PDF News State

  • Home
  • PDF News State

PDF News State Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF News State, Media/News Company, .

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တနှစ်အတွင်းရာဇဝတ်မှုပေါင်း ၁၂၀ကို အပြီးပြတ်ဆောင်ရွက်ခဲ့မင်းတပ်မြို့နယ်တွင် တနှစ်တာ...
16/10/2022

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တနှစ်အတွင်းရာဇဝတ်မှုပေါင်း ၁၂၀ကို အပြီးပြတ်ဆောင်ရွက်ခဲ့

မင်းတပ်မြို့နယ်တွင် တနှစ်တာအတွင်း မြို့နယ်တရား စီရင်ရေးဌာနက ရာဇဝတ်မှုပေါင်း ၁၂၀ကိုအပြီးပြတ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

တစ်နှစ်တာအတွင်း မြို့နယ်တရားစီရင်ရေးဌာန(ဖြန်ဖြေရေးအဖွဲ့များအပါအ၀င်)က ဆောင်ရွက်ပြီးပြတ်ခဲ့တဲ့ အမှုအမျိုးအစားတွေဟာ ရာဇ၀တ်မှုတွေဖြစ်ပါတယ်။

အဲဒီအထဲနာကျင်စေမှု၊ လူသတ်မှု၊ မူးယစ်ရမ်းကားမှု၊ ခိုးမှု၊ကျော်နင်းမှု၊ အကျိုးဖျက်ဆီးမှု၊ ဒေသန္တရတားမြစ်မိန့်များကိုဖောက်ဖျက်မှု၊ အများပြည်သူနှောက်ယှက်မှု၊ တရားမမှုဖြစ်သော ချေးငွေရလိုမှု၊ မြေယာအငြင်းပွားမှု (မြေယာအငြင်းပွားမှုတွင် ယခင်တရားရုံးကဆုံးဖြတ်ပြီးသောမှုခင်းများနှင့် မြေယာမှုခင်းဖွင့်လှစ်ဆောင်ရွက်ဆဲအမှုများမှအပ)စုစုပေါင်း (၁၂၀) မှုအားပြီးပြတ်ဆောင် ရွက်ခဲ့ပြီးဆောင်ရွက်ဆဲ(၂)မှုကျန်ရှိတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင်ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဇွန်၊ ဇူ လိုင်၊ ဩဂုတ်စာရင်းတွေဟာ ထုတ်ပြန်ချက်မှာ မပါသေးဘူးလို့ဆိုပါတယ်။

မင်းတပ်မြို့တွင် ပြစ်မှုများမများပြားစေရန်နဲ့ ပြည်သူ များဥပဒေအကာကွယ်ရနိုင်ဖို့အတွက် မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က တရားစီရင်ရေးဌာနကို ၂၀၂၁ခုနှစ် ဇူလိုင်၇ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖွဲ့စည်းပြီးတဲ့နောက် ကြားကာလအခြေအနေနဲ့ကိုက်ညီပြီးထိရောက်မယ့်နည်းလမ်း၊ မူဝါဒတွေချ မှတ်နိုင်ရန်ဖို့အတွက်မင်းတပ်မြို့နယ်မှာတိုက်နယ် ၉ခုရှိတဲ့အ နက်တိုက်နယ်(၅)ခုမှာ ပြည်သူလူထုရဲ့စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာအခြေအနေ၊ ကာလအခြေအနေ၊ နယ်မြေအနေအထားတွေကို assessment လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့ပြီးနောက် နယ်မြေအချို့တွင် ကျေးရွာ/တိုက်နယ် ဖြန်ဖြေရေးအဖွဲ့များတွေဖွဲ့စည်းခဲ့ပြီး ချင်းဓ လေ့ထုံးတမ်းနဲ့အညီဖြေရှင်းရန် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Crd

မဲဆောက်-မြဝတီ အမှတ် ၁ တံတားအနီးပေါက်ကွဲမှုဖြစ်ဒီနေ့ အောက်တိုဘာလ ၁၅ ရက် ည ၇ နာရီလောက်က မဲဆောက်နဲ့ မြဝတီကို ဆက်သွယ်ထားတဲ့ ...
15/10/2022

မဲဆောက်-မြဝတီ အမှတ် ၁ တံတားအနီးပေါက်ကွဲမှုဖြစ်

ဒီနေ့ အောက်တိုဘာလ ၁၅ ရက် ည ၇ နာရီလောက်က မဲဆောက်နဲ့ မြဝတီကို ဆက်သွယ်ထားတဲ့ ထိုင်းမြန်မာ အမှတ်( ၁ ) ချစ်ကြည်ရေးတံတားအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ထိခိုက်တဲ့ဆံုးရှံုးမှုအခြေအနေကို အသေးစိပ်မသိရသေးသလို ဘယ်ဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာလည်းမသိရသေးပါဘူး။

နှစ်နိုင်ငံကူးသန်းသွားလာရေးအတွက် ဒီတံတားတွေကို ပြန်ဖွင့်ဖို့ ထိုင်းဖက်ကကမ်းလှမ်းခဲ့တာရှိပေမယ့် စစ်ကောင်စီဖက်က ခွင့်မပြုခဲ့တာကြောင့် ကိုဗစ်ကာလ စချိန်ကနေ အခုအထိ ပိတ်ထားတာလည်းဖြစ်ပါတယ်။

အခုလို ပေါက်ကွဲမှုဟာ ၂၀၂၂ ခုအတွင်းမှာ နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။

ပခုက္ကူတွင် ဗိုလ်မှူးအောင်ထွန်း အသတ်ခံရပြီးနောက် ယာဉ်မောင်းလိုင်စင်များတွင် ဗိုလ်မှူး၊ ဗိုလ်ကြီး နှင့်စစ်မှုထမ်း ရာထူးမျ...
15/10/2022

ပခုက္ကူတွင် ဗိုလ်မှူးအောင်ထွန်း အသတ်ခံရပြီးနောက် ယာဉ်မောင်းလိုင်စင်များတွင် ဗိုလ်မှူး၊ ဗိုလ်ကြီး နှင့်စစ်မှုထမ်း ရာထူးများ ဖြုတ်ပယ်ရန် စစ်တပ်က ညွှန်ကြား၊ မဖြစ်မနေ ခရီးသွားရလျှင် စစ်မှုထမ်း အဖြစ် မသိရှိစေရန်နှင့် သက်သေ မကျန်စေရန်အတွက်ဟုဆို

