We Love pyawbwe

  • Home
  • We Love pyawbwe

We Love pyawbwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love pyawbwe, Newspaper, .

ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး ငွေစာရင်းဆိုင်ရာဘာသာရပ်သင်တန်းဖွ...
10/12/2022

ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး ငွေစာရင်းဆိုင်ရာဘာသာရပ်သင်တန်းဖွင့်လှစ်ပို့ချ
ပျော်ဘွယ် ဒီဇင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန်ရည်ရွယ်၍ ငွေစာရင်းဆိုင် ရာဘာသာရပ်သင်တန်းကို မြို့နယ်ရုံ Community Centre ခန်းမတွင် ဒီဇင်ဘာလ(၁၀)ရက်၊ နံနက်(၉) နာရီခွဲမှစတင်ပို့ချခဲ့ကြောင်း သိရသည်။
ငွေစာရင်းဆိုင်ဘာသာရပ်သင်တန်း နှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက "ဌာနဆိုင်ရာဝန်ထမ်းများဖြစ်သည်နှင့်အညီ ငွေစာရင်းကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ဦးစီးဌာနမှလည်း ငွေစာရင်းထိန်းသိမ်းနည်း စာအုပ်များကို ဖြန့်ဝေထားပြီးဖြစ် ပါကြောင်း၊ ဝန်ထမ်းတိုင်းသိရှိနားလည်စေရန်အတွက် ယခုသင်တန်းကိုဖွင့်လှစ်ပို့ချခြင်း ဖြစ်ပါကြောင်း" ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ဒုတိယဦးစီး မှူး ဒေါ်ဝင်းဝင်းအေး က ငွေစာရင်းဆိုင် ဌစပုံစံရေးသွင်းနည်းများ၊
ချက်လက်မှတ်အသုံးပြုနည်းများ၊
ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဘဏ္ဍာရေးကျင့်စဉ်နည်းများ၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများကို ၂ ရက်တာသင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြ/ဆက်

ပျော်ဘွယ်မြို့နယ်တွင် သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပျော်ဘွယ် ဒီဇင်ဘာ ၁၀ပျော်ဘွယ်မြို့နယ်အတွင်း  သန...
10/12/2022

ပျော်ဘွယ်မြို့နယ်တွင် သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ပျော်ဘွယ် ဒီဇင်ဘာ ၁၀
ပျော်ဘွယ်မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၁၀)ရက် နံနက်(၈)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် နယ်မြေခံ တပ်မှ တပ်မတော်သားများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ က ကျောင်းဝင်းအတွင်းရှိ ချုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လေ့လာကြည့်ရှု အားပေးခဲ့ကြသည်။
မြို့နယ်အတွင်းရှိ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်သတ်မှတ်နေရာများ၌ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးမှသိရသည်။
မြို့နယ်ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်တွင်ဒီဇင်ဘာအားကစားလ ဒုတိယပတ် စုပေါင်း လမ်းလျှောက်ခြင်းကျင်းပပျော်ဘွယ် ဒီဇင်ဘာ ၁၀ပျော်ဘွယ်မြို့နယ် အားကစ...
10/12/2022

ပျော်ဘွယ်မြို့နယ်တွင်ဒီဇင်ဘာအားကစားလ ဒုတိယပတ် စုပေါင်း လမ်းလျှောက်ခြင်းကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာ ၁၀
ပျော်ဘွယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ လ(၁၀)ရက်၊ နံနက်(၆)နာရီမှစတင်ကာ စုပေါင်းလမ်းလျှောက်ခြင်း ကျင်းပခဲ့ကြောင်းသိရသည်။
စုပေါင်းလမ်းလျှောက်ခြင်းကို မြင်းဘက်ရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ စတင်ကာ ရန်ကုန်-မန္တလေးကားလမ်းမအတိုင်း ရွှေပြည်ရန်နိုင်ရပ်ကွက်၊ မြို့နယ် အားကစားကွင်းအထိ စုပေါင်းလမ်း လျှောက်ကြပြီး ကာယလေ့ကျင့်ခန်း များပြုလုပ်ကြသည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၄၅၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်

MOI သတင်းပါရှိမှုလေးပါ
09/12/2022

MOI သတင်းပါရှိမှုလေးပါ

ပျော်ဘွယ် ဒီဇင်ဘာ ၉မင်းမင်းထွေး

09/12/2022

ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လူငယ်စကားဝိုင်းကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာ ၉

MOI ပါရှိမှုလေးပါ
08/12/2022

MOI ပါရှိမှုလေးပါ

ပျော်ဘွယ်မြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပျော်ဘွယ် ဒီဇင်ဘ....

08/12/2022

ပျော်ဘွယ်မြို့နယ်တွင်အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာ ၈

ယနေ့ MOI ပါရှိမှုလေးပါ
08/12/2022

ယနေ့ MOI ပါရှိမှုလေးပါ

ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပပျော်ဘွယ.....

