Information for Protest

  • Home
  • Information for Protest

Information for Protest ပျံ့နှံ့နေသောကောလာဟာလများအကြားမှသ?

အကြင်နာတရားပြည့်ဝတဲ့ဒီနိုင်ငံမှာ PDFတွေကိုအကြံပေးလိုတာတစ်ခုရှိတယ်နောက်တစ်ခါဒလန်မိလို့အဲ့ဒလန်က “မTတ်ပါနဲ့”လို့တောင်းပန်တဲ...
06/12/2022

အကြင်နာတရားပြည့်ဝတဲ့ဒီနိုင်ငံမှာ PDFတွေကိုအကြံပေးလိုတာတစ်ခုရှိတယ်

နောက်တစ်ခါဒလန်မိလို့အဲ့ဒလန်က “မTတ်ပါနဲ့”လို့တောင်းပန်တဲ့အခါ မTတ်ပါနဲ့ အကြင်နာတရားထားပါ

စခန်းကိုခေါ်သွား ရှယ်ဧည့်ခံလိုက်
“ငါ့ကိုမြန်မြန်သာTတ်လိုက်ပါတော့”လို့ငိုယိုတောင်းပန်ရတဲ့အထိပြုစုပေးလိုက်

အဲ့တော့မှသူတောင်းဆိုသလိုဖြည့်ဆည်းပေးလိုက်ပါလေ

ကြင်နာသနားတတ်သူကြီးတွေလည်းကျေနပ်ကြမှာပါ
နေခြည်ဖျာလို့နွေးကြပါစေ

22/11/2022

လူ့အခွင့်အရေးချိုးဖောက်ခံရမှု

ဒီကိစ္စကအမြဲတစေကြားနေရတော့ နားယဉ်ပြီးပေါ့သေးသေးထင်နေကြတယ်
မြန်မာနိုင်ငံသားတွေအနေနဲ့ အဲ့ဒဏ်ကိုအဖက်ဖက်ကခံနေရတာ ရိုးအီနေပြီမို့ ထူးပြီးမမြင်ကြတော့တာလားမသိပါဘူး
ဒါမှမဟုတ် ဘယ်တုန်းကမှလူ့အခွင့်အရေးအပြည့်အဝမရဖူးတော့ ချိုးဖောက်ခံနေရတယ်ဆိုတာကို ချိုးဖောက်ခံနေရမှန်းမသိတာလည်းဖြစ်နိုင်ပါတယ်

🔹ခုဆိုယူကရိန်းမှာစစ်ဖြစ်နေတုန်းပဲ
ဒါပေမယ့်တလောကသတင်းမှာပုံတစ်ပုံတက်လာတယ်
ယူကရိန်းတွေဟာ မြန်မာနဲ့တူတူရှိနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ရေးထားတဲ့စာတန်းကိုကိုင်ထားတယ်ထင်ပါတယ်
(ပုံပြန်ရှာမရလို့မှတ်မိသလောက်ပြောတာပါ)
ဒါဟာဘာလဲဆိုရင် ခံနေရတဲ့သူအချင်းချင်း စာနာတယ် ကိုယ်ချင်းစာတယ် တူတူရပ်တည်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့
ဒီချိန်မှာ သူတို့ကိုလည်းတို့တွေမကူနိုင်သလို တို့ကိုလည်းသူတို့တွေမကူနိုင်သေးပါဘူး
ဒါပေမယ့်မတရားမှုကိုတွန်းလှန်နေသူအချင်းချင်းအားပေးကြတဲ့မြင်ကွင်းလေးက ဘယ်လောက်လှပလိုက်သလဲဗျာ
သင်ဘယ်လိုပဲအားကုန်ချိနဲ့နေပါစေ မတရားမှုကိုငုံ့မခံပဲတွန်းလှန်နေရအုံးမယ်ဆိုတဲ့စိတ်ခွန်အားလည်းရတာပေါ့

🔹စိတ်တွေမွန်းကြပ်လို့ကမ္ဘာ့ဖလားကြည့်မယ်ကြံတော့ ခုကန်နေတာသမိုင်းတစ်လျှောက်အဆိုးရွားဆုံးကမ္ဘာ့ဖလားပါလားဆိုတဲ့အသိကလူကိုပိုမွန်းကြပ်သွားစေခဲ့တယ်
ဖီဖာနဲ့ပေါင်း ရေတွေလောင်းပြီးလုပ်ပိုင်ခွင့်ကိုမရအရယူခဲ့ရာကနေ အစ
အချိန်မတော်ကြီးကျင်းပရတဲ့ပွဲစဉ်တွေ
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ
လူပေါင်း၆၅၀၀ကျော်အသက်သေဆုံးသည်အထိအဓမ္မခိုင်းစေမှုတွေ အလယ်
ကမ္ဘာအနှံ့ကရောက်လာတဲ့ဘောလုံးချစ်ပရိတ်သတ်တွေအပေါ် ခေါင်းပုံဖြတ်မှု တင်းကြပ်မှု ဘာသာရေးအမြတ်ထုတ်မှုတွေအဆုံး
၂၀၂၂ပြိုင်ပွဲကြီးရဲ့ခရီးတစ်လျှောက် အပုပ်နံ့တွေလှိုင်လှိုင်ထနေခဲ့ကြတယ်

တချို့ကပြောကြတယ်
မကျေနပ်တဲ့နိုင်ငံအသင်းတွေသွားမကန်နဲ့လေတဲ့
မကျေနပ်တဲ့ပရိသတ်တွေလည်း မကြည့်နဲ့လေ တီဗီရိုက်ခွဲလိုက်လေတဲ့
ကျနော်ဥပမာတစ်ခုပေးချင်တယ်
ခင်ဗျားတို့ပိုင်တဲ့အိမ်ရှေ့အဝင်ဝတည့်တည့်မှာ လူတစ်ယောက်ကမစင်လာစွန့်သွားခဲ့တယ်ဆိုရင် နံလို့ဆိုပြီးခင်ဗျားအိမ်မှာမနေတော့ဘူး ဒီအိမ်ကိုမသုံးတော့ဘူးကွာဆိုပြီးတခြားပြောင်းသွားမှာလား
ဒါမှမဟုတ် ဒီလိုမတရားခံရတာကိုထုတ်ပြောပြီးသက်ဆိုင်ရာကိုတိုင်ကြားမှာလား

ဒါပါပဲ လူ့အခွင့်အရေးဆိုတာလူသားတစ်ယောက်ချင်းစီတိုင်းပိုင်တဲ့အရာပါ
ထို့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုလည်း ကမ္ဘာပေါ်က8ဘီလီယံသောလူတွေအားလုံးပိုင်ဆိုင်ပါတယ်
ကိုယ်ပိုင်တဲ့အရာကိုတစ်ခြားသူကအလွဲသုံးစားလုပ်သွားတာကို ငြိမ်ခံလိုက် မကျေနပ်ရင်စွန့်လွှတ်လိုက်ဆိုပြီးပြောဖို့က တော်တော်လူမဆန်မှရမှာပါ
မဟုတ်ရင်အဲ့လောက်ထိတွေးဖို့အသိဉာဏ်မရှိလို့လည်းဖြစ်နိုင်ပါတယ်

🔹မှားနေတာကို မှားနေကြောင်းထောက်ပြဖို့က အမှားလုပ်နေတဲ့သူတွေလောက်ချမ်းသာဖို့ အမှားလုပ်နေတဲ့သူနဲ့လယ်ဗယ်တူနေဖို့
လိုလို့လားဗျာ

မတူကွဲပြားတဲ့အရောင်တွေအောက်မှာ တရားမျှတမှုကိုပယ်ပြီး ဘယ်လိုအကြောင်းပြချက်တွေကြောင့် ဘယ်ဖက်ကိုရပ်တည်မှုတွေကြောင့်များ မတရားမှုတွေကိုထုတ်မပြောဖို့ မသိချင်ယောင်ဆောင်ကြဖို့ပြောထွက်ကြတာလဲဗျာ

Raffle ticketsတွေကစလို့ Bond, အင်းယားလမ်းအိမ်, အခုနောက်ဆုံးနွေဦးရိပ်မွန်အိမ်ရာတွေအစရှိသည်ဖြင့် NUGရဲ့fund raisingလုပ်နေတ...
17/09/2022

Raffle ticketsတွေကစလို့ Bond, အင်းယားလမ်းအိမ်, အခုနောက်ဆုံးနွေဦးရိပ်မွန်အိမ်ရာတွေအစရှိသည်ဖြင့် NUGရဲ့fund raisingလုပ်နေတဲ့ ကျနော့်အသိမိတ်ဆွအေးဂျင့်တစ်ယောက်ကလာညည်းတယ်

သူ့ဆီမှာလက်မှတ်တွေလာဝယ် လာလှူနေကြတဲ့လူတွေကြည့်လိုက်ရင်ကွယ် ဒီလူနဲ့ဒီလူတွေချည်းပဲတဲ့
တစ်ခါလာလည်း ဒီလူပဲ နောက်တစ်ခါဆိုလည်းဒီလူပြန်ပဲ ဘယ်တော့မှသွေးမအေးသွားမယ့်လူတစ်စုရှိတယ်ဆိုပေမယ့် အရင်လိုအင်တိုက်အားတိုက်ပါဝင်မယ့်လူတွေ ဒီ့ထက်ပိုပြီးလိုနေသေးတယ်လေ
အဲ့ဒီလူတစ်စုကိုကြည့်လိုက်ရင် နိုင်ငံခြားမှာအလုပ်ထွက်လုပ်ပြီးသူများလခစားနေရတဲ့လူငယ်လေးတွေ၊ နိုင်ငံထဲမှာပဲ ကိုယ်တိုင်CDMလုပ်ထားလျှက်နဲ့ ငွေပိုငွေလျှံလေးရတာနဲ့ကျစ်ကျစ်ပါအောင်ခြစ်ကုက်ပြီးရောက်ရောက်လာတတ်တဲ့ ဝန်ထမ်းတွေ၊ သူမရရအောင်နားပူနားဆာလုပ်ပြီးဂျီကျထားရတဲ့သူ့သူငယ်ချင်းမိတ်ဆွေတွေ အစရှိသဖြင့် သူလိုကိုယ်လိုသာမန်လူတန်းစားတွေချည်းပဲတဲ့

“သူဌေးတွေများ ပါလိုက်လို့ကတော့ကွာ”ဆိုပြီး အဲ့အေးဂျင့်ကညည်းရှာတယ်

ကျနော်ကတော့သူ့ကိုအားမလျော့သွားရအောင် ပေါ့ပေါ့လျော့လျော့ပြောပေးလိုက်ပါတယ်
”အော် မြန်မာပြည်ထဲကလူတွေလည်း နေ့တိုင်းနိုင်တဲ့ဖက်ကလှူနေ ကလစ်ပေးနေကြပါတယ်လေ”လို့

