Spring Archive 2.0

  • Home
  • Spring Archive 2.0

Spring Archive 2.0 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spring Archive 2.0, Digital creator, .

လုပ်ငန်းခွင်သုံး Digital Marketing Class မှာ အိမ်စာတွေကို အခုလိုစစ်ဆေးပြီး တိုးတက်မှုရှိတာသေချာအောင် ဖန်တီးပေးလျှက်ရှိပါ...
28/10/2023

လုပ်ငန်းခွင်သုံး Digital Marketing Class မှာ အိမ်စာတွေကို အခုလိုစစ်ဆေးပြီး တိုးတက်မှုရှိတာသေချာအောင် ဖန်တီးပေးလျှက်ရှိပါတယ်။ သင်တန်းတက်ရောက်လိုပါက Page Chat Box ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ် 🔵📖📌

#အိမ်စာစစ်ဆေးပေးခြင်း

AIDAသင်ခန်းစာအတွက် အိမ်စာကို အောက်ပါအတိုင်း အကြံပြုစစ်ဆေးပေးခဲ့တာဖြစ်ပါတယ်။
----------------------------------------------------------------------

Attention Interest ပေါင်းရေးတဲ့ ပထမဆုံးစာပိုဒ်ကို ဒီလိုလေး ပြင်လိုက်မယ်။

၁။ စတိုင်လဲကျပြီး သက်သောင့်သက်သာရှိစေရမယ် ကို ကျစ်ကျစ်လစ်လစ်လေးဖြစ်အောင်
( စတိုင်ကျ သက်သောင့်သက်သာရှိပြီး )လို့ပြင်လိုက်မယ်။

၂။
တဝက်ထိတောင်ဈေးသက်သာတဲ့ ကို ပိုမြင်သာအောင် နှိုင်းယှဉ်ပြတာမျိုးလုပ်မယ်။ ဘာနဲ့ နှိုင်းယှဉ်ကြမလဲ။ ဆိုတာကို တွေးရမယ်။ သူနဲ့ အနှိုင်းယှဉ်ခံက
အပြင်ဘေဆိုင်က အထည်တွေရဲ့ စျေးလား အထည့်သန့်ရဲ့စျေးလား ဆိုတာကို ရွေးရမယ်။

ရွေးပြီးတဲ့အခါ အထည့်သန့်ပေါက်စျေးထက် ထက်ဝက်ကျော်သက်သာတဲ့ လို့ ပြင်လိုက်မယ်။ ဒါဆို အသစ်ထက် တစ်ဝက်သက်သာနေတာကို ဒါပဲ ဝယ်တော့လေဆိုတဲ့ သဘောမျိုး ပိုမြင်သာလာမယ်။

( စတိုင်ကျ သက်သောင့်သက်သာရှိပြီး အထည့်သန့်ပေါက်စျေးထက် ထက်ဝက်ကျော်သက်သာတဲ့ Jeans Collection လေးတွေကို ရွေးချယ်မှာယူလို့ရပါပြီနော်။ )

ဒီလိုဖြစ်သွားမယ်အစ်မ။

ကျန်တဲ့ DA အဆင့်က တော့ ကောင်းပါတယ်။ တစ်ခုက Content က Customer နဲ့ ဆက်သွယ်တဲ့ ဘာသာစကားပါ။ ဆိုတော့ Customer နဲ့ ဆက်သွယ်တဲ့နေရာမှာ အဆင့်တိုင်းမှာ ရှင့်သုံးတာက ယဉ်ကျေးလွန်းရာကျစေတယ်။ ကျနော်တို့ အပြင်မှာ ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ရှင့် ပြောလွန်းနေရင် နားထောင်လို့မကောင်းသလိုပေါ့။

ဒီတော့ ရှင့်ကို အနည်းဆုံး တစ်ဆင့်လောက်မှာပဲ သုံးရင်ပိုအဆင်ပြေပါတယ်။ သူနဲ့ ပုံစံတူ နော် ဆိုတာမျိုး ကို သုံးပြီးလည်း ရှင့်သုံးတာကို ရှောင်လွဲလို့ရတယ်။ ။ ပေါ့ပေါ့ပါးပါးပေါ့။

ပိုးသတ် ရေပူနဲ့ရေလျှော်ပြီး မီးပူတိုက်ပြီးဖြစ်တဲ့အတွက် အဆင်သင့်ဝယ်ဝတ်ရုံပါပဲ။
(ဒီအဆင့်မှာ ရှင့်ကို ဖြုတ်လိုက်မယ်။)

အထည်အရေအတွက်နည်းလို့ အရင်မှာတဲ့သူပဲရမှာဖြစ်တဲ့အတွက် မြန်မြန်လေး Chatbox မှာလာမှာပေးပါရှင့်

အဆုံးသတ်ကျ တော့
စတိုင်ကျ သက်သောင့်သက်သာရှိပြီး အထည့်သန့်ပေါက်စျေးထက် ထက်ဝက်ကျော်သက်သာတဲ့
Jeans Collection လေးတွေကို ရွေးချယ်မှာယူလို့ရပါပြီနော်။ ( AI)

ပိုးသတ် ရေပူနဲ့ရေလျှော်ပြီး မီးပူတိုက်ပြီးဖြစ်တဲ့အတွက် အဆင်သင့်ဝတ်ရုံပါပဲ။ (D)

အထည်အရေအတွက်နည်းလို့ အရင်မှာတဲ့သူပဲရမှာဖြစ်တဲ့အတွက် မြန်မြန်လေး ChatBox မှာလာမှာပေးပါရှင့် (A)

ဒီလိုမျိုးဖြစ်သွားပါမယ်။ ရေးသက်ရင့်ဖို့ များများလေ့ကျင့်ပေးပါဗျ။ ပြီးတာနဲ့ အိမ်စာက အမြဲလာထပ်လို့ရပါတယ်။

14/10/2023

SA ရဲ့ Digital Marketing Online Class ကို Join ထားတဲ့ သူတွေ စာမေးဖို့အတွက်ချပေးထားတဲ့ Telegram Group ထဲ ဝင်ခဲ့ပေးပါလား။ စာလည်းမေးရင်း ကြော်ငြာရေးနည်းတွေ အကြောင်း အာလူးဖုတ်ရအောင်။👋

သင်တန်းအပ်လို့ရပါပြီ။ 👋
09/10/2023

သင်တန်းအပ်လို့ရပါပြီ။ 👋

လူတိုင်းစျေးရောင်းနေတဲ့ ခေတ်မှာ ဒီဂျစ်မားကစ်တင်းကလည်း မဖြစ်မနေ သိထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်လာနေပါတယ်။
------------------------------------------
အခု သင်တန်းမှာတော့ ...page တစ်ခုထောင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေ၊
ဒီဂျစ်တယ်မားကစ်တင်းအလုပ်အကိုင်တွေကို ၀င်ရောက်လုပ်ကိုင်လိုသူတွေနဲ့ ကိုယ်ပိုင် ကြော်ငြာအေဂျင်စီတစ်ခု ထောင်ပြီး Run လိုသူတွေအထိ ဒီဂျစ်တယ်မားကစ်တင်းနဲ့ ပတ်သတ်တဲ့ သိသင့်သိထိုက်တာအားလုံးကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သွားဖို့ အိပ်သွန်ဖာမှောက်သင်ကြားပေးသွားမှာပါ။
အိမ်စာတွေပေးပြီး ကျွမ်းကျင်မှုကို စစ်ဆေးပေးမယ့် စာတွေ့ လက်တွေ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 ဖြစ် ပြီးတော့ သင်တန်းကြေးကလည်း 2𝟎𝟎𝟎𝟎 ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