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင် စက်တင်ဘာလအတွင်း ဗိုလ်မှူးအောင်ထွန်းသည် PDF များ၏ ဖမ်းဆီးခံရကာ သေဆုံးသွားပြီးနောက် ယာဉ်မောင်းလိုင်စင်များတွင် ဗိုလ်မှူး၊ ဗိုလ် ကြီး နှင့်စစ်မှုထမ်း ရာထူးများ ဖြုတ်ပယ်ရန် စစ်တပ်က ညွှန်ကြားချက်ထွက်ရှိလာကာ စစ်မှုထမ်းများအားလုံး ယာဉ်မောင်းလိုင်စင်များတွင် အရပ်သားနာမည်များဖြင့် ပြောင်းလဲအသစ် ပြုလုပ်နေကြရကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဗိုလ်မှူးအောင်ထွန်းကို အရေးကြီး တရားရုံး စာရွက် စာတမ်းများ၊ ဒရုန်း၊ ကျည်ကာများနှင့်အတူ အရှင် ဖမ်းမိခဲ့ကြောင်း၊ ခုခံသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း၊ ၎င်းဗိုလ်မှူးဖြစ်ကြောင်း ယာဉ်မောင်းလိုင်စင်တွင် သက်သေခံ ဖော်ပြချက်အရ သိရှိရခြင်းဖြစ်ပြီး ဗိုလ်မှူးအောင်ထွန်းထံမှ စအဖ မှတ်တမ်းများ၊ တခြားရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ်တရားရုံးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းနှင့် အခြားအရေးကြီးသည့် စာရွက်စာတမ်းတွေနဲ့အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

"ကညနမှာ စစ်ဗိုလ်တွေနဲ့ စစ်မှုထမ်းတွေအားလုံး ယာဉ်မောင်းလိုင်စင်တွေပြင်နေပါတယ်။ ဗိုလ်တွေဗိုလ်မှူးတွေနဲ့ စစ်မှုထမ်းရာထူးတွေ အကုန်ဖြုတ်ခိုင်းထားတယ်။ ကညနတွေက ချက်ချင်းစီမံချက်နဲ့ လုပ်ပေးနေရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံး ရှိ စစ်တပ်၊ ရဲ နှင့် ဝန်ထမ်းများအားလုံး တာဝန်အရ မဖြစ်မနေ ယူနီဖောင်းဖြင့် ခရီးသွားလျှင် စစ်တပ်နှင့်ရဲ အစောင့်အရှောက်တောင်းခံ ခရီးသွားကြရန်၊ အခြားကိစ္စများကြောင့် မဖြစ်မနေ ခရီးသွားရပါက ပြင်ပ အဝတ်အစားဖြင့် ခရီး သွားရန်၊ ဝန်ထမ်းကတ်နှင့်ဝန်ထမ်းဖြစ် ကြောင်း သက်သေအထောက်များကို မယူဆောင်ရန်၊ ဖုန်းအတွင်း ဝန်ထမ်းဖြစ်ကြောင်း သိရှိနိုင်သည့် ဓာတ်ပုံ၊ မှတ် တမ်းနှင့်အထောက်အထားများကို ဖယ်ရှားထားရန် အရေးပေါ် ညွှန်ကြားချက် အမိန့်ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- စက်တင်ဘာလအတွင်း ပခုက္ကူတွင် သေဆုံးသွားသော ဗိုလ်မှူးအောင် ထွန်း၏ ယာဉ်မောင်လိုင်စင်၊ ဖမ်းဆီးရမိပြီးနောက် သေဆုံးသည့်မြင်ကွင်းများ။

Crd

“လပ်တီးကို အပြတ်တီးမယ့်” ထောက်ပို့ရဲဘော်အဖွဲ့က ပအိုဝ်း PDF ကို ကျည်ဖိုး ၁၂ သိန်းထောက်ပံ့“လပ်တီးကို အပြတ်တီးမယ့်” ဂင်ချီမ...
15/10/2022

“လပ်တီးကို အပြတ်တီးမယ့်” ထောက်ပို့ရဲဘော်အဖွဲ့က ပအိုဝ်း PDF ကို ကျည်ဖိုး ၁၂ သိန်းထောက်ပံ့

“လပ်တီးကို အပြတ်တီးမယ့်” ဂင်ချီမြေရောက် ထောက်ပို့ ရဲဘော်အဖွဲ့က ပအိုဝ်း PDF ရဲ့ ကျည် 2000 Challenge အတွက် ကျပ် ၁၂ သိန်း ကူညီထောက်ပံ့ လှူဒါန်းတယ်လို့ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

ပအိုဝ်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အား ‌တိုင်းရင်းသား အားလုံး တန်းတူညီမျှရေး၊ လူထု လွတ်မြောက်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲ အတွက် အသုံးပြုနိုင်ဖို့ ကူညီ ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။

ပြည်သူတွေ ထောက်ပံ့တဲ့ ချွေးနည်းစာတွေကို တော်လှန်ရေး အတွက် အကျိုးရှိစွာ အသုံးပြုမယ်လို့လည်း ပအိုဝ်း PDF က ကတိသစ္စာပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကစပြီး ပအိုဝ်း PDF က “တစ်တောင့်လှူပြီး တော်လှန်ကူမယ့်” ကျည် 2000 Challenge ကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

မြိုင်၊ ခင်ဦးနှင့် မင်းကင်းတို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးမကွေးတိုင်း မြိုင်မြို့နယ် ဝက်ပ...
15/10/2022

မြိုင်၊ ခင်ဦးနှင့် မင်းကင်းတို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦးသေဆုံးကြောင်း ဝံပုလွေပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ၂ နာရီ ကျော်ကြာမြင့်ခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးအချက်ရေ များစွာပစ်ခတ်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့်အတူ R.D.F၊ M.U.G.D.F၊ အနောက်လွင်ပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ အားမာန် ကာ ကွယ်ရေးတပ်ဖွဲ့၊ မုန်းတိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကိုအောင်ကြီး တပ်ဖွဲ့၊ မြိုင် PDF(ပကဖ) တပ်ရင်း ( ၁ ) တပ်ခွဲ ( ၁ )၊ မြိုင် PDF (ပကဖ) တပ် ရင်း ( ၁ ) တပ်ခွဲ ( ၂ )၊ ဇာမဏီ ပြောက်ကျား တပ်ဖွဲ့၊ ဘာမထီ ပြောက် ကျား တပ်ဖွဲ့၊ ဇောင်းထက် ပြောက်ကျား တပ်ဖွဲ့၊ Hero G.Z၊ Mying Warriors၊ မဟူရာ အလင်းတန်း၊ နံသာမြိုင်၊ တမာမြေ၊ King Fither၊ Bermuda နှင့် Block Cobra ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ တိုက် ခိုက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်၊ မြို့နယ်မှူးရုံးနှင့် ကင်းပုန်းများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။

ခင်ဦးမြို့ ပေါ်တွင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိ နစ်တွင် ဒေသခံ ကာကွယ်ရေး မဟာမိတ် ဒရုန်းအဖွဲ့ ၈ ဖွဲ့က တိုက်ခိုက်ရေး ဒရုန်း ၃ စီးဖြင့် ဗုံးသီး(အီနာဂါ) ၆လုံးဖြင့် မြို့ထိပ်မူးဘောင်ရှိ အကြမ်းဖက် စစ် တပ် စစ်ဆေးရေးဂိတ်၊ မြို့နယ်မှူးရုံးနှင့် မြို့လယ် ဗိုလ်ချုပ်ကြေးရုပ် အနီးရှိ စစ် တပ် ကင်းပုန်းတို့ကို တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ဒေသ ကာကွယ်ရေး ဒုန်းအဖွဲ့များ ဖြစ်သော Burmese Revolution Youths အဖွဲ့၊ ငှက်ကြီးတောင်၊ Royal tiger၊ Tiger၊ လျှပ်စီးမိုးကြိုး၊ နာရပတေ့(NYPT)၊ တပ်ရင်း (၂၂)နှင့် နွေဦးလင်းယုန် အဖွဲ့တို့က တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် နှင်းကြီးရွာတွင် တပ်စွဲထားသော အ ကြမ်း ဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နှင်းကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ယနေ့ အောက် တိုဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် Chindwin Rangers၊ ဒေသခံ ပကဖ များနှင့် FR အဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော်ကြာ တိုက် ပွဲဖြစ်ပွားကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

