Nihon News ဂျပန်သတင်း

  • Home
  • Nihon News ဂျပန်သတင်း

Nihon News ဂျပန်သတင်း ဂျပန်သတင်း page မှကြိုဆိုပါတယ်

11/05/2022
Kurume မှာ အသက် 23 နှစ်ရှိ ဂျပန်လူမျိုးယောင်္ကျားလေးမှ ကားကို ဂိုဒေါင်အဖြစ်သုံးပြီး စိတ်ကြွဆေး 25 kg သိမ်းဆည်းထားကြောင်း...
23/02/2022

Kurume မှာ အသက် 23 နှစ်ရှိ ဂျပန်လူမျိုးယောင်္ကျားလေးမှ ကားကို ဂိုဒေါင်အဖြစ်သုံးပြီး စိတ်ကြွဆေး 25 kg သိမ်းဆည်းထားကြောင်းတွေ့ရှိ

福岡県警は21日、覚醒剤の密売を繰り返したなどとして指定暴力団道仁会系組員の田代真太郎容疑者(23)(筑紫野市牛島)を覚醒剤取締法違反容疑などで、組幹部(41)と別の組員(26)を麻薬特例法違反容疑で...

12/02/2022
30/01/2022

ပြည်ဝင်ခွင့် ဖြေလျှော့ပေးဖို့ ဂျပန်ကို နိုင်ငံခြားကလူတွေ တောင်းဆို


Source: NHK

ကမ္ဘာပေါ်က နိုင်ငံအများအပြားမှာ ဆန္ဒပြသူတွေက ဂျပန်အစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဂျာမနီ၊ စပိန်နဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် ၈ နိုင်ငံက ဂျပန်သံရုံးရှေ့နဲ့ တခြားနေရာတွေမှာ သောကြာနေ့က လူတွေစုဝေးခဲ့ကြပါတယ်။ ပါဝင်သူတွေဟာ ပညာသင်ကြားဖို့နဲ့ တခြား အရေးကိစ္စတွေအတွက် ဂျပန်ကို လာရောက်ဖို့ ကြိုးပမ်းနေကြသူတွေဖြစ်ပါတယ်။

Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်မှု တစ်စိတ်တစ်ဒေသအဖြစ် ဂျပန်နိုင်ငံဟာ နိုင်ငံခြားသားတွေရဲ့ ပြည်ဝင်ခွင့်ကို ဖေဖော်ဝါရီလကုန်အထိ တားမြစ်ထားပါတယ်။

ဆန္ဒပြသူတွေဟာ "ဂျပန်ရဲ့တားမြစ်မှု ရပ်ဆိုင်းပါ" "စောင့်နေရတာ ၂ နှစ်ကြာပြီ" စတဲ့ သတင်းစကားတွေပါတဲ့ စာရွက်တွေကို ကိုင်ထားခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေကို လှုံ့ဆော်ခဲ့တဲ့ အုပ်စုတစ်စုကို Jade Barry လို့ အမည်ရတဲ့ အမျိုးသမီးက ထူထောင်ခဲ့ပါတယ်။ မီးစ် Barry က အဖွဲ့ဝင်တွေအနေနဲ့ ဂျပန်ကို ဝင်ရောက်ဖို့နဲ့ ပတ်သက်ပြီး စီစဉ်ဖို့ တိကျတဲ့ လုပ်ငန်းစဉ်နဲ့ အချိန်ဇယားကို လိုလားနေကြတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ ဂျပန်လူမျိုးတွေကို သူချစ်မြတ်နိုးတယ်လို့ မီးစ် Barry က ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့အထိ စာရင်းအရ ဂျပန်က ကျောင်းတွေမှာ ပညာသင်ကြားလိုတဲ့ နိုင်ငံခြားသား ၁၄၇,၈၀၀ လောက်ဟာ နိုင်ငံအတွင်း မဝင်ရောက်နိုင် ဖြစ်နေတယ်လို့ ဂျပန် လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှု စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ဂျပန်အစိုးရ ထောက်ပံ့ကြေးရရှိထားတဲ့ နိုင်ငံခြား ကျောင်းသား ၈၇ ဦးကို ဇန်နဝါရီလ အနှောင်းပိုင်းမှာ ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။ သူတို့ဟာ ဘွဲ့ရဖို့အတွက် တက်ရောက်ရမယ့် လူတွေ့ပို့ချတဲ့အတန်းချိန် ကန့်သတ်ချက်အတွက် နောက်ဆုံးရက်နီးနေတာ ဒါမှမဟုတ် တခြားသော သူတို့ရဲ့ ပညာရပ်ဆိုင်ရာလုပ်ဆောင်မှုတွေကို အပြီးသတ်ရမှာတွေလို အထူးအနေအထား ရှိသူတွေ ဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။