ဘယ်သူက သင်ကြားပေးမှာလည်း

လက်ရှိမှာ ကြော်ငြာအေဂျင်စီတစ်ခုထောင်ထားပြီး Online Class တစ်ခုကိုပါတွဲဖွင့်ထားတဲ့ SA ရဲ့ မိတ်ဖက် ဒီဂျစ်တယ်မာကစ်တာတစ်ယောက်က သင်ကြားပေးသွားမှာပါ။

📖 𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐮𝐭𝐥𝐢𝐧𝐞 : သင်ကြားပေးမယ့် သင်ခန်းစာများ
🔹 𝐃𝐈𝐆𝐈𝐓𝐀𝐋 𝐌𝐀𝐑𝐊𝐄𝐓𝐈𝐍𝐆 ဆိုတာဘာလဲ
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐 : ကြော်ငြာမရေးခင် ဘာတွေလုပ်ရမလဲ
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐 : ကြော်ငြာရေးနည်းတွေကို သိတာနဲ့ မသိတာ ဘယ်လောက်အထိ ကွာခြားမှုရှိလည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐 : အထိရောက်ဆုံး ကြော်ငြာ​ရေးနည်း ( ၈) မျိုး + အိမ်စာများ
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟏𝟖 : 𝐊𝐞𝐲𝐰𝐨𝐫𝐝𝐬 ဖမ်းနည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟏𝟗 : မဖြစ်မနေသိထားသင့်တဲ့ 𝐁𝐮𝐲𝐞𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲 အကြောင်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟎 : လုပ်ငန်းတစ်ခုမှာရှိသင့်တဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 အမျိုးအစားများ
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟏 : 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 တစ်ခုဘယ်လိုဆွဲမလည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟐 : ခေတ်စားနေတဲ့ 𝐀I ကို ဘယ်လို အသုံးချရမလည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟑 : အလုပ်ဖြစ်ခဲ့ တဲ့ ကြော်ငြာတစ်ပုဒ်နှင့် ရေးနည်းတွေးနည်းများ အကြောင်း ပြန်လည်ပြောပြခြင်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟒 : 𝐂𝐥𝐢𝐞𝐧𝐭 ဘယ်လိုရှာကြမလဲ
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟓 : 𝐒𝐭𝐨𝐫𝐲 𝐓𝐞𝐥𝐥𝐢𝐧𝐠 အကြောင်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟔 : သိထားသင့်တဲ့ 𝐀𝐟𝐟𝐢𝐥𝐢𝐚𝐭𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အကြောင်း
🔹 ကြော်ငြာကို ပိုခန့်ငြားစေရန် စကားပြေရေးဟန်ကို အသုံးချခြင်း
🔹 အောင်မြင်သူများနှင့် ၄င်းတို့ ၏ ရေးနည်းရေးဟန်များ အားလေ့လာခြင်း
𝐃𝐞𝐬𝐢𝐠𝐧 ပိုင်း:
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟖 : Graphic Design သင်ထားသင့်လား
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟐𝟗 : 𝐂𝐚𝐧𝐯𝐚 မိတ်ဆက်
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟎 : 𝐂𝐚𝐧𝐯𝐚 နဲ့ 𝐀𝐝𝐨𝐛𝐞 ပေါင်းစပ်အသုံးပြုခြင်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟏 : 𝐂𝐚𝐧𝐯𝐚 ဖြင့် အမိုက်စား 𝐋𝐨𝐠𝐨 တစ်ခုရေးဆွဲနည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟏 : 𝐂𝐚𝐧𝐯𝐚 ဖြင့် Design တစ်ခုဆွဲကြည့်ခြင်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟏 : 𝐂𝐚𝐧𝐯𝐚 ဖြင့် CV Form တစ်ခုဆွဲကြည့်ခြင်း

𝐌𝐞𝐝𝐢𝐚 𝐁𝐮𝐲𝐢𝐧𝐠 ပိုင်း :
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟐 : 𝐌𝐞𝐝𝐢𝐚 𝐁𝐮𝐲𝐢𝐧𝐠 ဆိုတာဘာလဲ
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟑 : 𝐕𝐢𝐬𝐚 𝐂𝐚𝐫𝐝 လျှောက်နည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟒 : 𝐀𝐝𝐬 𝐀𝐜𝐜𝐨𝐮𝐧𝐭 တွင် Visa Card ချိတ်နည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨𝐬 𝟑𝟓 : 𝐏𝐚𝐠𝐞 𝐋𝐢𝐤𝐞 တက်စေရန် (𝐁𝐨𝐨𝐬𝐭) လုပ်နည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟔 : ရောင်းအားတက်စေရန် 𝐏𝐨𝐬𝐭 𝐏𝐫𝐨𝐦𝐨𝐭𝐞( 𝐁𝐨𝐨𝐬𝐭) လုပ် နည်း
🔹 𝐋𝐞𝐜𝐭𝐮𝐫𝐞 𝐕𝐢𝐝𝐞𝐨 𝟑𝟕 : အောင်မြင်သူတွေ ဘယ်လို ကြော်ငြာကြလဲ
စတဲ့ လက်တွေ့အသုံးဝင်တဲ့ သင်ခန်းစာများပါဝင်ပါတယ်။
𝐕𝐢𝐝𝐞𝐨 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 ဖြစ်ပြီး ကိုယ်အားလပ်တဲ့ အချိန်တွေမှာ ဝင်လေ့လာလို့ရပါတယ်။

✔️ ဘယ်သူတွေတက်သင့်လည်း
* ဝင်ငွေကောင်းတဲ့ ဒီဂျစ်တယ်မာကစ်တာများ အဖြစ် အသက်မွေးလိုသူတွေ ၊
ဘ၀တစ်ဆစ်ချိုးမှာ Carrier ချိန်းလိုသူတွေ
စာရေးတာကို ဝါသနာပါလို့ ဒီအလုပ်နဲ့ပဲ အသက်မွေးလိုသူတွေ
* ကြော်ငြာရေးနည်းနဲ့ Boost လုပ်နည်းကို တစ်နေရာထဲမှာသင်ကြားလိုသူတွေ
ကိုယ်လိုချင်တဲ့ပညာရပ်တစ်ခုကို သင်ကြားရင်း တော်လှန်ရေးမှာ ပါဝင်လိုသူတွေ တက်ရောက်သင့်ပါတယ်။
သင်တန်းကရလာတဲ့ ငွေကြေးပမာဏကို ရဲဘော်လေးယောက်ရဲ့ ဆေးကုသစားရိတ်နဲ့ ထောင်ဝင်စာပို့ဖို့ အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။

သင်ကြားမည့်ပုံစံ
နေ့စဉ်တင်ပေးသွားမည့် Video Lessons များအားလေ့လာပြီး အိမ်စာများအားတစ်ပါတည်းလုပ်ဆောင်ရပါမည်။

လူတိုင်းစျေးရောင်းနေတဲ့ ခေတ်မှာ ဒီဂျစ်မားကစ်တင်းကလည်း မဖြစ်မနေ သိထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်လာနေပါတယ်။ ------------------...