"မင်းကင်းမြစ်ရိုး အောက်မှာရှိတဲ့ နှင်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ Chindwin Rangers ၊ ဒေ သခံ ပကဖ များ ၊ FR အဖွဲ့ နဲ့ အတူ တိုက်ပွဲဝင်ခဲ့ကြပြီး ညနေ ၃နာရီခွဲကနေ ညနေ ၆နာရီ အထိ ၂နာရီခွဲအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ၁ ဦးရှိတယ်လို့ သိရတယ်။ မဟာမိတ်တပ်တွေက အထိ အခိုက်မရှိဘူး။ စစ်ကောင်စီတပ်တွေက လက်ချိတ်ရွာဘက်ကို ပြန်ဆုတ် သွားတယ်" ဟု Chindwin Rangers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Crd

ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးဆေးတပ်ရဲ့ ဆန်အိတ် ၃၀၀ Challenge ထက်ဝက်နီးပါးသာရရှိရှမ်းတောင်၊ ပြည်သူ့ကာကွယ်ရေး ဆေးတပ်ဖြစ်တဲ့ ...
15/10/2022

ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးဆေးတပ်ရဲ့ ဆန်အိတ် ၃၀၀ Challenge ထက်ဝက်နီးပါးသာရရှိ

ရှမ်းတောင်၊ ပြည်သူ့ကာကွယ်ရေး ဆေးတပ်ဖြစ်တဲ့ Dove KK က ပြုလုပ်တဲ့ ရှမ်းတောင်၊ ကရင်နီ (ကယား) ပြည်နယ် PDF တွေနဲ့ စစ်ရှောင်တွေ အတွက် (၈) ကြိမ်မြောက် ဆန်အိတ် ၃၀၀ Challenge ဟာ ထက်ဝက်နီးပါးသာ ရရှိခဲ့တယ်လို့ အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန် အသိပေးပါတယ်။

Dove KK က လစဉ် ပြုလုပ်နေတဲ့ ဆန်အိတ် ၃၀၀ Challenge (၈) ကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၃၀ ရက်က စတင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းတောင်၊ ကရင်နီပြည်နယ် PDF တွေနဲ့ စစ်ရှောင်တွေ အတွက် ဆန်တစ်အိတ်ကို ၅၀,၀၀၀ ကျပ်နှုန်းနဲ့ ဆန်အိတ် ၃၀၀ ရရှိဖို့ ရည်မှန်းခဲ့တဲ့ အဲဒီ Challenge က အောက်တိုဘာလ ၁၄ ရက်အထိ ၁၄၅ အိတ်သာ ရရှိခဲ့ပြီးနောက် ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ရှောင်ပြည်သူတွေရဲ့ အရေးပေါ် ဆေးဝါးနဲ့ စာအုပ်ဖိုး အလှူငွေ ဆက်လက် ကောက်ခံမှာ ဖြစ်တဲ့အတွက် ထည့်ဝင်နိုင်ကြောင်းနဲ့ ကူညီပေးကြဖို့ Dove KK က မေတ္တာရပ်ခံထားပါတယ်။

ဆန်အိတ် ၃၀၀ Challenge အစီအစဉ်ကို အခုနှစ်၊ ဇန်နဝါရီလက စတင်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လက ရပ်နားခဲ့ကာ ဧပြီလမှာ ပြန်လည် စတင်ပြီးတော့ အောက်တိုဘာလ အထိ ၇ လဆက်တိုက် ပြုလုပ်ခဲ့ရာ Challenge မပြည့်မီတဲ့ လတွေရှိကြောင်း သိရပါတယ်။

Dove KK အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သာမက ရှမ်း-ကရင်နီ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေမှာ ရဲဘော်‌တွေနဲ့ စစ်ဘေးရှောင်တွေကို ဆေးကုသမှု ပေးနေတဲ့ ဆေးတပ်ဖွဲ့ ဖြစ်သလို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရှမ်းတောင် (၁၀၀၈) တပ်ရင်းမှာလည်း လှုပ်ရှားနေပါတယ်။

မကွေးတိုင်းယာဉ်ထိန်းရဲရုံးထဲသို့ ယခုည ဝင်ရောက်ပစ်ခတ်ခံရပြီး ယာဉ်ထိန်းတပ်ဖွဲ့ ရဲမှူး စိန်ဝင်း ပွဲချင်းပြီး သေဆုံး မကွေးတိ...
15/10/2022

မကွေးတိုင်းယာဉ်ထိန်းရဲရုံးထဲသို့ ယခုည ဝင်ရောက်ပစ်ခတ်ခံရပြီး ယာဉ်ထိန်းတပ်ဖွဲ့ ရဲမှူး စိန်ဝင်း ပွဲချင်းပြီး သေဆုံး



မကွေးတိုင်း၊ မကွေးမြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထဲ့သို့ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ ည ၈ နာရီအချိန် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး စိန်ဝင်း ပွဲချင်းပြီး သေဆုံးကြောင်း ရန်ကုန်ခတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်းယာဉ် ထိန်းရုံးထဲသို့ သေနတ်သမား ၂ ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ၅ ချက်တိတိပစ် ခတ်သွားကြောင်း၊ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်းသည် ဦးခေါင်း၊ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ဒဏ်ရာများရရှိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

"ယာဉ်ထိန်းရုံးဝင်းထဲဝင်ပြီး ပစ်သွားတယ်။ အကြီးဆုံးဘဲဥ ကွဲသွားတယ်။ ပွဲချင်း ပြီးပဲ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

Crd

ဓာတ်ပုံ- မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးဓာတ်ပုံ။ (ပုံအဟောင်းဖြစ်သည် )

ကရင်နယ်ထဲမှာ ကျားသစ်နက်တွေ စစ်သင်တန်းဆင်းပြီကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်ဖွဲ့စည်းထားတဲ့ ကျားသစ်နက်စစ်ကြောင်း (Black Pan...
15/10/2022

ကရင်နယ်ထဲမှာ ကျားသစ်နက်တွေ စစ်သင်တန်းဆင်းပြီ

ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်ဖွဲ့စည်းထားတဲ့ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) ဒီနေ့မှာ စစ်သင်တန်းဆင်းတယ်လို့ ပြည်သူတွေကို ထုတ်ပြန်အသိပေးပါတယ်။

အဲ့ဒီ စစ်သင်တန်းဆင်းပွဲကို NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အိသဥ္စာမောင် တက်ရောက်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Photo: Black Panther Column

ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေ ထွက်ပေါ် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေဆိပ် အနီးဝန်းကျင်မှာ ယနေ့ ည ၈ နာရ...
14/10/2022

ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေဆိပ် အနီးဝန်းကျင်မှာ ယနေ့ ည ၈ နာရီ ဝန်းကျင်က ပေါက်ကွဲသံတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီပေါက်ကွဲသံတွေဟာ စစ်ကောင်စီရဲ့ မင်္ဂလာဒုံ လေတပ် ပြုပြင်ရေးစခန်းထဲက ထွက်ပေါ်လာတာလို့ ဆိုပေမယ့် သီးခြား အတည်ပြုဖို့ ကြိုးစားဆဲ ဖြစ်ပါတယ်။

လေတပ်ပြုပြင်ရေးစခန်းဟာ ပင်မ လေတပ်နဲ့ အနည်းငယ် အလှမ်းကွာတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနှင့်ဖြစ်ပွားသော တိုက်ပွဲတွင် ဗန်းမော်တက္ကသိုလ်ကျောင်းသားတစ်ဦး ကျဆုံးကချင်ပြည်နယ် ရွှေကူမြို့နယ်အနော...
14/10/2022

စစ်ကောင်စီစစ်ကြောင်းနှင့်ဖြစ်ပွားသော တိုက်ပွဲတွင် ဗန်းမော်တက္ကသိုလ်ကျောင်းသားတစ်ဦး ကျဆုံး

ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ခြမ်း စီမူလေးနှင့် စီမူကြီးကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အသက်၂၁ အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကြောင်း သိရသည်။

အင်အား ၃၀၀ ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းနှင့် KIA - KPDF ပူးပေါင်းတပ်တို့အကြား အောက်တိုဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျဆုံးခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

"လပြည့်နေ့က ရွာမှာ ဘောလုံးကန်ပြီးပျော်နေကြသေးတယ်။ သတင်းကို ပေါ့ဆတာ အဝိုက်ခံလိုက်ရတာ။ အင်အားမမျှတော့ ပစ်ဆုတ်ဆုတ်တာ။ သူ့အမေဆို မေ့လဲလို့၊ ရင်ထုမနာ"ဟုပြောသည်။

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ ဗန်းမော်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် အသက် ၂၁ နှစ်အရွယ် မောင်ရှိန်းထက်ဝေ (ခ) ဖိုးစွန်ဖြစ်ပြီး ရင်ဘတ်နှင့် လက်မောင်းတို့တွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်ကြောင်းမှာ ရွှေကူမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေပြီး စီသာ၊ စီးမော်၊ နောင်လတ်ကြီး၊ နန့်လင်း၊ ခေါ်လေး၊ မန်ဝိန်း၊ စီမူကြီးနှင့် စီမူလေးရွာမှ ဒေသခံပြည်သူများမှာ ရွှေကူမြို့ပေါ်နှင့် တောတွင်းနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် နားမော်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

Crd

ပွန်ချောင်းစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ် အသေများကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှာ‌းတောမြို့နယ်ကြားမှာရှိတဲ့ ပွန်ချ...
14/10/2022

ပွန်ချောင်းစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ် အသေများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှာ‌းတောမြို့နယ်ကြားမှာရှိတဲ့ ပွန်ချောင်းနယ်မြေက စစ်ကောင်စီစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသေအဆုံး များတယ်လို့ အမှတ် ၁၀၀၈ တပ်ရင်း (ရှမ်းတောင်) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ အောက်တိုဘာ ၁၃ ရက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတဲ့ စစ်ကောင်စီစခန်းကို အမှတ် ၁၀၀၈ တပ်ရင်း(ရှမ်း‌တောင်)၊ KNDFနဲ့ KA မှ ညီနောင် မဟာမိတ်တပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အခုလို အသေဆုံးများပြီးရင် စစ်ကောင်စီတပ်တွေက ပြည်သူတွေရှိတဲ့ နေရာကို ပစ်မှတ်ထား ပစ်ခတ်တာတွေ ပြုလုပ်လေ့ ရှိတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ ဂရုစိုက်ဖို့ တိုက်တွန်းထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ကယားပြည်နယ်၊ ကရမ်းသာယာဂိတ်စခန်းကို ၁၀၀၈ တပ်ရင်း(ရှမ်းတောင်) နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြည်သူ့ထောက်ပံ့ငွေနဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ လက်နက်တွေ ဝယ်ယူမကွေးတိုင်း၊ ပခုက္ကူမြိုပြပြောက်ကျားတပ်ဖွဲ့က ပြည်သူ...
14/10/2022

ပြည်သူ့ထောက်ပံ့ငွေနဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ လက်နက်တွေ ဝယ်ယူ

မကွေးတိုင်း၊ ပခုက္ကူမြိုပြပြောက်ကျားတပ်ဖွဲ့က ပြည်သူလှူဒါန်းတဲ့ ငွေတွေနဲ့ ပထမအရစ်အဖြစ် လက်နက်တွေ ဝယ်ယူတပ်ဆင်နိုင်ပြီလို့ ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့ပေါ်က လုပ်ငန်းရှင်တွေက သိန်း ၁၂၀၀ မ တည်ပြီး ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေနဲ့ သိန်း ၁၈၀၀ ဖိုး လက်နက်တွေ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ထုတ်ဖော်ပြတာခြင်းဟာ လှူဒါန်းထားတဲ့ ပြည်သူတွေ မုဒိတာပွားရန်ဖြစ်ပြီး နောက်ထပ်လိုအပ်ချက်တွေ ရှိလာရင်လည်း လှူဒါန်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်တွေကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ ခုခံတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြီး ပခုက္ကူမြို့ပေါ်မှာလည်း တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

ပြည်သူတွေလှူဒါန်းမှုနဲ့ စနိုက်ဘာတလက်ဝယ်နိုင်ခဲ့တယ်လို့ မိုးဗြဲ PDFရဲ့သိန်းငှက်တပ်ခွဲထုတ်ပြန်ပြည်သူတွေရဲ့လှူဒါန်းမှုနဲ့ စ...
14/10/2022

ပြည်သူတွေလှူဒါန်းမှုနဲ့ စနိုက်ဘာတလက်ဝယ်နိုင်ခဲ့တယ်လို့ မိုးဗြဲ PDFရဲ့သိန်းငှက်တပ်ခွဲထုတ်ပြန်

ပြည်သူတွေရဲ့လှူဒါန်းမှုနဲ့ စနိုက်ဘာတလက်ကိုဝယ်ယူနိုင် ခဲ့​တယ်လို့မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့သိန်းငှက်တပ် ခွဲက ထုတ်ပြန်ထားပါတယ်။

အဲဒီသေနတ်ဝယ်ယူနိုင်ဖို့အတွက် ဇူလိုင်လအတွင်းက စနိုက်ဘာကမ်ပိန်းပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူများရဲ့အလှူငွေထည့်ဝင်ပေးမှုကြောင့် အခုလို ဝယ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

``အလှူငွေတွင်ပါဝင်သော မိဘပြည်သူများ အားလုံး အ ထူးပင်ကျေးဇူးတင်ပါတယ်ဗျာ´´လို့ MB PDF သိန်းငှက်တပ်ခွဲက ထုတ်ပြန်ထားပါတယ်။

