Juu-ဂျူး

  • Home
  • Juu-ဂျူး

Juu-ဂျူး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Juu-ဂျူး, Newspaper, .

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီအချိန်သွားနေတယ်။အသက်အရွယ် ပြောင်းနေတယ်။ကလေးအရွယ်ကနေဆယ်ကျော်သက်အရွယ်ထိအပူအပင်မဲ့ ပျော်စရာ...
25/09/2022

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ

အချိန်
သွားနေတယ်။

အသက်အရွယ်
ပြောင်းနေတယ်။

ကလေးအရွယ်ကနေ
ဆယ်ကျော်သက်အရွယ်ထိ
အပူအပင်မဲ့
ပျော်စရာအရွယ်ပေါ့။

ဆယ်ကျော်သက်အရွယ်ကနေ
လူငယ်လူရွယ်အရွယ်က
ဘာလုပ်လုပ်
စိတ်အားထက်သန်တယ်။

လူရွယ်ကနေ
လူလတ်ပိုင်းအရွယ်ရောက်တော့
စိတ်ပျက် လက်မှိုင်ချရတာတွေ
များလာခဲ့တယ်။

ဘဝဆိုတာ
ရုပ်ရှင်ရိုက်သလိုပါပဲ။

ဖြတ်လျှောက်ဘဝကနေ
အရံသရုပ်ဆောင်
ငါတို့ ဖြစ်လာတယ်။

အရံကနေ
ခေါင်းဆောင်သရုပ်ဆောင်
ဖြစ်လာတယ်။

အတိုက်အခိုက် အထိုးအနှက်ကြားမှာ
သင်ခန်းစာယူပြီး
အခက်အခဲကြားမှာ အတွေ့အကြုံကို
ငါတို့ ယူခဲ့တယ်။

မသိမသာနဲ့
ငါတို့ ရင့်ကျက်လာခဲ့တယ်။
တည်ငြိမ်လာခဲ့တယ်။

အရာတော်တော်များများကိုလည်း
သဘောပေါက် နားလည်လာခဲ့တယ်။

လူ့စိတ် လူ့မနောကိုလည်း
သိလာခဲ့တယ်။

စစချင်းမှာရှိတဲ့ မခံချင်စိတ်
ဒေါသတွေက
နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။

ဒီဘဝခရီးလမ်းက
ပြောင်းလဲမှု မြန်ဆန်နေတယ်။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

မိဘတွေ ဖြစ်ကုန်ကြပြီ။

ဦးဦး ဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။

အမှားလုပ်မိရင် တာဝန်ယူရပြီ။

မိသားစုရှိလာတော့
တာဝန်ကို ထမ်းပိုးရပြီ။

အရင်ကလို
အဖေတို့ အမေတို့ လုပ်လိုက်မယ်
ဆိုတာမျိုး
မရတော့ဘူး။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။
ဗိုက်ပူလာပြီ။
အကျင့်စရိုက်တောင်မှ
တည်တည်ငြိမ်ငြိမ် ဖြစ်လာခဲ့ပြီ။

အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။

ဘုရား တရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။

ကျန်းမာရေးကို
ပထမလို့ ထားတတ်လာခဲ့ပြီ။

ငွေကြေးဥစ္စာအပေါ်
အမြင် တဖြည်းဖြည်း ပေါ့လာခဲ့ပြီ။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

မောတဲ့အခါနားသင့်ရင် နားပါ။
ခန္ဓာကိုယ်က အဓိကပါ။

နွမ်းတဲ့အခါအိပ်သင့်ရင် အိပ်ပါ။
အိပ်ရေးတွေ အပျက်မခံနဲ့တော့။

ဆာတဲ့အခါစားသင့်ရင် စားပါ။
ချွေတာမနေနဲ့တော့။

တစ်သက်တာက တိုလွန်းပါတယ်။
မျက်စိတစ်မှိတ်တွင်းမှာ
ကျော်ဖြတ်ကုန်ကြတာပါပဲ။

ကောင်းတဲ့အရာကို
နောက်ဆုံး သိမ်းမထားပါနဲ့။
သိမ်းရင်း သိမ်းရင်း
ကိုယ့်အတွက်မဟုတ်ဘူး ဖြစ်သွားလိမ့်မယ်။

သေရင် ဘယ်သူမှ
ဘာမှယူသွားလို့ မရဘူး။

ပါသွားမှာက သင်ပြုခဲ့သမျှ
ကောင်းမှု ကုသိုလ်တွေပါ။

အသိ သတိလေး ကပ်ချိန်တန်ပါပြီ။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

Credit-OriginalWriter
#သုတရသစာပေများစုစည်းရာ

'အပြုံး'ကပြောတယ်...သင်အောင်မြင်နေတဲ့အခါ ငါ့ကိုမေ့လို့ရပါတယ်။ ဒါပေမယ့် သင်ကျရှုံးခဲ့ရင် ငါ့ကို သတိရပေးပါ။ ဘယ်သွားသွား ငါ့...
24/09/2022

'အပြုံး'ကပြောတယ်...

သင်အောင်မြင်နေတဲ့အခါ ငါ့ကိုမေ့လို့ရပါတယ်။ ဒါပေမယ့် သင်ကျရှုံးခဲ့ရင် ငါ့ကို သတိရပေးပါ။ ဘယ်သွားသွား ငါ့ကို မျက်နှာမှာ တပ်သွားပါတဲ့။

'ဝမ်းနည်းမှု'ကပြောတယ်...

ငါ့ကို သင်ပဲပိုင်တယ်လို့ မထင်ပါနဲ့။ ငါ့ကို သူများတွေလည်း ပိုင်သေးတယ်။ ငါ့အတွက် စဉ်းစားပြီဆိုရင် မျှမျှတတလေး တွေးပါ။ သင့်မှာပဲ ငါရှိတယ် မထင်ပါနဲ့တဲ့။
'ပျော်ရွှင်ခြင်း'ကပြောတယ်...
ငါ့အတွက် အပင်ပန်းခံပြီး တကူးတက စဉ်းစားနေဖို့မလိုပါဘူး။
သင့်ရဲ့လက်တစ်ဖက်ကို သင်လုပ်ချင်ရာ လုပ်နေပါ။ ကျန်လက် တစ်ဖက်ကို သူများတွေအတွက် အကူအညီပေးလိုက်ပါ။ ဒါဆို သင်ငါ့ကို ပစ်ထားရာမရောက်ပါဘူး။

'အချစ်'ကပြောတယ်..

ငါ့ကိုတော့ နေရာတိုင်း ခေါ်သွားကြပါ။ သင့်အနားမှာ အမြဲတမ်း ငါနေဖို့လိုတယ်။ ငါက လူတွေအနားမှာ နေဖို့ဖြစ်တည်လာတာပါ။
ဘယ်တော့မှ ချန်မထားခဲ့ပါနဲ့တဲ့

'အမုန်း'ကပြောတယ်...

သင့်အတွက်ဆိုရင်တောင် ငါ့ကို သတိမရပါနဲ့။ ငါဘယ်သူ့ကိုမှ ကူညီဖို့ ခွန်အားမရှိဘူး။ ငါကိုယ်တိုင်တောင် ခြောက်သွေ့နေ
ပါသတဲ့။

'သံယောဇဉ်'ကပြောတယ်...

ငါကကြိုးတန်းပဲ ဖြစ်ချင်တာပါ။ ငါ့ကို နှောင်ကြိုးတွေအဖြစ် ယူမသုံးပါနဲ့။ နွယ်ပင်လိုလည်း အသုံးမချပါနဲ့။ ငါနှောင်ဖွဲ့ရတာနဲ့
မောနေပါပြီတဲ့။

'မေတ္တာ'ကပြောတယ်...

ငါက ရေနဲ့တူတယ်။ ပူလောင်မှုတွေကို ငြိမ်းသက်ပေးတယ်။ ဘယ်လောက်ခိုင်မာတဲ့ အတားအဆီးတွေဖြစ်ဖြစ် အလွယ်တကူ
ထိုးဖောက်ဖြိုခွင်းနိုင်းတဲ့ အစွမ်းကြီးပါသတဲ့။

'သစ္စာ'ကပြောတယ်...