SA ရဲ့ ရှေ့ဆက်သွားမယ့် Fundraising ပလန်တွေ အတွက် Investors ခေါ်လိုပါတယ်။ နှစ်ဦးသုံးဦးကနေ ငါးဦးဆို ရပါပြီ။ Investment Budget က 5 Lakh ဖြစ်ပြီး Profit Target ကတော့ At Least 30 Lakhs ဖြစ်ပါတယ်။ ပရောဂျက်အတွက် အခြေခံ မတည်ငွေ တစ်ချို့ စတင်ရင်းနီးပေးရမှာဖြစ်ပြီးတော့ Profit ပြန်ထွက်လာတာနဲ့ မတည်ငွေအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာဖြင့် ပြန်လည်ပေးအပ်သွားမှာပါ ။ အပြင်လုပ်ငန်းတွေလိုပဲ ပရောဂျက်ပလန်နဲ့ အောင်မြင်နိုင်ချေအလားအလာတွေကို မတည်မယ့်သူများကို ရှင်းလင်းတင်ပြပေးသွားပါမယ်။ ကူညီမတည်လိုသူများအနေနဲ့ Page Chat Box သို့ ဆက်သွယ်ပေးပါဦးခင်ဗျာ။ ☎️☎️☎️

SA ကနေ Fundraising အတွက် မကြာခင်ဖွင့်လှစ်သွားမယ့် လုပ်ငန်းခွင်သုံး ဒီဂျစ်တယ်မားကစ်တင်းသင်တန်းကို တက်မယ်ဆိုရင်  ဘယ်လောက်ထ...
05/10/2023

SA ကနေ Fundraising အတွက် မကြာခင်ဖွင့်လှစ်သွားမယ့် လုပ်ငန်းခွင်သုံး ဒီဂျစ်တယ်မားကစ်တင်းသင်တန်းကို တက်မယ်ဆိုရင် ဘယ်လောက်ထိ အသုံးဝင်အကျိုးရှိသွားမလဲ
--------------------------------------

SA ရဲ့ မကြာခင်ခင်ဖွင့်လှစ်သွားမယ့် လုပ်ငန်းခွင်သုံး ဒီဂျစ်တယ်မားကစ်တင်းသင်တန်းမှာ အထိရောက်ဆုံး ကြော်ငြာရေးနည်း(၈) မျိုးထဲက တစ်မျိုးဖြစ်တဲ့ AIDA ရေးနည်းအကြောင်းလည်း ပါဝင်သင်ကြားပေးမှာဖြစ်ပါတယ်။

AIDA ဆိုတာ
-------
၁။ Attention - ဝယ်သူရဲ့ အခက်အခဲပြဿနာ သို့ ဖြစ်ချင်တဲ့ ဆန္ဒအိမ်မက်တွေကို Call ခေါ်ပြီး ဝယ်သူရဲ့အာရုံစိုက်မှုကို ရအောင်လုပ်
၂။ Interest - Attention အဆင့်မှာပြောခဲ့တဲ့ အခက်အခဲပြဿနာတွေအတွက် ကိုယ့်ရဲ့ Product သို့ ဝန်ဆောင်မှုက အဖြေပေးနိုင်ကြောင်းပြော
၃။ Desire - ကိုယ့် Product သို့ ဝန်ဆောင်မှုကို လိုချင်လာအောင်ပြော
( ဒီသုံးဆင့်ပြီး ရင် ဝယ်သူက သူ့အခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ဝယ်ယူချင်သွားပြီ )
၄။ Action - နောက်ဆုံးအဆင့်မှာတော့ ဝယ်ချင်သွားပြီဖြစ်တဲ့ Customer ကို ဝယ်ယူမှုပြုလုပ်ဖို့ တိုက်တွန်း

ဆိုတဲ့ အဆင့်လေးဆင့်နဲ့ ကြော်ငြာကောင်းတစ်ပုဒ်ကို ဖန်တီးရေးသားတာပါ။

နမူနာအနေနဲ့ ရေခဲမုန့် ရောင်းတဲ့ ကြော်ငြာအကြောင်း အနည်းငယ် ရေးပြပါမယ်။ အသေးစိတ်ကို တစ်ပုံချင်းရဲ့အောက်မှာဖတ်ပေးပါ။ ဒီကြော်ငြာရဲ့ နောက်ဆုံးအဆင့်က Grab တို့ FoodPanda တို့မှာ တွေ့ရလေ့ရှိတဲ့ အရေးအသားမျိုးတွေနဲ့ Level တူ ရှိတော့ ဒီသင်တန်းတက်ပြီး သေချာလေ့ကျင့်မယ်ဆိုရင် Famous Brand တွေအတွက် ပါ ကိုင်တွယ်ရေးသားနိုင်တဲ့ လယ်ဗယ်အထိ တွေးတတ်ရေးတတ်သွားမယ်ဆိုတာ ကို မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သင်တန်းကရလာတဲ့ ငွေကြေး တွေကို တော်လှန်ရေးအကျိုးအတွက် ကိုယ်ရောစိတ်ပါ အားစိုက်ကြိုးပန်းခဲ့ကြတဲ့ ရဲဘော်လေးယောက်ရဲ့ ဆေးကုသစားရိတ်နဲ့ ထောင်ဝင်စာပို့ဖို့ကိစ္စတွေအတွက် အသုံးပြုသွားမှာပါ ။ မကြာခင်မှာ သင်တန်းအသေးစိတ်ကို ကြေညာပေးသွားပါ့မယ်။ We are Back !

Fundraising Campaign တစ်ခုကို ဘယ်လိုမျိုး ရေးသားတည်ဆောက်ကြမလဲ ----------------------------------------အခုရှဲထားတဲ့ SA က ...
04/10/2023

Fundraising Campaign တစ်ခုကို ဘယ်လိုမျိုး ရေးသားတည်ဆောက်ကြမလဲ
----------------------------------------
အခုရှဲထားတဲ့ SA က ပြုလုပ်ထားခဲ့တဲ့ ယဉ်တန်းဖြိုကမ်ပိန်းကို အလုပ်အဖြစ်ဆုံး ကြော်ငြာရေးနည်းတစ်မျိုးဖြစ်တဲ့ Attention Interest Desire Action Formula နဲ့ ရေးသားထားတာဖြစ်ပါတယ်။

ပထမဆုံး Attention အဆင့်မှာ တော်လှန်ရေးရဲ့ အခက်အခဲပြသနာတွေကို စဉ်းစားပါတယ်။ စဉ်းစားလို့ရပြီဆိုတာနဲ့ အဲ့ဒီပြဿနာတွေကို ပြောပြီး ပြည်သူလူထုရဲ့ အာရုံစိုက်မှုကို ယူပါတယ်။

Interest အဆင့်မှာတော့ Attention အဆင့်မှာတုန်းက ပြောခဲ့တဲ့ ပြဿနာအတွက်အဖြေကို ပေးပါတယ်။

တတိယအဆင့် Desire : (ဗမာပြည်သည် စာပိုဒ်ကနေ ပိုလျှံနေသာ အထိ) မှာတော့ လှူချင်လာအောင် ပြောပါတယ်။

အောက်ဆုံး Action အဆင့်မှာတော့ အပေါ်က သုံးဆင့်ကို ဖတ်ပြီး လှူချင်သွားပြီဖြစ်တဲ့ စာဖတ်သူတွေကို ပွဲသိမ်းထိုးချက်အနေနဲ့ လှူဖို့ အတွက် တိုက်တွန်းပါတယ်။

