Pyapon True News-PTN

  • Home
  • Pyapon True News-PTN

Pyapon True News-PTN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyapon True News-PTN, Media/News Company, .

ကျိုက်လတ်မြို့က ဝရမ်းပြေး PDF များသို့ စေတနာအမှာစကား-------------------------------------------------------------23.3.20...
23/03/2022

ကျိုက်လတ်မြို့က ဝရမ်းပြေး PDF များသို့ စေတနာအမှာစကား
-------------------------------------------------------------
23.3.2022

ဒီနေ့ ကျိုက်လတ် PDF ဆိုတဲ့ Page ကနေ့ပြီးတော့ ပျူစောထီး/ဒလန် ဘယ်သူ သိစေရန် ဆိုတဲ့ အပြစ်မဲ့ပြည်သူတွေ့ကို ခြိမ်းခြောက်တဲ့ Post တက်လာတွေ့လိုက်လို့ မပြောချင် မရေးချင် ပေသော်လည်း ကျိုက်လတ် PDF ဆိုတဲ့ အကြမ်းဖက် ဝရမ်းပြေးလေးတွေ့သိဖို့ နည်းနည်းပြောချင်သေးတယ်၊

တည်ငြိမ်အေးချမ်းနေတဲ့ ဓမ္မပါလမည်တဲ့ ကျိုက်လတ်မြို့ကို ဆူပူအောင် မငြိမ်းချမ်းအောင် ကျိုက်လတ် PDF တွေလုပ်ဆောင်ခဲ့တယ်ဆိုတာ ယနေ့မှာ ပြည်သူတွေအားလုံးအသိ၊ ကျိုက်လတ်မြို့မှာ အကြမ်းဖက်မှုတွေလုပ်ခဲ့လို့ PDF တစ်ချို့နဲ့ နောက်ကွယ်ကနေ ထောက်ပံ့ မြောက်ပင့်ပေးသူတွေလည်း အဖမ်းခံလိုက်ရပြီး ယခု ဂျေးအောင်းနေရတာလည်းရှိတယ်၊ ဒီလိုဂျေးအောင်နေရတဲ့ PDF ဆိုသူတွေ့ကတော့ သူတို့လုပ်ရပ်မှားခဲ့မှန်း၊ နိုင်ငံရေးမှာ အသုံးချခံလိုက်ရမှန်းကို နားလည်သဘောပေါက်ကုန်ကြပြီလို့ သိရတယ်👍👍👍

နားမလည်ဘဲ ကျန်နေသေးတာက လုံခြုံရေးတပ်ဖွဲ့တွေ လိုက်ဖမ်းလို့ ထွက်ပြေးနေရတဲ့ ဝရမ်းပြေး PDF တစ်ချို့ပဲ၊ နောက်ကနေ မြှောက်ပင့်ပေးနေတဲ့ အမိုက်အမဲသူထက်ကဲ ကိုယ်စားလှယ် လေးတွေကလည်းရှိသေးဗျာ၊ ဟိုပါတီက ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ သန်းထိုက်ဦးနဲ့ ရှေ့နေလုပ်ပြီး ဥပဒေနားမလည်တဲ့ ငြိမ်းချမ်းမျိုး(ခေါ်)ငတူး တို့လည်း ယနေ့အချိန်ထိ နိုင်ငံရေးမှာ အမှန်မမြင်တော့ အမြင်မှန်မရနိုင်ရှာသေးတာ သနားစရာဗျ၊ အန်နူဂျီက ထောက်ပံ့ကြေးလေး မစွတ်မပွတ်ပေးပြီး မာန်ဖီခိုင်းနေတဲ့ PDF တွေလဲ ဒီအတိုင်းပဲ၊ တောင်မသိ မြောက်မသိတဲ့ ဟိုကျောင်းဆရာပေါက်စ နေနိုင်၊ ကောင်းထက်လင်းနဲ့ အဖွဲ့တွေလည်း ဝရမ်းပြေးဖြစ်နေပေမဲ့ လိုင်းပေါ်တက်ပြီး အထောက်အပံ့လေး၊ အလှူငွေလေး ရလို့ရငြှားဆိုပြီး သတင်းအမှားတွေနဲ့ ပြည်သူကို ဂျင်းထည့်နေတုန်း၊ ခြိမ်းခြောက်နေတုန်းဗျာ😁😁😁

ခင်ဗျားတို့မှာလည်း မိသားစုအသိုင်းအဝိုင်းနဲ့ဆွေမျိုးသားချင်းတွေ့ရှိနေတယ်ဆိုတာ မေ့နေပုံရတယ်၊ ဝရမ်းပြေးဖြစ်နေလို ထမင်း ငတ်နေရင်လည်း ပြေပြေလည်လည်ပြောပါ ကူညီပေးမဲ့သူတွေ့က အများကြီး စေတနာရှိတဲ့ ပြည်သူတွေအများကြီးပါဗျာ၊ ဒီလိုမဟုတ်ဘဲ အဝေးကနေပြီး Page တွေမှာ သတင်းအမှားဖြန့်၊ ခြိမ်းခြောက်သလို့ သတိပေးလိုနဲ့ ကြေညာချက်တွေထုတ်​ပြပြီး လုပ်နေတာတော့ ရှက်ဖို့ကောင်းတယ်ဆိုတာကို သိစေချင်လို့ ဒီလောက်ပါပဲဗျာ👍👍👍

အဲ့ဒီတော့ ဖျာပုံခရိုင်ကြီး တည်ငြိမ်အေးချမ်းဖို့အတွက် အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူများအနေနဲ့ PDF ဆိုသူတွေ့၊ ယင်းတို့ကို မြှောက်ပင့်ထောက်ပံ့ပေးနေသူတွေ့ကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့အတွက် PDF တွေ့၊ ယင်းတို့ကို မြှောက်ပင့်ထောက်ပံ့ပေးနေသူတွေ့ကို PNA Page မက်ဆင်ဂျာသို့ ဆက်သွယ်သတင်းပေးအပို့နိုင်
ပါတယ်၊ သတင်းပေးသူတွေ့ရဲ့ လုံခြုံရေးအတွက်လည်း PNA Page အာမခံဆောင် ရွက်ပေးမှာဖြစ်လို့ စိတ်ချစွာသတင်းပေးပို့ နိုင်ကြောင်း အသိပေးပါရစေ။

https://m.facebook.com/story.php?story_fbid=366018618864767&id=103430005123631

Source- Myo Myat Thu(ဓမ္မပါလ)

အကြမ်းဖက် အမြစ်ဖြတ်

Crd...PNA

ဖျာပုံခရိုင်အတွင်း မဟုတ်မမှန်သတင်းများဖြင့် ခြိမ်းခြောက်နေသည့် PDF များကို ပြည်သူများက အလိုမရှိပြီ----------------------...
23/03/2022

ဖျာပုံခရိုင်အတွင်း မဟုတ်မမှန်သတင်း
များဖြင့် ခြိမ်းခြောက်နေသည့် PDF များကို
ပြည်သူများက အလိုမရှိပြီ
------------------------------------------------------------
22.3.2022 (ဖျာပုံ)

ယခင် NLD အစိုးရရဲ့ မဲမသမာမှုတွေကြောင့်ဖြစ်တည်လာရတဲ့ နိုင်ငံရေးစနစ်အပြောင်း အလဲနဲ့အတူ PDF အကြမ်းဖက်တွေ ပေါ် ပေါက်လာခဲ့တယ်၊ ဒီ PDF တွေက အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်လုပ်ကြံသတ် ဖြတ်၊ ဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေပြီး အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူများကို
နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်နေတယ် ဆိုတာကိုလည်း အားလုံး အသိပင်ဖြစ်သည်၊

၁၉-၃-၂၀၂၂ ရက်နေ့က ဖျာပုံခရိုင်ထဲက PDF အကြမ်းဖက်ဖြစ်တဲ့ ဧရာဗေဒါ PDF နဲ့ ကျိုက်လတ် PDF တို့ပူးပေါင်းကာ ကျိုက်လတ်မြို့နယ်၊ ထကော်ရွာသစ်ကျေးရွာရှိ ထရော်ရဲကင်းစခန်းကို ဖောက်ခွဲဖျက်စီးခဲ့ပြီး အောင် မြင်စွာဆုတ်ခွာခဲ့တယ်ဆိုတဲ့ သတင်းကြီးတက်လာတယ်😁😁😁

