Chan Paye Ko

Chan Paye Ko Not just me
(1)

20/09/2023

ကျွန်မတို Comics Myanmar Channel လေးမှာ စိတ်ဝင်စားဖွယ်အသံဇာတ်လမ်း လေးတွေအမြဲတင်ပေးနေတာဖြစ်လို့ Channel လေးကိုSubscribe လုပ်သွားပေး...

01/05/2023

အချစ်က sတလွဲကြီးပါဗျာ

ချစ်တော့နှလုံးသားကတဲ့

ကွဲတော့အသည်း တဲ့လား

လူလိမ် page ပါနော် သူငယ်ချင်းတော့ပိုက်ဆံ ၆သိန်းကျော်ပါသွားတယ်သူများတွေ ထပ်မလိမ်ခံရအောင် shareပေးကြပါဦးplease
07/04/2023

လူလိမ် page ပါနော် သူငယ်ချင်းတော့ပိုက်ဆံ ၆သိန်းကျော်ပါသွားတယ်
သူများတွေ ထပ်မလိမ်ခံရအောင် shareပေးကြပါဦး
please

07/04/2023

မွေးကတည်းက အချစ်ခံရမယ့် ကံပါမလာတာ ငါတစ်ယောက်ထဲလား🤣🤣🤣

19/03/2023
သိပ်ချစ်ရင် စောင့်လိုက်ပါ လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ...ဒီနေ့အတွက်သာ ကိုယ်နဲ့အတ...
10/02/2023

သိပ်ချစ်ရင် စောင့်လိုက်ပါ

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ...

ဒီနေ့အတွက်သာ ကိုယ်နဲ့အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ်အတွက်တော့ သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်..

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စိတ်ရှည်သည်းခံခြင်းကို လေ့လာသင်ယူပါ..

ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့် နောင်အနာဂတ်အတွက်တော့ တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်...

ကိုယ့်တကယ် အလိုရှိတဲ့သူကို မျှော်လင့်စောင့်စားရတယ်ဆိုတာ နာကျင်စရာအကောင်းဆုံးပါပဲ..

?? ဒါပေမယ့် လက်လျှော့လိုက်ရတဲ့ဘဝမှာ တစ်သက်တာ နောင်တတွေပါသွားခဲ့ရင်တော့ ပိုပြီးတော့ သိပခွစရွှငွ စောငျ့လိုကျပါ

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ...

ဒီနေ့အတွက်သာ ကိုယ်နဲ့အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ်အတွက်တော့ သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်..

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စိတ်ရှည်သည်းခံခြင်းကို လေ့လာသင်ယူပါ..

ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့် နောင်အနာဂတ်အတွက်တော့ တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်...

ကိုယ့်တကယ် အလိုရှိတဲ့သူကို မျှော်လင့်စောင့်စားရတယ်ဆိုတာ နာကျင်စရာအကောင်းဆုံးပါပဲ..

?? ဒါပေမယ့် လက်လျှော့လိုက်ရတဲ့ဘဝမှာ တစ်သက်တာ နောင်တတွေပါသွားခဲ့ရင်တော့ ပိုပြီးတော့ အရမ်းနာကျင်စရာကောင်းပါလိမ့်မယ်
သိပ်ချစ်ရင်စောင့်လိုက်ပါ
crd

သေချာပေါက်တော့ ...ငါတို့ဝေးမှာပါ ဒါပေမယ့် မဝေးကြသေးခင်ပြီးတော့ ...မခွဲရသေးခင်ဒီထက် ချစ်ပေးနိုင်တာထက် ပိုချစ်ပေးချင်တယ်ဂရ...
20/10/2022

သေချာပေါက်တော့ ...
ငါတို့ဝေးမှာပါ

ဒါပေမယ့်
မဝေးကြသေးခင်
ပြီးတော့ ...
မခွဲရသေးခင်

ဒီထက် ချစ်ပေးနိုင်တာထက်
ပိုချစ်ပေးချင်တယ်
ဂရုစိုက်ပေးနိုင်တာထက်
ပို ဂရုစိုက်ပေးချင်တယ်

ကျန်ခဲ့ရခြင်းတွေက
ငါ့အတွက် အဆင်ပြေပါတယ် ကလေးရေ

ဒါပေမယ့်
ငါတို့ ချစ်ခဲ့ကြတာပဲဆိုတဲ့
ရက်တွေ လတွေကို
ဒီထက်ပိုပြီး အများကြီးအမှတ်ရချင်နေသေးတယ်

ငါတို့ ဝေးမသွားကြခင်ဆိုပြီး
ဒီထက်ပိုပြီး
အိပ်မက်တွေ အများကြီး မက်နေချင်သေးတယ်

ငါတို့က ...
မစခင်ကတည်းက
ဝေးခဲ့ရပြီးသားပါ

ဒါပေမယ့်
ဒီထက်ပိုပြီး နီးခဲ့ချင်သေးတယ် ။

ငါတို့ဝေးမသွားခင် ...

