ပိတ်ရက်လေးမှာ hotpotစားချင်လို့ ညီမတွေခေါ်ခိုင်း😂
စတာပါ ကုန်တာက ကျယ်မပါ🥴
Bagan Vlog
ရွှေစည်းခုံ နဲ့ အလိုတော်ပြည့် မှာ ကိတ်ခွဲမယ်
ပုဂံမှာ အကြော်စား Vlog 😁
Blogger လောကထဲ နောက်တစ်ယောက်တိုးပြီ🥰
အကြော်ရဲ့ အသက်ကတော့ အချဉ်ရည်ပါ🤤
2.12.2023
ဆုံးပါးသွားတာကြာပြီဖြစ်တဲ့ ဖေဖေ့ရဲ့ 45နှစ်ပြည့်မွေးနေ့
မုန့်ဟင်းခါး အချိန်220 စတုဒီသာကျွေးတဲ့ အလှုကို
Vlog လေးလုပ်ပြီး အမှတ်တရတင်တာ ဖြစ်ပါတယ်ဗျ🤗
Soju ကို Strawberry Yogurt နဲ့ ရော
သုံးထပ်သား ဂင်ချီ ဆလပ် ထုပ်ပြီး မြည်း
အာဂပါးစပ် လူဖြစ်ရကျိုးနပ်တယ် ဆိုတာ ဒါပြောတာ နေမှာ🤤
Behind the scenes မှာတော့ အော်ကလီဆန် သွားတယ်🥴
နေမုန်တိုင်းကြောင့် ကမ္ဘာပျက်မယ်ပြောတာ ယုံတဲ့လူက ဦးနှောက်မရှိလို့တဲ့🤣🤣🤣
ကမ္ဘာပျက်တာ တကယ်တော့ ဂုဏ်ယူစရာပါ😏
(ငါ့အဖိုးပြောတာ)
Ngwe Saung
Day 2 and Day3 Vlog
Snorkeling 🤿 Day
Sandy Bay မှာ breakfast စားပြီး
ငှက်ကျွန်း
လိပ်ကျွန်း
ကျွန်းလျားရှည်
အတွက် မနေ့ညကဖုန်းနံပါတ်ပေးသွားတဲ့ speed boat လူစုနေတဲ့ ကောင်လေးဆီဖုန်းပြန်ခေါ်ပြီး လိုက်မည့်အကြောင်းပြောတော့ သူက 9:30ထွက်မယ်အစ်မ ခဏနေ ကျွန်တော် လာခေါ်မယ် ပြောလို့ အခန်းထဲ ယူစရာရှိတာ ယူပြီး လိုက်သွားကြတယ်
တစ်ယောက်ကို 50000ks
ငှက်ကျွန်းကတော့ တောင်တက်ရတယ် လှေကားက 127ထစ် ကျောက်တုံးတွေပေါ်ကို ထပ်တက်ရသေးတယ် ဒါကတော့ အောက်က Vlog ထဲမှာ ပါပါတယ် အပေါ်က ကြည့်ရတဲ့viewကတော့ အမောပြေပါတယ်
လိပ်ကျွန်းကတော့ ကြည့်ယုံ ပတ်ပြတာပါ သက်သက်အမည်ခံလေး ထည့်ထားတာပေါ့ ဒါပေမယ့် လှပါတယ်
ကျွန်းလျားရှည်မှာ ကိုယ်တွေ သွားတဲ့အချိန်က ရေတက်ချိန်မို့ ကိုယ်တွေကူးတဲ့နေရာက 15ပေ လောက်နက်ပါတယ်တဲ့ lifejacket တွေနဲ့ဆိုတော့ အန္တာရာယ်တော့ မရှိပါဘူး
အဲ့ကအပြန်ကိုတော့ Grand Ngwe Saung ကိုပြောင်းပါတယ် Garden viewကို 80000ksပါ
ငွေဆောင် Vlog
Ngwe Saung Day 1 Vlog
အိမ်ကနေ 8မိုင် ford ကားshowroomကို taxi ငှားပြီး မနက်5:30အရောက် သွားပါတယ်
လမ်းမှာ ပြည်ကြီးမဏ္ဌိုင် မှာ မိနစ်30 breakfast စားဖို့ နားပါတယ်
အဲ့ကနေ ပုသိမ်ကို ဆက်မောင်းပြီး ပုသိမ်မှာ လက်ဖက်ရည်သောက် နားပါတယ်
ပုသိမ်ကနေ ငွေဆောင်ကို တန်းသွားပါတယ်
သူတို့ကလဲ hotel စီစဉ်ပေးပါတယ် ကိုယ်က အခန်းမကြိုက်ပဲ မငှားချင်လို့ ကိုယ့်ဘာသာပဲရှာပါတယ် အရင်ဆုံး ဈေးသင့်ပြီး နာမည်ကြီးတဲ့ hotel တစ်ခုကို အရင်သွားကြည့်ခဲ့ပါတယ် အခန်း နံလို့ အစဉ်မပြေလို့ မတည်းဖြစ်ပါဘူး
ဒါနဲ့ 3ဘီးငှားပြီး ဈေးနားက Hotel တွေထဲက Sandy Bay Resort လေးက ဘန်ဂလိုလေးလဲဖြစ် အခန်းလေးက သန့်ပြီး သမီးလေးအကြိုက် ရေကူးကန်လေးက အခန်းရှေ့မှာတင်ဆိုတော့ ကြိုက်လို့တည်းဖြစ်ပါတယ် ကျွန်တော်တို့ တည်းတဲ့ အခန်းကတော့ 144000ks ပေးရပါတယ်
ကိုယ့်အဖွဲ့တွေနဲ့ကိုယ် သီးသန့်လေး အေးအေးဆေးဆေး chill ချင်သူတွေအတွက် Sandy Bay Resort ကို 100% recommend ပေးပါတ