-------------------------------------
ဒါကို ပြန်လည်ရှင်းပြရခြင်းအကြောင်းက ကျနော်တို့တွေ Fundraising အတွက် အခြေခံအကျဆုံးကြော်ငြာရေးနည်းတွေအပါအဝင်၊ Digital Marketing နဲ့ ပတ်သတ်တာတွေကို ပြည့်ပြည့်စုံစုံသင်ကြားပေးသွားမယ့် Online Class လေးဖွင့်ဖို့ရှိပါတယ်ဆိုတဲ့ အကြောင်းပါ။ မကြာခင်မှာ Announce လုပ်ပါမယ်။

အညာဒေသတစ်ခုလုံး ‌ကပ်‌‌ဆိုက်နေချိန်တွင် အခြားဒေသများ၌ ထမင်းရည်ချောင်းစီးမောင်းတီးပြီး အလှူမင်္ဂလာပွဲများ ခြိမ့်ခြိမ့်သဲကျင်းပနေကြသည်။

ပျော်ပွဲ ရွှင်ပွဲကာလမဟုတ် ၊ စစ်lပွဲကာလ ဖြစ်သည် ကို သတိပေးလို၍ အလှူမခင်းနှင့် --- ခင်း ဟူသော စာသားဖြင့် YIN-TANN-PHAO ကမ်ပိန်း 3.0 အား စတင်လိုက်ရပါသည်။

ဗမာပြည်သည် ဗုဒ္ဓဘာသာ ထွန်းကားသော တိုင်းပြည်ဖြစ်သည့်အားလျှော်စွာ တိုင်းပြည်၏ အဆုံးအဖြတ် တော်lလှန်ရေးတွင်လည်း လူဦးရေအများဆုံး ဗုဒ္ဓဘာသာဝင်များ၏ အကူအညီကို မုချ လိုအပ်ပါသည်။

ဆိုင်းဝိုင်းများ ၊ အိုးစည်ဗုံမောင်းများဖြင့် အလှူမင်္ဂလာပွဲများ ကျင်းပနေကြခြင်း ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ လှူတန်းမှုများမှာ တော်lလှန်ရေးအဖွဲ့အစည်းများအစား၊ ဘာသာရေး အဖွဲ့အစည်းများထံသို့ သာ အများဆုံး စီးဝင်နေကြခြင်းတို့ကြောင့် လွတ်မြောက်ရေးအတွက်၊ အသံများကို မေ့လျော့ သွားကြပြီလားဟု ထင်မှတ်စရာဖြစ်လာပါသည်။

တော်lလှန်ရေးသည် မိဘ ပြည်သူများ‌ရောက်ရှိလိုသည့် နတ်ပြည်သမျှ သာလွန်ကောင်းမွန်သော လူ့ဘောင်ကို ဖန်တီးပေးနိုင်သည်ဟု ကြွေးကြော်လိုပါသည် ။

မိဘပြည်သူများနှင့် သားသမီးများအတွက် အကောင်းမွန်ဆုံး ပညာရေး ကျန်းမာရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများစွာကို တော်lလှန်ရေးက ယူဆောင်ပေးပါလိမ့်မည်။ တော်lလှန်ရေး အောင်မြင်ခြင်းက လူသန်းပေါင်းများစွာ၏ လူနေမူဘဝများကို ရုတ်ချည်း တိုးတက်ပြောင်းလဲမည် ဖြစ်သဖြင့် တော်lလှန်ရေးကို ကူခြင်းထက် မြတ်သော အလှူမရှိတော့ပါ။

ပိုလျှံနေသော ဘုန်းကြီးကျောင်းများ ၊ ကျိကျိတက် ကြွယ်ဝချမ်းသာသော တိုက်ပိုင် ကားပိုင် ရှိသော ၊ ဆရာတော်များ ၊ ထို့ထက်ပိုပြောရပါလျှင် ၊ တိုင်းပြည်ဖျက် -- သူ အာဏာရှင်များနှင့်ပင် ပေါင်းဖော်နေကြသေးသည့် လူတစုအား လှူဒါန်းနေမည့်အစား ၊ ကောင်းမွန်
သော တိုင်းပြည်အနာဂါတ်ကို ဖန်တီးနေသည့် လူငယ်ရဲဘော်များအား လှူကြစမ်းပါလေ ဟု တိုက်တွန်း မေတ္တာရပ်ခံချင်ပါသည်။

ကမ်ပိန်း ကောက်ခံရရှိငွေများအား ၊ ရွာစဉ်ပတ် ပြာlချနေသော စစ်ကောင်စီယာဉ်တန်းများအား တိုက် -- နေပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် မဟာမိတ်စုဖွဲ့မှု‌ကောင်းမွန်စွာဖြင့် အလုပ်လုပ်နေသည့် အညာဒေသရှိ ငှက်ပျောဖူး ၊ ထုတ် ၊ စခန်းlနှစ်ခုအား လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။

အလှူမခင်းပဲ -- ခင်းလိုသူများ အနေဖြင့် Kpay , Wave , NUG Pay , Pawnow , Thai Bank အကောင့်များဖြင့် ၊ Page CB မှတစ်ဆင့် မတ်လ 31 ရက်မှ ဧပြီလ 23 ရက်ထိ လာရောက်လှူဒါန်းနိုင်ပါပြီ ။

03/10/2023

ဒီနေ့က စပြီး SA ရဲ့ အရန် Page ကို လုပ်အားနဲ့ ရန်ပုံငွေရှာတဲ့ Page အဖြစ် ပြောင်းလဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ Professional တွေလို အလုပ်လုပ်မယ်။ Professional တွေလို အလုပ်တွေ လက်ခံမယ်။ လုပ်အားခကို တလရ အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ 👋

08/05/2023

" ဒေါင်းစစ်သည် မြောင်ပျောက်ကျားတပ်ဖွဲ့မှ ပေးပို့လာတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပါ " ။ ဂုဏ်ပြုမှတ်တမ်းလွှာကို ဗီဒီယိုရိုက်ပို့တာက ကူညီထောက်ပို့တဲ့ ပြည်သူကို အလေးနက်ဆုံး ကျေးဇူးတင်တာပါပဲ။

“သင်ခန်းစာယူရမည့် လေကြောင်းအန္တရာယ်”ခုလို အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေးအားပြိုင်ချိန်မှာ ပညာ...
04/05/2023

“သင်ခန်းစာယူရမည့် လေကြောင်းအန္တရာယ်”

ခုလို အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေးအားပြိုင်ချိန်မှာ ပညာရေးစုံညီပွဲ ၊ ဆုပေးပွဲ ၊ ဆေးရုံဆေးခန်းဖွင့်ပွဲ စတဲ့ “လူစုလူဝေးပွဲ” တွေကို တတ်နိုင်သမျှရှောင်ရှားစေချင်ပါတယ်။

ပကဖ/ပအဖ/ပလဖ ရုံးဖွင့်ပွဲတွေမှသာ လေကြောင်းရန်ကို သတိပြုရမှာမဟုတ်ဘဲ ကျန်းမာရေး (ဆေးရုံ) နဲ့ ပညာရေး (စာသင်ကျောင်း)တွေဟာလည်း “လေကြောင်းရန်နဲ့ လူစုလူဝေးပွဲ” တွေကို ပိုပြီး သတိပြုရမှာဖြစ်ပါတယ်။