ဂျပန်အစိုးရက လူသားချင်းစာနာမှု ရှုထောင့်၊ နိုင်ငံ့ အကျိုးစီးပွားနဲ့ တခြား အထူးအနေအထားတွေကို အခြေခံပြီး ပြည်ဝင်ခွင့် တားမြစ်ထားတာကနေ ကင်းလွတ်ခွင့်တွေ ပိုပြီး ပေးသွားမလားဆိုတာ ပျော့ပျော့ပြောင်းပြောင်း စဉ်းစားသွားမယ်လို့ ပြောပါတယ်။

日本への留学希望する外国人 世界各地で入国緩和訴え https://www3.nhk.or.jp/news/html/20220129/k10013456041000.html

27/01/2022

နည်းပညာအလုပ်သင်အလုပ်သမား နှိပ်စက်ညှဉ်းပန်းခံရမှုနဲ့ ပတ်သက်ပြီး ဂျပန် တရားရေးဝန်ကြီး ပြောဆို


Source:NHK

ဂျပန်မှာ နည်းပညာအလုပ်သင်အလုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ ဗီယက်နမ် နိုင်ငံသားတစ်ဦး အလုပ်ခွင်အတွင်း နှိပ်စက်ညှဉ်းပန်းမှု ခံရတယ်လို့ သံသယရှိရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို အကြံပြုချက် ပေးပို့ထားတယ်လို့ ဂျပန် တရားရေးဝန်ကြီးက ပြောပါတယ်။

တရားရေးဝန်ကြီး Furukawa Yoshihisa က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်း Okayama မြို့မှာ ရှိတဲ့ ကုမ္ပဏီမှာ လုပ်ကိုင်နေခဲ့တဲ့ အဲဒီ အလုပ်သင်အလုပ်သမားဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူဟာ လွန်ခဲ့တဲ့ ၂ နှစ် အတွင်း အလုပ်ခွင်ထဲမှာ ကိုယ်ထိလက်ရောက်ရော နှုတ်နဲ့ပါ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူက ကုမ္ပဏီအနေနဲ့ သူ့အပေါ် တောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။

နည်းပညာ အလုပ်သင်အလုပ်သမား ကြီးကြပ်ရေးအဖွဲ့အစည်းက အဲဒီကုမ္ပဏီကို အကြံပြုချက် ပေးပို့ခဲ့ပြီး ကုမ္ပဏီ စီမံခန့်ခွဲရေးအဖွဲ့အနေနဲ့ အခြေအနေကို ကောင်းမွန်လာအောင် ကိုင်တွယ်ဖို့ ညွှန်ကြားခဲ့တယ်လို့ မစ္စတာ Furukawa က ပြောပါတယ်။

အဲဒီ ကြီးကြပ်ရေးအဖွဲ့အစည်းဟာ ဂျပန်ရဲ့ နိုင်ငံခြားသားတွေအတွက် နည်းပညာ အလုပ်သင်အလုပ်သမား အစီအစဉ်ကို အသေအချာ အကောင်အထည်ဖော်ရေး ထောက်ပံ့ဖို့နဲ့ အလုပ်သင်အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
နိုင်ငံခြားသား နည်းပညာ အလုပ်သင်အလုပ်သမားတွေအနေနဲ့ နှိပ်စက်ညှဉ်းပန်းမှုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုံးဝ မခံစားသင့်ဘူးလို့ မစ္စတာ Furukawa က ပြောပါတယ်။ ဒီလို စည်းမျဉ်းချိုးဖောက်မှုတွေရှိသလား၊ အလုပ်သင်အလုပ်သမားလက်ခံထားတဲ့ ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ စီမံခန့်ခွဲရေးအဖွဲ့တွေက အလုပ်သင်တွေအပေါ် လိုအပ်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပေးနေသလားဆိုတာတွေကို စစ်ဆေးဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာနကို သူတိုက်တွန်းထားတယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။
အလုပ်သင်အလုပ်သမား ကြီးကြပ်ရေးအဖွဲ့အစည်းက သူတို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနလို တခြားအဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီး စစ်တမ်းကောက်ယူကာ ဥပဒေကြောင်းအရ ချိုးဖောက်မှု တွေ့ရှိခဲ့မယ်ဆိုရင် ပတ်သက်မှုရှိသူတွေကို အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။

