Neminn New York - နေမင်းနယူးယောက်

  • Home
  • Neminn New York - နေမင်းနယူးယောက်

Neminn New York - နေမင်းနယူးယောက် A Burmese-New Yorker, living in NYC for 21 years. Sharing everything I know about New York City and United States.

Follow me for inspiration on career, education, lifestyle, and travel videos.

20/02/2024

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နယူးယောက်စီတီးမှာ မကျချင်ကျချင်နဲ့ ကျသွားတဲ့နှင်းတွေရှိတာကြောင့် မြို့ထဲသွားပြီး Central Park မှာ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ထားတဲ့ video ပါ။ သွားရင်းလာရင်းနဲ့လဲ လမ်းမှာမချိန်းထားပဲ သွားတွေ့တဲ့ ကျနော့် သူငယ်ချင်း ဆယ်လီ ဓာတ်ပုံဆရာကြီးတစ်ယောက်။ သူ့ page ကတော့ New York City Kopp ပါ။

New York City မှာ နှင်းသေချာမကျဘဲနဲ့ နှင်း ပြတ်လပ်‌နေတာ တာ ဆောင်းတွင်း ၂ ခုရှိနေပါပြီ။ အရင်တုန်းကလို အရမ်းလဲ သိပ်မအေးပါဘ...
07/01/2024

New York City မှာ နှင်းသေချာမကျဘဲနဲ့ နှင်း ပြတ်လပ်‌နေတာ တာ ဆောင်းတွင်း ၂ ခုရှိနေပါပြီ။ အရင်တုန်းကလို အရမ်းလဲ သိပ်မအေးပါဘူး။ မနေ့ကတော့ nyc မှာတော့ snow နဲနဲလေးကျသွားပါတယ်။ ဒါပေမယ့် ၁ လက်မတောင်အဖတ်မတင်သွားပါဘူး။

နယူးယောက်ရဲ့ Central Park ထဲမှာ နှင်းကို တရားဝင် တိုင်းပါတယ်။ ၁ လက်မ မှ အဖတ်တင်မကျန်ဘူးဆိုရင် နှင်းကျတယ်လို့မသတ်မှတ်ပါဘူး။ အဲဒါကြောင့် nyc မှာ snowless record ဟာဆိုလို့ရှိရင် ၆၉၄ ရက်ရှိပါပြီ။

ကျွန်တော်ကိုယ်တိုင်လဲ nyc မှာ အရင့် အရင်နှစ်တွေကလို နှင်းတွေ ၈ လက်မ လောက်ကနေ ၂၄ လက်မလောက်ကျတာမျိုးကိုစောင့်နေတာ တော်တော်ကြာနေပါပြီ။ ကျွန်တော်က ဆောင်းတွင်း ကို နွေရာသီထက် ပိုကြိုက်တဲ့ လူပါ။

https://youtu.be/Z8HES1D5iNU?si=Wxkrgv7-leiGJmbf

အခု ဒီ YouTube video ဟာဆိုရင် ၂၀၂၂ အစောပိုင်း က nyc မှာကျခဲ့တဲ့ snow storm nor' easter ကိုရိုက်ထားတဲ့ video အဟောင်းပါ။ အခု တစ်ခါပြန်ရှယ်ပေးတာပါ။

မကြည့်ရသေးရင် ကြည့်ရအောင်ရယ်။ ကျွန်တော် YouTube channel ကိုလဲ follow လုပ်စေချင်တာလဲ ပါတာပေါ့။ follow မလုပ်ရသေးရင် လုပ်ပေးသွားပါဦးလို့။

Enjoy the video.

Walk around during NYC winter snow blizzard Nor'Easter in Brooklyn, New York (January 2022). Don't forget to 'Like' this video and 'Subscribe' to this chann...

06/01/2024
02/01/2024

Happy New Year 🎊🎊🎊🎊 everyone!

ကျန်းမာပျော်ရွှင်သောနှစ်ဖြစ်ပါစေ။
ဒီကနေ့ LiVE မှာတော့ New York City က Times Square နဲ့ Rockefeller Center တို့ကိုလိုက်ပြပေးပါမယ်။

28/12/2023

Rockefeller Center, NYC

24/12/2023

Dyker Heights part 2

24/12/2023

Christmas Lighting house in my neighborhood.
ရပ်ကွပ်ထဲက ခရစ်စမတ် မီးကိုအကြီးအကျယ်ထွန်းထားတဲ့အိမ်။