လူစုလူဝေးလုပ်တာအပြစ်မဟုတ်ဘူး ၊ ပျော်ပွဲရွှင်ပွဲနဲ့ ဖွင့်ပွဲတွေလုပ်တာအပြစ်မဟုတ်ဘူး “အဓိကတရားခံဟာ စစ်အုပ်စု” ပဲဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒါက ဒီတော်လှန်ရေးအင်အားစုတွေဘက်က နားလည်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ တကယ့်လက်တွေ့မှာတော့ စကစဘက်ကလေကြောင်းချေမှုန်းပြီးမှသာ တော်လှန်ရေးဘက်က ဒီလိုပြောနေနိုင်တာပါ။ ဒါကြောင့် အဓိကတရားခံဟာစစ်အုပ်စုဆိုတာအပြင် မိမိတို့ သတိပြုလိုက်နာရမယ့် လုံခြုံရေးနည်းနာတွေကိုလည်း အမြဲသတိရှိရှိ မပေါ့မဆ လိုက်နာဆင်ခြင်ကြဖို့လည်း လိုပါတယ်။

အကယ်လို့ ဖွင့်ပွဲတွေမဖြစ်မနေလုပ်ချင်တယ်ဆိုရင်တောင် ဒီအချက် (၃)ချက်ကိုတော့ ပြင်ဆင်လုပ်ဆောင်ထားစေချင်ပါတယ်—

၁) သတင်းလုံခြုံရေးအထူးသတိရှိဖို့၊
၂) ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေအပေါ် ဦးစားပေးစဉ်းစားမှု၊
၃) လေကြောင်းရန်ကာကွယ်ရေး အသိပေးချက်စနစ်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ လက်တွေ့လေ့ကျင့်ထားဖို့ပဲ ဖြစ်ပါတယ်။

🔲အကြမ်းဖက်စစ်အုပ်စုရဲ့စစ်ရေးပစ်မှတ်

စစ်ရေးပစ်မှတ်နဲ့ပတ်သက်လို့ကတော့ နိုင်ငံတကာနဲ့ တော်လှန်ရေးအင်အားစုတွေကဖော်ပြထားတဲ့ ကျင့်သုံးလိုက်နာရမယ့်အချက်တွေ ရှိပါတယ်။ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ အဓိကဆိုလိုရင်းကတော့ ဘယ်နားမှာဘယ်လိုဖော်ပြထားထား အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးပစ်မှတ်ဟာ “NUG ရဲ့ ယန္တရားတွေနဲ့ မဟာမိတ်ပြုထားတဲ့ အဖွဲ့တွေ/အင်အားစု/ERO” တွေပဲဖြစ်ပါတယ်။ ဒါကြောင့် NUG ရဲ့ စာသင်ကျောင်း၊ NUG ရဲ့ဆေးရုံ စတဲ့ NUG နဲ့သက်ဆိုင်တာမှန်သမျှ အားလုံးဟာ သူတို့ရဲ့ စစ်ရေးပစ်မှတ်လို့ပဲ ဆိုနိုင်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာတောင် လေယာဉ်ပစ်မရှိနိုင်သေးတဲ့အပြင် ရှိခဲ့ရင်တောင် အားလုံးဆီကိုအလုံအလောက်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စာသင်ကျောင်းနဲ့ ဆေးရုံတွေဆီမှာလည်း လေယာဉ်ပစ်တွေမရှိလာနိုင်သလို ရှိလာခဲ့ရင်တောင် စာသင်ကျောင်းတွေမှာ လက်နက်ကိုင်ဆောင်ခွင့် တပ်စွဲခွင့်မရှိဘူးဆိုတာ ပြန်သတိပြုရမယ့်အချက် ဖြစ်ပါတယ်။

နောက်တခုဖြည့်စွက်အကြံပြုလိုတာကတော့ ဆေးရုံဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေဟာ ပညာရေးအဆက်မပြတ်ဖို့နဲ့ ကျန်းမာရေးအထောက်အကူပြုဖို့ အရေးကြီးလိုအပ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဒီဆေးရုံဆေးခန်းနဲ့စာသင်ကျောင်းတွေ ပျိုးထောင်ခြင်းဟာ NUG အစိုးရတရားဝင်မှုရရှိရေးထက် အမှန်တကယ်စစ်မှန်လွတ်လပ်တဲ့ ဖက်ဒရယ်ပညာရေးနဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်‌တွေဆီ ဦးတည်သင့်ပါတယ်။

🔲သက်သေအချက်အလက်စနစ်တကျစုဆောင်းပါ

ပဇီကြီးဖြစ်စဉ်နေ့မှာ လေကြောင်းတိုက်ခိုက်ခံရမှုပြီးပြီးချင်း ဓာတ်ပုံနဲ့ရုပ်သံတွေ လူမှုကွန်ယက်ကို အလျင်အမြန်ပျံ့နှံ့လာပါတယ်။ ဒါက တဘက်မှာ သက်သေအချက်အလက်နဲ့ သတင်းအလျင်အမြန်သိမှ ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်နိုင်မှာ အကူအညီရနိုင်မှာမှန်ပေမယ့် ပြန်လည်စိစစ်ပြီးတင်ထားတာမဟုတ်တဲ့အခါ စစ်အုပ်စုဘက်က ရုပ်သံမှာပါတဲ့ နောက်ခံအသံနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေပုံကို လိုသလိုဖြတ်ညပ်ကပ် ကြံဖန်ပါတော့တယ်။ (ခုလိုအရေးပေါ်ဖြစ်စဉ်မျိုးမှာ စနစ်တကျစိစစ်စုဆောင်းပြီး သက်ဆိုင်ရာဆီပေးပို့ဖို့ဆိုတာ တကယ့်လက်တွေ့မှာဖြစ်နိုင်ဖို့ခက်ခဲတယ်ဆိုတာကိုလည်း အလေးအနက် စာနာနားလည်ပါတယ်)

ဓာတ်ပုံနဲ့ ရုပ်သံတွေကတဆင့် နောက်ခံအခင်းအကျင်းမြင်ကွင်းကို စစ်အုပ်စုဘက်က ခြေရာခံမထောက်လှမ်းနိုင်ဖို့အတွက်လည်း “နည်းပညာလုံခြုံရေး” သတိရှိစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ လူစုလူဝေးပွဲတွေမပြုလုပ်ခင်နဲ့ ပြုလုပ်နေစဉ်အတွင်းမှာ သတင်းအချက်အလက်မပေါက်ကြားဖို့ မိမိတို့သုံးတဲ့ (fb/Instagram/tiktok) စတဲ့ပလက်ဖောင်းတွေမှာ ချက်ချင်းမတင်ကြဖို့နဲ့ တင်ထားခဲ့ရင်တောင် အချက်အလက် ကောက်ကြောင်းခြေရာကျန်နိုင်တာကြောင့် လုံးဝမတင်ထားကြဖို့ပဲ အလေးအနက်အကြံပြုလိုပါတယ်။ အခန့်မသင့်ရင် ဖုန်းပျောက်တာ/ဖုန်းခိုးခံရတာ/ဖမ်းခံရလို့ ဖုန်းတွေ ဓာတ်ပုံမှတ်တမ်းအချက်အလက်တွေကကတဆင့် မိမိတို့စခန်းတည်နေရာ/အသိုက်တည်နေရာတွေကို ခြေရာခံထောက်လှမ်းနိုင်တယ်ဆိုတာကိုလည်း ရှေ့ကသာဓကများကို သင်ခန်းစာယူစေချင်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ MOGE အပါအဝင် ၎င်းတို့အတင်းအဓမ္မလုယူထားတဲ့ ပြည်သူ့အခွန်အခတွေနဲ့ စွမ်းအင်အရင်းအမြစ်တွေ ရှိနေသေးသရွေ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေနိုင်မှာဖြစ်ပြီး တော်လှန်ပြည်သူများ/တော်လှန်ရေးအင်အားစုများအနေဖြင့် လွန်ကဲတဲ့ကြောက်ရွံ့မှုတွေမဖြစ်ဖို့၊ စိုးရွံ့မှုတွေကြားကနေ အသိ-သတိမလွတ်ကြဖို့၊ သတင်းအချက်အလက်တွေကို ချင့်ချိန်ယုံကြည်ကြဖို့ အချင်းချင်းအပြန်အလှန်ကာကွယ်စောင့်ရှောက်ကြရင်း ခံနိုင်ရည်ရှိရှိ ပါဝင်ရှေ့ဆက်ကြဖို့ Enemy Air Route Team မှ အလေးအနက် အသိပေးအပ်လိုက်ရပါတယ်။

