Ye Defence Force - YDF

  • Home
  • Ye Defence Force - YDF

Ye Defence Force - YDF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ye Defence Force - YDF, News & Media Website, .

YDF ရဲ့ 2/24 ငွေစာရင်း ရှင်းတမ်းပါ
02/03/2024

YDF ရဲ့ 2/24 ငွေစာရင်း ရှင်းတမ်းပါ

တိုက်ပွဲသတင်းထုတ်ပြန်ချက်ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၊ ၂၀၂၄ ခုနှစ်ရေးမြို့နယ်တောင်ပိုင်း  နှင့် ပြည်ထောင်စုလမ်းမအား စိုးမိုး...
21/02/2024

တိုက်ပွဲသတင်းထုတ်ပြန်ချက်
ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၊ ၂၀၂၄ ခုနှစ်
ရေးမြို့နယ်တောင်ပိုင်း နှင့် ပြည်ထောင်စုလမ်းမအား စိုးမိုးနိုင်ရေးအတွက် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက စကခ(၁၉) စစ်ရေးဌာနချုပ် လက်အောက်ခံ တပ်များနှင့် စကစ ထောက်တိုင်များကို အမြဲချေမှုန်းတိုက်ခိုက်လျက်ရှိသည်။
ဖေဖော်ဝါရီလ(၁၉) ရက်နေ့တွင် စကစ(၁၉) လက်အောက်ခံ တပ်များဖြစ်သည့် ခလရ(၆၁) ၊ ရေးတံတားကြီးဂိတ်၊ စကခ(၁၉) ၊ စကခ(၁၉) ရှေ့ရှိ ခရိုင်ရုံး သို့ Drone များ ၊လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ရေးတံတားကြီးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ရဲ(၂) ဦး ပွဲချင်းပြီးသေဆုံးကြောင်း သတင်းရရှိသည်။ ခလရ (၆၁) အတွင်းသို့ Mini Bus ဖြင့် ဒဏ်ရာရရှိသူများသယ်ထုတ်သွားသည့် သတင်းရရရှိသော်လည်း ထိခိုက်သေဆုံးမှုအား စုံစမ်းဆဲဖြစ်သည်။ ခရိုင်ရုံးအတွင်း ဗိုလ်ချုပ်အဆင့်အပါအဝင် အရာရှိ(၆) ဦး နှင့် ဝန်ထမ်းများရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် ခရိုင်ရုံးအားလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စကခ(၁၉) အတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုမှာ‌ အောင်မြင်သော်လည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် မိမိတို့အနေဖြင့် Drone တစ်စီးပျက်စီးဆုံးရှုံးခဲ့သည်။
မိမိတို့ဘက်က တိကျသေချာသော စုံစမ်းမှုများနှင့် စစ်ရေးပစ်မှတ်များထိရောက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စကစ အနေဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုများ များစွာပြုလုပ်ခဲ့သည်။ တော်လှန်ရေးအင်အားစုများ နေရာအတွင်းသိူ့ ပြန်လည်ပစ်ခတ်ချင်းမျိုးမဟုတ်ဘဲ ပြည်သူ့လူထုအပေါ် အကြောက်တရားကြီးစိုးစေရန်အတွက် ကျေးရွာများအတွင်းသို့ ၈၁ မမ ၊ ၆၀ မမ၊ ၁၂၀ မမ Howitzer များဖြင့် ပစ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီလ (၁၉)ရက်နေ့တိုက်ပွဲဖော်ဆောင်မှုတွင် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်YGF ဒေါနတပ်ခွဲ(၃)၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်‌ေရးတပ်ဖွဲ့KBDFဒေါနတပ်ခွဲ(၄)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဒေါနတပ်ခွဲ(၅) ၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ ထားဝယ်ကာကွယ်‌ေရးအဖွဲ့ DDTဒေါန တပ်ခွဲ(၇) ၊ YDF ၊ ရေးသိမ်းငှက် အဖွဲ့များနှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များဖြစ်သည့်မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း(၁) ၊ YAF အဖွဲ့များနှင့် စည်းလုံးမှုကောင်းကောင်းဖြင့် စစ်ရေးဖော်ဆောင်ခဲ့သည်။
ထိခိုက်သေဆုံးနှင့် ပျက်စီးဆုံးရှုံးမှုများအားစုံစမ်းဆဲဖြစ်သည်။
သတင်းအပြည့်အစုံနှင့် video များကို
Telegram channel တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
https://t.me/dawnacolum