ကျနော်ပြောထားတာလေးတော့ မှန်အောင်လုပ်ပေးကြပါဗျာ

အောက်ပုံလေးကတော့ creditပေးပါတယ်

မဲလေး အားပေးလိုက်ကြပါအုံး
08/06/2022

မဲလေး အားပေးလိုက်ကြပါအုံး

29/05/2022

မနက်ဖန် “နိုင်ငံပျောက်သူ”ကို Facebookပေါ်ယူချလာတဲ့သူမှန်သမျှ reportထုပေးကြဖို့အလေးအနက် တောင်းဆိုပါရစေ

Report > Something else > Intellectual propertyဆိုတဲ့လမ်းကြောင်းနဲ့ငြိစွန်းပါတယ်

25/04/2022

ဝှူးးးးးးးးး
မဟုတ်သေးဘူးငါးကောင်တို့ရေ မဟုတ်သေးဘူးဟမင်းတို့ဟာက

ဒလန်ရှင်းတဲ့ဗီဒီယိုတွေဆိုတာ ရိုက်ပြီးရင်ကိုယ့်ဟာကိုယ်သိမ်းထားရမှာ
(Recordသဘောမျိုး)

Social mediaပေါ်အကုန်လျှောက်တင်နေတော့ ကိုယ်လည်ပင်းကိုယ်ကြိုးကွင်းစွပ်နေတာပဲကွ

အဲ့လိုဟောင်ဖွာဟောင်ဖွာစရိုက်ကပဲ တလရကြီးရဲ့ပုံရိပ်ကိုအိုးမည်းသုတ်မှာ

Imageဆိုတာရှိတယ်ဟ image I M A G E

နိုးမေစပ

14/04/2022

တော်လှန်သင်္ကြန်တဲ့ဟေ့ အပြင်မထွက်ကြနဲ့ ထွက်တဲ့သူဒလန် ❗️

အဲ့လိုပြောတဲ့သူ့ဝေါမှာကျ မဏ္ဍပ်ပေါ်လီးလီးလားလားတက်ယွနေတဲ့ပေါက်လွှတ်ပဲစားတွေရဲ့ဗီဒီယိုတွေချည်းshareထားတာ

(နလပိန်းတုံးအရှို့post)

ကပ်နေတဲ့ယူကရိန်းက နေတိုးထဲဝင်ဖို့လုပ်နေတယ်ဆိုပါလားRussia : တခြားနိုင်ငံတွေပါမှတ်လောက်သားလောက်အောင် ယူကရိန်းကိုစံနမူနာတီး...
12/04/2022

ကပ်နေတဲ့ယူကရိန်းက နေတိုးထဲဝင်ဖို့လုပ်နေတယ်ဆိုပါလား
Russia : တခြားနိုင်ငံတွေပါမှတ်လောက်သားလောက်အောင် ယူကရိန်းကိုစံနမူနာတီးပြလိုက်မယ် 🤔

အရင်ကနေတိုးထဲမဝင်ပဲကြားနေအဖြစ်ရပ်တည်နေတဲ့နိုင်ငံတွေထဲက
Sweden & Finland : ယူကရိန်းကနေတိုးထဲမဝင်ရသေးလို့ ခုလိုအနိုင်ကျင့်ခံရတော့နေတိုးနိုင်ငံတွေကပေါ်တင်ကူညီလို့မရပါလား
မဖြစ်ချေဘူး ဒီရုရှားရန်ကဝေးအောင် နေတိုးအဖွဲ့ထဲအမြန်ဝင်မှ

🤣 ငပုဆရာအဖြစ်က ခုတ်ရာတခြား ရှရာတလွဲ
_______________________________________

Tip for further knowledge:

ဒီနှစ်နိုင်ငံတကယ်ဝင်ဖြစ်သွားရင် ရုရှားရဲ့ဘောလတစ်ပင်လယ်ထွက်ပေါက် လုံးဝပိတ်ပြီဖြစ်သလို ရုရှားအနောက်တစ်ခြမ်းလုံးဖြစ်တဲ့ဥရောပတစ်တိုက်လုံးနီးပါး နေတိုးအဖွဲ့ပိုင်ဖြစ်ပါပြီ

ကျန်နေသေးတဲ့ ဆွစ် ဩစတြီးယား မော်ဒိုဗာ ဘော့စ်နီးယားနဲ့ဆားဘီးယားတို့ဟာလည်း ရုရှားနဲ့နယ်နိမိတ်မထိစပ်နေသလို ပင်လယ်ထွက်ပေါက်လည်းမရှိလို့ ပထဝီနိုင်ငံရေးအရ နေတိုးတိုး မတိုးတိုးဘာမှသိပ်မထူးပါဘူး

12/04/2022

ကြိုပြောတယ်နော်

ကြို ပြော ထား တယ် နော်

ပြီးတော့မှ PDFတွေတိုက်နေတာ စကစကိုလား ပြည်သူကိုလားဆိုတဲ့ခွေးစကားတွေထွက်မလာကြေး

ကဲ အားလည်းနာတယ် ခင်လည်းခင်တယ်My name is Bond, James Bond 😎စော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်မယ့်ဘော်ဒါတို့ရေတော်လှန်ရေးကြီးက ...
27/03/2022

ကဲ အားလည်းနာတယ် ခင်လည်းခင်တယ်

My name is Bond, James Bond 😎

စော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်မယ့်ဘော်ဒါတို့ရေ
တော်လှန်ရေးကြီးက ခုဆိုနောက်တဆင့်တက်တော့မယ်ဆိုပါလား
NUGတာဝန်ရှိသူတွေက အထာပေးနေပြီ
Celeတွေကလည်းမဒဲ့ရုံတမယ် တွတ်တွေ ပါဝါတွေ ဘေးတိုက်တွေထုတ်ပြောနေပြီ
သကြင်္န်မှာ ပြောင်းဝကျဉ်းကျဉ်းရေပြွတ်လေးတွေထက် မီးသတ်ပိုက်တွေနဲ့ထိုးရတာကမှ ပိုအားရတယ်မလားကွယ်ရို့

ကိုင်း မီးသတ်ပိုက်နဲ့ထိုးဖို့ကရေလျှံဖို့လိုတယ်လေ နော့်
အောက်ကလင့်ထဲမှာ ရေထမ်းသမားလေးတွေရှိတယ် အပျင်းပြေသွားလည်လိုက်ကြပါအုံး
စင်္ကာပူရောက်နေတဲ့မိတ်ဆွေတွေကိုလည်း လက်တို့ပေးလိုက်ကြပါဗျို့

https://www.facebook.com/101429422413568/posts/131874292702414/?d=n

နိုင်ငံအလိုက် ဘွန်းဝယ်ယူနိုင်မည့် ကိုယ်စားလှယ်များ (SINGAPORE)

အောင်ပွဲအမြန်ဆုံးရရှိဖို့အတွက် ဘွန်းအမြန်ဆုံးဝယ်ယူဖို့လိုအပ်ပါတယ်။ နိုင်ငံအလိုက် ယုံကြည်စွာဆက်သွယ်ပြီး ဝယ်ယူနိုင်မယ့် ငွေတိုက်စာချုပ်ကိုယ်စားလှယ်များကို နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ SINGAPORE နိုင်ငံအတွင်းမှာ အောက်ပါ ကိုယ်စားလှယ်များထံမှ ယုံကြည်စိတ်ချစွာ ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။

(1) AP017 ငြိမ်းခန့်
Email: [email protected]
https://www.facebook.com/nyeinkhant
+65 91095410 (WhatsApp)

(2) AP001 Thura
Email: [email protected]
Facebook: https://www.facebook.com/thein.soe1/
Signal +6582966353

(3) AP002 MOON KING
Email: [email protected] https://www.facebook.com/crphofficialfundraiser
(Singapore and Myanmar)

(4) AP003 MAY THANDAR WIN (Singapore, UK, Myanmar)
Email: [email protected]
Facebook: https://www.facebook.com/maythandarwin
Telegram/ Signal/ WhatsApp: +44 7832 533052

(5) AP008 Aung Khaing Soe
Email: [email protected]
Signal +65 90183115 Singapore

(6) AP009 Global Pa-O Family
Email: [email protected]
https://www.facebook.com/GlobalPaOFamily

(8) AP015 SpringRevoZ
Email: [email protected]
https://www.facebook.com/springrevoz
Website - https://springrevoz.info

(9) AP018 Bliss in Action
Email: [email protected]
Facebook: https://www.facebook.com/Bliss-In-Action-112208411257000/
Website: https://www.blissinaction.org/

(10) AP019 စိုးထွန်း
Email: [email protected]
https://www.facebook.com/SoeTun1333
Singapore +65 9487 4413 ( HP , VB, WA, Signal )

(11) AP024 တော်လှန်ရေး ကုန်စုံဆိုင်_RG
https://www.facebook.com/တော်လှန်ရေး-ကုန်စုံဆိုင်-_-RG-106980915212458/

(12) AP027 Mandalay's Voice
Facebook : Mandalay's Voice
Email : [email protected]

(13) AP028 D2D
Email: [email protected]
Singapore mobile: +447564327236 (Signal/WhatsApp/Viber)
https://www.facebook.com/profile.php?id=100076760300521

(14) AP029 Khine SG
Email: [email protected]
https://www.facebook.com/khine.singapore
+65 93802119 (whatApps, Signal, Telegram , Viber)

(15) AP033 KO HTET
WhatsApp: 87271847

(16) AP034 For Our People
Email: [email protected]
https://www.facebook.com/cdmforourpeople/
+44 7780 510949 ( Signal )

(17) AP005 နွေဦးမာန်-CY
Email: [email protected] https://www.facebook.com/နွေဦးမာန်-CY-103421135303866/
Singapore, Myanmar

(18) AP034 For Our People
https://www.facebook.com/cdmforourpeople/
Singapore & Myanmar
Signal +44 7780 510949

(19) AA002 Support for Myanmar from Australia and Singapore Facebook https://facebook.com/permalink.php?story_fbid=308496211283427&id=100264268773290 #!/ Support-for-Myanmar-from-Australia-and-Singapore-100264268773290/
Email: [email protected]
(20) AP039 Saw Yu
Email - [email protected]
Telegram, WhatsApp,Viber, signal - +6590824080

(21) AP041 Rachel (Dawn Of Revo)
https://www.facebook.com/tunpwintthit
WhatsApp +658498238
Myanmar, Singapore

(22) AP042 Chyu
Facebook - https://www.facebook.com/ChyuChyu

(23) AP030 ရဲရဲတောက်
https://www.facebook.com/yeyetaukknowledgetxnfer

ကြေညာရန်သဘောတူထားသော ငွေတိုက်စာချုပ်ကိုယ်စားလှယ်တွေကိုပဲ ဖော်ပြပေးထားတာဖြစ်ပါတယ်။
လုံခြုံရေးအရ social media တွင်ကြေညာရန် အခက်အခဲရှိသော ငွေတိုက်စာချုပ်ကိုယ်စားလှယ်တွေလည်း အများကြီး ရှိသေးတာကြောင့် အထက်ပါစာရင်းတွင် မပါဝင်ပေမယ့် မိမိတို့ကိုယ်တိုင် စိတ်ချယုံကြည်ရတဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ်များထံမှလည်း ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။