ချစ်တယ်ဆိုတဲ့ စကားလုံးတွေ ချစ်လားဆိုတဲ့ မေးခွန်းတွေ မေးခွင့်ရှိသလောက် မေးနေရတဲ့ အချိန်တွေပေါ့ ။ မချစ်တာမဟုတ်ဘူးလေ ဒါပေမယ့်ဆိုတဲ့နောက်မှာ တစ်ခါတစ်လေမှာ ဘယ်တော့မှ မဆုံနိုင်တော့မယ့်လမ်းတွေဟာ တကယ်ပဲရှိတတ်တယ် မဟုတ်လား ။ တကယ်လို့ တစ်စုံတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ဘယ်တော့မှ မဝေးတော့အောင် ကြိုးစားယူနိုင်ရမှာပေါ့တဲ့ တကယ်တမ်းကျတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီထက်ပိုပြီး မနီးတော့မယ့်ဘ၀တွေဟာ တကယ်ပဲ ရှိပါတယ် ။

ဒါပေမယ့် ... ငါတို့ဝေးမသွားခင်လေးမှာ အတတ်နိုင်ဆုံး ချစ်နိုင်သလောက် ချစ်ကြရုံပေါ့ ။ ဒီတစ်ခုပဲ လောကကြီးက ရွေးချယ်စရာပေးထားတဲ့အခါ အကောင်းဆုံးဆိုတဲ့ အရာတွေချည်းပေးပြီး ချစ်ကြရုံပေါ့ ။ အိပ်မက်တွေ အများကြီး မက်နေဖို့ အချိန်တွေ ရှိမနေတော့တဲ့အခါ ... ဘ၀ဆိုတဲ့ အရာကို လက်ဆွဲပြီး ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မင်းနဲ့အတူဆိုပြီး ဖြတ်ကျော်ကြည့်ချင်သေးတယ် အချစ်ရေ ... ခရီးတွေ အများကြီး ထွက်ချင်သေးသလို တစ်နေ့နေ့ကျရင်ဆိုတဲ့ စကားတွေ ခဏထားပြီး ဒီနေ့မှာ အပျော်ဆုံးလူသားတွေလို တချို့အရာတွေကို မေ့ထားချင်သေးတယ် ။ မင်းအနားရှိရင်လေ ... အရာရာကို မေ့ထားပြီး မင်းကိုပဲ ငေးကြည့်နေချင်တယ် ။

တကယ်တမ်းကျတော့ မင်းကို အများကြီး ချစ်မိသွားဖို့ မရည်ရွယ်ခဲ့ဘူး ... ဒီလောက်ထိချစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး ။ အစက သဘောကျရုံကျခဲ့တာ ။ မင်းအနားမှာနေရတဲ့အခါ ဘယ်အရာမှ ဟန်ဆောင်ထားစရာမလိုတဲ့ ဘ၀ကို နှစ်သက်ခဲ့တယ်ဆိုပါတော့ ။ ငယ်ပေါင်းကြီးဖော်လိုမျိုး ... စကားတွေတရင်းတနှီးပြောနေရတဲ့ အချိန်တွေတိုင်းဟာ လွတ်လပ်ပေါ့ပါးသလိုမျိုး ခံစားမှုမျိုးကို သဘောကျခဲ့တာ ။ ဒီလောက်ထိ ချစ်မိသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး ။ ပြီးတော့ ... ချစ်မိသွားတဲ့အခါတောင် ချစ်နေရရုံဆိုတာလောက်နဲ့ပဲ ရောင့်ရဲနိုင်ခဲ့မယ်ထင်ခဲ့တာ။ ဒါပေမယ့် အရာရာအားလုံးဟာ ဆန့်ကျင်ဖက်ပါပဲ ။