PNA ကလည်း သတင်းတွေ မတင်တာကြာပြီဆိုတော့ အားနေတာနဲ့ပဲ ဒီသတင်းနဲ့ပတ်သက်ပြီး ဟုတ်မဟုတ် စပ်စုချင်လို့ ထရော်ကျေးရွာကို သတင်းယူဖို့ရောက်ခဲ့သည်ပေါ့၊
အဲ့ဒီမှာ စတွေတော့တာပဲဗျ ရွာသားတွေက ဘာပြောတယ်ထင်လဲ ...."ဗုံးပေါက်သံမပြောနဲ့ အဲ့ဒီ ရဲကင်းကနေ အီးပေါက်ရင်တောင် ကျုပ်တို့ကြား
နေရတယ်၊ ဘာဗုံးမှ မပေါက်ပါဘူး" တဲ့၊
သေခြာလိုက်မေးကြည့်ပြန်တော့ ဟုတ်ပါတယ်
ဘာဗုံးမှ ရဲကင်းမှာ မပေါက်ခဲ့ပါဘူး🤗
ဧရာဗေဒါ PDF နဲ့ ကျိုက်လတ် PDF ကတော့ သူတို့ ဖောက်ခွဲခဲ့တယ်ဆိုပြီး အကြီးကြီးရေးတင်ထားတာဗျ😁😁

ပြောချင်တာက ဘာလဲဆိုတော့ ဒီလို မဟုတ်မမှန်သတင်းတွေ​ရေးပြီး ခြိမ်းခြောက်နေတဲ့ PDF တွေရဲ့ သတင်းတွေကို မယုံကြည်မိကြဖို့ လိုပါတယ်၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ယနေ့ ဘယ်ပြည်သူကမှ လက်မခံတော့ပါဘူး၊ ယင်းအကြမ်း ဖက်လုပ်ရပ်များဟာ မိမိတို့ နိုင်ငံတော်ကြီးကို ပျက်စီးစေတဲ့ လုပ်ရပ်များသာဖြစ်နေပါတယ်၊

ဟိုနေရာ မိုင်းဖောက်ပြ ဒီနေရာ မိုင်းလိုက်ဖောက်ပြနဲ့လုပ်ကြတယ်၊ ဒီသတင်းတွေကို သူတို့ PDF Page မှာတင်ပြီး ထောက်ပံ့ပေးဖို့ အလှူလိုက်ခံတယ်၊
ပြည်သူတွေက သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံတော့လို့ ဘယ်သူကမှ မထောက်ပံ့ကြ
မလှူဒါန်းကြတဲ့အခြေအနေပါ၊ ယခုလို ဘယ်ပြည်သူကမှ လက်မခံ မထောက်ပံ့ မလှူဒါန်းမှန်းသိတော့ (ဘာညာသာရကာအဖွဲ့ 😁😁)တွေကလဲ ဘယ်၍ ဘယ်မျှ PDF ကို လှူဒါန်းပါကြောင်း ဂုဏ်ပြုလွှာတွေလုပ်ပြီး PDF Page တွေမှာတင်ပြန်တယ်၊ PDF တွေကို ဘယ်သူတွေက ဘယ်လောက် ထောက်ပံ့နေပါတယ်ဆိုတဲ့ အထှာနဲ့ ပြည်သူတွေကို ဆိုက်ဝါးပြန်
ထည့်တယ်ပေါ့လေ.....😂(အမှန်က ထမင်းငတ်နေလို့ ဘယ်ပြည်သူက ကြည်ညိုလာပြီး လှူဒါန်းပါ
မလဲဆိုပြီး မျှော်လင့်ချက်နဲ့လုပ်တာ၊ မျော်တော်ယောင် PDF လေးတွေပေါ့ဗျာ)😁😁😁

ပြည်သူတချို့ကို သိစေချင်တာက ဖျာပုံခရိုင်ထဲကလုပ်စား PDF တွေရဲ့ သတင်းတွေဟာ မဟုတ်မမှန်ရေးသားပြီး ခြိမ်းခြောက် ဆိုက်ဝါးထည့်ထားတဲ့ သတင်းတွေဖြစ်တယ်၊ လူမှုကွန်ယက်ပေါ်က ဘယ်သတင်းမျိုးကိုမဆို ချင့်ချိန်ယုံကြည်ကြဖို့လိုတယ် ဆိုတာပါပဲဗျာ။

(ပြည်ဖျက်နေတဲ့ မျှော်တော်ယောင် PDF တွေကို
ဆက်လက်ဖော်ထုတ်ရေးသားပါအုံးမည်)

https://m.facebook.com/story.php?story_fbid=365448075588488&id=103430005123631

- Min Baho Si(PNA)

အကြမ်းဖက် အမြစ်ဖြတ်

Crd...PNA

ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များ၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံများအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရ...
28/11/2021

ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များ၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံများအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ
------------*-----------------*----------------*------------- နိုဝင်ဘာ ၂၈

NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက် အရ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ် မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ခိုင်စိုး(၄၈)နှစ်အား ကျိုက်လတ်မြို့နယ်။ ကျုံသီဝ ကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ သည်။
တရားခံ ခိုင်စိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၇ ရက်တွင် ဖျာပုံမြို့နယ်၊
သလိပ်ကြီးကျေးရွာ၌ ပြည့်ဖြိုးအောင်
(ခ)ကိုပြည့်(၂၈)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဆိုချက်အရ နိုဝင်ဘာလ ၈ ရက်တွင် ကျိုက်လတ်မြို့နယ်၊ သမက်ပြေကျေးရွာ၌ သန့်ဇင်(ခ)ကုလား(၄၉)နှစ်နှင့် ဟိန်းကို (၂၃)နှစ်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

တရားခံ ခိုင်စိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၀ ရက်တွင် ကျိုက်လတ် မြို့နယ်၊ ကျုံသီဝကျေးရွာ၌ သန်းသန်းဦး(၅၃)နှစ်နှင့် ကျိုက် လတ်မြို့၊ (၅)ရပ်ကွက်၊ (၁၆/၁၇)လမ်း၊ အမှတ်(၂၂၂)၌
အောင်အောင်ဦး(၄၀)နှစ်တို့အား လည်းကောင်း၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကျိုက်လတ်မြို့နယ်၊ ရွှေလှေရိုးကျေးရွာ၌ မြင့်မြင့်စီ(၄၆)နှစ်အားလည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက် တွင် ရွှေလှေရိုးကျေးရွာ၌ မြင့်မြင့်ရီ(၄၃)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စစ်တောင်းတံတား
(မုပ္ပလင်)စစ်ဆေးရေးဂိတ်၌ ကျိုက်လတ် မြို့နယ် PDF အကြမ်းဖက်အဖွဲ့ မှ
ထွဋ်နောင်ဦး(ခ)စီးဖိန်(၂၃)နှစ်၊ ချမ်းမြေ့သူ (ခ)ကြက်ကြီး(၂၆)နှစ်နှင့် မျိုးကိုကို(၂၁)နှစ် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ချမ်းမြေ့သူ(ခ)ကြက်ကြီး ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် ကျိုက်လတ်မြို့၊
ဘုံလုံချောင်းတံတားအနီး၌ အောင်သူ(၃၇)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၊ ၎င်း၏ထွက်ဆိုချက်အရ ကျိုက်လတ် မြို့နယ်၊ သပြေတန်းကျေးရွာ အနောက်ဘက်လယ်ကွင်းအတွင်း၌ C**T DEFENDER အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်၊ ကျည်အိမ် ( ၁ )ခုအား သိမ်းဆည်းရမိခဲ့သည်။

တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန်၏ ထွက် ဆိုချက်အရ နိုဝင်ဘာလ ၁၅ ရက် တွင် ဒေးဒရဲ မြို့နယ်၊ ကျိုက်လတ်မြစ်ကမ်းအနီး၊ မိချောင်းအိုင်ကျေးရွာ ချောင်းဝတွင် R***Y MOD 92 အမျိုး အစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခု အား သိမ်းဆည်းရမိခဲ့ပြီး၊ နိုဝင်ဘာလ ၁၆ ရက်တွင် ကျိုက်လတ်မြို့၊ (၃)ရပ်ကွက်၊ (၇)လမ်းနှင့် (၈)လမ်းထောင့်ရှိ စိန်ဖုန်းရောင်းဝယ်ရေးဆိုင်၌ သဥ္ဇာလင်း၊ (၂၃)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