ငါ့အကြောင်း ကွယ်ရာမှာဘဲ မပြောပါနဲ့။ ရှေ့တင်မှာလည်း ပြောကြပါ။ ငါကနောက်ကွယ်မှာတင် အသုံးပြုလို့ရတာမျိုး မဟုတ်ပါဘူး။ ရှေ့တင်မှာလည်း အသုံးပြုလို့ရပါတယ်။ ငါက အလင်းရောင်တဲ့။

'သတ္တိ 'ကပြောတယ်...

ငါက အရည်အချင်း မဟုတ်သေးဘူး။ အရည်အချင်း ရှိလာအောင် ပဲ တွန်းအားပေးတဲ့ သဘောပါ။ ငါ့ရဲ့အသုံးဝင်ဆုံးအပိုင်းက ပေးသင့်တဲ့အရာမှန်သမျှကို ပေးသင့်တဲ့သူတွေကို ပေးတဲ့နေရာ ဘဲ ဖြစ်သတဲ့။

'ကြောက်ရွံ့ခြင်း'ကပြောတယ်...

ငါက လောကမှာ ကြောက်စရာ အကောင်းဆုံးပဲ။ ငါ့ကိုချစ်တဲ့သူ ဟာ အမှောင်ထဲမှာပဲ ပုန်းနေရလိမ့်မယ်။ ငါ့ကိုကျောခိုင်းမှ အလင်းကို မြင်မှာပါ။ ငါ့ကို ဥပေက္ခာပြုထားပေးပါတဲ့။

'မာန'ကပြောတယ်...

ငါ့ကို အရမ်းမဖက်တွယ် ထားပါနဲ့။ ငါက ဝန်ထုပ်ဝန်ပိုးပဲ။ အခွင့်အရေးကို အလွဲသုံးစား လုပ်တတ်တဲ့သူလို့လည်း လူတွေက ပြောကြတယ်။ ငါ့ကိုမချီထားပါနဲ့။ ငါ့ဟာငါ လမ်းလျှောက်ပါရစေ တဲ့။

'ဟန်ဆောင်မှု'ကပြောတယ်...

ငါက အပြောင်းအလဲတွေနဲ့ ပျော်နေတတ်သူပါ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ငါ့ကိုခေါ်မသွားပါနဲ့။ ငါက လူတွေနဲ့ ရန်သူပါ။ ငါရှိ ရင် ငြိမ်းချမ်းရေး ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူးတဲ့။


👍👍
21/09/2022

👍👍

မပြည့်စုံခြင်းကို မုန်းတယ်သို့ပေမယ့် စုံလင်ခဲ့ဖူးတဲ့မိသားစု ထမင်းဝိုင်းလေးကိုတော့လွမ်းမိတယ်..... 🌳🌳🌳🏡🏡🏡🏡🏡Photo: Credit.....
20/09/2022

မပြည့်စုံခြင်းကို မုန်းတယ်
သို့ပေမယ့် စုံလင်ခဲ့ဖူးတဲ့
မိသားစု ထမင်းဝိုင်းလေးကိုတော့
လွမ်းမိတယ်..... 🌳🌳🌳🏡🏡🏡🏡🏡

Photo: Credit....

မအားတာကို နားလည်ပေးလို့ရပေမယ့်...နားချိန်ရှိရက်နဲ့ 3min လောက်တောင် အချိန်မပေးနိုင်သောအခါ.....မိန်းမတစ်ယောက် တိတ်ဆိတ်သွား...
28/07/2022

မအားတာကို နားလည်ပေးလို့ရပေမယ့်...
နားချိန်ရှိရက်နဲ့ 3min လောက်တောင်
အချိန်မပေးနိုင်သောအခါ.....

မိန်းမတစ်ယောက် တိတ်ဆိတ်သွားတဲ့
အကြောင်းသိချင်ရင် မင်းရဲ့
ဥပေက္ခာတွေကို မြင်အောင်ကြည့်ပါ

ချစ်တယ်လို့ ပြောပြီး
လျစ်လျူရှူခံရတာ အခံရခက်ဆုံး
နာကျင်မှုတစ်ခုပါ

တစ်ကယ်တော့ အားတယ်မအားဘူး ဆိုတာ
မင်းရဲ့ ချစ်ခြင်းမချစ်ခြင်း
မင်းသူအပေါ်ဦးစားပေးမှုတွေနဲ့ပဲ
သက်ဆိုင်တာပါ

ဒီမိန်းမ ငါမရှိရင်မနေနိုင်ပါဘူးကွာ ဆိုပြီး
အကြိမ်ကြိမ် နာကျင်အောင် လုပ်ပြီး
အခါခါ မတောင်းပန်မိပါစေနဲ့

နားလည်ပေးနိုင်တဲ့ သူကို
စိတ်ပျက်အောင်မလုပ်ပါနဲ့
သူမရဲ့ သည်းခံနိုင်မှုကို မစမ်းသပ်ပါနဲ့

သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်
ပြတ်သားသွားတဲ့အခါ သူများတွေထက်
နှစ်ဆပိုပြတ်သားတတ်ပါတယ်

သူမကို မလိုအပ်ရင်
သူမကလည်း ပြန်လိုအပ်တော့မှာ မဟုတ်ဘူး
မိန်းမတစ်ယောက်ရဲ့ အချစ်ကို
စော်ကားခဲ့ရင် သိပ်ချစ်ရတဲ့သူ ဖြစ်နေပါစေ
စွန့်လွှတ်ရဲတဲ့ မာနကို ဒီနေရာမှာ
သူမ အသုံးချသွားပါလိမ့်မယ် 💙

ခရက်ဒစ်

09/11/2021

အချစ်ဆိုတာ

ကျနော်ကတော့ ရှင်းတယ် တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ် မထားဘူး အပျော်တွဲကြည့်မယ် ဆိုတဲ့ စိတ် နဲနဲလေးမှ ကျနော့်မှာ မရှိ...
24/10/2021

ကျနော်ကတော့ ရှင်းတယ် တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ်

မထားဘူး အပျော်တွဲကြည့်မယ် ဆိုတဲ့ စိတ် နဲနဲလေးမှ ကျနော့်မှာ မရှိဘူး..

ကိုယ်ကိုတိုင်လဲ တန်ဖိုးထားတယ် ဘဝကို အပေါစား ဆန်ဆန် မဖြတ်သန်းချင်ဘူး

ချစ်မိတဲ့အခါ လဲ သူ့ဘက်က ကိုယ့်တန်ဖိုး ကိုနားလည်စေချင်တယ်...

အဲ့ဒါမို့ လွယ်လွယ်လေးလေးနဲ့ မချစ်ချင်ဘူး ချစ်ပြီးရင် မြဲချင်တယ်.. အဆုံးအထိသွား ချင်တယ်...

ချစ်ရတဲ့ သူ့အပေါ်အများကြီးတန်ဖိုးထားမယ် မေတ္တာစစ်တွေ ချည်းပေးမယ် ဘာတစ်ခုမှ သူ့ဆီမမျှော်လင့်ဘူး တူညီတဲ့မေတ္တာမျိုးတော့ပြန်လိုချင်တယ်..

အရာအားလုံးကို ပုံအောပြီးချစ်မှာမလို့ သူ့ဘက်ကလဲ အားလုံး ပြန်ရမှဖြစ်မယ်...

အချစ်မှာ ဘယ်သူရယ်လို့မှ မသတ်မှတ်ထားဘူး
သူကချစ်ရင် ကိုယ်က ချစ်ရင် အဆင်ပြေတာဘဲလေ ဘာတွေလိုသေးလို့လဲ..