08/12/2022

ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့် ကဏ္ဍစုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာ ၈

ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများဖြင့်စာဖတ်ဝိုင်းကျင်းပပျော်ဘွယ် ဒီဇင်ဘာ ၇ ပျော်ဘွယ်မြို့နယ်တ...
07/12/2022

ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများဖြင့်စာဖတ်ဝိုင်းကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာ ၇
ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ် ခြင်းကို ဒီဇင်ဘာလ(၇)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေး က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ မောင်လင်း ရေးသားသည့် ပညာရှင်ပီသတဲ့ကျောင်းဆရာ စာအုပ်ပါအကြောင်းအရာ များကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်ကျောင်းသားများနှင့် ကျောင်းသူများက ယခုစာအုပ်တွင် ပညာရှင်ပီသမှုအကြောင်းအရာ များ၊ ပညာရှင်ပီသမှုကိုအဓိပ္ပါယ်ဖွင့်ဆိုကြပုံများ၊ ပညာရှင်တစ်ယောက်ဖြစ်လာစေရန်အတွက် နည်းလမ်းကောင်းများ၊ စဉ်းစားသုံးသပ်မှုပါသော ဆုံးဖြတ်ချက်များ စသည်တို့သည် ပညာရှင်များအတွက်သာမက အချို့အကြောင်းအရာ များသည်လည်း မိမိတို့ကျောင်းသား၊ ကျောင်းသူများပင် လက်ခံကျင့်သုံးရမည့်အချက်များပါဝင်သောကြောင့် အသုံးဝင် သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ပျော်ဘွယ် ဒီဇင်ဘာ ၇ ပျော်ဘွယ်မြို့နယ်...
07/12/2022

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်
ပျော်ဘွယ် ဒီဇင်ဘာ ၇
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့် တိုက်သို့ စာပေအမြဲလာရောက်ဖတ်ရှုသည့် ကျောင်းသား၊ ကျောင်းသူများလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပေးခြင်းကို ဒီဇင်ဘာလ(၇)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပသည်။
ပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ "ယခုလိုပြိုင်ပွဲကျင်းပပေးရတာကတော့ ကလေးတွေဉာဏ်ရည်ဖွံ့ဖြိုးတိုးတက် စေဖို့၊ မှတ်ဉာဏ်ရင့်သန်လာစေဖို့၊ စာပေကိုပိုမိုလေ့လာဖတ်ရှုတတ်တဲ့အလေ့အကျင့်ကောင်းတွေရရှိစေဖို့၊ စာကြည့် တိုက်တွေကို ပညာဗဟုသုတရှာတဲ့အခါမှာ အသုံးပြုတတ်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ပေးခြင်း ဖြစ် ပါတယ်"ဟု မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေး က ရှင်းပြသည်။
အဆိုပါပြိုင်ပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(6)ဦး၊ အခြေခံ ပညာအထက်တန်းကျောင်း(ရွှေပြည်ရန်နိုင်)မှ ကျောင်းသား၊ ကျောင်းသူ(6)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ပျော်ဘွယ် ဒီဇင်ဘာ ၇ ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွ...
07/12/2022

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်
ပျော်ဘွယ် ဒီဇင်ဘာ ၇
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် လာရောက်အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ဒီဇင်ဘာလ(၇)ရက်၊ နံနက်((၈)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က ငယ်စဉ်အချိန်မှစတင်ကာ စာပေလေ့လာဖတ်ရှုတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေဖတ်ရှရာတွင် မိမိအတွက်အကျိုးဖြစ်ထွန်း မည့် အကြောင်းအရာများကိုရွေးချယ်ဖတ်ရှုတတ်စေရေး၊ မှတ်ဉာဏ်စွမ်းရည်မြင့်မားလာစေရေး၊ မိမိကိုယ်တိုင်ဖတ်ရှု သည်နှင့်မပြီးဘဲ အခြားသူများကို နားလည်သဘောပေါက်စေရန် ပြန်လည်ရှင်းပြတတ်စေရေးတို့အတွက် ကျင်းပ ပြလုပ်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြိုင်ပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဒို့ကျေးရွာဂျာနယ်တွင် စာရေး သူ ပင်လယ်ပြာ(ငါးဦးစီး)၏ “မိုးရာသီတွင်သာပေါ်တတ်သော ဆေးဖက်ဝင် ဂုံမင်းပင်၏ကျန်းမာရေးကောင်းကျိုးများ” ကိုဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူများ အပျော်တမ်းအဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပပျော်ဘွယ် ဒီဇင်ဘာ ၆ ပျော်ဘွယ်မြို့...
06/12/2022

ပျော်ဘွယ်မြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူများ အပျော်တမ်းအဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာ ၆
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ရုံးပြည်သူ့စာကြည့် တိုက်သို့လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်း စစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းကို ဒီဇင်ဘာလ(၆)ရက်၊ နံနက်(၉)နာရီက မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကောင်းသောယှဉ်ပြိုင်မှုနဲ့ ပြိုင်ဆိုင်တတ် စေရန်၊ ကျောင်းစာတွင်မက အားကစားကဏ္ဍမှာကိုလည်း စိတ်ပါဝင်စားစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ပေးခြင်းဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ကျင်းပပြုလုပ် ပေးကာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ပျော်ဘွယ် ဒီဇင်ဘာ ၅ ပျော်ဘွယ်မြို့နယ်ရုံးပြည်သူ...
05/12/2022