တရားခံ မြင့်မြင့်စီ ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၇ ရက်တွင် ကျိုက်လတ်မြို့နယ်၊ ခမုံကျေးရွာ၌ ဗညားအောင်
(၂၄)နှစ်နှင့် ဘိုကလေးမြို့နယ်၊ သူဌေးကုန်းကျေးရွာ၌ တင်အောင် မိုး(၅၀)နှစ်တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၇ ရက်တွင် ကျိုက်လတ်မြို့နယ်၊ ကျုံတုံးလက်ပံကျေးရွာ၌
မျိုးသန့်ဦး(၅၁)နှစ်အား ဖမ်းဆီး ရမိခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်တွင် ကျုံသီဝကျေးရွာရှိ ခိုင်စိုး ၏နေအိမ်မှ စနိုက်ပါမှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၂ လုံး၊ TNT ယမ်းတောင့် ၅ တောင့်၊ ဒီတိုနေတာ ၅ ချောင်းနှင့်အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ ကာ ဖျာပုံမြို့၊ (၁၈)ရပ်ကွက်၊ ဗိုလ်မြတ်စံလမ်း၌ ကျော်ဇောဟိန်း(ခ)ထော်လေး(၂၂) နှစ်နှင့် ငြိမ်းချမ်းဦး(၂၃)နှစ်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက် ဆိုချက်အရ နိုဝင်ဘာလ ၁၉ ရက်တွင် ကျိုက်လတ် မြို့နယ်၊ ပရိုက်ကြံခင်းအုပ်စု၊ စခန်းကြီးကျေးရွာချောင်းအစပ်၌ ဆာလာအိတ်နှင့် ထည့်ထားသော လက်လုပ်လေသေနတ် ၂ လက်အား သိမ်းဆည်းရမိခဲ့ပြီး တရားခံ ငြိမ်းချမ်းဦး ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၉ ရက်တွင် ဖျာပုံမြို့၊ (၁)ရပ်ကွက်၊ ဓနိတော(၁)လမ်း၊ ဖျာပုံတံတားအောက်၌ သိန်းတန်(၅၅)နှစ်နှင့် ခင်ဇော် (၄၉)နှစ်တို့ ၂ ဦးအားလည်းကောင်း၊ တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂၁ ရက်တွင် ဖျာပုံ မြို့နယ်၊ ဒေါ်ညိမ်းအုပ်စု၊ ဗန်ဒါပင်ကျေးရွာ၌ ချစ်ကိုကို (၃၀)နှစ်အားလည်းကောင်း ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁၇ ဦး၊ မ ၄ ဦး၊ ပေါင်း ၂၁ ဦးအား ပစ္စတို ၂ လက်၊ ၎င်းကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်လေသေနတ် ၂ လက်၊ စနိုက်ပါ မှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၂ လုံး၊ TNT ယမ်း ၅ တောင့်၊ ဒီတိုနေတာ ၅ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ( ၁၂ ရက်မှ မေလ ၂၀ ရက်အထိ
ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ချစ်ကိုကို၊
ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော
နေနိုင်(ခ)ကိုသက်၊ ကောင်းထက်လင်း၊ နေ မျိုးအောင်၊ ဆန်းလင်း(ခ)ဆန်းလင်းအောင်နှင့်အောင်အောင်ကျော် တို့သည် မိုးညှင်းမြို့နယ်ရှိ KIA တပ်မဟာ(၈)တွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက်
ထွဋ်နောင်ဦး(ခ)စီးဖိန်၊ နေနိုင်(ခ)ကိုသက်နှင့် ဆန်းလင်း(ခ)ဆန်းလင်းအောင် တို့သည် ဇူလိုင်လ ၂၀ ရက်ခန့်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁)အား ဖမ်းဆီးရန်ကျန် တရားခံ အန်ဇာ၊ ဗလကြီး၊ လပြည့်၊ ဒူးရှည်၊ ခေါကြီးနှင့် ကြက်ခေါင်းတို့ ၆ ဦးအား ကျိုက်လတ်မြို့နယ်၊ ကျုံသီဝကျေးရွာရှိ
ခိုင်စိုး၊ သန်းသန်းဦး တို့၏ နေအိမ်၌ ၆ ရက်ခန့် သင်ကြားပေးခဲ့ကြောင်းနှင့် ဇူလိုင်လ စတုတ္ထပတ်ခန့်တွင် ဖောက်ခွဲရေးဆင့်ပွား သင်တန်းအမှတ်စဉ်(၂)နှင့် (၃)တို့အား
မျိုးကိုကို၊ ဖမ်းဆီးရန်ကျန် တရားခံ ဂျိုကာ(ခ)ဂျိုကြီး အပါအဝင် ၁၄ ဦးတို့အား သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဩဂုတ်လ၊ ပထမပတ်တွင် ဖောက်ခွဲရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၄)အား
သန့်ဇင်(ခ)ကုလား၊ ဟိန်းကို နှင့်ဖမ်းဆီးရန်ကျန်တရားခံ ကျော်ကြီး(ခ)ကျော်သူ၊
အောင်ကိုမင်း တို့ ၄ ဦးအား သမက်ပြေ
ကျေးရွာတွင်လည်းကောင်း၊ သြဂုတ်လ ဒုတိယပတ်တွင် ဖောက်ခွဲရေးဆင့်ပွား သင်တန်း အမှတ်စဉ်(၅)အား ကျုံတုံးလက်ပံ ကျေးရွာရှိ မျိုးသန့်ဦး ၏ နေအိမ်တွင်လည်းကောင်း သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၉ ရက်တွင် ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ပြည့်ဖြိုး
အောင်(ခ)ကိုပြည့်၊ ချမ်းမြေ့သူ(ခ)ကြက်ကြီး၊ နေ နိုင်(ခ)ကိုသက် တို့မှ ဦးဆောင်၍ ကျိုက်လတ်မြို့နယ် PDF အကြမ်းဖက်အဖွဲ့အား ဖွဲ့စည်း၍ ဖျာပုံခရိုင် PDF အကြမ်းဖက်အဖွဲ့တာဝန်ခံအဖြစ် ထွဋ်နောင်ဦး(ခ)စီးဖိန်၊ ဖျာပုံမြို့နယ်တာဝန်ခံအဖြစ် ဖမ်းဆီးရန်ကျန် အောင်သူ၊ ဘိုကလေးမြို့နယ် တာဝန်ခံအဖြစ် ဖမ်းဆီးရန်ကျန် ကိုဂျစ် တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ မြင့်မြင့်စီ၊ မြင့်မြင့်ရီ၊ ဗညားအောင်၊ တင်အောင်မိုး နှင့်
အောင်သူ တို့သည် PDF အကြမ်းဖက်အဖွဲ့ဝင်များအား လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျော်ဇောဟိန်း (ခ)ထော်လေး၊ ငြိမ်းချမ်းဦး၊ သိန်းတန်နှင့်
ခင်ဇော် တို့သည် ထွဋ်နောင်ဦး(ခ)စီးဖိန် ထံတွင် အကြမ်းဖက်ဖောက်ခွဲရေးဆင့်ပွား သင်တန်းတက်ရောက်၍ ဖျာပုံမြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ ဇွန်လအတွင်း ကျုံသီဝကျေးရွာနေ ၎င်း၏နေအိမ်၌ လက်လုပ်မိုင်းများပြုလုပ်ခဲ့
ကြောင်း ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန် တရားခံ ဂျပန်ကြီး(ခ)အောင်ခန့်ဇော် ထံမှ
ပစ္စတို သေနတ် ၂ လက်၊ ကျည် ၂၀၀ တောင့်၊ ကျည်အိမ် ၂ ခု တို့အား ငွေကျပ် ၅၀ သိန်းဖြင့် ချိတ်ဆက် ဝယ်ယူခဲ့ကြောင်း၊
အောင်အောင်ဦးသည် စက်တင်ဘာလတွင် တောင်ကြီးမြို့မှ ဝယ်ယူခဲ့သော Air Gun
၁ လက်အား ၎င်းထံသို့ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ ထွဋ်နောင်ဦး(ခ)စီးဖိန် ၏ ထွက်ဆိုချက်အရ နေနိုင်(ခ)ကိုသက် နှင့်အတူ ဇွန်လ ၁၂ ရက်တွင် ကျိုက်လတ်မြို့၊ (၁)ရပ်ကွက်ရှိ (အထက-၁) ကျောင်းဝင်း၌ လက်လုပ်မိုင်း ၁ လုံး အားလည်းကောင်း၊ ဇွန်လ ၂၉ ရက်တွင်၊ (၁)ရပ်ကွက်၊ ကျိုက်လတ် - ဖျာပုံကားလမ်း
ဘေး(အထက-၁)ကျောင်းရှေ့ ခြံစည်းရိုးအပြင် ဘက်၌ လက်လုပ်မိုင်း ၂ လုံးအားလည်းကောင်း၊ (၃)ရပ်ကွက်၊ ကန်တော်ကြီးလမ်း၊ မြို့နယ်ပညာရေးမှူးရုံး အနောက်ဘက်စတိုခန်းဘေး၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ (၁)ရပ်ကွက်၊ ကျိုက်လတ်- ဖျာပုံကားလမ်းဘေး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်၌ လက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း ဖောက်ခွဲခဲ့ရာ ကိုဗစ်-၁၉ စစ်ဆေး ရေးဂိတ်မှ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို
ချက်အရ တရားခံ သဉ္စာလင်း၊ အောင်အောင်ဦး၊ ထွန်းထွန်း၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော နေခြည်အေး မြင့်၊ ဂျစ်တူး(ခ)ဝေမာလွင်(ဘိုကလေးမြို့နယ် NLD ပါတီဝင်)နှင့် သန်းထိုက်ဦး(ကျိုက်လတ် မြို့နယ် NLD ပါတီဝင်)တို့မှ အကြမ်းဖက်လုပ်ငန်းများ၊ဆောင်ရွက်ရန် Mission များ သတ်မှတ်၍ ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေး သူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူများ တစ်ရပ်လုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။