ဝယ်ယူလိုက်တဲ့သေနတ်ဟာ 338 စနိုက်ဘာအမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ ကမ်ပိန်းကရရှိလာတဲ့ လှူဒါန်းငွေနဲ့ဝယ်ယူခဲ့ပြီးချိန် အခက်အခဲတချို့ရှိတာကြောင့် ယခု မှသာထုတ်ပြန်ရခြင်းအပေါ် လှူဒါန်းသူပြည်သူတွေအနေနဲ့ နားလည်ပေးဖို့လည်း ပြောဆိုထားပါတယ်။

Crd

မြိုင်မြို့နယ် ရေနံမြေရဲကင်းကို တော်လှန်ရေးအဖွဲ့တွေ လက်လုပ်ဒုံးတွေနဲ့ တိုက်ခိုက် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေနံမြေရဲက...
14/10/2022

မြိုင်မြို့နယ် ရေနံမြေရဲကင်းကို တော်လှန်ရေးအဖွဲ့တွေ လက်လုပ်ဒုံးတွေနဲ့ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေနံမြေရဲကင်းစခန်းကို အောင်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်လုပ်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရဲကင်းစခန်းဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ညပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း - ၆ ( MVRF ) ၊ Joker ပြောက်ကျားတပ်ဖွဲ့၊ဗိုလ်မိုက်ခဲအဖွဲ့၊ ဂျိမ်းစဘွန်းအဖွဲ့၊ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေကူတွင် စစ်ကောင်စီနှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများထွက်ပြေး တိမ်းရှောင်နေ စစ်ကောင်စ...
14/10/2022

ရွှေကူတွင် စစ်ကောင်စီနှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများထွက်ပြေး တိမ်းရှောင်နေ

စစ်ကောင်စီစစ်ကြောင်းနှင့် KIA - PDF ပူးပေါင်းတပ်ဖွဲ့တို့ ရွှေကူမြို့နယ် အနောက်ဘက်ခြမ်းတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေသောကြောင့် တိုက်ပွဲဖြစ်ရာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

တိုက်ပွဲသည် ယနေ့ ညနေပိုင်းထိ ပြင်းထန်နေသည့်အတွက် ဒေသခံများသည် ရွှေကူမြို့ပေါ်နှင့် တောတွင်းနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

"အန်တီတစ်ယောက်ဆို ရွာမှာခြေထောက် နှစ်ဖက်မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ပိုးပြေးတာ။ သူ့သမီးက မသန်စွမ်း။ သူ့သမီးမသန်စွမ်းကိုက တခြားတစ်ယောက်ကတွဲပြီး တောထဲဝင်ပြေး။ တစ်ယောက်က သူ့အမေကို ပိုးပြီးပြေးကြရတာ" ဟုပြောသည်။

အင်အား သုံးရာဝန်းကျင်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ နန့်လှန်၊ နောင်လတ်ကြီး၊ စီမူလေး၊ စီမူကြီး၊ မံဝိန်းနှင့် စီသာကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ပြီး စစ်ရှောင်မည်မျှရှိသည်ကိုမူ မသိရှိရသေးပါ။

နန့်လှန်နှင့် နောင်လတ်ကြီးကျေးရွာတွင်းသို့ ဝင်လာသည့် အဆိုပါစစ်ကြောင်းမှာ ဒေသခံနေအိမ်များနှင့် ဈေးဆိုင်များအား ဝင်ရောက်မွှေနှောက်သွားပြီး စားနပ်ရိက္ခာများအား ယူဆောင်သွားကြောင်းလည်း သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် နန့်လှန်ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့် အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားရာ ငါးမိုင်ပတ်လည်မှ ကျေးရွာများ ရှောင်ခိုင်းနေကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"ဒီနေ့က မံဝိန်း၊ စီသာဘက်ပစ်နေတာ။ ငါးမိုင်ပတ်လည်က ရွာတွေ ရှောင်ခိုင်းထားတယ်" ဟုပြောသည်။

၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ရွှေကူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇ စုရှိပြီး ကျေးလက်နေ လူဦးရေစုစုပေါင်း ခုနှစ်သောင်းကျော်ရှိသည်။

ရွှေကူမြို့နယ်အနောက်ခြမ်းဘက်တွင် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိအခိုက်များသကဲ့သို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးမှာလည်း ထိခိုက်ကြောင်း ဒေသခံများထံမှ သိရသော်လည်း The 74 Media က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအနီးတွင် မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

Crd

ဗန်းမောက်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ခြောက်ဦးတွင် အမျိုးသမီးတစ်ဦးပါဝင် စစ်ကိုင်းတိုင်း၊ ဗန်းမောက်...
14/10/2022

ဗန်းမောက်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ခြောက်ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် နားမော်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ခြောက်ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးမှာ ဝန်းသိုမြို့နယ်မှ အသက် ၃၄ နှစ်အရွယ်ရှိ မသက်သက်ဝင်းဖြစ်ပြီး စစ်ကိုင်းအထူးတပ်ဖွဲ့၏ လက်ရွေးစင်ကွန်မန်ဒိုတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ အောက်တိုဘာ ၁၁ ရက်နေ့က တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

"သူကမိန်းကလေး။ ဒါပေမဲ့ ငယ်ငယ်တုန်းကတည်းနဲ့ ယောကျ်ားလေးလိုနေတာ။ သူတို့ရဲ့အဖွဲ့ထဲမှာ မိန်းကလေး သူတစ်ယောက်ထဲပါတယ်။ သူကတကယ်တမ်းမှာ တိုက်ရည်ခိုက်ရည်တော်တယ်။ ရဲတင်းတယ်။ ငယ်သားတွေအပေါ်မှာ အမြဲတမ်းငဲ့ညာတယ်။ သူ့ရဲ့အဖွဲ့တွေက တအားတော်လွန်းလို့ သူ့ကို တပ်စိပ်မှူး တာဝန်ပေးထားတာ မိန်းကလေးဖြစ်ပေမယ့်"ဟုပြောသည်။

စစ်ကောင်စီက ဆန္ဒပြအရပ်သားပြည်သူများကို ပစ်ခတ်သတ်ဖြတ်သည့်အချိန်မှစပြီး လက်နက်ကိုင်လမ်းစဉ်အား ရွေးချယ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မသက်သက်ဝင်းသည် ပြီးခဲ့သည့် ဇွန်လမှစကာ ဗန်းမောက်မြို့နယ် စစ်ကိုင်းအထူးတပ်ဖွဲ့၏ ကွန်မန်ဒိုအဖွဲ့တွင် တပ်စိပ်မှူးတာဝန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ခြင်းပြီး စစ်ကိုင်းအထူးတပ်ဖွဲ့ဆိုသည်မှာ KIA တပ်ဖွဲ့ဝင်နှင့် K-PDF တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် လက်ရွေးစင်ကွန်မန်ဒိုတပ်ဖွဲ့ဖြစ်သည်။