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
ပျော်ဘွယ် ဒီဇင်ဘာ ၅
ပျော်ဘွယ်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးဆရာ ကောင်းမြတ် ရေးသားသည့် ပွင့်သောပန်းတိုင်းမွှေးပါစေ ဆိုသည့်စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ဒီဇင်ဘာလ(၅)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းကြူ က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ကောင်းမြတ် ရေးသားသည့် ပွင့်သောပန်းတိုင်းမွှေးပါစေ စာအုပ်ပါအကြောင်းအရာ များကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်ကျောင်းသားများနှင့် ကျောင်းသူများက ယခုစာအုပ်တွင် ကလေးများသည် ရန်လိုတတ် သောအလေ့အထရှိပြီး ၎င်းစိတ်ကိုပျောက်အောင်ပြုစုပျိုးထောင်နည်းများ၊ စည်းကမ်းမလိုက်နာတတ်သည့် ကလေး များကို စည်းကမ်းရှိလာအောင်ပြုပြင်နည်းများ၊ လေ့လာသင်ယူမှုအားနည်းသည့်ကလေးများကို လေ့လာမှုအား ကောင်းလာစေရန်ပြုပြင်နည်းများ စသည်တို့ကိုတွေ့မြင်ရပြီး မိမိတို့ကိုယ်တိုင်လည်း ၎င်းစာအုပ်ကို ဖတ်ရှု ရခြင်းကြောင့် အတုယူကာ ပြုပြင်နေထိုင်နည်းများကို သိရှိလာသည့်အတွက် လူငယ်များအတွက်များစွာအသုံး ဝင်သည့်စာအုပ်တစ်အုပ်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်တွင် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားက...
05/12/2022

ပျော်ဘွယ်မြို့နယ်တွင် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင်
ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာ ၅
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် အထက်တန်း အဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၅)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရွေးချယ်ခဲ့မှုအခြေအနေများ၊ နောင်လာမည့်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပြင်ဆင်သတိထားရမည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်မြကြေးမုံနှင့်တာဝန်ရှိသူများကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ နှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ရေးဆွဲထားသည့်ပန်းချီပုံများတွင် ပါဝင်သည့် ရည်ညွှန်းထားသော အကြောင်းအရာများ၊ အဓိကဆိုလိုချင်သည့်အချက်အလက်များကို ပြန်လည်ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-
04/12/2022

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-
04/12/2022

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-
03/12/2022

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-
03/12/2022

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

ပျော်ဘွယ်မြို့နယ်တွင် အသိပညာပေးဟောပြောခြင်း၊နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ပျော်ဘွယ် ဒီဇင်ဘာ...
02/12/2022

ပျော်ဘွယ်မြို့နယ်တွင် အသိပညာပေးဟောပြောခြင်း၊
နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်
ပျော်ဘွယ် ဒီဇင်ဘာလ ၂
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးအကြောင်းအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ(၂)ရက်၊ နံနက်(၁၀)နာရီခွဲ က အခြေခံပညာအထက်တန်းကျောင်းခွဲ(အောင်သာ)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က စာပေလေ့လာ ဖတ်ရှုရခြင်း၏အကျိုးကျေးဇူးများ၊ လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးဆက်နွယ်မှုများ၊ ငယ်ရွယ်စဉ်ကပင် မူးယစ်ဆေး ဝါးကို ရှောင်ရှားနိုင်မည့်ဘဝနေထိုင်နည်းများကို ကျောင်းသား၊ ကျောင်းသူများနှင့်အပြန်အလှန် ရှင်းလင်းဆွေးနွေး ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ပြီး စာပေဝါသနာ ပါသည့် ကျောင်းသား၊ ကျောင်းသူများသို့လည်း စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပျော...
01/12/2022

ပျော်ဘွယ်မြို့နယ်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်
ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာလ ၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ဒီဇင်ဘာလ(၁)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပသည်။
ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သည့် ပန်းချီပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဒီဇင်ဘာလ(၅)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်

ပျော်ဘွယ်မြို့နယ်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပပျော်ဘွယ် ...
01/12/2022

ပျော်ဘွယ်မြို့နယ်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်
ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပ
ပျော်ဘွယ် ဒီဇင်ဘာလ ၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၁)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့မှုအခြေအနေများ ကိုဟောပြောပြီး စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဒီဇင်ဘာလ(၅)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-
01/12/2022

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-
01/12/2022

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-
30/11/2022

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည...
30/11/2022

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

တက်ကြွသောအင်အားများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည...
26/11/2022

