New Light News

  • Home
  • New Light News

New  Light News ဒီမိုကရေစီအစစ်အမှန်ကိုသာလိုလားသည်?

28/03/2022

PDF တွေကိုကူညီဖို့အရမ်းကြောက်ကြတယ်။ ကြောက်မနေနဲ့ ရဲရဲသာကူညီ။ ကြောက်နေရင်ပိုဆိုးကုန်လိမ့်မယ်။

20/02/2022
20/02/2022

မိုးညိုထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီထောက်တိုင်များကို မဟာမိတ်အဖွဲ့များနှင့်အတူ MNT-RDFတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ဟုဆို

မိုးညို ဖေဖော်ဝါရီ၂၀ ၂၀၂၂ Tharyarwaddy 8 City

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲမှာပါဝင်သည့် မိုးညိုမြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီ၏ ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီထောက်တိုင်များကို အခြားPDFအဖွဲ့များနှင့်အတူ မိုးညိုမြို့နယ် ဒေသကာကွယ်ရေးအင်အားစုတပ်ဖွဲ့(MNT-RDF)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မိုးညိုမြို့နယ် ဒေသကာကွယ်ရေးအင်အားစုတပ်ဖွဲ့ MoeNyo Township Regional Defense Forces (MNT-RDF)ကို ၂၀၂၁ နိုဝင်ဘာလ ၁၃ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူတွေအနေနဲ့လည်း အဖွဲ့ကိုထောက်ပံ့ပေးကြဖို့ အဆိုပါအဖွဲ့ရဲ့သတင်းပြန်ကြာရေးတာဝန်ခံဗိုလ်ကျော်မိုးမှ.Tharyarwaddy 8 Cityကို ပြောပါတယ်

"အကိုတို့်အဖွဲ့ကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာထဲ၁၃မှာ စဖွဲ့စည်းခဲ့ပြီး စစ်အုပ်စုထောက်တိုင်တွေကို၃ကြိမ်တိုက်ခိုက်ထားတယ် အခုတော့အခြားPDFအဖွဲ့တွေနဲ့လှုပ်ရှားနေတာလည်းရှိတယ် ရှေ့ဆက်ပြီးလည်းစစ်အုပ်စုကိုတိုက်ခိုက်သွားမှာမို့ ပြည်သူတွေကိုပြောချင်တာကတော့ အကိုတို့အသက်ပေးထားတယ် ပြည်သူတွေ တိုက်ခိုက်ရေးပစ္စည်းတွေဝယ်ဖို့ ငွေလှူပေးကြပါ အကိုတို့ပြည်သူ့အတွတ်ဘဝတွေစွန့်လွတ်ထားပြီ ဝိုင်းကူပေးကြပါ"

မိုးညို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို (၅-၁-၂၀၂၂)ရက်နေ့တွင်လည်းကောင်း၊၁၅-၁-၂၀၂၂)ရက်နေ့တွင် မင်းလှမြို့နယ်အတွင်းရှိ ဗျက်ကြီးကျေးရွာ Mytel တာဝါတိုင် နှင့် (၁၈-၂-၂၀၂၂)ရက်နေ့တွင် ကောက်ကွေးတန်း ကျေးရွာရှိ Mytel တာဝါတိုင် တို့ကို (MNO-PDF)နှင့်(MH-PDF)တို့နှင့်အတူ ပူးပေါင်း၍လည်းကောင်း၊(၁-၂-၂၀၂၂)ရက်နေ့တွင် မိုးညိုမြို့နယ်မြို့အဝင် စစ်ကောင်စီတပ်များတပ်ဆွဲရာ မြို့အဝင်စစ်ဆေးရေးဂိတ်အားရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ဖို့ပြုလုပ်ခြင်းတို့အားMNT-RDFအဖွဲ့မှ ၃ကြိမ်ပြုလုပ်ထားပါသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ပြည်သူ့ဘက်မရပ်တည်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲနှင့်စစ်သားများ၊ NOn CDM များ ပြည်သူနှင့်အတူရပ်တည်ကြရန် ပြည်သူ့ဘက်မရပ်တည်သည့် Non CDM များ၏ အသက်အိုးအိမ်စည်းစိမ်များကို တာဝန်ယူမည်မဟုတ်ကြောင်းနှင့် အုပ်ချုပ်ရေးမှူးများ၊ရဲနှင့်စစ်သားများ၊ Non CDMများ၏ လှုပ်ရှားမှုများကို MNT-RDFတပ်ဖွဲ့ထံ သတင်းပေးပို့ပေးဖို့ပြည်သူများမှ ကူညီပေးကြဖို့ တိုက်တွန်းထားပါသည်။

14/02/2022

#လူသတ်သမားတွေဖြစ်သွားပြီ
ဆေးတက္ကသိုလ်
(၁) ပါမောက္ခချုပ်
ဒေါက်တာ ဇော်ဝေစိုး ရဲ့
ဒီနေ့ ....ရေးတဲ့စာ
တနှစ်ပြည့်လို့အမှတ်တရဆရာကြီးသို့

********

ကမ္ဘာမကြေဘူး ၉/၂/၂၀၂၁

လူသတ်သမားတွေ ဖြစ်သွားပြီ
ဘုရား မကြိုက်တဲ့ သူတွေ ဖြစ်သွားပြီ
ပြည်သူကို သတ်တဲ့ အဓမ္မ အစိုးရဖြစ်သွားပြီ

ဒို့ပြည်သူတွေ ဘယ်သူ့ကိုမှ မသတ်ချင်ပါဘူး
ဒို့ပြည်သူတွေ ဘယ်သူ့ကိုမှ ရန်မရှာပါဘူး
ဒို့ပြည်သူတွေ စိတ်မကောင်းခြင်းတွေနဲ့ ငြိမ်းချမ်းစွာ
လမ်းလျှောက်ကြတာပါ
ဘာလက်နက်မှ မပါပါဘူး

မင်းတို့ဘဲသိ ၊ မင်းတို့ဘဲ တတ်
မင်းတို့ဘဲမှန် ၊ မင်းတို့ဘဲဖြောင့် ( မင်းတို့ လက်တစ်ဆုတ်စာ)
မင်းတို့ဘဲကောင်း ၊ မင်းတို့ဘဲ တရား
ဒို့ ပြည်သူ သန်း ၅၀ မှားသတဲ့လား
{ပြည်သူ ၅၄ သန်းမှာ တပ် ၅ သိန်းကျော်ပဲ ရှိ}