ပိုက်ဆံရှိဖို့ ရုပ်ချော ပညာတတ်ဖို့ ဆိုတဲ့ စိတ်နဲ့ မရွေးချယ်ဘူး ကိုယ့် ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးနိုင်တဲ့ သူမျိုးဘဲ လိုတယ်...

တစ်ခုရှိတယ် ကျနော့် အပိုင်လို့ သတ်မှတ်ပြီးပြီဆိုရင် ဘယ်သူနဲ့ မှ ရောထွေးနေတာ မျိုးကိုမှ မကြိုက်ဘူး...
အတ္တဆန်တယ် သဝန်တိုမယ်...

လွယ်လွယ်လေးနဲ့တော့ ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်သလို ကိုယ့်စိတ်ဆန္ဒတစ်ခုတည်းအတွက်နဲ့ ဘယ်သူ့ကိုမှ မကစားဘူး...

ဘယ်လောက်ဘဲ အနစ်နာခံရပါစေ သူ့ဘက်ကချစ်နေသရွေ့ ကိုယ်ဘက်က ဖောက်ပြားမှာမဟုတ်ဘူး...

တစ်ယောက်တည်းကို အကြားကြီး ချစ်ချင်တာမို့...

ခဏသာ အတွက်ဆိုတဲ့ စိတ်နဲ့တော့ ဝင်မလာကြနဲ့ စောက်လုပ်ရှုပ်တယ်...

ကိုယ့် styleနဲ့ ကိုယ်နေတယ်  ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့  အရိုးသားဆုံး နေထိုင်ပါတယ်   ဒါကြောင့် ကိုယ့်ကိုကိုယ် ...
20/10/2021

ကိုယ့် styleနဲ့ ကိုယ်နေတယ်

ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်

အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန္တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထည်းမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ္လား

မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ္ကူးတက ဆြဲမထားဘူး
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား

အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ခ် ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်

မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါက်
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

ဒါပေမယ့် သူတို့ မသိကြသေးတာက
အဲ့ဒီ ဘာမဟုတ်တာလေးတွေက
ကြိမ်ဖန်များစွာ ဟုတ္လာတဲ့အခါ
ဒဏ်ရာတွေ အဟုတ်ရခဲ့ရတယ်ဆိုတာ
အခြေအနေတွေ ယိုင်နဲ့ခဲ့ရတယ်ဆိုတာ
ဘဝတစ္ခုလုံး တိမ်းစောင်ခဲ့ရတယ်ဆိုတာ
ဆုံးရှုံးမှု့တွေ တကယ္မ်ားခဲ့ရတယ်ဆိုတာ
သူတို့ မသိကြပါဘူး

ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်

အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်

အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

ကိုယ့်အကြိုက် ကိုယ့်စရိုတ်နဲ့
ကိုယ်ယုံကြည်ရာ ဝါသနာကို
ဘယ်သူမကြိုက်လို့မှ မစွန့်လွှတ်နိုင်ဘူး
မမြင်ချင်ရင် မကြည့်နဲ့ပဲ ရှင်းတယ်
ဒါကို မာနကြီးတယ်လို့ ကိုယ်မထင်ဘူး
ကိုယ့်ကိုကိုယ် တန် ဖိုး ထားတယ္လို့ပဲ ခံယူတယ်

ကိုယ်ဖြစ်ရင် ဘယ်သူခံရမွာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မ ပျက် ဖို့ မို့လား
ဒါကြောင့် ကိုယ့်ဘဝကို ကိုယ်ပဲ့ကိုင်ပြီး
ကိုယ့်စတိုင်နဲ့ ကိုယ်နေတယ်။

- ....

ချစ်လားလို့ မေးစရာမလိုအောင် အရမ်းချစ်ပေးတဲ့ ဒီလူသားလေးကိုပိုင်ဆိုင်ထားရတာ တကယ်ကံကောင်းပါတယ် ❤
11/10/2021

ချစ်လားလို့ မေးစရာမလိုအောင်
အရမ်းချစ်ပေးတဲ့ ဒီလူသားလေးကိုပိုင်ဆိုင်ထားရတာ တကယ်ကံကောင်းပါတယ် ❤

Relationship....တစ်ခုခိုင်မြဲချင်ရင်👩‍❤️‍👨​----------------------------------------------1-အပြန်အလှန်ချစ်ပါ2-မလိမ်ပါနဲ့3...
08/10/2021

Relationship....တစ်ခုခိုင်မြဲချင်ရင်👩‍❤️‍👨
​----------------------------------------------
1-အပြန်အလှန်ချစ်ပါ
2-မလိမ်ပါနဲ့
3-အဆက်အသွယ်ပြတ်တာမျိုးမရှိပါစေနဲ့
4-တစ်ခုခု နာကျင်ရရင် ခွင့်လွှတ်ပြီး မေ့ပစ်ပါ
5-ပြတ်မယ်/လမ်းခွဲမယ်လို့လုံးဝမပြောပါနဲ့
6-ဖြစ်နိုင်ရင် မရွဲ့ပါနဲ့
7-တစ်ယောက်နဲ့ တစ်ယောက်ကြား"မာနနဲ့အတ္တ"ကိုမေ့ထားပါ
8-ကိုယ်မှားတဲ့ အခါတောင်းပန်ပါ/သှူမှားတာကိုခွင့်လွှတ်ပါ(ချစ်သူတွေပါ ရန်သူတွေမှမဟုတ်တာ မှတ်မထားပါနဲ့)
9-EX အကြောင်းလုံးဝ မပြောပါနဲ့
10-အတိတ် နဲ့ ပစ္စုန်ပ္ပန် ကို မနိူင်းယှဉ်ပါနဲ့
11-အပေးနဲ့ အယူမျှတမူရှိပါစေ
12-သူ/သူမ ရဲ့ ခံစားမူကိုအလေးထားပေးပါ
13-ရန်ဖြစ်စကားများကြတဲ့ အခါ ပြန်အဆင်မပြေသေးပဲနဲ့ နေ့ရက်တွေ မကုန်လွန်စေပါနဲ့.
14-အပျော်တွေဝေမျှပါ
15-တစ်ခြားလူတွေနဲ့ Facebookမှာတော်ရုံပဲ စကား ပြောပါ
16-ဘာကြောင့်ပဲ စိတ်ဆိုးဆိုး မအော်ပါနဲ့
17-ရံဖန်ရံခါ အတူတူလျှောက်သွားပါ / ပျော်စရာတွေနှစ်ယောက်အတူရှာဖွေပါ
18-2ရက်ထပ်ပိုပြီးတော့စိတ်မကောက်ပါနဲ့
19-အတူရှိနေချိန်မှာရှေ့ရေးကို ကြိုတွေးတောပါ /Plan ချပါ
20-တစ်ယောက်နဲ့တစ်ယောက်တက်နိုင်သလောက်နားလည်မူထားပါ/ခြားနားချက်တွေကိုရှာဖွေပါ...ညှိယူပါ /နားလည်ပေးပါ

အိပ်တော့မယ် ပြောပြီးတကယ်တမ်း အိပ်မပျော်တဲ့ညတွေရှိတယ်အဆင်ပြေပါတယ် ပြောပြီးကြိတ်ပြီးမျက်ရည်တွေကျခဲ့ရတဲ့ နေ့တွေရှိတယ်ဘာမှမဖ...
08/10/2021

အိပ်တော့မယ် ပြောပြီး
တကယ်တမ်း အိပ်မပျော်တဲ့ညတွေရှိတယ်

အဆင်ပြေပါတယ် ပြောပြီး
ကြိတ်ပြီးမျက်ရည်တွေကျခဲ့ရတဲ့ နေ့တွေရှိတယ်

ဘာမှမဖြစ်ဘူး လို့ပြောပြီး
ရင်ထဲမှာ ကမ္ဘာပျက်နေတဲ့ နေ့တွေရှိတယ်

မသိလိုက်တာမဟုတ်ဘဲ
မသိချင်ယောင်ဆောင် ပေးလိုက်တဲ့ကိစ္စတွေရှိတယ်

ငိုနေရင်းက ထရယ်တဲ့အဖြစ်မျိုးတွေ
ရယ်နေရင်းက ထငိုတဲ့အဖြစ်မျိုးတွေ ရှိတယ်

လိမ်ပြောနေတာပဲရှိတယ်
တကယ်တမ်း ကျွန်တော်လည်း တော်တော်ခံရခက်တယ်

ကျွန်တော် အဆင်ပြေခြင်း မပြေခြင်းထက်
ခင်ဗျား ပျော်ခြင်း မပျော်ခြင်းကိုပဲ
အာရုံစိုက်မိခဲ့တယ်ထင်တယ်

