Myanmar News သတင်းများ

  • Home
  • Myanmar News သတင်းများ

Myanmar News သတင်းများ NUG Myanmar News

21/10/2022
21/10/2022

ကော့ကရိတ် တိုက်ပွဲဟာ နွေဦးတော်လှန်ရေး ရဲ့ အင်မတန်အရေးကြီးသော အရွေ့အတွက် အစ ခြေလှမ်းပါ။

အဲဒီတော့ တော်လှန်ပြည်သူတွေအနေနဲ့ ဘာလုပ်သင့်သလဲဆိုရင် ...

▪️တိုက်ပွဲသတင်းတွေအပေါ် အာရုံစိုက်ပါ။ လုံခြုံစိတ်ချရသော အတိုင်းအတာဖြင့် မျှဝေပါ။ ဒါမှသာ Facebook သဘောတရား အရ သတင်းပြန့်နှံ့မှု ရှိမှာပါ။

KNLA အပါအဝင် တပ်ရင်း/ တပ်ဖွဲ့များ၊ စိတ်ချရသော သတင်းဌာနများ၏ တရားဝင် သတင်းများကိုသာမျှဝေပါ။

▪️NUG Pay ဖွင့်ထားပါ၊ သက်ဆိုင်ရာ တပ်ရင်းတွေက ထောက်ပို့ တောင်းဆိုတဲ့အခါ တိုက်ရိုက် ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

▪️NUG ရဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်တွေဖြစ်တဲ့ EOD, Bond, Spring Investment တို့မှာ မိမိ တတ်နိုင်သ
မျှဒီကာလမှာ ပိုပြီး ဝယ်ယူပေးကြပါ။

ဘဏ္ဍာငွေဟာ အလုံးအရင်းနဲ့ တစ်စုတစ်စည်းတည်း
စီးဆင်းရင် ပိုထိရောက်ပါတယ်။

▪️ပိုပြီး Click ပေးကြပါ၊ တစ်နိုင်ငံလုံးက ပြည်သူ အားနဲ့ အင်နဲ့ Click တာဟာ တိုက်ပွဲဝင်တာပါပဲ။

▪️အခုအချိန်မှာ အပျော်အပါး၊ အသွားအလာ post တွေလျှော့ပေးကြပါ။

✅ ဆုတောင်းသက်သက်ထက် တကယ်လက်တွေ့ တော်လှန်ရေး အတွက် ပါဝင်ပေးကြပါ။

တော်လှန်ရေး ရဲ့ အရေးကြီးတဲ့ကာလ တစ်ခုကို အတူတူ ပူးပေါင်းပါဝင်ဖြတ်သန်း ကြပါစို့။ ဒီပွဲက မုချ နိုင်မှာပါ။

#လွတ်လပ်စွာကူးတင်နိုင်ပါသည်

ေးရန်မလိုပါ

NUGPay ကို ဝန်းရံကြတဲ့ မိဘပြည်သူများနဲ့အတူ ကျွန်တော်တို့လည်း ရင်ခုန်မျှော်လင့်ခဲ့ရတဲ့ နေ့ရက်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ...
18/10/2022

NUGPay ကို ဝန်းရံကြတဲ့ မိဘပြည်သူများနဲ့အတူ ကျွန်တော်တို့လည်း ရင်ခုန်မျှော်လင့်ခဲ့ရတဲ့ နေ့ရက်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

NUGPay iOS Version နဲ့ မိတ်ဆက်ပေးပါရစေ။

တော်လှန်ခေတ်ရဲ့ တော်လှန်ပိုက်ဆံ DMMK နဲ့ NUGPay ကို အသုံးပြုပြီး လွတ်လပ်တဲ့ တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ အရောက်လှမ်းကြမယ်။

ရောင်နီမလာခင် အမှောင်မိုက်ဆုံးအချိန်တွေကို အားလုံးလက်တွဲပြီး ကျော်ဖြတ်ကြမယ်။

iOS စနစ်သုံး NUGPay အား Download ရယူရန်

Link - https://apps.apple.com/au/app/nugpay/id1635551833


NUGPay ရဲ့ Activation code တွေကို အေးဂျင့်များထံမှ တစ်ခုလျှင် တစ်သောင်း ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ တစ်နှစ်တာလုံးအတွက် ...
15/10/2022

NUGPay ရဲ့ Activation code တွေကို အေးဂျင့်များထံမှ တစ်ခုလျှင် တစ်သောင်း ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ တစ်နှစ်တာလုံးအတွက် အသုံးပြုခ ၅၀၀၀ ကျပ် နုတ်ယူပြီးနောက် ကိုယ့်ရဲ့ Account ထဲမှာ ၅၀၀၀ ကျပ် ကျန်ရှိမှာ ဖြစ်ပါတယ်။

လုံခြုံမှုရှိရှိ အသုံးပြုနိုင်ဖို့ အေးဂျင့်တစ်ဦးဆီမှာ အကောင့်ဖွင့်လှစ်နိုင်မယ့် ပမာဏ ကန့်သတ်ချက်လေးရှိတာကြောင့် ယခုချက်ချင်း လူတိုင်း အသုံးပြုနိုင်မှာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် NUGPay Agent Network ကို အကောင်းဆုံး ချဲ့ထွင်နေကြောင်း သတင်းကောင်းပါးပါရစေ။

NUGPay အကောင့် ဖွင့်လှစ်ပြီး ငွေသွင်းနိုင်တဲ့ နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

Android စနစ်သုံးဖုန်းများအတွက် NUGPay Version 1.3.0 ထွက်ပါပြီ။NUGPay Version 1.3.0 မှာ Login Key မေ့သွားလို့၊ အမှားမှတ်မ...
13/10/2022

Android စနစ်သုံးဖုန်းများအတွက် NUGPay Version 1.3.0 ထွက်ပါပြီ။

NUGPay Version 1.3.0 မှာ Login Key မေ့သွားလို့၊ အမှားမှတ်မိလို့၊ ရှေ့နောက်လွဲသွားလို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။

Login key ကို QR code နဲ့မှတ်ထားပြီး သိမ်းထားလိုက်လို့ရပါပြီ 😎

NUGPay download လုပ်ရန်

https://play.google.com/store/apps/details?id=org.nugmyanmar.nugpay

QR code နဲ့ Login key ဘယ်လို login key မှတ်လို့ရမလဲ

https://m.facebook.com/story.php?story_fbid=140551795387921&id=100082993045714

NUGPay ဟာ မိဘပြည်သူများကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ဖို့ အမြဲဆန်းသစ်လျက် ရှိပါတယ်။မကြာခင် ထွက်ရှိလာတော့မယ့် NUGPa...
13/10/2022

NUGPay ဟာ မိဘပြည်သူများကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ဖို့ အမြဲဆန်းသစ်လျက် ရှိပါတယ်။

မကြာခင် ထွက်ရှိလာတော့မယ့် NUGPay Version 1.3.0 မှာ Login Key မေ့သွားလို့၊ အမှားမှတ်မိလို့၊ ရှေ့နောက်လွဲသွားလို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။

Login key ကို QR code နဲ့မှတ်ထားပြီး သိမ်းထားလိုက်လို့ရပါပြီ 😎

QR code နဲ့ Login key ဘယ်လို login key မှတ်လို့ရမလဲ ပြောပြပေးမယ်နော်။

ပုံတစ်ပုံချည်းမှာ လုပ်ဆောင်ရမယ့် အဆင့်တွေ ပါပါတယ်။

NUGPay Pilot ကာလ ပြီးမြောက်ပြီး နောက်မှာ ပြည်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ခဲ့ပ...
10/10/2022

NUGPay Pilot ကာလ ပြီးမြောက်ပြီး နောက်မှာ ပြည်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 🧐🧐

အများစု​အနေနဲ့ Login Key မေ့သွားတာ၊ အမှားမှတ်မိတာ၊ ရှေ့နောက်လွဲတာ စတဲ့ အခက်အခဲလေးတွေကို တွေ့ရပါတယ်။

ဒီလို ပြဿနာတွေ လျော့နည်းသွားအောင် ပြင်ဆင်ထားတဲ့ NUGPay Andriod Version 1.3.0 ကို မကြာခင် မိဘပြည်သူများ ရှေ့မှောက် အရောက် ပို့ဆောင်ပေးတော့မှာပဲ ဖြစ်ပါတယ်။

အမြဲတမ်းဆန်းသစ်နေမယ့် NUGPay.
Stay tuned 😎

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ ကို သက်ဆိုင်ရာအပိုင်းအလိုက...
07/09/2021

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ ကို သက်ဆိုင်ရာအပိုင်းအလိုက် PDF အဖြစ် စုစည်းပေးထားပါသည်။

လိုအပ်သူများကို ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။

အောက်ပါ လင့်အတွင်းမှ လိုအပ်သည့်ဖိုင်များကို တစ်ဖိုင်ချင်း Download လုပ်နိုင်ပါသည်။

https://bit.ly/3jPijrL

“ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း”၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တ...
07/09/2021

“ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း”
၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ လုယုသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက် ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သည်။
၂။ အရေးပေါ်အခြေအနေတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဖြစ်လျက်ရှိသော အရပ်ဘက် ရုံးဌာနအားလုံးကို ယနေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း ညွှန်ကြားလိုက်သည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနဲ့ နိုင်ငံတဝှမ်းလုံးတွင် တပြိုင်တည်း လုပ်ဆောင်ကြရမည်။++++++++++++++++++++++++++ယာယီ...
07/09/2021

ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနဲ့ နိုင်ငံတဝှမ်းလုံးတွင် တပြိုင်တည်း လုပ်ဆောင်ကြရမည်။
++++++++++++++++++++++++++
ယာယီသမ္မတ ဒူးဝါး လရှီးလ
၁။ ဒီနေ့ စက်တင်ဘာလ ၇ရက် (တော်သလင်းလဆန်း ၇)ရက်နေ့မှာစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ “ခုခံစစ်” စတင်နေပြီဖြစ်တယ်။ မင်းအောင်လှိုင်ရဲ့အုပ်ချုပ်ရေးကို ပြည်သူလူထုအားလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ။
၂။ PDF များ မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင်နဲ့ ၄င်းတို့၏ဒေါက်တိုင်အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။
၃။ စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများအားလုံး အလုပ်မှချက်ချင်း စွန့်ခွါကြပါ။
၄။ PDF များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ။ အထက်မှညွှန်ကြားချက်များကို တိတိကျကျလိုက်နာပါ။ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တသွေမတိမ်း လိုက်နာကြပါ။
၅။ ပြည်သူ့လုံခြုံရေးတပ်များ PSF - အနေဖြင့်လည်း မိမိတို့ရပ်ရွာဒေသရှိ ပြည်သူလူထု၏ အသက်အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။
၆။ ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်းရဲ့လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။ လိုအပ်မယ့် ရိက္ခာ၊ ဆေးဝါး စသည်တို့ကို စုဆောင်းထားကြပါ။ PDF နှင့် မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ‌စောင့်ရှောက်ကြပါ။ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်မီပေးပို့ကြပါ။
၇။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အားလုံးကလည်း မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ချက်ချင်းတိုက်ခိုက်သွားကြပါ။ မိမိတို့၏နယ်မြေများကို အပြည့်အဝထိန်းချုပ်ထားကြပါ။
၈။ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ပြည်သူ့အားနဲ့ တွန်းလှန်တိုက်ဖျက်သွားကြပါ။ တဆက်တည်း ပြည်သူ့အုပ်ချုပ်ရေးကို ကူးပြောင်းနိုင်ဖို့ ပြည်သူလူထုနဲ့ အနီးကပ်ညှိနှိုင်းဆောင်ရွက်ကြပါ။
၉။ အကြမ်းဖက်စစ်အုပ်စုရဲ့လှည့်ဖျားမှုအောက် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အားလုံး ယနေ့မှစ၍ ပြည်သူများနှင့်ပူးပေါင်း၍ ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင် တိုက်ခိုက်ကြပါ။
၁၀။ ယခုတော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်သည်။ ရေရှည် ငြိမ်းချမ်းသော၊ ဖယ်ဒရယ်တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တော်လှန်ရေးဖြစ်သည်။
၁၁။ မိမိတို့နိုင်ငံတော်၏ ပကတိအခြေအနေ လိုအပ်ချက်ကြောင့် လုပ်ဆောင်ရသည်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည်ပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။
၁၂။ ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျားမှု၊ ဖိနှိပ်မှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ချက်ချင်းဆက်သွယ်ပူးပေါင်းပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီးဌာနများသို့ အမြန်ဆုံးသတင်းပို့ကြပါ။
၁၃။ ယနေ့မှစ၍ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး ရုံးတက်ခြင်းမပြုကြရန် သတိပေး တားမြစ်လိုက်သည်။
၁၄။ ယခုအ‌ရေးတော်ပုံတွင် အသက်အိုးအိမ် စွန့်လွှတ်အနစ်နာခံသူများကို နိုင်ငံတော်၏သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုနေမည်ဖြစ်ပါသည်။
ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနဲ့ နိုင်ငံတဝှမ်းလုံးတွင် တပြိုင်တည်း လုပ်ဆောင်ကြရမည်။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓါတ်ပြင်းထန်ကြံ့ခိုင်မှုအပေါ် မူတည်၍ တော်လှန်ရေးကာလ တိုတောင်းမည်ဖြစ်သည်။
အရေးတော်ပုံ မုချအောင်မြင်ရမည်။

 # တပ်ဘက်ကတော့ ချည်ပြီး တုပ်ပြီးသားဘဲတပ်မတော်ဘက်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေ မနက်...
31/01/2021

# တပ်ဘက်ကတော့ ချည်ပြီး တုပ်ပြီးသားဘဲ

တပ်မတော်ဘက်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့
USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေ မနက်ဖန်
တတိယ အကြိမ်လွှတ်တော်တက်ရောက်ပါမယ်

NLD ပါတီက ကန့်ကွက်လွှာတင်သွင်းခြင်းခံနေရတဲ့
လွှတ်တော်အမတ်အသစ်တွေကို တက်ရောက်ခွင့်မပေးပါဘူး

လွှတ်တော်တက်ရောက်ပေမဲ့ လွှတ်တော်တက်ရတဲ့
ရည်ရွယ်ချက် အကြောင်းရင်းကတော့ မတူပါဘူး

NLD က မျော်လင့်ထားတာက
တတိယအကြိမ်လွှတ်တော်မှာ အစိုးရဖွဲ့မယ်
သမ္မတတွေ ဒုသမ္မတွေ အမတ်တွေ လွှတ်တော်ကိုယ်စားလှယ်
တွေရွေးကောက်တင်မြှောက်မယ် တရားဝင် ကြေငြာမယ်

တပ်မတော်ဘက်ကနဲ့ USDP ပါတီက
လွှတ်တော်ကိုယ်စားလှယ်တွေက မဲမသမာမှုစာရင်းတွေ ဖြေရှင်း
ပေးဘို့ တောင်းဆိုမယ်
မဲမသမာမှုတွေ မဖြေရှင်းရင် အစိုးရဖွဲ့မှာကို ကန့်ကွက်မယ်
လွှတ်တော်က ပယ်ချမယ်ဆိုရင် တတိယကြိမ်လွှတ်တော်ကို
ဆန့်ကျင် သပိတ်မှောက်မယ်

NLD ပါတီက အတင်းအဓမ္မ အစိုးရမဖွဲ့သေးမခြင်း
တည်ဆဲ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ အခန်း (၁ ) နဲ့
မငြိသေးပါဘူး
တပ်မတော်က ဥပဒေ အတိုင်းသွားမယ်ဆိုတာက
ဥပဒေကို မဖောက်ဖျက် မကျူးလွန်မခြင်း လုပ်လို့မရသေးပါဘူး
တစ်ရစ်ခြင်းတော့ ဥပဒေဘောင်ထဲ ဆွဲထည့်နေပါပြီ

ထူးခြားတာက
နေပြည်တော် အတွင်းစည်း အပြင်စည်း
ရန်ကုန် နေပြည်တော် မန္တလေးနေပြည်တော် အမြန်လမ်းမကြီး
တစ်လျောက် တပ်မတော်ဘက်က လုံခြုံရေးတွေ အပြည့်ချထား
လိုက်တာရယ်

လွတ်တော်တက်ဘို့ ဝင်ရောက်လာတဲ့ လွှတ်တော်အမတ်တွေ
လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး လွှတ်တော်ပြင်ပကို
ပြန်ထွက်ခွင့် ( လုံးဝ) မပေးတော့ဘဲ ပိတ်ထားလိုက်တာပါဘဲ

တပ်မတော်ထောက်ခံပွဲ UEC ကန့်ကွက်ပွဲတွေမှာ
လူအင်အားပိုများလာပြီး ပြည်သူ့ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
နှိမ်နင်းတာတွေမရှိတော့ဘဲ အဝေးကစောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့
အနည်းငယ်လောက်သာ ရှိပါတော့တယ်

မနက်ဖန် လွှတ်တော် ပထမနေ့ ဘာတွေဆက်ဖြစ်မလဲ
စောင့်ကြည့်ရဦးမှာပါ အခြေအနေကတော့ တစ်နေ့ထက်တစ်နေ့
ပိုပြီး ထူးခြားပါလိမ့်မယ်

Credit : ⚓ ရဲဝင့်ဖြိုး 🇲🇲

ကိုသာဝတယောက်2008 ခြေဥပါပုဒ် မ (20) (ခ) ကိုလက်ညိုးထိုးပြိးတော့ဒု သမ္မတ ရာထူးပေးဖို့တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။NLD အစိုးရ...
31/01/2021