ဒီနေ့ ကမ္ဘာနဲ့ ဒီနေ့မြန်မာ - အရင်ကနဲ့ မတူ
၆၂ မဟုတ်
၈၈ မဟုတ်
နှစ်ထောင့် နှစ်ဆယ့်တစ်
ခေတ်က IT ခေတ်

လွတ်လပ်ခြင်း
ပွင့်လင်းခြင်း
လျှင်မြန်ခြင်းတွေနဲ့ .......။

အလိမ်တွေ ....မုသားတွေ
အသက်မရှင်နိုင်တဲ့ခေတ်
မင်းတို့ မသိလေရော့သလား

ငါ မင်းတို့ ဆွေစဉ်မျိုးဆက်တွေအတွက် သနားတယ်

ပြည်သူ သန်း၅၀ ရဲ့ ငြိုငြင်မှု
ပြည်သူ သန်း၅၀ ရဲ့ ဆုတောင်း
ပြည်သူ သန်း ၅၀ ရဲ့ ကျိန်စာ

ငါ မင်းတို့ ဆွေစဉ်မျိုးဆက် သနားတယ်

ကမ္ဘာမကြေဘူး

#ဆရာဇော်ဝေစိုး

08/02/2022

ကျနော်တို့ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင်စနစ် ပြုတ်ကြသည်အထိ မနားနနေတိုက်ပွဲဝင်သွားမည်

အရေးတော်ပုံမုချအောင်ရမည်

02/02/2022

မိုးညိုမြို့အဝင်​ဂိတ်​က စစ်​​ကောင်​စီတပ်​သားများကို တိုက်​ခိုက်​ဖို့ပြုလုပ်​ထားသည့်​မစ်​ရှင်​ကို ပြည်​သူ​တွေကိုငဲ့ညာ၍ MNT-RDFတပ်​ဖွဲ့မှဖျက်​သိမ်းခဲ့ရ

ဖေဖေါ်ဝါရီ၂ MinhlaThadin

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် မိုးညိုမြို့အဝင်က စစ်ဆေးရေးဂိတ်ကို MNT-RDFတပ်​ဖွဲ့မှ တိုက်ခိုက်မှုများပြုလုပ်ဖို့ပြင်ဆင်ထားသည့်မစ်ရှင်တစ်ခုအား အဆိုပါဂိတ်အနီးနားတွင် ပြည်သူများရှိနေ၍ ပြည်​သူများကိုငဲ့ညှာကာ မတိုက်ခိုက်ဘဲဖျက်သိမ်းလိုက်ရကြောင်း သိရပါသည်​။

ဇန်နဝါရီ၃၁ရက်နေ့က မိုးညိုမြို့အဝင်​ရှိ အကြမ်းဖက်​စစ်
ကောင်​စီတပ်​သားများ လုံခြုံ​ရေးယူ​နေသည့်​ အဆိုပါစစ်
ဆေး​ရေး​ဂိတ်ကို တိုက်ခိုက်ဖို့အတွတ် မိုးညိုမြို့နယ်ဒေသကာကွယ်ရေးအင်အားစုများတပ်ဖွဲ့ (MNT-RDF)မှ ရှေ့ထွက်မိုင်းဖြင့်ဖောက်ခွဲဖို့ပြင်ဆင်ထားချိန်မှာ အဆိုပါဂိတ်က စစ်ကောင်စီတပ်သားများအနီးမှာ ပြည်သူတွေရှိနေ၍ မစ်ရှင်ကိုဖျက်သိမ်းလိုက်ရပြီပစ္စည်းများကိုထားခဲ့ကာပြန်​လည်​ဆုတ်​ခွာခဲ့ရသည်​ဟု အဆိုပါအဖွဲ့မှ သတင်းထုတ်​ပြန်​ပါသည်

အသံတိတ်​သပိတ်ပြုလုပ်​ကြသည့်​ ​ဖေ​ဖေါ်ဝါရီ၁ရက်​​ ယမန်​​နေ့မနက်​ပိုင်းမှာ​​တော့ အကြမ်းဖက်​စစ်​​ကောင်​စီတပ်​သားများ​မှ အဆိုပါ​​ဖောက်​ခွဲ​ရေးပစ္စည်းများကို ​တွေ့ရှိ၍​သေနတ်​ဖြင့်​ပစ်​ခတ်​​ဖောက်​ခွဲခဲ့​ကြောင်း မိုးညိုမြို့နယ်​မှ​ဒေသခံတစ်​ဦးမှ​ပြောပါတယ်

"""မ​နေ့ကမနက်​၉နာရီ​လောက်​မှာ မြို့အဝင်​ဂိတ်​နားမှာ ဗုံး​တွေ့လို့ဆိုပြီး စစ်​တပ်​က​သေနတ်​နဲ့ပစ်​ခွဲလို့​ပေါက်​ကွဲသံကြားရတယ်​ဗျ အဲ့ဗုံးကွဲသံက​တော်​​တော်​ကျယ်​တယ်​ ဗုံးစ​တွေက အနားကထန်းပင်​​တောင်​မှန်​ထားတာ​တွေ့တယ်​ ​ဖောက်​တဲ့အဖွဲ့က​တော့ပြည်​သူကိုငဲ့ပြီးမခွဲတာလို့​ပြောတယ်​ အခုဗုံးကွဲတဲ့ဂိတ်​က​​ခွေး​တွေကပြည်​သူ​တွေကို ဒုက္ခ​ပေး​နေတာကြာပြီ ​နောက်​တခါဆိုလူလိုမသိတဲ့ပြည်​သူ​တွေရှိလည်း​ဆော်​သာ​ဆော်​ပါ ကျွန်​​တော်​ရှိ​နေလို့​ဆော်​လည်းလက်​ခံတယ်​"""ဟု ​ဒေသခံတစ်​ဦးမှ​ပြောပါသည်

ယခုမစ်​ရှင်​ကိုဖျက်​သိမ်းခဲ့ရသည့်​အတွတ်​ ကျပ်​​ငွေ(၁၅၀၀၀၀​)ခန့်​ ဆုံးရှုံးခဲ့ရပြီး ပြည်​သူ​တွေကိုလည်း စစ်​​ကောင်​စီ​ထောက်တိုင်​​တွေအနီးမှာမ​နေထိုင်​ဖို့ MNT-RDFအဖွဲ့မှ ဗိုလ်ကျော်မိုးက ယခုလို​ပြောကြားပါသည်

