The Ta'ang Post

  • Home
  • The Ta'ang Post

The Ta'ang Post Nation news, local news

13/12/2023

နမ့်ခမ်းနှင့် နမ့်ဆန်မြို့တွင် စစ်‌ကောင်စီတပ်ကလေကြောင်း‌တိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာလ (၁၃)ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲသတင်းအချုပ်နှင့် စကစမှ လူထုအား ပစ်မှတ်ထားတိုက်ခ...
13/12/2023

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာလ (၁၃)ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲသတင်းအချုပ်နှင့် စကစမှ လူထုအား ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများ

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၃
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ စစ်ကောင်စီ အချိုခြောက်စက်ရုံတပ်စခန်းကို ယနေ့ ညနေ (၅း၄၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA က ဝင်ရောက်ရှင်းလင်းခဲ့ သိမ်းပိုက်ခဲ့သည်။

၂) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းနိုင်ခဲ့သည်။ စစ်ကောင်စီတပ်မှ ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းရာတွင် စစ်ကောင်စီတပ်မှ ဖရိုဖရဲဖြစ်ပြီး အကျအဆုံးများခဲ့သည်။ ချေမှုန်းခံလိုက်ရသော စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၉)လက်၊ ကျည်ဆံ (၄)သေတာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

၃) တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာနှင့် နမ့်ခုမ်ကျေးရွာကြားတွင် ယနေ့ နံနက် (၁၀း၃၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် ညီနောင် (၃)ဖွဲ့ MNDAA/AA/TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၄) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်မှ Y12 လေယာဥ်ဖြင့် (၃)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၅) တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းတွင် ယနေ့ ညနေ (၃း၂၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၆) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီနမ့်ဖတ်ကာတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၇) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းတွင် ယနေ့ နေ့လည် (၂း၃၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၈) တပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၀)ကြိမ် တိုက်ပွဲဖြစ်ပွားရာ စခန်းသစ်ဘက်တွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၉) တပ်မဟာ(၁) စစ်ဒေသ၊ မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် တိုက်ပွဲဖြစ်ပွားရာ တုန်ခန်ကျေးရွာဘက်တွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၀) တပ်မဟာ(၁) စစ်ဒေသ၊ မူဆယ်မြို့နယ် ကောင်းရာကျေးရွာဘက်တွင် စစ်ကောင်စီတပ်မှ Y12 လေယာဥ်ဖြင့် (၂)ကြိမ် ဗုံး(၆)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၁) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီနမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၂) တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်မှ အေရှာဝေါဂိတ်ဘက်သို့ လက်နက်ကြီးဖြင့် (၉)ကြိမ် ဟိုစွန်ကျေးရွာဘက်တွင် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၃) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာနှင့် လွယ်မန်လုံကျေးရွာကြားတွင် ယနေ့ နေ့လည် (၃း၃၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၁၄) တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် စစ်ကောင်စီ ၆၈ ဂိတ်တပ်စခန်းမှ အီနိုင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၅) တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြိုနယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး စေတီပုထိုးနှင့် နေအိမ်များ ထိခိုက်မီးလောင်ပျက်စီးခဲ့သည်။ နမ့်ဆန်မြို့ရှိ ပတ္တမြားစေတီဘုရားနှင့် နမ့်မဝေါရပ်ကွက်ရှိ ဒေသခံနေအိမ် (၂)လုံးမီးလောင်ကာ (၅)အိမ်ထိခိုက်ပျက်စီးခဲ့သည်။ ထိုအတူ အထက်မန်လွယ်ကျေးရွာအတွင်း လက်နက်ကြီး ၈ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး မိုင်းအိုက်ဇား နှင့် တာအိုက်လားတို နေအိမ်(၂)လုံးနှင့် ပန်လောကျေးရွာရှိ နေအိမ်(၇)လုံး ထိခိုက်ပျက်စီးခဲ့သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နမ့်ဆန်မြို၊ နမ့်မဝေါရပ်ကွက်တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံဖြစ်သည့် ဦးဟိန်းလတ်အား ထိမှန်သေဆုံးသွားခဲ့သည်။ ထိုပြင် မန်လုံအုပ်စု၊ လွယ်လွမ်ကျေးရွာအတွင်းသို စစ်ကောင်စီတပ်မှ ပေါင်(၅၀၀)ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် တာကူန်အီခမ်းလာ၊ တာခမ်းလှိုင်၊ တာယိုင်မောင်ထွန်း နှင့် တာညီကျော်ထူး တို၏ နေအိမ်(၅)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ယာခမ်းလှိုင်မှာ လက်နက်စထိမှန်ဒဏ်ရာရရှိခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