27/01/2022

ယနေ့ တိုကျို ကိုရိုနာကူးစက်ခံရမှု
၁၄၀၈၆ဦး ၅ဦးသေဆုံးသူရှိ

21/01/2022

National Defense Academy မှာ ပညာသင်ကြားနေသော ဗီယက်နမ် လူမျိုး ကျောင်းသားတစ်ဦး အဖမ်းခံရ။



ဂျပန် Boueidaigakkou (National Defense Academy) မှာ အသက်၂၃နှစ်အရွယ် ဗီယက်နမ်လူမျိုး ကျောင်းသားတစ်ဦးဟာ SNS မှာ တွေ့ဆုံခဲ့သည့် လူတစ်ဦးအား သူ၏ Zairyu Card နေထိုင်ခွင့်ကတ်ပြားကို လွှဲပြောင်း ပေးမှု (ရောင်းချမှု) ဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။

မြို့တော်ရဲဌာနက အထူးလိမ်လည်မှုအဖွဲ့တွေ သုံးတဲ့ မိုဘိုင်းလ်ဖုန်းစာချုပ်များကို အလွဲသုံးစားလုပ်ခံရမှု စတဲ့ သံသယရှိမှုအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ရဲဌာန အဆိုအရ ဖမ်းစီးခံရသူ ကျောင်းသားဟာ SNS တွင် "ယန်း 200,000 ဖြင့် Zairyu Card ဝယ်မယ်" ဆိုတဲ့စာကိုတွေ့ပြီး ပိုက်ဆံမရှိတာနဲ့ ဆက်သွယ်ရောင်းချခဲဲ့တယ်လို့ ဝန်ခံထားပါတယ်။ လို့ ဆိုပါတယ်။

နောက်ပြီး အဆိုပါ Zairyu card ကိုသုံးပြီး မိုဘိုင်းဖုန်း3လုံး တောင် စာချူပ် ချုပ်ဆိုထားတာ တွေ့ရတယ်လို့ ပြောပါတယ်။ ဖုန်းလိမ်လည်တဲ့အဖွဲ့စီက အလွဲသုံးစားခံရတယ်လို့ ထင်မြင်ချက်ဖြင့် အသေးစိတ်ကိုစုံစမ်းနေပါတယ်။

防衛大学校に留学 ベトナム人を逮捕 在留カード譲り渡した疑い https://www3.nhk.or.jp/news/html/20220121/k10013442291000.html

၂နှစ်ကြာအောင် လုပ်ငန်းခွင် အကြမ်းဖက်မှု ကိုခံခဲ့ရသော အိုခယမမြို့ရှိ  ဗီယက်နမ် jisshuusei အလုပ်သင်သင်တန်းသားမှ တရားစွဲဆို...
20/01/2022

၂နှစ်ကြာအောင် လုပ်ငန်းခွင် အကြမ်းဖက်မှု ကိုခံခဲ့ရသော အိုခယမမြို့ရှိ ဗီယက်နမ် jisshuusei အလုပ်သင်သင်တန်းသားမှ တရားစွဲဆိုမှု

岡山市の建設会社で働いていたベトナム人技能実習生が、約2年間にわたり職場で複数の日本人から暴行を受けていたとして、会見を開きました。記事はこちらから→https://news.ksb.co.jp/article/14523800※公開から一定期間を経過.....