တက်ကြွသောအင်အားများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် အကြောင်းတရားများသည် ပြည်ပတွင်မရှိဘဲ ပြည်တွင်း၌သာရှိနေသည်ဟု ပညာရှင်တို့က ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံဆင်းရဲနွမ်းပါးနေသည်ကို လေ့လာကြည့်လျှင် ယင်းနိုင်ငံသည် မိမိတွင်ရှိနေသော ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူအင်အားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် မစုစည်း၊ မသုံးစွဲနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်ဟူ၍လည်း အဆိုရှိသည်။

ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပြင်ပအကြောင်းအရာများဖြစ်သည့် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အကြား စစ်ရေး၊ နိုင်ငံရေးအားပြိုင်မှုများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးမတည်ငြိမ်မှုများမှတစ်ဆင့် အထွေထွေကုန်ဈေးနှုန်းများမြင့်တက်လာခြင်း၊ အမေရိကန်ဒေါ်လာငွေကြေးတန်ဖိုး မြင့်တက်ခြင်းကြောင့် အခြားနိုင်ငံများ၏ ပြည်တွင်းသုံးငွေတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းစသည့်ဖြစ်စဉ်များကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကိုကြုံတွေ့ခဲ့ရသည်။ ဤတွင် ပြင်ပအကြောင်းတရားများဟူသည် မိမိတို့ပြုပြင်ဖန်တီး၍မရနိုင်သော အရာများပင်ဖြစ်ပြီး ပြည်တွင်းအားဖြစ်သည့် ငွေကြေးဓနအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူ အင်အားတို့ကသာ မိမိတို့ပိုင်၊ မိမိတို့ဖန်တီးနိုင်သောအရာများဖြစ်သည့်အလျောက် ပြည်တွင်းအားကိုသာ စုစည်းရယူသုံးစွဲသွားရမည်ဖြစ်သည်။

“မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည်တွင်းအားသည် ပြည်တွင်း၌သာရှိသည် ဟူသည့် ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုဦးတည် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင်ပြောကြားခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်နှင့် လာမည့်ဘဏ္ဍာရေးနှစ် တို့အတွင်း ပြည်သူများ၏ လူမှုစီးပွားရေးဘဝများ အလျင်အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပေးမြှင့်တင်သွားရန်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအားပေးသွားရန်၊ ပြည်ပမှကုန်ပစ္စည်းများ မှာယူတင်သွင်းနေရသည်များကို အတတ်နိုင်ဆုံးလျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို အစားထိုးသုံးစွဲနိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်သွားကြရန်လည်း ထည့်သွင်းမှာကြားခဲ့သည်။

ဓန၊ ရုပ်ဝတ္ထုနှင့် လူဟူသောပြည်တွင်းအရင်းအမြစ် အင်အားသုံးရပ်တွင် လူသားအရင်းအမြစ်က အရင်းခံအကျဆုံးဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ကိုစုစည်းကာ ထိရောက်စွာအသုံးချနိုင်ခြင်းအားဖြင့် ကျန်အရင်းအမြစ်နှစ်ရပ်ကိုလည်း အကျိုးရှိဆုံးအသုံးချလာနိုင်မည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဟုဆိုရာတွင် အတတ်ပညာ၊ နည်းပညာနှင့် ကျွမ်းကျင်မှုပြည့်ဝသည့် တန်ဖိုးမြင့်လူသားအရင်းအမြစ်အဖြစ်လိုအပ်သည်သာမက ပြည်သူတစ်ရပ်လုံးက တက်ကြွသောအင်အား (Dynamic Force) များဖြစ်လာသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အရှိန်အဟုန်မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

https://t.me/myanmarnewspaper/59624

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://rb.gy/qs9dri

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

တက်ကြွသောအင်အားများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အ...

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-http...
26/11/2022

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/19h7GKLiVq-maWE1s7BpPyUcbSGGJySDT/view?usp=share_link

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://rb.gy/qs9dri

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

သက်ရှည်ကျန်းမာစေဖို့ရာ လမ်းမှန်မှန်လျှောက်ပါ***********************************************တင်ထက်ထက်ဇော်   မြန်မာနိုင်ငံ...
26/11/2022