10/08/2023

၂၀၀၈ ခုနှစ်ကစပြီး နှစ်တိုင်း နွေရာသီရောက်ပြီဆို ဩဂုတ်လမှာ စနေနေ့တွေကို မန်ဟတ်တန် မြို့ထဲမှာရှိတဲ့ Park Avenue ဆိုတဲ့နာမည်ကြီးလမ်းမကြီးကို လုံးဝပိတ်ချလိုက်ပြီး အများပြည်သူ လမ်းလျှောက်လို့ရအောင်၊ စက်ဘီးစီးလို့ရအောင်၊ ပြေးလို့ရအောင်၊ စကိတ်စီးလို့ရအောင်၊ မိသားစုလိုက်ပျော်ပါးလို့ရအောင် ဆိုပြီးတော့ လမ်းရှင်းပေးထားတဲ့ အစီအစဉ်တစ်ခုရှိတယ်။ အဲဒါကိုတော့ Summer Streets Program လို့ခေါ်တယ်။ ဒီနှစ်မှာတော့ ဩဂုတ်လ ၅ ရက်နေ့၊ ၁၂ ရက်နေ့ နဲ့ ၁၉ ရက်နေ့တွေမှာ Manhattan ထဲက Park Avenue လမ်းမကြီးကို မနက် ၇ နာရီကနေ နေ့လည် ၁ နာရီအထိပိတ်ပေးထားလိမ့်မယ်။ အများသူငါတွေလိုပဲ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ စိတ်ပြေလက်ပျောက် ပါဝင်ဆင်နွှဲချင်တယ်ဆိုရင်တော့ ခုလာမယ့် စနေနေ့ကို မရောက်ရောက်အောင်သွားကြည့်လိုက်။ စက်ဘီးမရှိရင်လဲသူတို့ အလကားငှားပေးတယ်။ စိတ်ပူစရာမလိုဘူး။
ကျွန်တော်ကတော့နှစ်စဉ်စီးနေကျ။ ဒီနှစ်တော့ ပထမဦးဆုံး စနေနေ့ကသွားစီးပြီး ဒီ vlog လေးကို အချိန်မှီတင်ပေးလိုက်တယ်။ လူကိုယ်တိုင်မသွားဖြစ်ရင်တော့ ဒီ vlog ကိုကြည့်ပြီးအားပေးလဲ့ပါဦး။ စိတ်ပြောင်းချင်လဲပြေင်းသွားမှာပေါ့။ သွားဖြစ်တယ်ဆို အောက်မှာ မန့်ပေးခဲ့ဦး။ မြန်မာပြည်ကဆိုရင်လဲ အပျော်သဘော ဗဟုသုတရတာပေါ့။ Like လုပ်ပြီး Share ပေးခြင်းဖြင့်လဲကူညီပါဦး။ အားလုံးကိုကျေးဇူးတင်ပါတယ်။

28/07/2023

မန်ယူပွဲကို ကွင်းမှာသွားကြည့်ချင်တယ်ဆိုတာငယ်ငယ်လေးတည်းကအိမ်မက်တခု။ ကြည့်ချင်တာမှ Old Trafford ကွင်းကြီးထဲမှာ။ အဂ်လန်ထိသွားကြည့်ရမှာဆိုတော့လဲအိမ်မက်ကသိပ်မနီးစပ်သေးဘူး။ အခု‌ မန်ချက်စတာ ကကိုယ်နေတဲ့ နယူးယောက်မှာပြိုင်ဘက်ဟောင်း အာကြီးနဲ့ လာကစားမယ်ဆိုတော့ လက်မှတ်တွေကဈေးကြီးတာကတကြောင်း၊အမြန်ကုန်သွားတာကတကြောင်းနဲ့ လက်မှတ်မရလိုက်ဘူး။ ဒါပေမယ့် အဲဒီနေ့က ကံတရားက ကိုယ့်ကိုမျက်နှာသာပေးတာတစ်ခေါက်တည်းမဟုတ်ဘူး နှစ်ခေါက်တောင်။ အိမ်မက်တခုမထင်မှတ်ပဲပြည့်ဝသွားတယ်။အပျော်ရွှင်ဆုံးနေ့တစ်နေ့ပေါ့။ vlog ကိုသာအဆုံးထိကြည့်လိုက်ပါတော့ဗျာ။ ကျွန်တော်ရဲ့ပျော်ရွှင်မှုတွေကူးဆက်နိူင်ပါစေ။ ကျွန်တော့ vlog တွေကိုအမြဲကြည့်ရှုအားပေးနေသူအားလုံးကို ကျွန်တော်ကအရမ်းကျေးဇူးတင်ပါတယ်။

Music: Epidemic Sound
Sound Tracks: Rain Checking - OTE
Let the Good Time Roll - Mary Riddle
Rompelo - Azucares

**All the soundtracks are royalty free music from epidemicsound.com

အမှတ်တရ တစ်ခုပေါ့။ဘဝမှာ ပထမဦးဆုံးတွေဆိုတာ အမြဲရှိနေတတ်ပါတယ်။ ကျွန်တော်တသက်လုံးစောင့်စားခဲ့ရပြီးလုပ်ချင်နေခဲ့တဲ့ Bucket L...
23/07/2023