13/12/2023

နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်ပို့ဆောင်သည့် စစ်‌ကူများကို တအာင်းတပ်မတော် TNLA ကချေမှုန်းနိုင်ခဲ့

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဆန်မြို့ဒေသခံ (၁)ဦးသေဆုံးပြီး နေအိမ် (၁၆)လုံး ထိခိုက်မီးလောင်ပ...
13/12/2023

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဆန်မြို့ဒေသခံ (၁)ဦးသေဆုံးပြီး နေအိမ် (၁၆)လုံး ထိခိုက်မီးလောင်ပျက်စီး

နမ့်ဆန်၊ ဒီဇင်ဘာလ ၁၃ ရက်

တအာင်းပြည်နယ် တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ နမ့်ဆန်မြို့တပ်စခန်းနှင့် မန်တုံမြို့တပ်စခန်းမှ နမ့်ဆန်မြို့နှင့် မြို့နယ်ဝန်းကျင်သို့ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး စေတီပုထိုးနှင့် နေအိမ်များ ထိခိုက်မီးလောင်ပျက်စီးခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ၏ နမ့်ဆန်တပ်စခန်းနှင့် မန်တုံတပ်စခန်းမှ လက်နက်ကြီးများဖြင့် နမ့်ဆန်ဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့ရှိ ပတ္တမြားစေတီဘုရားနှင့် နမ့်မဝေါရပ်ကွက်ရှိ ဒေသခံနေအိမ် (၂)လုံးမီးလောင်ကာ (၅)အိမ်ထိခိုက်ပျက်စီးခဲ့သည်။ ထို့အတူ ယမန်နေ့က အထက်မန်လွယ်ကျေးရွာအတွင်း လက်နက်ကြီး ၈ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး မိုင်းအိုက်ဇား နှင့် တာအိုက်လားတို့ နေအိမ်(၂)လုံးနှင့် ပန်လောကျေးရွာရှိ နေအိမ်(၇)လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်(ရး၀၀)အချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နမ့်ဆန်မြို့၊ နမ့်မဝေါရပ်ကွက်တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံဖြစ်သည့် ဦးဟိန်းလတ်အား ထိမှန်သေဆုံးသွားခဲ့သည်။

အလားတူ ယမန်နေ့ (၁၂း၅၀)အချိန်တွင် နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု၊ လွယ်လွမ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ ပေါင်(၅၀၀)ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် တာကူန်အီခမ်းလာ၊ တာခမ်းလှိုင်၊ တာယိုင်မောင်ထွန်း နှင့် တာညီကျော်ထူး တို့၏ နေအိမ်(၅)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ယာခမ်းလှိုင်မှာ လက်နက်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ပို့ဆောင်ခဲ့သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် TNLA က ချေမှုန...
13/12/2023

နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ပို့ဆောင်ခဲ့သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် TNLA က ချေမှုန်းခဲ့

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၃ရက်
၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းနိုင်ခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စခန်းသစ်ကုန်းဘက်သို့ စစ်ကူပေးရန် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် စစ်ကူလူအင်အား (၁၀၀)နီးပါး (၃)ကြိမ် လာရောက်ပို့ချခဲ့သည်။ စစ်ကောင်စီတပ်မှ ပို့ဆောင်လိုက်သော စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းရာတွင် စစ်ကောင်စီတပ်မှ ဖရိုဖရဲဖြစ်ပြီး အကျအဆုံးများခဲ့သည်။ ချေမှုန်းခံလိုက်ရသော စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၉)လက်၊ ကျည်ဆံ (၄)သေတ္တာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီတပ်မှ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကူလူအင်အားများ ပိုဆောင်ခြင်းသော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုဖြင့်သော်လည်းကောင်း နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေသည်။ ထိုပြင် စစ်ရေးပစ်မှတ်မဟုတ်သော နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများကိုလည်း နေ့စဥ်ဦးတည်ပစ်ခတ်တိုက်ခိုက်နေသည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

12/12/2023

နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ စစ်ကူအင်အား ထပ်မံပိုဆောင်ပြီး၊ လေကြောင်းပစ်ကူ အများဆုံးအသုံးပြုတိုက်ခိုက်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၂ရက်
၁၀၂၇ စစ်ဆင်ရေး