EAR Channel မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

27/04/2023

ကျေးဇူးတင်စကား ✊

တတိယအကြိမ်မြောက် ယာဉ်တန်း|ဖြို ကမ်ပိန်း ပြီးဆုံးသွားပါပြီ။ ကောက်ခံရရှိငွေပေါင်း ၄၅သိန်း သုံးသောင်း နှစ်ထောင်ကျပ်ရရှိခဲ့ပ...
26/04/2023

တတိယအကြိမ်မြောက် ယာဉ်တန်း|ဖြို ကမ်ပိန်း ပြီးဆုံးသွားပါပြီ။ ကောက်ခံရရှိငွေပေါင်း ၄၅သိန်း သုံးသောင်း နှစ်ထောင်ကျပ်ရရှိခဲ့ပါတယ်။

အလှူငွေလွှဲပြောင်းပေးအပ်မှုမှတ်တမ်းတွေကို တပ်ရင်းတပ်ဖွဲ့တွေဆီက ဂုဏ်ပြုမှတ်တမ်းလွှာတွေ ရရှိတာနဲ့ ပြန်လည်တင်ပြပေးသွားပါ့မယ်။ ကမ်ပိန်းနဲ့ အတူ အလှူမခင်းနဲ့ --- ခင်း ကြ ဆိုတဲ့ အရေးပါတဲ့ တော်လှန်ရေးသတင်းစကားကို ပါးနိုင်ခဲ့တဲ့ အတွက်လည်း ကျေနပ်မိကြောင်းပါ။

နှစ်ကူးချိန်တွေကို ဘယ်လို အမြင်ရှိလဲ။ နိူရာ့အတွက်တော့ နှစ်ကူးချိန်တွေဆိုတာ အချိန်ဘယ်လောက်အထိ တော်လှန်ခဲ့ပြီးပြီဆိုတဲ့ အဓ...
17/04/2023

နှစ်ကူးချိန်တွေကို ဘယ်လို အမြင်ရှိလဲ။ နိူရာ့အတွက်တော့ နှစ်ကူးချိန်တွေဆိုတာ အချိန်ဘယ်လောက်အထိ တော်လှန်ခဲ့ပြီးပြီဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြနိုင်တဲ့ အမှတ်အသားတစ်ခုလို့ ထင်မြင်ယူဆမိပါတယ်။ နှစ်တစ်နှစ်ကူးသွားတိုင်း ခြေလှမ်းပေါင်းများစွာ ပန်းတိုင်နဲ့ ပိုနီးသွားဖို့မျှော်လင့်မိတယ်။ အားလုံးလည်း ထပ်တူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

16/04/2023

မမကိုယ်တိုင်က 💦💦💦

တော်လှန်သင်္ကြန်မှာ ရဲဘော်တွေ နင်းဖို့ လုပ်ထားတဲ့ စစ်ခေါင်းဆောင် ရဲ့ ပရင့်မထုတ်ခင် ဒီဇိုင်း ✊။
15/04/2023

တော်လှန်သင်္ကြန်မှာ ရဲဘော်တွေ နင်းဖို့ လုပ်ထားတဲ့ စစ်ခေါင်းဆောင် ရဲ့ ပရင့်မထုတ်ခင် ဒီဇိုင်း ✊။

13/04/2023

ပြည်ပနိုင်ငံတစ်ခုမှာကျင်းပတဲ့ တော်လှန်|ရေး ရန်ပုံငွေပွဲတစ်ခုအတွက် နိူရာပေးပို့ခဲ့တဲ့ ကပြဖျော်ဖြေမှု ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ အားလုံးနဲ့အတူ တော်လှန်သင်္ကြန်ကို ဆင်နွှဲတဲ့ အနေနဲ့ Page ကနေလည်း တင်ဆက်ပေးလိုက်ပါတယ်။ ရဲဘော်အားလုံးပဲ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ။ Youtube မှာလည်း Stream ပေးကြပါဦး ။

💦မနက်ဖြန်စတင်ကျရောက်မည့် မဟာအတာသင်္ကြန်ကာလအတွင်း SA ၏ ရဲဘော်သစ် ရဲဘော်ဟောင်းအားလုံး စိတ်ရွှင်လန်းကျန်းမာစွာ နေထိုင်ဖြတ်သ...
12/04/2023

💦မနက်ဖြန်စတင်ကျရောက်မည့် မဟာအတာသင်္ကြန်ကာလအတွင်း SA ၏ ရဲဘော်သစ် ရဲဘော်ဟောင်းအားလုံး စိတ်ရွှင်လန်းကျန်းမာစွာ နေထိုင်ဖြတ်သန်းနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ ရန်သူနှင့် အပြိုင် နားရက်မယူပဲ ကမ်ပိန်း Run သွားမှာဖြစ်သည့်အတွက် YTP 3.0 တွင် ဆက်လက်ပါဝင်နိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

11/04/2023

ကန့်ဘလူ အတွက်ဘာလုပ်ပေးနိုင်မလဲပဲ စဥ်းစားနေတော့တယ်။
😪😪😪😪

ဘုန်းကြီးကျောင်း ဆောက်ဖို့ ၊ ဘုရားတည်းဖို့ ဘာသာရေးအယောင်းပြပြီး ဇိမ်ခံနေကြတဲ့ဘုန်းကြီး တွ များလာပြီ။ အခုဆို ဘုန်းကြီးက ရ...
10/04/2023

ဘုန်းကြီးကျောင်း ဆောက်ဖို့ ၊ ဘုရားတည်းဖို့ ဘာသာရေးအယောင်းပြပြီး ဇိမ်ခံနေကြတဲ့ဘုန်းကြီး တွ များလာပြီ။ အခုဆို ဘုန်းကြီးက ရေကူးကန်တောင်ဆောက်ထားပြီး စည်းစိမ်ယူနေကြပြီ။ရှိသေးတယ် ကားအမဲကြီးတွေအတန်းလိုက်နဲ့ ကွန်ဒိုလာဝယ်တာတဲ့ (စိတ်လေတယ်လို့)။ Facebook ပေါ်မှာလေ ဘာယာရေးအယောင်းပြအလှူခံနေတဲ့ postတွေများတွေရင် Spring Archive 2.0 ကိုmentionခေါ်ပေးနော်။ ဒါမဟုတ်ရင် ကမ်ပိန်းpostကို ရှယ်သာရှယ်​​ပေးခဲ့ ။ အခုဒီလက တခြားဘက်ကကမ်ပိန်းတွေလဲများတော့ နိုရာတို့ကမ်ပိန်းလေးက Failဖို့များပါတယ်။ တတ်နိုင်သလောက် ဝိုင်းကူပေးကြပါရှင်🙏🙏

ဘုန်းကြီးကျောင်းထဲမှာရေကူးကန် ဆောက်ထားတာ မယုံရင်ဝင်ကြည့်ဖို့ link👇👇👇
https://m.facebook.com/story.php?story_fbid=1681890965590832&id=100013098346767&mibextid=Nif5oz

commentမှာ နိုရာတို့ရဲဘော်တွေရဲ့ video လေးရှိမယ် ဝင်ကြည့်ပေးနော်။

It's been One Year !!!
10/04/2023

It's been One Year !!!