ဒေါနစစ်ကြောင်း တပ်သားသစ်ခေါ်ယူခြင်းဒေါနစစ်ကြောင်းအနေဖြင့် တပ်သားသစ်ခေါ်ယူရာတွင်  လျောက်ထားလိုသူများအတွက် သိသင့် သိထိုက်သ...
15/02/2024

ဒေါနစစ်ကြောင်း တပ်သားသစ်ခေါ်ယူခြင်း

ဒေါနစစ်ကြောင်းအနေဖြင့် တပ်သားသစ်ခေါ်ယူရာတွင်
လျောက်ထားလိုသူများအတွက် သိသင့် သိထိုက်သော အခြေခံအချက်များသတ်မှတ်ထားသည်များရှိပါသည်။

၁။ အသက်(၁၈) နှစ်ပြည့်ပြီးသူများဖြစ်ရမည်။
၂။ အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၃။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနစစ်ကြောင်းက ပေးအပ်လာသော အမိန့်နှင့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သည်တော်ကျင့်ဝတ် (Code of Conduct) များကို လိုက်နာနိုင်သူ ဖြစ်ရမည်။
၅။ အာဏာရှင်စနစ်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်နိုင်သူဖြစ်ရမည်။

ဤအချက်များကို လိုက်နာဆောင်ရွက်နိုင်ပြီဆိုလျှင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း တပ်သားသစ် လျှောက်လွှာသို့ဝင်ရောက်ဖြည့်စွတ်နိုင်ပါပြီ။

ဒီ Link မှာ Form ဖြည့်ပြီး လျှောက်ထားပါ 👇👇👇

https://forms.gle/4hc6MyDMBqzo4nre6

#ဒေါနစစ်ကြောင်း

15/02/2024

ထိတွေ့တိုက်ပွဲမဖြစ်ပွားသော်လည်း စကစ ဘက်မှကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် စကစဘက်မှ ထိတွေတိုက်ပွဲဖြစ်မှုမရှိသော်လည်း ကျေးရွာများအတွင်းသို့ လက်နက်ကြီး ဖြင့် ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်လျက်ရှိနေကြောင်းလည်း မြေပြင်သတင်းများအရသိရှိရသည်။
ဖေဖော်ဝါရီလ(၁၁) ရက်နေ့တွင်လည်း ‌ဝဲပေါင်နှင့် ကျုံလောင်းကြားသို့ လက်နက်ကြီး (၁၅) လုံးခန့်ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရေးတံတာကြီး အနီးအနား အောင်ဘုတ်ရွာထိပ် ဆီဆိုင်နောက်ကျောတွင် စကစ အင်အား(၆၀) ခန့်တပ်စွဲသည့် သတင်းကြားသိရသဖြင့် Fixed Wings Droneဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မိမိတို့ဒေါနစစ်ကြောင်းတပ်ခွဲများဖြစ်သည့် ရေးပြောက်ကျားတပ်ခွဲ ဒေါနတပ်ခွဲ(၃)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ ကံပေါက်တပ်ခွဲ ဒေါနတပ်ခွဲ(၄) ၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဒေါနတပ်ခွဲ(၅)၊ ‌ရေးသိမ်းငှက်၊ YDF၊ ပူးပေါင်းမဟာမိတ် YAF၊ မွန်ပြည်တော်လှန်ရေးတပ်MSRF၊ ABSDF တပ်ရင်း(၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် Win Petrol ဆီဆိုင်သို့ လူနာတင်ယာဥ် (၂) စီးဖြင့် လူနာများ လာကယ်ထုတ်သွားရကြောင်းသိရှိရသည်။ သေဆုံးနှင့် ထိခိုက်စာရင်းအတိအကျအား စုံစမ်းဆဲဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် စကစဘက်မှ လက်နက်ကြီးများဖြင့် ‌ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့သည်။

သတင်းအပြည့်အစုံနှင့် video များကို
Telegram channel တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
https://t.me/dawnacolum