ကိုသာဝတယောက်
2008 ခြေဥပါ
ပုဒ် မ (20) (ခ) ကို
လက်ညိုးထိုးပြိးတော့
ဒု သမ္မတ ရာထူးပေးဖို့
တောင်းဆိုခဲ့တယ်လို့
ဆိုပါတယ်။

NLD အစိုးရက
ပယ်ချခဲ့ပါတယ်။

အဓိပ္ပါယ်
ဖွင့်ဆိုချက်
မှားယွင်းနေတယ်လို့
အကြောင်းပြန်လိုက်ပါတယ်။

ကိုသာဝ
တော်တော်လေးကို
ပေါက်ကွဲသွားတယ်။

သူ့ရဲ့
နောက်ဆုံးဖြစ်တဲ့
မျော်လင့်ချက်
ကောက်ရိုးလေးတမျဉ်က
ရွှေပြည်တော်
မျော်လေတိုင်း
ဝေးခဲ့ရပြိ ပေါ့။

ကာချုပ်သက်တမ်းကလဲ
တိုးလို့မရ ---

ဒုသမ္မတဖြစ်ဖို့
အိပ်မက်ကလဲ
အဆုံးသတ်ခဲ့ရပြိ။

ဖေဖော်ဝါရီလ(1)ရက်နေ့မှာ
တက်ရောက်လာမယ့်
လွှတ်တော်အမတ်တွေ
လွှတ်တော်ထဲ
ရောက်နေတုန်း
တင့်ကားကြိးတွေနဲ့
လေးဖက်လေးရံ ဝိုင်းပြိး
အာဏာသိမ်းဖို့အထိ
မိုက်မိုက်ကန်းကန်း
ကြံစည်ကောင်း
ကြံစည်လာနိုင်တယ်
ဆိုတာကို
နိုင်ငံရေး
ပါးနပ်တဲ့
အမေဒေါ်အောင်ဆန်းစုကြည်က
ကြိုမြင်ပါတယ်။

အဲ့ဒါကြောင့်ပဲ
ပြည်တွင်းသံရုံးက
သံသမန်တွေကို
လွှတ်တော်ဆီသို့
လေ့လာရေး
ခရီးစဉ်
သဘောမျိုး
စီစဉ်ပြိး
ဖိတ်ကြားလိုက်ပါတယ်။

လွှတ်တော်
အခမ်းအနား
ကျင်းပနေတဲ့
အချိန်မှာလဲ
သံတမန်တွေ
လွှတ်တော်ထဲမှာ
ရှိနေပါမယ်။

တကမ္ဘာလုံးကို
တိုက်ရိုက်(Live)
ထုတ်လွှင့်ပြသပါမယ်။

အေမစုရဲ့
အကွက်တွေက
အရမ်း အဆင့်မြင့်တယ်။

စစ်တပ်ကို
လုံးဝ
ရှေ့တိုးလို့
မရအောင်
ချည်ပြိးတုပ်ပြိး
ဖြစ်တယ်။

ကိုသာဝခမျာ
မြေပြင်ပေါ်မှာလဲ
နည်းနည်းလေးမှ
လှုပ်လို့မရတော့သလို
ဝေဟင်ပေါ်မှာလဲ
စစ် တပ် နဲ့ သူ့ ရဲ့
လှုပ်ရှားမှုအားလုံးကို
အမေရိကန်က
ပြိးခဲ့တဲ့
(3) ရက်နေ့လောက်မှာ
Drones တွေလွတ်ပြိး
မှတ်တမ်းတင်
ဓာတ်ပုံတွေ
ရိုက်ကူးခဲ့ပြိးသား။

ဦးနှောက်ချင်း
အရမ်းကွာတယ်လေ။

လက်ထဲမှာ
ဘာလက်နက်မှ
မရှိတဲ့
ကမ္ဘာကျော်
နိုဘယ်လ်ဆုရှင်
အမျိုးသမီးတယောက်က
လက်နက်အပြည့်
တပ်ဆင်ထားတဲ့
အဖွဲအစည်းကြိး
တခုကို
လှ လှ ပ ပ
အနိုင်ယူပြတာ
မချီးကျူးပဲ
မနေနိုင်လောက်အောင်ပါပဲ။

အခုတော့
ကိုသာဝကြိးရဲ့
လေသံက
တော်တော်လေးကို
ပျော့ ပြောင်းလာပါပြိ။

ပွဲကလဲ ပြိးသွားပြိ လေ။

အဲ့ဒါကြောင့်
ပြောကြတာပေါ့။

နိုင်ငံရေးနဲ့
ပတ်သက်ပြိး
အေမစုကို
သွားမခန့်မှန်းနဲ့!!!
ရူးတောင်သွားအုံးမယ်ဆိုပြိးတော့!!!
အရမ်းမှန်ပါတယ် !!!

အဲ ---
ကိုသာဝကိုလဲ
သွားမခန့်မှန်းနဲ့ !!!
သူက
ကျပ်မပြည့်တဲ့
စောက်ရူးစစ်စစ်ကြိးဆိုပြိးတော့ !!!
ဒါလဲ
ကွက်တိ မှန်တာပဲလေ နော်!!!

အမေစု ဦးဆောင်သော
NLD အစိုးရအစ်အား
လှိုက်လှိုက်လှဲလှဲ
ကြိုဆိုထောက်ခံပါသည်။

အမေစုကျန်းမာပါစေ။

ကျေးဇူးတင်ပါတယ်။

Photo Credit
ဧဏဝပ်

ZN.H 🇦🇺

👉NLD အလံကို တပ်မ​တော်​​ထောက်ခံသူများ မီးရှို့ ဖျက်ဆီး...ကျ​နော်တို့ ​ရွှေဂုံတိုင် တံဆိပ်ရိုက်တန်းက ဆိုင်တစ်ဆိုင်မှာ ချိတ...
31/01/2021

👉NLD အလံကို တပ်မ​တော်​​ထောက်ခံသူများ မီးရှို့ ဖျက်ဆီး...

ကျ​နော်တို့ ​ရွှေဂုံတိုင် တံဆိပ်ရိုက်တန်းက ဆိုင်တစ်ဆိုင်မှာ ချိတ်ဆွဲထားတဲ့ NLD အလံကို တပ်မ​တော်​ထောက်ခံသူ​တွေ ဝင်​ရောက်လုယူ
ပြီး လမ်း​ပေါ် မီးရှို့ ဖျက်ဆီးသွားကြပါတယ်။

​အောက် က ဗီဒီယို ဖိုင်က
တပ်မ​​တော် ​ထောက်ခံ​ကြောင်း
ဆန္ဒ ထုတ်​ဖော် သူ တွေ NLD အလံ ကို မီးရှို့ ထွက်​ပြေးတဲ့ ရုပ်သံပါ........

အခင်းဖြစ်ပွားတဲ့ ​နေရာက​တော့ ဗဟန်း ရဲစခန်းအနီး ​ရွှေဂုံတိုင် ခုံး​ကျော် တံတား​အောက် NLD အလံ​တွေ ​ရောင်းချ​တဲ့ ဆိုင်တန်း အ​ရှေ့မှာပါ........

NLD အလံကို တစ်​ယောက်က လု​ပြေးပြီး
ပစ်ချခဲ့တယ်......

ပစ်ချခဲ့တဲ့ အလံ ကို အသင့် ​စောင့်​နေတဲ့
နှစ်​ယောက်ထဲက တစ်​ယောက်က ကိုင်​ပေးပြီး တစ်​ယောက်က မီးရှို့ပြီး ပစ်ချထွက်​ပြေးသွားတယ်.......

အဲ့ဒီ​တော့ ပြန်ကြည့်မယ်ဆိုရင်
အလံ ကို မီးခြစ် နဲ့ တည့်ပြီး ခြစ်လိုက်တာနဲ့ပဲ ဟုန်းခနဲ မီး​ထ​ ​တောက်ပြီး အလံက မီးချက်ချင်း ​လောင်သွားတယ်.....

အဝတ်တစ်ခုကို မီးရှို့ဖို့
အဲ့ဒီ​လောက် မလွယ်ပါဘူး........

ကြိုတင်ပြီး အလံကို ​လောင်စာ ဆီ တစ်ခုခု ဖြန်းထားပုံရပါတယ်...........

​ပြောချင်တာက​တော့ အားလုံး ကြိုတင် ကြံစည်ပြီး ပြည်သူ​​တွေကို ဆွ ပြီး လမ်း​မပေါ် မထွက် ထွက်​အောင် လုပ်ခဲ့ပါတယ်..........

ဒါ​ပေမဲ့ ပြည်သူ​တွေဟာ
တည်တည်ငြိမ်ငြိမ် နဲ့ပဲ သီးခံ ခဲ့လို့ ဘာပြသနာမှ မတတ်ခဲ့ပါဘူး.........

ဒါ​ကြောင့်
ပြည်သူ​တွေ ကို ​ကျေးဇူးတင်ပါတယ်......