အမှတ်တရ တစ်ခုပေါ့။

ဘဝမှာ ပထမဦးဆုံးတွေဆိုတာ အမြဲရှိနေတတ်ပါတယ်။ ကျွန်တော်တသက်လုံးစောင့်စားခဲ့ရပြီးလုပ်ချင်နေခဲ့တဲ့ Bucket List ထဲက Manchester United ကို ကွင်းထဲထိ ကိုယ်တိုင်ကိုယ်ကျသွားကြည့်မယ်ဆိုတာ ဒီကနေ့တော့ပြည့်ဝသွားပါပြီ။ မန်ယူရဲ့ပရိတ်သတ်တစ်ယောက်စဖြစ်ခါစ ဆယ်ကျော်သက်ရွယ်ကလေးငယ်တယောက်အဖြစ်နဲ့ ရန်ကုန်မှာရှိခဲ့စဉ်ကာလက မန်ယူရဲ့ နံပါတ် ၇ က 'The King' ခေါ် Eric Cantona အဲရစ်ကန်တိုနာ၊ နောက်ကျတော့ ဒေးဗစ်ဘက်ခန်း၊ ရိုင်ယန်ဂစ်၊ ဆာအဲလက်စ်ဖာဂူဆန်၊ ရူနီ၊ ရော်နယ်ဒို စသဖြင့် 'Class of 92'၊ ကျန်တာတွေကတော့သမိုင်းပေါ့ဗျာ။ အားလုံးသိပြီးသားပါ။ ကျွန်တော်ကျောင်းအသင်း ကျောင်းပွဲတွေမှာ ကစားခဲ့တုန်းက နံပါတ် ၁၁ ကိုပဲ အမြဲဝတ်ခဲ့တယ်။ နောက်အမေရိကားရောက်လာပြီးတော့ ဘောလုံးပွဲတွေနဲ့ အဆက်ပြတ်သွားသေးတယ်။ ဒီနေ့တော့ နှစ် ၃၀ လောက်ဖြစ်ချင်နေခဲ့တဲ့အိမ်မက်တစ်ခုဖြစ်မြောက်သွားပြီ။ ကိုနေတဲ့မြို့မှာလာကန်သွားတော့ အခွင်းအရေးတစ်ခု မရစဖူးအရထူးသွားတယ်။ နောက်တစ်ခါမန်ယူပွဲကိုကြည့်မယ်ဆိုရင်တော့ Old Trafford ပဲဖြစ်တော့မယ်။ Old Trafford ရေ အိမ်ကွင်းကြီးကိုလာလည်ပါဦးမယ်။

22/07/2023

ဒီကနေ့ video ကတော့ နယူးယောက် စာကြည့်တိုက်ကြီးရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒီ NYPL ခေါ် New York Public Library ကဆို နယူးယောက်မှာရှိတဲ့ စာကြည့်တိုက်များထဲမှာ အကောင်းဆုံးနေရာတခုဖြစ်တယ်။ စာကြည့်တိုက်ဆိုတာ စာအုပ်ငှားရုံသက်သက်မဟုတ်ပဲ တခြားဗဟုသုတမြောက်များစွာရှာဖွေနိူင်သောနေရာ၊ အခြေခံအတတ်ပညာများကိုလဲ ငွေးကြေးကုန်ကျခြင်းမရှိပဲ စည်းပူးသင်ယူနိူင်သောနေရာ၊ နိူင်ငံတကာမှာအခြေချလာရောက်နေထိုင်ကြတဲ့ လူမျိုးစုံတွေ့နိူင်ဆုံနိူင်လေ့လာနိူင်သောနေရာဖြစ်ပါတယ်။ NYPL ကို membership ဝင်ချင်းအားဖြစ် ကိုယ်အတွက်ဘယ်လိုအကျိုးရှိနိူင်မယ်ဆိုတာကို ဒီ video ထဲမှာအကျယ်တဝင့်ရှင်းပြထားပါတယ်။ အခွင့်အရေးက ကိုယ့်ရဲ့လက်တကမ်းမှာပဲရှိတာမို့ အကျိုးရှိအောင်ဒီ video ကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်။ သွားဖြစ်တယ် member ဝင်ဖြစ်တယ်ဆိုလဲ အောက်မှာ မန့်ပေးခဲ့ပါ။ လုပ်ရကြိုးနပ်တာပေါ့။ Thanks for watching.

NYC နဲ့မလှမ်းမကန်း ၁ နာကျော်ကျော်လောက်ကားမောင်းသွားရင် ဒီလိုတောတောင်ရေမြေသဘာဝနဲ့ထိတွေ့ခံစားလို့ရပါတယ်။ နယူးယောက်စီးတီးလိ...
11/06/2023

NYC နဲ့မလှမ်းမကန်း ၁ နာကျော်ကျော်လောက်ကားမောင်းသွားရင် ဒီလိုတောတောင်ရေမြေသဘာဝနဲ့ထိတွေ့ခံစားလို့ရပါတယ်။ နယူးယောက်စီးတီးလို တိုက်တာအဆောက်အဦးတွေ၊ မွန်းကျပ်နေတဲ့ကားလမ်းတွေနဲ့ဝေးပြီး သန့်ရှင်းလတ်ဆပ်တဲ့သဘာဝရှုခင်းတွေကိုကြည့်ရှုခံစားလို့ရသလို လေကောင်းလေသန့်လဲရပါတယ်။ ဒီနေရာ‌ကတော့ နယူးစီးတီးရဲ့မြောက်ဘက်ရှိ Harriman State Park လို့ခေါ်ပါတယ်။ Hiking Trail အများအပြားရှိပြီး သဘာဝ Lakes ကန်တွေအများကြီးရှိတယ်။

မီးခိုးတွေဖုံးနေတဲ့ New York Cityအခုလက်ရှိ ဂျွန်လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်ပတ်ဝန်းကျင် နယူးယောက်မြို့မှာမီးခိုးတွေဖု...
07/06/2023