#ဒေါနစစ်ကြောင်း

ပြည်သူများအားအသိပေးအပ်ပါသည်။
12/02/2024

ပြည်သူများအားအသိပေးအပ်ပါသည်။

လိုအပ်နေသည့်အချိန်မှာ ကူညီပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။
12/02/2024

လိုအပ်နေသည့်အချိန်မှာ ကူညီပေးတဲ့အတွက်
အထူးပင်ကျေးဇူးတင်ရှိပါသည်။

ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
10/02/2024

ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

ကျေးဇူးအထူးတင်ရှိပါသည်။
09/02/2024

ကျေးဇူးအထူးတင်ရှိပါသည်။

ကျေးဇူးတင်ရှိပါသည်။
06/02/2024

ကျေးဇူးတင်ရှိပါသည်။

အလှူရှင်များသိစေရန်တင်ပြအပ်ပါသည်။YDF ရဲ့1/24 ငွေစာရင်းရှင်းတမ်းပါ။
03/02/2024

အလှူရှင်များသိစေရန်တင်ပြအပ်ပါသည်။
YDF ရဲ့1/24 ငွေစာရင်းရှင်းတမ်းပါ။

လိုအပ်နေသောအချိန်တွင် အကူအညီပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
25/01/2024

လိုအပ်နေသောအချိန်တွင် အကူအညီပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးပါ။
25/01/2024

အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးပါ။

ပြည်သူများအားအသိပေးအပ်ပါသည်။ရေးမြို့နယ်၊မော့ကနင်ကျေးရွာအနီး၊ရေး-သံဖြူဇရပ် လမ်းမပေါ်ရှိ မတရားငွေကြေးကောက်ခံနေသော အကြမ်းဖက...
21/01/2024

ပြည်သူများအားအသိပေးအပ်ပါသည်။

ရေးမြို့နယ်၊မော့ကနင်ကျေးရွာအနီး၊ရေး-သံဖြူဇရပ် လမ်းမပေါ်ရှိ မတရားငွေကြေးကောက်ခံနေသော အကြမ်းဖက်စစ်ကောင်စီ၏ ကြိုးတံတားဂိတ်အား ဒေါနစစ်ကြောင်း၊YDFနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ်ချေမှုန်းတိုက်ခိုက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်။