အလံ မီးရှို့ တာနဲ့ ပတ်သက်လို့က​​တော့
NLD ပါတီ ဘယ်လို ဆက်လုပ်မှာလဲ ဆိုတာ ​စောင့်ကြည့်ရမှာပါ........

ပြည်သူများ အားလုံးကို ​ကျေးဇူးတင်ပါတယ်.....

အောက်မှာ အမိအရ ဗွီဒီယို ရိုက်ကူး​ပေးခဲ့ကြသူ တံဆိပ်ရိုက်​လောကသား​တွေရဲ့ Live ​တွေကို ဝင်ကြည့်ကြပါ။

Credit : မင်းရသ

Video (1) https://www.facebook.com/100042329000006/posts/433148344772795/

Video (2) https://m.facebook.com/story.php?story_fbid=2862271317432911&id=100009502119045

Video (3) https://m.facebook.com/story.php?story_fbid=1175965656156611&id=100012295632430

Credit : Zaw Min Aung

❐ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ် (လျာထားချက်)နေပြည်တော်၊ ဇန်နဝါရီ ၃၁တတိယအကြိမ် ပြည်သူ့လွ...
31/01/2021

❐ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး
ပထမနေ့ အစီအစဉ် (လျာထားချက်)

နေပြည်တော်၊ ဇန်နဝါရီ ၃၁

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့တွင် အစီအစဉ် (၁၅) ခုဖြင့် ကျင်းပမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် က သတင်းထုတ်ပြန်ထားသည်။

Source : Peacock News

သပိတ်ကျင်း ချောင်းကြီးရွာရှိ သတ္ထုတူးဖော်ရေး စက်ရုံသို့ ကျည်ဆံနှင့် စာပို့ကာ ဆက်ကြေးတောင်းဟုဆိုMI News၊ ဇန်နဝါရီ- ၃၀မန္တ...
31/01/2021

သပိတ်ကျင်း ချောင်းကြီးရွာရှိ သတ္ထုတူးဖော်ရေး စက်ရုံသို့ ကျည်ဆံနှင့် စာပို့ကာ ဆက်ကြေးတောင်းဟုဆို

MI News၊ ဇန်နဝါရီ- ၃၀

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ သတ္ထုတူးဖော်ရေး လုပ်ကိုင်နေသော စက်ရုံတစ်ရုံသို့ ကျည်ဆံနှစ်တောင့်နှင့် စာရွက်တစ်ရွက် ပေးပို့ကာ ထိုင်းဘတ်ငွေ သိန်း(၅၀၀) (ကျပ်သိန်း၂၂,ဝဝဝကျော်) ပေးရန် ခြိမ်းခြောက်ငွေတောင်းခံမှု ဇန်နဝါရီ (၂၅)ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ(၂၅)ရက်က ရေထွက်ကျေးရွာရှိ သတ္ထုတူဖော်ရေး စက်ရုံတစ်ရုံ ပိုင်ရှင်၏ နေအိမ်တွင် ကျည်နှစ်တောင့်နှင့်အတူ "စက်ရုံကို ဆက်လက်ဖွင့်လိုလျှင် ထိုင်းဘတ်ငွေ သိန်းငါးရာ ပေးဆောင်ရန်နှင့် မပေးဆောင်ဘဲ ဆက်လက်ဖွင့်ပါက သတ်ပစ်မည်" ဟု ရေးသားထားသည့် စာရွက်တစ်ရွက်ကို လာရောက်ကပ်သွားကြောင်း ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ဒေသခံများက Mandalay In-depth News အား ပြောသည်။

နေအိမ်သို့ လာကပ်သည့် စာတွင် တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ (PSLF/TNLA) စာသားပါရှိသလို HSBC ဘဏ်အကောင့်တစ်ခုလည်း ဖော်ပြထားသည်ဟု ဒေသခံများက ဆိုသည်။

စာကပ်ကာ ခြိမ်းခြောက်ငွေတောင်းခံ ရသူသည် ရေထွက်ကျေးရွာ၌ ဓာတ်သတ္ထု တူးဖော် ထုတ်လုပ်သည့် လုပ်ငန်း လုပ်ကိုင်သည်ဟု သိရပြီး ပိုင်ရှင်သည် မန္တလေး၌ နေထိုင်သည်ဟု သိရကြောင်း၊ စက်ရုံသည် အကြီးစားမဟုတ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ ခြိမ်းခြောက်ငွေတောင်းမှုသည် လူမှုရေးကိစ္စများကြောင့် ဖြစ်မည်ဟု ထင်မြင်ကြောင်း၊ ဒေသခံ အများစုသည် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ကြပြီး ယခုကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခံမှု ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ဖူးကြောင်း ချောင်းကြီးကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ဒေသခံများက ဆိုသည်။

ထိုသို့ ကျည်နှစ်တောင့်နှင့် ခြိမ်းခြောက်စာ လာကပ်သည်ဟု ကြားသိရသည့်အတွက် စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက ဆိုသည်။

ခြိမ်းခြောက်ငွေတောင်းခံသည့်စာ တွေ့ရှိခဲ့ပြီးနောက် အဆိုပါ စက်ရုံတွင် လုံခြုံရေးယူထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

အထက်ပါအတိုင်း ကျည်ဆံနှင့် ခြိမ်းခြောက်စာ လာကပ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရသေးပါ။

ချောင်းကြီးကျေးရွာသည် မန္တလေး-မိုးကုတ် ကားလမ်းပေါ်တွင် တည်ရှိသည်။ မိုးကုတ်မြို့နယ်တွင်မူ ပြီးခဲ့သည့် လပိုင်းအတွင်း တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဒေသခံများအား ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သည်။

ခြိမ်းခြောက်ငွေတောင်းသည့် စာနှင့် ကျည်ဆံ/ Photo – ဒေသခံတစ်ဦး

https://www.facebook.com/mandalayindepthnews

#ခြိမ်းခြောက်စာပို့ #မန္တလေး #ချောင်းကြီး

သပိတ်ကျင်း ချောင်းကြီးရွာရှိ သတ္ထုတူးဖော်ရေး စက်ရုံသို့ ကျည်ဆံနှင့် စာပို့ကာ ဆက်ကြေးတောင်းဟုဆို

MI News၊ ဇန္နဝါရီ- ၃၀

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ သတ္ထုတူးဖော်ရေး လုပ်ကိုင်နေသော စက်ရုံတစ်ရုံသို့ ကျည်ဆံနှစ်တောင့်နှင့် စာရွက်တစ်ရွက် ပေးပို့ကာ ထိုင်းဘတ်ငွေ သိန်း(၅၀၀) (ကျပ်သိန်း၂၂,၀၀၀ကျော်) ပေးရန် ခြိမ်းခြောက်ငွေတောင်းခံမှု ဇန်နဝါရီ (၂၅)ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ(၂၅)ရက်က ရေထွက်ကျေးရွာရှိ သတ္ထုတူဖော်ရေး စက်ရုံတစ်ရုံ ပိုင်ရှင်၏ နေအိမ်တွင် ကျည်နှစ်တောင့်နှင့်အတူ "စက်ရုံကို ဆက်လက်ဖွင့်လိုလျှင် ထိုင်းဘတ်ငွေ သိန်းငါးရာ ပေးဆောင်ရန်နှင့် မပေးဆောင်ဘဲ ဆက်လက်ဖွင့်ပါက သတ်ပစ်မည်" ဟု ရေးသားထားသည့် စာရွက်တစ်ရွက်ကို လာရောက်ကပ်သွားကြောင်း ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေး တာ၀န်ရှိသူများနှင့် ဒေသခံများက Mandalay In-depth News အား ပြောသည်။

နေအိမ်သို့ လာကပ်သည့် စာတွင် တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ (PSLF/TNLA) စာသားပါရှိသလို HSBC ဘဏ်အကောင့်တစ်ခုလည်း ဖော်ပြထားသည်ဟု ဒေသခံများက ဆိုသည်။

စာကပ်ကာ ခြိမ်းခြောက်ငွေတောင်းခံ ရသူသည် ရေထွက်ကျေးရွာ၌ ဓာတ်သတ္ထု တူးဖော် ထုတ်လုပ်သည့် လုပ်ငန်း လုပ်ကိုင်သည်ဟု သိရပြီး ပိုင်ရှင်သည် မန္တလေး၌ နေထိုင်သည်ဟု သိရကြောင်း၊ စက်ရုံသည် အကြီးစားမဟုတ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ ခြိမ်းခြောက်ငွေတောင်းမှုသည် လူမှုရေးကိစ္စများကြောင့် ဖြစ်မည်ဟု ထင်မြင်ကြောင်း၊ ဒေသခံ အများစုသည် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ကြပြီး ယခုကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခံမှု ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ဖူးကြောင်း ချောင်းကြီးကျေးရွာ အုပ်ချုပ်ရေး တာ၀န်ရှိသူများနှင့် ဒေသခံများက ဆိုသည်။