မသက်သက်ဝင်းနှင့်အတူ ကျဆုံးခဲ့သည့် အထူးတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းအား ပြန်လည်သယ်ဆောင်နိုင်ခြင်း မရှိကြောင်းနှင့် ကျဆုံးသူများမှာ ၎င်းဦးဆောင်သည့် တပ်စိပ်မှ အဖွဲ့ဝင်များဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"သူ့တပ်စိပ်ပဲ ကျသွားတာ။ တစ်ယောက်ပဲ လွတ်ခဲ့တာ။ တိုက်ပွဲကျတာက နှစ်ဖက်ညှပ်ခံလိုက်ရတာ။ သူတို့က ရှေ့ပြေးတပ်ဖွဲ့။ တော်တော်လေး တော်တယ်" ဟုပြောသည်။

စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗန်းမောက်ဒေသကာကွယ်ရေးအဖွဲ့နှင့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၅၀ ဦးခန့်ရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုစစ်ကောင်စီစစ်ကြောင်းမှာ ဗန်းမောက်မြို့နယ်မှ ပင်လယ်ဘူးမြို့နယ်သို့ ဦးတည်နေကြောင်း သိရသည်။

ပုံ - ကျဆုံးခဲ့သည့် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် မသက်သက်ဝင်း။

Crd

RCSS က မြေပြင်မှာ တိုက်ခိုက်နေလို့ ဆွေးနွေးဖို့ စဉ်းစားစရာမရှိဟု SSPP တုံ့ပြန်ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး မြေပြင်မှာ ချ...
13/10/2022

RCSS က မြေပြင်မှာ တိုက်ခိုက်နေလို့ ဆွေးနွေးဖို့ စဉ်းစားစရာမရှိဟု SSPP တုံ့ပြန်

ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး မြေပြင်မှာ ချောင်းမြောင်း ပစ်ခတ်တာတွေရှိလို့ RCSS နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းစုက မဲခေါင်သတင်းကို ပြောပါတယ်။

RCSS အဖွဲ့ရဲ့ ထုတ်ပြန်ချက်က လက်တွေ့ မြေပြင်မှာ ဖြစ်နေတာနဲ့ တခြားစီ ဖြစ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ကလည်း SSPP တပ်စခန်းကို လာရောက်ပစ်ခတ် မိုင်းဆွဲသွားတယ်လို့ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။

“သူတို့ (RCSS) ဘယ်ကို ဦးတည်ပြီးတော့ ပြောတာမျိုးလဲတော့ မသိဘူး။ သူတို့ကို ဆွေးနွေးဖို့ ကမ်းလှမ်းနေတာ ကြာနေပြီ။ တစ်နှစ်နီးပါးတောင် ရှိနေပြီ။ ဘာမှ မတုံ့ပြန်ဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပဋိပက္ခ ဖြစ်တာကလည်း သူတို့အဖွဲ့က သွားပြီး ရန်စလို့ ဖြစ်တာ” လို့ ၎င်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးဖို့ RCSSက ကမ်းလှမ်းထားပါတယ်။

လက်ရှိ စစ်ရေးပဋိပက္ခများကြောင့် ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင် အများအပြားရှိနေပြီး တိုင်းပြည် စီးပွားရေး ကျဆင်းကာ ပြည်သူလူထု မြေစာပင် ဖြစ်နေရတဲ့အတွက် တွေ့ဆုံ ဆွေးနွေးပြီး နည်းလမ်းရှာဖို လိုအပ်တယ်လို RCSS ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ထိန်းချုပ် ဒေသဖြစ်တဲ့ ကဒူးကြီးဒေသကို RCSS က ကျူးကျော်လို့ PNLO နဲ့ အောက်တိုဘာ ၁၁ ရက်က တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

မြောင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF မိုင်းခွဲတိုက်ခိုက်စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရ...
13/10/2022

မြောင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့နံနက် ၉နာရီခွဲခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးရေးတင်းကြပ်သည့် မြောင်မြို့တောင်ဘက် စက်မှုလယ်ယာရုံးအနီးရှိ စစ်ကောင်စီစစ်ရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကြိုတင်ပြင်ဆင်ပြီး စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်တာ ထိတဲ့အချိန် လှဲသွားတာမျက်မြင်က ကျွန်တော်တို့ရှေ့မှာပဲ နှစ်ယောက်လှဲသွားတယ်။ လက်ရှိအချိန်ထိ သတင်းရတာတော့ လေးယောက်အတည်ပြု ဒဏ်ရာရတာတော့ များတယ်။ သူတို့ကြောက်လန့်ပြီး အဲ့နားကအုတ်တံတိုင်းတွေ ကျော်တက်ပြီး အိမ်တွေထဲပြေးဝင်ကြတယ်” ဟုသူကပြောသည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် မြောင်မြို့နယ်မှ ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့် ခရီးသွားပြည်သူများကို စစ်ဆေးရေးတင်းကြပ်စွာပြုလုပ်ပြီး ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်ကြောင်း သူကဆက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ရာတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Saw Bwar Gyi (MPDF) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့မှ မုံရွာသို့ ထွက်လာသော စစ်ကောင်စီကား ခြောက်စီးကိုလည်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ နှင့် နတ်ရေကန်ကျေးရွာကြားတွင် T.G.R ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်းသိရသည်။

မြောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ရွာရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်သည်။

Crd

လေကြောင်းရန်ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး KDF နဲ့ပူးပေါင်းကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) အဖွဲ့ထံသို့ စစ်ကောင်စ...
13/10/2022

လေကြောင်းရန်ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး KDF နဲ့ပူးပေါင်း

ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) အဖွဲ့ထံသို့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး ဒီနေ့ (အောက်တိုဘာ ၁၂) မှာ CDM ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပူးပေါင်းလာတဲ့ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးဟာ နေပြည်တော်မှာ အခြေစိုက်တဲ့ ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်ကလို့ ဆိုပါတယ်။ တပ်ကြပ်ကြီး နာမည်ကိုတော့ လုံခြုံရေးအရ ထုတ်မပြောပေမယ့် အသက် ၂၄ နှစ် ရှိပြီလို့ သိရပါတယ်။

ပြည်သူ့ဘက်ကို ရပ်တည်ချင်လာ ကြာပြီဖြစ်ပြီး အခွင့်မသာလို့ ထွက်လာလို့မရတာကို လွန်စွာနောင်တရတယ်လို့ သူကပြောတဲ့အကြောင်း KDF အဖွဲ့က ရေးသားထုတ်ပြန်ထားပါတယ်။

KDF အဖွဲ့ကလည်း CDM ပြုလုပ်ပြီး ပြည်သူနဲ့ပူးပေါင်းမယ့် စစ်ကောင်စီတပ်သားတွေကို ကြိုဆိုနေမှာဖြစ်ပြီး စိစစ်လက်ခံသွားမယ်လို့ အသိပေးထားပါတယ်။

လှည်းတန်းမီးပွိုင့်မှာ လမ်းဖြတ်ကူးနေတဲ့ လူငယ်ကို စစ်တပ်ကဖမ်းဆီးရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်မှာ ယန...
13/10/2022