""" ၃၁ရက်နေက မြို့အဝင်ကစစ်ခွေးတွေကို ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ဖို့လုပ်ထားပြီး ဖောက်ခွဲဖို့ပြုလုပ်ချိန်မှာ စစ်ခွေးတွေနားမှာ အပြစ်မဲ့ပြည်သူတွေရှိ​နေလို့ မဖောက်ခွဲဘဲဖျက်သိမ်းလိုက်ရတယ်ဗျာ အကိုတို့​တွေ ပြည်​သူ​တွေ​ထောက်​ပံ့တဲ့ကူညီ​ငွေ၁သိန်းခွဲဖိုး ဆုံးရှုံးခဲ့တယ်​ အခုတစ်ခါတော့ ကျွန်တော်တို့ ငဲ့ညာလိုက်ပါတယ်။ သတိလည်းပေးထားပြီးပါပြီ။ နောက်တစ်ခါဆို ကျွန်တော်တို့ လုပ်စရာရှိတာဆက်လုပ်မှာပါ လွတ်​​မြောက်​နယ်​​မြေက​နေ လာရတဲ့အတွက် အခက်ခဲတွေလည်းရှိတယ် ပြည်​သူ​တွေအ​နေနဲ့စစ်​​ကောင်​စီ​ထောက်​တိုင်​​တွေနဲ့ ခပ်​ကင်းကင်း​နေဖို့ဒီ​နေရာက​နေပဲတိုက်​တွန်းပါရ​စေ""""" ဟု ၄င်း​မှ​MHTDကို​ပြောပါသည်

မိုးညိုမြို့နယ်​မှာ MHTDမှစုံစမ်းသိရှိရသ​လောက်​ ​ပြည်​သူ့ကာကွယ်​​ရေးတပ်​ဖွဲ့သုံးဖွဲ့ထက်​မနည်းရှိ​နေပြီး စစ်​​ကောင်​စီ​ထောက်​တိုင်​များကိုတိုက်​ခိုက်​မှု၅ကြိမ်​ထက်​မနည်းပြုလုပ်​ထားပြီး စစ်​​ကောင်​စီခန့်​အုပ်​ချုပ်​​ရေးမှူးတစ်​ဦးလည်းလုပ်​ကြံခံရကာ ၄င်း၏တူဖြစ်​သူ ​သေနတ်​နဲ့ပစ်​ခံရပြီး​သေဆုံးကာ အုပ်​ချုပ်​​ရေးမှူးက​တော့လွတ်​​မြောက်သွားပါသည်​။

01/02/2022

စစ်အာဏာရှင်ကျဆုံးရေးအတွက် ပါဝင်ကူညီပေးထားသော
ညီအစ်ကိုများအား 𝐌𝐍𝐓-𝐑𝐃𝐅 မှ မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်
#အရေးတော်ပုံအောင်ရမည်
#မိုးညိုမြို့နယ်ဒေသကာကွယ်ရေးအင်အားစုများတပ်ဖွဲ့


မိုးညိုပြည်သူတွေအတွက် 𝐌𝐍𝐓-𝐑𝐃𝐅 လာပြီ။

01/02/2022
01/02/2022

သတင်းထုတ်ပြန်ချက်(၁၀/၂၀၂၂)

31/01/2022

ကြေညာချက်အမှတ်(၂/၂၀၂၂)

31/01/2022
31/01/2022
30/01/2022

မိုးညိုတွင်​ မိုဘိုင်းဖုန်းများအတွင်းVPNထည့်​ထားသည့်​ ဖုန်းပိုင်​ရှင်​များကို ​ဖမ်းဆီးရန်​စစ်​​ကောင်​စီမှညွှန်​ကြား

ဇန်​န၀ါရီ၃၀ MinhlaThadin

ပဲခူးတိုင်းအ​နောက်​ပိုင်း သာယာဝတီခရိုင်​ မိုးညိုမြို့နယ်​၌ ပြည်​သူများအသုံးပြု​နေသည့်​ မိုဘိုင်းဖုန်းများအတွင်းVPNထည့်​ထားသည့်​ ဖုန်းပိုင်​ရှင်​များကို ​ဖမ်းဆီးရန်​စစ်​​ကောင်​စီမှညွှန်​ကြားထား​ကြောင်း သိရသည်

ယခုရက်​ပိုင်းအတွင်းမှာ အကြမ်းဖက်​စစ်​​ကောင်​စီလက်​​အောက်​ခံ ရဲနှင့်​စစ်​သားများပူး​ပေါင်းကာ မြို့အဝင်​အထွက်​နဲ့ မြို့တွင်း​နေရာတချို့မှာ ​မော်​​တော်​ဆိုင်​ကယ်များအား ဆိုင်​ကယ်​လိုင်​စင်​ရှိမရှိစစ်​​ဆေးခြင်း မိုဘိုင်းဖုန်းများအတွင်း၌ VPN​ဆော့ဝဲလ်​ထည့်​ထားခြင်း စသည်​တို့ကိုစစ်​​ဆေး​နေကာ ဆိုင်​ကယ်​လိုင်​စင်​မရှိပါက​ဆိုင်​ကယ်​ကိုသိမ်းကာ လူအား​ထောင်​ချခြင်း ​ငွေ​ကြေး​ပေး​ဆောင်​ခိုင်းခြင်း ပြည်​သူများ၏ ဖုန်းများအတွင်းမှာVPN​ဆော့ဝဲလ်​ထည့်​သွင်းထားပါကလည်းဖမ်းဆီး​ကြောင်း​ဒေသခံ​တွေက​ပြောပါတယ်