28.11.2021 MWD

မိုးသက်​လေပြင်းကျ​ရောက်ပြီးပင်လယ်ဒီ​ရေမြင့်တက်ပြီ​ရေလှိုင်းရိုက်ခတ်မှု​ကြောင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပ...
29/05/2021

မိုးသက်​လေပြင်းကျ​ရောက်ပြီးပင်လယ်ဒီ​ရေမြင့်တက်ပြီ​ရေလှိုင်းရိုက်ခတ်မှု​ကြောင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ပြီးစီးမှုအခြေအနေ
================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ဖျာပုံမြို့နယ်၊အတွင်းရှိ ​ဘဝသစ်ကျေးရွာအုပ်စု၊​ထောင့်ကြီးတန်းကျေးရွာတို့တွင်(၂၆-၅-၂၀၂၁) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသက်​လေပြင်း​​ထောင့်ကြီးတန်းကျေးရွာတွင် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊တွင်နှင့်လူဦး​ရေ(၁၃)ဦးအတွက် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ(၃)ပုံး၊အိမ်​ဆောက်ပစ္စည်းဖိုး(၃၀၀၀၀ဝိ/-)၊ဆန်ရိက္ခါ(၇)ရက်စာ(၂၇၃၀ဝိ/-)၊စုစု​ပေါင်း(၄၇,၄၄၀၈ိ/-)အား (၂၈-၅-၂၀၂၁)ရက်နေ့ (၃း၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ ​ဘဝသစ်ကျေးရွာအုပ်စု၊​​
ဘဝသစ်ကျေးရွာအုပ်ချုပ်​ရေးမှူးရုံးတွင်မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည့်များထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Crd...Ddm Pyapon

ယဉ်ကျေးမှု ချေမှုံးရေး===============       လူမျိုးတမျိုးကို ဖြတ်ဆီးဖို့ ၊ ကွယ်ပျောက်သွားစေဖို့အတွက် ကြဲစည်လုပ်ဆောင်မယ် ...
20/05/2021

ယဉ်ကျေးမှု ချေမှုံးရေး
===============

လူမျိုးတမျိုးကို ဖြတ်ဆီးဖို့ ၊ ကွယ်ပျောက်သွားစေဖို့အတွက် ကြဲစည်လုပ်ဆောင်မယ် ဆိုရင် ဦးစွာ လုပ်ဆောင်ရမယ့် အချက်တွေက အဲဒီလူမျိုးတွေရဲ့ ယဉ်ကျေးမှု နဲ့ ဓလေ့ထုံးစံများ ၊ ကိုးကွယ်ယုံကြည်မှုများ ဆိုတဲ့ ခံတပ်တွေကို ဦးစွာဖြိုကြရပါတယ် ။

အဲဒီလို လုပ်ဆောင်ဖို့ဆိုတာ အင်မတန်ခက်ခဲလှတယ်လို့ ဆိုရပေမယ့် စိတ်ရှည်လက်ရှည်နဲ့ ရေရှည် စီမံကိန်းချ လုပ်ဆောင်မယ်ဆိုရင် အချိန်ကျလာတာနဲ့ ဖျက်ဆီးသူတွေ အောင်မြင်သွားမှာပါ ပဲ ။

ငွေကြေးချို့တဲ့သော လူမျိုးစုအား ဖျက်ဆီးရန် ငွေကြေးသာ လိုအပ်ပါတယ် ။ ပညာချို့တဲ့သော လူမျိုးအား ဖျက်ဆီးရန် ပညာသာ လိုအပ်ပါတယ် ။

ငွေကြေးရော ပညာပါ ချို့တဲ့သော လူမျိုးကို ဖျက်ဆီးရန်ကား လွယ်ကူလှပါတယ် ။ ယဉ်ကျေးမှုမြင့်မားသော လူမျိုးစုကို ဖျက်ဆီးရန်ကား မလွယ်ကူလှပါဘူး ။

ကျနော်တို့လူမျိုးများဟာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားခိုင်မာသော သမိုင်းကြောင်းရှိကြပါတယ် ။ အိန္ဒိယ နဲ့ တရုတ်လို လူဦးရေကော ယဉ်ကျေးမှုရော အဆမတန် များပြားမြင့်မားလှတဲ့ တိုင်းပြည်ကြီး နှစ်ခုကြားမှာ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နှစ်ပေါင်းထောင်ချီ ရပ်တည်ခဲ့နိုင်တာ တွေးကြည့်ကြပါ ။

ကဲ ပြည်ဖျက်တွေ မြန်မာကို ဘယ်လို ဖျက်ကြမလဲ?
.ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ကွယ်ပျောက်အောင် လုပ်မယ်
(သက်ြန်ဆိုတာ မရှိသင့်တော့ဖူးတို့ ၊ လူ လူခြင်း ရှိခိုးခြင်းဟာ မဟုတ်သေးဖူးတို့ ၊ ဆရာမိဘ စကား နားထောင်စရာ မလိုဘူး ဆိုတဲ့ ဝါဒဖြန့်မှုတွေကို NGO တွေ နဲ့ စနစ်တကျ သင်တန်းပို့ချပြီး ကလေးတွေရင်ထဲ ထည့်ပေးခဲ့တာ အဲဒီအချက်ပါပဲ)
...ဘာသာတရားကို ဖျက်ဆီးပျောက်ကွယ်အောင်လုပ်မယ်

(သစ္စာလေးပါးကို နားလည်ဝနေတဲ့ မြန်မာတွေအတွက် ဘုရားဟောခဲ့တဲ့ ဆရာဝတ် ၊ မိဘဝတ် ၊ သားသမီးဝတ် ၊ တပည့်ဝတ် အစရှိတဲ့ ယဉ်ကျေးမှုတွေရဲ့ ရေသောက်မြစ်ဟာ ဘာသာတရားပါပဲ ။ သစ္စာလေးပါးကို ဝေဖန်တိုက်ခိုက်လို့ မရတဲ့အခါ ပုတုဇင်သံဃာအချို့ရဲ့ အားနည်းချက်အနည်းငယ်ကို ထောက်ပြဝေဖန်ပြီး တိုက်ခိုက်လာပါတယ် ။ စော်ကားရဲအောင် ကလေးတွေကို မြှောက်ပေးပြီး ဗုဒ္ဓဘာသာကို ချိနဲ့လာအောင် စနစ်တကျ တိုက်ခိုက်လာတာ အဓိကရည်မှန်းချက်က ပြည်ဖျက်ဖို့ပါပဲ)

.... ပညာရေးဖျက်ဆီးမယ်

(ပညာရေးကို အားပေးသယောင်နဲ့ စနစ်တကျ ဖျက်ဆီးလိုက်တာ ဆရာတွေကို သင်ကြားရေးဝန်ထမ်း ဆိုလား ၊ s*x E. တွေ သင်ရိုးမှာထည့်တယ် ၊ ကလေးကို ဆိုဆုံးမမှု မလုပ်ရဆိုပြီး ပိတ်ပင်တယ် ၊ ပြည်ပ ပညာတော်သင်ဆုတွေ ထောက်ပံ့ကြေးတွေ ရုတ်သိမ်းတယ် ၊ ပြောရရင် ကုန်ဖွယ်မရှိပါဖူး ။ အဲဒီလိုလုပ်ခဲ့တာက အနာဂါတ်မှာ မြန်မာပြည် ဗုဒ္ဓဘာသာ နဲ့ မြန်မာလူမျိုးတို့ မျိုးသုန်းသွားအောင် ရေရှည်စီမံထားတာပါ)
...စီးပွားရေးဖျက်ဆီးမယ်

(အပျော်အပါး အသောက်အစား များပြားစွာ ခုံမင်လေ့ရှိတဲ့ မြန်မာတွေအတွက် အလွန်လွယ်ကူပါတယ် ၊ စျေးပေါပေါနဲ့ အရက်ပေါင်းစုံထုတ်လုပ်ရောင်းချခွင့်ပြုမယ် ၊ ပြည်ပကနေ စီးပွားရေးပိတ်ဆို့မယ် ၊ အခွန်ကြီးလေးစွာ ကောက်ခံမယ် ဒါဆို မြန်မာတွေ နလံထူဖို့ ခက်ပြီ ။ ဒီအကြောင်းသီးသန့်ရေးမှ အဆင်ပြေမှာပါ ဒါကနမူနာပေါ့ဗျာ)

