BURMESE

BURMESE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BURMESE, Newspaper, .

မြန်မာငွေ သိန်းတစ်ရာကျော် နှစ်ရာနီးပါးရှိသည့် ဆုကြေးငွေရ အမြင့်ဆုံး ဆုကို မြန်မာသတင်းဓါတ်ပုံသမား အမည်မသိသူ တစ်ဦး ရရှိ။ဆု...
05/09/2021

မြန်မာငွေ သိန်းတစ်ရာကျော် နှစ်ရာနီးပါးရှိသည့် ဆုကြေးငွေရ အမြင့်ဆုံး ဆုကို မြန်မာသတင်းဓါတ်ပုံသမား အမည်မသိသူ တစ်ဦး ရရှိ။
ဆုရလင့်။။
https://www.visapourlimage.com/en

ဒေါက်တာဇော်မြင့်မောင်၏ဖခင် ကိုဗစ်ဖြင့် ယနေ့ ကွယ်လွန်Sep 2, 6:14 PMမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏...
02/09/2021

ဒေါက်တာဇော်မြင့်မောင်၏ဖခင် ကိုဗစ်ဖြင့် ယနေ့ ကွယ်လွန်
Sep 2, 6:14 PM
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၏ ဖခင်ဖြစ်သူ ဆရာကြီးဒေါက်တာချစ်မောင် (၉၃ နှစ်) သည် စက်တင်ဘာ ၂ရက် ညနေပိုင်းတွင် ကိုဗစ်၁၉ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ၁- English (ကမ္ဘာသုံးစကား)၂- House chores ( အိမ်အလုပ်)၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ...
31/08/2021

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ
၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့

ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။

ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။

အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။

ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။

မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။

#ဥရောပရောက်မြန်မာများgp

📻 လှိုင်းတို 16m📻  17.71mhz🌞  မနက် ၈ - ၈:၃၀🌝  ည ၈ - ၈:၃၀👇📻 ရေဒီယို ဝယ်လျှင် သိထားရန် 📻👇 Radio ရဲ့ အနောက်မှာ ကမ္ဘာ့မြေပုံ...
20/08/2021

📻 လှိုင်းတို 16m
📻 17.71mhz
🌞 မနက် ၈ - ၈:၃၀
🌝 ည ၈ - ၈:၃၀

👇📻 ရေဒီယို ဝယ်လျှင် သိထားရန် 📻👇
Radio ရဲ့ အနောက်မှာ ကမ္ဘာ့မြေပုံပါမှ သို့မဟုတ် SW ဆိုတဲ့ short wave 1,2,3,4,5စသည် လိုင်းတွေ ပါမှ လိုချင်တဲ့ လိုင်းကို ဖမ်းလို့ရမှာပါ။
AM FM လောက်နဲ့ မရပါဘူး။
အများသိအောင် ကူတင်၊ ကူရှယ်ပေးကြပါ။ ပုံဆေ့ထားကြပါ။

လူ ပျောက် အ ကူ အ ညီ တောင်း ခံ ခြင်းအမည် - မနာထောအသက် - ၁၆ နှစ်ပျောက်သွားသည့်နေ့ရက် - (၉-၈-၂၀၂၁)ပျောက်သွားသည့်နေရာ - စမ်း...
14/08/2021

လူ ပျောက် အ ကူ အ ညီ တောင်း ခံ ခြင်း

အမည် - မနာထော
အသက် - ၁၆ နှစ်
ပျောက်သွားသည့်နေ့ရက် - (၉-၈-၂၀၂၁)
ပျောက်သွားသည့်နေရာ - စမ်းချောင်း / ရန်ကုန်

မှတ်ချက် - စကား ဝဲ ပါ သည် ...

-

အသက်မပြည့်သေးတဲ့ ကလေးသူငယ်ဖြစ်တဲ့အတွက် တွေ့ရှိ စောင့်ရှောက်ထားသူများအနေဖြင့် အုပ်ထိန်းသူများထံ ဆက်သွယ်ပေးပါရန် အကူအညီတောင်းခံအပ်ပါသည် ...

အုပ်ထိန်းသူများ လက်ရှိတွင် အိမ်ပြင်ပထွက်ရန် အခက်ခဲရှိနေပါသဖြင့် ယခု ပို့စ် အောက်တွင် ဆက်သွယ်ပေးပါရန် ...

(သို့မဟုတ်)

09755995787 သို့ ဆက်သွယ်ပေးပါရန်

(၁၃-၈-၂၀၂၁)

ဗျူရိုကရေစီ ဟာသိပ်ကြောက်ဖို့ကောင်းတယ်။  အလွယ်ပြောရရင် အစိုးရတစ်ရပ်ကို လည်ပတ်အောင် မောင်းနှင်ပေးနေတဲ့ ဝန်ထမ်းတွေပေါ့။အစို...
12/08/2021

ဗျူရိုကရေစီ ဟာသိပ်ကြောက်ဖို့ကောင်းတယ်။ အလွယ်ပြောရရင် အစိုးရတစ်ရပ်ကို လည်ပတ်အောင် မောင်းနှင်ပေးနေတဲ့ ဝန်ထမ်းတွေပေါ့။

အစိုးရကောင်းလို့ သူတို့ အကျင့်ပျက်ခြစားနေလဲ အစိုးရကောင်းရော ပြည်သူပါနစ်နာတယ်။

ထိုဝန်ထမ်းတွေကပဲ အခု စကစ မှာ Non-CDM ဆိုပီးမောင်းနှင်ပေးနေကြတာ။ ဘယ်အစိုးရတက်တက် ပြည်သူ့ဝန်ထမ်းပါဆိုတာက အတ္တ ကိုယ်ကျိုးစီးပွါးကိုအခြေခံထားတာ။

အထူးသဖြင့် ရာထူးကြီးကြီးယူထားသူတွေက ပိုဆိုးတယ်။ ကြည့်ပါလား အတွင်းဝန်တွေ၊ အမြဲဝန်တွေ၊ ညွှန်မှုးချုပ်တွေ၊ ညွှန်ချုပ်တွေ ၊ ပါမောက္ခတွေ တွဲပါတွေ ခုထိ စကစကို သစ္စာခံတုန်း။

ဘယ်လောက်ထိ သူတို့က ကြောက်ဖို့ကောင်းလဲဆိုရင် ပြည်သူတွေဆန္ဒအရ လိုလားနေတဲ့ အရပ်သားအစိုးရနဲ့ ခေါင်းဆောင်တွေ နိုင်ငံတကာက လက်မခံအောင် ထောင်သက်ရှည်အောင် စကစ အလိုကြ ဌာနအသီးသီးကနေ လုပ်ဆောင်ပေးနေကြလို့ပဲ။
စကစ သက်ဆိုးရှည်လေ ပြည်သူတွေ ဒုက္ခရောက်လေ လူငယ်တွေသေလေလေ ဗျူရိုကရေစီ တွေစနက်လဲပါတယ်ဆိုတာမမေ့နဲ့။

လူသတ်အားပေး ဗျူရိုကရက်တွေဟာလဲ စကစပဲ ငါ့အမျိုးမို့ ချစ်သူမို့ လင်မို့ စားဝတ်နေရေးကြောင့်ဆိုနားလည်ပေးလေ ပြည်သူတွေ ဒုက္ခများလေပဲ။

Non-CDM တွေလဲ ပြန်လမ်းမဲ့ကျွန်းမှာ ဘယ်သူသေသေ ငါတို့ နေစရာမပူရ လစာမပူရဆိုပြီး တစ်ဘို့ထဲ ကြည့်နေသမျှ ၄၄ လမ်းဟာ တောရော မြို့ပါ မကျန် ဖြစ်လာဖို့ပဲ။

သင်တို့ဘာလုပ်ကြမလဲ။
Writer_ShinThant

* ခင်ခင်ပျိုရေ စောင့်ခဲ့တယ် *တရားဟာ တရားအတိုင်းအမှားဟာ အမှားအတိုင်းခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။သမိုင်းဆိုတာ နှေးချင်နှေး...
09/08/2021

* ခင်ခင်ပျိုရေ စောင့်ခဲ့တယ် *

တရားဟာ တရားအတိုင်း
အမှားဟာ အမှားအတိုင်း
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်းမြန်တတ်တယ်။

မီးရထားဘူတာရုံမှာရထားစောင့်သလို
ငါစောင့်ခဲ့တယ်။

ပါလာမလား မပါဘူးလား
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ငါတို့နေနေသောနေ့ရက်များဟာ
အံဩစရာ။

အလိုမပြည့်ရင်းနဲ့
ထပ်၍ထပ်၍ အလိုရှိခဲ့ကြ
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ
ပြီး ဘာတွေဖြစ်လာမလဲ။
အချစ်ဆိုတာမှာလဲ နစ်နာစရာရှိလာတယ်။
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။

တက်တူးထိုးဖို့ လိုအုံးမလား
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ဘယ်လမ်းမှမရွေးဘဲ
ဒီလမ်းကိုပဲ ရွေးခဲ့တယ်
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

လူတွေ အသက်ဝင်လာလို့
သွားကြ လာကြ
ကြံကြ ရှာကြ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ဒီလိုနဲ့
တစ်နေ့ဟာ တစ်နေ့ပြီးတစ်နေ့
ငါတို့ဟာ တစ်ရွေ့ပြီးတစ်ရွေ့ရွေ့
ငါတို့ဟာ တစ်ငွေ့ငွေ့။

