Crime Alert - Burma

  • Home
  • Crime Alert - Burma

Crime Alert - Burma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crime Alert - Burma, Media/News Company, .

သတိရှိကြပါ။ဒီညနေ Rose Garden Hotel ကအပြန် ဒေါ်သိန်းတင်လမ်းမကြီးဘက်ကိုကားလမ်းကူးပြီးပြီးချင်း ညာဘက်ကားလမ်းအခြမ်း ၈၉လမ်းနာ...
16/09/2022

သတိရှိကြပါ။

ဒီညနေ Rose Garden Hotel ကအပြန် ဒေါ်သိန်းတင်လမ်းမကြီးဘက်ကိုကားလမ်းကူးပြီးပြီးချင်း ညာဘက်ကားလမ်းအခြမ်း ၈၉လမ်းနားမရောက်ခင်မှာ လည်ပင်းကိုဓားထောက်ပြီးဆွဲကြိုးဖြတ်ခံရပါတယ်
အလုပ်ပြန်ချိန်ဆို Rose Garden Hotel ရဲ့ဟိုဘက်ကားလမ်းမှာက အိမ်ခြေယာမဲ့တွေ၊တစ်ခါတစ်လေ ကော်ထိုင်ရှူနေတဲ့သူတွေပါရှိလို့ ဘယ်တော့မှဟိုတယ်ကထွက်ထွက်ချင်း ကားလမ်းတန်းမကူးပါဘူး
အဲ့လူတွေရှိနေတဲ့နေရာကိုကျော်ပြီးမှ ကားလမ်းကူးပြီး လမ်းမတန်းဘက်ကလျှောက်တာပါ
ဒီနေ့လဲကားလမ်းကူးပြီး လမ်းမတန်းဘက်ကလျှောက်တဲ့အချိန် ပလက်ဖောင်းပေါ်ကလူနှစ်ယောက်ကထလာပြီး လမ်းထောင့်ကအမှိုက်ပုံးနားမှာအမှိုက်ပစ်မလိုလိုလိုလို အရှေ့ဘက်ကိုလမ်းဆက်လျှောက်မလိုလိုနဲ့မနီးမဝေးနားရောက်လာလို့ လူတွေရောဆိုင်တွေရောရှိတဲ့ ဟိုဘက်ကားလမ်းကိုချက်ချင်းကူးလိုက်ပါတယ်
ဟိုဘက်ကားလမ်းရောက်တော့ အရှေ့ကိုဆက်လျှောက်နေတုန်း ၈၉လမ်းနားမရောက်ခင်မှာ အင်္ကျီကော်လံဆောင့်ဆွဲခံရပြီး စက္ကန့်ပိုင်းလေးမှာလည်ပင်းကိုဓားနဲ့ထောက်ပြီးဆွဲကြိုးဆွဲဖြုတ်သွားတာပါ
အသံထွက်ကြည့်ဆောင့်ထိုးပစ်မယ်လို့လဲပြောပါတယ်
စုစုပေါင်းလူ၃ယောက်ပါ
ဓားကလည်ပင်းမှာဆိုတော့ ခြစ်ပစ်လိုက်မှာလဲကြောက် ထိုးခံလိုက်ရမှာလဲကြောက်တာနဲ့ မအော်ရဲလိုက်ပါဘူး
လည်ပင်းက ကုတ်ဆွဲခံလိုက်ရတဲ့ဒဏ်ရာပါ
လူတွေရှိပေမယ့်အော်လဲမအော်ရဲ အကူအညီတောင်းဖို့ကြည့်တော့လဲ တစ်ယောက်မှကိုယ်နဲ့မျက်နှာချင်းဆိုင်ရှိမနေတော့ လူကတကယ်အဲ့နေရာမှာတင်သေတော့မယ်ထင်တာ
လူဘာမှမဖြစ်သွားပေမယ့် လက်သည်းနဲ့ကုတ်ဆွဲခံလိုက်ရလို့ လည်ပင်းဘေးပွန်းသွားပါတယ်
5နာရီ10မိနစ်ဝန်းကျင်လောက်ကပါ
Phoo Pyae Sone Wai

10/09/2022
ဒီမနက် အမျိုးသားကိစ္စရှိလို့ အပြင်သွားချိန် ယောက်ျားတစ်ယောက် အခန်းတံခါးလာခေါက်ပါတယ်....မှန်ဘီလူးက ချောင်းကြည့်တော့ ကိုယ်...
04/09/2022