SA တစ်နှစ်ပြည့်ပါပြီ။ အမျိုးသမီးငယ်လေးတစ်ယောက်ကို ဖမ်းဆီးဖို့ကြိုးစားတော့ အဲ့ဒီအမျိုးသမီးက Fundraising Team ဖွဲ့ပြီး တုံ့ပြန်ပြခဲ့တယ်။ လှပသော ခုခံမှု တစ်ခုအဖြစ် SA မွေးဖွားဖြစ်တည်လာ ခဲ့ပါတယ် ။ ဒီကာလတွေမှာ ၀ိုင်းရံပေးခဲ့ကြတဲ့ အစ်ကိုအစ်မတွေ ၊ ဦးလေးဒေါ်ဒေါ်တွေ ၊ မြေပြင်မှာ ကူညီစောင့်ရှောင့်ပေးခဲ့ကြတဲ့ ရဲဘော်အမျိုးတွေ ၊ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ရေမရှိလျှင် ငါးမရှိနိုင်ဆိုသည့်အတိုင်း အားလုံးမရှိရင် SA ဆိုတာမရှိနိုင်ပါ။ ⚡️

သမီးငယ်လေး ယွန်းအိန္ဒြာလင်းရဲ့ (7) နှစ်ပြည့်မွေးနေ့မှာ ချစ်ဖေဖေက မလိုအပ်‌တဲ့နေရာတွေကို ကူမယ့်အစား လိုအပ်တဲ့နေရာကို ကူဖို...
09/04/2023

သမီးငယ်လေး ယွန်းအိန္ဒြာလင်းရဲ့ (7) နှစ်ပြည့်မွေးနေ့မှာ ချစ်ဖေဖေက မလိုအပ်‌တဲ့နေရာတွေကို ကူမယ့်အစား လိုအပ်တဲ့နေရာကို ကူဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အလှူမခင်းနဲ့ -- ခင်းဆိုတာ ဒါကို ပြောတာပါပဲ။ သမီးငယ်လေး ယွန်းအိန္ဒြာလင်း၊ မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ပါစေ ၊ ခေတ်ဆိုး စနစ်ဆိုးကို အတောက်ပဆုံးကျော်ဖြတ်နိုင်တဲ့ သမီး‌ကောင်း ရတနာလေး‌ဖြစ်ပါစေလို့ SA Team က ဆုမွန်ကောင်းတောင်းပေးပါတယ်။ Happy Birthday ✊

08/04/2023

အရင်နှစ်က သင်္ကြန်နဲ့ပတ်သက်တဲ့ videoတွေ Youtube မှာတင်ထားတာရှိပါတယ်။ ပြန်ကြည့်ပေးရင်း မနှစ်ကဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာပြောပေးပါဦးနော်။

မနှစ်ကနိုရာကတော့ ဒီလိုအချိန် အလုပ်တွေရှယ်လုပ်နေတာ😁(စတာပါ)ရှယ်ပြေးခဲ့ရတာ။မြို့တစ်မြို့ကိုသွားတာပါ။အာ့မြို့မှာပဲ ရပ်ကွက်တွေ lock downချပြိီး ရှာခံရတာတော့ တစ်ညလုံးမအိပ်ခဲ့ရဘူး ။ မနက်စောစော အကိုတွေ အမတွေရဲ့ကျေးဇူးနဲ့ စစ်ကိုင်းတိုင်းထဲပြေးလာခဲ့ရတယ်။

ဧပြီလ(၁၀)ရက်မှာ Spring Archive - နွေဦးမော်ကွန်း ဆိုပြီစလုပ်ခဲ့တာပါ။ အာ့အချိန်ကအကိုနှစ်ယောက်နဲ့အတူတူရှိတော့ ပျော်ခဲ့ရတယ်။ တစ်ခုတော့ တစ်ယောက်က အဖမ်းခံရလို့ ထောင် ၁၀နှစ်ကျသွားတယ်။ နောက်အကိုတစ်ယောက်ကတော့ လွတ်မြောက်နယ်မြေတစ်ခုကိုရောက်သွားခဲ့တယ်။ အခုတော့မြေပြင်မှာ SAအနေနဲ့ နိုရာတစ်ယောက်ပဲရှိပါတော့တယ်။ အလုပ်တွေပိုများလာတယ်။ ပိုပင်ပန်းလာတယ်ပေါ့။ ဒါပေမယ့်အခုချိန် SAတစ်နှစ်ပြည့်တဲ့အချိန်ထိ အဝေးကနေပံ့ပိုးနေးတဲ့ အကိုတွေ အမတွေကျေးဇူးကြောင့် တော်တော်ကြီးခရီးရောက်ခဲ့ပါတယ်။ သတိလဲရမိပါတယ်။အခုချိန်သာ အတူတူရှိခဲ့ရင် ဘယ်လိုတွေထပ်ပြီး ဖန်တီးဖြစ်ကြမလဲဆိုတော့မသိပေမယ့်။ အခုထက်ပိုကောင်းတဲ့ အခြေနေတစ်ခုရောက်လာမှာပါ။ ဒါပေမယ့် အခုတော့ နိုရာတစ်ယောက်တည်းနဲ့ အလုပ်နိုင်တဲ့အတွက် အများကြီး မပေးနိုင်တာ အားနာမိပါတယ်။ အမြဲမပျက်ကလစ်ပေးကြသူတွေရှိတာကြောင့် ပြန်ကြိုးစားနေပါတယ်။

သင်္ကြန်နဲ့ပတ်သက်တဲ့ videoလေးတွေပြန်ကြည့်ရင်း မနှစ်က memory အဟောင်းလေးတွေ ပြန်ခေါ်လိုက်ရအောင်နော်...

ကမ်ပ်ိန်းကို ဒီဘက်pageကနေလဲပါဝင်ပေးလို့ရပါတယ်နော်💪💪💪
08/04/2023

ကမ်ပ်ိန်းကို ဒီဘက်pageကနေလဲပါဝင်ပေးလို့ရပါတယ်နော်💪💪💪

မေတ္တာရပ်ခံချင်ပါတယ်...

Pageမှာသုံးတဲ့ Kpay နဲ့ Wave pay ပေးထားတဲ့ နံပါတ်တွေကိုဖုန်းဆက်တာမျိုးမလုပ်ဖို့ တောင်းဆိုပါတယ်။ နိုရာတို့ လုံခြုံရေးလဲရှိတာမို့ အခုလိုပြောတာကို နားလည်ပေးပါနော်။ ကမ်ပိန်းမှာ ပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်ရှင့်။ Targetပြည့်ဖို့ အများကြီးလိုပါသေးတယ်။ Spring Archive 2.0 ကိုလဲ like and shareလေးလုပ်ပေးထားပါဦးနော်...