၁) တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းအား စစ်ကောင်စီတပ်မှ စခန်းမကျဆုံးရေးအတွက် စစ်ကူအင်အားများ ပိုဆောင်ခြင်းသော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုဖြင့်သော်လည်းကောင်း နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေသည်။ ထိုပြင် စစ်ရေးပစ်မှတ်မဟုတ်သော နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများကိုလည်း နေ့စဥ်ဦးတည်ပစ်ခတ်တိုက်ခိုက်နေသည်။

၂) ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင်လည်း စခန်းသစ်ကုန်းဘက်သို့ စစ်ကူပေးရန် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် စစ်ကူလူအင်အား (၁၀၀)နီးပါး (၃)ကြိမ် လာရောက်ပို့ချခဲ့သည်။

၃) ယနေ့ စခန်းသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၀)ကြိမ်၊ Mi35 ဖြင့် (၁၂)ကြိမ်နှင့် Y12 ဖြင့် (၆)ကြိမ် ဗုံး (၁၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၄) နမ့်ခမ်းမြို့နယ်၊ စခန်းသစ်တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု Jet Fighter (၂၂၁)ကြိမ်၊ Y8/Y12 လေယာဥ် (၆၂)ကြိမ်၊ Mi35 ဖြင့် (၁၇)ကြိမ်၊ စစ်ကောင်စီ မန်တတ်တပ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် (၃၅၀)ကြိမ် ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

12/12/2023

ဆဒါင်ကုင်တအာင်း ကနာည်ဆငည်း (7)ရောတ်
ဆငည်း(10)ကျံရ်(12)

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာလ (၁၂)ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲသတင်းအချုပ်နှင့် စကစမှ လူထုအား ပစ်မှတ်ထားတိုက်ခ...
12/12/2023

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာလ (၁၂)ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲသတင်းအချုပ်နှင့် စကစမှ လူထုအား ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများ

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၂
၁၀၂၇စစ်ဆင်ရေး

၁) ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နံနက် (၈း၂၅)နာရီမှ ယခုသတင်းတင်ဆက်ချိန်ထိ နမ့်ခမ်းမြို့နယ်၊ စခန်းသစ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၀)ကြိမ်၊ Mi35 ဖြင့် (၁၂)ကြိမ်နှင့် Y12 ဖြင့် (၆)ကြိမ် ဗုံး (၁၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုပြင် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် စစ်ကောင်စီတပ်မှ ရဟက်ယာဥ်ဖြင့် စစ်ကူအင်အားနှင့် ရိက္ခာများ (၃)ကြိမ် လာရောက်ပို့ချခဲ့သည်။

၂) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ယနေ့ နံနက် (၆း၄၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၃) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းကို ယနေ့ ညနေ (၅း၄၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၄) တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းကို ယနေ့ ညနေ (၄း၂၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၅) တပ်မဟာ(၂)စစ်ဒေသ၊ မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်မှ မိုးကုတ်ဘက်သို့ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၆) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီနမ့်ဖတ်ကာ တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်သို့ လက်နက်ကြီးဖြင့် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၇) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းကို ယနေ့ နေ့လည် (၂း၃၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၈) တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် ကောင်းရာကျေးရွာ ရောဘာခြံအနီးတဝိုက်တွင် ယနေ့ နံနက် (၆း၀၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၉) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်း Y12 လေယာဥ်ဖြင့် ဗုံး(၄)ကြိမ် လာရောက်ကြဲချခဲ့သည်။

၁၀) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြိုတွင် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညအချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို ပေါက်နေရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၀)လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။ မူဆယ်မြို့နယ် စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်းမှ လက်နက်ကြီးဖြင့် အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်နေပြီး ၁၀၅ မိုင် ဒေသခံအမျိုးသမီး (၁) ဦး သေဆုံးပြီး၊ (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

12/12/2023

12月12日最新报道,近期德昂邦邦所发生的战况

နမ့်ခမ်းမြို့အတွင်း စစ်ကောင်စီတပ်က လေယာဉ်အသုံးပြုကာ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲတိုက်ခိုက်  နမ့်ခမ်း၊ ဒီဇင်ဘာလ ၁၂ ရက်  တအာင်း...
12/12/2023

နမ့်ခမ်းမြို့အတွင်း စစ်ကောင်စီတပ်က လေယာဉ်အသုံးပြုကာ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲတိုက်ခိုက်