ခင်ဗျားအဆင်ပြေနေရင်
ကျွန်တော်လည်း အဆင်ပြေချင်ယောင်ဆောင်ပေးမှာပါ

Credit.-𝐶ℎ𝑢𝑛 𝐿𝑖𝑡-

မူရင်းစာရေးသူ ကိုလေးစားစွာဖြင့်
Credit ပေးပါသည်။

မင်းနဲ့ကိုယ်ရန်ဖြစ် စကားများပြီး စကားတွေကျွံ  မိသွားတဲ့အခါခွင့်လွှတ် ပေး ပါမင်းနဲ့ကိုယ် ပြဿနာ တက်တိုင်း ကိုယ့်ဘက်က လမ်းခ...
07/10/2021

မင်းနဲ့ကိုယ်
ရန်ဖြစ် စကားများပြီး စကားတွေကျွံ မိသွားတဲ့အခါခွင့်လွှတ် ပေး ပါ

မင်းနဲ့ကိုယ် ပြဿနာ တက်တိုင်း ကိုယ့်ဘက်က လမ်းခွဲမယ် စပြောခဲ့တာတွေကိုလည်း နားလည်ပေးပါ

မင်းကို ကိုယ် စိတ်ဆိုးတိုင်း ပစ်ထားခဲ့မိတယ်ဆိုရင် လည်းခွင့်လွတ် ပေးပါ

ဘာတွေပဲဖြစ်ဖြစ် မင်းကိုတစ်ကယ်ချစ်တယ်ဆိုတာသေချာလို့ပါ ❤

စကားတွေနဲ့ ချစ်တယ်ပြောတာထက်လိုအပ်နေတဲ့အချိန်တိုင်း အမြဲဘေးမှာရှိနေပေးတာမျိုးကိုပိုသဘောကျတယ်ကိုယ်ပင်ပန်းတယ်လို့ပြောလိုက်တ...
25/09/2021

စကားတွေနဲ့ ချစ်တယ်ပြောတာထက်
လိုအပ်နေတဲ့အချိန်တိုင်း အမြဲဘေးမှာရှိနေပေးတာမျိုးကိုပိုသဘောကျတယ်
ကိုယ်ပင်ပန်းတယ်လို့ပြောလိုက်တိုင်း "ကိုကိုရှိတယ်" ဆိုတဲ့စကားလေးကတကယ်စိတ်ချမ်းသာရလို့ ❤

Right person ဆိုတာဘာလဲ ? ရှင်းရှင်းလေးပါဘဲ...💗ပျော်စရာ အချိန်တွေ အကောင်းဆုံးအချိန်တွေမှာ အတူတူ ဖြတ်သန်းပြီး...ခက်ခဲတဲ့အခ...
20/09/2021

Right person ဆိုတာဘာလဲ ?

ရှင်းရှင်းလေးပါဘဲ...💗

ပျော်စရာ အချိန်တွေ အကောင်းဆုံးအချိန်တွေမှာ အတူတူ ဖြတ်သန်းပြီး...

ခက်ခဲတဲ့အချိန် အဆင်မပြေတဲ့အခါဆို ဘေးက ထွက်မသွားဘဲ...ကိုယ့်လက်ကို မြဲမြဲဆွဲထားမယ့် သူမျိုး....။

ဒုက္ခ သောကတွေ အတူရင်ဆိုင်ပြီး ပျော်စရာတွေ အတူဖန်တီးနိုင်မဲ့သူ...။

အတိတ်က ကိုယ့်အကြောင်းတွေ ဘာတစ်ခုမှမေးခွန်းမထုတ်ဘဲ...လက်ရှိအချိန်မှာ လိုလေသေးမရှိချစ်ပေးမယ့်သူ....အနာဂတ်မှာ သူနဲ့အတူ ပျော်နိုင်ဖို့ ကြိုးစားတဲ့သူ.....။

ချစ်တယ် လို့ပြောတဲ့လူတိုင်းမှာ ဒါတွေသွားရှာလို့မရဘူးနော်...။တစ်ချို့က အပြောဘဲရှိတာ တကယ်မဟုတ်ဘူး...။

နီးစပ်ဖို့လဲ ဘယ်တုန်းကမှ မကြိုးစားဘူး..။
ကိုယ့်ကို ချစ်၏မချစ်၏ ဆိုတာ သူ့အပြုမှုတွေကနေသိနိုင်မှာပါ....။

ပြောသမျှယုံပြီး right person လို့သတ်မှတ်ထားတဲ့လူတွေကြောင့် ခဏခဏနာကျင်ဖူးပြီးပြီ မို့လား

သူပျော်ရွှင်ဖို့ ကိုယ့်ကိုလိုချင်တာမဟုတ်ဘဲ
သူနဲ့အတူ ကိုယ့်ကိုပျော်စေချင်တဲ့သူ

အ့လို လူနဲ့တွေ့တဲ့အခါ ချစ်ခြင်းမေတ္တာဟာ ပျော်စရာကောင်းကြောင်း ကျနော်တို့ သိလာမှာပါ.. ❤🌸

ကိုယ်က လူတွေအပေါ်မှာ စိတ်နာခဲပါရဲ့။အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူတွေပေါ်မှာပေါ့။ကိုယ့်အပေါ်  ဘယ်လိုမျိုး အဆင်မပြေဖြစ်အောင်လု...
13/09/2021

ကိုယ်က လူတွေအပေါ်မှာ စိတ်နာခဲပါရဲ့။
အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူတွေပေါ်မှာပေါ့။
ကိုယ့်အပေါ် ဘယ်လိုမျိုး အဆင်မပြေဖြစ်အောင်
လုပ်သွားနေပါစေ ၊ ကိုယ်စိတ်မနာနိုင်ပါဘူး။

ကိုယ်ချစ်သလို ပြန်မချစ်ပေးတဲ့အခါမျိုးမှာ
စိတ်မကောင်းဖြစ်မိရင်း ၀မ်းနည်းသွားတာမျိုး
ရှိပေမဲ့လည်း စိတ်တော့မနာတတ်ပြန်ပါဘူး။

တစ်ချိန်ချိန် ကိုယ့်နာမည်လေး
သူတို့ လှမ်းခေါ်နေရုံနဲ့တင်
ကိုယ်က သူတို့အတွက် အဆင်သင့်ရှိနေပေးပြန်ရော။

လိုအပ်မှသုံးလည်း စိတ်မနာနိုင်ပြန်ဘူး။
မလိုအပ်တဲ့အချိန် ခေါက်ထားလည်း ခေါက်ပေါ့။

အဲ့လို စိတ်မနာတတ်ပေမဲ့
ကိုယ်က စိတ်တော့ ကုန်တတ်ပါတယ် ။
ကိုယ့်ဘက်က ကောင်းပေးပါလျက်နဲ့
ကိုယ့်အပေါ် ပြန်မကောင်းပေးနိုင်တဲ့သူတွေနဲ့
တွေ့တဲ့အခါ ကိုယ်က တိတ်တိတ်လေး
စိတ်ကုန်နေတတ်ပါတယ် ။

ကိုယ်ဟာ တော်ရုံနဲ့ စိတ်နာတတ်တဲ့ လူစားတော့
မဟုတ်ပါဘူး။
ဒါပေမဲ့ စိတ်ကုန်စတော့ ပြုတတ်တဲ့
လူတစ်မျိုးထဲမှာပါပါတယ်။

