိုတဲ့ Awareness ကို သူတို့ ရပြီးသား။ နောက်ပြီး မြန်မာနိုင်ငံရဲ့ သဘော သဘာဝကိုလည်း သူတို့ သိသွားတယ်။
အဓိက ကတော့ International Discussion မှာ ထိုင်းနိုင်ငံ RAOT က လူတွေက သူတို့ လုပ်နေ ကိုင်နေ တာတွေကို ပြောပြတယ်။ SNR မှာ ထိုင်းနိုင်ငံသည် Leading Position မှာ ရှိတယ် ဆိုပြီး GPSNR အထွေထွေ အတွင်းရေးမှူး ကလည်း ဖော်ပြ သွားတယ်။ ထိုင်းနိုင်ငံကလည်း SNR ကို စွဲစွဲမြဲမြဲနဲ့ သွာနေတဲ့ အပြင် EUDR ကိုပါ လိုက်နာနိုင်အောင် သူတို့ စီစဉ် နေတာ တွေကို ပြောပြတယ်။
သူတို့ ကလည်း မြန်မာ နိုင်ငံမှာကော SNR ကို ဘယ်လိုတွေ စလုပ်နေပြီလဲ၊ ဘာတွေ ပြင်ဆင် ထားသလဲ၊ အနာဂါတ်မှာကော ဘာတွေ ဆက်လုပ်ဖို့ ရှိသလဲ ဆိုတာကို မေးတယ်။ အဲ့ဒါကို အင်ဒိုနီးရှားကော ကမ္ဘောဒီးယာ ကိုကော မေးတယ်။ မြန်မာ နိုင်ငံကလည်း SNR ဟာ မြန်မာ နိုင်ငံမှာ အသိပညာ ကောင်းကောင်း ရှိပြီးတော့ ဒီဟာကို အကောင်အထည် ဖော်နေတယ်။ MSNRA ဆိုတဲ့ အဖွဲ့အစည်းကိုလည်း ထူထောင် ထားပြီးပြီး။
သက်ဆိုင်တဲ့ နိုင်ငံ ဝန်ကြီးဌာန တွေနဲ့လည်း ပူးပေါင်း ပြီးတော့ ဆက်လက် ဖော်ဆောင် သွားမယ်။ နိုင်ငံတော် ကလည်း SNR ဟာ အရေးကြီးတယ် ဆိုပြီးတော့မှ ရေရှည် စီမံကိန်း တွေနဲ့ ဖော်ဆောင် သွားဖို့ကို ချမှတ် ထားပြီးပြီး။ မြန်မာနိုင်ငံ ကတော့ SNR နဲ့ ပတ်သတ်ပြီးတော့ ရော်ဘာ ထုတ်လုပ်တဲ့ နိုင်ငံတွေ အကုန်လုံး ပြီးတော့ အဖွဲ့အစည်းတွေ NGO, INGO တွေ၊ နိုင်ငံတကာ ကနေပြီးတော့ Buyer တွေ Dealer တွေနဲ့ အကုန်လုံး ပူးပေါင်း ဆောင်ရွက်ဖို့ အဆင့်သင့် ရှိတဲ့အကြောင်း၊ ပူးပေါင်း သွားဖို့လည်း ရှိတဲ့ အကြောင်းကို ကျွန်တော်တို့ ပြောခဲ့တယ်။ မလေးရှားနဲ့ အင်ဒိုနီးရှား ကလည်း ဒီလို အခြေအနေမျိုး ဖြစ်နေတဲ့ အပေါ်မှာ ထိုင်းနိုင်ငံက နေပြီးတော့ SNR နဲ့ ပတ်သတ်ပြီး ရော်ဘာ ထုတ်လုပ်တဲ့ နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက် သွားဖို့ကို ချိန်ဆနေတယ်။ ဆုံးဖြတ်ချက်တော့ မချရ သေးဘူးပေါ့။