ရေးမြို့နယ်၊မော့ကနင်ကျေးရွာအနီး၊ရေး-သံဖြူဇရပ်လမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကြိုးတံတားဂိတ်စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇နာရီ ၄၃ မိနစ်အချိန်တွင် ဒေါနစစ်ကြောင်း၊မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း(MSRO)၊ရေးပြောက်ကျားတပ် (YGF) ၊ မွန်ပြည် တော်လှန်ရေးတပ်(MSRF)၊ABSDF တပ်ရင်း (၁) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့ စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဘုန်းကြီးကျောင်းကို အကာကွယ်ယူတပ်စွဲထားသော ကြိုးတံတားဂိတ်သည် မတရား ငွေကြေးကောက်ခံမှုများကျူးလွန်နေပြီး ဒေသခံ ပြည်သူများအပေါ် အနိုင်အထက်ပြုကျင့်မှုများလည်းရှိနေသဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် ချေမှုန်းရခြင်းဖြစ်သည်။
မိမိတို့ဘက်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ခြေလျင်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ ကြိုးတံတားဂိတ်ရှိ စစ်ကောင်စီတပ်သား (၆) ဦးနှင့်အထက်သေဆုံးပြီး ထွက်ပြေးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအားစုံစမ်းဆဲဖြစ်သည်။
ကြိုးတံတားဂိတ်စစ်ဆင်ရေး အပြီးတွင် ခမရ (၅၈၈) အား လက်နက်ကြီးဖြင့် ဖိအားပေးခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး ခမရ (၅၈၈) အတွင်းရှိ အကြမ်းဖက်စစ်သားများ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုစာရင်းအားစုံစမ်းဆဲဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေစဥ်ကာလအတွင်း ရေး-သံဖြူဇရပ် လမ်းမကြီး အား နယ်မြေရှင်းလင်းရေးနှင့် ပြည်သူလူထုအန္တရာယ်ကင်းစွာသွားလာနိုင်ရန်အတွက် ပူးပေါင်းတပ်ဖွဲ့များမှ လုံခြုံရေးယူပေးခဲ့ပါသည်။ တိုက်ပွဲကြာချိန် တနာရီခန့်ကြာမြင့်ခဲ့ပြီး ခမရ ၅၈၈ နှင့် ခမရ ၃၄၃ တို့ဘက်မှ မိမိတို့ဘက်အားလက်နက်ကြီးဖြင့် အကြိမ်ရေ (၄၀) ထက်မနည်းပစ်ခတ်ခဲ့သည်။
ထို့နောက် ခမရ (၃၄၃) နင့် ခလရ (၁၀၆) က လက်နက်ကြီးဖြင့် ရေး-သံဖြုဇရပ်ကားလမ်းမပေါ်ရှိ ပြည်သူများသွားလာနေမှုအားပစ်ခတ်ခဲ့ပြီး ပြည်သူတချို့ထိခိုက်မှုများရှိခဲ့သည်။ မိမိတို့ပူးပေါင်းတပ်ဖွဲ့များက ခရီးသွားကားများအား လုံခြုံရေးအခြေအနေအရတားဆီး၍ လမ်းမဘေးတွင် ပြည်သူအများဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးနေစဥ် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် "ရွှေဝယ်သူ"ကားတစီး ၊ "ရွှင်လန်း"ကားတစီး၊ "မြင့်မြတ်သူ" ကားတစီးပျက်စီးမှုဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည်။
သိမ်းဆည်းရရှိမှု ပစ္စည်းများအဖြစ် MA-1 ၁ လက်၊ M16 -A1 ၁ လက်၊ AK ၁ လက်၊ ၆၀ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ အတို ၁ လက်၊ ၄၀ မမဗုံးသီး ၈ လုံး ၊ RPG ဗုံးသီး ၅ လုံး၊ ပို့ယမ်း ၂ တောင့်၊ အီနာဂါ ၃ လုံး၊ ၆၀ မမဗုံးသီး အရှည် ၆ လုံး၊ ၆၀ မမ ဗုံးသီး အတို ၁ လုံး၊ နာနတ်သီး ၅ လုံး၊ သံပုရာသီး ၇ လုံး၊ ကျည်ဘော်က ၁၂ ခု ၊ ကပစ ကျည် ၉၇၂ တောင့် ၊ Ak ကျည် များနှင့် ကာပိုင်ကျည်များရရှိခဲ့ပြီး ဆိုင်ကယ် (၂) စီးနှင့် အခြားပစ္စည်းများအားလည်းသိမ်းဆည်းရရှိခဲ့သည်။
မိမိတို့ တော်လှန်ရေးတပ်များဘက်က ဒဏ်ရာရ (၃) ဦး(မစိုးရိမ်ရ) ရရှိခဲ့သော်လည်း အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်


#မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း




#ရေးသိမ်းငှက်အဖွဲ့

ကျေးဇူးပါ ညီလေး ....မှတ်တမ်းတင်ထားလိုက်ပြီး...
12/01/2024

ကျေးဇူးပါ ညီလေး ....မှတ်တမ်းတင်ထားလိုက်ပြီး...

-ကျွန်ုပ်တို့ ပြည်သူ့တပ်မတော်သားတွေက စစ်ကို လိုလားကြသူတွေမဟုတ်။ကျွန်ုပ်တို့ဟာ လူကို တိုက်နေခြင်းမဟုတ်၊ ဖက်ဆစ်စနစ်၊အကြမ်း...
10/01/2024

-ကျွန်ုပ်တို့ ပြည်သူ့တပ်မတော်သားတွေက စစ်ကို လိုလားကြသူတွေမဟုတ်။ကျွန်ုပ်တို့ဟာ လူကို တိုက်နေခြင်းမဟုတ်၊ ဖက်ဆစ်စနစ်၊အကြမ်းဖက်စနစ်ကို တိုက်ထုတ်နေခြင်းဖြစ်တယ်။

-ရက်စက်ယုတ်မာမှု၊ကောက်ကျစ်စဉ်းလဲမှု၊ဖိနှိပ် အနိုင်ကျင့်မှုတွေ ကြီးစိုးနေတဲ့ စနစ်နေရာမှာ လူသားချင်း စာနာမှု၊ရိုင်းပင်း ကူညီမှု၊အာဏာခွဲဝေ အုပ်ချုပ်မှု၊တန်းတူညီမျှမှု ရှိတဲ့ စနစ်ကို အစားထိုးချင်တာ ဖြစ်တယ်။မင်းအောင်လှိုင်မှ မဟုတ်၊ဖက်ဆစ်စနစ်၊အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ မည်သူကိုမဆို တိုက်ထုတ် တော်လှန်သွားမှာပါ။