လှည်းတန်းမီးပွိုင့်မှာ လမ်းဖြတ်ကူးနေတဲ့ လူငယ်ကို စစ်တပ်ကဖမ်းဆီး

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်မှာ ယနေ့ နေ့လည် ၁၂ ကျော်က လမ်းဖြတ်ကူးနေတဲ့ လူငယ်တစ်ဦးကို ဖမ်းဆီးပြီး လှည်းတန်းထိပ်ရှိ စစ်တပ်ဘန်ကာထဲ ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူ ကပြောပါတယ်။

“အဖမ်းခံရတဲ့ ကောင်လေးက ခပ်ပြည့်ပြည့်လေးပဲ။ ဆံပင်အတိုနဲ့ ကွာတား ဘောင်းဘီလေး ဝတ်ထားတယ်။ စစ်သားလေးယောက်နဲ့ အရပ်ဝတ် တစ်ယောက်ပါတယ်” လို့ ၎င်းကပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ် မီးပွိုင့်မှာ လမ်းဖြတ်ကူးနေစဉ် လှည်းတန်း AA Medical အဆောက်အအုံဘက်မှ ဖြတ်လာတဲ့ စစ်သားတစ်ဦးနဲ့ အရပ်ဝတ်တစ်ဦးက ပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ဘာလို့ ဖမ်းသွားတာလဲတော့ မသိဘူး။ ဗုံးတွေ နေ့တိုင်းပေါက်နေတော့ အစစ်အဆေးတွေရှိတယ်။ နေ့တိုင်း ဖုန်းတွေ လိုက်စစ်တာတွေရှိတယ်။ ကောင်မလေး နှစ်ယောက် နာမည်မေးပြီး စုံစမ်းနေတာလည်း ရှိတယ်။ မလိုအပ်ရင် ဘယ်မှ မသွားတာ ကောင်းပါတယ်” လို့ ၎င်းကပြောပါတယ်။

ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမပေါ်ရှိ တိုက်အောက်မှာ ယမကာ မှီဝဲနေတဲ့ အမျိုးသား ၃ ဦးကို ယနေ့ အောက်တိုဘာလ မနက် ၁ နာရီကျော်မှာ စစ်တပ်က ရိုက်နှက်ခဲ့ပြီး ၂ ဦးကို ဖမ်းဆီးသွားပါသေးတယ်။

ယနေ့ မနက် ၂ နာရီကျော်က ကမာရွတ်မြို့နယ်၊ (၁) ရပ်ကွက်နဲ့ (၃) ရပ်ကွက်မှာ စစ်ကောင်စီတပ်က တိုက်ခန်းအချို့ကို ဝင်ရောက်ရှာဖွေ ခဲ့ပေမယ့် ဖမ်းဆီးခံရတာ မရှိခဲ့ပါဘူး။


ပုံအညွှန်း- ပုံအဟောင်းဖြစ်ပါတယ်။

တမူးPDFတပ်ရင်း(၃)မှ ရဲဘော်(၂)ဦး ထပ်မံထွက်ပြေး------------------------------တမူး၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)က ရ...
13/10/2022

တမူးPDFတပ်ရင်း(၃)မှ ရဲဘော်(၂)ဦး ထပ်မံထွက်ပြေး
------------------------------

တမူး၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)က ရဲဘော်(၂)ယောက်ဟာ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာဘဲ တပ်ကနေထွက်ပြေးသွားတယ်လို့ တမူးPDFတပ်ရင်း(၃)က သိရပါတယ်။

စစ်ကိုင်းတိုင်း တမူးPDFတပ်ရင်း(၃)က ရဲဘော် နေမင်းခန့်နဲ့ ဆေးဘွိုင်တို့ ထွက်ပြေးသွားတာကြောင့် တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်း ဒီနေ့မှာ တရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သူတို့ဟာတပ်ပြေးဖြစ်သွားတာကြောင့် သူတို့နဲ့ပတ်သက်တဲ့ ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တပ်ရင်း(၃)က တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။

တမူးPDFတပ်ရင်း(၃)ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ရဲဘော်(၄) ဦးဟာ အသိပေးအကြောင်းကြားခြင်းမရှိဘဲ တပ်ကထွက်ပြေးသွားတယ်လို့ သိရပါတယ်။

Crd

ဘားအံခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရကရင်ပြည်နယ်၊ ဘားအံခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခွန်အောင်ကျေ...
13/10/2022

ဘားအံခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ဘားအံခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုး ယနေ့ မနက်က နေအိမ်တွင် သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရပါတယ်။

ဘားအံမြို့နယ်၊ သာမညကျေးရွာတွင် နေထိုင်သူ ဦးခွန်အောင်ကျော်မိုး ကို ယနေ့ မနက် ၇ နာရီကျော်က သနတ်သမားတွေ နေအိမ်ကို ဝင်ရောက်လာပြီး အနီးကပ် ပစ်သတ်သွားတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒီမနက် ၇ နာရီ ၄၅ မိနစ် သေဆုံးသွားတာပါ။ ဘယ်သူတွေ လာပစ်တာလဲတော့ မသိကြဘူး။ သူ့အိမ်မှာ ဖြစ်တာဆိုတော့ အသံတွေကြားမှ သိကြတာ။ ခုတော့ လာရောက် စစ်ဆေးနေကြပြီ” လို့ ၎င်းကပြောပါတယ်။

လက်ရှိ သေဆုံးသူ နေအိမ်ကို စစ်တပ်နဲ့ရဲများ ရောက်ရှိနေပြီး အလောင်း သယ်ဆောင်ခြင်း စစ်ဆေးခြင်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းရှိ ဒေသ၊နေရာနှင့် အဆောက်အအုံ(၃၀)အား ကြားကာလအမွေအနှစ်အဖြစ် NUGသတ်မှတ်-------------------------------------...
13/10/2022

စစ်ကိုင်းတိုင်းရှိ ဒေသ၊နေရာနှင့် အဆောက်အအုံ(၃၀)အား ကြားကာလအမွေအနှစ်အဖြစ် NUGသတ်မှတ်
--------------------------------------

စစ်ကိုင်းတိုင်းအတွင်းက အမွေအနှစ်ဆိုင်ရာ ဒေသ ၊နေရာနဲ့ အဆောက်အအုံ (၃၀) ကို ကြားကာလအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUGက ဒီနေ့မှာထုတ်ပြန်ကြေညာပါတယ်။

အမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ အဲ့ဒီနေရာ၊ အဆောက်အအုံတွေနဲ့ ပတ် သက်ပြီး စစ်ရေးဆောင်ရွက်ခြင်းနဲ့ ထိခိုက်ဖျက်ဆီးမှုတွေ လုံးဝ(လုံးဝ) ဆောင် ရွက်ခြင်းမပြုဖို့တားမြစ်ထားပြီး ဆောင်ရွက်ခဲ့မယ်ဆိုပါက အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က အသိပေးထားပါတယ်။

တားမြစ်ချက်တွေထဲမှာ ကုန်းကြောင်းစစ် (သို့မဟုတ်) ရေကြောင်းစစ် (သို့မဟုတ်) လေကြောင်းစစ်ပြုလုပ်ခြင်း၊ စစ်ရေးပြုလုပ်ဖို့အတွက် စခန်းနေရာချထားခြင်း၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်းစတဲ့ ပျက်စီးရေးဆောင်ရွက်ခြင်း၊ ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန် သွယ်ခြင်း၊ ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းနဲ့ ပုံစံပြောင်းခြင်းစတဲ့ မူလအနေအ ထား ပျက်စီးစေဖို့ ကြံဆောင်ခြင်းတွေ ပါဝင်တယ်လို့ဖော်ပြထားပါတယ်။