ဦးသီဟထွန်း (ပြည့်စုံ ရော်ဘာလုပ်ငန်းစု)
ခရီးစဉ်မှာ တွေ့ရတဲ့ ထိုင်းမှာ ရှိနေတဲ့ တောင်သူတွေက သူတို့က စုဖွဲ့မှု တော်တော် အားကောင်းတယ်။ မြန်မာ မှာတော့ အဲ့ဒီဟာက အားနည်းတယ်။ ပြီးရင် အစေးခြစ်တဲ့ ပုံစံ တွေကော ပြီးရင် သူတို့မှာက သုတေသန လုပ်ငန်း အားကောင်း တယ်လို့ မြင်တယ်။ နောက်တစ်ခုက ကျတော့ ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ ထောက်ပံ့ မှုကလည်း အားကောင်းတယ်။
ပြီးတော့ တောင်သူတွေက သူတို့ရဲ့ အပေါ်မှာ ရှိတဲ့ ရော်ဘာပိုင်း ဆိုင်ရာ အဖွဲ့အစည်း လူကြီးပိုင်း တွေကို အားကိုးတကြီး ရှိတယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ အချင်းချင်း ကလည်း ပြဿနာတွေကို အတူတကွ ဖြေရှင်းကြတဲ့ နေရာမှာ အားကောင်း ကြတယ်။ ဈေးနှုန်း ပိုင်းကို ကြည့်ရင်လည်း သူတို့ တောင်သူ တွေကို ကြည့်ရင် တော်တော် ပျော်ပျော်ရွှင်ရွှင် မြင်ရတယ်။ သူတို့ရတဲ့ ဈေးနှုန်းနဲ့ သူတို့ လုပ်ရတဲ့ အလုပ်ကို သူတို့ ကျေနပ် ကြတယ်လို့ မြင်ရတယ်။ ကျွန်တော်တို့ တောင်သူတွေမှာ အဲ့တာမမြင်ရဘူး။ ကျွန်တော်တို့ တောင်သူ အများစုက လုပ်ရတဲ့ အလုပ်နဲ့ ရတဲ့ ဈေးနဲ့ အားရ ကျေနပ်မှု မရှိကြတာ များတယ်။ အဲ့ဒါကလည်း ကာလ တော်တော်ရှည်ရှည် ရှိခဲ့ပြီ။
သူတို့မှာ လုပ်တဲ့ အဲ့ဒီ ပွဲလေးတွေက တော်တော် အကျိုးရှိပြီး ထိရောက်တယ်လို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်လည်း ဆိုတော့ အဲ့ဒီမှာ ဓာတ်မြေဩဇာနဲ့ ပတ်သတ်ပြီး ပြတာရှိတယ်၊ ဖောမစ်အက်စစ် နဲ့ ပတ်သတ် ပြီးတော့ တိုက်ရိုက် ကုမ္ပဏီတွေက လာပြတာ ရှိတယ်။ ဆိုလိုတာက လိုအပ်တဲ့ ပစ္စည်းတွေကို တစ်နေရာ တည်းမှာ ဒါမျိုး ပုံစံမျိုးနဲ့ နှစ်အလိုက် လုပ်ပေး နေမယ် ဆိုရင်တော့ ပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားမယ်။ နောက်ပြီးတော့ ဈေးကွက် ရဖို့ အတွက် ကိုလည်း ပိုပြီးတော့ အဆင်ပြေပြေ ရှိကြမယ်လို့ ကျွန်တော်မြင်တယ်။ ပထမ နေ့ကတော့ သူတို့ ပြပွဲလိုမျိုး လုပ်တာ ရှိတယ်၊ တောင်သူ တွေကလည်း တိုက်ရိုက် ထိတွေ့ခွင့် ရှိတဲ့ အတွက် ရော်ဘာနဲ့ ပတ်သတ်ပြီး အသစ်အသစ် တွေကို အချိန်မီ အကုန် သိနေ ရတယ်လို့ မြင်ရတယ်။
ဒုတိယ နေ့ကျတော့ အင်ဒို ပါတယ်၊ ကျွန်တော်တို့ မြန်မာ ပါတယ်၊ ထိုင်းပါတယ်၊ ကမ္ဘောဒီးယား ပါတယ် တွေ့ကြတာ။ ကျွန်တော်တို့ ကတော့ ကမ္ဘောဒီးယား တောင်သူတွေနဲ့ ဆုံတယ်။ သူတို့လည်း ကျွန်တော်တို့လို အနေအထားပဲ တခြားနိုင်ငံကို အားကိုး ပြီးတော့မှပဲ သူတို့ ရပ်တည် နေရတဲ့ အနေအထားမျိုး ကျွန်တော့်ကို ပြောပြတယ်။ ထိုင်းကျတော့ အဲ့လိုမဟုတ်ဘဲ ကိုယ်ပိုင် ဈေးကွက်ကို ကိုယ်တိုင် ဖန်တီး ယူနိုင်တဲ့ အနေ အထားမှာ ရှိတယ်။ ဝယ်လက်တွေက သူ့ဆီ သွားရတယ်။ ကျွန်တော်တို့ကျတော့ ဝယ်လက်ဆီ သွားရတယ်။