မီးခိုးတွေဖုံးနေတဲ့ New York City

အခုလက်ရှိ ဂျွန်လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်ပတ်ဝန်းကျင် နယူးယောက်မြို့မှာမီးခိုးတွေဖုံးနေတဲ့အနေအထားဖြစ်ပါတယ်။ ပုံတွေကတော့ EarthCam.com ကနေ screenshot ဖမ်းပြီးရိုက်ထားတာပါ။ အခုလက်ရှိအနေ‌အထားအရ နယူးယောက်ရဲ့ air quality ဟာဆို 161 ရှိနေပါတယ်။ air quality နုန်းထားအရ 50 ကျော်ရင်လေထုညစ်ညန်းတယ်လို့သတ်မှတ်ပါတယ်။ ခုစာရေးနေတဲ့အချိန် New York ပြည်နယ်မြောက်ပိုင်းရှိ Syracuse မြို့မှာဆို 360 ထိရောက်နေပြီးမြို့ကိုပါ Lockdown လုပ်ထားတယ်လို့သိရပါတယ်။

မီးခိုးတွေဖုံးရတဲ့အကြောင်းကတော့ ကနေဒါနိူင်ငံမှာလောင်နေတဲ့တောမီးကြောင့် အမေရိကန်နိူင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တော်တော်များများ မီးခိုးဖုံးလွမ်းနေပါတယ်။

Update: ညနေ ၄ နာရီ ၁၅ မှာ air quality ဟာ 327 ထိရှိလာပြီ။

01/06/2023

ကျွန်တော် ဘယ်ပျောက်နေတာလဲဆိုလို့။
ကျွန်တော်ချစ်တဲ့ နွေဦးရာသီနဲ့ ကျွန်တော့်ရန်သူ ဝတ်မှုန် Allergies

တစ်နှစ်မှာ ၂ လလောက် ဝတ်မှုံ Allergies ကြောင့်အလူးအလဲခံရပါတယ်။မျက်လုံးတွေယားပြီးနီရဲတောက်၊နှာတွေချေပြီးနှာစေး၊နှာခေါင်းပိတ်အသက်ရှုကျပ်၊မျက်ရည်ကျ၊မျက်နှာတွေယား၊တစ်ခါတစ်လေဆိုနှာခေါင်းကသွေးပါယိုသေး၊ညသန်းခေါင်ကြီးနှာတွေထချေ၊ချောင်းဆိုး၊မနက်ဆိုအိပ်ရာမထနိူင်၊နှုံးပြီးခေါင်းတွေကိုက်၊ ဒါတွေအကုန်လုံးက ကျွန်တော်ရဲ့ဝတ်မှုန် allergies ရဲ့ reactions တွေပါ။ အားလုံးတော့တစ်ပြိုင်နက်ထဲဖြစ်တာမဟုတ်ပေမယ့် အခြေအနေပေါ်မှုတည်ပြီး နှစ်မျိုးလောက်တော့နေ့တိုင်း အချိန်တိုင်းလိုခံစားရတတ်ပါတယ်။

ဆောင်းရာသီကုန်လို့ Spring ရာသီရောက်ပြီဆိုတာနဲ့ ဧပြီလလယ်ကနေဂျွန်လလယ်ထိတစ်နှစ်ကိုနှစ်လခံစားရပါတယ်။ အချိန်ကလဲမှန်သလားမမေးနဲ့။ဧပြီလဒုတိယအပတ်ဆိုတာနဲ့သိသိသာသာမျက်လုံးတွေစယားလာတော့တာပဲ။သိလိုက်ပြီအဲမှာစပါပြီ။ကျွန်တော်ရဲ့ Allergies ရာသီ။ မေလကုန်ပြီးဂျွန်လရဲ့အစနှစ်ပတ်ဆိုအရှိန်ကပြန်ကျလာပြီးသက်သာခါစပြုလာပါတယ်။နောက်ဆုံးနှစ်ပတ်ဖြစ်တဲ့ဒီနှစ်ပတ်ကတော့တဖြေးဖြေးနဲ့တနေ့ထက်တနေ့ပြန်သက်လာပြီးတော့ ဂျွန်လတတိယအပတ်လောက်ရောက်ရင်တော့သူမဟုတ်တဲ့အတိုင်းပဲအကောင်းပကတိပြန်ဖြစ်သွားပါတယ်။ဒီလိုနဲ့ပဲ အမေရိကန်နိူင်ငံမှာနေတဲ့ကျွန်တော်တစ်နှစ်ကိုနှစ်လသဘာဝကကောင်းကောင်းကြီးနှိပ်စက်တာခုဆို ၁၃ နှစ်မြောက်ရှိပါပြီ။

Allergies ကလူတိုင်းမဖြစ်ပါဘူး။ ဖြစ်ချင်ရင်လဲဖြစ်ချိန်ချင်းမတူပါဘူး။ ကျွန်တော် Allergies စဖြစ်တာ အမေရိကားကိုရောက်ပြီး ၈ နှစ်ကြာမှစဖြစ်တာပါ။လူတိုင်းလဲမဖြစ်ပါဘူး။အမေရိကားကိုအတူလာတာမိသားစု ၅ ယောက်ပါ။ အဖေရယ်အမေရယ်ညီကိုမောင်နှမ ၃ယောက်။ ဒီလိုတူတူလာ၊တူတူရောက်၊တူတူနေတာချင်းအတူတူ အိမ်မှာ ‌အဖေနဲ့ကျွန်တော်နှစ်ယောက်ပဲ Allergies ဖြစ်ပါတယ်။ အမေနဲ့ကျန်နှစ်ယောက်ကတော့ခုဆို ၂၁ နှစ်ရှိပြီ ဘာမှမဖြစ်ပါဘူး။