ကျနော် နိဒါန်းပျိုးခဲ့သလို စီးပွားရေး ပညာရေး ဖျက်ဆီးပြီးပါပြီ ။ ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံ နဲ့ ကိုးကွယ်ယုံကြည်မှုကို ဖျက်ဆီးတဲ့နေရာမှာ ထုထည်နဲ့ တည်ရှိနေသေးတဲ့ သဲဃာများ ၊ အရွယ်ရောက်ပြီး ထိုးဖောက်မရတော့တဲ့ (ရိုးရာယဉ်ကျေးမှု အမြစ်စွဲနေသူများ) ရာနှုံးများစွာ ရှိနေခြင်းတို့ကြောင့် အူကြောင်ကြောင် တချို့ နဲ့ ကလေးတွေကိုပဲ စည်းရုံးနိုင်ခဲ့ကြလို့ တော်ပါသေးတယ် ။

ဒါတောင်မှ ဘယ်လောက် ပုံပျက် ပန်းပျက် ဖြစ်သွားရသလဲ ဆိုတာအားလုံး အသိပါပဲ ။ နောက်ငါးနှစ်သာ ဒီလို ဖျက်ဆီးခွင့် ရသွားမယ် ဆိုရင် သေချာပေါက် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲသွားပါလိမ့်မယ် ။

ဘာပဲ ပြောပြော နစကရဲ့ လုပ်ဆောင်ချက်တွေအပေါ် မိမိတို့ ရှုထောင့်ကနေ မိမိတို့ သိမြင်သလောက် သုံးသပ်ကြပြီး အားမလို အားမရ ဖြစ်ရပေမယ့် အချိန်မှီ အာဏာထိမ်းလိုက်တာကိုက ကျနော်တို့ ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ဘာသာ သာသနာ နဲ့ ရိုးရာယဉ်ကျေးမှု လူနေမှုဓလေ့ထုံးစံတို့ကို ကာကွယ်ပေးပြီး ဖြစ်ရာ ရောက်နေပါပြီ ။

Crd....မျိုးဝင်း

ဖျာပုံမြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ပြီး တာဝန်ပျက်ကွက်လျက်...
14/05/2021

ဖျာပုံမြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ပြီး တာဝန်ပျက်ကွက်လျက်ရှိသော ကျောင်းအုပ်ကြီးများ တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရ....

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ၏ သတင်းစာရှင်းလင်းပွဲ (၅/၂၀၂၁) ကို မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီတ...
13/05/2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ၏ သတင်းစာရှင်းလင်းပွဲ (၅/၂၀၂၁) ကို မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပမည်ဖြစ်ပြီး MRTV၊ MITV၊ MOI website၊ MOI Youtube နှင့် မြန်မာ့အသံ ရေဒီယိုတိုမှ တိုက်ရိုက် live ထုတ်လွှင့်ပြသမည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့်ပညာရေးဝန်ထမ်းများအား ရာဇသတ...
12/05/2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့်ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၁၂-၅-၂၀၂၁)

 #ကျမကိုတခုခုကြံစည်နေရင်သူငယ်ချင်းကပြောတယ်... 24 ရက်နေ့ ကျောင်းတွေအအပ်လက်ခံရတော့မယ်တဲ့...နင် ဘယ်လိုသဘောရလဲတဲ့..... သူ့ကိ...
12/05/2021

#ကျမကိုတခုခုကြံစည်နေရင်

သူငယ်ချင်းကပြောတယ်... 24 ရက်နေ့ ကျောင်းတွေအအပ်လက်ခံရတော့မယ်တဲ့...

နင် ဘယ်လိုသဘောရလဲတဲ့.....

သူ့ကို ပြောလိုက်သလို....

ကျမကို CDM မလုပ်လို့.... #စိတ်ဆိုးနေကြသူတွေကိုကော...အမြင်မတူလို့...ကျမကို ရှင်တို့ပြောတဲ့ #ဒလန်လို့သတ်မှတ်နေကြသူတွေကိုကော....

ကျမကျောင်းတက်ရင် တစ်ခုခု လုပ်ဖို့ ကြံစည်နေကြသူတွေရှိရင်ကော....အားလုံးကို ကျမ ပြောပြပါ့မယ်

#ကျမကျောင်းသွားမှာပါရှင်.... #အသေအချာသွားမှာပါ...

ဒလန်ဆိုပြီး #ကတုံးတုံးပေးမယ်ဆိုရင်.... ကျမ #သာသနာ့ဘောင်ဝင်လိုက်ပြီး #သီလရှင်ဆရာလေးအဖြစ် နဲ့ တာဝန်ထမ်းဆောင်မှာပါ....

က္မကို
#ညှင်းပန်းနှိက်စက်သတ်ဖြတ်မယ်ဆိုရင်လည်း..

#ပြုသူအသစ်ဖြစ်သူအဟောင်းလို့နှလုံးမူပြီးအသေခံမှာပါ

#နှမချင်းမစာမနာကြံစည်သတ်ဖြတ်မယ်ဆိုရင်လည်းမသေခဲ့ရင်အမှူဖွင့်ရင်းကျမကျောင်းဆက်တက်နေအုံးမှာပါ
ဒီအမှုဟာ #သမိုင်းအဖြစ်ကျန်ရစ်လိမ့်မယ်
#ရှင်တို့ကိုကမ္ဘာကရွံသွားလိမ့်မယ်

ခုဖြစ်နေတာက #တစ်ပါတီအရေးပါ

#နိုင်ငံ့အရေးမှမဟုတ်တာ

#ကျမနိုင်ငံတော်ကို ပုန်မကန်နိုင်ပါဘူး

#စစ်သူကြီဆိုတာတက်လာသမျှဘုရင်ကိုကာကွယ်ရသလို
#နိုင်ငံ့ဝန်ထမ်းဆိုတာလည်းပါတီနိုင်ငံရေးမလုပ်ရပါဘူး

#အထူးသဖြင့်ဒီမိုကရေစီကိုတောင်းနေတဲ့လူသတ် ဆန္ဒပြနေသူတွေ
#ပါတီစုံကိုလက်မခံနိုင်ပဲဒီမိုကရေစီလို့မအော်ပါနဲ့

#ကမ္ဘာ့အလည်မှာရှက်ဖွယ်အတိမို့ပါ

#အကယ်၍ဒီမိုကရေစီအစစ်ကိုလိုချင်ရင် နည်းလမ်းကျကျ ဆန္ဒပြကြပါ
#ကျောင်းဖွင့်ဖို့ကြိုးစားနေတာကိုမဖျက်ဆီးပါနဲ့
#ဝန်ထမ်းတွေကိုအလုပ်ပြန်ဆင်းခွင့်ပြုခြင်းဖြင့် သင်တို့ရဲ့ ဒီမိုကရေစီစိတ်ဓာတ်ကို ကမ္ဘာကိုပြလိုက်ပါ ကူညီကောင်း ကူညီလာနိုင်ပါတယ်

#ကျမတို့မိသါးစုဆွေမျိုးသါးချင်းမျါးသည်Nldပါတီကိုသဘောမကျခဲ့ပါ
သို့သော်
#ဒီမိုကရေစီ စနစ်ကိုနားလည်လက်ခံစွာနိုင်ငံကြီးသားပီသစွာnldပါတီအာဏာရချိန်တွင်လည်းအခွန်ဆောင်ခြင်းလုပ်ငန်များကိုအသေအချာပြုလုပ်ခဲ့ပါသည်။

#ကျမကျောင်းတက်ပါမည် ။
#သတ်လိုကသေမည် ။
သို့ဖြစ်၍ ကျမ

#နိုင်ငံ့ဝန်ထမ်းပီသစွာကျမကျောင်းတက်ပါမည် ။

Crd.နန်း လှ ယမင်း ဖွေး

ဖျာပုံမြို့၌ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်💌💌💌💌💌💌💌💌💌💌💌ဖျာပုံ မေ(၁၀)ရက်💌💌💌💌💌ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်...
12/05/2021

ဖျာပုံမြို့၌ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
💌💌💌💌💌💌💌💌💌💌💌
ဖျာပုံ မေ(၁၀)ရက်
💌💌💌💌💌
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများမှဦးဆောင်လမ်းညွှန်မှုဖြင့်ဗုဒ္ဓမြတ်စွာဘုရားဟောပြတော်မူသောဓမ္မဒေသနာတရားရတနာများမပျောက်ပျက်ရေး၊ရေရှည်တည်တံ့ရေး၊ဗုဒ္ဓဘာသာဝင်မျိုးဆက်သစ်လူငယ်များ၊လူငယ်စာရိတ္တမဏ္ဍိုင်ခိုင်မာပြီးကိုယ်ကျင့်သိက္ခာပြည့်စုံစွာဖြင့်တိုင်းပြည်အကျိုး၊လောကအကျိုး၊ဘာသာသာသနာအကျိုးများဆောင်ရွက်နိုင်သောအနာဂတ်ခေါင်းဆောင်များဖြစ်စေရေးရှေ့ရှုလျက်ယဉ်ကျေးလိမ္မာသင်တန်းကိုမေလ(၁၀)ရက်နေ့နံနက်(၉)နာရီအချိန်ကဖျာပုံမြို့မဟာပုညာရာမတိုက်၊ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၌ကျင်းပဖွင့်လှစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကိုနမောတဿ (၃)ကြိမ်ရွတ်ဆိုပူဇော်ကာဖွင့်လှစ်ပြီးဖျာပုံမြို့နယ်သံဃာ့နာယကဥက္ကဌအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒ န္တ ဝါသဝအရှင်သူမြတ်မှငါးပါးသီလချီးမြင့်သည်။ထိုနောက်မဟာပုညာရာမတိုက်၊ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ဦးစီးပဓာနနာယက၊နိုင်ငံတော်ဩဝါဒါစရိယ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊မဟာဂန္ထဝါစကပဏ္ဍိတ၊ဘဒ္ဒ န္တ ဝေပုလ္လအရှင်သူမြတ်မှဩဝါတမိန့်ကြားတော်မူသည်။