ကမ္ဘောဒီယားမှာက စက်ရုံတွေ အားနည်းတော့ များသော အားဖြင့် ခွက်ခဲပဲ သူတို့လုပ်ကြတယ် ပြောတယ်။ ကျွန်တော်တို့ မြန်မာမှာ ကတော့ ဒီနှစ်ပိုင်းထဲမှာ အရည်ဝယ်တဲ့ စက်ရုံတွေ များလာတာ တောင်သူတွေ အတွက် ကောင်းတယ် ပြောရမယ် သူတို့နဲ့ ယှဉ်ရင်ပေါ့။ အရည်ဝယ်တဲ့ နေရာတွေနည်းနည်းများလာတာက ကျွန်တော်တို့ တောင်သူတွေအတွက် နည်းနည်း အားသာချက်လေး ဖြစ်လာတာပေါ့။
ခုလောလောဆယ် ကျွန်တော်တို့ ရပ်ဝန်းမှာက နိုင်ငံရေးအရ ခြံတော်တော်များက ပိတ်ထား ရတယ် ဆိုတော့ ခြံရှင် တွေက သူတို့အတွက် ခြစ်ပေးတဲ့သူရှိရင်ပဲ ရပြီး ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တစ်ချို့ခြံ တွေကျ တော့လည်း နင်းပြား တွေပဲ လုပ်လိုက် ကြတာ များတယ်။ လမ်းပမ်းဆက်သွယ်ရေး တော်တော်အခက်အခဲ ရှိတယ်။ တစ်ချို့ဆို ဆိုင်ကယ်တောင် မရှိတဲ့ သူတွေ ရှိတယ်။ အရည်အသွေးမြင့် ရော်ဘာလို့ ပြောမယ်ဆိုရင် သူတို့ အတွက်က ခြေနင်းပြား ထုတ်တာထက် ယှဉ်ရင် အရည်ပဲ ထုတ်ရောင်း တာက အခွင့်အရေး အများ ဆုံးလို့ ကျွန်တော် မြင်တယ်။
ခြံရှင်တွေက အလုပ်သမားတွေကို ပြန်ပြီး မှီခိုနေရတဲ့ အနေအထားမျိုး ဖြစ်နေတော့ ခြံရှင်က အရည် ရောင်းချင်တယ် ဆိုရင်တောင် အလုပ်သမားက နင်းပြားပဲ ထုတ်မယ် ဆိုရင် အခက်အခဲ ရှိတယ်။ အဲ့ဒါက ထက်ဝက်စား ခြံတွေ မှာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ လုပ်နိုင်တာက ခြံရှင်ထက်ကို အလုပ်သမားကို ပိုပြီးတော့မှ အသိပညာ များလာအောင် ဖျောင်းဖျ ရမယ့် သဘောမျိုးမှာ ရှိတယ်။ ဒါမှလည်း ခြံရှင်ကော အလုပ်သမားကော အတွက် အကျိုးများ နိုင်မှာပေါ့။ အဲ့ဒါမှပဲ နောက်ဆိုရင် မြန်မာ့ရော်ဘာလို့ ပြောရင် အထူပြား ဆိုတာက ပျောက်သွား မှာပေါ့။
ဒီမှာက အားနည်း နေတာပေါ့။ အောင်မြင်တယ် ဆိုပြီး လက်ညှိုး ထိုးပြစရာက ကျွန်တော်တို့မှာ ရှားတယ်လေ။ အဲ့ဒါ ကြောင့်လည်း ခုမှ စပြီးတော့ စက်ရုံတွေ စုဖွဲ့ ပြီးတော့ အလုပ် လုပ်ဖို့ကို အရင်ဦးဆုံး အားစိုက် နေရတယ်။ ဒီနှစ်ပိုင်း ထဲမှာ ဆိုရင် ရော်ဘာနဲ့ ပတ်သတ် ပြီးတော့ ကျွန်တော်တို့ စက်ရုံ အစုအဖွဲ့ တစ်ခု ကတော့ ကောင်းကောင်းလေး ပေါ်လာ လိမ့်မယ်လို့ မြင်တယ်။ အဲ့ဒါ ပြီးမှပဲ တောင်သူတွေကို လက်ဆင့်ကမ်းပြီး ခေါ်ဆောင်ရမှာပေါ့။ အဲ့ဒါမျိုး ဖြစ်ဖို့ အတွက် ကိုလည်း ကိုယ်က ရှေ့ကနေ ဦးဆောင်ပြီး လုပ်ပြမှ ရမယ်လို့ ကျွန်တော် မြင်တယ်။ တောင်သူ အချင်းချင်း မှာတော့ ပူးပေါင်းမှု အားနည်း လွန်းတာကို မြင်ရတယ်။ တစ်ခုက အလုပ်သမား ရှားပါးမှု ပြဿနာ ကနေ စပြီးတော့ တစ်ခြံက အလုပ်သမားကို အခြား တစ်ခြံကနေ ဈေးပို ပေးပြီး ခေါ်သွား တာတွေ ကြောင့်လည်း ခြံရှင် အချင်းချင်းမှာ စုဖွဲ့မှုတွေ အားနည်း ကုန်တာပေါ့။
ထိုင်းကကျတော့ လုံးဝ လက်မထောင် ပြီးတော့ ရောင်းနေနိုင်တယ်။ သူတို့ နိုင်ငံက ထွက်တဲ့ ရော်ဘာတွေက အခြား နိုင်ငံတွေနဲ့ ယှဉ်ရင် လုံးဝ အပေါ်စီးမှာ ရှိနေတာလေ။ အဲ့လို လုပ်နိုင်မှပဲ ဈေးကွက်ကလည်း ရမှာလေ။