မထမ ၈ နှစ်အတွင်းမှာ Spring နွေဦးရာသီရဲ့အရာသာကိုကောင်းကောင်းကြီးခံစားခဲ့ရပါတယ်။ Spring ရာသီကိုလဲတကယ်ကြိုက်ပါတယ်။မပူမအေး၊သစ်ရွက်တွေပြန်ဝေဆာလာပြီး ပန်းပွင့်တွေပြန်ပွင့်တဲ့ရက်တွေ နွေးနွေးလေးရှိတဲ့နေပူရှိန်တွေကိုတစ်ကယ်ကြိုက်ပါတယ်။ဒါပေမယ့်ခုတော့အပြင်မှာကြာကြာနေမိရင်တောင် အသက်မရှိတဲ့ဒီသစ်ပင်တွေကကိုယ့်ကိုလုပ်ကြံနေချင်တယ်၊ မမြင်ရပဲလေထဲလွင့်နေတဲ့ဝတ်မှုန်တွေက N95 mask လဲမကယ်နိူင်ဘူး၊ Covid ထက်တောင်ဆိုးသေးတယ်။ဆရာဝန်ပေးတဲ့ဆေး၊ over the counter ဆေးတွေလဲနှစ်တိုင်းသောက်နေလို့မတိုးတော့ဘူး။ဝတ်မှုန်ပြန့်ပွားနှုန်းမြင့်မားတဲ့မေလဆိုရင်အကောင်းဆုံးကအိမ်ထဲကအိမ်ပြင်မထွက်ရင်အကောင်းဆုံးပဲ။အဲဒါအထိရောက်ဆုံးနည်းပဲ၊ မတတ်သာလို့ထွက်ရမယ်ဆိုလဲ မျက်မှန်တွေရော၊ မျက်နှာဖုံးတွေရော၊ တကိုယ်လုံးမှာရှိသမျှအပေါက်တွေအကုန်လုံနေအောင်အုပ်ပြီးတော့မှအပြင်ထွက်ရတယ်။ ပြန်လာတာနဲ့အဝတ်အစားတွေအကုန်ချွတ်၊လျှော်တဲ့ထဲထည့်၊ရေချိုး ဝတ်မှုန်တွေစင်သွားအောင်လို့၊ အဲသလိုလုပ်ရတယ်။

ဒီလိုနဲ့ပဲနေ့စဉ်ရက်စက်တစ်နှစ်ကို ၈ ပတ်ခန့် တစ်ရက်ပြီးတစ်ရက် Spring ရာသီကုန်ပြီး Summer မြန်မြန်ရောက်အောင်ပဲသတိထားပြီးနေရတယ်။အပြင်ထွက်တာကြိုက်တတ်တဲ့ကျွန်တော်၊ တောတောင်ရေမြေသဘာဝကိုချစ်တတ်တဲ့ကျွန်တော်၊ hiking တို့ climbing တို့ကိုဝါသနာပါတဲ့ကျွန်တော်၊ အင်မတန်သာယာလှပတဲ့နွေဦးရာသီ Spring ရာသီရဲ့အလှအပကိုမခံစားနိူင်တာတော်တော်ကြာခဲ့ပါပြီ။ ခုမကြာခင် Spring ကုန်လို့ နွေရာသီရောက်ပါတော့မယ်။ အပြင်ထွက်ဖို့တာစူနေပြီး ဒီနှစ်နွေရာသီအတွက်သွားမယ့် လည်မယ့်နေရာတွေ အစီအစဉ်တွေဆွဲထားပါတယ်။ အိမ်ထဲရှောင်ပုန်းနေရတဲ့အချိန်တွေကိုအတိုးချပြီး ‌Summer ကိုတော့ဝှေ့ပါမယ်။ ကျွန်တော့်ကိုသတိတရနဲ့မေးကြ၊ ဆုတောင်းပေးကြတဲ့ သူအားလုံးကို တကယ်ကိုကျေးဇူးတင်ပါတယ်။ ခုလိုကျွန်တော်ပျောက်နေတာကိုသတိတရနဲ့မေးတဲ့အတွက်လဲကျွန်တော်ဝမ်းသာမိပါတယ်။ ခဏတာရပ်ထားတဲ့ ကျွန်တော်ရဲ့ Channel လေး တဖန်ပြန်လည်ပြီး အားသစ်ခွန်သစ်နဲ့ပြန်လာပါတော့မယ်။ ဆက်လက်ပြီးတော့အားပေးကြပါဦး။ Happy Summer Days are coming!