®ခဲတံ®
Your's Pencil - ခဲတံ

" ဝေးပြီးတဲ့နောက်မှာ "သူပျော်နေတယ်လို့ စိတ်ထဲမှာ ယုံထားလိုက်တယ် ""နောက်ထပ် "ဘာမှမသိရ မတွေ့ရ မကြားရအောင် နေတယ် "ကိုယ့်စိတ...
25/08/2021

" ဝေးပြီးတဲ့နောက်မှာ "
သူပျော်နေတယ်လို့ စိတ်ထဲမှာ ယုံထားလိုက်တယ် "

"နောက်ထပ် "
ဘာမှမသိရ မတွေ့ရ မကြားရအောင် နေတယ် "

ကိုယ့်စိတ်ကို ပျော်အောင်ထားတယ် "

တတ်နိုင်တဲ့အခါ ရယ်တယ် "
မတတ်နိုင်တဲ့အခါ ငိုတယ် "

မနေ့ကထက် ဒီနေ့ ပိုလှအောင် ပြုံးတယ် "
သတိရတဲ့အခါ ကြယ်တွေကို ငေးတယ် "

အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း
ကြိုးစား လက်ခံလိုက်တယ်...

မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့် ရတဲ့သူကို မုဒိတာ ပွားတယ်....

ကိုယ်ရခဲ့ဖူးတဲ့ တစ်ခဏတာ ခံစားမှုကိုတစ်သံသရာစာအတွက် ကျေနပ်လိုက်တယ်....

အမှတ်တရတချို့ ပြန်တွေ့ရရင် ကိုယ့် Memory ထဲမှာပဲ ဘယ်သူမှမမြင်အောင် တိတ်တိတ်လေး သိမ်းထားတယ်....

စွယ်တော်ရွက်တွေမြင်ရင် .ဝေးဝေးကနေ ရှောင်ကွင်းသွားတယ်.....

သစ္စာပန်းတွေအစား . နေကြာပန်းတွေ ပြောင်းကြိုက်တယ်.....

ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့
ကဗျာထဲမှာ သုံးရုံလောက်ပဲ အာရုံရှိတော့တယ်"

ဖြတ်မျဉ်းတစ်ကြောင်းလို ကိုယ့်ဆီမှာ ခဏတာ ရေစက် လာဆုံပေးတဲ့အတွက်လည်းတစ်သက်တာ ကျေးဇူးတင်တယ် "

ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့် ...
တစ်ခမ်းတစ်နားတော့ တိတ်ဆိတ်ပြချင်တယ်...

Crd

တကယ်ချစ်တဲ့... ချစ်သူတွေဆိုတာ 1️⃣Acc ကိုဝင်စစ်တယ်  😍လာအီတဲ့ကောင်လေးဒေ ကောင်မဒွေ ဆို ရန်တွေ့တယ်  😂ချစ်သူ ကိုထိရင် ပေါက်ကွ...
20/08/2021

တကယ်ချစ်တဲ့... ချစ်သူတွေဆိုတာ

1️⃣
Acc ကိုဝင်စစ်တယ် 😍
လာအီတဲ့ကောင်လေးဒေ ကောင်မဒွေ
ဆို ရန်တွေ့တယ် 😂
ချစ်သူ ကိုထိရင် ပေါက်ကွဲတယ် 😒😒

2️⃣
Post က Cmt ဒေကို တခုမကျန်ဖတ်တယ်😍
အီစီကလီမန့်ဒေမြင်ရင် ဝင်ပြောတယ် ။
ဆတ်ဆတ်ထိမခံ ရန်ဖြစ်တယ် 😒😒

3️⃣
Ph မဆက် Msg မပို့ဖစ်ရင် စိတ်တိုတယ်😍
မဆက်သွယ်ရအောင် ဘာလုပ်နေလဲအော်တယ်။ 😂အဲ့ အတွက် စိတ်ကောက်တယ် 😒😒

4️⃣
သူမရှိပဲ
Online တက်နေတာမြင်ရင် စကားနာထိုးတယ်။ 😍Q နေတရ်စွပ်စွဲတယ် 😂
ဒေါသထွက်ပီး လိုက်သဝန်တိုတယ် 😒😒

5️⃣
Reply ကြာနေရင် စိတ်တိုတယ် 😍
အင်း အဲ ပဲပြန်ဖြေရင်
အချစ်ပေါ့နေပီလား တွေးပူတယ် 😒😒

တကယ်တော့ ဒါတွေက သိပ်ချစ်တတ်တဲ့
ချစ်သူစီမှာသာကြုံတွေ့ရတာပါ
ဒါတွေမဖြစ်ရင်တကယ်မချစ်လို့ပါ 😒😒

သဝန်တိုပါ ရစ်ပါ အော်ပါ
ဆူပါ ဆုံးမပါ ပြီးရင်ပြန်ချစ်ပေးပါ။
😘

PHYU

 #ဂရုစိုက်ခံချင်တဲ့_ပြဿနာဒီခေါင်းစဉ်လေးက သိပ်ကို ကလေးဆန်နေမလား။ကျွန်တော်တော့ အဲ့ဒီလို မထင်မိဘူး။လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖ...
16/08/2021

#ဂရုစိုက်ခံချင်တဲ့_ပြဿနာ

ဒီခေါင်းစဉ်လေးက သိပ်ကို ကလေးဆန်နေမလား။
ကျွန်တော်တော့ အဲ့ဒီလို မထင်မိဘူး။

လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ်
မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ်
ကိုယ်ချစ်ရသူဆီက
ဂရုစိုက်မှုဆိုတာကို မျှော်လင့်တတ်ကြတယ်။

အမြဲတစေ ဂရုစိုက်နေရအောင်
နင်က လူမမာလား
နေမကောင်းဖြစ်နေသူလားလို့တော့
တွက်ကပ်‌တဲ့ စကားတွေ မဆိုနဲ့ပေါ့။
ဘယ်လောက် strong ဖြစ်တဲ့သူဖြစ်ဖြစ်
သူချစ်ရသူရှေ့ ရောက်ရင်တော့
ကလေးဆန်ချင်ကြတာပဲ။

တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှလေးကို
ပေါက်ပေါက်ဖောက်ပြီး နားကွဲမတက်
ပါးစပ်က အမြှုပ်ထွက်မတက် ပြောပြချင်ကြတာမျိုး။

ဒါကို နားမလည်ပေး တစ်ဖက်ကို မကြည့်ပေးဘဲ
ကိုယ်လုပ်ချင်ရာပဲ လုပ်နေလို့တော့
ဘယ်အဆင်ပြေပါ့မလဲ။
တစ်နေကုန် ဂရုစိုက်မနေရင်တောင်
အားတဲ့အချိန်လေးပဲဖြစ်ဖြစ်
ခဏလောက် ဂရုစိုက်ပေးသင့်တယ်လေ။

မနက်နိုးထချိန် ညအိပ်ယာဝင်ချိန်
Morning Goodnight ဆိုတဲ့
Message လေးဖြစ်ဖြစ်ပေါ့
ကိုယ်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်
ဒါလေးတစ်ခုလောက်တော့ လုပ်ပေးသင့်တယ်မလား။

အမှန်တိုင်းပြောရရင်တော့
ကျွန်တော်လည်း အဆင်မပြေဘူး။
ကျွန်တော်လည်း ဂရုစိုက်ခံချင်တယ်။

ပိုဆိုးတယ် ကျွန်တော်က Overthinking သမား။
ကျွန်တော့်ကို ပြစ်ထားရင်
ကျွန်တော့်ဘာသာ ကမ္ဘာပျက်နေတတ်ရော။

အများကြီး မတောင်းဆိုပါဘူး။
ကျွန်တော်လိုချင်တာ သေးသေးလေးပါ။
ဂရုစိုက်မှု သေးသေးလေးပါပဲ