ဆက်လက်၍ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင် ကယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍လျှောက်ထားတင်ပြပြီး ၊ကြွရောက်တော်မူကြသောဆရာတော်
ကြီးများအားနဝကမ္မဝတ္တုများဆက်ကပ်လှူဒါန်းကြပြီးဗုဒ္ဓသာသနံစိရံတ်ဌတု(၃)ကြိမ်ရွတ်ဆိုကာအခမ်းအနားပြီးဆုံးကြသည်။အဆိုသင်တန်းသို့သင်တန်းသားသင်တန်း(၅၀)ဦးခန့်တက်ရောက်ကြပြီးသင်တန်းကာလမှ(၁၀. ၅ .၂၀၂၁)မှ(၂၁ .၅ .၂၀၂၁)ထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

Credit..U Tint Lwin

ထိုင်းရောက် DVB သတင်းသမားတွေ ဖမ်းဆီးခံရ      ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ DVB သတင်းဌာနကမြန်မာနိုင်ငံသား ဂျာနယ်လစ် ...
12/05/2021

ထိုင်းရောက် DVB သတင်းသမားတွေ ဖမ်းဆီးခံရ





ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ DVB သတင်းဌာနကမြန်မာနိုင်ငံသား ဂျာနယ်လစ် ၆ဦး ဒီကနေ့ အဖမ်းခံခဲ့ရတယ်လို့ ထိုင်းမီဒီယာတခုက ဖော်ပြပါတယ်။

ချင်းမိုင်ရောက် မြန်မာတစ်ဦးကလည်း အခုလို မြန်မာသတင်းထောက်တွေ အဖမ်းခံရတဲ့ ကိစ္စကို အတည်ပြုပေးခဲ့ပြီး အိမ်နီးချင်းတွေက တိုင်ကြားတဲ့အတွက်
မယ်စရီယံ ရဲစခန်းက လာရောက်ဖမ်းခေါ်သွားတာလို့ ပြောပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်တာလာနဲ့ COVID 19 ကပ်ရောဂါ အခြေအနေကြောင့် အာဏာပိုင်တွေက အခုလိုဖမ်းဆီးတာလို့ ထိုင်းမီဒီယာက ဖော်ပြထားပါတယ်။

Photo Credit - CM108.com

ပြည်သူ့အာဏာဟုဆိုရာဝယ် ----ဒီမိုကရေစီနိုင်ငံတွေမှာ အအောင်မြင်ဆုံးဂျင်းက (အာဏာသည်ပြည်သူ့ထံမှဆင်းသတ်သည်) ဟုသောဆိုရိုးဘဲဖြစ်...
12/05/2021

ပြည်သူ့အာဏာဟုဆိုရာဝယ် ----

ဒီမိုကရေစီနိုင်ငံတွေမှာ အအောင်မြင်ဆုံးဂျင်းက (အာဏာသည်ပြည်သူ့ထံမှဆင်းသတ်သည်) ဟုသောဆိုရိုးဘဲဖြစ်ပါတယ်။

ဒီမိုကရေစီခေတ်မှာပြည်သူက အာဏာပိုင်ဆိုင်တယ်လို့ဆိုကြပါတယ်။ အခြားဆိုရှယ်လစ်၊ ကွန်မြူနစ် ၊ ဘုရင်စနစ် ဒီစနစ်တွေမှာ ပြည်သူကအာဏာမပိုင်ဘူး ။ ဒီမိုကရေစီစနစ်ကမှပြည်သူအာဏာပိုင်တယ်လို့ တရားသေကိုမှိုင်းတိုက်ထားကြတာပါ။ ပြည်သူကအာဏာပိုင်တယ် ဆိုတာပြည်သူ့ကိုယ်စားလှယ်တွေကို ပြည်သူတွေက မဲပေးရွေးချယ်ခွင့်ရှိပြီး အဲ့ဒီကိုယ်စားလှယ်က ပြည်သူကိုယ်စား အစိုးရအဖွဲ့ဆီကို တင်ပြတောင်းဆို ရယူပေးနိုင်လို့ ဒီမိုကရေစီစနစ်မှာ ပြည်သူကအာဏာပိုင်တယ်လို့ ပြောနေကြတာဖြစ်ပါတယ်။

ပြည်သူကဘာကြောင့်အာဏာမပိုင်သလဲ!

၁/ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေက ပြည်သူကိုကိုယ်စားမပြုတာများပါတယ်။ မဲလိုချင်တုန်း ရွာရောက်လာပြီး နောက်တစ်ခါ မဲမလိုမချင်း အဲ့ဒီရွာတွေကိုမသွားကြတာ ပြည်သူတွေသိကြပါတယ်။ အဲ့ဒီပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေကဘဲ အစိုးရကပြည်သူကိုချပေးတဲ့ ဘက်ဂျတ်ထဲကနေ သူတို့အိပ်ထောင်ထဲပြန်ထည့်နေကြတာပါ။

၂/ ပြည်သူကအာဏာပိုင်တယ်ဆိုတာ မဲပေးတဲ့အချိန်ဘဲ အာဏာပိုင်တာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ပါတီ၊ ကိုယ်ကြိုက်တဲ့လူပုဂ္ဂိုလ်ကို ရွေးချယ်ခွင့်ရှိနေတာပါ။ မဲရွေးပဲပြီးသွားရင် ပြည်သူက ဒုတ်ရင်း ဒုတ်ရင်းး ပါဘဲ ဘာမှထူးခြားတိုးတက်ပြောင်းလဲလာတာမရှိပါဘူး။ ကိုယ်ယုံကြည်အားကိုးလို့ မဲပေးခဲ့လို့ အမတ်ဖြစ်သွားတဲ့ ဘယ်ကိုယ်စားလှယ်ကိုမှ ပြည်သူကသွား လျှာရှည်လိုမရပါဘူး။ ဥပမာအားဖြင့်တင်ပြရရင် (2015) ရွေးကောက်ပွဲမတိုင်ခင်က ဒေါ်စုကြည်နဲ့ အင်ဂျလီနာဂျိူလီတို့ကိုယ်တိုင်သွားမဲဆွယ်ခဲ့တဲ့ ကျူးကျော်တဲတွေ ဒေါ်စုကြည်လဲအာဏာရရော အကုန်ဖျက်ပစ်ခဲ့တာ သက်သေပါဘဲ

၃/ ပြည်သူက မဲပေးပြီးလို့ အမတ်ဖြစ်သွားတဲ့အခါ ပြည်သူကိုကိုယ်စားမပြုတဲ့ ပြည်သူတွေအတွက်မဟုတ်တဲ့ အဆိုတွေ၊ ကြယ်ပွင့်ပြမေးခွန်းတွေကို လွှတ်တော်မှာမေးခွန်းမေးခဲ့တာ သာဓကတွေရှိပါတယ်။ အိမ်မဲအမတ် ဒေါ်သန္တာ တင်တဲ့ ICCPR လိုအဆိုမျိူးကို မီးမောင်းထိုးပြရမှာပါ။ သူမတင်တဲ့ အဆိုက ICCPR အဖွဲ့ဝင်နိုင်ငံအဖြစ်လက်မှတ်ထိုးပေးဖို့မဆိုဖြစ်ပါတယ်။ ဒီအဆိုက ICCPR အဖွဲ့ဝင်နိုင်ငံဖြစ်ရင် ထောက်ပံကြေးရနိုင်တာတွေရှိပေမယ်။ ဘာသာခြား ၊ လူမျိူးခြား၊ နိုင်ငံခြား မည်သည့်ကလေးသူငယ် (၁၈)နှစ်ဝန်းကျင်အရွယ်အထိ ကိုမဆို မွေးစားပေးရမယ်။ နိုင်ငံသားပေးရမယ်ဆိုတဲ့ နိုင်ငံအချုပ်ခြာအာဏာကိုထိပါးစေတဲ့ အချက်တွေပါဝင်ပါတယ်။ တကယ်တော့ ဒီ ICCPR ဆိုတာကို ပြည်သူက သိကိုမသိခဲ့ကြတာပါ။