ရော်ဘာစုပေါင်း ရောင်းချမှုက Rubber Central Market အတွက် ခြေလှမ်းအစလား ? ရော်ဘာ တောင်သူငယ် အသီးသီးမှ စုပေါင်း၍ ပေါင်မြို့...
10/02/2024

ရော်ဘာစုပေါင်း ရောင်းချမှုက Rubber Central Market အတွက် ခြေလှမ်းအစလား ?

ရော်ဘာ တောင်သူငယ် အသီးသီးမှ စုပေါင်း၍ ပေါင်မြို့နယ်ရှိ နတ်ကြီးချောင်နှင့် ဆင်ရွာ နှစ်နေရာ တို့၌ မုဒုံ အခြေစိုက် ရော်ဘာ အဝယ်ဒိုင် ကြီးများအား ဖိတ်ခေါ်၍ စုပေါင်းရော်ဘာ ရောင်းချပွဲ တစ်ရပ်အား ပြီးခဲ့သည့် ဒီဇင်ဘာ (၃) ရက်နေ့တွင် ပြုလုပ်ခဲ့ကြရာ ထို တစ်ရက်တည်း ၌ပင် စုစုပေါင်း ရော်ဘာ ပေါင်ချိန် (၅၀၀၀၀) ခန့် အရောင်းအဝယ် ဖြစ်ခဲ့ ကြသည်။
ထိုသို့ စုပေါင်း ရောင်းချမှုမှသည် တဖြည်းဖြည်းဖြင့် Rubber Central Market ဆီသို့ တက်လှမ်း နိုင်မည့် အခြေခံ လမ်းစအား ဖော်ဆောင် နိုင်မည်ဟု ယုံကြည်ထားကြောင်း ထိုပွဲအား ဦးဆောင် စီစဉ် ပေးခဲ့သည့် မွန်ပြည်နယ် ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။
“အခုလို စုပြီး လုပ်တော့ တောင်သူတွေ စုစည်းပြီး ရောင်းတဲ့ဟာ ပေါ်လွင်လာတော့ Central Market ဆီ သွားနိုင်တဲ့ ခြေလှမ်း တစ်ခုလို့ မြင်မိတယ်။ ဒီ Central Markek ကိုသွားနိုင်ဖို့ ခြေလှမ်းတွေ စတင် ဖော်ဆောင် ကြည့်တာ ဖြစ်တယ်။ အဲ့လို ရောင်းခြင်းအားဖြင့် အရည်သွေး ကောင်းတဲ့ တောင်သူတွေ အတွက်က သူတို့ အရည်အသွေး ကောင်းအောင် လုပ်နိုင်ရင် ဈေးတွေ အဆင်ပြေ သလို ခေါ်လို့ ရတယ် ဆိုတဲ့ ပုံစံမျိုးပေါ့ အဲ့လို ဈေးတွေ ရရှိဖို့ မျှော်မှန်းပြီး လုပ်ကြည့် တယ်ပေါ့” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
တောင်သူငယ်များ စုပေါင်း၍ ဤကဲ့သို့ အဝယ်ဒိုင်များကို ဖိတ်ခေါ်ကာ စုပေါင်း၍ ရော်ဘာ ရောင်းချ ခြင်းကို ပြုလုပ် နိုင်ခဲ့သည်မှာ ပထဆုံး အကြိမ်ပြုလုပ် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုလျှင်လည်း မမှားပေ။
ဒီဇင်ဘာ (၃) ရက်နေ့တွင် ပြုလုပ် ခဲ့သည့် တောင်သူများ စုပေါင်း၍ ရော်ဘာရောင်းချခြင်း အခမ်း အနားကို ပေါင်မြို့နယ်တွင်းရှိ ကတိုက်၊ နတ်မှော်၊ ဆင်ရွာ၊ ဇင်းကျိုက်၊ နတ်ကြီးချောင် ၊ ကျုံက ကျေးရွာများမှ ရော်ဘာ တောင်သူ (၃၀) ခန့် တို့က တက်ရောက်၍ စုပေါင်း ရောင်းချ ခဲ့ကြခြင်း ဖြစ်သည်။
“တောင်သူ တွေက အရည်အသွေး ကောင်းတဲ့ ရော်ဘာတွေ ထုတ်လာတော့ ရောင်းဖို့က ဈေးကောင်း ပေးတဲ့ အဝယ်ဒိုင် တွေနဲ့ တောင်သူနဲ့ တွေ့ဖို့က နည်းနည်းလေး ခက်ခဲ နေတယ်။ ဈေးကောင်း ပေးတဲ့ အဝယ်ဒိုင် တွေကလည်း ပေါင် လေးငါးရာ လောက်နဲ့ မြေပြင် ဆင်းပြီး မဝယ်ဘူး။ အထိုင်ပဲ ဝယ်တော့ ကျွန်တော်တို့က တောင်သူ ငယ်တွေ အများကြီး စုပြီး ရောင်းတော့ ပမာဏ တစ်ခုရှိ လာတော့ အဝယ်ဒိုင် တွေက စိတ်ဝင်စား လာကြတယ်” ဟု ဦးထွန်းထွန်းနိုင်က ဆိုပါသည်။
ထိုသို့ ရော်ဘာ အဝယ်ဒိုင်များ စိတ်ဝင်စားလောက်သည့် အရည်အသွေးနှင့် ပမာဏကို တစ်နေရာ တည်းတွင် ဝယ်ယူ ရရှိ နိုင်မည့် အခွင့်အရေး ရှိခဲ့သဖြင့် အဝယ်ဒိုင်များ အနေဖြင့်လည်း ဝယ်ယူရာတွင် လွယ်ကူများများ ရှိခဲ့သလို ပစ္စည်း အရည်အသွေး အပေါ် မူတည်၍ အမြင့်ဆုံးစျေး ပေးနိုင်ရန် အတွက်လည်း စဉ်းစား ပေးနိုင် ခဲ့ကြောင်း စုပေါင်း ရော်ဘာ ရောင်းချပွဲတွင် သွားရောက်၍ ရော်ဘာ ဝယ်ယူ ခဲ့သည့် မုဒုံ Global 10 ကုမ္ပဏီ တာဝန်ရှိသူ ဦးလွင်ထွန်းဦးက ပြောသည်။
“ဒီပွဲက ကောင်းပါတယ်။ ရည်ရွယ်ချက် ကလည်း ကောင်းတယ်။ ပစ္စည်း Quality တစ်မျိုးတည်း ကိုပဲ စုစည်း ထားတဲ့ သဘော တရားမို့ ပစ္စည်း Quality ကို တကူးတက စစ်ဆေး စရာ မလို တော့ဘူး၊ ဈေးကလည်း ဒီပွဲမှာ ဆိုရင် ပုံမှန် ရိုးရိုး ဒိုင်မှာ ဝယ်တဲ့ ဈေးထက်ကို ပိုပေး နိုင်သလောက်တော့ ပိုပေး ထားတာမို့ ဈေးနှုန်း ကလည်း အဲ့နေ့က ဈေးနဲ့ တွက်ရင် တစ်ပေါင်ကို (၄၀) လောက် ပိုပေး ထားတယ်။ တကယ်တန်းက သူတို့ ပစ္စည်း ကောင်းတာလည်း ပါတယ်၊ ကိုယ်က သူတို့ကို ပေးနိုင်တဲ့ဈေးထက် အမြင့်ဆုံးကို ပိုပေးဖို့ပဲ ကြိုးစား ရတယ်ဗျာ” ဟု ၎င်းက ဆိုသည်။