ငါတို့ဟာ
ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင်
နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

တစ်ရက်ကို
ငါဘာလို့မစောင့်နိုင်ရမှာလဲ
မီလျှံလိုကြိုးတန်းမှာ
လိမ်ညှစ်လှန်းထားတဲ့အဝတ်လို
ပျောက်ဆုံးသောအရာလို
ငါစောင့်ခဲ့တယ်
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ကိုယ်ကသာပြောစရာရှိပြီး
သူကပြောစရာမရှိတော့သော
ယတိပြတ်မှုကို
ငါချိန်းခဲ့ပါတယ်။
ငါစောင့်ခဲ့ပါတယ် ။

💞 အောင်ချိမ့်
Credit-

ယနေ့ ရွှေမန်းမြေက LGBTIQ (လိင်စိတ်ခံယူမှု ကွဲပြားသူများ) သပိတ်စစ်ကြောင်း။သပိတ်တိုက်ပွဲဝင် ရဲ‌ဘော်အပေါင်းကို အထူး ဦးညွှတ်...
08/08/2021

ယနေ့ ရွှေမန်းမြေက LGBTIQ (လိင်စိတ်ခံယူမှု ကွဲပြားသူများ) သပိတ်စစ်ကြောင်း။

သပိတ်တိုက်ပွဲဝင် ရဲ‌ဘော်အပေါင်းကို အထူး ဦးညွှတ်၊ ဂုဏ်ပြုပါ၏။ သမိုင်း မှတ်တမ်းမှာလည်း မော်ကွန်းထိုးရမယ့်သူများပင် ဖြစ်ပါသည်။

#ကြောက်ခေတ်ကို_မှောက်ပစ်ကြ

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#နောက်မဆုတ်ဘူး

#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#အရေးတော်ပုံ_အောင်ရမည်

Photo Credit to Original Sources

We are with You, Thailand 🇹🇭 Why not Cambodia 🇰🇭 , Laos 🇱🇦 and Vietnam 🇻🇳 too...?? Let’s fight together back to f***ing ...
08/08/2021

We are with You, Thailand 🇹🇭

Why not Cambodia 🇰🇭 , Laos 🇱🇦 and Vietnam 🇻🇳 too...??

Let’s fight together back to f***ing Dictatorship!

Let’s end authoritarianism in this region.

Photo - Credit to creators
Credit to original uploader

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဩဂုတ် ၇ ရက်ဒီကနေ့ညနေက အစိုးရဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတွေထိပ်တိုက်တွေ့ပြီး ရဲတွေက ဆန္ဒ...
07/08/2021

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဩဂုတ် ၇ ရက်ဒီကနေ့ညနေက အစိုးရဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတွေထိပ်တိုက်တွေ့ပြီး ရဲတွေက ဆန္ဒပြသူတွေကို ရာဘာကျည်၊ မျက်ရည်ယိုဗုံးနဲ့ ရေအမြောက်တွေသုံးပြီး အင်အားသုံးလူစုခွဲခဲ့သလို ရဲအချုပ်ကားတစ်စီး မီးရှို့ခံခဲ့ရပါတယ်။
PhotoCredit-BangkokPost/ Khaosod

30/07/2021

အောင်လ အနိုင်ရ၊ မြန်မာပြည်အတွက်ဆုတောင်း
VDO/စောဖိုးခွား

14.7.2021 ည၈နာရီရန်ကုန်  #သုသာန်မှာ  ဆုံးသွားတဲ့သူတွေ ညထိရှိနေတုန်းပါတဲ့။Credit.
14/07/2021

14.7.2021 ည၈နာရီ
ရန်ကုန်
#သုသာန်မှာ
ဆုံးသွားတဲ့သူတွေ ညထိရှိနေတုန်းပါတဲ့။
Credit.

ရေဝေးသုဿာန်မှာ သဂြိုလ်မယ့် အလောင်းတွေ ပုံပြီး တန်းစီ စောင့်နေရရန်ကုန်၊ ဇူလိုင် ၁၃ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန် ရေဝေးသုဿာန်...
13/07/2021

ရေဝေးသုဿာန်မှာ သဂြိုလ်မယ့် အလောင်းတွေ ပုံပြီး တန်းစီ စောင့်နေရ

ရန်ကုန်၊ ဇူလိုင် ၁၃

ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန် ရေဝေးသုဿာန်မှာ သဂြိုလ်မယ့်အလောင်းတွေ တောင်ပုံ ရာပုံ ဖြစ်နေပါတယ်။ ယမန်နေ့က ရေဝေးမှာတင် သေဆုံးသူ ၁၀၀ ရာကျော်ရှိတယ်လို့ သဂြိုလ်တဲ့ စည်ပင်ဝန်ထမ်းတချို့ ဆိုပါတယ်။

အတိအကျကိုတော့ မေးလို့မရသလို ဖြေကြားမှုမရှိပါဘူး။ ရေဝေးသုဿာန်ဖုန်းကို ရန်ကုန်ခေတ်သစ်က ခေါ်ဆိုပေမယ့် သတင်းဌာနက ပြောတဲ့အခါမှာ ဖုန်းချသွားပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင်လ ၁၂ ရက်နေ့ညပိုင်း ထုတ်ပြန်ချက်တွေမှာကိုဗစ်ကူးစက်သူ ၅၀၁၄ ဦးနဲ့ သေဆုံးသူ ၈၉ ဦးရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ဒီထုတ်ပြန်ချက်ဟာ ဆေးရုံတွေနဲ့ စင်တာတွေက အခြေအနေကိုပဲ ထုတ်ပြန်ထားတာပါ။ လူနေအိမ်တွေမှာ ၊ရပ်ကွက်တွေထဲမှာ သေဆုံးသွားသူတွေရဲ့ စာရင်းမပါသေးပါဘူး။

ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့လို မြို့တစ်ခုတည်းမှာတင် ဇူလိုင်လ ၁၂ ရက်နေ့ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သူ ၂၆ ဦးရှိနေလို့ ပုသိမ်မြို့ အခြေစိုက် မနောဖြူ ပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းတွေဟာ အနည်းဆုံး ကိန်းဂဏန်းတွေဖြစ်နေပြီး ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ ခန့်မှန်းချက်အရ ကိုဗစ်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အနည်းဆုံး ၃၀၀ နဲ့ ၅၀၀ အကြား ရှိနိုင်တယ်လို့ ဆိုပါတယ်။

Photo - Supply
Credit KhitThitMedia

သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ်" .သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ.စုထက်ဝိုင်းလွတ...
01/07/2021

သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ်" .
သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ.
စုထက်ဝိုင်းလွတ်မြောက်ရေးအတွက် ကြိုးစားပေးကြပါသော နိုင်ငံတကာ အဖွဲ့အစည်းများ.ပြည်တွင်းတော်လှန်ရေးအင်အားစုများအားအထူးကျေးဇူးတင်ရှိပါတယ်ဗျာ.
သမီး​လေး လွတ်လာကြောင်း
အဆက်အသွယ်ရရခြင်း
ဘေးကင်းရာ သို့ ပြန်လည်ခေါ်ထုတ်နိုင်ရန်ကြိုးစားပေးကြသော GZလူငယ်များ.လမ်းခရီးတလျှောက်စောင့်ရှောက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်.
နှစ်ပတ်ကျော်ကြာဖမ်းဆီးချုပ်နှောင်ထားစဥ်. "ထမင်းဝအောင်မစားရဘူး"."ရေချိုးရင်အိမ်သာရေနဲ့ချိုးရတာ".လို့
ပြန်ပြောပြပါတယ့်.."ဖွားဖွားစု (ဒေါ်အောင်ဆန်းစုကြည်)" လွတ်ပြီလားလို့လည်းမေးပါတယ်."မလွတ်သေးဘူးသမီးရေ"
ဆိုတော့ ခပ်ငေးငေးလေးဖြစ်သွားပုံက ရင်ထဲထိရှရပါတယ်ဗျာ.သူ့အမေနဲ့အမ အထဲမှာ ဘယ်လိုနေထိုင်နေလည်း စသဖြင့်
အထဲကအကြောင်းတွေကိုမေးတာ မျက်နှာလေးအရောင်ပြောင်းသွားပြီး ဘာမှပြန်မပြောပြဘူး..
စိတ်ဒဏ်ရာ အချို့ နဲ့ဘဝကို ဖြတ်သန်းပေအုံးတော့ သမီးရေ...
ကိုစိုးဌေး မိုးကုတ်

အမေရိကား က ကိုဗစ် ဂုရုကတော့ ၂ ထပ်အုပ်ပါတဲ့.. အတွင်းက Surgical mask, အပြင်က အဝတ် mask, အတွင်းက surgical mask ကို ဘေးမှာ စ...
29/06/2021

အမေရိကား က ကိုဗစ် ဂုရုကတော့ ၂ ထပ်အုပ်ပါတဲ့.. အတွင်းက Surgical mask, အပြင်က အဝတ် mask, အတွင်းက surgical mask ကို ဘေးမှာ စုချည်ထားပေးရမယ်တဲ့ ကာတွန်းပုံလေးမှာပြထားတယ်နော်
crd :