ထိုသို့ ကျည်နှစ်တောင့်နှင့် ခြိမ်းခြောက်စာ လာကပ်သည်ဟု ကြားသိရသည့်အတွက် စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက ဆိုသည်။

ခြိမ်းခြောက်ငွေတောင်းခံသည့်စာ တွေ့ရှိခဲ့ပြီးနောက် အဆိုပါ စက်ရုံတွင် လုံခြုံရေးယူထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

အထက်ပါအတိုင်း ကျည်ဆံနှင့် ခြိမ်းခြောက်စာ လာကပ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရသေးပါ။

ချောင်းကြီးကျေးရွာသည် မန္တလေး-မိုးကုတ် ကားလမ်းပေါ်တွင် တည်ရှိသည်။ မိုးကုတ်မြို့နယ်တွင်မူ ပြီးခဲ့သည့် လပိုင်းအတွင်း တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဒေသခံများအား ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သည်။

ခြိမ်းခြောက်ငွေတောင်းသည့် စာနှင့် ကျည်ဆံ/ Photo – ဒေသခံတစ်ဦး

https://www.facebook.com/mandalayindepthnews

#ခြိမ်းခြောက်စာပို့ #မန္တလေး #ချောင်းကြီး

လမ်းပေါ်တက် ဟိုကားကြီးတွေမောင်းပြဝါးလုံးတွေချွန် အလံတိုင်လုပ် လူမိုက်တွေနဲ့အင်အားပြလိုက်ကြတာ " သာဝ နဲ့ အဘအုပ်စု "သိန်း ၂...
31/01/2021

လမ်းပေါ်တက် ဟိုကားကြီးတွေမောင်းပြ
ဝါးလုံးတွေချွန် အလံတိုင်လုပ် လူမိုက်တွေနဲ့
အင်အားပြလိုက်ကြတာ " သာဝ နဲ့ အဘအုပ်စု "
သိန်း ၂၆၀၀ လောက် ~~~~~~~
( အရင်းအနှီးထုတ်လိုက်ရတယ် )

ပြည်သူများက " ကြောက်လန့်လို့ " ဆန်တောင်
ဝယ်သူမရှိကြဘူး " နိုင်ငံရေး ရေချိန် "
ဘယ်လောက်ပြည့်ဝလာကြသလဲဆိုရင်
Covid first wave တုန်းက Panic buying
အချို့နေရာတွေမှာ ဖြစ်ခဲ့တာရှိတယ် ~~~~~~

ဒါပေမယ့် ယခုအရမ်းဟော့နေတဲ့ အာဏာ
သိမ်းမယ်ဆိုတဲ့ ဟာမှာတော့ ပြည်သူများ
ဘယ်လောက်အသိပိုင်သလဲဆို Panic buying
လုံးဝမဖြစ်ခဲ့တာ ကြည့်ခြင်းအားဖြင့်
ကျနော်တို့ပြည်သူအများရဲ့ အမေ့အပေါ်
ယုံကြည်မှု့ / အားကိုးမှု့ တဦးချင်းစီရဲ့
Political Sense ..... ဒါတွေကို လေးစား
အသိအမှတ် မပြုပဲ ~~~~~~
( မနေနိုင်တော့ပါဘူး ဗျာ )

အာဏာရှင်များ အမြဲအသုံးပြုတဲ့
လက်သုံးစကားတခွန်းဖြစ်တဲ့ မြန်မာ
ပြည်သူတွေဟာ ဒီမိုကရေစီနဲ့
မထိုက်တန်သေးပါဘူး ဆိုတာ ~~~~~~
( လုံးဝမှားပါတယ် )

တကယ် မထိုက်တန်တာက အာဏာရှင်တစုပါ
ပြည်သူအားလုံးဟာ ဖက်ဒရယ် ဒီမိုကရေစီ
စနစ်အတွက်အတွက် လုံးဝ ( လုံးဝ )ကို
အဆင်သင့်ဖြစ်နေပါပြီ ~~~~~~

ပြည်သူသာလျင် အဓိကပါ

🇲🇲 အမေကလည်း မျိုးဆက်သစ်တွေအတွက်
အကွက်ဆန်းတွေထုတ်လိုက်တာ လွှတ်တော်ကို
နိုင်ငံတကာ သံအမတ်ကြီးများ လေ့လာရန်
တက်ရောက်လာမှာဖြစ်တဲ့အပြင် ~~~~~~~~

🇲🇲 ပြည်သူ့လွှတ်တော်ကျင်းပနေပုံ အသီးသီးကို
နိုင်ငံပိုင် သတင်းချန်နယ်တွေက ပြည်တွင်း
သာမက ပြည်ပရုပ်သံ ချန်နယ်များမှလည်း
တိုက်ရိုက် တင်ဆက်ပြီး ~~~~~~~
( ကမ္ဘာကို ချပြသွားမယ်တဲ့ )

ဘယ်လောက် အကွက်ဆန်းသလဲ
ဂိတ်ဆုံးသွားပြီ ...............
မောင်သာဝ နဲ့ အဘအာဏာရှင်တို့ ~~~~~~~

( Myint Shwe )
Ms / lb 😎

အစိုးရသစ်ကို ထောက်ခံဆိုင်းဘုတ်များ ရန်ကုန်မြို့အနှံ ချိတ်ဆွဲထားဧရာဝတီ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် အစိ...
31/01/2021

အစိုးရသစ်ကို ထောက်ခံဆိုင်းဘုတ်များ ရန်ကုန်မြို့အနှံ ချိတ်ဆွဲထား

ဧရာဝတီ

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် အစိုးရသစ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ ရပ်ကွက် တွင်းလမ်းများနှင့် အိမ်များတွင် NLD ပါတီအလံများနှင့် အစိုးရသစ်ကို ထောက်ခံကြောင်း ဗီနိုင်းဆိုင်ဘုတ်များ ချိတ်ဆွဲ နေကြသည်။

တဖက်တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်အပေါ် မယုံကြည်ကြောင်း၊ UEC ကို ဆန့်ကျင်ကြောင်းနှင့် တပ်မတော်ကို ထောက်ခံသည့် ဆန္ဒပြပွဲများလည်း နေပြည်တော်၊ ရန်ကုန်မြို့ကြီးများတွင် ဆက်တိုက်ဆိုသလို ပြုလုပ်နေကြသည်။

ဓါတ်ပုံ- သော်ဟိန်းထက်/ဧရာဝတီ

""မူရင်းရေးသားသူ K Mask ကို Credit ပေးပါတယ်ခင်ဗျာ။""*****************💉ကာကွယ်ဆေးတိုင်းမှာ သူ့ရဲ့တုန့်ပြန်မှုအနည်းအများ ရှ...
30/01/2021

""မူရင်းရေးသားသူ K Mask ကို Credit ပေးပါတယ်ခင်ဗျာ။""

*****************

💉ကာကွယ်ဆေးတိုင်းမှာ သူ့ရဲ့တုန့်ပြန်မှုအနည်းအများ ရှိကြတာချည်းပါပဲ
💉ရိုးရိုးလေးတွေးကြည့်ပါ
ကလေးပေါက်စတွေ ကာကွယ်ဆေးထိုးပြီးတဲ့ရက် ကိုယ်ပူတာ၊မှိန်းတာတွေ ဖြစ်တာ လူတိုင်းတွေ့ဖူးမှာပါ
ကလေးတွေက စကားမပြောတတ်တော့ သူတို့ခံစားရတာတွေ ထုတ်မပြောတတ်တဲ့အတွက် ဆေးရဲ့ သက်ရောက်မှုက မြင်တာထက် ပိုများမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်
📕ခု Covid vaccine လဲ တုန့်ပြန်မှု ရှိကိုရှိမှာပဲ (တစ်ယောက်နဲ့တစ်ယောက်တော့ ခံစားရမှု အနည်းအများတော့ကွာမှာပေါ့
📕ဒါကို သူတို့တွေ အရင်ထိုးပါစေ သူတို့မသေမှ ငါတို့ထိုးမယ်ဆိုတာမျိုးလဲ တွေ့နေရတယ်
📕ဆေးထိုးလို့ side effects တွေရမှာဆိုးလို့ဆိုပြီး တစ်အိမ်လုံး စာရင်းမပေးလို့ ရပ်ကွက်လူကြီးခေါင်းခြောက်ရတာလဲ တွေ့ရတယ်
📕ဆေးထိုးမယ်၊မထိုးဘူးဆိုတာ ကာယကံရှင်ရဲ့ ဆန္ဒမပါရင် ထိုးလို့မရပါဘူး
📗ဒါကြောင့် COVID အကူးခံပြီး သေကြမလား
📗ကာကွယ်ဆေးရဲ့ တုန့်ပြန်မှု တစ်ရက်နှစ်ရက်လောက်ကို ခံစားကြမလား
📗ကိုယ့်ဘာသာဆုံးဖြတ်နိုင်ပါတယ်
📘ကျနော်တို့ဆို ထိုးချင်လွန်းတာတောင် စာရင်းထဲမပါပါဘူး
📒ခုချိန်မှာ ဆေးထိုးခွင့်ရတာက မဟာကံထူးရှင်ပါ
စီစဥ်ပေးတဲ့သူတွေကို ကျေးဇူးတင်ကြပါဗျ
ချစ်သောK Mask