နမ့်ခမ်း၊ ဒီဇင်ဘာလ ၁၂ ရက်

တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁၁)ရက်နေ့ ညအချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ် တစ်စီးဖြင့် ပေါင်(၅၀၀)ဗုံးအသုံးပြုကာ ဗုံးကြဲတိက်ခိုက်ခဲ့သည်။

ထိုကဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၀)လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာလ (၁၁)ရက်နေ့ တစ်နေ့လုံး စစ်ကောင်စီ၏ နမ့်ဖက်ကာတပ်စခန်းမှ နမ့်ခမ်းမြို့သို့ လက်နက်ကြီးဖြင့် (၃၇)ကြိမ် ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာ လေယာဉ်ဖြင့် (၁၀)ကြိမ်၊ Y 12 လေယာဉ်ဖြင့် ဗုံး(၁၁၂)လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ညနေ (၄း၀၀)အချိန်တွင် ဂျက်လေယာဉ်ဖြင့် မူဆယ်မြို့နယ် တုံခန်ရွာနှင့် ဟိုနောင်ရွာအနီးသို့ ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခဲ့သည်။ စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်းမှ လက်နက်ကြီးများဖြင့် အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်နေပြီး ၁၀၅ မိုင် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီ၏ တိမ်တောင်တပ်စခန်းမှ သီပေါမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် တစ်ညလုံးနီးပါး ပစ်ခတ်တိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ရွှေမောင်းသီလရှင်ကျောင်းတိုက်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ည(၁၀)နာရီအချိန်တွင် စစ်ကောင်စီ၏ လာရှိုးမြို့တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲခြင်းကြောင့် ပြည်သူလူထုနေအိမ်(၁၂)လုံး မီးလောင်ပျက်စီးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများနေထိုင်သည့် မြို့ပြနှင့် ကျေးရွာများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ လက်နက်ကြီးများနှင့် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်မှုကြောင့် တအာင်းပြည်နယ်အတွင်းရှိ အရပ်သားနေအိမ် (၂၈၂)လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

နမ့်ခမ်းနှင့် နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ရာချီအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်  တအာင်းပြည...
12/12/2023

နမ့်ခမ်းနှင့် နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ရာချီအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၂ရက်
၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ်၊ နမ့်ခမ်းနှင့် နမ့်ဆန်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုဖြင့်သော်လည်းကောင်း နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေသည်။ ထိုပြင် စစ်ရေးပစ်မှတ်မဟုတ်သော နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများကိုလည်း နေ့စဥ်ဦးတည်ပစ်ခတ်တိုက်ခိုက်နေသည်။

ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နံနက် (၈း၂၅)နာရီမှ ယခုသတင်းတင်ဆက်ချိန်ထိ နမ့်ခမ်းမြို့နယ်၊ စခန်းသစ် တိုက်ပွဲတွင် Jet Fither ဖြင့် (၂)ကြိမ်၊ Mi35 ဖြင့် (၃)ကြိမ်နှင့် Y12 ဖြင့် (၆)ကြိမ် ဗုံး (၁၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်း Y12 လေယာဥ်ဖြင့် ယခုသတင်းတင်ဆက်ချိန်ထိ ဗုံး(၄)ကြိမ် လာရောက်ကြဲချခဲ့သည်။

စစ်ကောင်စီ စခန်းသစ်ကုန်းတပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု Jet Fighter (၂၁၅)ကြိမ်၊ Y8/Y12 လေယာဥ် (၆၂)ကြိမ်၊ Mi35 ဖြင့် (၉) ဓာတုအဆိပ်ငွေ့ဗုံးဖြင့် (၃)ကြိမ်၊ စစ်ကောင်စီ မန်တတ်တပ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် (၃၅၀)ကြိမ် ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီ နမ့်ဆန်ရဲစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများပုံရိပ်၁၀၂၇ စစ်ဆင်ရေး        တအာင်းပ...
12/12/2023

တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီ နမ့်ဆန်ရဲစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများပုံရိပ်

၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် စစ်ကောင်စီ ရဲစခန်းကို ဒီဇင်ဘာ ၁၁ရက်နေ့ နံနက် (၅း၀၃)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ္စတို(၃)လက်၊ လက်နက်(၁၄)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ယနေ့ ဒီဇင်ဘာ ၁၂ရက်နေ့တွင် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်း Y12 လေယာဥ်ဖြင့် ယခုသတင်းတင်ဆက်ချိန်ထိ ဗုံး(၂)ကြိမ် လာရောက်ကြဲချခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၁၁)ရက်နေ့ တိုက်ပွဲသတင်းအချုပ်တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၁...
11/12/2023