မော်လမြိုင် ဇေယျာ၂ က သမီးလေးအေးမြတ်သူအတွက်စကော့တလန် Findhorn မှာ စိုက်တဲ့ memorial tree ❤️ကလေးတွေအတွက် အားလုံးအတွက် လုံခ...
28/06/2021

မော်လမြိုင် ဇေယျာ၂ က သမီးလေးအေးမြတ်သူအတွက်
စကော့တလန် Findhorn မှာ စိုက်တဲ့ memorial tree ❤️
ကလေးတွေအတွက် အားလုံးအတွက်
လုံခြုံစိမ်းလန်းတဲ့ကမ္ဘာမြေ အမြန်ဖြစ်စေတော့ကွယ်...
Planting a memorial tree for Myanmar children who died during Spring Revolution. Ecovillage Findhorn Revolution Forest Ecologia Youth Trust Findhorn Foundation

မင်းအောင်လှိုင်ပါတဲ့ လေယာဉ်ကြီးရုရှားမှာ ဟိုကပ်လိုက် ဒီကပ်လိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီးသတင်းတွေက အမျိုးမျိုးဖြစ်နေကြတယ်။လူ...
28/06/2021

မင်းအောင်လှိုင်ပါတဲ့ လေယာဉ်ကြီး
ရုရှားမှာ ဟိုကပ်လိုက် ဒီကပ်လိုက်
ဖြစ်နေတာနဲ့ ပတ်သက်ပြီး
သတင်းတွေက အမျိုးမျိုးဖြစ်နေကြတယ်။

လူဆိုတာ မျှော်လင့်တတ်တဲ့အမျိုးမို့
မျှော်လင့်တာကို အပြစ်မဆိုလိုပါဘူး။
ဒါပေမဲ့ ...
အဲ့လိုမျှော်လင့်ချက်တွေ ပေးတဲ့အရေးအသားမျိုးတွေ
စရေးနေသူတချို့ကို အံ့ဩမိတယ်။

စိုးဝင်းက အာဏာသိမ်းပြီဆိုပြီး
မင်းအောင်လှိုင်အိမ်ကို ဝိုင်းသလိုလို
အတိအကျကြီး ရေးသူရေး၊

တချို့က ၂ရက်အတွင်း ထူးမယ်တဲ့
(ဘာထူးတာလဲ နင့်အမေကြီးထူးတာလား)

ဒီနေ့လဲ နောက်တမျိုးတွေ့ပြန်တယ်။
မင်းအောင်လှိုင်ပြန်မလာရဲတာက
အမေရိကန်နဲ့ မဟာမိတ်တွေက
ရုရှားလေပိုင်နက်ကျော်ရင် တာဝန်မယူဘူးလို့
ရာဇသံပေးသလိုလို

မူးယစ်ဆေးဝါးကိစ္စ မင်းအောင်လှိုင်ကို
ဖမ်းမှာလိုလို

တကယ့်ကို Lee Lee လားလားတွေ
ရေးနေကြတာ။
လူတွေကတော့ မျှော်လင့်ချင်တော့
ရှယ်ကြ ပြန်တင်ကြပေါ့‌။

၇၂ နာရီစောင့်ကြည့်ဆိုတဲ့ဂျင်းအတိုင်းပဲ။
ဒါတွေက ဘာရည်ရွယ်ချက်နဲ့ရေးနေလဲ
မသိပေမဲ့။
လူတွေကို ဘိန်းကျွေးနေတာနဲ့ တူနေတယ်။

ခဏတော့ အားတက်မယ် ပျော်ရွှင်မယ်
နောက်ကျ ဒီသတင်းတွေ
မဟုတ်မှန်းသိတော့ စိတ်ဓာတ်ပိုကျသွားမယ်

နောက် ခဏနေတော့
အဲ့ဒီလို သတင်းတု ဘိန်းတမျိုး ထပ်ကျွေးပြန်ရော
ပြည်သူတွေလဲ အဲ့ဒီအတုအယောင်
မျှော်လင့်ချက်တွေကြား မျှောသွားပြန်ရော။

အခုအချိန်ဟာ
လရောင်အောက်မှာ မိန်းမူးနေရမယ့်အချိန်မဟုတ်ဘူး
မျှော်လင့်ချက်အတုအယောင်တွေမှာ
နစ်မွန်းနေရမယ့်အချိန် မဟုတ်ဘူး။

အစစ်အမှန်လောက ထဲကို ထွက်ခဲ့ကြပါ
နေရောင်အောက်ကို ထိုးထွက်ခဲ့ပါ။

သေချာတာ တခုပြောမယ်။
ဘယ် အမေရိကန်
ဘယ် UN မှ မြန်မာ့ပြည်တွင်းရေးကို
လာစွက်မှာ မဟုတ်ဘူး။

ကျနော်တို့ ကိုယ့်ဖာသာ ကိုယ့်ရှိတာနဲ့
ကိုယ်ချမယ်။
ကိုယ့်ခွန်ကိုယ့်အားနဲ့ ကိုယ်တိုင် ရုန်းထွက်မယ်။

ဒါဆို နိုင်ပါ့မလား တို့
ပိုခက်မှာပေါ့ တို့ တွေဝေမနေနဲ့

စစ်အာဏာရှင်ကို တော်လှန်ရင်းသေရမယ်ဆိုတောင်
စစ်ဖိနပ်အောက် ကြောက်ရွံ့ထိတ်လန့်စွာ
ရှင်သန်နေရတာထက်တော့ မြတ်သေးတယ်။

လာပါ ပြန်ချရအောင်
ကျနော်တို့မှာ သန်း၅၀ ရှိတယ်။
သူတို့မှာ သိန်းဂဏာန်းပဲ အလွန်ဆုံး။

ဗီယက်နမ်ပြည်သူတွေတောင်
အမေရိကန်တပ်တွေကို လန်ကျသွားအောင်
ဆော်နိုင်သေးတာပဲ။
ကျနော်တို့က ဒီဖက်ဆစ်တွေကို ဘာလို့ မနိုင်ရမှာလဲ?

သတင်းတုတွေကိုတော့ မေ့ထားကြစို့
ကျနော်က ကိုကျော်စိုးလို့ ခေါ်တဲ့
အကိုကြီး မင်းခိုက်စိုးစန်ရဲ့ စကားလေးနဲ့ အဆုံးသတ်ချင်ပါတယ်။

နေဝင်တဲ့ လမ်းကြောင်းနောက်
တကောက်ကောက်လိုက်ကြည့်နေလို့ကတော့
နေထွက်တာကို
မင်းဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူး။

ကဲ ... လာ
နံနက်ခင်းရဲ့ လင်းအရုဏ်နဲ့အတူ
ပြည်သူကိုကာကွယ်မယ့် PDF တို့လာပြီ။

အတူ ဝိုင်းဝန်းလိုက်ကြ
ပါဝင်လိုက်ကြ၊ ပံ့ပိုးလိုက်ကြစို့ ...။
Writer.TNS

ဒေါက်တာဆာဆာမှ ဆလိုင်းတင်မောင်ဦး သေဆုံးခြင်း( ၄၅) နှစ်မြောက်နှစ်ပတ်လည်နေ့သဝဏ်လွှာ။၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရက်စက်...
28/06/2021

ဒေါက်တာဆာဆာမှ ဆလိုင်းတင်မောင်ဦး သေဆုံးခြင်း( ၄၅) နှစ်မြောက်နှစ်ပတ်လည်နေ့သဝဏ်လွှာ။

၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရက်စက်ကြမ်းကြုတ်သောစစ်အာဏာရှင်များမှ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်မှာ ယနေ့တွင် (၄၅)နှစ် ပြည့်ပြီးဖြစ်ပါသည်။ သို့သော် ဆလိုင်းတင်မောင်ဦး၏ လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီရရှိရေးလမ်းစဉ်အတွက် သူ့ဘဝစွန့်လွှတ် အနစ်နာခံမှု ၏အကြောင်းအရင်းကို ယနေ့ထက်တိုင် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များမှ အဖြေမပေးနိုင်သေးပေ။ ဆလိုင်းတင်မောင်ဦး၏ စစ်အာဏာရှင်နှင့် ကမ္ဘာကိုပြင်းထန်ပြတ်သားစွာ ပြောကြားခဲ့သည့် “မင်းတို့ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ယုံကြည်ချက်နဲ့ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူးကွ”ဆိုသည့် သမိုင်းဝင်စကား ပြောခဲ့သည်မှာ (၄၅)နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

ယနေ့တွင် ကျွန်တော့်အနေနဲ့ ဆလိုင်းတင်မောင်ဦး ပြောကြားခဲ့သည့်စကားကို ရက်စက်ကြမ်းကြုတ်သော မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) နှင့် ၎င်း၏သတင်းပေးများအား ထပ်မံပြောကြားလိုသည်မှာ “ကျွန်ုပ်တို့ မြန်မာပြည်သူ ၅၄ သန်းသည် ဘယ်သောအခါမှ သင်တို့၏ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ အိမ်မက်ဆိုးများအောက်တွင် အရှုံးပေးမည်မဟုတ်ပါ။ အဲဒီအစား ကျွန်ုပ်တို့သည် စကားဖြင့်တောင် ဖော်ပြလို့မရလောက်အောင် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများဖြစ်သည့် သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်း၊ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခပေါင်းစုံကို ယူဆောင်ပေးသည့် စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ချေမှုန်း အဆုံးသတ်သွားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မြန်မာပြည်သူများအားလုံးအတွက် “အားလုံး”ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကို တည်ထောင်သွားမည်ဖြစ်သည်။”