-ကျွန်ုပ်တို့မှာ ရဲရင့်ပြတ်သားတဲ့ ခံယူချက် ရှိတယ်။ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးဆိုတဲ့ တိကျတဲ့ ရည်မှန်းချက်ရှိတယ်။ဒီရည်မှန်းချက်ကို ရရှိရေးအတွက် ကျွန်ုပ်တို့ အသက်ကို စွန့်လွှတ်ရလည်း ဝမ်းနည်းမည် မဟုတ်။ငြိမ်းချမ်းသာယာပြီး တန်းတူညီမျှမှုရှိသည့် အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် ပါဝင်ခွင့် ရရှိသည်ဟု သဘောထားသူများပင်။

-ခင်ဗျားတို့ကော ဘာအတွက် တိုက်ခိုက်နေကြတာလဲ။
အာဏာရူး အကြမ်းဖက် သမားတွေကောင်းစားရေးအတွက် အသေခံဖို့လား။ဖက်ဆစ်အကြမ်းဖက်‌တွေအတွက် ခင်ဗျားတို့ အသက်တွေပေးရတာ တန်ရဲ့လား။သူတို့က ခင်ဗျားတို့ မိသားစု လုံခြုံရေးကို အကြပ်ကိုင်ထားလို့လား။

-ကျွန်ုပ်တို့ဘက်က လူကို တိုက်ထုတ်နေခြင်း မဟုတ်ဘဲ အာဏာရှင်စနစ်၊ အကြမ်းဖက်စနစ်ကို ဖြိုချနေခြင်းသာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်ဘက်က သွေးထွက်သံယိုမှု အနည်းဆုံး၊အထိအခိုက်အနည်းဆုံးဖြစ်လေ ကောင်းလေပင်။သို့သော်လည်း အမှန်တရားဘက်ကမရပ်တည်ဘဲ အာဏာရှင်စနစ် လည်ပတ်ရေးအတွက် လက်ကိုင်တုတ်လုပ်နေသူများကိုကား ရဲရဲဝံ့ဝံ့ ဖယ်ရှားသွားမည်သာ။

-ခင်ဗျားတို့အနေနဲ့ ယခုချိန်မှ အမှန်တရားကို သိမြင်တယ်ဆိုလည်း နောက်မကျသေးပါဘူး။ အလင်းဝင်ရောက်ချင်သူများကို ကျွန်ုပ်တို့ ဘက်က အမြဲကြိုဆိုနေပါတယ်။ကျွန်ုပ်တို့ဘက်က ခင်ဗျားနဲ့ ခင်ဗျားမိသားစု လုံခြုံရေး၊‌ နေထိုင်ရေး အတွက် အာမခံပါတယ်။ အလင်းဝင်ရောက်ချင်တယ်‌ဆိုရင် အောက်ပါနံပါတ်တွေကို ဆက်သွယ်နိုင်ပါတယ်။

Telegram:
Viber/Signal : +66650350556
09-758688937
09-771304261

-အခိုင်းခံ၊အဖိနှိပ်ခံ၊အထိုး‌ကျွေးခံဘဝမှာ မနေဘဲ အမှန်တရားဘက်မှာ ရပ်တည်ပြီး လူသားတစ်ယောက်အဖြစ် ခံစားကြည့်ပါ။ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကြည့်ပါ။ခင်ဗျားနဲ့ ခင်ဗျားမိသားစု အသက်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပြည့်ဝစေဖို့အတွက် ပြည်သူ့ရင်ခွင်မှာ ရဲရဲဝံ့ဝံ့ခိုလှုံ‌လိုက်ပါ။ ကျွန်ုပ်တို့ဘက်က လက်ကမ်း ကြိုဆိုပါတယ်။