သက်ရှည်ကျန်းမာစေဖို့ရာ လမ်းမှန်မှန်လျှောက်ပါ
***********************************************
တင်ထက်ထက်ဇော်
မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၆၇ ဒသမ ၄၂ နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ တွက်ချက်မှုမှာ ၆၇ ဒသမ ၇၈ နှစ်ဖြစ်ကြောင်း သိရသည်။ လူတစ်ယောက် သက်တမ်းစေ့နေနိုင်ရန်နှင့် သက်ရှည်ကျန်းမာစေရန်အတွက် သွေး၊ လေ များကောင်းမွန်လည်ပတ်အောင် နေ့စဉ်လမ်းမှန်မှန်လျှောက်ခြင်းကလည်း အဓိကကျပါသည်။ WHO မှ ထုတ်ပြန်ကြေညာချက်များအရ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ချို့တဲ့ခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ နှစ်သန်းခန့်ရောဂါဖြစ်ကြပြီး ကိုယ်ခန္ဓာမသန်စွမ်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းများကို ရင်ဆိုင်နေကြရကြောင်း သိရသည်။
ကျန်းမာကြံ့ခိုင်နေသူတစ်ဦးသည် အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိသည်။ အထူးသဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ လူတိုင်းတွင် မွေးရာပါစွမ်းဆောင်ရည်များပါလာကြသည်။ သို့သော် ကျန်းမာနေမှသာလျှင် ထိုစွမ်းဆောင်ရည်များကို အပြည့်အဝအသုံးချ နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းအတွက် ကျန်းမာရေးသည် ပထမ၊ ကျန်းမာရေးသည် ဒုတိယ၊ ကျန်းမာရေးသည် တတိယဖြစ်နေခြင်းဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်ရေးအတွက် ငွေကုန်ကြေးကျသက်သာသည့် အလွယ်ကူဆုံးလေ့ကျင့်ခန်းသည် လမ်းလျှောက်ခြင်းဖြစ်ပါသည်။
ကမ္ဘာ့အိုလံပစ်ပွဲတော် စတင်ပေါက်ဖွားရာ ဂရိနိုင်ငံ၏ ကမ်းခြေကျောက်သား ကမ်းပါးတစ်ခုပေါ်မှာ -
သင်ကျန်းမာချင်ပါသလား။
သင် - လမ်းလျှောက်ပါ။
သင်ဉာဏ်ကောင်းချင်ပါသလား။
သင် - လမ်းလျှောက်ပါ။
သင်လှချင်ပါသလား။
သင် - လမ်းလျှောက်ပါ။
ဟူသော ကမ္ပည်းရေးထိုးထားသည်မှာ လူသားအားလုံးအတွက် မှတ်သားနာယူဖွယ်ဖြစ်ပေသည်။
အားကစားလေ့ကျင့်နည်းအမျိုးမျိုးရှိကြရာ ၎င်းတို့အနက် “လမ်းလျှောက်ခြင်း”က အရွယ်သုံးပါးမရွေး အထူးသင့်တော်သည့် လေ့ကျင့်ခန်းဖြစ်ပါသည်။ ထို့ကြောင့် အင်္ဂလိပ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ William Cubitt ဆိုသူက ရာသီအချိန်အခါမရွေး လမ်းလျှောက်နိုင်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ၁၈၁၈ ခုနှစ်မှာ Treadmills (ခေါ်) ဆုံလည်ဒေါင်လိုက် ဘီးတပ်ထားသည့် လှေကားထစ်ပုံစံ လမ်းလျှောက်စက်ကို စတင်တီထွင်ပေးခဲ့ပါသည်။ ယနေ့ အမေရိကန်ပြည်ထောင်စုအပါအဝင် တိုးတက်ခေတ်မီနေသော ကမ္ဘာ့နိုင်ငံကြီးများ၏ဆေးရုံကြီးများတွင် လမ်းလျှောက်စက်များထားရှိကာ နာတာရှည်ဆီးချိုရောဂါ၊ နှလုံးနှင့် အဆုတ်ဝေဒနာသည်များကို လမ်းလျှောက်စေသည့် လေ့ကျင့်ခန်းကုထုံးအဖြစ် အောင်မြင်စွာ ကုသလျက်ရှိနေကြပါသည်။
“လမ်းလျှောက်ခြင်း” သည် လူတိုင်းလုပ်ဆောင်နိုင်သော လေ့ကျင့်ခန်းဖြစ်သလို ငွေကြေးကုန်ကျမှုမရှိ၊ ကရိကထလည်း မများသည့်ပြင် အလွယ်ကူဆုံးဖြစ်သောကြောင့် မိမိတစ်ဦး တည်းဖြစ်စေ၊ မိသားစု (သို့မဟုတ်) မိတ်ဆွေသူငယ်ချင်းများနှင့် အုပ်စုလိုက်ဖြစ်စေ၊ အိမ်မွေးခွေးလေးများနှင့်ဖြစ်စေ လွတ်လပ်ပေါ့ပါးစွာ ပြုလုပ်နိုင်ပါသည်။ ကျန်းမာခြင်းဟူသော ဆုလာဘ်သည် ငွေကြေးဖြင့်ဝယ်ယူ၍ရသော ပစ္စည်းမဟုတ်ပေ။
လူတိုင်းလူတိုင်း မိသားစုဝင်များအားလုံး ကိုယ်ကျန်းမာနေမှလည်း စိတ်ချမ်းသာနိုင်မည် ဖြစ်ပေသည်။
လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
လမ်းလျှောက်ခြင်းသည် ရောဂါကင်းဝေးကျန်းမာစေပြီး အသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်ပေရာ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကို အောက်ပါအတိုင်း အသိပေးမျှဝေလိုပါသည်။