ဆလိုင်းတင်မောင်ဦး၏အိမ်မက်များကို မြန်မာပြည်သူလူထု၏ အိမ်မက်များအဖြစ်မှတ်ယူပြီး အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် စစ်အာဏာရှင်များနှင့် ၄င်းတို့၏ဘက်တော်သားများအား ထပ်လောင်းပြောကြားလိုသည်မှာ “မင်းတို့ ငါတို့ရဲ့ခန္ဓာကိုယ်တွေကိုသာသတ်ရင်သတ်လို့ရမယ်၊ သို့သော် ယခု မျိုးဆက်များနှင့် အနာဂတ်မျိုးဆက်များအပေါ်ထားရှိသည့် ကျွန်တော်တို့၏ ချစ်ခြင်းမေတ္တာနှင့် အိပ်မက်များကို သတ်လို့မရဘူး၊ ငါတို့ ရပ်ရွာတွေနဲ့အိုးအိမ်တွေကိုတော့ မင်းတို့ဖျက်ဆီးနိုင်ပေမယ့် ငါတို့အနာဂတ်၊ လာမည့် မျိုးဆက်များ၏အနာဂတ်နှင့် မြန်မာနိုင်ငံ၏ အနာဂတ်ကိုတော့ ဘယ်တော့မှဖျက်ဆီးလို့ရမှာမဟုတ်ဘူး။” ကျွန်တော့်အနေနဲ့ ဆလိုင်းတင်မောင်ဦးအပါအဝင် မြန်မာနိုင်ငံတွင် လွတ်လပ်မှုနှင့် အားလုံးပါဝင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးဆပ်သွားခဲ့ကြသော နိုင်ငံ့သူရဲကောင်းများအားလုံးကို လေးစား ဂုဏ်ပြုအပ်ပါသည်။ နွေဦးတော်လှန်ရေးနိုင်ကိုနိုင်ရမည်။ ကျွန်ုပ်တို့အကြီးအကျယ်အနိုင်ရပြီး စစ်အာဏာရှင်များ ကျရှုံးနေပြီ။ ဆလိုင်းတင်မောင်ဦးနှင့် ရဲစွမ်းသတ္တိရှိသောမြန်မာပြည်သူလူထု၏ ယုံကြည်ချက်နဲ့ရပ်တည်ချက်များ အကောင်အထည် မဖော်သေးသ၍ ကျွန်ုပ်တို့ ရပ်တန့်မည်မဟုတ်ပါ၊ အရှုံးပေးမည်မဟုတ်ပါ၊ အညံ့ခံမည်မဟုတ်ပါ။

ဆလိုင်းတင်မောင်ဦးနှင့်အတူ ကျဆုံးသွားသောနိုင်ငံတော် သူရဲကောင်းများအားလုံးကို အစဉ်လေးစား ဂုဏ်ပြုအလေးပြုလျက် မြန်မာပြည်သူလူထုနှင့် တိုင်းပြည်အတွက် -

ဒေါက်တာဆာဆာ။

အန္ဒိယနိုင်ငံနှင့် မြန်မာနယ်စပ်တွင် Covid 19 ရောဂါပိုးကူးစက်ခံရသူများမှ ကျေးလက် မဖွံ့ဖြိုးသော အရပ်များရှိ ဝေဒန ာခံစားနေရ...
27/06/2021

အန္ဒိယနိုင်ငံနှင့် မြန်မာနယ်စပ်တွင်
Covid 19 ရောဂါပိုးကူးစက်ခံရသူ
များမှ ကျေးလက် မဖွံ့ဖြိုးသော
အရပ်များရှိ ဝေဒန ာခံစားနေ
ရသော Covid 19 ကူးစက်လူနာ
အချို့မှာ အောက်စီဂျင်ကို သံုးကာ
အသက်ကြိုးစားရှူနေရသူများမှ
အောက်စီဂျင်ဘူးထပ်မရတော့
ဘဲ အောက်စီဂျင်ပြတ်သွားခဲ့ချိန်တွင်
ဖော်ပြပါ ဆေးရွက်ကို အရွက်၊ အရိုး၊
အမြစ် ပြင်စ ငါးပါးကို ကြိုပြီး
သောက်ကြ၊ အရွက် များ၊ အရိုးများ
ပြုတ်ထားသည်ကိုလည်း ဝါးစားခဲ့ကြ
သည်ဟု သိရသည်။


တညအိပ်ပြီး ​ေနာက်ရက်၌
အောက်စီဂျင် မပါလည်း
အသက်ကောင်းစွာရှူနိုင် ကြကာ ရောဂါ
ဝေဒနာ မှာသိသိ သာသာ သက်သာ
သွားကြသည့်အတွက် လက်ရှိ မြန်မာ
နိုင်ငံ ချင်းပြည်နယ် ရီခေါဒါမြို့အနီး
တွင် ၄င်းဆေးရွက် များ အလေ့ကျ
ပေါက်နေသည်ဖြစ်၍ သွားရောက်ခူး
ကြသူများစွာရှိနေကြောင်း နှင့် ကလေး
မြို့သို့ လည်း ကုန်တင်ကားများဖြင့် ပို့
ပေးကြကာ လက်ရှိ ကလေးမြို့နယ်ရှိ
ဒေသခံအချို့မှ ကိုဗစ် ၁၉ ကူးစက်
ခံရသည့် လူနာများစွာတို့မှာ မိမိတို့
နေအိမ်၌ သီးသန့်နေထိုင်ကြရပြီး
မိသားစု၏ ပြုစုခြင်းကိုခံယူနေရ
သူများကို မိသားစုဆွေမျိုးသားခြင်း
များမှ ဖော်ပြပါ ဆေးရွက် များကို
ယနေ့ ကလေးမြို့တွင် သွား​ေရာက်
ယူ​ြကကာ ဝေဒန ာရှင်တို့ကို တိုက်
ကျွေးခဲ့ရာ သိသာစွာ ဝေဒန ာ သက်သာ
ခဲ့ကြ​ကြောင်း ဝမ်း​မြောက်စွာ​ဖြင့်
မိသားစုဝင်များ၏ ပြန်လည်ပြောပြ
ခြင်းကို သိရှိခဲ့ရပါသည်။

ထို့အတွက်ကြောင့် ၄င်းဆေးရွက်ပုံ
များကို အနီးအဝေးအမြင်အမျိုးမျိုး
ဖြင့်၊ အရွက် အကြီးသေး ပုံများကိုပါ
ဖော်ပြပေးလိုက်ရပါသည်။

မိမိတို့ ပတ်ဝန်းကျင်၌ တွေ့ရှိပါက
ဖြစ်စေ၊ မိဘ၊ ဘိုးဘွားများကိုပြသ
ပြီး အနီးနား၌ ၄င်းဆေးရွက်ပေါက်
ရောက်ခြင်း ရှိ မရှိ စုံစမ်းအသုံးပြု
ကြည့်လိုက အဆင်ပြေမှုဖြစ်စေရေး
ရည်ရွယ်ဖော်ပြလိုက်ရသကဲ့သို့
ရောဂါပိုး မရှိသူတွေကလည်း ၄င်း
ဆေးရွက်ကို ကိုဗစ် ၁၉ ကာကွယ်
စေခြင်း အလှိူ့ငှာ ရောဂါပိုးမရှိသူများ
လည်း ကာကွယ်သည့် သဘောဖြင့်
သောက်သုံးနေကြကြောင်း ယနေ့
ညနေပိုင်း၌ သိရှိရ၍ ပြန်လည်၍
မျှဝေဖော်ပြလိုက်ရပါသည်။

L2 (LSO)
ပြင်ဦးလွင်​စျေး​လေး
မန္တ​​လေး တရုပ်တန်း​စျေး
​ကျောက်မဲ​စျေး ရန်ကုန်တရုတ်တန်းစေျးတွေမှာဝယ်ယူလို့ရနိုင်ပါတယ်
ဒီအရွက်အမျှစ်ကိုစားဘို့
​ပြောကြပါတယ်

ကြိုက်တယ် မကြာမကြာသုတ်စားဖြစ်တယ်😋
Credit.

We love Karenni.
21/06/2021

We love Karenni.