မိုးညိုမြို့နယ်တွင် စစ်​တပ်​၊ရဲတပ်​ဖွဲ့ဝင်​များနှင့် ထွေအုပ်၊စည်ပင်​ဝန်ထမ်းများမှ မြို့နယ်စည်ပင်သာယာဈေးအတွင်း နှင့် မြို့တွင်း​​ရှိ အိမ်ဆိုင်များ သို့ Feb-1 ရက်နေ့တွင် အသံတိတ်သပိတ်အတွက် ဆိုင်ခန်းများပိတ်ထားပါက
အကြမ်းဖက်​မှုတိုက်​ဖျက်​​ရေးဥပ​ဒေအရ ပိုင်​ဆိုင်​မှုများကိုသိမ်းခြင်းနှင့်အတူ ​ထောင်ဒဏ်ပါချမှတ်မည်ဖြစ်ကြောင်းကို ညပိုင်းတွင်လည်း အသံချဲ့စက်ဖြင့် မြို့ရွာများသို့လိုက်လံအသိပေးနေကြောင်း ၊ ထို့အပြင် စစ်ကောင်စီ ဘက်မှ ဆိုင်ကယ်များဖမ်းခြင်း၊ လမ်းသွားလမ်းလာများအား ဖုန်းထဲမှ VPN ဆောဝဲလ် များကိုဖမ်းစီးခြင်းများကို မိုးညိုမြို့နယ်အတွင်း နေရာအနှံ့ဖမ်းစီးနေခြင်းများပြုလုပ်လျှက်ရှိနေကြောင်း သိရပါသည်။

ယခုကဲ့သို့ ဖမ်းစီးခြင်းများကြောင့် ပြည်သူများမှလည်း လမ်းပေါ်သို့ထွက်မည်မဟုတ်ကြောင်း နှင့် ဈေးဆိုင်များဖွင့်ထားပါကလည်း ဝယ်ယူအားပေးမည်မဟုတ်ကြောင်း မိုးညိုမြို့နယ်​မှ ပြည်​သူများမှလည်း ​​ဖေ​ဖေါ်ဝါရီ၁ရက်​​နေ့တွင်​ အသံတိတ်သပိတ်ကိုမြန်မာပြည်သူများနှင့်အတူ ​​​ပါဝင်​သွားကြမည်​ဖြစ်​​ကြောင်း ​ဒေသခံ​တွေမှ MHTDကို ​ပြောကြပါသည်​။

29/01/2022

မိုးညိုမြို့နယ်တွင် စခ/ရခ များနှင့် ထွေအုပ်၊စည်ပင် ဝန်ထမ်းများမှမြို့နယ်စည်ပင်သာယာဈေးအတွင်း နှင့် မြို့ထဲရှိ အိမ်ဆိုင်များ သို့ Feb-1 ရက်နေ့တွင် အသံတိတ်သပိတ်အတွက် ဆိုင်ခန်းများပိတ်ထားပါက ဒဏ်ငေွနှင့်အတူထောင်ဒဏ်ပါချမှတ်မည်ဖြစ်ကြောင်း နှင့် ညပိုင်းတွင်လည်း အသံချဲ့စက်ဖြင့် မြို့ရွာများသို့လိုက်လံအသိပေးနေကြောင်း ၊ ထို့အပြင် စစ်ကောင်စီ ဘက်မှ ဆိုင်ကယ်များဖမ်းခြင်း၊ လမ်းသွားလမ်းလာများအား ဖုန်းထဲမှ VPN ဆောဝဲလ် များကိုဖမ်းစီးခြင်းများကို မိုးညိုမြို့ နယ်အတွင်း နေရာအနှဲံ့ဖမ်းစီးနေ ခြင်းများပြုလုပ်လျှက်ရှိနေကြောင်း အတွင်းသတင်းပေးပို့ထားပါသည်။ ဖမ်းစီးခြင်းများကြောင့် ပြည်သူများမှလည်း လမ်းပေါ်သို့ထွက်မည်မဟုတ်ကြောင်း နှင့် ဈေးဆိုင်များဖွင့်ထားပါကလည်း ဝယ်ယူအားပေးမည်မဟုတ်ကြောင်း ဒေသခံပြည်သူတစ်ဦးမှ ပြောကြားထားပါသည်။

20/01/2022

သာယာဝတီခရိုင်အတွင်း တွင် သပိတ်ကာလနာမည်ထင်ရှားသူများနဲ့ CDM /Non CDMများကိုယခုရက်ပိုင်းအတွင်းဖမ်းဆီးမည်ဖြစ်ကြောင်းသိရ

ဇန်နဝါရီ၊၂၀၊၂၀၂၂(TharYarWaddy8City)

ပဲခူးတိုင်း၊သာယာဝတီခရိုင်အတွင်းရှိ နာမည်ကျော်ကြားသူများ၊cdmဝန်ထမ်းများ၊Non Cdmဝန်ထမ်းများအပါအဝင် NLDပါတီနဲ ့ပတ်သက်ဆက်နွယ်သူတွေ ကို စတင်ဖမ်းဆီးတော့မည်လို့သိရပါတယ်။

ခရိုင်အတွင်းရှိမြို့နယ် ၈မြို့နယ်မှာ ယခုရက်ပိုင်းမှာပဲစတင်ဖမ်းဆီးနေပြီး၊လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှာ စတင်ဖမ်းဆီးနေပြီး၊အထက်ဖိအားများကြောင်းဖမ်းဆီးနေတာဖြစ်ပါတယ်။

ခရိုင်တွင်းမြို့နယ်၈မြို့နယ်ဖြစ်သည့် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊မင်းလှမြို့နယ်၊မိုးညိုမြို့နယ်၊အုတ်ဖိုမြို့နယ်၊ကြို့ပင်ကောက်မြို့နယ်၊ဇီးကုန်းမြို့နယ်နှင့်နတ်တလင်းမြို့နယ်တို့က နာမည်ကျော်ကြားသူ၊ CDMအဖြစ်မှ Non CDM ဝန်ထမ်းများအပါအဝင် NLDပါတီနှင့်ပတ်သက်ဆက်နွယ်သူတွေအနေနဲ့ သတိထားရှောင်ရှားနိုင်စေဖို့ရန်အတွက် အတွင်းသတင်းများအရအသိပေးအပ်ပါသည်။

``ခရိုင်အဆင့် G1 ကိုယ်တိုင် ဦးစီးပြီး ကြိုတင်ကာကွယ်တဲ့အနေန­ဲ့ နာမည်ထွက်သူ မည်သူ့ကိုမဆို ပုဒ်မ မျိုးစုံတပ်ပြီး ဖမ်းဆီးဖို့ အစီအစဉ် ရှိတယ် လက်တို့ပေးထားပါအုံး´´ဆိုတာကို ခရိုင်အဆင့် တပ်တွင်းသတင်းရင်းမြစ် ဖရဲသီးများထံကနေတဆင့်သိရသလို အမှန်တကယ်လည်းစတင်ဖမ်းဆီးမူ့တွေလုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။