# ပြည်သူ့ဘက်တော်သားများနှင့်ပူးပေါင်းရန်စာရွက်များကို မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ရေး၊ ကျောင်းရွာ၊ အစင် ဘက်တွင်ဖြန့်ဝေခဲ့ပြီး အချို့စာရွက်များကို စကစ အဖွဲ့များ လိုက်လံသိမ်းဆည်းမှုများရှိနေပြီး စောင့်ကြည့်မှုများလည်းရှိနေပါသည်။



#ရေးပြောက်ကျားတပ်
#ဒေါနစစ်ကြောင်း
#ရေးပြောက်ကျားတပ်ဒေါနစစ်ကြောင်းတပ်ခွဲ၃

်ရင်း၁



#ပြည်သူ့ကာကွယ်ရေးတပ်မတော်

စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်လာဖို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဖိတ်ခေါ်၁၀ - ဇန်နဝါရီ -၂၀၂၄မွန်ပြည်နယ် ရေးမြို့...
10/01/2024

စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်လာဖို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဖိတ်ခေါ်

၁၀ - ဇန်နဝါရီ -၂၀၂၄

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရေးမြို့၊အစင်ကျေးရွာနှင့် ကျောင်းရွာ ကျေးရွာတို့ရှိ လူသူထင်သာမြင်သာရှိသောနေရာများတွင် စစ်ကောင်စီတပ်သားများ အလင်းဝင်ကြဖို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းဖိတ်ခေါ်သည့် အစီအစဉ်တစ်ခုကို ဇန်နဝါရီလ ၁၀ရက်နေ့ နံနက်တွင် ပြုလုပ်ခဲ့ပါသည်။

ပြည်သူ့ဘက်တော်သားများအဖြစ် အလင်းဝင်ရန်အတွက် ဖိတ်ခေါ်သည့် စာရွက်များကို ဓါတ်မီးတိုင်များ လမ်းမများနှင့် လူစည်ကားသည့်နေရာများတွင် UG အဖွဲ့သားများက ဖြန့်ကျဲခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးရဲဘော်များသည် စစ်ကိုလိုလားကြသည်မဟုတ်၊ စနစ်ဆိုးကိုတိုက်ဖျက်ရန်အတွက် လက်နက်စွဲကိုင်နေကြရခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေဖြင့် ပြည်သူနှင့်ပူးပေါင်းပြီး မိသားစုဘဝ သိက္ခာရှိရှိ အေးချမ်းစွာဖြတ်သန်းနေထိုင်သွားနိုင်ပြီး အလင်းဝင်ရဲဘော်များအား လက်ကမ်းကြိုဆိုနေကြောင်း စာရွက်များတွင် ပါရှိပါသည်။

ယခုအစီအစဉ်ကို ရေးမြို့နယ်တောင်ပိုင်းရှိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် - MSRF / ဒေါနစစ်ကြောင်း / ရေးပြောက်ကျားတပ် - YGF / ABSDF တပ်ရင်း - (၁) / Ye Defence Force - YDF / Ye Air Force - YAF / မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း - MSRO တို့မှ ပူးပေါင်းပြုလုပ်ခဲ့ပြီး မွန်/ဗမာ ၂ ဘာသာဖြင့် ဖြန့်ဝေခဲ့သည်။

#ရေး ကာကွယ်ရေးတပ်ဖွဲ့ YDF
#မဟာမိတ်ပူးပေါင်းတပ်ဖွဲ့

ဒေါနစစ်ကြောင်းရဲ့ဖိတ်ခေါ်သံ၁၀.၁.၂၀၂၄(ရေးမြို့)မွန်ပြည်နယ် ရေးမြို့ ရဲ့ လူစည်ကားရာရေးမြသီတာ (ကမ်းနား) စျေး နဲ့ နေရာတချို့...
10/01/2024

ဒေါနစစ်ကြောင်းရဲ့ဖိတ်ခေါ်သံ

၁၀.၁.၂၀၂၄(ရေးမြို့)
မွန်ပြည်နယ် ရေးမြို့ ရဲ့ လူစည်ကားရာ
ရေးမြသီတာ (ကမ်းနား) စျေး နဲ့ နေရာတချို့မှာ
စာရွက်တချို့ကို စကစအဖွဲ့ လိုက်လံ
သိမ်းဆည်းနေတယ်လို့သိရပါတယ်။
စကစ တွေ အလင်းဝင်ရန် ပြည်သူဘက်တော်သားများနဲ့လက်တွဲပူးပေါင်းရန် လက်နက်နဲ့အတူ
အလင်းဝင်လာသော စကစများကို ဆုကြေးငွေ
ချီးမြှင့်မယ် မွန် မြန်မာ ၂ဘာသာ စာရွက်စာတန်းများကို ရေးမြို့ UG ပြောက်ကျားအဖွဲ့တဖွဲ့က
လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