UEC ကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် NLD အကျီ  ၤ ဝတ်ဆင်ထားသူက တားဆီးသည့်ကြားထဲမှ လူအုပ်ထဲ အတင်းတိုးဝင်သဖြင့် ခိုက်ရန...
30/01/2021

UEC ကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် NLD အကျီ ၤ ဝတ်ဆင်ထားသူက တားဆီးသည့်ကြားထဲမှ လူအုပ်ထဲ အတင်းတိုးဝင်သဖြင့် ခိုက်ရန်ဖြစ်ပွား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူ ထောင်ကျော်က ကြေးသွန်းဘုရားအနီး ဆန္ဒထုတ်ဖော်သည့်အချိန်တွင် NLD ပါတီ အကျီ ၤ ဝတ်ဆင် ထားသူတစ်ဦးက တားဆီးသည့်ကြားမှ လူအုပ်ထဲ အတင်းတိုးဝင်သဖြင့် ဆန္ဒထုတ်ဖော်သူ အချိူ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

" ထောက်ခံပွဲလုပ်နေတဲ့ နေရာကို nld အကျီ ၤဝတ် ၊ စက်ဘီးမှာလည်း nld စတေကာတွေ ကပ်ပြီး ကာနေတဲ့ လူအုပ်ထဲ အတင်းတိုးဝင်တာ ၊ အပြင်က လူတွေက မသွားနဲ့ ပြောတာကို အတင်းတိုးတာ ၊ တစ်ဖက်ကလည်း တိုးလာလို့ အော်ဟစ်တော့မှ အကျီ ၤချွတ်လိုက်တာ ၊ ပထမ တက္ကစီတုန်းကလည်း ဟွန်းတီးပြီး အတင်းတိုးတာ ၊ ဘာမှတော့ မဖြစ်လိုက်ဘူး ၊ ဒုတိယလူနဲ့တော့ ဖြစ်ကြတယ် ၊ ပြောချင်တာက တစ်ဖက်က ထောက်ခံပွဲလုပ်ရင် ဆန့်ကျင်ဖက်အဖွဲ့က ရန်စသလိုလို သွားမလုပ်သင့်ဘူးလို့ပဲ မြင်တယ် "ဟု တယ်ဟု အနီးရှိမျက်မြင်သက်သေပြည်သူတစ်ဦးကဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် လမ်းကြောင်း သုံး နေရာမှ စီတန်းလှည့်လည်ပြီး ကြေးသွန်းဘုရားရှေ့တွင် နောက်ဆုံးစုရပ်သတ်မှတ်ကာ မဲလိမ် မဲခိုး UEC အလိုမရှိ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အယုံအကြည်မရှိ ၊ ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ် အလိုမရှိ ၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး တို့အရေး ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသော ရွေးကောက်ပွဲကော်မရှင် နုတ်ထွက်ပေးရေး ၊မဲဆန္ဒရှင်စာရင်းများ စီစစ်ပေးရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇန်နဝါရီလအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်နှင့်အခြားမြို့ အနှံ့အပြားတွင် တပ်မေတော်ထောက်ခံပွဲနှင့် UEC အား ကန့်ကွက်ပွဲများပြုလုပ်ခဲ့ကြကာ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် နေ့စဉ်ဆန္ဒထုတ်ဖော်မှုများကျင်းပခဲ့သည်ကိုလည်းတွေ့မြင်နေရသည်။

ZYMH


(zawgyi)

UEC ကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် NLD အကျီ င်္ ဝတ်ဆင်ထားသူက တားဆီးသည့်ကြားထဲမှ လူအုပ်ထဲ အတင်းတိုး၀င်သဖြင့် ခိုက်ရန်ဖြစ်ပွား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူ ထောင်ကျော်က ကြေးသွန်းဘုရားအနီး ဆန္ဒထုတ်ဖော်သည့်အချိန်တွင် NLD ပါတီ အကျီ င်္ ဝတ်ဆင် ထားသူတစ်ဦးက တားဆီးသည့်ကြားမှ လူအုပ်ထဲ အတင်းတိုး၀င်သဖြင့် ဆန္ဒထုတ်ဖော်သူ အချိူ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

" ထောက်ခံပွဲလုပ်နေတဲ့ နေရာကို nld အကျီ င်္၀တ် ၊ စက်ဘီးမှာလည်း nld စတေကာတွေ ကပ်ပြီး ကာနေတဲ့ လူအုပ်ထဲ အတင်းတိုး၀င်တာ ၊ အပြင်က လူတွေက မသွားနဲ့ ပြောတာကို အတင်းတိုးတာ ၊ တစ်ဖက်ကလည်း တိုးလာလို့ အော်ဟစ်တော့မှ အကျီ င်္ချွတ်လိုက်တာ ၊ ပထမ တက္ကစီတုန်းကလည်း ဟွန်းတီးပြီး အတင်းတိုးတာ ၊ ဘာမှတော့ မဖြစ်လိုက်ဘူး ၊ ဒုတိယလူနဲ့တော့ ဖြစ်ကြတယ် ၊ ပြောချင်တာက တစ်ဖက်က ထောက်ခံပွဲလုပ်ရင် ဆန့်ကျင်ဖက်အဖွဲ့က ရန်စသလိုလို သွားမလုပ်သင့်ဘူးလို့ပဲ မြင်တယ် "ဟု တယ်ဟု အနီးရှိမျက်မြင်သက်သေပြည်သူတစ်ဦးကဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် လမ်းကြောင်း သုံး နေရာမှ စီတန်းလှည့်လည်ပြီး ကြေးသွန်းဘုရားရှေ့တွင် နောက်ဆုံးစုရပ်သတ်မှတ်ကာ မဲလိမ် မဲခိုး UEC အလိုမရှိ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အယုံအကြည်မရှိ ၊ ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ် အလိုမရှိ ၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး တို့အရေး ၊ တာ၀န်ယူမှု တာ၀န်ခံမှု မရှိသော ရွေးကောက်ပွဲကော်မရှင် နုတ်ထွက်ပေးရေး ၊မဲဆန္ဒရှင်စာရင်းများ စီစစ်ပေးရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇန်နဝါရီလအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်နှင့်အခြားမြို့ အနှံ့အပြားတွင် တပ်မေတော်ထောက်ခံပွဲနှင့် UEC အား ကန့်ကွက်ပွဲများပြုလုပ်ခဲ့ကြကာ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် နေ့စဉ်ဆန္ဒထုတ်ဖော်မှုများကျင်းပခဲ့သည်ကိုလည်းတွေ့မြင်နေရသည်။

ZYMH

ရွေးကောက်ပွဲရလဒ်ဆန္ဒပြသူတွေထဲကတစ်ချို့  ရပ်ကြည့်နေသူအချို့ကို ရန်ပြု( ၃၀ ဇန်နဝါရီ ၂၀၂၁ ) ရန်ကုန်မြို့၊ ရွေတိဂုံဘုရား  အရ...
30/01/2021

ရွေးကောက်ပွဲရလဒ်ဆန္ဒပြသူတွေထဲကတစ်ချို့ ရပ်ကြည့်နေသူအချို့ကို ရန်ပြု

( ၃၀ ဇန်နဝါရီ ၂၀၂၁ )
ရန်ကုန်မြို့၊ ရွေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားအနီးမှာ ရွေးကောက်ပွဲရလဒ် ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲ့ဒီ့ ဆန္ဒပြသူတွေထဲက တချို့က လာရောက်ကြည့်ရှုနေသူအချို့ကိုရန်ပြုတိုက်ခိုက်မှုဖြစ်စဉ်ရှိခဲ့ပြီး တိုက်ခိုက်ခံရသူ တစ်ဦး ဦးခေါင်းပေါက်တဲ့ အထိ ဒဏ်ရာရရှိခဲ့ပါတယ်။
ဓါတ်ပုံ ( မင်းမျိုး )
Source : DVB News

မြန်မာ့တပ်မတော်ထောက်ခံသူများနှင့်ရပ်ကွက်နေပြည်သူများရုန်းရင်းဆန်ခတ်ဖြစ်ပွား၂၀၂၁ခုနှစ် ဇန်နဝါရီ၃၀ရက်နေ့တွင် မြန်မာ့တပ်မတေ...
30/01/2021