ဝက်လက်မြို့နယ်အတွင်းက နှမ်းရိတ်သပိတ် ။ ၂၁.၆.၂၀၂၁Photo/ AungSanLin
21/06/2021

ဝက်လက်မြို့နယ်အတွင်းက နှမ်းရိတ်သပိတ် ။ ၂၁.၆.၂၀၂၁
Photo/ AungSanLin

ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်နဲ့ အောင်ပွဲတခုဆွေးနွေးမှုပေါင်းများစွာနဲ့ အချိန်ကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆု...
19/06/2021

ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်နဲ့ အောင်ပွဲတခု

ဆွေးနွေးမှုပေါင်းများစွာနဲ့ အချိန်ကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဇွန်လ (၁၈) ရက်နေ့မှာ ချမှတ်အတည်ပြုလိုက်ပါပြီ။

မူကြမ်းဆုံးဖြတ်ချက်ကို လိုင်ချက်စတိုင်း (Liechtenstein) နိုင်ငံနဲ့ အခြား (၅၃) နိုင်ငံတို့ပူးတွဲပြီး မေလဆန်းကထဲက တင်သွင်းခဲ့တာပါ။ ဆုံးဖြတ်ချက်မူကြမ်းကို မေလလယ်မှာ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေက မူလဆုံးဖြတ်ချက်မူကြမ်းမှာပါဝင်တဲ့ "မြန်မာနိုင်ငံအား လက်နက်ရောင်းချမှုပိတ်ပင်ရေး (Arms Embargo)" တောင်းဆိုချက်အပါအဝင် မြန်မာစစ်အုပ်စုကို ပြင်းထန်စွာ ဝေဘန်ရှုံ့ချတဲ့ စကားလုံးတွေအပေါ် သဘောမတူနိုင်ဘူးလို့ ဆိုခဲ့တဲ့အတွက် နိုင်ငံတွေကြားမှာ တလကျော်ကြာအောင် အပြန်ပြန်အလှန်လှန် ဆွေးနွေးညှိနိုင်းခဲ့ပါတယ်။

ညှိနှိုင်းမှုတွေအပြီး အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာတော့ "လက်နက်ရောင်းချမှုပိတ်ပင်ရေး" အစား "မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး (Prevent the flow of arms to Myanmar)" လို့ ပြင်ဆင်လိုက်ပါတယ်။

ညှိနိုင်းပြီးတဲ့အခါမှာ ဒီဆုံးဖြတ်ချက်ကို မဲမခွဲပဲ ကန့်ကွက်သူမရှိ (Consensus) ပုံစံနဲ့ အတည်ပြုဖို့ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ ဘယ်လာရုစ် (Belarus) က အများသဘောတူဆုံးဖြတ်တာထက် လက်ခံမခံကိုမဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုလာပါတယ်။ ဒါကြောင့် မဲခွဲကြတဲ့အခါ ထောက်ခံမဲ (၁၁၉) မဲ၊ ကြားနေ (၃၆) မဲနဲ့ ကန့်ကွက်မဲက ဘယ်လာရုစ် (၁) မဲထဲရှိပါတယ်။ မဲမပေးတဲ့နိုင်ငံကတော့ (၃၇) နိုင်ငံရှိပါတယ်။ ထူးခြားတာက အာဆီယံနိုင်ငံတွေက (၆) နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာ (NUG ကိုယ်စားပြုဦးကျော်မိုးထွန်း) တို့က ထောက်ခံမဲပေးခဲ့ပါတယ်။ အာဆီယံ ၄ နိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့က ကြားနေပါတယ်။ ပြီးတော့ တရုတ်နဲ့ ရုရှားကလည်း ကြားနေကြပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၃) အဖွဲ့ဝင်နိုင်ငံ အများစုရဲ့ သဘောထားထင်ဟပ်တယ်လို့ ဆိုနိုင်ပါတယ်။

ဆုံးဖြတ်ချက်ကို သုံးသပ်ရရင် ပထမတချက်ကတော့ မူကြမ်းမှာပါခဲ့တဲ့ "လက်နက်ရောင်းချမှုပိတ်ပင်ရေး" အစား "မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး (Prevent the flow of arms to Myanmar)" လို့ပြောင်းလိုက်ပေမဲ့ ကျန်တဲ့တောင်းဆိုချက်တွေက အားကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ဒုတိယတချက်ကတော့ ဆုံးဖြတ်ချက်တစ်ခုလုံးမှာ မြန်မာစစ်အုပ်စုကို "အစိုးရ" လို့မဖော်ပြသွားပါဘူး။ "နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက" ဆိုတဲ့ အမည်ကိုတောင် မသုံးဘဲ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲသွားပါတယ်။ ဒီအချက်က နိုင်ငံရေးအသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး တော်တော်လေးအရေးကြီးပါတယ်။ ဒီစကားလုံးလေးတလုံးက တရားဝင်မှုကို သက်ရောက်စေပါတယ်။ ဒီလိုစကားလုံးကို သတိထားသုံးစွဲထားမှုက အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရာ ရောက်ပါတယ်။

တတိယအချက်ကတော့ ‌တောင်းဆိုချက်တွေက အားကောင်းပြီး အကြောင်းအရာစုံလင်ပါတယ်။ တောင်းဆိုချက်တွေထဲမှာ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ အရပ်သားအစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှုဖြစ်အောင်လုပ်ဆောင်ဖို့၊ ထိမ်းသိမ်းခံအားလုံး ချက်ချင်းပြန်လွှတ်ပေးပြီး သူတို့ရဲ့ တရားမျှတမှုရရှိအောင် လုပ်ပေးဖို့၊ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့၊ သတင်းသမားတွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေကိုရုပ်သိမ်းပေးဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လိုအပ်နေတဲ့ သူတွေဆီလုံခြုံအနှောက်အယှက်ကင်းစွာရောက်ဖို့နဲ့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံး မြန်မာနိုင်ငံကို လက်နက်စီးဆင်းမှုတွေ တားဆီးဖို့ တို့ ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက်က လုံခြုံရေးကောင်စီဆုံးဖြတ်ချက်လို အာဏာသက်ရောက်မှုမရှိပေမယ့် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃) နိုင်ငံထဲက အများစုက ထောက်ခံတယ်ဆိုတာ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိပါတယ်။ ဩဇာရှိပါတယ်။ တချိန်ထဲမှာဘဲ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံအချို့ကို မှီခိုအားထားနေရချိန်မှာ သူတို့ထင်သလောက် အကာအကွယ်မရခဲ့တဲ့အတွက် အတော်ခံစားရခက်နေပါလိမ့်မယ်။

တခုသိစေချင်တာကတော့ နောက်ထပ်အရေးကြီးတဲ့အချိန်တခု ကျန်နေပါသေးတည်။ ဒါကတော့ လာမယ့် စက်တင်ဘာလမှာ စတင်ကျင်းပမယ့် (၇၆) ကြိမ်မြောက် အထွေထွေညီလာခံကြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီညီလာခံကြီး မစခင်မှာ အထွေထွေညီလာခံ ကိုယ်စားလှယ်စီစစ်ရေးကော်မတီ (Credential Committee) မှာ အာဏာသိမ်းစစ်ကောင်စီကရော၊ NUG ကပါ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် တင်လျှောက်ကြမှာပါ။ ဒီကာလမှာ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံအချို့က မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုရေး အစွမ်းကုန်စည်းရုံးကြမှာပါ။ NUG အနေနဲ့လဲ တရားဝင်အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းရမှာဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ နိုင်ငံတကာသံတမန်အ‌ရေးမှာ အောင်မြင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေပါတယ်။ အမှန်တရားအတွက် နိုင်ကိုနိုင်ရမယ်လို့လဲ ယုံကြည်ထားပါတယ်။ ပြည်သူတွေအနေနဲ့လဲ ရောက်ရှိနေတဲ့နေရာမှာ တတ်နိုင်သရွေ့ စစ်တပ်ကို တွန်းလှန်နေခြင်းဖြင့် စိတ်ဓာတ်ကို အမြင့်မားဆုံးမြှင့်တင်ထားကြပါ။
Source/AungMyoMin

တာမွေတွင် ဗုံးများကွဲ ၊ အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦးလက်ပြတ်၊ စစ်သားတချို့လည်း အထိအခိုက် သေဆုံးမှုရှိနိုင်ရန်ကုန်၊ ဇွန် ၁၈ရ...
18/06/2021

တာမွေတွင် ဗုံးများကွဲ ၊ အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦးလက်ပြတ်၊ စစ်သားတချို့လည်း အထိအခိုက် သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဇွန် ၁၈

ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် ယနေ့ ညနေ ၃ နာရီ ၂၀ မိနစ် ဝန်းကျင်က နေရာ ၂ ခုတွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၁ ဦး လက်ပြတ်သွားကြောင်း၊ စစ်သားတချို့လည်း သေဆုံးနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"၁၄၇ လမ်းနား ကြံ့ခိုင်ရေးရုံးနားမှာ ရပ်ထားတဲ့ စစ်ကားပေါ်မှာ ကွဲတယ်။ စခန်း ၄၀ နား။ စစ်ကားမှာ ၂ ကြိမ်ကွဲတာ။ အဲဒါ စစ်ကား မီးလောင်တယ်။ စစ်သားတွေလည်း ထိသွားတယ်ပြောတယ်။ သေလား မသေလားတော့မသိဘူး။ နောက်တစ်ကြိမ်က ၁၅၅ လမ်း က တက္ကစီပေါ်မှာ ဗုံး ကွဲတယ်။ အဲဒါ တစ်ဦးလဲနေတာ တွေ့တယ်။ သေနေပြီထင်တယ်။ နောက်တစ်ခါ လက်ပြတ် တစ်ခုလည်းတွေ့တယ်။ " ဟု တာမွေမြို့နယ် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"စစ်ကားဗုံးပေါက်တော့ ဩဘာလမ်းထဲမှာကျွန်တော်ရှိပါတယ်။ ကားပါတုန်သွားပါတယ် ။ လမ်းထိပ်ရောက်တော့ကြံ့ခိုင်ရေးရုံး‌လဲ့လဲ့ဝင်းဆွေရုံး‌ရှေ့စစ်ကား တစ်စီးလုံးမီးလောင်နေတာတွေ့ရပါတယ်။ အောက်က ရဲ၂ယော က် စစ် သား၂ယောက် ပျာယာခတ်ပီးဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။ ရဲတစ်ယောက် ဘောင်းဘီရှည်အောက်ပိုင်းမရှိ စုတ်ပြတ်နေပါတယ်။ ခဏနေတော့ သူတို့ရမ်းသန်းပစ်လို့ အသားကုန်မောင်းပြေးခဲ့ရပါတယ်။ ကြည့်ရတာဗုံးကကားပေါ်တင်ပေါက်ပြီး ပြင်းပုံရပါတယ်။ ကြံ့ဖွတ်ရုံးကဗုံးတွေလား။ အဲဒီရုံးကိုလာချတဲ့ဗုံးတွေဖြစ်မလားလို့တွေးမိပါတယ်။ တော်ရုံဗုံးမီးခိုးပဲထွက်တာပါ။ အခုရုပ်ရှင်ထဲကလိုတစ်စီးလုံးမီးလောင်နေတာပါ ကိုယ်တွေ့ရင်တုန်ပန်းတုန်ပါ"ဟု မျက်မြင်ကြုံတွေ့ရသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ဝန်းကျင် တာမွေ ၁၄၇ လမ်းထိပ်တွင် ရပ်တန့်ထားသော စစ်ကားအနီးတွင် ဗုံးပေါက်ကွဲပြီး စစ်ကားမီးလောင်သွားကြောင်း၊ တာမွေ ၁၅၅ လမ်းထိပ်တွင်မူ တိုယိုတာဗစ် Taxi နားတွင် ဗုံးပေါက်ကွဲပြီး ၁ ဦး ထိခိုက်ပြီး ကျန်တစ်ဦးမှာ လက်ပြတ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဗုံးဖြင့် တိုက်ခိုက်ခံရသော စစ်ကားမှာ မီးလောင်ပြာကျသွားကြောင်း ၊ သေဆုံးမှုတချို့ရှိသည်ဟု ပြောဆိုကြသော်လည်း အတည်မပြုနိုင်သေးပေ။

(Edited Version)
Credit KhitThitMedia

ငါတို့ မနိုင်လို့ မဖြစ်ဘူး။
17/06/2021

ငါတို့ မနိုင်လို့ မဖြစ်ဘူး။

မန္တလေးဆေးရုံကြီးမှ Surgeon ဆရာDr. မောင်မောင်ငြိမ်းထွန်းနှင့် Dr.ဆွေဇင်ဦးတို့ကို တရားခံပြေးအမည်တပ်၍ စစ်ကောင်စီက မတရားရို...
14/06/2021

မန္တလေးဆေးရုံကြီးမှ
Surgeon ဆရာDr. မောင်မောင်ငြိမ်းထွန်းနှင့်
Dr.ဆွေဇင်ဦးတို့ကို
တရားခံပြေးအမည်တပ်၍
စစ်ကောင်စီက မတရားရိုက်နှက် ဖမ်းစီးခြင်းကိုခံထားရ

အဆို ဆရာဝန်နှစ်ဦးသည်
လိုအပ်သူတွေကို လူမှုရေးအရ ဘက်ပေါင်းစုံကနေ ကူညီပေးနေသူတွေလို့လည်းသိရပြီး
ထိုဆရာဝန်နှစ်ယောက်နဲ့ရင်းနှီးတဲ့
ဆေးလောကသားများသည်
သူတို့နှစ်ယောက် ဘယ်လိုလူမျိုးတွေ
တိုင်းပြည်ကို ဆေးပညာအရ
ဘယ်လိုအကျိုးပြုနေသလည်းဆိုတာကို သိကြကြောင်း

ရာဇဝတ်သားများကဲ့သို့ ဖမ်းစည်းပြီး
ယခုလို ပြည်သူ့အကျိုးဆောင် ဆရာဝန်များကို
ဖမ်းဆီးနှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့
စစ်တပ်ပိုင် MWD media သတင်းမှာ တွေလိုက်ရတာဟာ
စစ်ကောင်စီရဲ့
အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်
မတရားလုပ်ရပ် ဖြစ်သည့်

တိုင်းပြည်ရဲ့ အာဏာကို မတရားသိမ်းပိုက်ပြီး
တိုင်းကျိုးပြည်ပြုလုပ်နေတာမဟုတ်ပဲ
ယုတ်မာရိုင်းစိုင်းသည့်
တိုင်းဖျက်ပြည်ပျက်လုပ်ရက်များကို
အသိဥာဏ်ကင်းမဲ့စွာ ပြုလုပ်နေသည့်
စစ်အာဏာရှင်လူတစ်စုနှင့် အပေါင်းအပါနောက်လိုက်များကို အကြွင်းမဲ့ဆန့်ကျင်ပါသည်။

မတရားမှုကို သိလျက် ငြိမ်နေသူများသည်လည်း
မတရားမှုပြုသူနှင့် တသားတည်းသာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါသည်

ပြည်သူ့အာဏာကိုအဓမ္မသိမ်းယူထားတဲ့
#လူသတ်စစ်မိစ္ဆာများကျဆုံးပါစေ

#နွေဦးတော်လှန်းရေးအရေးတော်ပုံအောင်ရမည်.
Crd

"ကျောက်ဆည် ရွှေသိမ်တော်ကျိန်စာ" တိုက်ပွဲ"သပိတ်မှောက်"ခြင်းမှသည်"ရွှေသိမ်တော်မြတ်  ဆီသို့"မင်း" ဆိုးယုတ်ကြောင့်ပြည်သူ နှလ...
14/06/2021

"ကျောက်ဆည် ရွှေသိမ်တော်ကျိန်စာ" တိုက်ပွဲ

"သပိတ်မှောက်"ခြင်းမှသည်

"ရွှေသိမ်တော်မြတ် ဆီသို့

"မင်း" ဆိုးယုတ်ကြောင့်

ပြည်သူ နှလုံး

မရွှင်ပြုံး၍

ဆုရည်လို့ငှါ

ချီတက်လာပြီး

ပြည်သူ့ ကျိန်စာ

တိုက်ရပါသည်

ဆို သစ္စာ စကား

မှန်သော်ငြားက

ကျောက်ဆည် ဘုရား

ကျိန်စာ များသည်

မိစ္ဆာ "မင်း" ယုတ်

မျိုးလုံးပြုတ်အောင်

"ပြည်သူ့" သစ္စာဆူးစေသော်။

🟥Crd

Ma masat laban hta mung kan ting kaw nga ai ma yawng ngawi pyaw hkam ja nga u ga 🙏ဂေသရှေမန်ဂေဟာက မသန်စွမ်း ကျောင်းသူကျော...
13/06/2021

Ma masat laban hta mung kan ting kaw nga ai ma yawng ngawi pyaw hkam ja nga u ga 🙏
ဂေသရှေမန်ဂေဟာက မသန်စွမ်း ကျောင်းသူကျောင်းသားများရဲ့ တေးသရုပ်ပုံဖော်ခြင်း
Photo..Luluki

1945 June 19 တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင်ဒေါ်ခင်ကြည်တို့မှ မွေးဖွားခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတ...
13/06/2021

1945 June 19 တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင်ဒေါ်ခင်ကြည်တို့မှ မွေးဖွားခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ယခုတိုင် ကြိုးစားနေသူဖြစ်သည်။
၁၉၈၈အရေးအခင်းတွင် ဖမ်းဆီးခံခဲ့ရပြီး အကျယ်ချုပ်ဖြင့် နှစ်၂၀တိုင် ချုပ်နှောင်ခံခဲ့ရသည်။ ၁၉၉၁တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သူဖြစ်သည်။
" Happy Birthday " လို့ရေးချင်ပြီ 🥺

ကျွန်တော်ငယ်ငယ်က လူမြင်ကွင်း စားသောက်ဆိုင်တွေ ဘာတွေမှာ ထမင်းစားရင် လက်နဲ့ စားရမှာကို ရှက်တတ်ခဲ့တယ်။ အကြောင်းကတော့ နိုင်င...
13/06/2021

ကျွန်တော်ငယ်ငယ်က လူမြင်ကွင်း စားသောက်ဆိုင်တွေ ဘာတွေမှာ ထမင်းစားရင် လက်နဲ့ စားရမှာကို ရှက်တတ်ခဲ့တယ်။ အကြောင်းကတော့ နိုင်ငံခြားသားတွေ မြင်သွားရင် အထင်သေးမှာစိုးလို့။ လူရိုင်းတွေလို့ ထင်သွားလိမ့်မယ်ဆိုပြီး။ ဇွန်း ခရင်းနဲ့ အစားကျင့်ခဲ့တာ။