လက်ရှိအချိန်အထိ ရောက်ရှိခဲ့တဲ့ တော်လှန်ရေးခရီးရဲ့ အဓိက မောင်းနှင်အားဟာ ပြည်သူတွေသာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တော်လှန်ရေးတစ်ရက်ပိုကြာတိုင်း အချိန်နဲ့အမျှ ပိုမိုထိခိုက်သေကြေပျက်စီးရတဲ့ မိမိတို့လို ပြည်သူတွေ အများကြီးရှိနေတာကိုလည်း နေ့စဉ်နဲ့အမျှ ရင်နင့်ဖွယ် မြင်တွေ့သိရှိနေကြရပါတယ်။

ဒါကြောင့် ပြည်သူများအချင်းချင်း ကာကွယ်စောင့်ရှောက်ဖို့၊ ကလေးငယ်ပေါင်းများစွာ လူငယ်သားကောင်းများစွာ မိဘဘိုးဘွားပေါင်းများစွာရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ဖို့အတွက် ဆက်လက်ပြီး ကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါရစေ။

“အောင်ပွဲမြန်ဖို့ ဘွန်းဝယ်စို့”

SINGAPORE နိုင်ငံအတွင်းမှာ NUG Bond ဝယ်ယူပုံ ဝယ်ယူနည်းများကို အထက်ပါ ကိုယ်စားလှယ်များထံသို့ ဆက်သွယ်စုံစမ်းပြီး ဝယ်ယူနိုင်သလို အောက်ကလင့် (link) မှာ ဝင်ရောက်ကြည့်ရှု၍ဖြစ်စေ Chatbox မှာ ဝင်ရောက်မေးမြန်း၍ဖြစ်စေ စုံစမ်းဝယ်ယူနိုင်ပါတယ်။

https://www.unitedbonds-nug.org/

ဝီ အာ ဆွိုင်းဒါးတစ်တပ်လုံးပေါင်းတောင် အင်္ဂလိပ်စာတတ်တဲ့ကောင်မရှိဘူး patheticဒါမှမဟုတ်မြေဩဇာလို့များပြောချင်တာလားမသိစာလုံ...
27/03/2022

ဝီ အာ ဆွိုင်းဒါး

တစ်တပ်လုံးပေါင်းတောင် အင်္ဂလိပ်စာတတ်တဲ့ကောင်မရှိဘူး pathetic

ဒါမှမဟုတ်မြေဩဇာလို့များပြောချင်တာလားမသိ

စာလုံးပေါင်းမှန်ရင်တောင် pluralကို s မထည့်ထားတာကျန်သေး🥲

#ငါတို့သည်မြေဩဇာများသာ

မင်္ဂလာပါပျောက်နေတာကြာနေပြီး ပြန်ပေါ်လာတော့လည်းထူးထူးခြားခြားလေးတစ်ခုနဲ့လာပါပြီအောက်မှာဖော်ပြထားတဲ့အဖွဲ့လေးက NUGအတွက်ရန်...
26/02/2022

မင်္ဂလာပါ

ပျောက်နေတာကြာနေပြီး ပြန်ပေါ်လာတော့လည်းထူးထူးခြားခြားလေးတစ်ခုနဲ့လာပါပြီ

အောက်မှာဖော်ပြထားတဲ့အဖွဲ့လေးက NUGအတွက်ရန်ပုံငွေရှာဖွေပေးဖို့ နည်းပေါင်းစုံသုံးပြီး အမြဲခေါင်းချင်းရိုက်အစည်းအဝေးလုပ်နေကျ နိုင်ငံပေါင်းစုံရောက်မြန်မာတွေစုဖွဲ့ထားတဲ့အဖွဲ့လေးဆိုတာ အက်မင်ကိုယ်တိုင်မျက်လုံးနဲ့ နားနဲ့မြင်နေကြားနေရလို့ စိတ်ချယုံကြည်နိုင်ပါတယ်

သူတို့pageထဲဝင်ကြည့်ရင်လည်း NUG officialsတွေကအစ celeတွေအဆုံး သူတို့ကိုappreciateလုပ်ထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်

အခုshareပေးချင်တာကတော့ အနုပညာလက်ရာလေးများကိုကံစမ်းမဲဖောက်ပေးရင်း ရန်ပုံငွေရှာမယ့်ပွဲလေးပဲဖြစ်ပါတယ်

အသေးစိတ်ကို ပို့စ်လေးထဲဝင်ကြည့်ရင်း အားပေးလိုက်ကြပါအုံး

https://www.facebook.com/100709779191402/posts/111625214766525/

မြန်မာနွေဦးတော်လှန်ရေးရဲ့ မရှိမဖြစ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မတ်လ ၁၃ ရက် - မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ ရန်ပုံငွေပွဲ တစ်ခုကို Dawn of Revo အဖွဲ့သားများက စီစဉ် ကျင်းပပါမယ်။

ဒီပွဲမှာ ပြည်သူ့ဘက်တော်သား အနုပညာရှင်များက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေရင်း ဆရာမ နုယဉ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား အပါအဝင် ပြည်တွင်း ပြည်ပ ပန်းချီဆရာ ဓါတ်ပုံဆရာများရဲ့ အနုပညာမြောက် ပန်းချီကားတွေ၊ ဓါတ်ပုံတွေကို ကံစမ်းမဲဖောက်ပေးကြမှာပါ။

ကံစမ်းမဲ လက်မှတ်တွေရဲ့ နိုင်ငံအလိုက် ဈေးနှုန်းကို အခုလို သတ်မှတ်ထားပါတယ်။

အမေရိကန် - 20 USD
စင်္ကာပူ - 20 SGD
ဩစတေးလျ - 20 AUD
နယူးဇီလန် - 20 NZD
အင်္ဂလန် - 20 Pounds
ထိုင်းနိုင်ငံ - 200 Baht
မြန်မာနိုင်ငံ - 10000 ကျပ်
ဘရူနိုင်း - 20 BD
ကိုရီးယား - 10000 Won
ဂျပန် - 1000 Yen

ရန်ပုံငွေပွဲအတွက် ကံစမ်းမဲလက်မှတ်တွေကို နိုင်ငံအလိုက် အောက်ပါ ကိုယ်စားလှယ်တွေဆီမှာ အလွယ်တကူ ဝယ်ယူနိုင်ကြပါပြီ။

ကံစမ်းမဲလက်မှတ်လေးတွေ ဝယ်ယူရင်း တော်လှန်ရေး လိုအပ်ချက်တွေကို တထောင့်တနေရာကနေ ပါဝင် အားဖြည့်ပေးကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

တော်လှန်ရေးကြီးက အခုဆိုကာလအတန်ကြာခဲ့ပြီဒီအတောအတွင်း တော်လှန်ရေးကြီးရဲ့အရွေ့မှာအပြောင်းအလဲတွေလည်းအများကြီးဖြစ်ခဲ့ပြီဒီပို...
29/11/2021

တော်လှန်ရေးကြီးက အခုဆိုကာလအတန်ကြာခဲ့ပြီ
ဒီအတောအတွင်း တော်လှန်ရေးကြီးရဲ့အရွေ့မှာအပြောင်းအလဲတွေလည်းအများကြီးဖြစ်ခဲ့ပြီ
ဒီပို့စ်မှာ ဟိုဖက်ကိုမပြောပါဘူး
ပြည်သူတွေဖက်ကဘယ်လိုတွေပြောင်းလဲလာခဲ့သလဲဆိုတာပဲပြောပြချင်ပါတယ်

အစ :
လူတိုင်းကတက်ကြွနေကြတယ် လူညီတယ်
မဆိုင်တဲ့ပွဲတွေဆို news feedမှာပေါ်တောင်မပေါ်စေရ၊ တော်လှန်ရေးအကြောင်းကလွဲလို့ဘာမှမပြောရ/မပြောကြ။
ကြပ်မတ် ထိန်းကျောင်းမယ့်သူတွေတောင်မလိုခဲ့။

အလယ် :
News feedမှာ ပွဲလေးတွေရှိလာပြီ စည်တော့မစည်သေး
ဥပမာ: Raymondတို့သမီးရည်းစားကိစ္စ၊
နာရေးထက် အတင်းအဖျင်းပိုင်းကိုပိုစိတ်ဝင်တစားရှိခဲ့ကြပေမယ့် တော်လှန်ရေးဖက်ကိုပြန်ဆွဲ ပြန်ဆော်ဩကြသူတွေအများအပြားရဲ့အားနဲ့ ပွဲတွေမှာမျောသွားကြသူတွေလည်း အသာတကြည် ကြည်ကြည်သာသာပြန်ပါလာခဲ့ကြတယ်။

လက်ရှိ :
ပွဲပေါင်းများစွာကြားမှာ တော်လှန်ရေးသတင်းတွဟာတိမ်ကောစပြုလာပြီ။
တော်လှန်ရေးဖက်ပြန်ဆွဲခေါ်ကြသူတွေကိုတောင် “စစရက”တွေ “စောက်တတ်ကြီး”တွေဆိုပြီးအဆိုးမြင်လာကြပြီ။
အပျော်လမ်းတွေမှာပေါ်ပေါ်တင်တင်စီးမျောရင်း တလရဖက်ပြန်ဆွဲခေါ်တဲ့သူတွေ ထောက်ပြတဲ့သူတွေကိုခနဲ့တဲ့တဲ့တမျိုး ပေါ်တင်တမျိုးရန်လုပ်လာကြပါပြီ။

များမကြာမီ :
မြို့ပေါ်ကမြေအောက်တလရသမားတွေကို အဖျက်သမားတွေဆိုပြီးမြင်လာကြလိမ့်မယ်။
တောထဲကလက်နက်ကိုင်တလရလူငယ်တွေကို ဖျင်သွားယားတာဆိုပီးလှောင်လာကြလိမ့်မယ်။

စစ် ကျွန် ဘ ဝ မှာ ပျော် ပျော် ကြီး နေ သား ကျ စီး မျော သွား ကြ ပါ လိမ့် မယ်။

နှစ်မကုန်ခင် ပြည်သူ့အားကတော့ကုန်ပါတော့မယ်
တလရကြီးရဲ့ဝန်အားလုံးဟာ NUGခေါင်းပေါ်ပဲထုနဲ့ထည်နဲ့ပုံကျသွားပါလိမ့်မယ်
ထုထည်တစ်ခုဟာ အခြေတစ်ခုထဲအပေါ်မှီတည်နေရရင် အခြေမခိုင်တာနဲ့ပြိုလဲမှာပါ
ဘက်ပေါင်းစုံက ဟန်ချက်ညီဖို့လိုပါတယ်
ဒီပို့စ်ကိုဖတ်ရင်းနဲ့ လူတော်တော်များများရဲ့မျက်မုန်းကျိုးမှုကိုရနိုင်တာသိပေမယ့် နောက်ဆုံးတစ်ခေါက်အနေနဲ့ သွေးအေးသလို လွတ်လပ်ရေးရသလိုဖြစ်နေတဲ့လူထုကြီးကို လက်တွေ့ဘဝထဲပြန်ဆွဲခေါ်ဖို့ကြိုးစားလိုက်ပါရစေ။