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၁၁)ရက်နေ့ တိုက်ပွဲသတင်းအချုပ်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၁
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ် စစ်ကောင်စီ ပတ္တမြားစေတီ(ကောင်းမှုဆိုင်စခန်း)နှင့် နမ့်ဆန်ရဲစခန်းကို ယနေ့ နံနက် (၅း၀၃)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့သည်။

၂) တပ်မဟာ(၄)စစ်ဒေသ၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို ယနေ့ နံနက် (၃း၃၀)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့သည်။

၃) တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် စစ်ကောင်စီ ၁၀၅ မိုင်တပ်စခန်းကို ယနေ့ နံနက် (၇း၂၀)နာရီ အချိန်တွင် ညီနောင် (၃)ဖွဲ့ MNDAA/AA/TNLA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။

၄) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ယနေ့ ညနေ (၅း၂၅)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။

၅) ယနေ့ ဒီဇင်ဘာ ၁၁ရက်နေ့တွင် စစ်ကောင်စီ နမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းစခန်းသစ်ကုန်းဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၃၇)ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၆) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့ နံနက် (၉း၃၄)နာရီ အချိန်တွင်လည်း ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ်၊ Y12 လေယာဥ်ဖြင့် ဗုံး(၁၁၂)လုံး ထပ်မံလာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၇) တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ လယ်ကြီးတောကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၈) တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းငေါ့မြို့နယ် စစ်ကောင်စီတပ်မှ တော့ဆန်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၉) တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ ဟိုနောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၀) တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် စစ်ကောင်စီတပ်မှ ဟိုပေါင်ကျေးရွာ၊ အထက်တုန်ခန်နှင့် အောက်တုန်ခန်ကျေးရွာဘက်သို့ Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၁) ယနေ့တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ M17 လေယာဥ်ဖြင့် မန်တတ်တပ်စခန်းတွင် (၁)ကြိမ်၊ မူဆယ်တပ်စခန်းတွင် (၁)ကြိမ်၊ နမ့်ဖတ်ကာတပ်စခန်းတွင် (၂)ကြိမ်နှင့် နမ့်ခမ်း စခန်းသစ်ကုန်းဘက်တွင် ခဲယမ်းနှင့် ရိက္ခာများ(၁၂)ထုပ် ချပေးခဲ့သည်။

၁၂) တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းကို ယနေ့ ညနေ (၅း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့သည်။

၁၃) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် ယခု သတင်းတင်ဆက်နေချိန်ထိ ပစ်ခတ်တိုက်ခိုက်နေသည်။

၁၄) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ နမ့်ဆန်မြို့နယ်ကျေးရွာပတ်ဝန်ကျင်ဘက်သို့ ဦးတည် ပစ်ခတ်တိုက်ခိုက်နေသည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

11/12/2023

2023 ခုနှစ်၊ ဒီဇင်ဘာလ 10ရက်နေ့ 1027 စစ်ဆင်ရေးတိုက်ပွဲသတင်းများ

A Brief Summary of December 10th Battles in "1027 Operation" carried out by PSLF/TNLA in Ta'ang StateTa'ang State, Decem...
11/12/2023

A Brief Summary of December 10th Battles in "1027 Operation" carried out by PSLF/TNLA in Ta'ang State

Ta'ang State, December 11th
1027 Operation

(1) PSLF/TNLA cleared and seized SAC's Ka-Diang Phuu Camp Hill in Nam Khay Village, in its Brigade (2) area, Namhsan Township at (3.20) pm this afternoon.

(2) MNDAA/AA/TNLA Three Brotherhood allied forces initiated an attack on SAC's 105th-mile Camp in TNLA's Brigade (1) area, Muse Township at (3.30) pm this afternoon.

(3) PSLF/TNLA launched an attack on SAC's K*t Khine Camp in its Brigade (5) area, K*t Khine Township at around (10.20) am this morning.

(4) SAC's Mi35/fighter jet provided Close Air Support to its ground troops in areas around Sa-Khan Thit Camp Hill (6) times in TNLA's Brigade (1) area, Namkham Township.

(5) SAC's Mi35 helicopter launched
an airstrike on areas surrounding 105th-mile Camp (1) time in TNLA's Brigade (1) area, Muse Township.

(6) PSLF/TNLA attacked SAC's Infantry Battalion-130 Camp at around (4.16) pm this afternoon in its Brigade (3) area, Mongton Township.