နှလုံးအားကောင်းစေပါသည်။ ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော HDL ကိုလက်စထရောများကို သဘာဝအလျောက်မြှင့်တင်ပေးပြီး မကောင်းသော LDL ကိုလက်စထရောများကို လျှော့ချပေးပါသည်။ နှလုံးသွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသဖြင့် နှလုံးကိုကျန်းမာစေပါသည်။
ပျမ်းမျှ တစ်နေ့လျှင် ဘတ်စ်ကား ခုနစ်မှတ်တိုင်အကွာအဝေး (သို့မဟုတ်) ၎င်းထက်ပို၍ လမ်းလျှောက်သူများသည် သီတင်းတစ်ပတ်လျှင် ပျမ်းမျှ ဘတ်စ်ကားငါးမှတ်တိုင် အကွာအဝေးခန့်သာ လျှောက်သူများထက် နှလုံးရောဂါဖြစ်ပွားနိုင် သည့်အန္တရာယ် ၃၆ ရာခိုင်နှုန်း လျော့နည်းပြီး လေဖြတ်နိုင်သည့်အန္တရာယ်မှလည်း ၅၄ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။ ထို့ပြင် လမ်းလျှောက် သည့် အမြန်နှုန်း(သို့မဟုတ်)အကွာအဝေးပိုများသူများတွင် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်လျော့နည်းကြောင်း၊ ရက်သတ္တတစ်ပတ်လျှင် မိနစ် ၃၀ ကြာ လမ်းလျှောက်နိုင်မည်ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်း နည်းပါးသွားကြောင်း လေ့လာမှတ်သားရပါသည်။
လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်ကျဆင်းသွားစေပြီး ၁၀ မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ရုံမျှဖြင့် ကယ်လိုရီ ၅၀ လောင်ကျွမ်းနိုင်ကာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုလည်း အားကောင်းလာစေပါသည်။ သွေးတိုးနှင့်လေဖြတ်ခြင်းမှကာကွယ်စေပါသည်။ တစ်နေ့လျှင် နာရီဝက်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပေးခြင်းက သွေးတိုးရောဂါမဖြစ်စေတော့ပေ။ ထို့ပြင် သွေးတိုးရောဂါနှင့် ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းအလားအလာကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။
လမ်းလျှောက်နေချိန်တွင် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် များများလိုအပ်ခြင်းကြောင့် အသက်ပိုရှူရသဖြင့် အဆုတ်၏ လုပ်ဆောင်ချက်များ ပိုကောင်းလာပါသည်။ ရောဂါဝေဒနာဆိုးများမှ တားဆီးပေးနိုင်ပါသည်။ နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းက ဆီးချိုရောဂါ အမှတ်-၂ ဖြစ်နိုင်ခြေ အလားအလာကို ၆၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချပေးသည့် အပြင် ရက်သတ္တပတ်လျှင် နာရီဝက်ခန့် လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်တွင်းရှိဆဲလ်များကို အားကောင်းစေပြီး အထူးသဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ စသည့် ကုသရန်ခက်ခဲသော ရောဂါ ဆိုးကြီးများဖြစ်နိုင်ခြေအလားအလာကိုပါ ၂၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း The British Medical Journal (ခေါ်) ဗြိတိန်ကျန်းမာရေးဂျာနယ်တွင် ဖော်ပြထားပါသည်။
ကြွက်သားများ ကျစ်လျစ်လာစေပါသည်။ လမ်းလျှောက်ခြင်းက ပြင်းထန်သော လေ့ကျင့်ခန်းမဟုတ်သဖြင့် ကြွက်သားနာကျင်မှုမဖြစ်စေနိုင်ပေ။ ထို့ကြောင့် အနာတရဖြစ်ပေါ်ခြင်း၊ နောက်တစ်နေ့ လမ်းထလျှောက်ဖို့အတွက် ကြွက်သားနာ၍မလျှောက်နိုင်ခြင်းမျိုးလည်း မဖြစ်စေနိုင်ပေ။