လွန်တာရှိ ဝန္တာမိပါ။

ပေါ့ပေါ့နေပေါ့ပေါ့စားမအိမ်လုံးများနားလည်အောင်ပြောပြမယ်အခုခွေးတပ်ကဒီပဲယင်းမှာသုံးနေတဲ့ Mi35ဆိုတာစောက်ရမ်းကြမ်းလို့ စစ်မြင...
28/11/2021

ပေါ့ပေါ့နေပေါ့ပေါ့စားမအိမ်လုံးများနားလည်အောင်ပြောပြမယ်

အခုခွေးတပ်ကဒီပဲယင်းမှာသုံးနေတဲ့ Mi35ဆိုတာ
စောက်ရမ်းကြမ်းလို့ စစ်မြင်းရထားလို့ကမ္ဘာကခိုင်းနှိုင်းကြတဲ့ကောင်
(စောက်ရမ်းကြမ်းတယ်ပဲပြောတာနော် ကမ္ဘာ့အကြမ်းဆုံးလို့ပြောတာမဟုတ်ဘူး ကြားဖူးနားဝတခြားheliနာမည်တွေလာမဖတ်ပြနဲ့)
လူလည်းသယ်လို့ရတယ်
အတောင်လည်းပါတယ်
လေယာဉ်ခေါင်းမှာလည်း စက်သေနတ်ကအကြီးကြီးကပြူးနေရော
ပါတဲ့အတောင်ပံမှာလည်း တဝေါဝေါးနဲ့ဒုံးတွေပစ်တဲ့လောင်ချာတွေတပ်လို့ရတယ်

သူ့ကိုပြန်ဆော်ဖို့မတွေးလေနဲ့
တူးမီးတွေအသာထား
ခေတ်မီစက်သေနတ်တွေမပြောနဲ့
လေယာဉ်ပစ်စက်သေနတ်အကြီးစားတွေနဲ့လှော်ရင်တောင် ဟိုကမဖြုံဘူး
မောင်းခန်းမှန်တွေကကျည်ကာတယ်

ဒီကောင်တွေထုတ်သုံးတာက တိုင်မှာကြိုးတုပ်ပြီးရိုက်နေသလို ဘာမှပြန်လုပ်လို့မရပဲလိမ့်နေအောင်ခံရမှာ
ဒီအချိန်မှာဖြစ်သင့်တာက
Social media platformအတွေအားလုံးမှာ ဘယ်အချိန် ဘယ်နေရာ ဘယ်နှယောက်ထိတယ်
ဘယ်နေရာမှာ ဘာလေယာဉ်တွေ့လိုက်တယ်
ဘယ်နားက ဘယ်လိုပစ်သွားတယ်ဆိုတဲ့ပုံတွေ
အဲ့လိုအချိန်နဲ့တပြေးညီပို့စ်တွေပလူပျံနေရမှာလေ

ခင်ဗျားတို့ကလူမှုရေးဖောက်ပြန်တဲ့သူတွေထက် ပိုရွံစရာကောင်းတဲ့လူတွေ

ဟိုးအရင်တည်းကစလို့ ဒီတော်လှန်ရေးတစ်ကြောမှာမှ အရင်ကထပ်ပိုပြီးကြီးထွားပီပြင်လာတဲ့သံသယစိတ်တစ်ခုရှိတယ်တချို့လူတွေဟာ သူတို့အတ...
18/11/2021

ဟိုးအရင်တည်းကစလို့ ဒီတော်လှန်ရေးတစ်ကြောမှာမှ အရင်ကထပ်ပိုပြီးကြီးထွားပီပြင်လာတဲ့သံသယစိတ်တစ်ခုရှိတယ်

တချို့လူတွေဟာ သူတို့အတွင်းစိတ်ထဲကနေ လိုလိုလားလားနဲ့ကို စစ်ဖိနပ်အောက်ကဘဝမျိုးလိုချင်နေတာလားဆိုတာပါ

လူကိုလူလိုအုပ်ချုပ်မယ့်အစိုးရတက်လာရင် စည်းနဲ့ဘောင်နဲ့ထိန်းကွပ်တော့မှာကိုမကြိုက်တဲ့သူတွေက ထုနဲ့ထည်နဲ့ကိုလက်တွေ့မြင်နေရပါတယ်

🔇ဆောင်းဘောက်တွေကိုဘန်းမယ့်အစိုးရတက်လာမှာကို လုံးဝမလိုလားတဲ့ကိုယ်ချင်းစာတရားမဲ့စည်းကမ်းပျက်တွေ
☸️ဘုရားဟောဝိနည်းနဲ့အညီစည်းကမ်းတင်းကြပ်မယ့်အစိုးရတက်လာမှာလုံးဝမလိုလားတဲ့ ဆရာဒကာတွေ
🤑လာဘ်ပေးလာဘ်ယူကိစ္စတွေကိုကြပ်မတ်မယ့်အစိုးရတက်လာမှာမလိုလားတဲ့စာရိတ္တပျက်ဝန်ထမ်းတွေ

စသည်ဖြင့်ပျက်စီးမှုပေါင်းသောင်းခြောက်ထောင်အောက်မှာနေသားကျပျော်မွေ့နေတဲ့လူအများစုဟာ နှုတ်ဖျားလေးကတော်လှန်ရေးစကားတွေဆိုနေပေမယ့် အတွင်းစိတ်ကစစ်ကျွန်ဖက်ကိုယိမ်းနေကြတယ်ဆိုတာ သူတို့ကိုယ်သူတို့မသိပေမယ့် ဘေးလူအနေနဲ့ကြည့်ရင်မြင်နေရတယ်

Good luckပါမြန်မာပြည်

12/10/2021

ဂျပန်တွေ ကမ္ဘာစစ်အစပိုင်းမှာစစ်အင်အားကြီးမားပေမယ့် နောက်ပိုင်းဘာလို့တဖြည်းဖြည်းချိနဲ့သွားရသလဲ

ဂျပန်တွေဟာဒုတိယကမ္ဘာစစ်မှာနိုင်ငံသေးသလောက်စစ်အင်အားအင်မတန်ကြီးမားခဲ့ပါတယ်
ကမ္ဘာစစ်ကြီးမစခင်ကတည်းကကို တရုတ် ကိုရီးယား ရုရှား စတဲ့နိုင်ငံတွေကိုဆော်ပလော်တီးနေပါပီ
အမေရိကန်တွေကိုသွားကလိပြီးတာတောင်မှ သူတင်ကိုယ်တင်ချနေနိုင်သေးတဲ့အထိ အင်အားရှိပါတယ်

ဒါဆိုဘာလို့သူတို့ကျရှုံးခဲ့ရသလဲ

ဂျပန်ရဲ့တပ်တော်တွေကြားမှာပေါင်းစပ်ညှိနှိုင်းပေးတဲ့ပေါင်းကူးမရှိပါဘူး
ဥပမာ : ဂျပန်တပ်မတော်ကြီးကအဆန်းဗျ
လေတပ်လုံးဝမထားဘူး
အဲ့ဒီအစား ကြည်းတပ်မှာသူ့ကိုယ်ပိုင်လေတပ်နဲ့ ရေတပ်မှာလည်းသူ့ကိုယ်ပိုင်လေတပ်ဆိုပီးသပ်သပ်စီရှိသတဲ့
ကြည်းနဲ့ရေ တပ်မတော်နှစ်ခုပဲရှိတယ်
ပီးတော့အဲ့နှစ်ဖက်ကလည်း တစောင်းစေးနဲ့မျက်ချေး
ကြည်းတပ်ဂျုပ်ကြီး တိုဂျိုနဲ့ ရေတပ်ကဆရာသမားယာမာမိုတိုတို့က အားတိုင်းခွပ်နေကြတာ
ဒီလိုပဲ မလေး/စလုံး/တောင်အာရှတစ်ကြောလက်သံပြောင်တဲ့”မလေးကျားကြီး”ယာမာရှီတာကလည်း ရေတပ်ကိုသိပ်မြင်ပြင်းကပ်သလို
မစ်ဒ်ဝေးမှာအလဲအကွဲအတီးမခံရခင်အချိန်ထိလက်စောင်းထက်လှပါတယ်ဆိုတဲ့ရေဗိုလ်နာဂူမိုဆိုလည်း အားရင်ကြည်းတပ်တွေကိုလှိမ့်ဆဲနေကျ

အဲ့လိုအချင်းချင်းကြားအကွဲအပြဲတွေဘယ်လောက်ဆိုးသလဲဆို ဘုရင်တောင်ဝင်ညှိပေးလို့မရတော့ပါဘူး
တစ်ဖက်ကရန်သူ(အမေရိကန်)က မဟားဒယားအင်အားထွားလာချိန်မှ သူတို့ဆေးမမှီတော့ပါဘူး
အရှုံးကိုရင်ဝယ်ပိုက် ကျန်တာကတော့သမိုင်းပဲပေါ့လေ

အခုလည်းဒီနောက်ပိုင်းသတင်းလေးတွေတဖြည်းဖြည်းတက်လာတာ ကိုယ့်အချင်းချင်းကြားမှာ ကွိစိကွစိလေးတွေခပ်စိပ်စိပ်ကြားလာရတယ်
တော်တော်စိုးရိမ်စရာကောင်းပါတယ်
အကွဲအပြဲမဖြစ်သေးဘူးဆိုရင်တောင် အက်ရာထင်နေရုံနဲ့တင် သပ်လျိုသွေးခွဲတစ်ဖက်ကမ်းခတ်တဲ့ဟိုသဒေါင်းဇားတွေအကြိုက်ပါပဲ

တော်လှန်ရေးကာလမို့ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ဖို့ခက်ခဲတယ်ဆိုတာနားလည်ပေမယ့်
ဒီဟာကလည်းအသက်တမျှအရေးကြီးတဲ့အပိုင်းမို့ နဲနဲတိုက်တွန်းလိုက်ပါရစေ

(NUGဖက်က ဝန်ကြီးလား အမတ်လား စူပါဟီးရိုးလားမသိတဲ့ဘဲတစ်ပွေကလည်း မနူးမနပ်သူငယ်နှပ်စားအထာနဲ့ဆူးလှည်းမောင်းသလိုဟိုငြိဒီငြိပို့စ်တွေတင်နေတာရပ်သင့်ပြီ)

03/10/2021

ဒုတိယကမ္ဘာစစ်ကြီးတုန်းက ဂျပန်တွေရဲ့ကမ္ဘာ့အကြီးဆုံးတိုက်သင်္ဘောကြီး”ယာမာတို”ကို အမေရိကန်လေယာဉ်တွေဗုံးကြဲနှစ်မြှုပ်တဲ့တိုက်ပွဲအကြောင်းရိုက်ထားတဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုမှာပေါ့ဗျာ

ဒိုက်ထိုးဆင်းတဲ့လေယာဉ်တွေက အမြင့်ကနေတဝီဝီဗုံးကျဲတယ်
တော်ပီဒိုလေယာဉ်တွေက ရေနားကပ်လျက်ပျံပီး ယာမာတိုရဲ့ကိုယ်ထည်ဘေးဖက်ကိုတော်ပီဒိုတွေပစ်သွင်းကြတယ်
သင်္ဘောပေါ်ကဂျပန်ရေတပ်သားတွေကလည်း လေယာဉ်ပစ်သေနတ်တွေအမြောက်တွေနဲ့ခုခံပစ်ခတ်ကြတယ်
တကယ့်ကိုလောကငရဲပွက်သလို တဝုန်းဝုန်းတဒိုင်းဒိုင်းပေါ့ဗျာ