အဲ့ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၉)၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၅)တို့အပြင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အဲ့ဒီတားမြစ်ချက်တွေဟာ ဒေသခံပြည်သူတွေ မိရိုးဖလာလုပ်ကိုင်လာတဲ့ ဥပဒေနဲ့ညီညွတ်တဲ့ အ သက်မွေးမှုလုပ်ငန်းတွေ၊ လက်ရှိတည်ရှိနေမှုတွေအပေါ်ကိုတော့ သက်ရောက်ခြင်းမရှိစေရလို့လည်း ဖော်ပြပါတယ်။

Crd

ရှေ့တန်းတစ်နေရာမှာရောက်ရှိနေတဲ့ ပြည်သူ့အချစ်တော်လေး မူးလာနဲ့ ကျွန်တော်ဝေယံပါ😘😍
13/10/2022

ရှေ့တန်းတစ်နေရာမှာရောက်ရှိနေတဲ့ ပြည်သူ့အချစ်တော်လေး မူးလာနဲ့ ကျွန်တော်ဝေယံပါ😘😍

လှိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေးတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရန်ကင်းတွင် ဗုံးက...
13/10/2022

လှိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေးတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရန်ကင်းတွင် ဗုံးကွဲ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေးတပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတစ်ရပ်ကို ယနေ့ ညနေ ၆ နာရီကျော်အချိန်တွင် လုပ်ဆောင်ခဲ့သဖြင့် လှိုင်မြို့နယ်အတွင်းရှိ ဒရုန်းလွှတ်တင်မှုရှိသည့်နေရာများကို စစ်တပ်က လိုက်လံစုံစမ်းနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံမှ သိရှိရသည်။

ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင်လမ်းမဘေးရှိ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေး တပ်ကို ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချသွားသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့ ည ၈ နာရီလောက် ရဲနဲ့စစ်တပ်ဘက်က ဒရုန်းတွေ ဘယ်အိမ်တွေက လွှတ်တာတွေ့လဲ မေးတယ်။ ရပ်ကွက်ထဲမှာ ဒရုန်းပိုင်ဆိုင်တဲ့ အိမ်သိလား အဲဒါမျိုးမေးလာတယ်။ ဒရုန်းနဲ့ဗုံးကျဲသွားလို့ မေးတာလို့ပြောတယ်။ ကိုယ့်အပိုင် ရပ်ကွက်၊ လမ်းဘက်မှာ ဒရုန်းတွေရောင်းချတာ၊ လွှတ်တင်တာ၊ ထားရှိတာတွေ ရှိ၊ မရှိ စုံစမ်းဖို့လည်း ပြောလာတယ်" ဟု လှိုင်မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ရန်ကင်းမြို့နယ်တွင်လည်း ယနေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာကြားရ ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်မှ ဖက်ဒရယ်ဝင်း ဒရုန်းတပ်ဖွဲ့ဝင်များ။

Crd

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲများ ပြုလုပ်ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်...
12/10/2022

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲများ ပြုလုပ်

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Crd

ရေစကြိုမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေထိုင်တဲ့ လက်ဖက်ရည်ဆိုင်ထဲ ဝင်ပစ်လို့ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရမကွေးတိုင်း၊ ရေစကြိ...
12/10/2022

ရေစကြိုမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေထိုင်တဲ့ လက်ဖက်ရည်ဆိုင်ထဲ ဝင်ပစ်လို့ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စည်ပင်သာယာရပ်ကွက် စစ်ကောင်စီနဲ့ပျူစောထီးတွေ ထိုင်တဲ့ နေရှင်နယ်လက်ဖက်ရည်ဆိုင်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မနေ့ (အောက်တိုဘာ ၁၁) နေ့လယ်က သေနတ်၊ လက်လုပ်မိုင်းတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပစ္စတိုသေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် လက်လုပ်မိုင်းနဲ့ပါ ဖောက်ခွဲခဲ့တာကြောင့် စစ်ကောင်စီအဖွဲ့မှ ၁ ယောက်သေပြီး ပျူစောထီးအဖွဲ့မှ ၂ ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်လုပ်မိုင်း ဖောက်ခွဲခဲ့လို့ ဒဏ်ရာရရှိသူတွေဟာ ပြင်းထန်ပြီး ဆေးကုသနေတယ်လို့ မြေပြင်သတင်းတွေကို အခြေခံပြီး Black Wolf PDF MDY အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်တပ်ဝါဒဖြန့် သတင်းတွေမှာလည်း PDF အဖွဲ့တွေ ရေစကြိုက နေရှင်နယ်လက်ဖက်ရည်ဆိုင်ထဲ ဝင်ရောက်ပစ်ခတ်ပြီး လက်လုပ်မိုင်းဖောက်ခွဲခဲ့တာကြောင့် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပေမယ့် သေဆုံးသူတွေကိုတော့ ထည့်သွင်းရေးသားခြင်းမရှိပါဘူး။

အခုလို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ MDY PDF (မန္တလေးခရိုင် တပ်ရင်း ၃)၊ ဒေါင်းညီနောင် ( MDY တပ်ရင်း ၃၊ တပ်ခွဲ ၃)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ ( ပခုက္ကူခရိုင် တပ်ရင်း ၁၀၊ တပ်ခွဲ ၃) တို့က မြို့ပြမှာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဒဏ်ရာရ စစ်သားများ တင်လာသည့် စစ်ကား မိုင်းဆွဲ ခံရပြီး ၅ ဦးသေဆုံး၊ လွိုင်ကော်တွင် စစ်တပ်...
12/10/2022

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဒဏ်ရာရ စစ်သားများ တင်လာသည့် စစ်ကား မိုင်းဆွဲ ခံရပြီး ၅ ဦးသေဆုံး၊ လွိုင်ကော်တွင် စစ်တပ် ဂိတ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဒဏ်ရာရ အကြမ်းဖက် စစ်သားများ လိုက်ပါလာသော စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း PDF-South Monywa တပ်ဖွဲ့ထံမှ သိရသည်။

ထိခိုက် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသော စစ်ကားကို အောက်တိုဘာလ ၁၁ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦး မှ မုံရွာသို့ မောင်းနှင်လာစဥ် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People's Defence Force - South Monywa ပြုလုပ်ခဲ့ပြီး ယင်း စစ်ကားသည် မုံရွာသို့ ပြန်ရောက်စဥ် ထိခိုက်ဒဏ်ရာရ စစ်သားများထဲမှ ၅ ဦးသေဆုံးကြောင်း PDF-South Monywa တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၂၉ ရက်နေ့၌ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဂိတ်စခန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၁၀၀၅ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း အမှတ် ၁၀၀၈ တပ်ရင်းက ထုတ်ပြန်သည်။

တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Crd

Address


Website

Alerts

Be the first to know and let us send you an email when PDF News State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share