တစ်ခါတလေစိတ်တွေ မွန်းကျပ်နေတဲ့အခါမင်းကို နားလည်ပေးနိုင်သူ ဆီမှာပဲရင်ဖွင့်ပါတစ်ခါတလေနှိမ့်ချ ဆက်ဆံ ခံရတဲ့ အခါမင်း တန်ဖိုး...
17/07/2021

တစ်ခါတလေ
စိတ်တွေ မွန်းကျပ်နေတဲ့အခါ
မင်းကို နားလည်ပေးနိုင်သူ ဆီမှာပဲ
ရင်ဖွင့်ပါ

တစ်ခါတလေ
နှိမ့်ချ ဆက်ဆံ ခံရတဲ့ အခါ
မင်း တန်ဖိုးကို နားလည်တဲ့သူဆီမှာပဲ ခိုနားပါ

တစ်ခါတလေ
အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ
မင်းကို ဂရုစိုက်ပေးနိုင်တဲ့သူ ဆီမှာပဲအကူအညီ တောင်းပါ

တစ်ခါတလေ
ဝမ်းနည်းလို့ ငိုချင်လာတဲ့ အခါ
မင်းအပေါ် မြတ်မြတ်နိုးနိုး အလေးထားတဲ့သူရဲ့ပုခုံးမှာပဲ ခိုမှီပါ

လူတွေက မင်းကို မလိုအပ်တဲ့ အခါ
မင်းက ဘယ်လောက်တန်ဖိုးရှိမှန်း
သူတို့ စိတ်ဝင်စားချင်ကြမှာ မဟုတ်ပါဘူး
ဒါကို ပြန်တွေးပြီးလည်း ဝမ်းနည်း မနေပါနဲ့


မင်းရဲ့တန်ဖိုးက မင်းဆီမှာ ရှိပါတယ်
အလွှင့်ပစ် မခံရချင်ရင်တော့
တန်ဖိုးမသိသူ လက်ထဲကို
တန်ဖိုး ရှိတဲ့အရာတွေ
ဘယ်တော့မှ မအပ်နှံ မိပါစေနဲ့

စေတနာ ရှိတိုင်းလည်း
လူတိုင်းကိုတစ်စုံတရာ မပေးမိပါစေနဲ့
သူတို့ မလိုချင်တဲ့ အခါနင်းချေခံရတတ်တယ်

မင်းအပေါ် မကောင်းတဲ့
သူတွေကြောင့်လည်း
စိတ်ဓါတ်ကျ အားငယ်မနေပါနဲ့

မင်းသာ ကြည့်တတ်ခဲ့ရင်
မင်းအပေါ်နားလည်ပေးနိုင်တဲ့သူတွေ
မင်း တန်ဖိုး သိတဲ့ သူတွေ

မင်းအနားမှာ
တစ်ယောက်မဟုတ် တစ်ယောက်
ရှိနေတတ်တယ် ဆိုတာကိုလည်း
မင်း....ဘယ်တော့မှ မမေ့လိုက်ပါနဲ့...။

Credit

တကယ်​တော့ ချစ်ခြင်း​မေတ္တာမှာပထမလူပဲဖြစ်ဖြစ် . . .ဒုတိယလူပဲဖြစ်ဖြစ်. . .တတိယလူပဲဖြစ်ဖြစ် . . .နေရာသတ်မှတ်ချက်တွေဟာ  အရေး...
12/07/2021

တကယ်​တော့ ချစ်ခြင်း​မေတ္တာမှာ

ပထမလူပဲဖြစ်ဖြစ် . . .
ဒုတိယလူပဲဖြစ်ဖြစ်. . .
တတိယလူပဲဖြစ်ဖြစ် . . .
နေရာသတ်မှတ်ချက်တွေဟာ အရေးမကြီးပါဘူး။

အဲ့ဒီ့သူဟာ ကိုယ့်အပေါ် တစ်ကယ်ချစ်ပေးနိုင်ရဲ့လား။
တန်ဖိုးထားနိုင်ရဲ့လား ။
ကိုယ့်အပေါ် နားလည်မှုပေးနိုင်ရဲ့လားဆိုတာပဲ
အဓိက က်တာပါ ။

အရင်တုန်းက ဘယ်သူနဲ့ ချစ်ခဲ့လဲ ?
အချစ်ဦးက ဘယ်သူလဲ ဆိုတာထက်
အခုအချိန်မှာ ကိုယ်ဟာ ဘယ်သူနဲ့
ချစ်နေတယ်ဆိုတာက ပိုအရေးကြီးဆုံးပါ ။
လက်ရှိအချိန်မှာ ချစ်ပေးနေတဲ့ ကိုယ့်ချစ်သူဟာ
ကိုယ့်အပေါ် ကောင်းပေးနေရင်ကို ရပါပြီ ။

ကိုယ့်ကိုချစ်တဲ့သူ . . .
ကိုယ့်ကို တန်ဖိုးထားတဲ့လူရဲ့ လက်ထဲမှာ
နေထိုင်ရတာကပဲ ကိုယ့်အတွက် ပျော်ရွှင်မှုတွေ
အများကြီး ဖြစ်တည်ပါတယ် ။

အတိတ်မှာ ဘယ်လိုပဲဖြစ်ခဲဖြစ်ခဲ့
အဆုံးသတ်မှာ ကိုယ်နဲ့အတူရှိပေးပြီး
ကိုယ့်ကို တန်ဖိုးထားပေးတဲ့သူဟာ
ကိုယ့်ဘဝအတွက် အစစ်မှန်ဆုံး အဖော်မွန်ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လောက်ပဲ
နှစ်တွေ အကြာကြီး ချစ်ခဲ့ပါစေ ၊
အဆုံးသတ်မှာ ကိုယ်နဲ့အတူတူ
ရှိချင်မှ ရှိတတ်ကြတာမလား ။
ဘယ်လောက်ပဲ ခွဲလို့မရအောင် ချစ်တဲ့
relationship တစ်ခုဖြစ်နေပါစေ နောက်ဆုံးအချိန်မှာ
လက်တွဲရမဲ့သူဟာ အဲ့ဒီ့သူ ဖြစ်ချင်မှ ဖြစ်မှာပါ ။

ဒါ့ကြောင့် အတိတ်မှာ ဘယ်သူတွေနဲ့ပဲ
ချစ်ခဲ့ချစ်ခဲ့ အဆုံးသတ်မှာ ကိုယ်နဲ့အတူတူရှိနေရင်
အဆင်ပြေနေပါပြီ။⤵️⤵️

11/07/2021
တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာ-----------------------------------------အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်...
09/07/2021

တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာ
-----------------------------------------
အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်
သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်
အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့ အသုံးချတတ်ပါတယ်
သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်
လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူး
ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်
တချို့ကိစ္စတွေအတွက် အကြံဥာဏ်တောင်းတတ်တယ်
သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာပေးတတ်တယ်
သင် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ကောင်းနေပါလိမ့်မယ်
စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင်ပြောပြတတ်တယ် ။ သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထားတတ်ပါတယ်
သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။ တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ ရှိနေတတ်တယ်
အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတတ်တယ် ။
သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်
အတိတ်က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ
အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကိုဘယ်လောက်ချစ်တဲ့အကြောင်းကို ကြွားစရာတခုလိုပြောပြနေတတ်တယ်
သူ့ ဖုန်း Wallpaper မှာ သင့်Photo လေးထည့်ထားတတ်တယ်
သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး သင့်ကို ခဏခဏခေါ်နေတတ်တယ်
ကြိုက်သလောက်စားပါ ။ တက်လာတဲ့ ကိုယ်အလေးချိန်က်ု သူအပြစ်မရှာတတ်ပါ
ဒေါသထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိဘူး
သူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း သင့်ကို ပြောပြထားတတ်ပါတယ်
သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။ တည်အောင်လည်း လိုက်နာတယ်
သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်
သင်က သဝန်တိုတဲ့အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။
သင့်မွေးနေ့ကို သူမမေ့ဘူး ။ အမှတ်တရနေ့တွေကို သူမမေ့ဘူး
သင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်
Facebook မှာ သူတင်သမျှ ဟာ သင့်ကိုဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်း
အတူစကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)ဟာသလေးတွေနဲ့ အခြေအနေပြောင်း

မောင်တဲ့......ချွဲနွဲ့မှုမရှိ ချီနှောင်မှုမရှိ ခပ်မာမာလေးခေါ်လိုက်တာဒါပေမဲ့ ကျင်နာမှုကတော့ အပြည့်အဝ အလျှံအပယ်ဘဲကလေးတစ်ယေ...
05/07/2021

မောင်တဲ့......