အသက်နည်းနည်းကြီးလာတော့ ဆူးလေနားက ရွှေမြို့တော်ချစ်တီးဆိုင်မှာ တိုရှည်သွားစားတယ်။ တိုရှည်လို အစာမျိုးကိုတောင် ဇွန်းခရင်းတောင်းစားခဲ့သေးတာ။ အဲဒီ့အချိန်မှာပဲ ကျွန်တော့်ရှေ့မျက်စောင်းထိုး စားပွဲမှာ အဖြူကောင်တစ်ကောင်က ချစ်တီး သတ်သတ်လွတ်ထမင်းကို ပဲဟင်းနဲ့ နယ်စားနေတယ်။ ဘာဇွန်းခရင်းမှ မသုံးဘဲ လက်ဗလာနဲ့တွယ်နေတာ အားရပါးရ။

အဲဒီမှာ ကိုယ့်ကိုယ်ကို ပြန်ရယ်ချင်သွားတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ သတိထားကြည့်တော့မှ ဘာဂါ ဆိုတာလည်း လက်နဲ့ကိုင်စားတဲ့အစာပဲ။ ပီဇာဆိုတာလည်း လက်နဲ့ပဲ ကိုင်စားကြတာ။ ဒိုးနပ်၊ ကိတ်မုန့်၊ ဟော့ဒေါ့။ အဖြူစာတွေအကုန်လုံး ဘာဇွန်းခရင်းမှ မသုံးဘူး။ ကိုယ့်လူမျိုးထက်တောင် သူတို့က လက်ပိုသုံးသေး။

အခု တော်လှန်ရေးကြီးမှာ အစပိုင်းတုန်းကလည်း အကြမ်းမဖက်ဖို့။ အကြမ်းဖက်ရင် နိုင်ငံတကာက အမြင်ကောင်းမှာ မဟုတ်ဘူးဆိုပြီး စိုးရိမ်ခဲ့ကြတာ။ ကိုယ့်ဘက်က လှိမ့်ခံ။ ထောင်ဂဏန်းနီးပါး သေခဲ့ကြ။ ယူအန်၊ ယူအက်စ် - ဘာများလုပ်ပေးခဲ့ကြလဲ။ အကြမ်းမဖက်တော့ နာမည်ကောင်းလေးတော့ ရပါရဲ့။ တော်လှန်ရေးနိုင်သွားလား။

အခုလည်း တော်လှန်ရေးမှာ လက်နက်ကို လက်နက်နဲ့ ပြန်လုပ်တော့ တချို့က နိုင်ငံတကာ အမြင်ဆိုတာကို လာပြောနေသေးတယ်။ အခုအထိ နိုင်ငံတကာအမြင်ဆိုတာ ဘာမှ သုံးစားမရဘူးဆိုတာ နားမလည်သေးဘူး။ ကျွန်တော်ငယ်ငယ်က လက်နဲ့စားရမှာ ရှက်သလိုဖြစ်နေပြီ။

ဟိုတလောက အလုပ်မှာ သမားတော်တစ်ယောက်က မြန်မာပြည်အကြောင်းမေးတော့ ကျွန်တော်လည်း The best outcome is Civil War လို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ဆက်တော့ ပြောလိုက်ပါတယ် - If a country’s best possible outcome is a civil war, you can imagine what kind of hell we are in. လို့။ ‘နိုင်ငံတစ်နိုင်ငံမှာ အကောင်းဆုံး အဖြေဟာ ပြည်တွင်းစစ်ဖြစ်နေပြီဆိုရင် အဲဒီနိုင်ငံ ဘယ်လောက် ငရဲတွင်းနက်နေပြီလဲဆိုတာ စဥ်းစားသာကြည့်တော့’ လို့။

အဲဒါကို ဒီသမားတော်က ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း ကိုယ့်လို အခြေအနေဆိုရင် လက်နက်နဲ့ပဲ ပြန်တိုက်ကြမှာပဲလေ။ ရွှေမြို့တော်မှာ လက်နဲ့ တွယ်တဲ့ အဖြူတွေလိုပါပဲ။ လောကကြီးမှာ အဖြူဖြစ်ဖြစ် အမဲဖြစ်ဖြစ် အညိုဖြစ်ဖြစ် အ၀ါဖြစ်ဖြစ် - ကိုယ့်အခြေအနေ၊ ကိုယ့်ဘ၀နဲ့ကိုယ်ပဲ။ ကိုယ်လုပ်စရာရှိတာ လုပ်ရမှာပဲ။

တခါတလေတော့ ကိုယ်မှန်တယ်ထင်တာကို ရဲရဲ၀ံ့၀ံ့ ရိုးရိုးသားသား တိုက်ပွဲ၀င်ရင်တောင် အများက လေးစားပြီး ထောက်ခံဖို့ ပိုရှိနိုင်တယ်။ ကျွန်တော် သမားတော်ကို ပြောသလို ရဲရဲ ပြောနိုင်ဖို့လိုတယ်။ အဲဒီလို အမှန်အတိုင်းပြောနိုင်ရင် သူတို့ ဘာမှ နားမလည်စရာအကြောင်းမရှိဘူး။

အခုချိန်ထိ နိုင်ငံတကာ အမြင်စောင်းမယ်လို့ ပြောနေတဲ့ လူတွေကို တွေ့ရရင် တကယ်စိတ်ပျက်တယ်။
Writer.. KoChan

အေးချမ်းစွာ နေလိုက်ရင် ထောင်ထဲကို ရောက်သွားတဲ့ သူငယ်ချင်း တစ်ယောက်အကြောင်း ငါ့ ခေါင်းထဲရောက်လာတယ် အေးချမ်းစွာ နေလိုက်ရင်...
12/06/2021

အေးချမ်းစွာ နေလိုက်ရင်
ထောင်ထဲကို ရောက်သွားတဲ့
သူငယ်ချင်း တစ်ယောက်အကြောင်း
ငါ့ ခေါင်းထဲရောက်လာတယ်

အေးချမ်းစွာ နေလိုက်ရင်
သေဆုံးသွားတဲ့ သူရဲကောင်းတွေအကြောင်း
ငါတို့တွေ ငြိမ်းချမ်းစွာ စုဝေးခွင့်မရခဲ့ကြောင်း
ငါ့ ခေါင်းထဲရောက်လာတယ်

အေးချမ်းစွာ နေလိုက်ရင်
မအေးချမ်းတော့မယ့် မိသားစုဘဝတွေ
ဖျက်စီးခံလိုက်ရတဲ့ ထမင်းဝိုင်းတွေ
ငါ့ ခေါင်းထဲရောက်လာတယ်

အေးချမ်းစွာ နေလိုက်ရင်
စစ်ဘေးရှောင်သူတွေ အိမ်ပြန်လာနိုင်ပါတော့မလား
အေးချမ်းစွာ နေလိုက်ရင်
ငါတို့ အနာဂတ်တွေ တကယ်ကြီး အေးချမ်းသွားမှာလား

အေးချမ်းစွာ နေလိုက်ရင်လို့
ပြောထွက်တဲ့ ပါးစပ်
ငါ ပြန်ရှက်ရမယ်

ငြိမ်းချမ်းရေးက စျေးသိပ်ကြီးတဲ့အကြောင်း
ငါတို့ ဘဝနဲ့ ရင်းပြီး သိခဲ့ကြပေါ့
အေးချမ်းစွာ နေလိုက်ရင်ဆိုတဲ့ စကားဟာ ကင်ဆာပဲ
ကင်ဆာကို ဆန့်ကျင်ရမယ်။

“ အေးချမ်းစွာ နေလိုက်ရင် “
မောင်မြတ်သူ
၁၁၊ ဇွန်၊ နှစ်ထောင့်၂၁

Congratulations ကိုတေဇာအများကြီးပြောပြစရာမလိုဘူး ဒီဆုတွေထက် နိုင်ငံအနာဂါတ်နဲ့  မျိုးဆက်တွေရဲ့ရှေ့ရေးကို ခင်ဗျား ပိုအလေးထ...
11/06/2021

Congratulations ကိုတေဇာ
အများကြီးပြောပြစရာမလိုဘူး
ဒီဆုတွေထက် နိုင်ငံအနာဂါတ်နဲ့ မျိုးဆက်တွေရဲ့ရှေ့ရေးကို ခင်ဗျား ပိုအလေးထားတယ်ဆိုတာ
ကျုပ်တို့အားလုံး အကြွင်းမဲ့ယုံကြည်ပြီးသားပါ
ဒါပေမယ့်လည်း ဒီဆုအတွက် အရမ်းဂုဏ်ယူတယ်

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
#အရေးတော်ပုံအောင်ရမည်
Credit..MMA

မူဆယ်မြို့ မြောက်ရပ်ကွက် Local cafe and Bar  ပိုင်ရှင် စိုင်းအောင်ကျော်လေး ကို စစ်ကောင်စီ မှ ယနေ့(ဇွန် ၈)ရက် ညနေ (၄)နာရီ...
08/06/2021

မူဆယ်မြို့ မြောက်ရပ်ကွက် Local cafe and Bar ပိုင်ရှင် စိုင်းအောင်ကျော်လေး ကို စစ်ကောင်စီ မှ ယနေ့(ဇွန် ၈)ရက် ညနေ (၄)နာရီ တွင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။
Credit_


#သျှမ်းသံတော်ဆင့်

တာမွေ၊ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးရန်ကုန်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ တ...
08/06/2021