တစ်နေ့ ခြေလှမ်းရေ ၁၀၀၀၀ ခန့် လမ်း လျှောက်ပေးရုံမျှဖြင့် ရနိုင်ပါသည်။ ၎င်းထက်ပိုပြီး ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်ချင်သူဖြစ်ပါက တောင်တက်လမ်းလျှောက်ခြင်း ပြုလုပ်ပါ။ ထို့ပြင် စက္ကန့် ၃၀ မှ တစ်မိနစ်၊ နှစ်မိနစ်အထိ ခပ်မြန်မြန် လမ်းလျှောက်ပြီး တစ်ဖန်ပုံမှန်လမ်းလျှောက်ခြင်း၊ ထို့နောက် ခပ်မြန်မြန် ပြန်လည်လမ်းလျှောက်ခြင်းကလည်း ကြွက်သားများကို ထိထိရောက်ရောက်သန်မာစေပါသည်။ ဦးနှောက်ကို ကောင်းကျိုးပြုပါသည်။ အင်္ဂလန်နိုင်ငံတွင် အသက် (၆၅) နှစ်နှင့်အထက် အမျိုးသား အမျိုးသမီးကြီးများကို ရက်သတ္တပတ်လျှင် ခြောက်မိုင်ကျော်မျှ လမ်းလျှောက်စေခဲ့ရာ စိတ်ဖိစီးမှုများ မရှိတော့ဘဲ ယခင်အခြေအနေထက် မှတ်ဉာဏ်စွမ်းရည်ပမာဏ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်လာကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။
အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ လမ်းလျှောက်နေစဉ်တွင် ကြွက်သားများက အရိုး များကိုဆွဲတင်ပေးပြီး ရွေ့လျားမှုဖြစ်ပေါ်စေသဖြင့်အရိုးများကို ပိုမိုသန်မာစေပါသည်။ စိတ်ဖိစီးမှု ဖြစ်စေသော ကော်တီဇောဟော်မုန်းသည် အရိုးများ၏သိပ်သည်းဆကို လျော့ကျစေပြီး အရိုးပွရောဂါကို ဖြစ်စေတတ်သည်။ လမ်းများများလျှောက်ခြင်းဖြင့် ကော်တီဇောပမာဏ လျော့ကျသွားစေနိုင်သဖြင့် အရိုးပွခြင်းကို သက်သာလာစေသည်။ အထူးသဖြင့် သွေးမဆုံးခင်နှင့် သွေးဆုံးပြီးစအမျိုးသမီးများ အရိုးပွရောဂါမဖြစ်ရလေအောင် လမ်းမှန်မှန်လျှောက်ပေးဖို့ အထူးလိုအပ်ပါသည်။ ထို့ပြင် လမ်းလျှောက်ခြင်းက အရိုးအဆစ်များကို ကျန်းမာကြံ့ခိုင်စေသဖြင့် အဆစ်အမျက်ရောင်ဝေဒနာသည် များလည်း လမ်းလျှောက်လေ့ကျင့်ခန်းမှန်မှန် လုပ်သင့်ပါသည်။
ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေပါသည်။ လမ်းလျှောက်သည့်အခါ ခန္ဓာကိုယ်ကိုမတ်မတ်ထား၍ ရင်ကိုဖွင့်ကာ သက်သောင့်သက်သာအနေအထားဖြင့် ပခုံးနှစ်ဖက်ကိုဖြေလျှော့ပြီး လက်နှစ်ဖက်ကို ဟန်ချက်ညီညီ အားရပါးရလွှဲလျှောက်ပေးရပါမည်။ ထိုကဲ့သို့ နည်းစနစ်မှန်မှန် လမ်းလျှောက်ခြင်းက ရင်ဘတ်ကြွက်သားများကို ကျစ်လျစ်လာစေသလို ခါးတစ်ဝိုက်ရှိ အဆီပိုများကိုပါ ဖယ်ရှားပေးနိုင်သဖြင့် ခန္ဓာကိုယ်အချိုးအစား ကိုပြေပြစ်သွားစေပါသည်။ ဗီတာမင်ဒီရရှိစေပါသည်။ အရိုးကျန်းမာရေးအတွက် ဗီတာမင်ဒီဓာတ်ကို မရှိမဖြစ်လိုအပ်ပါသည်။ နံနက်ပိုင်း နေရောင်ခြည်နုနုအောက်တွင် နေပူစာလှုံရင်း လမ်းလျှောက်ခြင်းက ဗီတာမင်ဒီဓာတ် အပြည့်အဝရရှိစေမည်ဖြစ်ပါသည်။ ခွန်အားရရှိစေပါသည်။ ခပ်သွက်သွက် လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမှု အားကောင်းစေကာ ခန္ဓာကိုယ်အနှံ့အပြားရှိ ဆဲလ် များဆီသို့ အောက်ဆီဂျင်ရောက်ရှိသွားစေ၍လူကို လန်းဆန်းပေါ့ပါးသွားသည်။
နေ့စဉ် ပုံမှန်လမ်းသွက်သွက်လျှောက်ခြင်းကြောင့် ကျန်းမာပျော်ရွှင်မှုကိုဖြစ်စေသည့် အန်ဒေါ်ဖင်ဟော်မုန်းများလည်း ပိုမိုထွက်ရှိလာပါသည်။ လေကိုတစ်ဝကြီးရှူရှိုက်၍ ခပ်သွက်သွက် လမ်းလျှောက်ခြင်းက စိတ်၏ထွက်ပေါက်ဖြစ်စေနိုင်သောကြောင့် အချိန်တိုအတွင်းမှာပင် စိတ်ဖိစီးမှုများကို ပြေပျောက်သွားစေပါသည်။ မျက်စိတိမ်အားကို လျော့ကျသွားစေသဖြင့် မျက်စိတိမ်စွဲခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ကျန်းမာနုပျိုစေပါသည်။ အရေပြားသို့ သွေးစီးဆင်းမှုအားတိုးသွားစေပြီး အရေပြားဆဲလ်များကို အာဟာရဖြစ်စေကာ ကျန်းမာနုပျိုသောအသွင်ကို မလွဲမသွေဖြစ်ပေါ်လာ စေပါသည်။ အကျိုးရလဒ်အဖြစ် ကျန်းမာနုပျိုခြင်းကို ပိုင်ဆိုင်နိုင်ပါမည်။
သတိပြုရန်
နံနက်ခင်းစောစော လမ်းထလျှောက်သည့်အခါတစ်ဦးတည်းလျှောက်ခြင်းထက် အနည်းဆုံး လမ်းလျှောက်ဖော်တစ်ယောက်ပါလျှင် ပို၍ကောင်းပါသည်။ သက်သောင့်သက်သာရှိစေသော ဖိနပ်ကိုဝတ်ဆင်ခြင်းက ခြေထောက်နာ၊ ခြေထောက်ကွဲအက်ခြင်းကို မဖြစ်စေတော့ပေ။ ချွေးစုပ်နိုင်သော ချည်သားစစ်စစ် အဝတ်အထည်များဝတ်ဆင်ပါ။ လမ်းလျှောက်ပြီးနောက် ရေများများသောက်ပါ (သို့မဟုတ်) ရေဘူးဆောင်ထားပါ။