05/04/2023

နောက်ဆို ဒီလိုအသံတွေဆက်တိုက်ကြားရတော့မှာ
အခုတော့ ကမ်ပိန်းကအခြေနေမကောင်း
အလှူမခင်းနဲ့ စ စ် ခင်း ဆိုတာအခုချိန်နဲ့အဆင်ပြေဆုံးပဲ

Hello . Big Announcement & Excuse Us 🙏ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီးနောက်ပိုင်းမှာ မူလလက်ဟောင်း SA Page က ပျက်ကျ ဖို့ Pe...
02/04/2023

Hello . Big Announcement & Excuse Us 🙏

ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီးနောက်ပိုင်းမှာ မူလလက်ဟောင်း SA Page က ပျက်ကျ ဖို့ Percentage များတယ်လို့သိရပါတယ်။ ဒါကြောင့် အခု SA 2.0 Page အသစ် Run ထားပြီး အလွန်အမင်းတင်းကြပ်လာတဲ့ FB Policy တွေကို ရှောင်လွဲနိုင်ဖို့ Tik Tok ပေါ်တက်ဖို့လည်း ကျနော်တို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Business ဘက်ကသူတွေ Tik Tok ကနေ အော်ဒါအများကြီးတက်အောင် လုပ်ဆောင်နေနိုင်တာကို ကြည့်ပြီး Tik Tok ကနေ Revo အတွက် Fund ရအောင် ရှာကြည့်ချင်လာလို့ပါ။

ရဲ ဘော်တွေကတော့ ဆက်ပြီး BC ကြပါ။ ကျနော်တို့ကတော့ ၊ Revo အတွက်၊ ကြိုးစားကြည့်တာမလို့ ၊ ပြတ်ပြတ်သားသား BC ထားကြတဲ့ ရဲဘော်တွေ နားလည် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🔥

#နွေဦးတော်လှန်ရေး #တော်လှန်ရေး

အညာဒေသတစ်ခုလုံး ‌ကပ်‌‌ဆိုက်နေချိန်တွင် အခြားဒေသများ၌ ထမင်းရည်ချောင်းစီးမောင်းတီးပြီး အလှူမင်္ဂလာပွဲများ ခြိမ့်ခြိမ့်သဲကျ...
02/04/2023

အညာဒေသတစ်ခုလုံး ‌ကပ်‌‌ဆိုက်နေချိန်တွင် အခြားဒေသများ၌ ထမင်းရည်ချောင်းစီးမောင်းတီးပြီး အလှူမင်္ဂလာပွဲများ ခြိမ့်ခြိမ့်သဲကျင်းပနေကြသည်။

ပျော်ပွဲ ရွှင်ပွဲကာလမဟုတ် ၊ စစ်lပွဲကာလ ဖြစ်သည် ကို သတိပေးလို၍ အလှူမခင်းနှင့် --- ခင်း ဟူသော စာသားဖြင့် YIN-TANN-PHAO ကမ်ပိန်း 3.0 အား စတင်လိုက်ရပါသည်။

ဗမာပြည်သည် ဗုဒ္ဓဘာသာ ထွန်းကားသော တိုင်းပြည်ဖြစ်သည့်အားလျှော်စွာ တိုင်းပြည်၏ အဆုံးအဖြတ် တော်lလှန်ရေးတွင်လည်း လူဦးရေအများဆုံး ဗုဒ္ဓဘာသာဝင်များ၏ အကူအညီကို မုချ လိုအပ်ပါသည်။

ဆိုင်းဝိုင်းများ ၊ အိုးစည်ဗုံမောင်းများဖြင့် အလှူမင်္ဂလာပွဲများ ကျင်းပနေကြခြင်း ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ လှူတန်းမှုများမှာ တော်lလှန်ရေးအဖွဲ့အစည်းများအစား၊ ဘာသာရေး အဖွဲ့အစည်းများထံသို့ သာ အများဆုံး စီးဝင်နေကြခြင်းတို့ကြောင့် လွတ်မြောက်ရေးအတွက်၊ အသံများကို မေ့လျော့ သွားကြပြီလားဟု ထင်မှတ်စရာဖြစ်လာပါသည်။

တော်lလှန်ရေးသည် မိဘ ပြည်သူများ‌ရောက်ရှိလိုသည့် နတ်ပြည်သမျှ သာလွန်ကောင်းမွန်သော လူ့ဘောင်ကို ဖန်တီးပေးနိုင်သည်ဟု ကြွေးကြော်လိုပါသည် ။

မိဘပြည်သူများနှင့် သားသမီးများအတွက် အကောင်းမွန်ဆုံး ပညာရေး ကျန်းမာရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများစွာကို တော်lလှန်ရေးက ယူဆောင်ပေးပါလိမ့်မည်။ တော်lလှန်ရေး အောင်မြင်ခြင်းက လူသန်းပေါင်းများစွာ၏ လူနေမူဘဝများကို ရုတ်ချည်း တိုးတက်ပြောင်းလဲမည် ဖြစ်သဖြင့် တော်lလှန်ရေးကို ကူခြင်းထက် မြတ်သော အလှူမရှိတော့ပါ။

ပိုလျှံနေသော ဘုန်းကြီးကျောင်းများ ၊ ကျိကျိတက် ကြွယ်ဝချမ်းသာသော တိုက်ပိုင် ကားပိုင် ရှိသော ၊ ဆရာတော်များ ၊ ထို့ထက်ပိုပြောရပါလျှင် ၊ တိုင်းပြည်ဖျက် -- သူ အာဏာရှင်များနှင့်ပင် ပေါင်းဖော်နေကြသေးသည့် လူတစုအား လှူဒါန်းနေမည့်အစား ၊ ကောင်းမွန်
သော တိုင်းပြည်အနာဂါတ်ကို ဖန်တီးနေသည့် လူငယ်ရဲဘော်များအား လှူကြစမ်းပါလေ ဟု တိုက်တွန်း မေတ္တာရပ်ခံချင်ပါသည်။

ကမ်ပိန်း ကောက်ခံရရှိငွေများအား ၊ ရွာစဉ်ပတ် ပြာlချနေသော စစ်ကောင်စီယာဉ်တန်းများအား တိုက် -- နေပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် မဟာမိတ်စုဖွဲ့မှု‌ကောင်းမွန်စွာဖြင့် အလုပ်လုပ်နေသည့် အညာဒေသရှိ ငှက်ပျောဖူး ၊ ထုတ် ၊ စခန်းlနှစ်ခုအား လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။

အလှူမခင်းပဲ -- ခင်းလိုသူများ အနေဖြင့် Kpay , Wave , NUG Pay , Pawnow , Thai Bank အကောင့်များဖြင့် ၊ Page CB မှတစ်ဆင့် မတ်လ 31 ရက်မှ ဧပြီလ 23 ရက်ထိ လာရောက်လှူဒါန်းနိုင်ပါပြီ ။

01/04/2023

Hello ။ ဖော်လိုဝါ နှစ်သောင်းကျော်ရှိတဲ့ Spring Archive မူရင်း Page က ကမ်ပိန်း Run ရင်း ဆိုးဆိုးဝါးဝါး နီသွားတာကြောင့် Page အသစ်ကို အလျှင်အမြန်ပဲ ပြုလုပ်လိုက်ရပါတယ်။ အခု Page ကို Like and Follow လုပ်ပြီး ကူ ရှဲပေးကြပါဦး။

Address

Website

Alerts

Be the first to know and let us send you an email when Spring Archive 2.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share