ရန်ကုန်လူထုသပိတ် ပြည်သူများကို စစ်ကားဖြင့် တိုက်သတ်သည့် ဗီဒီယိုဖိုင်(ရုပ်/သံ)
=====
ဒီဇင်ဘာ ၅၊ ၂၀၂၁။
ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်လူထုသပိတ်မှ ဆန္ဒပြလူငယ်များကို ယနေ့ နံနက် ၈ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်တပ်က စစ်ကားဖြင့် တိုက်သတ်ခဲ့ပြီး ကားဖြင့်တိုက်၍ လူငယ် ၃ ဦး ပွဲချင်းပြီး ကျဆုံးခဲ့ရသည်။
လူငယ်တစ်ဦးမှာ သေနတ်ကျည်ထိ၍ သွေးလွန်ပြီး ကျဆုံးခဲ့ရသည်။ ယနေ့ စစ်တပ် သတ်ဖြတ်မှုကြောင့် ရန်ကုန်တွင် ပြည်သူ ၄ ဦး ကျဆုံးခဲ့ရသည်။
တောင်ကြီးမြို့ Quarantine Center တစ်ခု၌ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ရမ်းကားနေသည့် ရုပ်သံမှတ်တမ်း
စက်တင်ဘာ ၁၇၊ ၂၀၂၁။
တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရှိ Quarantine Center ၌ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ရမ်းကားမှုများ ဖြစ်ပေါ်နေသည့် ရုပ်သံဖိုင် တစ်ခု လူမှုကွန်ရက်၌ စက်တင်ဘာ ၁၆ ရက်တွင် ပျံ့နှံ့နေခြင်း ဖြစ်သည်။
Quarantine ဝင်ရောက်နေသည့် ရဲတပ်ဖွဲ့ဝင်များက စေတနာ့ဝန်ထမ်းကို စက်တင်ဘာလ ၁၅ ရက်၊ ညပိုင်းက ဆဲဆို ကြိမ်းမောင်း၍ ကိုယ်ထိလက်ရောက် ပြုမူသည့်အပြင် ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြောင်းနှင့် ရဲစခန်းသို့ တိုင်ကြားရာတွင်လည်း အမှုဖွင့်လှစ် ပေးခြင်း မရှိကြောင်း Facebook စာမျက်နှာများက ရေးသား ဖော်ပြမှု ပြုလုပ်ထားသည်။
🛑 Breaking News 🛑
အင်းယားလမ်းနဲ့ ပြည်လမ်းထောင့် က ယာဉ်ထိန်းရုံး
ဗုံးပေါက်
စက်တင်ဘာ ၁၇၊ ၂၀၂၁။
ဒီကနေ့မနက် ၆နာရီဝန်းကျင်လောက်မှာ အင်းယားလမ်းနဲ့ ပြည်လမ်းထောင့်က ယာဉ်ထိန်းရုံးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
"အဲ့ဒီနားက မအလရဲ့သား ဆေးရုံနဲ့ ကန်ဘောင်မှာက လုံခြုံရေးတော်တော်များများက အမြဲရှိတယ်
ပေါက်တဲ့နေရာက လမ်းထိပ် သူတို့က ကန်ဘောင်မှာ " လို့ အဲ့ဒီနားက ပြည်သူတစ်ဦးက ပြောပါတယ်။
NUG က နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက မြို့ကြီးတွေမှာ လုံခြုံရေး အင်အားကို တိုးပြီးချထားတာတွေ ရှိနေပါတယ်။
စစ်တပ်ပိုင် Myanmar Beer သိုလှောင်ခန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား
စစ်ကောင်စီရဲ့ ထောက်တိုင်တစ်ခုဖြစ်တဲ့ မုံရွာတစ်မြို့လုံးနှင့် မြို့နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ myanmar beerရုံး ဗုံးဖောက်ခွဲခံခဲ့ရကြောင်းသိရပါတယ်။
ထိုဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံမဏိတပ်ဖွဲ့ဖောက်ခွဲပညာရှင် ခွန်ဆာတို့အဖွဲ့မှ 16.9.2021 ရက် ည7:30မှာ ဖောက်ခွဲခဲ့တာ ဖြစ်ပြီး ဝန်ထမ်းများ ထိခိုက်မှု မရှိကြောင်း သံမဏိနှင့်အဖွဲ့သားများ - MPDF ကိုယ်စားပြု၏ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မုံရွာမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲခံရ (ရုပ်/သံ)
စက်တင်ဘာ ၉ရက်၊ ၂၀၂၁။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်တင်ဘာလ ၉ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။
လက်ရှိတွင် အသေအပျောက် မသိရှိရသေးသော်လည်း အနည်းဆုံး စစ်ကောင်စီဘက်မှ ၁ ဦးသေ ဆုံးကြောင်း ဒေသခံတချို့က ဆိုကြသည်။