Neminn New York - နေမင်းနယူးယောက်
June 01, 2023

31/05/2023

ပြီးခဲ့တဲ့ weekend မှာ Samsung Galaxy Watch ကအလုပ်မလုပ်တော့လို့ Samsung Care Center ကိုသွားပြီးနာရီသွားပြဖြစ်တယ်။ ဆိုင်ထဲကိုလဲသေချာရိုက်ပြထားတယ်။ ပြီးတော့အနားမှာရှိတဲ့ New York City ရဲ့အသစ်ဖွင့်ထားတဲ့ Food Court Pier 57 ကိုသွားကြည့်ရင်းအထဲမှာ နာမည်ကြီး YouTuber Casey Neistat နဲ့မထင်မှတ်ပဲတည့်တည့်သွားတိုးတယ်။ ကလေးတစ်ဖက်နဲ့အလုပ်ရှုပ်နေတာမြင်တော့လှမ်းနုတ်ဆက်ရုံလောက်နဲ့ပဲကျေနပ်ခဲ့တယ်။ Pier 57 ရဲ့အပေါ်မှာလဲ Rooftop Garden ဆိုပြီးနားနေအပန်းဖြေလို့ရတဲ့နေရာရှိတယ်။ အဲဒီ Rooftop ပေါ်ကနေကြည့်ရင် Little Island နဲ့ Downtown Manhattan ကိုလှလှပပမြင်ရတယ်။ နောက်ပြီးတော့ West Side Highway တောက်လျှောက်စက်ဘီးလမ်းကနေစီးလာပြီးတော့ စက်ဘီးပြင်ဖို့ REI Store ကိုသွားခဲ့တယ်။ အဆုံးထိကြည့်ကြည့်လိုက်ပါဦး။ ရှုခင်းတွေအရမ်းလှတယ်။ ကျေးဇူးတင်ပါတယ်။

ဒီနေ့ကတော့ဒုတိယနေ့နဲ့နောက်ဆုံးနေ့ဖြစ်ပါတယ်။ တစ်နေကုန်အလုပ်ကိုတောက်ရှောက်လုပ်နေရတော့ ကိုယ့် video ရိုက်ဖို့တောင်အချိန်မရလ...
29/04/2023

ဒီနေ့ကတော့ဒုတိယနေ့နဲ့နောက်ဆုံးနေ့ဖြစ်ပါတယ်။ တစ်နေကုန်အလုပ်ကိုတောက်ရှောက်လုပ်နေရတော့ ကိုယ့် video ရိုက်ဖို့တောင်အချိန်မရလိုက်ဘူး။ ခြေထောက်တွေလဲညောင်းနေပြီ။ဒါပေမယ့်လုပ်ရတာတန်ပါတယ်။ ကိုယ်အရမ်းတွေ့ချင်တဲ့ Inspiration motivator ဖြစ်တဲ့ Gary V နဲ့တွေ့ခဲ့တယ်၊ 2021 Miss Universe, India အလှမယ် Harnazz Sandhu နဲ့မထင်မှတ်ပဲဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်၊ Tom Cruis ရဲ့ အရင်အမျိုးသမီး Katie Holmes လဲတွေ့လိုက်တယ်၊ မနေ့ကတွေ့လိုက်တဲ့ Sabrina Elba ကိုအနီးကပ်ထပ်တွေ့တယ်၊ Jordan Fisher ဆိုတဲ့မင်းသားငယ်တစ်ယောက်လဲပါတယ်။သိပ်တော့မသိ။ အဆိုတော် John Legend ကလဲစင်ပေါ်မှာ Tamron Hall ဆိုတဲ့ TV Host နဲ့ဆွေးနွေး၊ ကျန်တာကတော့အလုပ်ပင်ပန်းနေတဲ့စင်ပေါ်ကကျွန်တော့ပုံပါ။ ဒီ‌နေ့ပွဲကတော့အဆုံးသတ်သွားပါပြီ။ Weekend မှာနားလိုက်ပါဦးမယ်။ အတွေ့အကြုံလေးတွေ‌ပြောပြတာပါ။တစ်နှစ်မှာ ၂ ခါလောက်တော့ဒါမျိုးကြုံတတ်ပါတယ်။ ခုတော့ကို video edit ပဲလုပ်တော့မယ်။

ခုတလော Live မလွင့်ဖြစ်တာ က allergy ဖြစ်နေလို့ပါ။ vlog မတင်ဖြစ်တာကလဲ အလုပ်ထဲမှာ အရမ်းအလုပ်များနေတဲ့အချိန်လဲ ဖြစ်နေလို့ပါ။...
28/04/2023

ခုတလော Live မလွင့်ဖြစ်တာ က allergy ဖြစ်နေလို့ပါ။ vlog မတင်ဖြစ်တာကလဲ အလုပ်ထဲမှာ အရမ်းအလုပ်များနေတဲ့အချိန်လဲ ဖြစ်နေလို့ပါ။ ဒီကနေ့တော့ ရှားရှားပါးပါး ကနေဒါနိူင်ငံသား ထိုင်ဝမ်လူမျိုး Film Director လဲတစ်ယောက်ဖြစ်၊ Award Winning ဓာတ်ပုံဆရာတစ်ယေက်လဲဖြစ်တဲ့ Justin Wu နဲ့အလုပ်တစ်ခုအတူတွဲလုပ်ဖြစ်ပါတယ်။‌ ဒီပွဲအကြာင်းကိုတော့ vlog လုပ်ပြီးတော့တင်ပေးပါမယ်။ ပြီးတော့ရုပ်ရှင်မင်းသားကြီး Wolverine ဇာတ်ကောင် Hugh Jackman ကိုလဲတွေ့လိုက်တယ်။ ဘယ်ဘက်အစွန်ဆုံးက မုတ်ဆတ်မွှေးဖြူဖြူနဲ့တစ်ယောက်၊ သူ့ရဲ့ဘေးက blouse လိမ်မော်ရောင်နဲ့က European Union (EU) ရဲ့ဥက္ကဌ Ursula von der Leyen၊ အလယ်ကတစ်ယောက်က Global Citizen တည်ထောင်သူ Hugh Evens၊ သူဘေးကမျိုးသမီးက English ရုပ်ရှင်မင်းသားကြီး Edris Elba ရဲ့အမျိုးသမီး Sabrina Elba၊ ညာဘက်အစွန်ဆုံးကပန်းရောင်နဲ့တစ်ယောက်ကတော့ CBS News Channel က TV announcers, Gayle King တို့ဖြစ်ကြပါတယ်။ တစ်ခါတစ်လေအလုပ်ထဲမှာ ဒီလိုနာမည်ကြီးတွေတွေ့ရတတ်ပါတယ်။