/TNLA
& Information Department

တအာင်းပြည်နယ် တပ်မဟာ (၅) စစ်ဒေသတွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ကွတ်ခိုင် စကစ+ပ.သ.စတပ်စခန်းကိ...
11/12/2023

တအာင်းပြည်နယ် တပ်မဟာ (၅) စစ်ဒေသတွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ကွတ်ခိုင် စကစ+ပ.သ.စတပ်စခန်းကို ထပ်မံရှင်းလင်းသိမ်းပိုက်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၁ ရက်
၁၀၂၇စစ်ဆင်ရေး

တအာင်းပြည်နယ် တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့၊ မြို့သစ်ရက်ကွက်ရှိ စစ်ကောင်စီ+ပ.သ.စ တပ်စခန်းကို ဒီဇင်ဘာ ၁၀ရက်နေ့ ည (၈း၃၅)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းတပ်စခန်းအတွင်း စစ်သုံ့ပန့်(၇)ဦး၊ 60MM လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၂)လက်၊ လက်နက်မျိုးစုံ (၅၈ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။

တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်တွင် ယမန်နေ့ ညနက်သန်းခေါင်ယံ (၁၂း၄၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။ ယနေ့ နံနက် (၉း၃၄)နာရီ အချိန်တွင်လည်း ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ်၊ (၁၀း၅၀)နာရီတွင် Jet Fighter ဖြင့် (၂)ကြိမ်၊ (၁၂း၃၁)နာရီတွင် Y12 လေယာဥ်ဖြင့် ဗုံး(၁၆)လုံး ထပ်မံလာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

https://m.facebook.com/story.php?story_fbid=738158311708057&id=100065416833511&mibextid=Nif5oz

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၁၁)ရက်နေ့ မနက်ခင်း တိုက်ပွဲသတင်းတအာင်းပြည်နယ်၊ ဒီဇင်ဘာ...
11/12/2023

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၁၁)ရက်နေ့ မနက်ခင်း တိုက်ပွဲသတင်း

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၁
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာရှိ စစ်ကောင်စီ ကဒိုင်းဖူးတောင်တပ်စခန်းကို ယမန်နေ့ နေ့လည် (၃း၂၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ 60/80 MM လက်နက်ကြီးအပါအဝင်၊ လက်နက်(၁၉)လက်၊ ကျည်မျိုးစုံနှင့် စစ်သုံးဆောင် ပစ္စည်းများ သိမ်းဆည်ရခဲ့မိသည်။

၂) တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ် စစ်ကောင်စီ ပတ္တမြားစေတီ(ကောင်းမူဆိုင်စခန်း)နှင့် နမ့်ဆန်ရဲစခန်းကို ယနေ့ နံနက် (၅း၀၃)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့သည်။

၃) တပ်မဟာ(၄)စစ်ဒေသ၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို ယနေ့ နံနက် (၃း၃၀)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့သည်။

၄) ယမန်နေ့ ည (၈း၅၀)နာရီ အချိန်တွင် တပ်မဟာ(၂)စစ်ဒေသ၊ သီပေါမြို့နယ် စံဖိတ်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + DPLF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၅) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်တွင် ယမန်နေ့ ညနက်သန်းခေါင်ယံ (၁၂း၄၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။ ယနေ့ နံနက် (၉း၃၄)နာရီ အချိန်တွင်လည်း ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ် ထပ်မံလာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၁၀)ရက်နေ့ တိုက်ပွဲသတင်းအချုပ်တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၀...
10/12/2023

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၁၀)ရက်နေ့ တိုက်ပွဲသတင်းအချုပ်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၁၀
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာရှိ စစ်ကောင်စီ ကဒိုင်းဖူးတောင်တပ်စခန်းကို ယနေ့ နေ့လည် (၃း၂၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA က ရှင်းလင်းသိမ်းပိုက်ရရှိခဲ့သည်။

၂) တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် စစ်ကောင်စီ ၁၀၅ မိုင်တပ်စခန်းကို ယနေ့ နေလည် (၃း၃၀)နာရီ အချိန်တွင် ညီနောင် (၃)ဖွဲ့ MNDAA/AA/TNLA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။

၃) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းကို ယနေ့ နံနက် (၁၀း၂၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့သည်။

၄) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Mi35/Jet Fighter ဖြင့် (၆)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၅) တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် စစ်ကောင်စီ ၁၀၅ မိုင်တပ်စခန်းဘက်တွင် စစ်ကောင်စီတပ်မှ Mi35 ရဟက်ယာဥ်ဖြင့် (၁)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၆) တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းကို ယနေ့ ညနေ (၄း၁၆)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၉)ရက်နေ့ တိုက်ပွဲသတင်းအချုပ်တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၉၁၀...
09/12/2023