ချွဲနွဲ့မှုမရှိ ချီနှောင်မှုမရှိ ခပ်မာမာလေးခေါ်လိုက်တာ
ဒါပေမဲ့ ကျင်နာမှုကတော့ အပြည့်အဝ အလျှံအပယ်ဘဲ

ကလေးတစ်ယောက်လိုမဆိုးချင်ဘူး
လူကြီးတစ်ယောက်လိုလဲ အာဏာမပြချင်ဘူး
ဘေးမှာနေပြီး ရှေ့ဆောင်လမ်းပြမဟုတ်ရင်တောင် ဖေးမကူညီ ပြီးထာဝရရှိနေသွားမဲ့ သူမျိုး

ဒါမလုပ်ရဘူး ဟိုဟာမလုပ်နဲ့ဆိုပြီး မချုပ်ခြယ်ဘူး
မောင် လုပ်သမျှအရာတိုင်းလက်ခံပေးမှာ မကောင်းဘူးထင်ရင် ဖြောင်းဖျပေးမှာ အမိန့်ဆန်တဲ့ ညွန်ကြားမှုတွေမရှိစေရ

ဆိုးသမျှကို နားလည်ခွက့်လွှတ်မယ်
မောင်က ကိုယ့်အမြင်မှာ ကလေးဘဲ
ဆိုးနွဲ့လို့လဲ စိတ်မပျက်ဖူး အနိုင်ကျင့်လို့လဲ အပြစ်မမြင်ရက်ဖူး မောင်ဘာလုပ်လုပ် ခွင့်လွတ်နားလည်မှုနဲ့ ဘေးမှာအမြဲရှိနေမဲ့ သူမျိုး

အစ်မတစ်ယောက်လိုလဲ ချစ်မှာဘဲ
သူငယ်ချင်းတစ်ယောက်လိုလဲ ပေါင်းမှာဘဲ
မိခင်တစ်ယောက်လိုလဲ စောင့်ရှောက်မှာဘဲ
ချစ်သူတစ်ယောက်လိုလဲ ကျင်နာမှာဘဲ

ချစ်တာကိုဗန်းပြပြီး သူများတွေလို မဆိုးနွဲ့ချင်ဘူး
ချစ်တာကလေးကို သက်သေထူပြီး ကျင်ကျင်နာနာနဲ့ ဂရုစိုက်ပြီး ချစ်သွားချင်တဲ့ သူမျိုး

ရင့်ကျက်နေတဲ့ လူတစ်ယောက်တော့မဟုတ်ဖူး
မောင့် အတွက်ဆိုရင်တော့ အရာရာ နားလည်ခွင့်လွတ်နိုင်တဲ့ လူတစ်ယောက်ဆိုတာတော့ သေချာပါတယ်

မ တွေကို ချစ်ပါ တန်ဖိုးထားပါ ဂရုစိုက်ပါ
မိဘပြီးရင် " မ " တွေက ဒုတိယ ဘုရားပေးတဲ့လက်ဆောင်ပါ !!

" ကြာကြာပေါင်းမှအကြောင်းသိမယ် " - ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အ...
05/07/2021

" ကြာကြာပေါင်းမှအကြောင်းသိမယ် "

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။

- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။

- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။

- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ
တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် ။
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ.... ။

- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့
မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး
မနာလိုဖြစ်တတ်သူတွေရှိတယ်။

- အပေါင်းအသင်းများတိုင်း
မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ်
ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။

- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့
ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။

- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။

-သတိထားပါ
သစ်ပင် ကောက်တာ မြင်ရပေမယ့် …
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်
လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။

- အပေါ်ယံ ချိုမြိန်မှုတွေက
ကြာကြာဝါးမှခါးမှန်းသိလာသလို
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို
ကြာကြာပေါင်းကြည့်မှသာ …
အကြောင်းသိ လာပါလိမ့်မယ်။

03/07/2021

အချစ်က ပန်းသီးနဲ့ တူတယ်

03/07/2021

အချစ်ခံချင်ပါတယ်
ကြုံရာလူဆီကမဟုတ်ပဲ
ကိုယ်သဘောကျတဲ့ မင်းဆီက💖🤗

အတိတ်က အရိပ်မည်းတချို့===============အမျိုးသမီးတိုင်းမှာအတိတ် တစ်ခုစီ ရှိကြပါတယ်။သူတို့ မလိုချင်တဲ့ အတိတ် ကိုယ်စီပေါ့။တခ...
02/07/2021

အတိတ်က အရိပ်မည်းတချို့
===============

အမျိုးသမီးတိုင်းမှာ
အတိတ် တစ်ခုစီ ရှိကြပါတယ်။
သူတို့ မလိုချင်တဲ့ အတိတ် ကိုယ်စီပေါ့။

တချို့က ရှုပ်ထွေးပွေလီခဲ့တဲ့
အချစ်ဇာတ်လမ်းတွေ ရှိခဲ့မယ်၊
တချို့က ကြိုးပျက်နေတဲ့
မိသားစုမျိုး ပိုင်ဆိုင်ခဲ့ရတာ ရှိမယ်၊
တချို့က အိမ်ထောင်ကွဲခဲ့တာမျိုး ရှိမယ်၊
ကိုယ့်ကို နိုင်ထက်စီးနင်းပြုတတ်တဲ့
ပတ်သက်ဆက်ယှက်မှုကို
မလွန်ဆန်နိုင်ခဲ့တာမျိုး ရှိမယ်၊

တချို့က ဆေးခပ်ပြီး
ယုတ်မာခံ ခဲ့ရတာမျိုး ရှိမယ်၊
တချို့က ညစ်ညမ်းပုံတွေ
အရိုက်ခံခဲ့ရတာမျိုး ရှိမယ်၊
တချို့က ရည်းစားဟောင်းရဲ့ ခြိမ်းခြောက်
အ​ကြပ်ကိုင်ခြင်း ခံခဲ့ရတာမျိုး ရှိမယ်၊
တချို့က အဝလွန်ခြင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ
လှောင်ပြောင်ခံရပါများလို့
ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့တာမျိုး ရှိမယ်၊

တချို့ကတော့ ငွေရေးကြေးရေး
အဆင်မပြေလို့ စိတ်ဆင်းရဲခဲ့တာမျိုး ရှိမယ်၊
တချို့က မူးယစ်ဆေးစွဲတာ ဒါမှမဟုတ်
အရက်စွဲခဲ့တာမျိုး ရှိမယ်၊ တချို့က
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့
အကြိမ်ကြိမ် အားထုတ်ခဲ့ပေမယ့်
မအောင်မြင်ခဲ့တာမျိုးတွေ
အမျိုးမျိုး ရှိကြပါတယ်။

အမျိုးသမီးတစ်ယောက်ကို သင်တွေ့ပြီဆိုရင်
သူတို့ဟာ ဒီလို စိတ်ဒဏ်ရာတွေထဲက
တစ်ခုမဟုတ် တစ်ခုတော့
ခံစားခဲ့ရတာများပါတယ်။ ဒါပေမယ့်
သူတို့ဟာ မျက်ရည်တွေကို သုတ်ပစ်ခဲ့ပြီးပြီ၊
သူတို့ရဲ့ဆံပင်တွေကို
သေသပ်စွာ စည်းနှောင်ရင်း
နတ်သက်ကြွေတဲ့ အပြုံးတွေနဲ့
သူတို့ရဲ့ နာကျင်ဝမ်းနည်းမှုတွေကို
ဖုံးအုပ်ထားကြပါတယ်၊