19/04/2023

Times Square, New York LIVE

Midtown Manhattan ရှိတချို့တိုက်တာအဆောက်အဦးတွေနဲ့ဟိုတယ်များ။ ကျွန်တော်ကလမ်းသွားနေရင်းအပေါ်ကိုမော့ကြည့်ရတာဝါသနာတခု။ အပေါ်...
14/04/2023

Midtown Manhattan ရှိတချို့တိုက်တာအဆောက်အဦးတွေနဲ့ဟိုတယ်များ။ ကျွန်တော်ကလမ်းသွားနေရင်းအပေါ်ကိုမော့ကြည့်ရတာဝါသနာတခု။ အပေါ်မော့ကြည့်လိုက်တိုင်းလဲစိတ်ဝင်စားစရာအမြဲတွေ့တယ်။ မန်ဟက်တန်ရဲ့မြို့ပြအဆောက်အဦးကြီးတွေဟာဆိုတချို့နေရာတွေမှာအံ့မခန်းကြီးကျယ်ပြီး၊ တချို့တိုက်တွေဟာဆိုကိုလိုနီခေတ်ကလက်ယာမြောက်လွန်းလှတဲ့ဒီဇိုင်းတွေနဲ့ inspired ဖြစ်စေပါတယ်။ ဓာတ်ပုံမရိုက်ဖြစ်တာကြာပြီးဆိုပေမယ့် mobile photography အဖြစ်နဲ့တော့ လှတာလေးတွေတွေ့တိုင်းဖုန်းထုတ်ပြီးရိုက်ဖြစ်ပါတယ်။

13/04/2023

New York City, Brooklyn Bridge

08/04/2023

2023 New York International Auto Show LIVE

၂၀၂၃ နယူးယောက်စီတီး နိူင်ငံတကာ ကားပြပွဲ LIVE စပါပြီး။

Special LIVE အစီအစဉ် ဖြစ်ပါတယ်။ ကဲ Let's go!

Undergrad တက်ခဲ့စဉ် ၂၀၀၇ ခုနှစ်လောက်တုန်းက ကိုယ်တက်ခဲ့တဲ့ college မှာ Major က Design and Communication, minor က Photogra...
07/04/2023

Undergrad တက်ခဲ့စဉ် ၂၀၀၇ ခုနှစ်လောက်တုန်းက ကိုယ်တက်ခဲ့တဲ့ college မှာ Major က Design and Communication, minor က Photography. Dark room အမှောင်ခန်း ထဲမှာ chemical အရည်တွေပေါင်းစပ်ပြီး film ဆေး ဓာတ်ပုံထုပ်စတာတွေကို လေ့လာသင်ခဲ့ဘူးပေမယ့် ခုတော့မမှတ်မိတော့ဘူး။ Digital photography ကိုအဲအချိန်တည်းက အတော်အသားကျနေပြီးပြီ။ ၂၀၁၆ နောက်ပိုင်းမှာ ဓာတ်ပုံရိုက်ကျဲလာခဲ့ပြီး video ပိုင်းဘက်ကို ယိမ်းလာခဲ့တယ်။ ခု video တွေလုပ်ရင်းနဲ့ အကွက်ကောင်းကောင်းလေးတွေမြင်ရင် ပြန်ရိုက်ဖြစ်လာတယ်။ ဒါဟိုတနေ့မြို့ထဲရောက်တုန်း New York City, Midtown က‌နေရာတချို့။ လက်ရည်ပြန်သွေးတဲ့သဘောပါ။

ဒါနဲ့ကျွန်တော့ Instagram user name က leavenopixelbehind လို့ရိုက်ပြီးရှာလို့ရတယ်။ မတင်ဖြစ်တာတော့ကြာပြီ။ အရင်ပုံတွေတော့ပြန်ကြည့်လို့ရတယ်။ နောက်ကြိုးစားပြီးပြန်တင်မယ်လေ။

အိမ်နားပတ်ဝန်းကျင်ကအပင်တွေပြန်ရှင်သန်လာပြီ။ Spring Season ကိုပြန်ရောက်လာပြီဆိုတော့ ရပ်ကွက်ထဲကအပင်တွေ အပွင့်တွေပြန်ထွက်လာ...
06/04/2023