#တော်လှန်မီဒီယာ

11/01/2022

AAနှင့်NUG ဆွေးနွေးသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကောင်စီက ရခိုင်ရိုးမကိုစစ်ကြောင်းထိုးမည်

ဇန်နဝါရီလ ၁၁ ရက်

စစ်ကောင်စီက ရခိုင်ရိုးမအတွင်းနှင့်ရခိုင်ရိုးမထိစပ်သည့် နေရာဒေသများသို့ စစ်ကြောင်းထိုးမည်ဖြစ်သဖြင့် ရခိုင်ရိုးမအတွင်းတွင် သစ်ခုတ်၊ဝါးခုတ်၊ မီးသွေးဖုတ်၊တောင် ယာလုပ်ကိုင်သည့်ဒေသခံများအား ဇန်နဝါ ရီလ ၁၆ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီရပ်/ကျေးအုပ်ချုပ်ရေး အ သိုင်းအဝိုင်းထံက သိရသည်။

ရခိုင်ရိုးမပေါ်အတွင်းမှီခိုပြီးအသက်မွေးဝမ်းကြောင်း ပြု ၍ စားသောက်နေထိုင်ကြသည့် ပြည်သူတွေကို ယခုလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ရိုးမအတွင်းကနေဖယ်ရှားပေးရမည်ဆိုကာစစ်ကောင်စီက ကျေးရွာအုပ်စုတွေရှိအုပ်ချုပ်ရေးမှူးတွေကိုညွှန်ကြားထားကြောင်းဒေသခံများက ဆိုသည်။

ရခိုင်ရိုးမနှင့်ထိစပ်သည့် ဧရာဝတီတိုင်းအတွင်းမြို့နယ်များဖြစ်သည့် အင်္ဂပူမြို့နယ်၊မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်အတွင်းမှ အဆိုပါရခိုင်ရိုးမအတွင်းရောက်ရှိနေသူများကို စစ်ကောင်စီက မြို့နယ်အလိုက် ညွန်ကြားထားကြောင်း ဒေသခံများထံက သိရသည်။

"ခုလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီရွာတွေထဲပြန်နေရမယ်။အလုပ်သွားလုပ်ချင်ရင်အုပ်ချုပ်ရေးမှူးတွေထံမှာနေချင်းပြန်ထောက်ခံစာယူပြီသွားရမယ်။စစ်တပ်ကစစ်ကြောင်းထိုးမဲ့သဘောမျိုးနဲ့နယ်မြေရှင်းလင်းရေးလုပ်ဖို့ ညွှန်ကြားတဲ့သဘောမျိုး'' ဟု အင်္ဂပူမြို့နယ်အတွင်းက အမည်မဖော်လိုသူ စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ရခိုင့်တပ်တော်-AAနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရ- NUGတို့ ဇန်နဝါရီလပထမအပတ်အတွင်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ ရခိုင်ရိုးမအတွင်းသို့ စစ်ကြောင်း ထိုးနယ်မြေရှင်းလင်းရန်ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးမအတွင်း ရောက်ရှိနေသည့်ဒေသခံများကို ဖယ် ရှားခိုင်းမှုဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တွေကိုတောနင်းရှာဖွေပြီး စစ်ကြောင်းထိုးမည့်အစီအစဥ် ဖြစ်သည်ဟုစစ်ကောင်စီဘက်က သတင်းလွှင့်ထားကြောင်း ဒေသခံများက ပြောဆိုချက်များအရ သိရသည်။

ဧရာဝတီတိုင်းအတွင်း တွင် ငါးသိုင်းချောင်း၊သာပေါင်း၊လေးမျက်နှာ၊အင်္ဂပူ၊မြန်အောင်၊ကြံခင်းစသည့် မြို့နယ်များသည် ရခိုင်ရိုးမနှင့်ဆက်စပ်နေပြီ အခြေခံလူတန်စားအများစုသည် ဝါးခုတ်၊သစ်ခုတ်၊တောင်ယာလုပ် စသည့်အလုပ်တွေကို ရခိုင်ရိုးမတောင်ကို မှီခိုလုပ်ကိုင်စားသောက်နေကြကြောင်း ဒေသခံများထံကသိရသည်။

ဓာတ်ပုံ - AA

#ဧရာဝတီတိုင်း #ရခိုင်ရိုးမ #စစ်ကောင်စီ #စစ်ကြောင်းထိုး

ရဲဇော် 🇱🇷

09/01/2022

သာယာဝတီမြို့၌ယနေ့ည၉နာရီကျော်ခန့်မှာဗုံးပေါက်ကွဲမှုဖြစ်ပွား၊သေဆုံးထိခိုက်သူတချို့ရှိနေသည်ဟုသိရပြီးသီးခြားတော့အတည်မပြုနိုင်သေး

06/01/2022

မိုးညိုမြို့နယ်တွင် စခ နှင့် ရခ များ၏ အသွားအလာလမ်းကြောင်းနှင့်အင်အား အခြေအနေကို ပေးပို့ပေးကြ ပါရန်အကြောင်းကြားအပ်ပါသည်။

05/01/2022

ထွေအုပ်ရုံးနဲစည်ပင်ရုံးကို မိုးညိုမြို့နယ်ဒေသကာကွယ်ရေးအင်အားစုများအဖွဲ့ကဗုံးခွဲတိုက်ခိုက်

ဇန်နဝါရီ၊၅၊၂၀၂၂(TharYarWaddy8 City)

သာယာဝတီခရိုင်ထဲကမိုးညိုမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့စည်ပင်ရုံးကို မိုးညိုမြို့နယ်ဒေသကာကွယ်ရေးအင်အားစုများအဖွဲ့က မနေ့ကည ၁၂နာရီကျော်အချိန်မှာဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့သိရသည်။

ဗုံး၂လုံးဖောက်ခွဲခဲ့တာဖြစ်ပြီး၊ စည်ပင်ရုံးကဗုံးဟာ အသံဗုံးဖြစ်ပြီး၊အောင်မြင်စွာပေါက်ကွဲခဲ့ပြီး၊ ထွေအုပ်ရုံးကဗုံးကတော့ ဗုံးအစစ်ဖြစ်ပြီး၊ပြင်းအားကောင်းတဲ့ချိန်ကိုက်ဗုံးဖြစ်ပြီး၊ နည်းပညာအားနည်းချက်ကြောင့် မပေါက်ကွဲခဲ့တာကြောင့် ပြန်လည်သိမ်းဆည်းခဲ့တယ်လို့၎င်းအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။