ဒီနေ့နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ရင် ပြည်သူ့အာဏာဆိုတာကို မဲပေးတဲ့နေ့မှာတောင်မပိုင်တော့တာ တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲတိုင်း မသမာမှုတွေလုပ်ခံခဲ့ရပါတယ်။ မကျန်းမာတဲ့အဖိုးအဖွားတွေရဲ့မဲတွေလည်း ဓားပြတိုက်ခံခဲ့ရပါတယ်။ ဒါတောင်အားမရလို့ ညအချိန်မှာ တံဆိပ်တုံးထုပြီးသားမဲတွေ ထပ်ထည့်ခဲ့လို့ ပိုလျှံမဲတွေ ၊ မသမာမဲတွေနဲ့အာဏာသိမ်းခံရတဲ့အထိ ပြည်သူ့အာဏာဟာ ဂုဏ်သိက္ခာမဲ့ခဲ့ရပါတယ်။ တကယ်တော့ ပြည်သူဆိုတာ အာဏာမပိုင်ပါဘူး။ ဘယ်စနစ်မှာမှအာဏာပိုင်မှာမဟုတ်ဘူးဆိုတာအသေအချာပါဘဲ -----

Source...စစ်ကာရံ
Crd...post

ဥပဒေနှင့်မညီသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအားလိုင်စင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာခြင်း------------------------------...
25/04/2021

ဥပဒေနှင့်မညီသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအားလိုင်စင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာခြင်း
-----------------------------------------------
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ (၂)ရပ်ကွက်၊ (၃)လမ်းနေ ပြင်ပဆရာဝန် ဒေါက်တာ ဝေယံဦး သည် ပုဂ္ဂလိကဆေးခန်းဖြစ်သည့် ထူးဝေဆေးခန်း၌ ဆေးကုသနေပြီး မအူပင်ဆေးရုံမှ OPD စာအုပ်ဖြင့် ဆက်လက်ဆေးကုသရန်လိုအပ်နေသော လူနာများအား ၎င်း၏ဆေးခန်းတွင် အခမဲ့ ဆက်လက်ကြည့်ရှုပေးမည်ဖြစ်ကြောင်းနှင့် မအူပင်ခရိုင်ပြည်သူ့ဆေးရုံ၏ CDM ပြုလုပ်ခြင်းအား အပြည့်အဝထောက်ခံကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြပြီး တာဝန်ထမ်းဆောင် နေသော နိုင်ငံ့ဝန်ထမ်းဆရာဝန်များအား CDM ပြုလုပ်ရန် အားပေးလှုံ့ဆော်မှုပြုသဖြင့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားရှိပြီးဖြစ်ပါသည်။

ထို့အတူ မအူပင်မြို့၊ (၁၀)ရပ်ကွက်၊ မင်းလမ်းရှိ မိုးပြည့်စုံဆေးခန်း၌ ဆေးကုသနေသော ပြင်ပ ဆရာဝန် ဒေါက်တာ နိုင်ထူး သည်လည်း ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ၎င်းအား သက်ဆိုင်ရာရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

နိုင်ငံ့ဝန်ထမ်းဆရာဝန်များအား CDM ပြုလုပ်ရန်အားပေးလှုံ့ဆော်ခြင်း၊ ဆူပူဆန္ဒပြခြင်းများ တွင် ဦးဆောင်ပါဝင်ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရအရေးယူခြင်းခံရသည့် ဒေါက်တာ ဝေယံဦး နှင့် ဒေါက်တာ နိုင်ထူး တို့လက်ခံဆေးကုသနေသည့် ထူးဝေဆေးခန်းနှင့် မိုးပြည့်စုံဆေးခန်း တို့အား ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ လိုင်စင်ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

ဆက်လက်၍လည်း ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီး ဆရာဝန်ကျင့်ဝတ်၊ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်တို့နှင့်မညီဘဲ CDM ပြုလုပ်နေသော ဆရာဝန်များနှင့် ယင်းဆရာဝန်များကို လက်ခံ ထားသော ပုဂ္ဂလိက‌ဆေးရုံ၊ ဆေးခန်းများ၊ CDM ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်းများကြောင့် ဥပဒေအရအမှုဖွင့်အရေးယူခံရသည့် ဆရာဝန်များ၏ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လိုင်စင်ပယ်ဖျက်ပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားပါသည်။

Thiha Thura Htut Khaung
Crd..

Five Point Of Consensusအာဆီယံ ဆွေးနွေးပွဲမှ ဘာကြားသလဲမေးလို့ဖြေပါတယ်...(၁) သံတမန်ဆက်ဆံရေးလမ်းကြောင်း ဖွင့်ပေးပြီး ပြသနာရ...
25/04/2021

Five Point Of Consensus

အာဆီယံ ဆွေးနွေးပွဲမှ ဘာကြားသလဲမေးလို့ဖြေပါတယ်...
(၁) သံတမန်ဆက်ဆံရေးလမ်းကြောင်း ဖွင့်ပေးပြီး ပြသနာရပ်များကို တွေ့ဆုံညှိနိုင်း ဖြေရှင်းကြဖို့ သဘောတူတယ်
(၂)လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်ဖြေရှင်းဆောင်ရွက်မှု့တွေကို ရပ်တန့်ပေးဖို့သဘောတူတယ်
(၃) လူသားချင်းစာနာထောက်ထားသော အကူညီတွေကို အမြန်ဆုံးပေးဖို့ သဘောတူတယ်
(၄) အာဆီယံနှင့် မြန်မာ အကြား ဆက်ဆံရေး အထူးသံတမန် ထားရှိဖို့ သဘောတူတယ်
(၅) နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတယ် သဘောတူညီမှု့ ရေရာသေချာစွာ မရရှိပါဘူး...
အစည်းဝေးတွင် NUG အဖွဲ့အကြောင်း ထည့်သွင်းဆွေးနွေးမှု့ တလုံးမှ မရှိဘူးလို့ သိရသလို ရှေ့ ဖြစ်ပေါ်တိုးတက်မှု့များကို အာစီယံက အနီးကပ် ညှိနိုင်းပူးပေါင်းဆောင်ရွက်ခွင့်ကို လက်ခံမယ်လို့ သိရပါတယ်...
အာဆီယံ သံတမန်များထဲတွင် ဘက်လိုက်သော အနောက်နိုင်ငံ သံတမန်များ မပါရှိရေးကို အာစီယံက အထူး သတိထား ဆောင်ရွက်ရမယ်လို့ အစည်းဝေးမှာ ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံရေးနည်းလမ်းအရ ရွေးကောက်ပွဲပြသနာတခုကို မဖြေရှင်းလို့ အခုလို ကြီးမားတဲ့ ပြသနာရပ်ကြီးပေါ်ပေါက်လာတယ်လို့လည်း မြန်မာဘက်က ဆွေးနွေးခဲ့ပါတယ်...
ရွေးကောက်ပွဲပြသနာမှာ အဓိက တာဝန်ရှိသော UEC ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူမှု့ ရှိသော်လည်း တာဝန်ခံနိုင်မှု့ မရှိကြောင်း မြန်မာဘက်က ဆွေးနွေးခဲ့ပြီး သတ်မှတ်ကာလတခုမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက် ကျင်းပပေးပြီး ဒီမိုကရေစီလမ်းကြောင်းကို မဖြစ်မနေ ဆက်လက် အကောင်ထည်ဖေါ် ဆောင်ရွက်သွားဖို့ ရှိပါကြောင်း မြန်မာဘက်က ဆွေးနွေးခဲ့ပါတယ်....
Crd...Thiha Thuya Htut Khaung

ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုကျောင်းသားမိဘတွေချင့်ယုံကြပါ=========================ဘယ်ကျောင်းကိုမှ ကျောင်းအပ်နှုန်းထားဘယ်...
24/04/2021

ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေကို
ကျောင်းသားမိဘတွေချင့်ယုံကြပါ
=========================

ဘယ်ကျောင်းကိုမှ ကျောင်းအပ်နှုန်းထားဘယ်လောက်ပါဆိုပြီး
သတ်မှတ်ထားခြင်းမရှိပါ

ခွေးလေခွေးလွင့်တွေရေးသမျှ ပြောသမျှလဲ
မဟုတ်ဘူးလို့ လိုက်ငြင်း လိုက်ရှင်းနေရမှာအချိန်ကုန်လို့ အမြဲတမ်းရှင်းပြမနေနိုင်ပါဘူး

အစိုးရက လုပ်မယ်ဆိုရင် တရားဝင်သတင်းစာကကြေညာပါလိမ့်မယ်
fb ပေါ်ကသတင်းမကြေညာပါဘူး
မြန်မာ့အလင်း၊ ကြေးမုံဝယ်ဖတ်ပါ မရှိရင် MRTV MWD ကြည့်ပါ မရှိရင်
ရေဒီယိုကနေ မြန်မာ့အသံ သဇင် FM တို့နားထောင်ပါ