အိမ်နားပတ်ဝန်းကျင်ကအပင်တွေပြန်ရှင်သန်လာပြီ။ Spring Season ကိုပြန်ရောက်လာပြီဆိုတော့ ရပ်ကွက်ထဲကအပင်တွေ အပွင့်တွေပြန်ထွက်လာတာတွေ့လို့ လှတာနဲ့ရိုက်ထားလိုက်တာ။ အပင်အကြောင်းတော့ကောင်းကောင်းမသိပါဘူး။ ထင်တာကတော့ Magnolia နဲ့ Sakura ပွင့်တွေလို့ထင်တာပဲ။

05/04/2023

ဒီမနက်တော့ မန်ဟက်တန် Manhattan အောက်ဘက်ခြမ်းမှာရှိတဲ့ Battery Park ပန်းခြံ၊ လေဘာတီကျွန်းကိုသွားရင် လက်မှတ်ဝယ်တဲ့နေရာ၊ Staten Island ကိုသွားတဲ့ Ferry၊ Wall Street နားမှာရှိတဲ့ နွားရုပ်ကြီး၊ New York Stock Exchange ရှေ့မှာ လေယဉ်းမှုးတွေဆန္ဒပြနေတာရယ်၊ World Trade Center နားက နေရာတွေကိုစုံစုံလင်လင်တွေ့ရမှာဖြစ်တယ်။ LIVE ကိုအဆုံးထိကြည့်ကြည့်ပါ။ ကျေးဇူးပါ။ နောက်‌မှတွေ့မယ်။

05/04/2023

ဒါမနှစ်က ၂၀၂၂ ကားပြပွဲ vlog လေ။ ကြည့်ပြီးပြီလား။

04/04/2023

ဒီကနေ့ဟာဆိုလို့ရှိရင် နယူးယောက်စီးတီးက Donald Trump ကိုတရားဆွဲထားတဲ့အတွက် တရားရင်ဆိုင်ရမယ့်နေ့ဖြစ်ပါတယ်။ အဲတော့ကျွန်တော်အလုပ်သွားရင်းနဲ့ မနက်စောစောစီးစီး Trump Tower ရှေ့မှာဘာတွေဖြစ်နေလဲဆိုတာသွားကြည့်ပါမယ်။ ပြီးတော့ Manhattan မြို့လယ်ခေါင် 5th avenue ကနေတဆင့်အလုပ်ဘက်လမ်းဆက်လျှောက်ရင်း နာမည်ကြီးဆိုင်တွေ၊ St. Patrick's Church၊ Rockefeller Center၊ New York Public Library၊ Bryant Park ဆိုတဲ့ တကယ့်အထင်ကရနေရာတွေရဲ့ရှေ့ကနေဖြတ်လျှောက်သွားတာတွေ့ရပါလိမ့်မယ်။

ဒီကနေ့မနက်ပိုင်းလမ်းလျှောက်ပြီးအလုပ်သွားရင်း လွှင့်တဲ့ LIVE ကတော့ Trump Tower ကနေစမှာဖြစ်ပါတယ်။

02/04/2023

ဒါရိုက်တာ ကိုပေါက်ရဲ့ Documentary Film ဖြစ်တဲ့ ရောင်နီလာရာလမ်း Ray of Hope ဇာတ်ကားကိုသွားကြည့်ဖြစ်တဲ့နေ့ကရိုက်ထားတဲ့ vlog ပါ။ ဒီဇာတ်ကားကိုတော့ ကျွန်တော်တို့ New York City မှာ မတ်လ ၁၁ ရက်နေ့က ပြသခဲ့တာဖြစ်ပါတယ်။ Organizer အဖွဲ့ဖြစ်တဲ့ နယူးယောက်မြို့မှ Helping Hands for Burma မှ စုစုပေါင်းရန်ပုံငွေ အမေရိကန် $၂၀,၅၂၈ ထိရှာနိူင်ခဲ့တယ်လို့သိရပါ။ အရမ်းကောင်းတဲ့ Documentary Film တစ်ခုဖြစ်ပါတယ်။ ဘယ်လိုကောင်းလဲဆိုတာ vlog ထဲမှာရှင်းပြထားတယ်။ အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Grace Church ခြံဝန်းထဲမှာ ပန်းတွေပြန်ပွင့်နေပါပြီ။ဆောင်းရာသီစကုန်နေပြီးတော့ ပွင့်လင်းရာသီရောက်လာပြီဆိုတဲ့သင်္ကေတပါ။ ဒီ C...
30/03/2023

Grace Church ခြံဝန်းထဲမှာ ပန်းတွေပြန်ပွင့်နေပါပြီ။ဆောင်းရာသီစကုန်နေပြီးတော့ ပွင့်လင်းရာသီရောက်လာပြီဆိုတဲ့သင်္ကေတပါ။ ဒီ Church ဟာဆိုရင် New York City ရဲ့ Downtown Manhattan 804 Broadway မှာရှိပါတယ်။ စတင်ဆောက်ခဲ့တဲ့နှစ်က ၁၈၄၆ ခုနှစ်ခန့်ကဖြစ်ပြီးတော့ ဒီနေ့ဆိုရင် ၁၇၇ နှစ်တောင်ရှိပြီဖြစ်တယ်။ ဒီ Church ရဲ့အကြောင်းကိုအသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ ဒီ website ကနေတဆင့်လေ့လာနိူင်ပါတယ်။ www.gracechurchnyc.org

Address


10001

Alerts

Be the first to know and let us send you an email when Neminn New York - နေမင်းနယူးယောက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share