ထိုစုပေါင်း ရော်ဘာ ရောင်းချပွဲ၌ Global 10 ကုမ္ပဏီ တစ်ခုတည်းမှပင် စုစုပေါင်း ပေါင်ချိန် ၂၆၀၀၀ အထိ ဝယ်ယူ ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပစ္စည်းကို တစ်နေရာတည်း ခင်းကျင်း ပြသ ထားနိုင်ပြီး တောင်သူ များမှလည်း မိမိတို့ ခင်းကျင်း ပြသ ထားသည့် ပစ္စည်း အရည်အသွေးအား အကဲဖြတ်သည့် အဝယ်ဒိုင် များအားအား မိမိတို့ လိုချင်သည့် ကြိုက်စျေး ရအောင် ညှိနှိုင်း ရောင်းချခွင့် ရှိခဲ့သဖြင့် ဤအခွင့်အရေးသည် ရော်ဘာ တောင်သူများ အတွက် ကောင်းမွန်သည့် အခွင့်အရေး ဖြစ်ကြောင်း ထိုစုပေါင်း ရော်ဘာ ရောင်းချပွဲတွင် ပါဝင်ခဲ့သည့် ဦးအောင်ဖုန်းက ပြောသည်။
“အဓိကက ကိုယ့်ဝယ်လက် များတော့ ရွေးချယ်စရာ ရှိတာပေါ့နော်၊ ကိုယ်ပစ္စည်းကို ကိုယ်ကြိုက်စျေး ရရင် ရောင်းမယ်။ မကြိုက်ရင် မရောင်းဘူး၊ တောင်သူ တွေအတွက် ရွေးချယ်စရာ အခွင့်အရေး ပိုများ သွားတယ်ပေါ့ ။ အဲ့အပေါ် မူတည်ပြီးတော့ပဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ကြိုက်ရင် ရောင်းမယ်၊ မကြိုက်ရင် မရောင်းဘူး ဆိုတော့ တောင်သူတွေ အနေနဲ့ နစ်နာစရာ ဘာမှ မရှိတော့ဘူး။ ရွေးချယ်စရာ များတဲ့ အခွင့်အလမ်းက ပိုကောင်း သွားတယ်ပေါ့” ဟု ၎င်းက ရှင်းပြသည်။
ယခု ကျင်းပခဲ့သည့် ပထမဆုံး အကြိမ် ရော်ဘာ စုပေါင်း ရောင်းချပွဲ၌ ကောင်မွန်သည့် အားသာ ချက်များ ရှိခဲ့သလို အားနည်းချက် များကိုလည်း လေ့လာ တွေ့ရှိ ခဲ့ရကြောင်း ဦးထွန်းထွန်းနိုင်က သုံးသပ်သည်။
“Central Market ကို မျှော်မှန်းပြီး သွားနေ ပေမယ့်လည်း မြေပြင် အနေအထား မှာက လက်ရှိမှာ အရည် အသွေးကို အဓိက ထားတဲ့ ဝယ်လိုအားက နည်းနည်းလေး နည်းနေ တာပေါ့နော်၊ အရင်က ယိုးဒယား အကြိုက် လုပ်တော့ ထိုက်သင့်တဲ့ ဈေးနှုန်းလေး ရခဲ့ ပေမယ့်လည်း ခုတော့ ယိုးဒယားက အဝင်ကို ပိတ်လိုက်တော့ ကျွန်တော်တို့က ယိုးဒယားအကြိုက် နေလှန်းပြား တွေကို ဈေးကောင်း မရတဲ့ အနေထားမှာ တွေ့ရတယ်၊ အဝယ်ဒိုင်တွေ လိုချင်တာက နေလှန်း အလွတ်ပြားတွေ ၊ နောက်ပြီး မှိုင်းကျက် တွေပေါ့ ၊ လာရောင်းတဲ့ တောင်သူ တွေမှာ အဲလို အရည်အသွေး မဟုတ်တဲ့ ဥစ္စာတွေ ပါနေ တာလည်း တွေ့ရတယ်” ဟု ဦးထွန်းထွန်းနိုင်က စုပေါင်း၍ လာရောက် ရောင်းချသည့် အခြေအနေတွင် ကြုံရသည့် အခြေအနေအား ရှင်းပြသည်။
ထို့ပြင် ဦးထွန်းထွန်းနိုင်က ထပ်မံ၍ “နောက်တစ်ချက်က အဝယ်ဒိုင် တွေက ဈေးပေးသွားတယ် ပြီးတော့ မဝယ်ဖြစ် တာလည်း တွေ့ရတယ်၊ အရောင်း အဝယ် ဖြစ်ပေမယ့်လည်း ဈေးပေး သွားတဲ့ သူက မဝယ်နိုင်ဘဲ ဖြစ်သွား တာမျိုး ဖြစ်ခဲ့တယ်။ ဘာမှ စရန်မှ မချခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အတွက် အားနည်းချက် ဖြစ်သွား တာပေါ့နော်၊ ဒါက ဦးဆောင်တဲ့ ကျွန်တော်ရဲ့ လိုအပ်ချက် တွေပေါ့နော်” ဟု ပထမ အကြိမ် ရော်ဘာ စုပေါင်း ရောင်းချပွဲတွင် ကြုံခဲ့ရသည့် အတွေ့အကြုံနှင့် အားနည်းချက် အားသာချက်များကို ဦးထွန်းထွန်းနိုင်က ရှင်းပြသည်။
ယခုကဲ့သို့ စုပေါင်း ရော်ဘာ ရောင်းချပွဲ ပီပီပြင်ပြင် ပေါ်ပေါက် လာရန် အတွက် အထက်တွင် ကြုံတွေ့ ခဲ့ရသည့် အားသာချက်၊ အားနည်းချက် များကို တဖြည်းဖြည်း ပြင်ဆင် လုပ်ဆောင် သွားရဦးမည် ဖြစ်ကာ အဓိက အားဖြင့် ရော်ဘာ တောင်သူနှင့် ရော်ဘာ အဝယ်ဒိုင် နှစ်ဖက် စလုံးမှ “တာဝန်ယူမှု၊ တာဝန်ခံမှု” ရှိရှိဖြင့် ရောင်းချ ၊ ဝယ်ယူ နိုင်မှသာ မျှော်မှန်းထားသည့် Rubber Central Market အားကောင်းကောင်းဖြင့် ပေါ်ပေါက် လာနိုင်မည် ဖြစ်သည်။
ယခုကဲ့သို့ တောင်သူများမှ စုပေါင်း၍ ရော်ဘာ ရောင်းချခြင်း အခမ်းအနားကို တစ်လ တစ်ကြိမ်ခန့် ပြုလုပ် သွားရန် လျာထားကာ ကျင်းပပြီး ယခု ပထမအကြိမ် ရောင်းချပွဲ၊ ဒုတိယ အကြိမ်နှင့် တတိယ အကြိမ် ရောင်းချပွဲ တို့က ပေါင်မြို့နယ် အတွင်း၌ပင် လုပ်ဆောင် သွားဦး မည်ဟု လျာထားပေသည်။
ထိုသို့ တတိယ အကြိမ် ရောင်းချပွဲ ပြီးနောက်တွင်မှ မွန်ပြည်နယ်ရှိ အခြား မြို့နယ်များတွင် ယခု အလားတူ စုပေါင်း ရော်ဘာ ရောင်းချမှုများ တဖြည်းဖြည်း ပေါ်ပေါက် လာနိုင်ရန် ဆက်လက် ကြိုးပမ်း သွားရန် လျာထားကြောင်း ဦးထွန်းထွန်းနိုင်က ရှင်းပြသည်။
ထပ်မံ၍ ဒုတိယ အကြိမ် ရော်ဘာ တောင်သူများ စုပေါင်း ရော်ဘာ ရောင်းချပွဲအား ပေါင်မြို့နယ် ၌ပင် ဇန်နဝါရီ ပထမအပတ် သို့မဟုတ် ဒုတိယ အပတင်တွင် ကျင်းပနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်လျက် ရှိပေသည်။