09/01/2022

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်လာနေတဲ့ ခရိုင် ၃ ခရိုင်ဖြစ်တဲ့ Okinawa ၊Yamaguchi နှင့် Hiroshima တို့မှာ ဂျပန်အစိုးရက အရေးပေါ်အခြေအနေ ကြေညာ။


Source:NHK

ကူးစက်မှုတွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ပိုမိုတင်းကြပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအစီအမံတွေကို ချမှတ်လိုက်ပါတယ်။ သတ်မှတ်လိုက်တဲ့ ကန့်သတ်မှုတွေဟာ တနင်္ဂနွေနေ့ကနေ စတင်အသက်ဝင်မှာဖြစ်ပြီး အခုလကုန်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဂျပန့်အနောက်တောင်ပိုင်းက Okinawa ခရိုင်မှာတော့ စားသောက်ဆိုင်တွေရဲ့ ဆိုင်ဖွင့်ချိန်လျှော့ချတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ဖို့ စီမံချက်တွေ ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိကန့်သတ်ချက်တွေအရ ကူးစက်မှုတားဆီးရေးအတွက် ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေတယ်လို့ အတည်ပြုထားတဲ့ စားသောက်ဆိုင်တွေဟာ ည ၉နာရီ နောက်ဆုံးထားပြီး ဆိုင်ပိတ်ရမှာဖြစ်ပြီး ကူးစက်မှုတားဆီးကာကွယ်ရေး လုပ်ဆောင်နေတာကို အစိုးရကို တင်ပြထားခြင်းမရှိတဲ့ စားသောက်ဆိုင်တွေကတော့ ည ၈ နာရီ နောက်ဆုံးထား ပိတ်ရမှာဖြစ်ပြီး အရက်သေစာရောင်းချခွင့်မရှိဘူးလို့ Okinawa ခရိုင်အရာရှိတွေက ဆိုင်တွေကို တောင်းဆိုမှာ ဖြစ်ပါတယ်။

Okinawa ခရိုင်အစိုးရရဲ့ သတ်မှတ်ချက်ကို လိုက်နာမှုမရှိတဲ့ စားသောက်ဆိုင်တွေဆီ မသွားရောက်ကြဖို့ လူတွေကို အစိုးရက တောင်းဆိုမှာ ဖြစ်ပါတယ်။ လူထူထပ်ပြီး ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ နေရာတွေကို မသွားဖို့နဲ့ မလိုအပ်ဘဲ ခရိုင်တစ်ခုကနေ တစ်ခု ခရီးသွားလာတာကို ရှောင်ကြဉ်ကြဖို့ကိုလည်း လူတွေကို တောင်းဆိုမှာဖြစ်ပါတယ်။

ခရိုင်အတွင်းမှာရှိတဲ့ ကျောင်းတွေက ကျောင်းသားတွေအနေနဲ့ တစ်ရက်ခြားပဲ ကျောင်းတက်ရမှာ ဖြစ်ပါတယ်။ ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုတွေကို မူအားဖြင့် ရွှေ့ဆိုင်းထားမှာ ဖြစ်ပါတယ်။

အမေရိကန်စစ်အခြေဆိုက်စခန်း တည်ရှိတဲ့ Yamaguchi ခရိုင်က Iwakuni မြို့ နဲ့ အိမ်နီးချင်း Waki မြို့တွေမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။
အဲဒီမြို့တွေက စားသောက်ဆိုင်တွေကို ည ၈ နာရီ နောက်ဆုံးထား ဆိုင်ပိတ်ဖို့နဲ့ အရက်သေစာ မရောင်းချဖို့ စတဲ့ တစ်စိတ်တစ်ပိုင်းအရေးပေါ်အခြေအနေဆိုင်ရာ အစီအမံတွေကို Yamaguchi ခရိုင်အရာရှိတွေက ချမှတ်မှာ ဖြစ်ပါတယ်။ သတ်မှတ်ချက်တွေကို လိုက်နာတဲ့ လုပ်ငန်းတွေကတော့ အစိုးရထောက်ပံ့ကြေး ရရှိမှာဖြစ်ပါတယ်။