လေယာဉ်တချို့ကလည်း အမြောက်စာမိလို့ လေထဲမှာတင်ပေါက်ကွဲတဲ့အစီးပေါက်ကွဲ မီးစွဲပီးပျက်ကျတဲ့အစီးကပျက်ကျနဲ့
တစ်ဖက်ကစစ်သင်္ဘောကြီးပေါ်မှာလည်း လေယာဉ်တွေလက်ချက်ကြောင့် မီးတွေလောင် သွေးချောင်းတွေစီး ကိုယ်လက်အင်္ဂါမစုံတော့တဲ့အလောင်းတွေပုံလို့ပေါ့

ပြကွက်တစ်ခုမှာတော့ အမေရိကန်လေယာဉ်တစ်စီးဟာဗုံးကျဲနေရင်းအမြောက်စာမိလို့မီးစွဲပီးပျက်ကျတဲ့အခိုက် ပိုင်းလော့ဟာအချိန်မီခုန်ထွက်နိုင်ခဲ့တယ်
သူဟာလေထီးကိုဖွင့်လို့ ပင်လယ်ထဲဖြည်းဖြည်းချင်ကျဆင်းသွားတာမြင်တော့ သူ့ကိုပစ်ချလိုက်တဲ့အမြောက်စင်ကဂျပန်တပ်သားတွေက အားရစွာနဲ့ပြုံးပျော်နေကြတာပေါ့

အဲ့တဒင်္ဂလေးမှာပဲ ထိုဂျပန်တပ်သားလေးတွေအတွက်တစ်သက်မမေ့စရာမြင်ကွင်းတစ်ခုကိုဒါရိုက်တာကလှလှပပရိုက်ပြသွားပါတယ်
အမေရိကန်ဖက်က ရေပေါ်မှာအတက်အဆင်းလုပ်လို့ရတဲ့လေယာဉ်(ရေယာဉ်ပျံ) Catalinaတစ်စင်းဟာ ငရဲပွက်သလိုပစ်ခတ်နေတဲ့အမြောက်ဆံ ကျည်ဆံတွေကြားထဲကနေ သက်စွန့်ဆံဖျားနဲ့ခုနကပိုင်းလော့ကျသွားရာနားကိုကပ်ဆင်းလာကာ ပိုင်းလော့ကိုဆွဲတင်၍ချက်ချင်းပျံထွက်သွားပါတယ်
ခုနကဝမ်းသာအားရပျော်နေကြတဲ့ဂျပန်မောင်တွေမှာ ပါးစပ်အဟောင်းသားနဲ့အံ့ဩခြင်းကြီးစွာကျန်ခဲ့တာပေါ့ဗျာ

https://www.facebook.com/827871650625833/videos/871628359943195/

ရုပ်ရှင်ထဲမှာ အမေရိကန်တွေဟာသူတို့ရဲ့ရဲဖော်ရဲဖက်တွေကိုစောက်ပိုစကားတစ်ခွန်းမဆိုပဲ No man left behindဆိုတာကိုလက်တွေ့ပုံဖော်သွားခဲ့ပြီး လူကိုလူလိုတန်ဖိုးထားခြင်းဆိုတဲ့အရာကို ကွက်ကွက်ကွင်းကွင်းသက်သေပြသွားခဲ့တယ်
တစ်ဖက်ကဂျပန်တွေမှာဘယ်လိုရှိလဲဆိုတော့
နေမင်းနွယ်စစ်သားတွေကို ဂျပန်ဘုရင်ဟာသူ့သားအရင်းတွေပမာ ဘယ်လိုဘယ်ညာစောက်ကြီးစောက်ကျယ်တွေပြောပီး အာရှတစ်ခွင်စစ်မျက်နှာပြင်အနှံ့ကို ဘာထောက်ပို့မှရေရေရာရာမပေးပဲစေလွှတ်ခဲ့တယ်
ဘယ်လောက်ထိဆိုးလဲဆို နိုင်ငံအလိုက်မိုးသစ်တောတွေထဲက “စားလို့ရတဲ့မြက်”တွေကိုပါစာရင်းပြုစုပေးလိုက်တယ်
ချင်း/နာဂတောင်တန်းတွေပေါ်ကမြေပြင်တိုက်ပွဲတွေမှာ အင်္ဂလိပ်/အိန္ဒိယစစ်သားတွေအတွက်တော့ မနက်ကဖုတ်တဲ့ပလာတာနဲ့ပူရီကို နေ့လည်စာအမီလေယာဉ်တဲ့လာချပေးတာကိုလတ်လတ်ဆတ်ဆတ်စားပြီးစစ်တိုက်နေတဲ့အချိန်မှာ ကျဆုံးသွားတဲ့ဂျပန်စစ်သည်တွေရဲ့ဟန်းကောထဲမှာတော့ မြက်တွေသာတွေ့ခဲ့ရပါတယ်
ကျဆုံးတယ်ဆိုတာကလည်း မဟာမိတ်စစ်သည်တွေလက်ချက်ကြောင့်မဟုတ်ပဲ အာဟာရပြတ် ဝမ်းရောဂါနဲ့ငှက်ဖျားအတွက် လုံလောက်တဲ့ဆေးမရတာတွေကြောင့်တပ်လုံးပြုတ်ခဲ့ရတာကများပါတယ်

လူကိုလူလိုတန်ဖိုးထားတဲ့ခေါင်းဆောင်တွေရဲ့ကွာခြားမှုက စောက်ကြီးစောက်ကျယ်စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်စရာမလိုပါပဲ တိုက်ပွဲဝင်စစ်သည်တွေရဲ့စိတ်ဓာတ်ခွန်အားကိုမိုးနဲ့မြေလိုကွာခြားသွားစေပါတယ်

အခုလက်ရှိပြည်တွင်းကတိုက်ပွဲဝင်နေတဲ့ညီနောင်တွေမှာလည်း အဲ့လိုစိတ်ထားမျိုးတွေ့ရတာအတော်ကိုလေးစားစရာကောင်းပါတယ်
ဒဏ်ရာရတဲ့သူကိုမပြောနဲ့ ကျဆုံးသွားတဲ့ရဲဖော်ရဲဖက်အလောင်းကိုတောင်မှချန်မထားခဲ့ပဲအပါပြန်ခေါ်သွားတဲ့ဓာတ်ပုံတွေကိုတွေ့ရတယ်
ဒိလိုစိတ်ဓာတ်နဲ့တိုက်ပွဲဝင်နေတဲ့သူတွေဟာ သေချာတယ် အချင်းချင်းအလောင်းတောင်ပြန်မကောက်ပဲခွေးစားစားကျီးထိုးထိုးပစ်ထားခဲ့တတ်တဲ့ရန်သူတွေအပေါ်အသာစီးရအနိုင်ယူနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်

ဇွပ်ဇွပ် ဖောင်းဒိုင်း ဒံပေါက်အလှူရှင်များခဗျာဒလန်သတင်းပေးများကိုကျွေးမွေးပြုစုရင်း ငြီးငွေ့လာလျှင် အောက်ပါပုဂ္ဂိုလ်များက...
25/07/2021

ဇွပ်ဇွပ် ဖောင်းဒိုင်း ဒံပေါက်အလှူရှင်များခဗျာ

ဒလန်သတင်းပေးများကိုကျွေးမွေးပြုစုရင်း ငြီးငွေ့လာလျှင် အောက်ပါပုဂ္ဂိုလ်များကိုလည်း တစ်လှည့်ပြုစုပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ

⭕️ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စျေးတင်ရောင်းချသူ
⭕️ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဆီဆား စျေးတင်ရောင်းချသူ
⭕️ အသက်ကယ်ပစ္စည်းနှင့်ဆက်စပ်ကိရိယာများအား စျေးတင်ရောင်းချသူ၊ လိမ်လည်ရောင်းချသူ၊ အကြပ်ကိုင်ဂွင်ဖန်သူ

ရပ်ကွက်များအနေနဲ့လည်း ကိုယ့်နီးစပ်ရာမှာအဲ့လိုလူများတွေ့လျှင် သက်ဆိုင်ရာမြို့နယ် Facebook groupများ pageများမှာ သက်သေနှင့်တကွ ကျယ်လောင်စွာအသံထွက်ပေးကြပါ

ပြည်သူမှာ ပြည်သူပဲရှိပါတယ်
ပြည်သူအချင်းချင်း ဖျင်ချခြင်း ကင်းရှင်းကြပါစေ

📽 ပုဂံကဘုရားတစ်ဆူကို လူငယ်သုံးလေးယောက်က မီးပုလင်းနဲ့ပစ်နေတဲ့ဗီဒီယိုတစ်ခု ဒီနေ့တက်လာတယ်🗣ဟော မကြာဘူး GZတွေပါဆိုပြီးနာမည်ကေ...
01/06/2021

📽 ပုဂံကဘုရားတစ်ဆူကို လူငယ်သုံးလေးယောက်က မီးပုလင်းနဲ့ပစ်နေတဲ့ဗီဒီယိုတစ်ခု ဒီနေ့တက်လာတယ်
🗣ဟော မကြာဘူး GZတွေပါဆိုပြီးနာမည်ကောက်တပ်ပလိုက်ကြတယ်
ဒိဗ္ဗစက္ခုအဘိဉာဏ်တွေနော် လူကြည့်တာနဲ့GZမှန်းတပ်အပ်ပြောနိုင်တယ် 😪

အခုကျောင်းတွေပြန်ဖွင့်တော့ဒီပုံလေးတက်လာတယ်
တန်းပြီးမြင်လိုက်တာ နောက်ထပ်ပြမယ့်အကွက်ကတော့ 👇🏼

💥ဝုန်း💥

📽 ကျောင်းသွားနေတဲ့ကျောင်းသားလေးတချို့ ကျယ်လောင်သောပေါက်ကွဲသံအောက်မှာသွေးအလိမ်းလိမ်းနဲ့ လဲကျသေကြေကုန်တယ်
🗣 မရှေးမနှောင်းမှာပဲ GZတွေပါဆိုပြီး ဘယ်ကခေါ်လာမှန်းမသိတဲ့လူငယ်တွေကို ဖမ်းလာပြမယ်
စားပွဲပေါ်ခင်းကျင်းပြသထားတာက
NLDအလံလေးတွေပါမယ်
ကော်ပိုက်တိုလီမုတ်စလေးတွပါမယ်
GZအကျီလေးအလံလေး ဘာညာ 🤌🏼

ဒီဇာတ်လမ်းနဲ့ဒီဇာတ်ညွှန်းက စစ်မှစစ်ပဲဟေ့

သင်တို့တွေးကြည့်ပါဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်နဲ့ ဂျာမန်စစ်သားတွေကျောချင်းကပ် ဘေးချင်းယှဉ်ပြီး တစ်ဖက်တည်းအတူတကွတိုက်ပွဲဝ...
29/05/2021