မြန်မာ့ရော်ဘာ ကဏ္ဍအတွက် SNR Guideline ကို ၂၀၂၄ တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေ မြန်မာနိုင်ငံတွင် ကျင့်သုံး သွားမည့် ရေ...
09/02/2024

မြန်မာ့ရော်ဘာ ကဏ္ဍအတွက် SNR Guideline ကို ၂၀၂၄ တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေ

မြန်မာနိုင်ငံတွင် ကျင့်သုံး သွားမည့် ရေရှည် တည်တံ့သော သဘာဝရော်ဘာ ထုတ်လုပ်ရေး ဆိုင်ရာ အခြေခံမူ တစ်ရပ်အား အတည်ပြု ထုတ်ပြန် နိုင်ရန် အတွက် မူကြမ်း ဒုတိယ အဆင့်အား ရေးဆွဲ ပြင်ဆင် ထားပြီး ဖြစ်ကာ အတည်ပြု ထုတ်ပြန် နိုင်ရန် အတွက် ဆက်လက် ဆောင်ရွက် နေကြောင်း မြန်မာ့ သဘာဝရော်ဘာ ရေရှည် တည်တံ့မှု ဖော်ဆောင်ရေး အသင်း (Myanmar Sustainable Natural Rubber Association – MSNRA) ဥက္ကဋ္ဌ ဒေါက်တာ ယုစိန်က ပြောသည်။
ရေးဆွဲ ထားပြီး ဖြစ်သည့် ဒုတိယ မူကြမ်းသည် နိုင်ငံတကာ ရေရှည်တည်တံ့သော သဘာဝရော်ဘာ ဖော်ဆောင်ရေး အဖွဲ့မှ ထုတ်ပြန် ထားသည့် အခြေခံမူ များအား ကိုးကား၍ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ရေးဆွဲ ထားသည့် ပထမ မူကြမ်း တို့နှင့်လည်း ပေါင်းစပ်ကာ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမှု ရှိစေရန် အတွက် ပြန်လည် ရေးဆွဲ ပြင်ဆင် ထားခြင်း ဖြစ်သည်။
“All-inclusive ဖြစ်ရမယ်၊ Transparence ဖြစ်ရမယ်၊ Responsibility ရှိရမယ်၊ Respectful ဖြစ်ရမယ် ဆိုတဲ့ အခြေခံမူ (၄) ချက်ကို အခြေခံပြီး GRO အဖွဲ့အစည်း အကူအညီကို ရယူပြီးတော့ မြန်မာ့ SNR Guideline ကို ရေးဆွဲ ထားတယ်” ဟု MSNRA အသင်း ဥက္ကဋ္ဌ ဒေါက်တာယုစိန်က ရှင်းပြသည်။
ထိုမူကြမ်းအား ရေးဆွဲ ရာတွင် တိုင်းနှင့် ပြည်နယ်များမှ ရော်ဘာ တောင်သူ ကိုယ်စားလှယ်များ ၊ ရော်ဘာ စက်ရုံ ကိုယ်စားပြု ကိုယ်စားလှယ်များ ၊ ရော်ဘာ အဝယ်ဒိုင် ကိုယ်စားပြု ကိုယ်စားလှယ်များ MSNRA အဖွဲ့မှ ကိုယ်စားလှယ်များ, MRPPA အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ရော်ဘာလုပ်ငန်းကဏ္ဍမှ ကျွှမ်းကျင် ပညာရှင်၊ အကြံပေး ပုဂ္ဂိုလ်များ အပါအဝင် စုံစုံညီညီ ပါဝင် တက်ရောက်ကာ ယခုနှစ်ကုန်ပိုင်း ခန့်တွင် ရန်ကုန်ရှိ Summit Park View ဟိုတယ်၌ GRO အဖွဲ့၏ အကူအညီအား ရယူ၍ ဒုတိယ မူကြမ်း ရေးဆွဲခဲ့ကြောင်း ၎င်းက ဆိုပါသည်။
ထိုရေးဆွဲ ထားပြီး ဖြစ်သည့် ဒုတိယ မူကြမ်းအားလည်း ပြီးခဲ့သည့် ဒီဇင်ဘာ (၁၂) ရက်နေ့တွင် In-person နှင့် Online မှတဆင့် သက်ဆိုင်သူများ ပါဝင်တက်ရောက်သည့် အစည်းအဝေး တစ်ရပ် ခေါ်ယူ ကျင်းပကာ မူကြမ်း အပေါ် အကျေအလည် ဆွေးနွေး ခဲ့ကြကာ ထိုမူကြမ်းအား ပြင်ဆင် အကြံပြု လိုသည်များ ရှိပါက လာမည့် ၂၀၂၄ ဇန်နဝါရီ (၁၂) ရက်နေ့ နောက်ဆုံးထား အကြံပြု နိုင်ရန် အတွက်လည်း ဖိတ်ခေါ် ထားသည်။
ထိုရေးဆွဲ ထားပြီး ဖြစ်သည့် ဒုတိယ မူကြမ်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ သဘောထား မှတ်ချက် တောင်းခံခြင်း၊ ရော်ဘာနှင့် သက်ဆိုင်သည့် အစုအဖွဲ့များ ထံမှ သဘောထား မှတ်ချက် တောင်းခံခြင်း များအား လုပ်ဆောင်လျက် ရှိပြီး ထိုမှ တစ်ဆင့် ရှေ့နေချုပ် ရုံးသို့ ဆက်လက် ပေးပို့ နိုင်ရန် အတွက် ဆောင်ရွက် သွားမည် ဖြစ်သည်။ ထိုမှ တဆင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တဆင့် အဆိုပါ အခြေခံမူအား ထုတ်ပြန် နိုင်ရန် အတွက် ဆက်လက် ဆောင်ရွက် သွားရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိသည်။
“လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကို အဆင့်ဆင့် လုပ်ဆောင် သွားပြီးတော့ နိုင်ငံတော်က နေပြီး မြန်မာ့ SNR Guideline ကို သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနမှာ Register လုပ်မယ်၊ ပြီးရင် နိုင်ငံတကာကို ကြေငြာမယ်၊ ဒါက မြန်မာ့ SNR ကို သွားမည့် Road Map မှာ တစ်ခုပေါ့နော်” ဟု ဒေါက်တာ ယုစိန်က ရှင်းပြသည်။
ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရေး ကဏ္ဍမှ ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင်၊ လူမှုရေး ၊ စီးပွားရေး ကဏ္ဍများ အပေါ် သက်ရောက် နေသည့် အနှုတ်လက္ခဏာ သက်ရောက်မှုများ လျော့ချနိုင်ရန် ၂၀၃၀ နောက်ပိုင်းတွင် ထုတ်လုပ် သွားမည့် ရော်ဘာများ အားလုံး ရေရှည် ဖွံ့ဖြိုး တိုးတက်သော အစီအမံ များဖြင့် ထုတ်လုပ်ရန် အတွက် နိုင်ငံတကာ အစိုးများက ဖိအားပေးလာ နေပြီ ဖြစ်သည်။
ထိုဖိအား များကြောင့်လည်း သဘာဝရော်ဘာ ထုတ်လုပ်နေသည့် မြန်မာနို်င်ငံ အပါအဝင် အခြား နိုင်ငံများ တို့မှလည်း နိုင်ငံတကာ ရေရှည် တည်တံ့သော သဘာဝရော်ဘာ ဖော်ဆောင်ရေး အဖွဲ့မှ ချမှတ် ထားသည့် အခြေခံ မူများအား ကိုးကား၍ မိမိတို့ နိုင်ငံ အခြေအနေအနေဖြင့် ကိုက်ညီမှု ရှိစေရန် အတွက် ပြင်ဆင် လုပ်ဆောင်လျက် ရှိပေသည်။
ထိုအခြေအနေများ အောက်တွင် မြန်မာနိုင်ငံ အနေဖြင့်လည်း ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်း၌ ခေါ်ယူ ကျင်းပခဲ့သည့် ရော်ဘာ ဖိုရမ်၌လည်း “Sustainable Natural Rubber (SNR) နှင့် ပတ်သက်သည့် လုပ်ငန်းစဉ် များကို ရေရှည် စီမံချက် ချမှတ် ဆောင်ရွက်ရန် ဟူ၍ ကာလရှည် အကောင်အထည် ဖော်သွားရမည့် လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ချမှတ် ဆုံးဖြတ် ထားပေသည်။
မြန်မာနိုင်ငံရှိ ရော်ဘာကဏ္ဍတွင် အကျုံးဝင် ပတ်သက်သူများ အားလုံး “Sustainable Natural Rubber (SNR) ထုတ်လုပ်ရန် အတွက် လက်စွဲ ကိုင်တွယ် အသုံးပြု သွားနိုင်ရန် အတွက် ဆိုပါ SNR Guideline ကို လာမည့် ၂၀၂၄ ခုနှစ်တွင် အတည်ပြု ထုတ်ပြန်သွားနိုင်ရန် အတွက် ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။