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၉)ရက်နေ့ တိုက်ပွဲသတင်းအချုပ်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၉
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ယနေ့ နံနက် (၅း၂၅)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။

၂) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းကို ယနေ့ ညနေ (၄း၅၀)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။

၃) တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းကို ယနေ့ နံနက်( ၉း၅၅)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။

၄) ယနေ့ ဒီဇင်ဘာ ၉ရက်နေ့တွင် စစ်ကောင်စီ နမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းစခန်းသစ်ကုန်းဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၂)ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၅) တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီ မိုင်းငေါ့နှင့် ကျောက်မဲတပ်စခန်းမှ ဟူစွန်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၆) တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၇) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Mi35/Y12/Jet Fighter ဖြင့် (၁၁)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၈) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နမ့်ဖတ်ကာတပ်စခန်းအား ယနေ့ နေ့လည် (၂း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

09/12/2023

1027 စစ်ဆင်ရေးအတွင်း စစ်ကောင်စီ လယ်ကြီးတပ်စခန်းနှင့် ခိုမုန်းတပ်စခန်း ထပ်မံရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

စစ်ကောင်စီ ခိုမုန်းတပ်စခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများပုံရိပ်၁၀၂၇ စစ်ဆင်ရေး        တအာင်းပြည်နယ်၊ တပ်မဟာ(၃)စစ်ဒ...
09/12/2023

စစ်ကောင်စီ ခိုမုန်းတပ်စခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများပုံရိပ်

၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ်၊ တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ ညနေ (၄း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၁)လက်၊ လက်နက်(၅)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၈)ရက်နေ့ တိုက်ပွဲသတင်းအချုပ်တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၈၁၀...
08/12/2023

တအာင်းပြည်နယ်တွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ (၈)ရက်နေ့ တိုက်ပွဲသတင်းအချုပ်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၈
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်ဗျူဟာတပ်စခန်းကို ယနေ့ နံနက် (၁၁း၀၀)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။

၂) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Y12/Jet Fighter ဖြင့် (၁၈)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၃) ယနေ့ ဒီဇင်ဘာ ၈ရက်နေ့တွင် စစ်ကောင်စီ မန်တတ်နှင့် နမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းစခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၆)ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

08/12/2023

德昂民族解放军 又成功收复了缅甸政变军的四个重要据点

08/12/2023

1. ကတီုက်ကပဴင် လံပ်တီုက်ဓှီုန်း “1027”နီန် ကနာည်
ဆငည်း (7) ကျံရ် 12
2. ဆဒါင် ဆီုက်ဘြာန်ဂဲ ဒါထမေဲန်ဒေဲ;ပဴင် ပ္လေဒါင်း ထာန်ဇံန် (500) ခေဲင်ရဝ်ပါင်လော် ကာည်း ရဝ်ဟိုနား တိုအီးရဝ် (5)အီးယံမ်း

တအာင်းပြည်နယ် တပ်မဟာ ၂ နှင့် ၃ စစ်ဒေသတွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ လယ်ကြီးတပ်စခန်း နှင့်ခိ...
08/12/2023

တအာင်းပြည်နယ် တပ်မဟာ ၂ နှင့် ၃ စစ်ဒေသတွင် PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ လယ်ကြီးတပ်စခန်း နှင့်ခိုမုန်းတပ်စခန်း ထပ်မံရှင်းလင်းသိမ်းပိုက်

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၈ ရက်
၁၀၂၇စစ်ဆင်ရေး

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ နေ့လယ် (၁၁း၃၅)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA + မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းတပ်စခန်းအတွင်း စစ်သုံ့ပန့်(၂)ဦး၊ ရဲ(၃)ဦး၊ 60/80 MM လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီ၏ လက်နက် ( ၁၀ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။

အလားတူ တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်း(မန်နား)တပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ ညနေ (၄း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်။

ယခုတပ်စခန်း (၂) ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်သည်။


#သတင်းနှင့်ပြန်ကြားရေးဌာန

https://m.facebook.com/story.php?story_fbid=736564048534150&id=100065416833511&mibextid=Nif5oz

Overview of December 6th Battles in "1027 Operation" carried out by PSLF/TNLA in Ta'ang StateTa'ang State, December 8th1...
08/12/2023

Overview of December 6th Battles in "1027 Operation" carried out by PSLF/TNLA in Ta'ang State

Ta'ang State, December 8th
1027 Operation

(1) PSLF/TNLA occupied SAC's Mine Lone Camp in its Brigade (2) area, Kyaukme Township, at around (8.00)pm on December 5th. While TNLA was advancing into the camp, the SAC troop was in complete chaos and its soldiers were making their escape in disarray. TNLA seized SAC's 80/60MM heavy weapon, (13) guns and other military gear.