၎င်းတို့အဖွဲ့ရဲ့ပေ့ကို နည်းပညာတက်ကျွမ်းသူ နည်းပညာရှင်များနဲ့တိုင်ပင်နေပြီး၊မကြာခင်မှာပေ့ကိုတည်ဆောက်တော့မှာဖြစ်တယ်လို့သိရပြီး၊၎င်းအဖွဲ့ရဲ့တာဝန်ရှိသူက ပြည်သူတွေအနေနဲ့ စစ်​​ကောင်​စီလက်​​အောက်​ခံ
ဌာနဆိုင်ရာရုံးများနဲ့အဝေးဆုံးမှာနေထိုင်ကြဖို့သတိပေးထားပါတယ်။

01/01/2022

မိုးညိုမြို့နယ်မှ ရဲ မိန်းမများ တပျော်တစ်ပါးကြီး စစ်သင်တန်း
သွားတက်နေကြကြောင်း သိရ
မုန့်ဟင်းခါးစားရတာရိုးအီနေလို့ အခုတစ်ခါတော့
ညှပ်ခေါက်ဆွဲပါစားရတော့မယ်

ဒေသကာကွယ်ရေးအင်းအားစု-မိုးညိုမြိုနယ်၏ လောင်းကစားဝါသနာရှင်များသို့ အသိပေးစာ23-12-2021 စစ်ကောင်စီကို ဝင်ငွေရှာပေးနေသော လော...
24/12/2021

ဒေသကာကွယ်ရေးအင်းအားစု-မိုးညိုမြိုနယ်၏ လောင်းကစားဝါသနာရှင်များသို့ အသိပေးစာ
23-12-2021
စစ်ကောင်စီကို ဝင်ငွေရှာပေးနေသော လောင်းကစားဝိုင်းသည် အုပ်ချုပ်ရေးမှုးများနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေ သည်ကိုတွေ့ရှိသဖြင့် ဒေသကာကွယ်ရေးအင်းအားစု-မိုးညိုမြို့နယ် မှ သတိပေးစာတစ်စောင်ကို ဒီနေ့ရက်စွဲဖြင့်ထုတ်ပြန် ထားပါသည်။

မိုးနယ်မြို့နယ်NLDပါတီရုံး လက်နက်ကိုင်ပျူစောထီးများ ဝင်ရောက်ဖျက်ဆီးဒီဇင်ဘာ၂၃ minhla thadinပဲခူးတိုင်း အနောက်ပိုင်း သာယာ၀...
23/12/2021

မိုးနယ်မြို့နယ်NLDပါတီရုံး လက်နက်ကိုင်ပျူစောထီးများ ဝင်ရောက်ဖျက်ဆီး

ဒီဇင်ဘာ၂၃ minhla thadin

ပဲခူးတိုင်း အနောက်ပိုင်း သာယာ၀တီခရိုင် မိုးညိုမြို့နယ်မှNLDပါတီရုံးကို လက်နက်ကိုင်အရပ်ဝတ်ပျူစောထီးများက ဝင်ရောက်ဖျက်ဆီးသွားကြောင်း စုံစမ်းသိရှိရပါသည်

ဖြစ်စဉ်မှာ မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက်မှာတည်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ မြို့နယ်ရုံးကို ဒီဇင်ဘာလ၂၂ရက် ယမန်နေ့ညသန်းခေါင်အချိန် ၁၂နာရီ၃၀မိနစ်ခန့်မှာ အရပ်ဝတ်လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်၅ဦးမှ အဝင်ရုံးတံခါးကိုဖြတ်ဆီးကာ ပါတီရုံးအတွင်းကို မွှေနှောက်ဖျက်ဆီးသွားသည်ဟု ဒေသခံများထံမှသိရသည်

"""မနေ့ကည၁၂နာရီခွဲလောက်မှာ အရပ်ဝတ်၅ယောက်ဆိုင်ကယ်၂စီးနဲ့လာတာ အဲ့အချိန်ကအကုန်အိပ်နေတော့ဘယ်သူမှလမ်းပေါ်မှာမရှိဘူး သူတို့တွေလာရော
လျှပ်စစ်မီးကတန်းပျက်သွားတာ ခုမနက်မှပါတီရုံးကိုဝင်ဖျက်ဆီးသွားမှန်းသိတာ အပြင်ကတံခါးတွေတော့ရိုက်ဖျက်ထားတာတွေ့တယ် ပျူစောထီးတွေဗုံးထောင်ထားတယ်သတင်းကြားလို့ အထဲတော့ဘယ်သူမှဝင်မကြည့်ရဲဘူး"""ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူများမှ အတည်ပြုပြောဆိုပါတယ်

မိုးညိုမြို့နယ်NLDပါတီရုံး ဝင်ရောက်ဖျက်ဆီးခံရသော်လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကတော့ ပျူစောထီးတွေဗုံးထောင်ခဲ့သည်ဟု သတင်းကြားပြီး လာရောက်စစ်ဆေးတာမျိုးမရှိပါ

ဖေဖော်ဝါရီလ၁ရက်နေ့မှစပြီး မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ အရပ်သားအစိုးရအဖွဲ့ဝင်များ NLDပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းအပြင် ပါတီရုံးများကို ဖျက်ဆီးမှုများနိုင်ငံအနှံ့ပြုလုပ်ထားပြီး ဒီဇင်ဘာ၁၃ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်ပါတီရုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး လက်ရှိကြားသိနေရသည့်
သတင်းအရ ယနေ့၂၃ ၁၂. ၂၀၂၁တွင်မြန်မာတနိုင်ငံလုံးNLDရုံးများဖျက်ဆီးရမည်ဟုလည်းကြားသိရပါသည်။

မိုးညိုမြိုနယ် မိုးညို-အထက ကျောင်း‌မှ ကျောင်းသား/သူများ အတွက် 2022ကျောင်းထွက်/ကျောင်းမတက် ပါက ပညာသင်နှစ်ရပ်နားရန်ပုံစံ -...
22/12/2021

မိုးညိုမြိုနယ် မိုးညို-အထက ကျောင်း‌မှ ကျောင်းသား/သူများ အတွက် 2022ကျောင်းထွက်/ကျောင်းမတက် ပါက ပညာသင်နှစ်ရပ်နားရန်ပုံစံ ------------------------------------------------------------------