သင်တို့တွေးကြည့်ပါ
ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်နဲ့ ဂျာမန်စစ်သားတွေကျောချင်းကပ် ဘေးချင်းယှဉ်ပြီး တစ်ဖက်တည်းအတူတကွတိုက်ပွဲဝင်ခဲ့ဖူးတယ်လို့ပြောရင် ယုံကြပါ့မလား

အဲ့ဒါကတကယ်ဖြစ်ခဲ့ပါတယ်

ဂျာမန်တပ်လို့ပြောလိုက်ရင် တော်တော်များများက ဟစ်တလာသောက်ခွက်ကြီးပြေးပြေးမြင်တတ်ကြပါတယ်
တကယ်က နိုင်ငံတစ်ခုရဲ့တပ်မတော်တစ်ခုဟာ ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းရဲ့လွှမ်းမိုးမှုအောက်မှာ မရှိသင့်ပါဘူး
ဂျာမန်တပ်မတော်သည်လည်းထိုနည်း၄င်းပါပဲ
စစ်ပွဲကာလ စစ်ကိုစစ်လိုတိုက်နေတဲ့ဂျာမန်တပ်ဆိုတာ ဟစ်တလာရဲ့လူမျိုးတုန်းသတ်ဖြတ်မှုစီမံကိန်းအောက်က အောက်တန်းစားအလုပ်တွေမလုပ်ပါဘူး
အဲ့ဒါတွေကိုမြိန်ရည်ရှက်ရည်လုပ်တာက နာဇီပါတီရဲ့ဩဇာခံ SSတပ်တွေဖြစ်ပါတယ် ကြားဖူးကြမယ်ထင်ပါတယ်

အခုကွဲကွဲပြားပြားသိပြီဆိုတော့ အပေါ်ကတိုက်ပွဲအကြောင်းဆက်ပြောရရင်
အဲ့ချိန်မှာဟစ်တလာကသေပြီ ဂျာမဏီလည်းတရားဝင်စစ်ရှုံးပြီ အရာအားလုံးအဆုံးသတ်ခါနီးအခါမှာ နောက်ဆုံးလက်ကျန်ခွေးဝဲဇားစိတ်ဓာတ်အခံနဲ့အာဏာရှင်လက်ကိုင်တုတ်SSတွေဟာ အစ်တာရဲတိုက်လို့ခေါ်တဲ့ရဲတိုက်တစ်ခုမှာဖမ်းဆီးထိန်းသိမ်းထားတဲ့အရပ်ဖက်အကျဉ်းသားတွေကို အစဖျောက်ဖို့ချီလာပါတယ်
အကျဉ်းသားတွေထဲမှာက imageရှိတဲ့သူအနည်းငယ်ပါနေတယ် ထားပါ

အဲ့ချိန်မှာ အဲ့ရဲတိုက်ကိုရောက်နှင့်ပြီးသားအမေရိကန်သံချပ်ကာတပ်ဖွဲ့ငယ်လေးနဲ့သူတို့ဆီမှာလက်နက်ချထားတဲ့ရဲတိုက်စောင့်ဂျာမန်တပ်သားတွေဟာ ကမ္ဘာစစ်ကြီးပြီးသွားပြီးတာတောင်ဒီသေချင်းဇိုးတွေကိုခုခံဖို့ခံစစ်ပြင်ရပြန်ပါတော့တယ်

ဘယ်လိုဘယ်ပုံ ဘယ်လက်နက်ဘယ်အင်အားတွေကိုတော့အသေးစိတ်မရေးပြတော့ပါဘူး
မင်းသားရွှေဘလို အစတစ်ချက် ကန်+ဂျာတို့လှိမ့်ခံလိုက်ရပေမယ့်နောက်ဆုံးစစ်ကူတွေရောက်လာပြီး SSတွေသာအရှုံးနဲ့ဇာတ်သိမ်းတယ်ပေါ့ဗျာ

ပြောချင်တဲ့အချက်က တရားဝင်စစ်ပွဲကာလမှာသူသေကိုယ်သေတိုက်ခဲ့ကြပေမယ့်
မတရားမှုကိုကြုံလာတဲ့အချိန်မှာတော့ မတူကွဲပြားခြင်းတွေကိုဘေးချိတ်လို့အာဏာရူးလူသတ်ကောင်ရဲ့အရိုးကိုက်ခွေးတွေကို အသက်သွေးတွေနဲ့ရင်းပီးတွန်းလှန်ခဲ့တဲ့ဂျာမန်တပ်ခွဲလေးရဲ့စိတ်ဓာတ်လိုမျိုးသာ ဟောဒီမြန်မာ့စစ်သားတွေမှာရှိတယ်ဆိုရင် လက်တွေ့သက်သေပြလိုက်စမ်းပါ
ဆယ်စုနှစ်အတော်ကြာပျောက်ဆုံးနေတဲ့ ပြည်သူတွေရဲ့မေတ္တာတစ်ဖန်ပြန်ရဖို့ဆိုတာ ရဲရဲကြီးအာမခံနိုင်တယ်

ခက်တာကဒင်းတို့ကိုယ်တိုင်ကိုက SSတွေလို အာဏာရူးရဲ့အရိုးကိုက်ခွေးဘဝကြီးမှာပျော်နေကြတာကဆိုးတယ်

Photo crd:

14/05/2021

ဟားမက်ဇ်ရဲ့လက်လုပ်ဒုံးတွေရန်အတွက်
အစ္စရေးမှာ Iron Domeရှိတယ်

စစ်ခွေးတပ်မှာ ဘာရှိလဲ

လေယာဉ်တွေခမျာ Chaff and flareတောင် သီတင်းကျွတ်မီးပန်းလိုမကျဲနိုင်လို့ ကိုးကန့်မှာတုန်းက manpadလေးနဲ့ပစ်ခံရတာတောင် afterburnerကြီးထိုးပီးပြေးရတဲ့လေတပ်

နောက်ဆုံးပေါ်တန်ဖိုးကြီးတိုက်ခိုက်ရေးစစ်သင်္ဘောမှာတောင် လေကာအတွက် သံပုံးလေးကြိုးတုပ်ပီးဆင်ထားရတဲ့ပခုံးထမ်းဒုံးလေးပဲရှိတဲ့ရေတပ်

အခုPDFတွေရင်ဆိုင်နေရတာက အဲ့ဒီကြည်း/ရေ/လေတပ်တွေထဲမှာမှ အစုတ်ပဲ့ဆုံးတွေတပ်ဆင်ထားတဲ့ကြည်းတပ်

အင်ဂျင်နီယာတွေပါ ပါဝင်တဲ့PDFတွေသာ လက်လုပ်ဒုံး သို့မဟုတ် ရှော့တိုက်ဒုံးတွေ ပေါပေါနဲ့များများသုံးနိုင်ရင် ခလရဝင်းတွေထဲမှာမဲဖောက်စရာမုဆိုးမတွေတောင်ကျန်ပါ့မလား

ခလရဝင်းတွေက ဝင်းလိုက်ကြီးခြေထောက်ပေါက်ပီးပြေးပုန်းလို့ရတာမဟုတ်ဘူးနော် 😉

နောက်တန်းမှာသီတင်းကျွတ်နေရင် ရှေ့တန်းကခွေးတွေစိတ်ဖြောင့်နိုင်အုံးမလား?

သေနတ်ကိုသေနတ်ချင်းယှဉ်ပစ်တဲ့ဗျူဟာကအလုပ်မဖြစ်တာ ပြည်တွင်းစစ်ကြီးနှစ်ခြောက်ဆယ်ကျော်ကသက်သေပဲ

အဇာဘိုင်ဂျန်က အာမေးနီးယားကို ဘယ်လိုအနိုင်ယူသွားလဲဆိုတာကြည့်ရင် ယနေ့ခေတ်ကြီးရဲ့ပြောင်းလဲခေတ်မီလာတဲ့ဗျူဟာတွေကိုလေ့လာနိုင်တယ်

PDFတွေထဲမယ် drone flyingနဲ့ပက်သတ်လို့ဗဟုသုတရှိတဲ့လူငယ်တွေပါနိုင်တယ်လို့ခန့်မှန်းပါတယ်
စျေးချိုတဲ့တရုတ်Droneတွေမှာ explosivesတွေသာဆင်လိုက်ရင် အရင်းအနှီးနဲနဲနဲ့ အကျိုးတရားများနိုင်မယ်ထင်ပါတယ်

ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါနဲ့ဆရာလုပ်တယ်လို့တော့မမြင်ကြစေချင်ပါ 🙏🏻

လမ်းရိုးကြီးထဲကနေဖောက်ထွက်ပြီး ခေတ်မီထိရောက်တဲ့tacticsလေးတွေကိုတွေးဖို့တိုက်တွန်းချင်ရုံပါ

ကိုယ်တိုင်ကိုယ်ကျပါဝင်ကြိုးစားနေတဲ့လူငယ်အယောက်စေ့တိုင်းကို အဖိတ်အစင်နည်းနိုင်သမျှနည်းအောင် သိသမျှဗဟုသုတလေးဝေမျှခြင်းဖြစ်ပါတယ်

အားလုံးပဲဘေးကင်းကြပါစေ

05/04/2021

🗣ဒီစောက်ခလေးတွေဆိုတာလည်း ကြီးလာရင်ငပွေးပဲဖြစ်လာမှာကိုဆရာမရယ် ခုကတည်းကသေသွား မအေးလား 🗣

ဒီကြောက်စရာစကားဟာ လွန်ခဲ့တဲ့၁၂နှစ်လောက်တုန်းက တပ်မxx လက်အောက်ခံ သထုံ ၁၁xတပ်ရင်းက ၁၆နှစ်အရွယ် ကလေးစစ်သားတစ်ယောက်ရဲ့နှုတ်ကနေ တွန့်ဆုတ်ခြင်းမရှိ ဂုဏ်ယူစွာနဲ့ဖောက်သည်ချလာတဲ့စကားတစ်ခွန်းဖြစ်ပါတယ်

သူဟာ ကျနော့်ထက်တစ်နှစ်ပဲကြီးပါတယ် ကျနော်ခုနစ်တန်း သူရှစ်တန်းမှာ သူ့အဖေတိုက်ပွဲကျလို့ သူတို့မိသားစုလိုင်းခန်းကနေဖယ်ပေးရမယ့်အရေးကနေရှောင်လွှဲနိုင်အောင်လို့ သူကျောင်းတဝက်တပျက်နဲ့ရပ်ပြီး သေနတ်ကိုင်မယ့်လမ်းကိုရွေးချယ်ခဲ့ရတယ်
သူ့မှာ တခြားရွေးချယ်စရာလမ်းမရှိခဲ့သလို သူတို့တွေရဲ့အသိုင်းအဝိုင်းထဲမှာလည်း ဖအေသေရင် သားကအဖေ့နေရာဆက်ဝင်ရတာဟာအထူးအဆန်းမဟုတ်တော့ လွယ်လွယ်ကူကူတိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ဘဝတစ်ခုအညွန့်တုံးသွားခဲ့ရတယ်