မင်းအနားကို ရောက်ပြီးတဲ့အခါတိုင်း မင်းနဲ့ ဘယ်တော့မှ ဝေးမသွားချင်တော့သလို မင်းနဲ့ဝေးရရင်လို့ တွေးမိတဲ့အခါတိုင်း အရာရာဟာ အရင်နေ့တွေဟာ ပိုမှောင်တယ် ။ ဆုံးရှုံးရမှာ ကြောက်လာရတာနဲ့အမျှ ပိုင်ဆိုင်ချင်လာတာဟာ သဘာ၀ပဲ မဟုတ်လား ကလေးရဲ့ ... တကယ်ဆို ကိုယ်ဟာ ဟိုးအရင်က ပြောခဲ့သလိုပဲ ချစ်နေရရုံနဲ့ တကယ်ကျေနပ်ချင်ခဲ့တာပါ ။ ဒါပေမယ့် ပိုတိုးလို့ ချစ်လာမိတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် မင်းမှ မရှိရင်ဆိုတဲ့ အိပ်မက်ဆိုးဟာ ကိုယ့်ကို နှိပ်စက်တယ် ။ ချစ်တယ်ဆိုတဲ့ စကားလုံးကို တဖွဖွရွှတ်နေမိတဲ့ မနက်ခင်းတွေ ပိုများလာသလို မချစ်ဘူးလားဆိုပြီး မေးမိတဲ့ နေ့ရက်တွေက ပိုများလာပြီ ထင်တယ် ။

ငါတို့ ဝေးမသွားခင် ... အင်း ဒီခေါင်းစဥ်လေးအောက်မှာ ချစ်ခဲ့ကြတာပါပဲ ... ငါတို့ဝေးသွားရင်ဆိုပြီး မတွေးရဲတာကလွဲရင် အရာရာကို အကောင်းမြင်နိုင်ဖို့ ကြိုးစားပါတယ် ။ မင်းက မိုးစက်လေးတွေကို သဘောကျ နှစ်သက်တယ် မဟုတ်လား ... မိုးလေးရွာရင် အပျော်ဆုံးကလေးလေးလေ ... မိုးရေချိုးချင်လို့ဆိုပြီး မျက်နှာငယ်လေးနဲ့ တဂျီဂျီကျပြီး ပြီးရင် ဖျားတတ်တဲ့ ကလေးလေးပေါ့ ။ မြူတွေဆိုင်းတာမျိုးဆို ငေးကြည့်နေတတ်တဲ့ ကလေးလေးက အရမ်းအေးရင်လည်း အဆင်မပြေတတ်တာ မင်းပါပဲ ။ အများကြီး ဂရုစိုက်ရမယ်နော် ပြီးတော့ အများကြီး နေကောင်းအောင် နေရမယ်နော် ... တစ်ခါတစ်လေ စကားတွေ ပြောနေရင်းက အဝေးကို ငေးသွားတဲ့ မျက်၀န်းတွေမြင်ရင် စကားတွေကို တမင်လမ်းကြောင်းပြောင်းခဲ့ရတာလည်း အခါခါပါ ။ တချို့ ချစ်ခြင်းမေတ္တာလို တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်တွေ အများကြီး ထားလို့မရတာကလွဲရင် မနက်ဖြန်တိုင်းမှာတော့ ငါတို့အတူရှိနေကြမယ်ဆိုတဲ့ အိပ်မက်တွေနဲ့ အိပ်မက်လှလှမက်အောင် အိပ်လို့ရပါသေးတယ် ။

ချစ်ခြင်းမေတ္တာ ... တစ်ခါတစ်လေကျတော့လည်း ဒီလိုပဲ ဆန်းကြယ်တတ်တယ် မဟုတ်လား ဒါမှမဟုတ် ဒီလိုပဲ လှည့်စားတတ်တယ် မဟုတ်လား ။ အဆင်ပြေပါတယ် မင်း အနားရှိနေရရုံ မင်းကို ငေးကြည့်နေရရုံ ပြီးတော့ ကိုယ်သိတဲ့ မနက်ဖြန်တွေမှာ မင်းရှိနေတာပဲဆိုတဲ့ အတွေးတွေနဲ့ နိုးထနေရတာကို ပျော်ပါတယ် ။ အများကြီး ဂရုစိုက်ပေးမှာပေါ့ဆိုတဲ့ စကားတွေရယ် ပြီးတော့လေ မင်းအနားမှာ အမြဲရှိနေတာပဲဆိုတဲ့ စကားတွေနဲ့တင် ပျော်ရွှင်ဖို့ လုံလောက်ပါတယ် ။ ခရီးတွေ အများကြီး ထွက်ကြဦးမယ်လေနော် ... တောင်တန်းတွေဆီ ...ပြီးတော့ အရမ်းအေးတဲ့အရပ်တွေဆီ လက်တွဲပြီး လမ်းလျှောက်ကြဦးမယ် ။ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူးဆိုတဲ့ ပေါက်တတ်ကရတွေအများကြီး လုပ်ကြဦးမယ် ။ ငါတို့တွေ အများကြီး ချစ်ကြဦးမယ် ။