Hiroshima ခရိုင်က မြို့နဲ့ မြို့နယ် ၁၃ ခု မှာ သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီ ၁၃ မြို့က အရက်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို ည ၈ နာရီ နောက်ဆုံးထားပြီး ပိတ်ခိုင်းမှာ ဖြစ်ပြီး အရက်ရောင်းခွင့်ကိုလည်း တားမြစ်မှာ ဖြစ်ပါတယ်။

https://www.facebook.com/100040638687120/posts/582444249786859/
07/01/2022

https://www.facebook.com/100040638687120/posts/582444249786859/

#အိုကီနာဝါ #ယာမာ့ဂုချိ #ဟီရိုရှိမာ့ ခရိုင်တွေမှာ တစ်စိတ်တစ်ပိုင်းအရေးပေါ်အခြေအနေ ကြေညာမယ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ ခရိုင် ၃ ခရိုင်ကို ဂျပန်အစိုးရက တစ်စိတ်တစ်ပိုင်းအရေးပေါ်အခြေအနေ အဖြစ် ကြေညာမှာဖြစ်ပါတယ်။

အခုလကုန်အထိ ကြာမြင့်မယ့် အဲဒီတစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေဟာ အိုကီနာဝါ ၊ ယာမာ့ဂုချိ ၊ ဟီရိုရှိမာ့ ခရိုင်တွေမှာ လာမယ့်တနင်္ဂနွေနေ့ကစပြီး အသက်ဝင်လာမှာဖြစ်ပါတယ်။

သောကြာနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့ရဲ့ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးမှာ အဲဒီအစီအစဉ်ကို ဂျပန်အစိုးရက တရားဝင်သတ်မှတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Kishida Fumio ၊ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဆောင်ရွက်ရေးတာဝန်ခံဝန်ကြီး Yamagiwa Daishiro ၊ ကျန်းမာရေးဝန်ကြီး Goto Shigeyuki တို့ အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးအားလုံး တက်ရောက်ခဲ့ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးတွေက စားသောက်ဆိုင်တွေ အရက်ဆိုင်တွေမှာ အရက်ရောင်းချတာတွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့မျှော်မှန်းတွက်ဆမှုနဲ့အညီ တားမြစ်တာမျိုးကိုခွင့်ပြုတဲ့ ဆောင်ရွက်ချက်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့ကိုလည်း အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

ဂျပန်မှာ တစ်စိတ်တစ်ပိုင်းအရေးပေါ်အခြေအနေတစ်ခု အသက်ဝင်လာမယ်ဆိုတာဟာ မနှစ်ကစက်တင်ဘာလ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

Ref ; NHK World
📶 ဦးမောင် - ဂျပန်အလုပ်အကိုင်
https://www.facebook.com/ဦးမောင်-ဂျပန်အလုပ်အကိုင်-101526925403170/

06/01/2022

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့အရာ ဂျပန့်အထူး စီးပွားရေး ဇုန်ပြင်ပကို ကျရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဆို


Source: NHK

ဗုဒ္ဓဟူးနေ့မနက်ပိုင်းက မြောက်ကိုရီးယားကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုဟာ ကီလိုမီတာ ၅၀၀ လောက်ပျံသန်းပြီး ဂျပန့် အထူးစီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်ခဲ့ပုံရတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး Kishi Nobuo က ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အဲဒီအရာကို မနက် ၈နာရီ ၇ မိနစ်ဝန်းကျင်လောက်မှာ ကုန်းတွင်းပိုင်းကနေ အရှေ့ဘက်ဆီကို ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို မစ္စတာ Kishi က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

အခုအထိတော့ ဂျပန်လေယာဉ် ဒါမှမဟုတ် သင်္ဘောတွေရဲ့ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ အတည်ပြုထားကြောင်း သူက ပြောပါတယ်။
အသေးစိတ် သုံးသပ်လေ့လာမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ မစ္စတာ Kishi က ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် Kishida Fumio ရဲ့ ညွှန်ကြားချက်တွေကို အခြေခံပြီး သတင်းအချက်အလက် စုဆောင်းပြီး အခြေအနေကို စောင့်ကြည့်ဖို့အတွက် တတ်နိုင်သမျှ အစီအမံတွေအားလုံး ဆက်ပြီး လုပ်ဆောင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြောကြားထားတယ်လို့ သူက ပြောခဲ့ပါတယ်။

သူဟာ အမေရိကန်နဲ့ တောင်ကိုရီးယား အပါအဝင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ အနီးကပ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မစ္စတာ Kishi က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၉ ခုနှစ် မေလကစပြီး ပစ်လွှတ်မှု အကြိမ် ၄၀ လောက်ပြုလုပ်ခဲ့ပြီး သူ့နိုင်ငံရဲ့ဒုံးကျည် နည်းပညာ တိုးတက်လာဖို့ ရည်ရွယ်လုပ်ဆောင်နေပုံရတယ်လို့ မစ္စတာ Kishi က ပြောကြားခဲ့ပါတယ်။