(၉.၂.၂၀၂၄ ခုနှစ်) နိုင်ငံခြားငွေကြေး-လဲလှယ်နှုန်း============================မှတ်ချက် ။ ။ ဈေးနှုန်းများသည် တစ်ဒေါ်လာ၊ တစ...
09/02/2024

(၉.၂.၂၀၂၄ ခုနှစ်) နိုင်ငံခြားငွေကြေး-လဲလှယ်နှုန်း
============================
မှတ်ချက် ။ ။ ဈေးနှုန်းများသည် တစ်ဒေါ်လာ၊ တစ်ဘတ်၊ တစ်ယွမ်အပေါ် အခြေပြု၍ တွက်ချက်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဖော်ပြပါဈေးနှုန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။

(၉.၂.၂၀၂၄ ခုနှစ်) မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိရော်ဘာပေါက်ဈေးနှုန်းများ=======================...
09/02/2024

(၉.၂.၂၀၂၄ ခုနှစ်) မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိရော်ဘာပေါက်ဈေးနှုန်းများ
===================================
မှတ်ချက် ။ ။ ဖော်ပြပါဈေးနှုန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိနိုင်ပါသည်။

မွန်တစ်ပြည်နယ်လုံး အတိုင်းအတာ ရော်ဘာ စက်ရုံအစုအဖွဲ့ကို လာမည့် ၂၀၂၄ ဇန်နဝါရီတွင် အပြီးသတ် ဖွဲ့စည်းသွားမည်  မွန်ပြည်နယ် အတ...
08/02/2024

မွန်တစ်ပြည်နယ်လုံး အတိုင်းအတာ ရော်ဘာ စက်ရုံအစုအဖွဲ့ကို လာမည့် ၂၀၂၄ ဇန်နဝါရီတွင် အပြီးသတ် ဖွဲ့စည်းသွားမည်