Moe Nya ✍️✍️✍️

လိုအပ်နေသည့်အချိန်မှာ ကူညီပေးသည့်အတွက် အထူးကျေးဇူးတင်အပ်ပါသည်။
09/01/2024

လိုအပ်နေသည့်အချိန်မှာ ကူညီပေးသည့်အတွက် အထူးကျေးဇူးတင်အပ်ပါသည်။

အလှူရှင်များအား တင်ပြအပ်ပါသည် ။YDF ရဲ့ 12/23 ဝင်ငွေ/ထွက်ငွေ ရှင်းတမ်းပါ။
04/01/2024

အလှူရှင်များအား တင်ပြအပ်ပါသည် ။
YDF ရဲ့ 12/23 ဝင်ငွေ/ထွက်ငွေ ရှင်းတမ်းပါ။

မိမိတို့ဒေါနစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့များက New Year လက်ဆောင်အဖြစ် ခမရ ၅၈၃နှင့်ခမရ ၅၉၁အား  တိုက်ခိုက်ဒီဇင်ဘာလ (၃၁)ရ...
02/01/2024

မိမိတို့ဒေါနစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့များက New Year လက်ဆောင်အဖြစ် ခမရ ၅၈၃နှင့်ခမရ ၅၉၁အား တိုက်ခိုက်

ဒီဇင်ဘာလ (၃၁)ရက်နေ့ ၊ ၂၀၂၃ခုနှစ်တွင်
New Year လက်ဆောင်အဖြစ် ခမရ ၅၈၃နှင့်ခမရ ၅၉၁အား မိမိတို့ဒေါနစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် MSRF၊ ‌ABSDFတပ်ရင်း ၁၊ ဒေါနစစ်ကြောင်း တပ်ခွဲ(၃) YGF၊ ဒေါနစစ်ကြောင်းတပ်ခွဲ(၅)MSRO၊ YDF၊ YAF တပ်များက လက်နက်ကြီး၊ Droneများဖြင့်သွားရောက်တိုက်ခိုက်ခဲ့ပါသည်။

မိမိတို့ဘက်မှ နံနက် ၅နာရီ ၄၅မိနစ်တွင် ခအရ ၅၉၁ နဲ့ ခမရ ၅၈၃ကို တပ်အထဲထိဝင်ရောက်တိုက်ခိုက်ပြီးတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့သည် နံနက် ၆နာရီ ၃၀မိနစ်တွင် ပစ်ခတ်မှုပြီးဆုံးခဲ့ပါသည်။ မိမိတို့ ဘက်မှ ခမရ ၅၈၃နှင့် ခမရ ၅၉၁အား Droneဖြင့်ဗုံးကြဲခြင်း ၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း လက်နက်ငယ်ဖြင့်ပစ်ခတ်မှု့အား ပြုလုပ်စဉ်တွင် ရန်သူဘက်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သည်။

‌တိုက်ခိုက်မှုကြောင့် ရန်သူ ခမရ၅၉၁ မှ ၄ဦးထိခိုက်သေဆုံး
ခဲ့သည်...

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းရွာထဲကနေအိမ်အချို့ လက်နက်ကြီးထိမှန်ခဲ့တဲ့အပြင် ရွာထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ရှိသေးတယ်လို့ ဒေသခံတွေကပြော ပါတယ်။

စကစ ရန်သူဘက်မှ ဒီဇင်ဘာလ (၃၀) ရက် ည ၉:၀၀အချိန်မှစ၍ ရွာထဲ ဘက်သို့ လက်နက်ကြီး အလုံး (၅၀)ကျော် ပစ်ခတ် မှုများရှိခဲ့သည်။