မြန်မာ့တပ်မတော်ထောက်ခံသူများနှင့်ရပ်ကွက်နေပြည်သူများရုန်းရင်းဆန်ခတ်ဖြစ်ပွား

၂၀၂၁ခုနှစ် ဇန်နဝါရီ၃၀ရက်နေ့တွင် မြန်မာ့တပ်မတော်ကိုထောက်ခံသည့်လူများ ၊ရဟန်းသံဃာများ ၅၀၀ကျော်ခန့်သည် ရန်ကုန်မြို့ရှိ ‌ရွှေတိဂုံစေတီတော်မြတ်ကြီး၏အရှေ့မျက်နှာစာ‌ကြေးသွန်းဘုရား‌ရှေ့တွင် ဆန္ဒပြခဲ့ပြီး ရပ်ကွက်နေပြည်သူများအား လိုက်လံရန်ပြုကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု တွေ့ရသည်။

ဆန္ဒပြသူများက "နိုင်ငံတော်ကိုကာကွယ်‌နေ‌သော မြန်မာ့တပ်မတော်အားထောက်ခံပါ၏"မြန်မာ့ပြည်တွင်းရေးအား ပြည်ပမှဝင်ရောက်စွက်ဖက်မှုကို လက်မခံပါ ၊"ပြည်ပအားကိုးပုဆန်ရိုးများကိုချေမှုန်းကြ "အစရှိသည့်ကြွေးကြော်သံများဟစ်အော်ခဲ့ကြပြီး ရဟန်များက တပ်တော်ထောက်ခံကြောင်း ရွေးကောက်ပွဲကော်မရှင် နှင့်နိုင်ငံတော်အကြီးအကဲများနှင့်ပက်သက်ပြီး စင်မြင့်မှ ဝေဖန်ခဲ့ကြသည်။

ဆန္ဒပြနေစဉ်အတွင်း အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်၏အလံပါအကျီအားဝတ်ဆင်ထားသူ အနှေးယာဉ်မောင်းတစ်ဦးအားဆန္ဒပြသူများက ဒေါသတကြီး ရိုက်နှက်ခဲ့ခြင်း၊‌ဈေး‌ရောင်းချသူလူတယောက်ကိုလိုက်လံရိုက်နှက်ခြင်းဖြင့် ဆန္ဒပြသူများနှင့် ရပ်ကွက်နေပြည်သူများအကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

‌ဆန္ဒပြသော လူနှင့်ရဟန်းများ မှာ၅၀၀ကျော်ရှိပြီး ဗဟန်းမြို့နယ်ရှိ နေရာ၃နေရာမှာ စုဝေးကာ ကြေးသွန်းဘုရားကြီးရှေ့တွင် စုဝေးဆန္ဒပြသခဲ့ကြသည်။
၂၀၂၀ရွေးကောက်ပွဲပြီးဆုံးပြီး ရလဒ်ထွက်ပေါ်လာချိန်မှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုအလိုမရှိသော၊မြန်မာ့တပ်မတော်ကို အားပေးထောက်ခံသော မ‌ဲရလဒ်ကိုလက်မခံသော ဆန္ဒထုတ်ဖော်ပွဲများကို မြို့အသီးသီးတွင် အစုအဖွဲ့လိုက်သာမကတစ်ကိုယ်တော်အနေဖြင့်ပါ ဆက်တိုက်ပြုလုပ်လာသည်ကိုတွေ့ရသည်။

Photo - MPA

30/01/2021

မူရင်းရေးသားသူ ကိုKyaw Kyaw Sai ကို Credit ပေးပါတယ် ခင်ဗျာ။

ပြည်သူ့အား ပြည်သူ့အားဆိုလို့

အဲ့မှာမှ ကွဲပါသေးတယ်

ပစ်ရင် ပြေးတဲ့ပြည်သူလား ...
ပစ်ရင် မပြေးတဲ့ပြည်သူလား ...

ပစ်ရင် နောက်နေ့မထွက်တဲ့ပြည်သူလား ...
ပစ်လဲ နောက်နေ့ထွက်တဲ့ပြည်သူလား ...

အားလို့ပြောပေမယ့် အားမတူပါဘူး။

မင်းရောဆို ကျနော်က ပစ်တဲ့နားကို သီတောင်မသီပါဘူး။ အဲ့လို သတ္တိမျိုးလဲမရှိပါဘူး၊ ကျနော့်မှာရှိတာ စဥ်းစားဥာဏ်ပဲရှိပါတယ်။ ဒဲ့ပဲပြောတယ်၊ ဒဲ့ပဲ ဝန်ခံပါတယ်။

ဒီအတွက် သိမ်းမလားဘာလားတွေလဲ မလှောင်ပါဘူး။

သိမ်းမသိမ်းဆိုတာ ကျနော်တို့ ဘာမှလုပ်မရပါဘူး။ ၈၈ တုန်းကလဲ အဲ့လိုပြောတဲ့သူတွေရှိခဲ့တာပါပဲ။ သိမ်းတော့လဲ ပြေးရတာပါပဲ။ တကယ်ထိတာ ပြည်သူတွေပါ။

သိမ်းတာကို တားနိုင်တာ သာဝတို့ အချင်းချင်း အဓိကပါ။
နောက်ထပ် တားနိုင်တာ နိုင်ငံတကာ Legitimacy issue ပါ။ ဒါတောင် ချက်ချင်း effect မရှိပါဘူး။ ရှိရင် ကမ္ဘာပေါ်မှာ အာဏာရှင်တောင် ရှိမှာမဟုတ်တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သေနတ်ရှေ့ သတ္တိရှိရှိရင်ဆိုင်ရဲတယ်၊ ငါလဲ ရင်ဆိုင်မယ် သွားမလုပ်ပါနဲ့။ ဟိုက ဗိုလ်ချုပ်သမီးမို့ ထောက်ထားစရာတွေရှိလို့ မပစ်တာပါ။ ကိုယ်တွေသွားလုပ်ရင် အဲ့နားတင်ကားနေမှာပါ။

ကျနော်တို့ နိုင်ငံမှာ issue အကြီးကြီးတစ်ခုရှိပါတယ်။

နိုင်ပြီဆိုတာနဲ့ ရှုံးတဲ့ကောင်ကို အသေဖိထားပါတယ်။ ညှာတာမှုမရှိပါဘူး။

မိဘက သားသမီးကို ဖိတယ်။ မင်းကို ငါမွေးထားတာဘာညာနဲ့ မျှတမှုမရှိဘူး။
ဆရာက တပည့်တွေကို ဖိတယ်။ ဆရာကာပြန် အာခေါင်လှံစူးဘာညာနဲ့။
လူကြီးက လူငယ်တွေကို ဖိတယ်။ မင်းတို့လက်တောင့်လောက်နဲ့ တက်မလာနဲ့။
နိုင်တဲ့သူက ရှုံးတဲ့သူကို ဖိတယ်။ အရှုံးသမား သောက်သုံးမကျလို့ရှုံးတာ ဟားဟားဟား ....

အဲ့မှာ ဖိခံရတဲ့သူက တေးထားတယ်။ ငါ့အလှည့်ရောက်ကြည့်စမ်းပါဆိုပြီးတော့။ ရောက်လဲရောက်ရော ဆနဲ့ ဗျင်းတော့တာပဲ။

နာရူတိုထဲမှာ အမုန်းတရားတွေကို ဖြတ်ဖို့အတွက် နာရူတိုဟာ သူ့ကို ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ သူ့ရန်သူတွေကို ခွင့်လွှတ်ဖို့ကြိုးစားတယ်။ စစ်ပွဲတွေဟာ အမုန်းတရားတွေ ဆက်နေလို့ ရပ်မရဘူးဆိုတာ သူကသိတယ်။

ဒီကာတွန်းတွေဟာ ဂျပန်တွေရဲ့ ပညာရေးလမ်းကြောင်းပဲ။ အမုန်းတရားဆိုတာ ဘယ်လိုတည်လာတယ်ဆိုတာ၊ ဘယ်လို ဖြတ်တောက်ရလဲဆိုတာ ပညာပေးတာပဲ။

ကိုယ့်ရှုံးလို့ စိတ်ဓါတ်ကျနေတဲ့အချိန် မရပ်မနား လှောင်ခံရရင် ဘယ်လိုနေမယ်ထင်လဲ။

ပညာရှိတဲ့သူတွေအဆင့်ကတော့ ပညာနဲ့ ချွန်းအုပ်နိုင်ပေမယ့် လူမိုက်အဆင့်ဆိုရင်တော့ သူသေကိုယ်သေ ကိုက်မယ်၊ ရိုက်မယ်၊ ဓါးနဲ့ထိုးမယ်တွေဖြစ်လာတာတွေလဲ ကြားဖူးနေတာပဲ။

အဲ့လိုဖြစ်လာခဲ့ရင် အခု လှောင်ပြောင်နေတဲ့သူတွေက ရှေ့ဆုံးက ရင်ဆိုင်မှာလား၊ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြမှာလား။