ဒီလိုနဲ့နောက်နှစ်နှစ်လောက်အကြာ ၂၀၀၉လောက် ကျနော်ကိုးတန်းအရောက်မှာ ကျနော့်အမေကျောင်းဆရာမဆီကို အဲ့ဒီစစ်သားလေးဟာ နှုတ်ဆက်ကန်တော့ဖို့ပြန်ရောက်လာပါတယ်
ဒီနေရာမှာ မြို့ပြန်ရောက်တုန်း ဆရာမတစ်ယောက်ကိုသတိတရနဲ့လာဝင်ကန်တော့တယ်ဆိုတာကြည့်ခြင်းဖြင့် သူ့ရဲ့စိတ်ထားဟာမွေးသန္ဓေယုတ်တဲ့အထဲမပါတာကိုထောက်ပြချင်ပါတယ်

ဒီလိုနဲ့ကျနော့်အမေကသူ့ကိုဆုတွေဘာတွေပေး သာကြောင်းမာကြောင်းမေးတော့ သူ့ရဲ့တိုက်ပွဲအတွေ့အကြုံလေးတွေပြောပြတာပေါ့ဗျာ
သူ့ပုံကတက်တက်ကြွကြွနဲ့စိတ်ပါလက်ပါပြောနေတာဗျ

တစ်ရက်သူတို့စစ်ကြောင်းက အင်မတန်ခေါင်တဲ့ကရင်ရွာတစ်ရွာထဲရောက်တယ် ရောက်တော့ရွာမှာအရွယ်ရောက်ယောက်ျားလေးတွေမတွေ့ပဲ ချက်ကျောင်းတစ်ခုထဲမှာဝတ်တက်နေတဲ့ မိန်းမတွေ သက်ကြီးပိုင်းတွေ ခလေးတွေပဲတွေ့တယ်တဲ့ဗျ

သူ : အဲ့မှာ “အားလုံးကိုပစ်”ဆိုတဲ့အမိန့်ရတာနဲ့ဆရာမရေ ကျနော်ကတော့ကဒ်လိုက်ကိုဆွဲချပလိုက်တော့တာပဲ

အမေ : ဟဲ့ နင်ပြောတော့ခလေးတွေနဲ့မိန်းမတွေချည်းပဲဆို

သူ : ဟုတ်တယ်လေဆရာမ ဒီမိန်းမတွေဆိုတာလည်း ငပွေးမယားတွေလေ
ဒီခလေးတွေဆိုတာလည်း ကြီးလာရင်ငပွေးတွေပဲဖြစ်လာမှာ ခုတည်းကရှင်းထား မအေးလား ဟုတ်တယ်ဟုတ်ဆရာမ

အမေနဲ့ကျနော် နှစ်ယောက်သား အသက်ရှုဖို့ပါမေ့သွားပါတယ်
မကြာလိုက်ပါဘူး တပ်စျေးဝယ်ကားပြန်ချိန်နီးပြီမို့ သူနှုတ်ဆက်ပီးပြန်ထွက်သွားပါတော့တယ်

သူကတော့ပြန်သွားပြီဆိုပေမယ့် ကျန်ခဲ့တဲ့ကျနော့်ခေါင်းထဲမှာတော့ ဗြောင်းဆန်ကျန်ခဲ့ပါတယ်
•DVBကပြောပြောနေတဲ့ဇာတ်လမ်းတွေက တကယ့်အမှန်တွေပါလားလို့သိလိုက်ရတဲ့အခိုက်အတန့်
•အဲ့ချိန်လောက်က အသစ်စက်စက်ထွက်ခါစ Ramboဇာတ်ကားကို စောက်ပိုတွေလို့ထင်ထားခဲ့တဲ့မိမိအဖြစ်
•ရွာပိုင်းကကရင်တွေ အသက်လေးနဲနဲကြီးလာတာနဲ့လက်နက်ကိုင်သွားကြတာဘာကြောင့်မှန်းမသိတဲ့ပဟေဠိ
•ရွှေဝါရောင်တော်လှန်ရေးတုန်းက “အထက်အမိန့်ကြောင့်မလုပ်ချင်ပဲလုပ်ရတာပါ”ပြောပြီး အပြင်မှာကျဘာလို့အားသွန်ခွန်စိုက်လူသတ်နေကြတာလဲ
စသည်ဖြင့် တချို့မေးခွန်းတွေကအဖြေထွက်လာသလို တချို့ဗဟုသုတတွေကလည်းမေးခွန်းတွေပြန်ဖြစ်သွားခဲ့တယ်
တစ်ယောက်ထဲကြောင်ပျောက်သွားတယ်ပေါ့ဗျာ

ခုလောက်ဆိုရင်တော့ ၈၈မမီတဲ့ကျနော်တို့မျိုးဆက်တွေ
ရွှေဝါရောင်တောင်မမီ မမှတ်မိလိုက်တဲ့ပိုငယ်တဲ့မျိုးဆက်တွေအတွက် စဉ်းစားဆင်ခြင်စရာတွေရသွားပြီလို့ထင်ပါတယ်

အာ့မို့ မြန်မာ့စစ်တပ်ကြီးကိုပြောင်းလဲဖို့ဆိုတာဟာ လူတွေပြောင်းရုံနဲ့မရသေးပဲ စံနစ်ကြီးတစ်ခုလုံးကိုပါပြောင်းဖို့လိုတယ်ဆိုတာသိပ်သိသာသွားပါပြီ
သူတို့ရဲ့mindsetကြီးတစ်ခုလုံး
တိုင်းရင်းသားတွေအပေါ်အမြင်
ပြည်သူအပေါ်ထားတဲ့အမြင်
သူ့တို့ကိုယ်သူတို့မြင်တဲ့အမြင်
အဲ့ဒါတွေအားလုံးကို ထဲထဲဝင်ဝင်လေ့လာ နှိုက်ထုတ်ပြီး psychologicallyကုသပေးဖို့လိုတယ်လို့မြင်မိပါတယ်

01/03/2021

Social Punishment ဆိုတာ
ရေးသားသူ. ပိုးဖြူသန့်

ပြည်သူတွေကို ဖိနှိပ်၊ သတ်ဖြတ်နေတဲ့ စစ်အုပ်စုအပေါ် Social Punishment လုပ်တာ သိပ်ထိရောက်ပါတယ်..

တနင်္ဂနွေနေ့မနက်ပိုင်းမှာ မန္တလေးဆေးဝါးတက္ကသိုလ် ပါချုပ်သိန်းမေစောရဲ့ CDM လုပ်သူတွေကို အရေးယူဖို့ တိုင်တဲ့စာ online ပေါ် ရောက်လာပါတယ်.. စာနဲ့အတူ ယူကေမှာ ဆရာဝန်လုပ်နေတဲ့ သူ့သမီး လှမဥ္ဇူခိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ချက်ချင်း ထွက်လာပြီး ယူကေရောက် မြန်မာတွေဟာ မြန်မာအသိုင်းအဝိုင်းမှာ Social Punishment စ လုပ်ပါတယ်..

အဲ့ဒါကို ကောင်မလေးက ခပ်လှောင်လှောင်နဲ့ သူ့ယူကေလစာသည် မြန်မာငွေ သိန်းဆယ်ဂဏန်းကြီးကြီးမို့ သူ့အမေ ပါချုပ်လစာလောက်က အသေးအဖွဲ၊ သူတို့က ငွေမက်စရာလား၊ သူ့အမေသည်သာ ဖြူစင်သူ စင်ဒရဲလားလေး လုပ်ပြီး ပြည်သူကို မတောင်းပန်ရုံမက ဗြောင်ငြင်းပါတယ်..

ယူကေရောက် မြန်မာတွေဟာ ဒီလိုလူကို အပေါင်းအသင်း မလုပ်ဖို့ အချင်းချင်း ဆော်ဩရုံမက သူ အလုပ်လုပ်ရာ ယူကေဆေးရုံ၊ သူနေတဲ့မြို့နယ်က ရဲစခန်း၊ ယူကေလူဝင်မှုကြီးကြပ်ရေးတွေအထိကို စာပို့ကြတော့တာပါပဲ.. ဒီဆရာဝန်မရဲ့ မိသားစုသည် အကြမ်းဖက်လုပ်ရပ်ကို အားပေးနေတာဖြစ်တဲ့အတွက် သူ့ကို ဗီဇာသိမ်းပြီး မြန်မာပြည်ပြန်ပို့ပါလို့ အကျိုးအကြောင်းနဲ့တကွ စာပို့ကြောင်းတင်အပြီးမှာတော့ သူ့သမီးဟာ သူ့အမေကို ချက်ချင်းဖုန်းဆက်ပ်တော့တယ်..

အဲ့သလိုနဲ့ ရုံးပိတ်ရက် တနင်္ဂနွေနေ့ကြီးမှာကို ဆေးဝါးပါချုပ်သိန်းမေစောရဲ့ တောင်းပန်စာဟာချက်ချင်းထွက်လာတာပါပဲ.. သူက ဒီလိုဆိုလိုတာ မဟုတ်ပါကြောင်း၊ ဘာကြောင်းညာကြောင်း ပြည်သူနဲ့အတူ ရပ်တည်ကြောင်းတွေအပြင် သူတိုင်တဲ့စာကလည်း တကယ်အရေးယူစေချင်လို့ မဟုတ်ရကြောင်းတွေပါ လက်တလုံးခြားလုပ် တောင်းပန်တော့တာပါ..

ဝန်ထမ်းတွေကို မညှာတာသူဟာ သူ့သမီး U.K ဗီဇာထိပြီး ပြည်တော်ပြန်ရမယ်ဆိုမှ အသိတရားဝင်ပြီး ပြည်သူ့ဘက်က ရပ်ချင်ယောင် ဆောင်တော့တာပါပဲ.. ကိုယ့်ပေါင်ပေါ်ကျတဲ့ မီးပွါးမှ ပူတယ်ထင်ရဲ့.. ပြည်သူတွေကတော့ အခုမှ တောင်းပန်လည်း ခွင့်လွှတ်ပေးစရာ လုံးဝမရှိတာမို့ Social-punishment လုပ်ကြပါလိမ့်မယ်..

ဆိုတော့ စစ်အုပ်စုကို ထောက်ခံပြီး ပြည်သူတွေရဲ့ အနာဂတ်ကို ဖိအားပေး၊ အလိုတော်ရိ လုပ်နေသူတွေဟာ လူ့အသိုင်းအဝိုင်းက အကျဉ်ခံရ၊ ယူကေက ပြန်ရမှာတော့ ကြောက်ကြတာပါပဲ.. နောင်ကိုလည်း မြန်မာပြည်မှာ ပြည်သူတွေကို ဖိမယ်ဆို အလိုတော်ရိတွေအနေနဲ့ ကိုယ့်သားသမီးက ဘယ်မှာလဲ အရင်စဉ်းစားပါ.. ယူကေရောက် မြန်မာတွေလက်ထဲ အချက်အလက်ရောက်လို့ကတော့ ဘာဖြစ်မလဲဆိုတာ မြင်တဲ့အတိုင်းပါပဲ.. ပြည်သူက ဒဏ်ခတ်တာ မခံနိုင်ရင် ပြည်သူအပေါ် စာစာနာနာ မျှမျှတတနေကြပါ.. ဒါပါပဲ..