မိုးညိုမြိုနယ် မိုးညို-အထက ကျောင်း‌မှ ကျောင်းသား/သူများ အတွက် 2022ကျောင်းထွက်/ကျောင်းမတက် ပါက ပညာသင်နှစ်ရပ်နားရန်ပုံစံ ကို လက်ရှိအသစ်ရောက် လာသည့် ကျောင်းအုပ်ဆရာမကြီး၏လမ်းညွှန်ချက်ဖြင့်
ကျောင်းသားမိဘများထံ အကြောင်းကြားတယ်လို့ သိရပါတယ်။ ကျောင်းမတက်ပါက အဆိုပါပုံစံ ကိုဖြည်စွက်ပြီး
ပြန်လည်ပေးပို့ရမည်။ ကျောင်းသား/သူများ မိမိအိမ်တွင်
အေးအေးဆေးဆေးနေနိုင်အောင် ဤပုံစံကိုထုတ်ဝေခြင်း ဖြစ်သည်ဟုသိရသည်။
မိုးညို အထက တွင် ကျောင်းအပ်သူ ဦးရေ 700ကျော်ရှိ
နေသော်လည်း လက်ရှိအခြေအနေတွင် ကျောင်းတက်သူ
စုစုပေါင်း 400 ကျော်သာရှိသည်ဟုသိရသည်။
လက်ရှိ ကျောင်းအုပ်အသစ်သည် ဆရာဆရာမများအား
ယူနီဖောင်းဝတ်ကျောင်းတက်ရန်ဖိအားပေးနေကြောင်း နှင့်
ဆရာ ဆရာမ များမှာလည်း ယူနီဖောင်းမဝတ်ရဲကြောင်း။
လမ်းခရီး သွားလာနေချိန် အသက်အန္တရာယ် ကိုတာဝန်ယူ မည်ဆိုရင် ဝတ်ဆင်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုထား
တယ်လို့ သိရပါတယ်။
ယနေ့အချိန်ထိ မိုးညိုမြိုနယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် မည်သူမှယူနီဖောင်းမဝတ်ဘဲ ရုံးတက်နေကြ သည်ကိုတွေ့ရပါသည်။ (ရဲ/စစ် မပါ)

မင်းလှမြို့က စတိုးဆိုင်ပိုင်ရှင်လူငယ်တစ်စီးအား ဖေ့ဘုတ်ဒလန်၏သတင်းပေးချက်အရ စစ်တပ်ကဖမ်းဆီးကာ ဖုန်းကိုသိမ်းသွားဒီဇင်ဘာ ၂၁ M...
22/12/2021

မင်းလှမြို့က စတိုးဆိုင်ပိုင်ရှင်လူငယ်တစ်စီးအား ဖေ့ဘုတ်ဒလန်၏သတင်းပေးချက်အရ စစ်တပ်ကဖမ်းဆီးကာ ဖုန်းကိုသိမ်းသွား

ဒီဇင်ဘာ ၂၁ MinhlaThadin

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်လူငယ်တစ်ဦးကို ဒီဇင်ဘာ၂၁ရက် ယနေ့မှာ ၄င်း၏အကောင့်ကိုစောင့်ကြည့်နေသည့် ဖေ့ဘွတ်ဒလန်၏သတင်းပေးချက်အရ စစ်တပ်မှ ဖမ်းဆီးကာ အသုံးပြုနေသည့် ဖုန်းကိုသိမ်းသွားကြောင်းသိရသည်

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၁ရက် ယနေ့နေ့လည်၁၂နာရီခန့်မှာ မင်းလှမြို့ ဗိုလ်ရုံတန်းလမ်းတွင်ဖွင့်လှစ်ရောင်းချနေသည့် လပြည့်ဝန်း ဖက်ရှင်နှင့်စတိုး ဆိုင်ရှင်
ကိုခန့်သူရကျော် ( ခ ) ကိုခန့်အား အကြမ်းဖက်စစ်တပ်မှ လာရောက်ဖမ်းဆီးပြီး ညနေပိုင်းတွင် ၄င်းအသုံးပြုနေသည့်မိုလ်ဘိုင်းဖုန်းကို လာရောက်ရှာဖွေယူဆောင်သွားကြောင်းသိရပါတယ်

"""နေ့ခင်းက ကိုခန့်သူရကျော်ကို ရဲစခန်းမှာတိုင်ချက်ဖွင့်ထားလို့ဆိုပြီးရဲနဲ့စစ်တပ်ကလာခေါ်သွားတာ ပြောတာကတော့ စစ်ကောင်စီကို ထောက်ခံတဲ့သတင်းတွေကိုပြန်မShareဘဲ စစ်တပ်ကဝန်ကြီးတွေနဲ့ စစ်ကောင်စီဥက္ကထကို ဟာသအနေနဲ့တင်တဲ့ပိုစ့်တွေကို ပြန်Shareနေတယ်လို့ မင်းလှမြို့ထဲက အမျိုးသမီးကတိုင်လို့လာဖမ်းတယ်ပြောတယ် ငွေပေးရင်ပြန်လွတ်ပေးမယ်လိုကြားတယ်"""ဟု မင်းလှမြို့မှ ဒေသခံတစ်ဦးမှ ပြောပါတယ်

လက်ရှိတွင် ကိုခန့်သူရကျော်ကို မင်းလှမြို့နယ်ရဲစခန်း၌ ဖမ်းဆီးထားပြီး မည်သည့်အကြောင်းပြချက်ဖြင့်ဖမ်းဆီးသွားသည်ကို MHTDအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။

ဓာတ်ပုံ- စစ်တပ်၏ဖမ်းဆီးခြင်းခံထားရသူ ကိုခန့်သူရကျော်

မိုးညိုမြို့က စစ်ဆေးရေးဂိတ်ရှေ့မှ ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး စစ်တပ်မှပစ်သည့်ကျည်မှန်ပြီး ပွဲချင်းပြီးသေဆုံးဒီဇင်ဘာ၂၁ M...
21/12/2021

မိုးညိုမြို့က စစ်ဆေးရေးဂိတ်ရှေ့မှ ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး စစ်တပ်မှပစ်သည့်ကျည်မှန်ပြီး ပွဲချင်းပြီးသေဆုံး