ကျန်းမာရေးဝန်ကြီးဌာနက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုအများပါဝင်သည့် နံနက်စောစောထ လမ်းလျှောက်ခြင်းဖြစ်သည့် လူထုအားကစားလှုပ်ရှားမှုကို နှစ်စဉ် ဆောင်းရာသီတွင် ကျင်းပလျက်ရှိပါသည်။ ထို့ပြင် အခြားသော စုပေါင်း အားကစားလှုပ်ရှားမှုများကိုလည်း တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာစေရန်၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့အတွက်ကိုလည်း ပြည်သူ့ကျန်းမာရေး ဗဟိုပြုဆိုင်ရာ ကျန်းမာရေးအသိပေးနှိုးဆော်မှုများစွာတို့ကို ဘက်ပေါင်းစုံမှနေ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါသည်။ ထိုမျှမက “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”အသိဖြင့်ပြည်သူလူထုအကြား အားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဓာတ်ပုံ၊ ဆောင်းပါး၊ ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲတို့ကိုလည်း အခါအားလျော်စွာ ကျင်းပပေးလျက်ရှိပါသည်။
အမှန်စင်စစ် လမ်းလျှောက်သည်ဆိုရာဝယ် ဆောင်းရာသီတစ်ခုတည်းသာမက နွေရောမိုးပါ ဥတုရာသီချိန်ခါမရွေး လမ်းမှန်မှန်လျှောက်သော အလေ့အထကောင်းကို မွေးမြူသင့်ပါသည်။ မည်သို့ ပင်ဆိုစေကာမူ မိမိကိုယ်တိုင် တကယ်ကျန်းမာချင်ပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်ချင်စိတ်ရှိပါမှ၊ မိမိကိုယ်ကို စောင့်ရှောက်တတ်ပါမှ၊ ကျန်းမာရေးအသိသတိဖြင့် ဇွဲလုံ့လရှိပါမှ ရောဂါဘယကင်းဝေး၍ တကယ် ကျန်းမာနိုင်မည် ဖြစ်ပေသည်။
ယခုအခါတွင် ကိုဗစ်-၁၉ ကူးစက်မှုကိုရှောင်ရှားနိုင်ရန် လူခြေတိတ်သည့် အချိန်များဖြစ်သည့် နံနက်စောစော သို့မဟုတ် ညစာစားပြီး နောက်ပိုင်းအချိန်များတွင် မိမိရပ်ကွက်၊ လမ်းသွယ်များအတွင်း လမ်းလျှောက်လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါသည်။ သွားလာရန်အခက်အခဲရှိသူများအနေဖြင့် အိမ်ခြံဝင်းအတွင်းလှည့်ပတ်၍ လျှောက်နိုင်ပါသည်။ အိမ်ထဲမှာပင် အိမ်ရှေ့အိမ်နောက်ဖေး လမ်း လျှောက်နိုင်သလို အပေါ်ထပ်အောက်ထပ် လှေကား အတက်အဆင်းများလည်းပြုလုပ်နိုင်ပါသည်။
သို့ပါ၍ ဆောင်းရာသီကာလ တစ်ခုတည်းမဟုတ် နေ့စဉ်ဘဝမှာ မိမိအဆင်ပြေနိုင်သည့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လမ်းလျှောက်ခြင်းကို ဖန်တီးလုပ်ယူကာ သက်ရှည်ကျန်းမာစေဖို့ရာ လမ်းမှန်မှန်လျှောက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။

https://t.me/myanmarnewspaper/59550
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://rb.gy/qs9dri
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-htt...
24/11/2022

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1Y12Jg5730YK0dWQlTRT2pe8AnetnTayg/view?usp=share_link

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://rb.gy/qs9dri

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည...
24/11/2022

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအား အောက်ပါ Link တွင် ဝင်ရောက်ဖတ်ရှု၊ Download ပြုလုပ်နိုင်ပါသည်-

https://drive.google.com/file/d/1xs173dtMx-EHuOgiDm_-ewnekiqMChgj/view?usp=share_link

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://rb.gy/qs9dri

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Address


Website

Alerts

Be the first to know and let us send you an email when We Love pyawbwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share