ခေါင်းကိုမော့ပြီး ကြံ့ခိုင်စွာ ရပ်တည်ဖို့
ကြိုးစားရင်း သူတို့ဘဝကို
ရှေ့ဆက်လျှောက်လှမ်း နေကြပါတယ်။
ဘာလို့လဲဆိုရင် သူတို့မှာ
မျှော်လင့်ချက်ဆိုတာလေး ရှိနေသေးလို့ပါ၊
ဒီလောကကြီးမှာ ရှိနေသေးတဲ့
သူတို့ရဲ့ အတိတ်ဆိုးတွေကို မထိုးနှက်မယ့်
သန့်ရှင်းစင်ကြယ်ပြီး စာနာရိုင်းပင်းတတ်တဲ့
မေတ္တာတရားအပေါ်မှာ
လက်လွှတ် အရှုံးမပေးကြသေးလို့ပါ။

အမျိုးသမီးတွေကို ရန်မလုပ်ပါနဲ့၊
အမျိုးမျိုးသော စော်ကားမှုတွေနဲ့
ထပ်ပြီး မပုတ်ခတ်ပါနဲ့။
သူတို့ကို တတ်နိုင်သမျှ
လိုက်လျောစာနာပြီး ဖေးမကူညီပေးပါ။
ကိုယ်နဲ့ ပတ်သက်တဲ့ အမျိုးသမီးတိုင်းကို
နွေးထွေးပျုငှာစွာ လက်ချင်းဆုပ်ကိုင်လို့
အတူတကွ လျှောက်လှမ်းသွားနိုင်မယ်ဆိုရင်
သူတို့ရဲ့ စိတ်ဝိဉာဉ်တွေဟာ
ဘယ်လောက် နူးညံ့ပြီး
သူတို့ရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေဟာ
ဘယ်လောက် ပိုမိုတောက်ပနေမလဲဆိုတာ
သိသာ ခံစားလို့ ရလာပါလိမ့်မယ်။

သူတို့ရဲ့ စွမ်းအားတွေကို
ဘယ်လော

မင်းမှ မင်း ဖြစ်နေမယ့် လူကိုစောင့်ပါ။အသေးအဖွဲလေးက အစမင်းရဲ့ အတွေးအမြင်ကို လေးစားမယ့်လူကိုစောင့်ပါ။မင်းပြောပြမဲ့ စကားတိုင...
02/07/2021

မင်းမှ မင်း ဖြစ်နေမယ့် လူကိုစောင့်ပါ။

အသေးအဖွဲလေးက အစ
မင်းရဲ့ အတွေးအမြင်ကို လေးစားမယ့်လူကိုစောင့်ပါ။

မင်းပြောပြမဲ့ စကားတိုင်းအတွက်
တန်ဖိုးထား နားထောင်မယ့်လူကိုစောင့်ပါ။

မင်းရဲ့ စိတ်ပူပန်မှုတွေ၊ သဝန်တိုမှုတွေကို
မငြိုမငြင် နားလည်ပေးမယ့်လူကိုစောင့်ပါ။

မင်းအကြိုက်တွေကို
သတိတရ မှတ်သားထားမယ့်လူကို စောင့်ပါ။

မင်းမျက်နှာကို
တမေ့တမော ထိုင်ငေးချင်မယ့်လူကို စောင့်ပါ။

ဟက်ဟက်ပက်ပက် ရယ်တတ်တဲ့ မင်းရယ်သံတွေ
ပျောက်ဆုံးသွားမှာကြောက်မယ့် လူကိုစောင့်ပါ။

မင်းကိုဘယ်တော့မှ နာကြင်အောင်မလုပ်မဲ့လူကိုစောင့်ပါ။

မင်းကလွဲရင် ဘယ်အမျိုးသမီးအတွက်မှ
အချိန်မပေးနိုင်မယ့်လူကိုစောင့်ပါ။

ကုန်ကုန်ပြောရရင်
မင်းမှမင်းဖြစ်နေမယ့်လူကိုပဲစောင့်ပါ။❤

ကိုယ်က မေတ္တာထားပါလျက်နဲ့သူ့ဘက်က ကိုယ့်ရဲ့မေတ္တာကိုနားမလည်ဘူးဆိုရင် သူ့ကိုအပြစ်မမြင်လိုက်ပါနဲ့။ကိုယ့်ရဲ့မေတ္တာတရားကမေတ္တ...
01/07/2021

ကိုယ်က မေတ္တာထားပါလျက်နဲ့
သူ့ဘက်က ကိုယ့်ရဲ့မေတ္တာကို
နားမလည်ဘူးဆိုရင် သူ့ကို
အပြစ်မမြင်လိုက်ပါနဲ့။

ကိုယ့်ရဲ့မေတ္တာတရားက
မေတ္တာမစစ်သေးဘူးလို့ပဲ
သဘောထားနိူင်အောင်
ကြိုးစားပါ။

တစ်နေ့နေ့ကျရင်
မိမိရဲ့မတ်ေတာတရားကို
သူဟာ သိလာပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့----
မေတ္တာတရားက ရောင်ပြန်ဟပ်တတ်တယ်မဟုတ်လား---?
credit

မင်းကိုကောင်းကင်နဲ့ တင်စားတတ်တဲ့ယောက်ျားမျိုးကိုရှာပါ ။သူဘာလုပ်လုပ် မင်းကိုအလေးထားပြီးအသိပေးတတ်တဲ့သူ ဖြစ်သလို… မင်း ရှိန...
30/06/2021

မင်းကိုကောင်းကင်နဲ့ တင်စားတတ်တဲ့
ယောက်ျားမျိုးကိုရှာပါ ။

သူဘာလုပ်လုပ် မင်းကိုအလေးထားပြီး
အသိပေးတတ်တဲ့သူ ဖြစ်သလို…

မင်း ရှိနေတယ် ဆိုတဲ့
စိတ် နဲ့ … မင်းနဲ့မသင့်လျော်မဲ့အရာတွေကို
သိက္ခာ လေးနဲ့ထိန်းတတ်လိုက်တာမျိုး ပါ ။

မင်းမျက်နှာကိုအမြဲ ထောက်ပြီး
မင်း ကိုဦးစားပေးတတ်တာမျိုးတွေပါ။

တစ်ခုခုဆို
မင်း ကိုတမ်းတ တဲ့စိတ် နဲ့ မင်းကိုချစ်တဲ့စိတ်နဲ့
မင်း နဲ့ဝေးကွာသွားမှာ ကိုကြောက်တဲ့ စိတ်နဲ့
မင်းနားမှာပဲ ဝဲ နေတဲ့ လူမျိုးကိုရှာပါ ။

မင်း ရဲ့ စိတ်ကူးထဲက အရာတွေကို
ဖမ်းယူ ပေးဖို့အမြဲကြိုးစားနေတဲ့
သူ ကိုရှာပါ ။

မင်း ကို အနည်းအကျဉ်းသော
စိတ်ဝမ်းနည်းမှုတွေပေးပြီး စိတ်ချမ်းသာမှုတွေ
အတော်များများပေးတတ်တဲ့ သူမျိုးကိုရှာပါ ။

မင်း နဲ့ ပြောဆိုတဲ့ အခါ
မင်း ပြောချင်တာတွေကို အရင်ဆုံး
ဦးစားပေးပြောပြီး သူ့ဆန္ဒ တွေနဲ့
ထပ်တူပြု နိုင်အောင်ကြိုးစားပြောတတ်သူမျိုးကိုရှာပါ ။

အရာအားလုံးမဟုတ်ရင်တောင်မှ
အတော်များများ ကိုမင်း အတွက်နေရာပေးတတ်တဲ့
သူမျိုးကိုပဲ ရှာပါ.....…

Crd

Address


Website

Alerts

Be the first to know and let us send you an email when Juu-ဂျူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share