ကျနော်ကတော့ အဖြေသိနေပြီးသားပဲ။

ကျနော့်ကိုမေးမယ်။ မင်းဘာကြောင့် မလှောင်ဘူးလဲဆို ကျနော့်မှာ အဲ့လိုသတ္တိမရှိဘူး။ ဒဲ့ပဲ။ နိုင်ငံကောင်းစေချင်တယ်၊ ထောက်ပြစရာရှိထောက်ပြတယ်။ ဒါပေမယ့် ရှေ့ဆုံးက ပြေးပြီး ဘာမှပြန်လုပ်စရာမရှိဘဲ အသေခံရလောက်အောင် ဥာဏ်မတိမ်ဘူး။

သတ္တိရှိတဲ့သူတွေကို လေးစားတယ်ဆိုတာ တကယ်က နိုင်ငံရေးသမားတွေမြှောက်ပေးတဲ့စကားပဲ။
အဲ့စကားထက်ဆိုးတာတော့ ပြဿနာ ပိုဆိုးလာအောင် ဝိုင်းလှောင်နေပြီး တစ်ခုခုဖြစ်မှ ပျောက်သွားမယ့်သူဆိုရင်တော့ ဆဲချင်တယ်။

ဒီတော့ လှောင်နေတဲ့သူတွေကိုပြောချင်တာ တကယ်ဖြစ်ရင် ရှေ့ဆုံးကနေ ကိုယ်တိုင်ပါဝင်ပြီး ပြည်သူ့အား ပြကြပါ။ မပြနိုင်ရင်တော့ ပိုဆိုးသွားအောင် မလှောင်ကြပါနဲ့။ ညှိနိုင်တဲ့သူတွေ ညှိကြပါစေ။

ဒါပါပဲ။

====
ထပ်ဖြည့်

အခု ရထားတဲ့ ဒီမိုကရေစီက သူတို့အကျိုးအတွက် ခွါစစ်ဆင်သွားတာလား၊ ပြည်သူ့အားကြောင့်လား သေချာစဥ်းစားကြည့်ပါ။
====
လက်တွေ့မှာလဲ ညှိနေကြပြီမို့ ညှိကြပါစေပြောတာ။

ညှိတာကို ဟားတယ်ဆိုရင် စညှိနေပြီဖြစ်တဲ့ ကိုယ်ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဟားရာကျမယ်။

30/01/2021

မူရင်းရေသားသူ Ar Man Man Chel Puu ကို Credit ပေးပါတယ်ခင်ဗျာ

အစကတည်းက သာဝအနေနဲ့ အစ်မကြီးရေ မောင်လေးတို့ကို သောက်ဖက်လုပ်ပြပေးပါနော် လို့ ကြိုတောင်းဆိုထားရင် သနားသောအားဖြင့် ဟိုက ကျွတ် ကျွတ် ကျွတ် ဆိုပြီး သိက္ခာဆယ်ပေးနိုင်သေးတယ်။ 😅😅😅

အခုဖြစ်စဉ်က ဘယ်လိုဖြစ်သွားလဲဆို
သူ့ကိုယ်သူ power ရှိတယ်ထင်ပြီး မိုက်ကယ်စတိုင်နဲ့ Hero လုပ်ပြီး ရှေ့ကနေ ထွက်ချလာတယ်။ ဘယ်သူကမှ သောက်ရေးရော သောက်ဖက်‌ရော မလုပ်တော့ အီးမှန်ပါလေရော။ 😂😂😂

အဲ့တော့ ဖေဖေသာကောကြီးဆီ အစီရင်ခံပြီး ငိုသံကြီးနဲ့ ထပ်တိုင်တယ်။ဟိုကဖြင့် တဖက်ကို ဝမ်းမြောက်ကြောင်းပါ ပြောသွားတော့ ဂွမ်းရော။ အော်ငိုနေတဲ့ ကလေးငယ်လို ဝိုင်းဟားခံရတာရယ် "ပြည်ပအားကို ပုစိန်ရိုး" ဆိုတဲ့ သူတို့စကားနဲ့ သူတို့ပြန်တုပ်ခံရသေးတော့ ၂ ခါဂွမ်းပေါ့ 🤣🤣🤣

ဒါနဲ့ သောက်ဖက်လုပ်စေချင်တော့ တခုမဟုတ် တခု တောင်းဆိုပြတယ်။ ဒါလည်း အကုန်ပယ်ချပြီး ဘယ်သူမှ တံတွေးတောင် လှည့်မထွေးပြန်တော့ မရှိတဲ့သောက်ရှက်တွေ ထပ်ကွဲ။ ဒီကြားထဲ လူထုရဲ့ Haha တွေ စံချိန်တင်ပြီးရင်တင် လှောင်ပြောင်တာကခံရသေး။😜😜😜

အဲ့နည်းလဲ အလုပ်မဖြစ်တော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြမယ်ဆိုတဲ့ စတိုင်နဲ့ ခြိမ်းခြောက်မှုလေးတွေ လုပ်ပြမိပါတယ် တဖက်က အပြုံးမပျက်၊ ရင်တောင်မခုန်တဲ့အပြင် လူထုကလည်း ကြောက်ဖို့နေနေသာသာ ဝိုင်းဟားကြ ဝိုင်းလှောင်ကြနဲ့ တံတွေးခွက်ထဲမျော။ ဒါတင်လားဆို မဟုတ်သေးဘူး။ ပါပါသာကော အပါအဝင် ကုလ၊ US၊ နိုင်ငံတကာ သံတမန်အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ သံဃနာယက အဖွဲ့တွေကပါ အစိုးရဘက်ကနေ သူတို့ကို ကလှော်တုပ်တော့ သေပီဆရာဘဲ 😅😅😅

ခုမှ ဖင်ကြားဂဲညှပ်ပြီ။ ‌မသိမသာလေး သားကစတာပါဆို အရူးကွက်နင်းရင်လဲ သူ့ကိုလူစွမ်းကောင်းထင်ပြီး အထင်ကြီးနေတဲ့ မရှိမဲ့ရှိမဲ့ နောက်လိုက် ပေါတောတော အရူးတွေအမြင်မှာ သူ့ကိုနဂါးထင်မိတာ တကယ်တော့ ရေမြွေလေးဆိုတာ သိသွားရင် လုံးဝစောက်ရှက်‌က ပြောင်ပီ။ 😂😂😂
‌ဂျောင်ပိတ်မိနေတဲ့ ခွေးရူးပမာ မြင်ရာကိုက်ပြီး ရှေ့ဆက်တိုးပြန်ရင်လဲ ဖင်ကွဲပြီး သေချင်းဆိုး သေအုန်းမယ်။ 🤣🤣🤣

စုပ်လဲဆူး စားလဲရူး (အရင်ကတည်းက သောက်ရူးတွေပါဘဲ) ဘရိုင်းသီးဖြစ်ပီ။ သူများထက်ထူး နဖူး ယီး ပေါက်ချင်တဲ့အကောင်။ ဒါများ သမ္မတက လုပ်ချင်သေးတယ်။ ဒီလို ဦးနှောက်နဲ့ သမ္မတတော့ မရဘူး ကိုယ့်အိမ်က မသာမ ထဘီနဲ့ မျက်နာသာ အုပ်ထား‌လိုက်တော့။ အဟွတ် 😝😝😝

ဒီကြားထဲ သာဝအောက်ဆွဲ အရိုးကိုက်ထဲက ဘယ်ချီးဘရိန်းက ခွေးရူးထပြန်ပီး ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေငြာချက်ဆို Fake ရေးလိုက်တယ်မသိဘူး။သံတမန်ကိစ္စ လုပ်ဖို့ သံတမန်ခန့်ထားတာတဲ့၊ သူများ ပြည်တွင်းရေး မစွက်ဖက်နဲ့ ဆိုဘဲ 🤣🤣

မသိရင် သာဝစောက်ဆင့်နဲ့ဘဲ သံတမန်ခန့်လို့ရသလိုလို၊ ပြည်တွင်းရေး မစွက်ဖက်နဲ့တဲ့ အမယ် UN အဖွဲ့ဝင်နိုင်ငံကို လက်နက်နဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်မရပါဘူးဆိုနေမှ ရာဇသံပေးသလိုလိုနဲ့။ အရှက်ပြေ fake ရေးချင်လဲ ဦးနှောက်ရှိအောင် လူယုံအောင်ရေးတတ်ရတယ်။
အမယ် အောက်ဆွဲခွေးတွေကလဲ ဘဘ ပြတ်သားတယ်ဆို လက်‌ခမောင်းခတ်သာယာကျေနပ် အထင်တွေကြီးပြီးမန့်ကြတာ မြင်မကောင်းဘူး။ သူ့ဖထွေးကဖြင့် အရူးမီးဝိုင်း ယောက်ယက်ခက်နေပီ။ ငါမရယ်ချင်ပါဘူးဆိုမှဘဲ သာဝနဲ့အပေါင်းပါတို့ရာ။ အားနာတာ အဟိ 😝😝😝

Address


Website

Alerts

Be the first to know and let us send you an email when Myanmar News သတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share