(2) PSLF/TNLA attacked and conquered SAC's Mine Wee Camp in its Brigade (3) area, Namkham Township, at around (12.30)am on December 5th. PSLF/TNLA had been fighting to occupy the said Mine Wee Camp as part of "1027 Operation" since December 2nd, and after (4) days on December 5th at (1.00)pm, Mine Wee Camp came under TNLA's complete control. TNLA seized SAC's 60MM weapon, (10) guns, explosives and other military gear.

(3) A fighting erupted between SAC troop and PSLF/TNLA+DPLF near San Phate Village in TNLA's Brigade (2) area, Hsi Paw Township at (10.05)am this morning.

(4) PSLF/TNLA launched an offensive on SAC's Sa-Khan Thit Camp in its Brigade (1) area, Namkham Township at (8.00)am this morning.

(5) Today, December 6th, artillery was shelled (49) times on areas surrounding Namkham Sa-Khan Thit Camp, a warring site, from SAC's Man Tat and Nam Phat Kar Camps.

(6) SAC fired heavy weapon (6) times towards areas around Pan Hone Village, in TNLA's Brigade (6) area, Lashio Township.

(7) PSLF/TNLA attacked SAC's Nam Phat Kar Camp in its Brigade (5) area, K*t Khai Township at (8.00) am this morning.

(8) SAC's Y12/fighter jet bombed areas around Sa-Khan Thit Camp Hill (21) times in TNLA's Brigade (1) area, Namkham Township.

(9) SAC's Mi35 attack helicopter fired into areas around Kar Lai Village (1) time in TNLA's Brigade (5) area, K*t Khai Township.

(10) PSLF/TNLA initiated an attack on SAC's K*t Khai Camp in its Brigade (5) area, K*t Khai Township at (4.40) pm this afternoon.

/TNLA
& Information Department

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာလ (၇)ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲသတင်းအချုပ်နှင့် စကစမှ လူထုအား ပစ်မှတ်ထားတိုက်ခိ...
07/12/2023

တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာလ (၇)ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲသတင်းအချုပ်နှင့် စကစမှ လူထုအား ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများ

တအာင်းပြည်နယ်၊ ဒီဇင်ဘာ ၇
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းလုံမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ နေ့လယ် (၁၁း၃၅)နာရီ အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA + မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ 60/80 MM လက်နက်ကြီးအပါအဝင်၊ လက်နက် ( ၁၀ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။

၂) တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့နယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ ညနေ (၄း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်။

၃) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ယနေ့ နံနက် (၅း၂၅)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။

၄) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းကို ယနေ့ ညနေ (၄း၁၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့သည်။

၅) တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းလုံမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းဘက်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၂)ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၆) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Y12/Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၇) ယနေ့ ဒီဇင်ဘာ ၇ရက်နေ့တွင် စစ်ကောင်စီ မန်တတ်နှင့် နမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းစခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၂၇)ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။

၈) တပ်မဟာ(၂)စစ်ဒေသ၊ သီပေါမြို့နယ် စံဖိတ်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၉) တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြိုနယ် ပန်လော်ကျေးရွာနှင့် ဟိုနား(ကောင်းကပ်)ကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် (၀၀း၃၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ပေါင် (၅၀၀)ဗုံးအသုံးပြုကာ အရပ်သားများအား ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဟိုနားကျေးရွာက နေအိမ်ပေါ်သို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် (၁)ဦးအပါအဝင် မိသားစုဝင် (၅)ဦးလုံး သေဆုံးခဲ့ကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသူများမှာ လွေးအို အသက် (၅)နှစ်၊ မိုင်းယိုင်လေး အသက် (၃၅)နှစ်၊ တာဆွေ အသက် (၄၆)နှစ်၊ မာခမ်းလီး အသက် (၅၀)နှစ်နှင့် ယားဘာ အသက် (၅၆)နှစ်တို ဖြစ်ကြပြီး အသက် (၆)နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Address

Pyi

007

Alerts

Be the first to know and let us send you an email when The Ta'ang Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share