နီပိန်းအုပ်စုတွေ မစားရအမဲ သဲနဲ့ပက်နေတုန်း ကလေးတွေ ပညာရေးနောက်ကျမှာစိုးလို့ နစက ကကျောင်းတွေပြန်ဖွင့်ပေးနတယ်

ကျောင်းမတက်ဖြစ်အောင်နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးနေကြပြန်တယ်

ကိုယ်တိုင်ကဦးနှောက်မရှိပါဘူးဆိုနေ တခြားသူတွေကိုပါ စာမတတ်အောင်လုပ်နေကြပြီ

မင်းတို့စာမတတ်လို့အခုလို ခံနေရတာအမှတ်မရှိသေးတော့ခက်တယ်

..post

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်နေအိမ် ဗုံးပေါက်ကွဲဟူသော သတင်းမှာ သတင်းမှားဖြစ်ကြောင်း သိရရန်ကုန်၊ ဧပြီ ၂၄လူမှု...
24/04/2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်နေအိမ် ဗုံးပေါက်ကွဲဟူသော သတင်းမှာ သတင်းမှားဖြစ်ကြောင်း သိရ

ရန်ကုန်၊ ဧပြီ ၂၄

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်၏ ရန်ကုန်နေအိမ်တွင် ဗုန်းပေါက်ကွဲဟု မီဒီယာတချို့က ဖော်ပြနေခြင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအောင်ကျော်ဝင်းအား ဆက်သွယ်မေးမြန်းရာ "သတင်းမှားပါ။ ကောလဟာလတွေ ဖြန့်ဝေနေကြတာပါ။ အကိုတောင် သူများဖုန်းဆက်ပြောမှ သိရတယ်"ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။


Crd...

တိုင်းဖျက်ပြည်ဖျက် မီဒီယာတွေကို အရေးယူရန်အချိန်တန်ပါပြီ။တိုင်းဖျက်ပြည်ဖျက် မီဒီယာတွေက ဘယ်လိုရေးကြသလဲ။တိုင်းပြည်ဖျက်သူတွေ...
24/04/2021

တိုင်းဖျက်ပြည်ဖျက် မီဒီယာတွေကို အရေးယူရန်အချိန်တန်ပါပြီ။
တိုင်းဖျက်ပြည်ဖျက် မီဒီယာတွေက ဘယ်လိုရေးကြသလဲ။
တိုင်းပြည်ဖျက်သူတွေရဲ့ အရေးအသားကို မှတ်ထားကြပါ။
တင်သမျှ post တွေကို အဟုတ်အမှန်
ထင်မနေကြနဲ့။
တိုင်းပြည်ဖျက် မီဒီယာတွေရဲ့ ပါးစပ်မှာ ပြည်သူတွေ လမ်းမဆုံးကြပါစေနဲ့။

အာဆီယံဒေသတွင်း နိုင်ငံများက ဥပဒေမဲ့ စင်ပြိုင်အစိုးရကို အသိအမှတ်မပြုကြောင်း သက်သေပြလိုက်ပြီ မဲသမာမှုတွေကြောင့် ထိန်းသိမ်း...
24/04/2021

အာဆီယံဒေသတွင်း နိုင်ငံများက ဥပဒေမဲ့ စင်ပြိုင်အစိုးရကို အသိအမှတ်မပြုကြောင်း သက်သေပြလိုက်ပြီ

မဲသမာမှုတွေကြောင့် ထိန်းသိမ်းခံလိုက်ရတဲ့ NLD ပါတီက လွှတ်တော်အမတ်ဟောင်းများဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပါဆိုတဲ့ တစ်ဖက်သတ် ပြောဆိုမှုတွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီလထဲမှာပဲ နောက်တစ်ဆင့်အနေနဲ့ NUG အမည်ခံထားတဲ့ စင်ပြိုင်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

NLD ပါတီဟာ မဲမသမာမှုတွေ ပြုလုပ်ပြီးတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ဓမ္မရယူဖို့ ကြိုးစားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ ကိုချိုးဖောက်ရာရောက်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ အရ တပ်မတော်ကို အာဏာလွှဲအပ်ခဲ့ခြင်းဖြစ်တာကို NLD အမတ်ဟောင်းများက ဥပဒေရှုထောင့်ကနေ မပြောဘဲ ဥပဒေကို လိုရာစွဲပြောဆိုပြီး ဆူပူအုံကြွမှုတွေ ဖြစ်အောင် ဖန်တီးခဲ့သလို အကြမ်းဖက်မှုတွေဖြစ်အောင်လည်း လှုံ့ဆော်ခဲ့ကြပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ ကို ထပ်ဆင့်ပြီး ချိုးဖောက်ရာ ရောက်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဥပဒေချိုးဖောက်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့တဲ့ NLD အမတ်ဟောင်းများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း တရားမဝင်ကြေညာမှုတွေလည်း လုပ်ခဲ့ပါသေးတယ်။

NLD အမတ်ဟောင်းတွေကို အနောက်နိုင်ငံတချို့ ထောက်ပံ့ကူညီပေးနေတာတွေလည်း တွေ့မြင်ခဲ့ရပါတယ်။ တချို့သော အနောက်နိုင်ငံသံရုံးများက ဆူပူအကြမ်းဖက်မှုတွေကို အားပေးထောက်ခံပြီး ဥပဒေနဲ့အညီ ငြင်သာစွာ ကိုင်တွယ်နေတဲ့ တပ်မတော်အပေါ် ပြစ်တင်ပြောဆိုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

NLD အမတ်ဟောင်းများ ဖွဲ့စည်းထားတဲ့ CRPH နှင့် NUG ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရဖို့ အသည်းအသန်း ကြိုးပမ်းခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ကတော့ မတရားအသင်းအဖြစ် ကြေညာထားတဲ့ CRPH အဖွဲ့ဝင်တစ်ဦးကို ကုလသမဂ္ဂရုံးခန်းထဲအထိ ခေါ်သွားပြီး စကားပြောခွင့်ပေးခဲ့တာလည်း ရှိခဲ့ပါတယ်။

ယနေ့ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမှာလည်း မတရားအသင်းဖြစ်တဲ့ CRPH က အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ရဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ အာဆီယံနိုင်ငံများကတော့ တရားမဝင် မဲသူခိုးအစိုးရရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။
အာဆီယံထိပ် ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အချိန်မှာ CRPH ကို အားဖြည့်ဝန်းရံနေတဲ့ အဖျက်အမှောင့် မီဒီယာတချို့က အများပြည်သူ အထင်အမြင်လွဲမှားအောင် သတင်းမှားအမျိုးမျိုးဖြန့်ချိပြီး ဝေဖန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

တချို့သော CRPH ကို ထောက်ခံတဲ့ ပြည်သူတွေကလည်း ဝါဒဖြန့် မှိုင်းတိုက်နေတဲ့ မီဒီယာတွေ ဖော်ပြသမျှကို အဟုတ်ထင်ပြီး ယုံကြည်ကြတာတွေ ရှိပါတယ်။ ယမန်နေ့ကပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းဝေးကို တက်ရောက်ဖို့ ထွက်ခွါသွားခဲ့ပါတယ်။ အာဆီယံအသိုင်းအဝိုင်းအနေနဲ့ ဥပဒေမဲ့ ဆူပူအကြမ်းဖက်သူတွေကို မလိုလားဘူးဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်တာပါပဲ။ မတရားအသင်းကြေညာထားတဲ့ CRPH ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး ဥပဒေနဲ့အညီ တိုင်းပြည်ကို စီမံအုပ်ချုပ်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုသာ လက်ခံကြောင်း အထင်အရှား တွေ့မြင်လိုက်ရပြီပဲဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်နေတဲ့ တရားဝင်အစိုးရကိုသာ အာဆီယံအသိုင်းအဝိုင်းက လက်ခံအတည်ပြုလိုက်ပြီဆိုတာကို ဒီကနေ့ သက်သေပြလိုက်တာပါပဲ။

အများပြည်သူအနေဖြင့် သတင်းမှားဖြန့်ချိပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေကို ယုံကြည်မှု မလွန်ကဲမိစေဖို့နဲ့ မတရားအသင်း အဖြစ် ကြေညာထားတဲ့ CRPHနှင့် NUG အစရှိတဲ့ ဆူပူအကြမ်းဖက်မှုတွေကို အားပေးထောက်ခံခြင်းဟာလည်း မတရားအသင်း ဆက်သွယ်ရေး ဥပဒေမပုဒ်မ ၁၇(၁)၊ ၁၇(၂) တွေကို ငြိစွန်းရာ ရောက်တဲ့အတွက် သတိပြု နိုင်စေဖို့ သုံးသပ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။


Crd....

Address


Website

Alerts

Be the first to know and let us send you an email when Pyapon True News-PTN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share