#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်

01/03/2021

Good Cop/ Bad Cop ဆိုက်ဝါး
……………………………..
ရဲတွေမှာ အသုံးများတဲ့ နည်းတစ်ခုရှိတယ်။ ဒီနည်းကို သူတို့လိုချင်တဲ့ သတင်းအချက်အလက်ရဖို့နဲ့ သူတို့ ညှိနှိုင်းချင်တာတွေကို ရဖို့မှာ သုံးတယ်။ Good Cop/ Bad Cop လို့ ခေါ်တယ်။ လူတစ်ယောက်ကို ဖမ်းထားပြီး အဲဒီလူရဲ့ စိတ်ကို ရိုက်ချိုးချင်ရင် ဒီနည်းကို သုံးတယ်။ အများအားဖြင့် Bad Cop ‘လူဆိုးရဲ’ နဲ့ စတယ်။ ရိုက်မယ် နှက်မယ်။ ဆဲမယ် ဆိုမယ်။ သိက္ခာချမယ်။ ဒါဟာ Bad Cop။ အဖမ်းခံရတဲ့လူဟာ အဲဒီ့အချိန်မှာ ဒေါသထွက်မယ်။ မခံချင်စိတ်တွေများမယ်။ Bad Cop ကို မုန်းမယ်။ Bad Cop လုပ်သမျှ ဘာမဆို ဆန့်ကျင်မယ်။ ဒီအချိန်မှာ Good Cop ‘လူကောင်းရဲ’ ၀င်လာမယ်။ Good Cop က ကိုယ့်ကို ကြင်ကြင်နာနာဆက်ဆံမယ်။ Bad Cop ရန်က ကာကွယ်ပေးသလို လုပ်ပြမယ်။ မုန့်ကျွေးမယ်။ ရေတိုက်မယ်။ ဆေးလိပ်တိုက်မယ်။ ဒီအခါ ကိုယ်ဟာ ဒီ ‘လူကောင်းရဲ’ ကို အားကိုးမိသွားမယ်။ ယုံကြည်သွားမယ်။ ဒီကောင်တွေဟာ ဒီလောက်မဆိုးပါဘူး။ သူတို့ထဲမှာလည်း လူကောင်းတွေ ရှိသေးတာပါပဲ ဆိုပြီး။
အဲဒီမှာ ကိုယ့်စိတ်ကို သူတို့ ခြယ်လှယ်တော့မယ်။
လူ့စိတ်ဆိုတာ တစ်ဘက်က ခြေတစ်လှမ်း၀င်လိုက်တာနဲ့ သူတို့ လုပ်ချင်တာလုပ်လို့ရအောင် အလျှော့ပေးလိုက်ရတဲ့ သဘောမျိုးရှိတယ်။
ဒီနေ့ ဆရာ၀န်လေးတွေကို ဖမ်းဆီးကြရာမှာ အဲဒီ့ Good Cop Bad Cop နည်းကို အသုံးချသွားတာ တွေ့ရလို့ စဉ်းစားလို့ရအောင် ဒီပို့စ်ကို ရေးတင်လိုက်ပါတယ်။
Bad Cop တွေဟာ အရာရှိပိုင်းတွေဖြစ်ပြီး Good Cop တွေဟာ အငယ်ပိုင်းရဲတွေ ဖြစ်ခဲ့တယ်။
Bad Cop တွေဟာ အစပိုင်းမှာ ဆရာ၀န်တွေကို ဆဲဆိုတယ်။ တချို့ ရဲမေတွေက အမျိုးသမီးဆရာ၀န်တွေကို ပါးရိုက်တယ်။ ဆံပင်ဆွဲတယ်။ အဆိုးဆုံးကတော့ လူဆိုးရဲတွေဟာ ဆရာ၀န်တွေကို ဂျူတီကုတ်တွေချွတ်ခိုင်းခဲ့တယ်။ ဒါဟာ ဆရာ၀န်တစ်ယောက်ကို အထိရောက်ဆုံး ချိုးနှိမ်လိုက်တာပဲ။
ဒီအချိန်မှာ Good Cop တွေ ၀င်လာတယ်။ အငယ်ပိုင်းရဲတွေက အဖမ်းခံထားရတဲ့ ဆရာ၀န်လေးတွေကို ချဉ်းကပ်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဘေးကနေ ၀န်းရံပြီး အရိုက်မခံရအောင်တောင် ကာကွယ်ပေးတယ်။ မုန့်ကျွေးတယ်။ လက်ဘက်ရည်တိုက်တယ်။ အရာရှိတွေ ပြောတဲ့အတိုင်း လုပ်ပေးလိုက်ပါလို့ ဖျောင်းဖျတယ်။ ‘လူကောင်းရဲ’။
နောက်ဆုံးမှာ ဆရာ၀န်တွေကို လွှတ်ပေးလိုက်တယ်။
ကျွန်တော်တို့ဟာ လူသားတွေပါ။ အခုလို ကျွန်တော်ရေးတာကို ဖတ်ရတာဟာ သညာသိ သက်သက်ဖြစ်တယ်။ ကိုယ်တိုင်တွေ့ကြုံရတာနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ဟာ Good Cop/ Bad Cop ဆိုတာကို ဖန်တရာတေအောင် ကြားဖူးခဲ့ပေမဲ့ တကယ်ကြုံတဲ့အခါမှာ ‘လူကောင်းရဲ’ တွေအပေါ်မှာ ယုံကြည်သွားနိုင်တဲ့ စိတ်ဟာ အင်မတန် အားကောင်းပါတယ်။
အခုဆိုရင်ပဲ အဖမ်းဆီးခံရခဲ့ရတဲ့ လူတချို့ရဲ့ စိတ်ထဲမှာ ‘သူတို့ထဲမှာလည်း စစ်ခွေးမဟုတ်တာတွေ ရှိနေပါသေးလား’ ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်သွားလောက်တယ်။
အဲလို မဟုတၸါဘူး။ သူတို့အားလုံး အတူတူပါပဲ။
မအလ လက်အောက်မှာ ‘လူကောင်းရဲ’ ဆိုတာ မရှိဘူး။ အကုန်လုံး ‘လူဆိုးရဲ’ ချည်းပဲ။
ဘာလို့ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ လူတွေကို ပစ်ခတ် သတ်ဖြတ်နေပြီး - ဘာလို့ ကျန်တဲ့ တစ်နေရာမှာ မုန့်ကျွေး လက်ဘက်ရည်တိုက်နေသလဲ။
ဘာလို့ အထက်အရာရှိမသိအောင် ကိုယ့်နားလာပြီး ရင်းရင်းနှီးနှီးစကားပြောသလဲ။
သူတို့ရဲတွေ စစ်သားတွေဆိုတာ အမိန့်အတိုင်းပဲ လုပ်ရတယ်။
အချုပ်သားနဲ့ စကားမပြောနဲ့ဆို လုံး၀မပြောဘူး။ ပြောခိုင်းမှ ပြောရတယ်။ လာပြီး အဲဒီလိုတွေ စကားရောဖောရောလုပ်နေရင် ‘Good Cop’ အကွက်နင်းနေပြီလို့သာမှတ်။
ဒါပေမဲ့ ‘လူကောင်းရဲ’ ကို ပြန်ဆဲရမယ် မဟုတ်ဘူးနော်။ အဖမ်းခံထားရတဲ့ ညီငယ် ညီမငယ်တွေဟာ ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်ရမှာ။ Good Cop လာတဲ့ခဏဟာ ကိုယ့်အတွက် အသက်ရှူခွင့်ရတဲ့ အချိန်ပဲ။ သူတို့ဟာ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်။ အစာကျွေးမယ် ရေတိုက်မယ်။ အဲဒီ့အခွင့်အရေးတွေကို ယူပါ။ နှစ်ကွက်ကျော်ပြန်ပြီး ဆိုက်ဝါးဆင်ပါ။
သူတို့ရဲ့ Good Cop ကို ယုံချင်ယောင်ဆောင်ပြီး ပြန်အသုံးချပါ။ ကျွန်တော် ပြောချင်တာ သိလား။
လာကျွေးရင် စား။ လာကာကွယ်သလိုလုပ်နေရင် အကာကွယ်ခံခိုင်းလိုက်။ ငါးမိနစ် အရိုက်မခံရလည်း အမြတ်ပဲ။
အရေးအကြီးဆုံးက ‘သူတို့ကို လုံး၀ မယုံပါနဲ့’
ဒီကောင်တွေဟာ စိတ်ထဲက ပါလို့ ‘လူကောင်းရဲ’ လုပ်နေတာမဟုတ်ဘူးဆိုတဲ့ တော်လှန်ရေးသတိ အမြဲရှိနေပါစေ။
အခုလို ပြန်လွှတ်ပေးလိုက်တာဟာလည်း Good Cop ထဲက အကွက်တစ်ကွက်ပဲ။ အေးအေးဆေးဆေး ပြန်လွှတ်ခံလိုက်ရသူရဲ့ စိတ်ထဲမှာ ‘ဒီလူတွေဟာ သိပ်မဆိုးပါလား’ ဆိုတဲ့ စိတ်၀င်သွားနိုင်တယ်။
ပြန်လွှတ်ခံလိုက်ရသူရဲ့ စိတ်နဲ့ ကိုယ့်သားသမီး အသတ်ခံလိုက်ရတဲ့လူရဲ့ စိတ်ဟာ ဘယ်လိုမှ ထပ်တူမကျနိုင်ဘူး။
ဒီမှာတင် ပြည်သူတွေရဲ့ စိတ်နှစ်မျိုးကွဲပြီနော်။
နောက်ပြီး မြန်မာပြည်သူတွေရဲ့ ကံကို ယုံကြည်တဲ့စိတ်။
ကိုယ့်အတိတ်ကံကောင်းခဲ့လို့ ဘေးကင်းကင်းနဲ့ ပြန်လွတ်လာတာဆိုပြီး။
သေတဲ့လူတွေကျတော့ အတိတ်ဘ၀မှာ အကုသိုလ်တွေ များခဲ့လို့လား။
အတွင်းအကျဆုံး တွေးခေါ်မှုပိုင်းမှာတင် ကွဲပြီနော်။
Good Cop/ Bad Cop – ညှိနှိုင်းဖို့ သုံးတယ်။ စစ်ဆေးဖို့သုံးတယ်။ လူထုကို သွေးခွဲဖို့သုံးတယ်။ စိတ်ခွန်အားကို ရိုက်ချိုးဖို့ သုံးတယ်။
အရေးအကြီးဆုံးက -
သူတို့ကို ဘယ်တော့မှ မယုံကြည်ဖို့။
သူတို့အားလုံးဟာ Bad Cop တွေပဲဆိုတာ ကျွန်တော်တို့ အားလုံးရဲ့ ရိုးတွင်းခြင်ဆီတွေထဲမှာ စွဲမြဲနေစေဖို့။
ရတဲ့နည်းနဲ့ ဆက်တိုက်ပါ။

Credit ko chan

အရေးတော်ပုံအောင်ရမည်။

Address


Website

Alerts

Be the first to know and let us send you an email when Information for Protest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share