ဘာပဲဖြစ်ဖြစ် တစ်နေ့မဟုတ် တစ်နေ့တော့ ဝေးကြရမှာပဲဆိုတဲ့ အမှန်တရားတွေ ရှိပြီးမှတော့ နီးနိုင်သမျှ နီးအောင် တစ်ယောက်ဘ၀ထဲတစ်ယောက် တိုး၀င်ကြရုံပေါ့ ။ ချန်ခဲ့ရခြင်းတွေ ကျန်ခဲ့ရခြင်းတွေကို စိတ်ထဲ ထားမနေတော့ပဲ ချစ်နေခြင်းတွေကို ဆက်ပြီး အသက်သွင်းကြရုံပေါ့ ... နေကောင်းကျန်းမာအောင်နေပါ အတတ်နိုင်ဆုံး ပျော်အောင်နေပါ ... တစ်ခုခုဆို မင်းအနားမှာ ကိုယ်ရှိနေတာလေ သတိရပါ ... ဒီလောက်ဆို ဘာပဲဖြစ်လာဖြစ်လာ ပျော်အောင် နေဖို့ လုံလောက်ပါတယ် ။ အများကြီး စိတ်ပူနေတာကလွဲရင် အများကြီးလွမ်းနေတာကလွဲရင် ပျော်ပါတယ် ။

အဆုံးသတ်တွေကို ကြိုသိနေတဲ့ ၀တ္တုလေးတစ်ပုဒ်ပဲထားပါတော့ အချစ်ရေ ...ဒါပေမယ့် ဒီ၀တ္ထုလေးမှာ ဇာတ်ကောင်လေး နှစ်ယောက်က သိပ်ချစ်ကြတာပဲဆိုတဲ့ ပြောစမှတ်ပဲ တွင်စေချင်တယ်။

#ကျေးကို crd ပြန်လည်ဖော်ပြခြင်းပါ ကြိုက်လို့စာသားလေးတွေ

ချေပါ ကိုယ်စပြောမှ အသက်ဝင်မယ့် Conversations တွေBye bye လုပ်သူတခွန်းပြောရင် ကိုယ်ကငါးခွန်းလောက် ဖော်ရွေချင်တဲ့စိတ်ဓာတ်လေ...
14/08/2022

ချေပါ

ကိုယ်စပြောမှ အသက်ဝင်မယ့် Conversations တွေ
Bye bye လုပ်

သူတခွန်းပြောရင် ကိုယ်ကငါးခွန်းလောက် ဖော်ရွေချင်တဲ့
စိတ်ဓာတ်လေးကို ပြင်

အထီးကျန်တဲ့အခါ အနားရောက်လာတဲ့ လက်တစ်ဖက်ကို
အားကိုးတကြီးဆုပ်ကိုင်ချင်တာတွေ မလုပ်နဲ့

ခင်ဗျားအမိအရဖမ်းဆွဲထားလည်း ဧည့်သည်သဘောမျိုးနဲ့
ရောက်လာတဲ့သူကတော့ အချိန်တန်ရင် ပြန်မှာပဲ

သူတို့လိုအပ်လို့ ကိုယ့်ဘဝထဲဝင်လာပြီး ပြန်ထွက်သွားတဲ့အချိန်မှ ကိုယ်ကသူတို့ကို လိုအပ်ပြီး မကျန်ခဲ့စေနဲ့

ချေတယ်ဆိုတာ နားထောင်လို့သာ မကောင်းတာ
ဘယ်သူ့အတွက်မှ လိုသုံး ဖြစ်စရာမလိုဘူး

ခဏတာလောက် အဖော်ရပြီး သူတို့အဖက်မလုပ်တဲ့အချိန်
ဝမ်းနည်းရမယ့်အတူတူ အထီးကျန်နေလည်း အထာလေးနဲ့ ချေပါ

ခင်ဗျားချေခဲ့ဖူးလို့ နောင်တရမှာမဟုတ်ဘူး
တကယ်လိုချင်တဲ့သူက အနားကိုမရောက်ရောက်အောင်
လာလိမ့်မယ်

မလိုချင်တဲ့သူအနားကို အတင်းရောက်အောင်သွားပြီး
ဖော်ရွေမိမှသာ နောင်တရ ရမှာ

17/07/2022

like me😍😍😍

မင်းကို သတိရလိုက်တာ
13/05/2022

မင်းကို သတိရလိုက်တာ

04/05/2022

ငါမမှားဘူး မင်းမှန်ပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when Chan Paye Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share