မွန်ပြည်နယ် အတွင်းရှိ ရော်ဘာ ထုတ်လုပ်သည့် စက်ရုံများ ပူးပေါင်း၍ အစုအဖွဲ့ ပုံစံ စုစည်းမှုဖြင့် ရော်ဘာ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အတွက် အကောင်အထည် ဖော်နေသည့် ကြိုးပမ်းမှု၌ စုဖွဲ့မှုအား လာမည့် ၂၀၂၄ ဇန်နဝါရီ လတွင် အပြီးသတ် စုဖွဲ့မှု ပြုလုပ်နိုင်ရန် ပြင်ဆင် လုပ်ဆောင်လျက် ရှိကြောင်း စက်ရုံများ အစုအဖွဲ့ အမှုဆောင် ဦးအောင်ရွှေက ပြောသည်။
ထိုသို့ ရော်ဘာစက်ရုံ အစုအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန်အတွက် မွန်ပြည်နယ် အတွင်းရှိ ရော်ဘာစက်ရုံ (၄၀) ကျော် ပူးပေါင်း ပါဝင်ရန် အတွက် သဘောတူထားပြီး ထိုထဲတွင်မှ အများစုမှာ သံဖြူဇရပ် မြို့နယ်နှင့် ကျိုက်မရော မြို့နယ်တွင်းမှ ရော်ဘာစက်ရုံ အများစု ပါဝင်လျက် ရှိကာ မုဒုံ၊ သထုံ မြို့နယ် တို့မှ စက်ရုံများလည်း ပါဝင်သည်။
ယခုကဲ့သို့ ရော်ဘာစက်ရုံ အစုအဖွဲ့ အကောင်အထည် ပေါ်လာရန်အတွက် လွန်ခဲ့သည့် ၂၀၂၃ သြဂုတ်လ ကတည်းကပင် စတင် ကြိုးပမ်း အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စုဖွဲ့မှု ပုံစံဖြင့် စက်ရုံ အစု အဖွဲ့များမှ မိမိိတို့ ဒေသအလိုက် နိုင်ငံတကာ အရည်အသွေးမီသည့် ရော်ဘာ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အတွက် ဦးစားပေး အကောင်အထည် ဖော်သွားမည်ဟု ဦးအောင်ရွှေက ပြောသည်။
“ကျွှန်တော်တို့က စက်ရုံ တစ်ခုချင်းစီရဲ့ အရည်အသွေး တန်းတူ မဖြစ်သည့်တိုင်၊ နီးနီးစပ်စပ် ဖြစ်အောင် လေ့ကျင့်ပေးမယ်၊ နိုင်ငံတကာ ဝယ်လက် တွေကလည်း ကိုယ့်ဘက်က ကုန်ကြမ်း များများ စုပေးနိုင်မှ သူတို့က လာမယ်လေ၊ ဒါကို ရည်ရွယ်ပြီးတော့ စက်ရုံ တွေကို စုဖွဲ့ခြင်း ဖြစ်ပါတယ်၊ အဓိကကတော့ အဆင့်မြင့်ရော်ဘာ များများ ထုတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျွှန်တော်တို့ လုပ်တာပေါ့” ဟု ဦးအောင်ရွှေက ရှင်းပြသည်။
ထိုသို့ အစုအဖွဲ့ ပုံစံဖြင့် ရော်ဘာ ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပါက မြန်မာနိုင်ငံရှိ စက်ရုံများမှ ထွက်ရှိ လာသည့် ရော်ဘာ အရည်အသွေး တဖြည်းဖြည်း မြင့်တက် လာနိုင်မည်ဟု သုံးသပ်ကြောင်း ရော်ဘာစက်ရုံ အစုဖွဲ့တွင် ပါဝင် လုပ်ဆောင် သွားမည့် ဦးထက်လင်းအောင်က ၎င်း၏ အမြင်အား ပြောသည်။
“တစ်ကယ်လို့ စုဖွဲ့ ဖြစ်ရင်တော့ ကောင်းသွားမယ်၊ နည်းပညာ အပိုင်းတွေရော၊ စျေးကွက်နဲ့ ရောင်းချရေး အပိုင်းတွေမှာရော ၊ သူ့အပိုင်းနဲ့ ကောင်းသွားမယ် ၊ အကုန်လုံးက အရည်အသွေး မြင့်တဲ့ စက်ရုံတွေ အဖြစ် တဖြည်းဖြည်းနဲ့ ပြောင်းလာမယ်၊ အခုကျတော့ ကွျွှန်တော်တို့ စက်ရုံ တစ်ခုထဲက ထုတ်တဲ့ ကုန်ကြမ်း ပမာဏနဲ့က နိုင်ငံတကာ ဝယ်လက်တွေ လိုချင်တဲ့ အရည်အသွေး၊ ပမာဏကို မပေးနိုင်ဘူးလေ၊ နောက်တစ်ခုက အများနဲ့ ရောင်းမယ် ဆိုရင်လဲ ကိုယ်လိုချင်တဲ့ စျေးကို ခေါ်ရောင်းလို့လည်း ရတယ်လေ” ဟု ဦးထက်လင်းအောင်က ၎င်း၏ အမြင်ကို ပြောသည်။
ထိုသို့ ရော်ဘာစက်ရုံ အစုအဖွဲ့ ဖွဲ့စည်းရန် အတွက် ကြိုးပမ်း လုပ်ဆောင်နေသည့် အခြေအနေသည် လက်ရှိတွင် ရော်ဘာ အဖွင့်ရာသီလည်းဖြစ် ရော်ဘာအစေးများ အထွက်အများဆုံး အချိန်လည်း ဖြစ်နေသဖြင့် စက်ရုံ အများစုမှာ မိမိတို့၏ ထုတ်လုပ်ရေး လုပ်ငန်း အတွက် အားစိုက် လုပ်ဆောင် နေရသဖြင့် စက်ရုံ အစုအဖွဲ့ အနေဖြင့် ဖွဲ့စည်း ဆောင်ရွက် သွားရန် ကိစ္စ၌ နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်နေကြောင်း ဦးထက်လင်းအောင်က သုံးသပ်သည်။
ရော်ဘာစက်ရုံ အစုအဖွဲ့များမှ နိုင်ငံတကာ အရည်အသွေးတန်းဝင် ရော်ဘာ ထုတ်ကုန်များ ရှေ့ဆောင်၍ ထုတ်လုပ် ပေးပြီး ထိုမှ တစ်ဆင့် ဒေသတွင်းရှိ တောင်သူများကိုလည်း ထိုသို့ ထုတ်လုပ် နိုင်ရန်အတွက် တဖြည်းဖြည်းဖြင့် ဆွဲခေါ် စည်းရုံး သွားရမည် ဖြစ်ကြောင်း စက်ရုံ အစုအဖွဲ့ဝင် ပါဝင်သည့် ပြည့်စုံ ရော်ဘာ လုပ်ငန်းမှ လုပ်ငန်းရှင် ဦးသီဟထွန်းက ၎င်း၏ အမြင်ကို ပြောသည်။
ထိုသို့ စက်ရုံ အစုအဖွဲ့များ ဖွဲ့စည်း ပြီးပါက စက်ရုံများမှ ထုတ်လုပ်သည့် ရော်ဘာများ နိုင်ငံတကာ အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်၍ အရည်အသွေး တိုးတက်ကောင်းမွန်လာအောင် ကူညီဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် နည်းပညာ သင်တန်းများ ပေးနိုင်ရန် အတွက် ဆွေးနွေးထားပြီး ဖြစ်ကြောင်းလည်း ဦးအောင်ရွှေက ဆက်၍ ပြောသည်။
လက်ရှိတွင် အစုအဖွဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း များအား ပြင်ဆင်၍ ပြီးမြောက်ပြီး ဖြစ်ကာ လာမည့် ဇန်နဝါရီ လတွင် အပြီးသတ် ဖွဲ့စည်းရန်အတွက် ပြင်ဆင် လုပ်ဆောင်လျက် ရှိကြောင်း ဦးအောင်ရွှေက ရှင်းပြသည်။
ထိုသို့ အပြီးသတ် ပြင်ဆင် လုပ်ဆောင် ပြီးပါက အစုအဖွဲ့ မန်ဘာဝင်များ ထည့်ဝင် ရမည့် ရှယ်ယာ တန်ဖိုးကို သတ်မှတ် သွားမည့် လုပ်ငန်းစဉ် များအား ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။

Address

No. 14, Kyaikthalan Pagoda Street, Shwe Taung Quarter, Mawlamyine, Mon State

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Rubber Insights Series - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rubber Insights Series - Myanmar:

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share