ဒီမနက် အမျိုးသားကိစ္စရှိလို့ အပြင်သွားချိန် ယောက်ျားတစ်ယောက် အခန်းတံခါးလာခေါက်ပါတယ်....
မှန်ဘီလူးက ချောင်းကြည့်တော့ ကိုယ်မသိတဲ့မျက်နှာစိမ်းဖြစ်နေတာရယ်...တစ်ယောက်ထဲရှိနေချိန်ဖြစ်တာမို့ တံခါးမဖွင့်ပါဘူး....
ခေါင်းလောင်းကိုအကြိမ်ကြိမ်ခေါက်တယ်....
မဖွင့်တဲ့အခါ တံခါးကို ကြိမ်ဖန်များစွာကြမ်းကြမ်းခေါက်တယ်.....
အမျိုးသားကိုဖုန်းဆက်တော့ သူကလဲလမ်းရောက်နေပြီဖြစ်လို့ မဖွင့်ပေးရင်ပြန်မယ်အထင်နဲ့ ထားလိုက်ပါတယ်.....
ဆူညံနေအောင်ကြိမ်ဖန်များစွာထပ်ခေါက်နေဆဲပဲ....
ဒါနဲ့အကြံထုတ်ရင်း ၀ရံတာတံခါးတွေအကုန်ဖွင့်ချပလိုက်တယ်....
အောက်ထပ်က စက်ချုပ်နေတဲ့ ညီမ၂ယောက်ကိုဖုန်းဆက်ခေါ်လိုက်တယ်.....
ညီမ ၂ယောက်တက်လာချိန်မှာ သူ့လူနောက်တစ်ယောက်က ပထမထပ်မှာ လှေကားဒေါင့်မှာ ပုန်းပြီး စောင့်နေမှန်းသိလိုက်ရတယ်
ဟိုနှစ်ယောက်တက်လာတော့မှ တံခါးဖွင့်လိုက်ပြီး...
ဘာကိစ္စရှိလို့လဲမေးတော့.....
ပစ္စည်း လာယူတာတဲ့
ဘာပစ္စည်းမှ ယူဖို့ချိန်းမထားပါဘူးလို့.....
အခန်းထဲကိုသူကြည့်တဲ့အချိန် အိတ်လေးတွေကိုတွေ့သွားတော့
အိတ်အဝါလေးတွေလာယူတာပါတဲ့....
ဘယ်သူနဲ့မှပစ္စည်းပေးဖို့ချိန်းမထားဘူးနော်လို့
ဘယ်သူယူခိုင်းတာလဲမေးတော့
မဖြေနိုင်ဘဲ....
ဒီလိုပဲ၀င်ယူလိုက်တာတဲ့....
အမတို့က ပစ္စည်း ကိုဒီမှာမရောင်းပါဘူး....
မှာထားတယ်ဆိုရင်တောင် deli နဲ့ပဲပို့ပါတယ်....
သြော်ဟုတ်လားဘာညာပြောရင်း
ပေကတ်ကတ် ဆက်ရှိနေပါသေးတယ်....
ဆက်ရှိနေချိန် ဖုန်း၀င်လာတယ်
၀င်လာတဲ့ဖုန်းကိုမကိုင်ဘဲပိတ်ချလိုက်ပါတယ်....
ကြည့်ရတာ အဖွဲ့နဲ့လှုပ်ရှားနေသလိုပါပဲ...
ညီမ၂ယောက်ကို အိမ်ထဲ၀င်ခိုင်းပြီး
တံခါးပိတ်လိုက်မှထွက်သွားပါတယ်
ဘယ်လောက်ကြာအောင်လေ့လာပြီးပြီလဲမသိနိုင်ပါဘူး....
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မအမျိုးသား မနက်ပိုင်း စျေးသွားချိန်မှာမလာဘဲ.....
အမျိုးသားကားနဲ့ထွက်သွားပြီးတာနဲ့
အိမ်မှာလူနဲတယ်အထင်နဲ့
ချက်ချင်းရောက်ချလာတာမျိုးပါ....
အောက်ထပ်မှာ ညီမတွေရှိနေတာကို သိပုံမရဘူး...
အ၀င်အထွက်ရှိနေတဲ့ deli မောင်လေးကိုလဲသိနေပုံပါပဲ......
အမျိုးသားရောdeliမောင်လေးရောအတူထွက်သွားတာကိုမြင်လိုက်လို့
တက္​လာတဲ့ပုံစံပါ.....
ကျွန်မက သတိနဲ့နေနေတာရယ်
ပါးပါးနပ်နပ်ရှိတာရယ်ကြောင့်သာ
ဘာမှ ဖြစ်မသွားတာပါ....
ဘယ်သူတံခါးလာခေါက်ခေါက် မသိတဲ့လူဆို လုံး၀မဖွင့်ပေးပါနဲ့
အိမ်တံခါး သေချာသော့ခတ်ကြပါရှင်...
Sakura phyu ထံမှ ပြန်လည်ဖော်ပြသည်။

03/09/2022

Address


Website

Alerts

Be the first to know and let us send you an email when Crime Alert - Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share