လတ်တလော နှစ်တွေအတွင်း ဒီလို အကြိမ်ကြိမ် ပစ်လွှတ်မှုတွေဟာ ဂျပန်နဲ့ နိုင်ငံတကာ အသိုက်အဝန်းအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

အခုနောက်ဆုံး ပစ်လွှတ်မှုကို အခြေခံပြီး ၊ ရန်သူ အခြေစိုက်စခန်းတွေကို တိုက်ခိုက်နိုင်စွမ်းရှိနေတာ အပါအဝင် ဖြစ်နိုင်တဲ့ လမ်းကြောင်းအမျိုးမျိုးကို ဂျပန်အစိုးရက ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ Kishi က ပြောကြားခဲ့ပါတယ်။ အစိုးရဟာ ကာကွယ်ရေးစွမ်းရည်ကို ထိထိရောက်ရောက် မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

03/01/2022

2022.01.03
Tokyo ကိုရိုနာကူးစက်ခံရသူ ၁၀၃ဦး

日本女優(にほんじょゆう)ဂျပန်မင်းသမီး 深田恭子(ふかだきょうこ) 39 歳( 39နှစ်မှ) 44 နှစ်ရှိ  အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်နှင့် 結婚する(けっこんする )🎎လက်ထ...
02/01/2022

日本女優(にほんじょゆう)ဂျပန်မင်းသမီး 深田恭子(ふかだきょうこ) 39 歳( 39နှစ်မှ) 44 နှစ်ရှိ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်နှင့် 結婚する(けっこんする )🎎လက်ထပ်မည်ဟုကြေငြာ^_________^ 🎀🎀🎈🎈
交際中(こうさいちゅう ) in a relationship 💞💞

女優深田恭子(39)と不動産会社シーラホールディングスの杉本宏之会長(44)が年内にも結婚する方向で調整していることが12月31日、分かった。

日本女優(にほんじょゆう)ဂျပန်မင်းသမီး 深田恭子(ふかだきょうこ) 39 歳( 39နှစ်မှ) 44 နှစ်ရှိ  အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်နှင့် 結婚する(けっこんする )🎎လက်ထ...
02/01/2022

日本女優(にほんじょゆう)ဂျပန်မင်းသမီး 深田恭子(ふかだきょうこ) 39 歳( 39နှစ်မှ) 44 နှစ်ရှိ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်နှင့် 結婚する(けっこんする )🎎လက်ထပ်မည်ဟုကြေငြာ^_________^ 🎀🎀🎈🎈
交際中(こうさいちゅう )= in a relationship 💞💞

女優深田恭子(39)と不動産会社シーラホールディングスの杉本宏之会長(44)が年内にも結婚する方向で調整していることが12月31日、分かった。

02/01/2022

女優深田恭子(39)と不動産会社シーラホールディングスの杉本宏之会長(44)が年内にも結婚する方向で調整していることが12月31日、分かった。

実習生 အလုပ်သင်သင်တန်းသားအဖြစ်မှထွက်ပြေးပြီး refugee ဒုက္ခသည်အဖြစ်လျှောက်ထားသူ မြန်မာနိုင်ငံသား နှစ်ယောက်ကုမ္ပဏီမှထွက်ပြေးပ...
27/12/2021

実習生 အလုပ်သင်သင်တန်းသားအဖြစ်မှထွက်ပြေးပြီး refugee ဒုက္ခသည်အဖြစ်လျှောက်ထားသူ မြန်မာနိုင်ငံသား နှစ်ယောက်
ကုမ္ပဏီမှထွက်ပြေးပြီး သွားစရာနေရာမရှိ မြန်မာနိင်ငံလည်းမပြန်ရဲကြောင်းပြော

 技能実習生として来日したミャンマー人男性2人が今月、難民認定を申請した。実習先の劣悪な労働環境で体調を崩し帰国させられそうになった...

Address


Website

Alerts

Be the first to know and let us send you an email when Nihon News ဂျပန်သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nihon News ဂျပန်သတင်း:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share