"စစ်တပ်နဲ့နီးတဲ့ ရွာအရှေ့ပိုင်းက ရပ်ကွက်တွေ၊ အရှေ့ကျောင်းကို ရွှေ့ကုန်ကြပြီ။ ရွာထဲမှာ မပေါက်သေးတဲ့ လက်နက်ကြီးတွေလည်းရှိနေတယ် ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ခမရ၅၈၃နှင့် ခမရ ၅၉၁ အားတိုက်ခိုက်မှုအပြီးတွင်ရေး မြို့ အဝင် မှ ကျောင်းရွာ အထိ လမ်းမ ကြီး အပေါ် နယ်မြေ ရှင်းလင်း ရေး ပြုလုပ်ခဲ့သည်။ ရှင်းလင်း ရေး ကြာချိန် ၆ နာရီခန့်ကြာမြှင့်ခဲ့သည်။

မိမိတို့ဘက်မှ Drone(၂)စီး ပျက်စီမှုရှိခဲ့သော်လည်း
မိမိတို့ပူးပေါင်းတပ်ဖွဲ့များက အထိအခိုက်အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။





#‌YAF

တော်လှန်ရေးအသိနဲ့လှူဒါန်းပေးသည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။
28/12/2023

တော်လှန်ရေးအသိနဲ့လှူဒါန်းပေးသည့်အတွက်
အထူးပင်ကျေးဇူးတင်ရှိပါသည်။

ရှိတဲ့ ငွေအားလေးနဲ့ ရသလောက်လေး ဝယ်စု...
23/12/2023

ရှိတဲ့ ငွေအားလေးနဲ့ ရသလောက်လေး ဝယ်စု...

အထူးပင်ကျေးဇူးတင်ရှိပါသည်။
21/12/2023

အထူးပင်ကျေးဇူးတင်ရှိပါသည်။

လိုအပ်နေတဲ့အချိန် လှူဒါန်းပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်...
20/12/2023

လိုအပ်နေတဲ့အချိန် လှူဒါန်းပေးတဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်...

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန - ဒုဝန်ကြီး နိုင်ကောင်းရွက် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ မဟာမိတ်တေ...
13/12/2023

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန
- ဒုဝန်ကြီး နိုင်ကောင်းရွက် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ မဟာမိတ်တော်လှန်ရေးအင်အားစု
တပ်ဖွဲ့ရှိရဲဘော်များနှင့်တွေ့ဆုံ.....

ဒီဇင်ဘာ ၁၃. ၂၀၂၃

ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ တော်လှန်ရေးရဲဘော်များနှင့်တွေ့ဆုံကာ ၃နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရသည့်....

ရဲဘော်များ၏ စိတ်ဓါတ်ခွန်အားတက်ကြွစေရန်လည်း အားပေးစကားပြောကြားခဲ့သည်...

ကာကွယ်ရေးဝန်ကြီးဌာန - ဒုဝန်ကြီး နိုင်ကောင်းရွက်နှင့် တွေ့ဆုံပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် - MSRF၊
ဒေါနစစ်ကြောင်း ၊ ABSDF တပ်ရင်း - ၁ ၊ ရေးပြောက်ကျားတပ် - YGF ၊ Ye Defence Force -
YDF ၊ Mon State Revolutions Organization - MSRO ၊ Ye Air Force - YAF စသည့်
မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ပြီးရဲဘော်များ၏ လိုအပ်ချက်များကိုလည်း အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြသည်။

စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှအမြစ်ပြတ်ရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်သွားကြမည်ဟု တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သစ္စာရေသောက် ကတိသစ္စာပြုထားခဲ့ကြသည်....

ကျေးဇူးပါ သူငယ်ချင်း...
12/12/2023

ကျေးဇူးပါ သူငယ်ချင်း...

06/12/2023
အလှူရှင်းများအားအသိပေးအပ်ပါသည်။YDF ရဲ့ 11/23 ဝင်ငွေ/ထွက်ငွေ ရှင်းတမ်းပါ။
05/12/2023

အလှူရှင်းများအားအသိပေးအပ်ပါသည်။
YDF ရဲ့ 11/23 ဝင်ငွေ/ထွက်ငွေ ရှင်းတမ်းပါ။

အထူးပင် ကျေးဇူးတင်ရှိပါသည်။
04/12/2023

အထူးပင် ကျေးဇူးတင်ရှိပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Ye Defence Force - YDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share