ဒီဇင်ဘာ၂၁ MinhlaThadin

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် မိုးညိုမြို့နယ်မှ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာ ဆိုင်ကယ်စီးလာသူလူငယ်တစ်ဦး ဂိတ်တာဝန်ကျစစ်သားများမှပစ်ခတ်သည့် ကျည်ဆန်မှန်ပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း စုံစမ်းသိရှိရပါသည်

ဖြစ်စဉ်မှာ လက်ပံတန်းမြို့နယ် ဆင်မနီကျေးရွာအုပ်စု မိုးဆယ်ကျေးရွာမှာနေထိုင်သူ မောင်ဆန်းမင်းအောင်နှင့် အခြား အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ဒီဇင်ဘာ၁၉ရက်နေ့က မိုးညိုမြို့က မင်္ဂလာဆောင်ကပြန်လာစဉ် မိုးညိုမြို့နယ် ထိန်တောကျေးရွာအုပ်စု နှမ်းကုန်းရွာအနီးမှစစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အတွင်းက စစ်သားများမှ သေနတ်ဖြင့် ပစ်ခတ်၍ မောင်ဆန်းမင်းအောင်မှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကာ အခြားအမျိုးသားမှာပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှသိရသည်

"""၁၉ရက်နေ့ကနှမ်းကုန်းဂိတ်ကစစ်သားတွေ ဆိုင်ကယ်နှစ်စီးကိုပစ်လို့ ကောင်လေးတစ်ယောက်ခေါင်းပွင့်ပြီးသေတယ် နောက်နှစ်ယောက်ကတစ်ယောက်ကတော့ဒဏ်ရာပြင်းတယ် ပစ်တာကြားတာတော့ လောင်းကစားသမားတွေက သူတို့ရှေ့ကစီးသွားတာကို တားတာကိုမရပ်ပေးတော့ စစ်တပ်ကပစ်ရင်း နောက်ကသူတို့ဆိုင်ကယ်တွေအပစ်ခံရတယ်ပြောတယ်"""ဟု မိုးညိုမြို့မှဒေသခံတစ်ဦးမှပြောပါတယ်

အဆိုပါပစ်ခတ်ခံရကာ သေဆုံးသွားသူ ကိုကျော်ဆန်းမင်းမှာ ပြည်ပမှာအလုပ်လုပ်ပြီးပြန်လာတာမကြာသေးဘဲ ပစ်ခတ်ခံရသည့်ညက ငွေ၇သိန်းကျော်နှင့် ဆိုင်ကယ်နှစ်စီးကိုလည်း စစ်တပ်မှသိမ်းယူသွားသည်ဟုသိရှိရပြီး ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုနိုင်ဖို့ မိုးညိုမြို့နယ်ရဲစခန်းကို MHTDမှ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိတော့မရှိပါ။

ဓာတ်ပုံစစ်တပ်မှပစ်ခတ်သည့်ကျည်ဆန်မှန်၍ သေဆုံးသွားကူ ကိုကျော်ဆန်းမင်း

17/12/2021

လေးကေ့ကော်မြို့ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၈)ဦးသေ၊ (၂) ဦးဒဏ်ရာရ အရာရှိများပါဝင်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ဒူးပလာယာခရိုင်

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ် စကခ- ၁၃ လက် အောက်ခံ၊ ခမရ- ၅၆၀ တပ်ရင်းနှင့် KNLA တပ္မဟာ (၆)၊ တပ်ရင်း(၂၇) တို့ ထိပ်တိုက် တိုက္ပြဲမ်ား (၃)ကြိမ် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၈)ဦးသေကာ အရာရှိပါဝင်ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ- ၅၆၀ တပ်မှ KNLA တပ်သားများ နောက်လိုက်သည့်အတွက် တိုက္ပြဲမ်ား ဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်ကောင်စီတပ် ဆေးမှူးတစ်ဦး သေဆုံးကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ထိုနေ့ (၁၁)နာရီဝန်းကျင်အချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA တပ်တို့ လေးကေ့ကော် မြို့ ပဟိကလောင်းဘေးတွင် ထိပ်တိုက် တိုက္ပြဲမ်ား ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦးသေ ဆုံးကာ၊ KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ဒီဇင်ဘာလ (၁၅)ရက်နေ့ (၁၁)နာရီခွဲဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ် စကခ- ၁၃ လက် အောက်ခံ၊ တပ်ရင်းမှူး ထက်လင်းဇော် တပ်ရင်း ခမရ- ၅၆၀ တပ်ရင်းမှ KNLA တပ်ရင်း(၂၇)၊ တပ္ခြဲ(၂)နှင့် လေးကေ့ကော်မြို့တွင် ထိပ်တိုက် တိုက်ပွဲများဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးကာ တပ်ခွဲမှူးတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရှိသူ (၂)ဦး ရှိပြီး၊ တပ်ရင်းမှူး ထက်လင်းဇော်မှ ပေါင်မှ ဒဏ်ရာရရှိ ကြောင်း မြေပြင်သတင်းပေးချက်အရ သိရသည်။

ဒီဇင်ဘာလ(၁၄)ရက်နေ့ အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ရင်းမှူး ထက်လင်းဇော်မှ ဦးဆောင်ကာ လေးကေ့ကော်မြို့ အမှတ်(၆)ရပ်ကွက်တွင် ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ကာ CDM ဝန်ထမ်း (၁၆)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ (၁၅)ရက်နေ့တွင် မြို့တွင်း တစ်ဖန်ဖမ်းဆီးမှုများ ပြုလုပ်ကာ CDM ဝန်ထမ်း (၄)ဦး ကို ထပ်မံဖမ်းဆီးခေါင်းဆောင်သွားကြောင်း သိရသည်။

လေးကေ့ကော်မြို့ တိုက်ပွဲကြောင်း မြို့နေ ပြည်သူလူထုများ (၃၀၀၀)ကျော်ခန့် စစ်ဘေးရှောင်နေရကာ၊ စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်သည်။

ဒူးပလာယာခရိုင် - သတင်းနှင့်ပြန်ကြားရေး

သံလွင်ခက်
#☯

14/12/2021

KNU တပ်မဟာ(၆)နယ်မြေတွင်း ယခုညစစ်ရေးအ‌ခြေအနေကတော့
ပိုမိုပြင်းထန်နေပြီ အထူးတပ်ဖွဲ့ကိုလဲ အသင့်ပြင်ထားပြီးပြီဟု Cobra-3 ထုတ်ပြန်

Address


Website

Alerts

Be the first to know and let us send you an email when New Light News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share