တာမွေ၊ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၈

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်းရှိ သတိပဋ္ဌာန်လမ်းတွင် ကျား ကွက် သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်သည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင် သေနတ်ဖြင့် နှစ်ချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေါ်စိုးစိုးလွင်မှာ ၎င်း၏ကားအတွင်း ရှိနေစဥ် အနီးကပ်အနေအထားမှ အပစ်ခံရခြင်းဖြစ်ပြီး သေဆုံးသွားကြောင်း လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့များ ရောက်ရှိနေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း မျက်မြင်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ပြောသည်။

"ကားထဲမှာ အပစ်ခံရတယ်လို့ကြားပါတယ်။ သူက အရင်ပွဲစားလုပ်ခဲ့ဖူးတယ်။ စစ်ကောင်စီလက်ထက်မှာ အုပ်ကြီးတက်လုပ်တာ။ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေ အများကြီးပဲ။ သူက တကယ့်ကို စစ်တပ်ကို သတင်းပေးနေတဲ့ ၂၄ နာရီ ဒလန်အကြီးစား။ တကယ့် မိန်းမရှုပ်။ အများနဲ့ တစ်ယောက် အော်ကျောလန် အမျိုးအစားထဲမှာပါတယ်။ အခု သူ အပစ်ခံရတာကြားတော့ အားလုံး ပျော်နေကြတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
Credit khitthitmedia

ဆပ်ပြာ ကိစ္စပေါ့ပေါ့လေး မတွေးကြနဲ့မအလ ရဲ့ ဆပ်ပြာ သွားတိုက်ဆေး ပိတ်တဲ့ အမိန့် ဆိုတာပြောင်စရာ ရိစရာ နဲ့ ဖော့တွေးရမယ့် ကိစ္...
07/06/2021

ဆပ်ပြာ ကိစ္စ
ပေါ့ပေါ့လေး မတွေးကြနဲ့

မအလ ရဲ့ ဆပ်ပြာ သွားတိုက်ဆေး ပိတ်တဲ့ အမိန့် ဆိုတာ

ပြောင်စရာ ရိစရာ နဲ့ ဖော့တွေးရမယ့် ကိစ္စတော့

မဟုတ်ဖူးဗျ။

တိုင်းပြည်ကို မြောက်ကိုရီးယားထက် ဆိုးချင်ဆိုး

သူကတော့ မဆင်းဘူး၊ သူ့ ရည်မှန်းချက်အတိုင်း

တစ်ဆင့်ချင်းအကောင်မထည်ဖော်မယ်ဆိုတဲ့

ခြေတစ်လှမ်းဖဲ ဗျ။

သူက ဆပ်ပြာပိတ်မယ်၊ သုံးချင်တဲ့သူ

မှောင်ခိုဈေးနဲ့ သွင်းကြ သုံးကြ။ အဲ

သူအပြစ်ရှာပြီဆိုရင်တော့ မှောင်ခိုဆပ်ပြာသွင်းမှု၊ သုံးမှုနဲ့တင်

ထောင်ဒဏ် ၁၀ နှစ် လည်း ချ ချင်ချမှာဖဲ ဆိုတဲ့

စောက်ချိုးနဲ့ လာမှာ ခင်ဗျ။

သူတို့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ မိသားစုတွေကတော့

သူတို့ သုံးချင်ရာသုံးမယ် ၊ ကြေးတန်းလာမညှိနဲ့ လို့ အထိ

ပြင်ဆင်ပြီးတဲ့ ခြေလှမ်း ခင်ဗျ။

ခုလက်ရှိ လက်နက်ကိုင် တော်လှန်ရေး တရားဝင်မစသေး

ပေမယ့်

သပိတ်တွေရှိသေး၊ ပြောက်ကျားတိုက်ခိုက်ရေးတွေ ရှိသေး

ချိန်မှာတောင်မှ မူလီတွေ တစ်ရစ်ချင်းကျပ်လာနေတာ

အားလုံးအမြင်ပါ။

ဒါကို ခုချိန်မှာ တစ်စုတစ်စည်းထဲ မတော်လှန်နိုင်ကြဘူးဆိုရင်

မအလ အကွက်က နောင် မျိုးဆက် ၃ ဆက်လောက်အထိ

ခွေးထက်ဆိုးရမယ့် အကွက်ပါ။

ဒီကြားထဲမှာ ကားသက်တမ်းတိုးလို မီတာခ လို ကိစ္စတွေ

တစ်ရစ်ချင်းလာကြပါလိမ့်မယ်။

ဒီကောင်တွေ ငြိမ်နေတာ အကောင်းမမှတ်ပါနဲ့။

ဆင်ကြံ ကြံနေကြတာပါ။

သွေးအေးနေရင်

နေသာသလိုနေသူများလာရင်

တော်လှန်ရေးက လိုအပ်တာထက် အချိန်ကြာသွားနိုင်တာမို့

တစ်ကိုယ်ရေ အတ္တတွေ အကျိုးစီးပွားတွေ ကို မေ့ထားပြီး

တော်လှန်ရေးကိုသာ အားလုံး အလေးထားကြစေချင်ကြောင်းပါ။

credit

ကျုံပျော်မှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ၁ နှစ်သားကလေးငယ်အပါအဝင် ၁၇ ဦးကျဆုံး ။https://www.facebook.com/225522737...
05/06/2021

ကျုံပျော်မှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ၁ နှစ်သားကလေးငယ်အပါအဝင် ၁၇ ဦးကျဆုံး ။

https://www.facebook.com/225522737632555/posts/1697714497080031/

ယခုကဲ့သို့သောကာလတွင် ကျွန်ုပ်တို့ Coca-Cola Myanmar မှ ဤပို့စ်အားတင်ရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း မိဘပြည်...
04/06/2021

ယခုကဲ့သို့သောကာလတွင် ကျွန်ုပ်တို့ Coca-Cola Myanmar မှ ဤပို့စ်အားတင်ရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း မိဘပြည်သူများကို ဦးစွာပထမ အသိပေးတောင်းပန်အပ်ပါသည်။
လတ်တလောတွင် Facebook Messenger မှတစ်ဆင့် မိဘပြည်သူများထံသို့ Coca-Cola နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပုံအတိုင်း ဆုကံထူးရှင် အဖြစ် ရွေးချယ်ခံရပြီး စစ်တမ်းဖြည့်ရုံဖြင့် ဒေါ်လာ ၁,၀၀၀ ရရှိမည်ဟု မသမာသူများမှ Link များ ပေးပို့လျက်ရှိကြောင်း Coca-Cola Myanmar အနေဖြင့် သိရှိရပါသည်။ Coca-Cola Myanmar နှင့် ယင်းဖော်ပြပါ link များနှင့် စာတိုများသည် ဆက်စပ်မှုမရှိကြောင်း နှင့် ကျွန်ုပ်တို့ ကုမ္ပဏီနာမည်နှင့် အမှတ်တံဆိပ်အား ခွင့်ပြုချက်ရယူမှု မရှိပဲ အသုံးပြုထားခြင်းဖြစ်ကြောင်း ပြောကြားလိုပါသည်။
ဤသည်မှာ မသမာသူများက တစ်ဖက်လူ၏ ကိုယ်ရေးအချက်အလက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအားရယူနိုင်ရန် အသုံးပြုသည့် “Phishing” ဟူသည့် လိမ်လည်မှုမျိုးဖြစ်ပါသည်။
အထက်တွင်ဖော်ပြထားသည့် SMS မက်ဆေ့ချ်များသည် Coca-Cola Myanmar နှင့် မည်သို့မှ ပတ်သက်ဆက်နွယ်ခြင်းမရှိပါကြောင်း နှင့် ယင်း အီးမေးလ်များတွင် ကျွန်ုပ်တို့၏ အမှတ်တံဆိပ်များအား ခွင့်ပြုချက်မရှိဘဲ သုံးစွဲထားခြင်းဖြစ်ကြောင်းအသိပေးလိုပါသည်။ သို့ဖြစ်ပါ၍ ထိုကဲ့သို့သော မသင်္ကာဖွယ်ရာ မက်ဆေ့ချ်များဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအားတောင်းဆိုလာခြင်း၊ ငွေလွှဲရန်ညွှန်ကြားခြင်းများပြုလုပ်လာပါက လုံးဝပေးပို့လွှဲအပ်ခြင်းမပြုပါရန်နှင့် ထိုသို့ပေးပို့လာသူများအား block ပြုလုပ်ကာ ၎င်းတို့၏ မက်ဆေ့ချ်အား ချက်ခြင်းဖျက်ပစ်ရန်အတွက် လေးနက်စွာ အကြံပြုလိုပါသည်။

First of all, we would like to sincerely apologize regarding this post during this current situation.
Recently, Coca-Cola Myanmar learned of a link being sent to people via Facebook messenger that falsely claims the recipient has been chosen as a lucky winner for Coca-Cola’s 20th anniversary celebration (as in the picture) and claim a cash prize of $1,000 by filling a survey. Coca-Cola Myanmar is in no way associated with these links and/or messages and our name and trademarks are used without permission
This appears to be a form of fraud known as phishing wherein perpetrators attempt to develop relationships with the victim in order to obtain personal and financial information.
We strongly advise that you do not share any personal details or make any payment to a given account. It would be best to also block the sender and delete the message.

Source...
https://www.facebook.com/362287187233730/posts/3753408724788209/

Address


Website

Alerts

Be the first to know and let us send you an email when BURMESE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share