SpearMyanmar

SpearMyanmar Broadcast accurate and timely information.

14/10/2022

စစ်တောင်းမြစ်ရိုးတလျောက်ရှိ ကျေးရွာများကို ညမထွက်ရ အမိန့်ထုတ်

စစ်တောင်း- အောက်တိုဘာ ၁၄

ကျိုက်ထီးရိုးတောင်ခြေတွင် စစ်ကောင်စီတပ်သားများ အနီးကပ် ပစ်ခံရပြီးနောက် ပဲခူးတိုင်း၊ ဝေါမြို့နဘအထိ စက်လှေဖြင့် မြစ်ကမ်းတစ်ဖက်ရှိ မွန်ပြည်နယ်၊ ကျိုက်ထိုဘက်သို့ ကူးခွင့်ပါ ပိတ်ပင်လိုက်ကြောင်း သိရသည်။

အောက်တိုဘာ (၁၂)ရက်နေ့က ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားများ အနီးကပ်ပစ် ခတ်ခံရပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း စစ်ဆင်းရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင်  Express ယာဉ်(၂)စီး တိုက်မိရန်ကုန်- စက်တင်ဘာ ၁၄ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး...
14/10/2022

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Express ယာဉ်(၂)စီး တိုက်မိ

ရန်ကုန်- စက်တင်ဘာ ၁၄

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင် အမှတ် (၂၃၀/ဝ) နှင့် (၂၃၀/၁)ကြားတွင် Express ယာဉ်(၂)စီး တိုက်မိရာမှ ယာဉ်ပေါ်ပါ (၂၁)ဦးအနက် အမျိုးသား(၂)ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးပေါ်တွင် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က Express ယာဉ်(၂)စီး တိုက်မိရာမှ ယာဉ်ပေါ်တွင်ပါသည့် အမျိုးသား(၁၇)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၂၁)ဦး အနက် အမျိုးသား(၂)ဦးမှ သေဆုံးသွားပြီး (၅)ဦးမှ မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုမှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ပန်းတင်အမြန်လမ်းရဲစခန်းပိုင် သူနာတင်ယာဉ်(၁)စီးနှင့် တံတားဦး လူမှုကူညီရေး(၁)စီးတို့ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

KNU ဖာပွန်ခရိုင်က ၄ ရက်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးဖာပွန်- အောက်တိုဘာ ၁၄ကရင်အမျိုးသားအစည်းအရ...
14/10/2022

KNU ဖာပွန်ခရိုင်က ၄ ရက်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး

ဖာပွန်- အောက်တိုဘာ ၁၄

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၀)ရက်နေ့က စစ်ကောင်စီတပ်ကို KNU ဖာပွန်ခရိုင် လူသောမြို့နယ်မှာ(၁) ကြိမ်၊ ဒွယ်လိုးမြို့နယ်မှာ (၁)ကြိမ်နဲ့ ဘူးသိုမြို့နယ်မှာ(၁)ကြိမ် ချုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသုတ်သင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိသည်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ (၉) ရက်နေ့ကလည်း ဖာပွန်မြို့၊ ကူးဆိပ်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ကို KNLA တပ်က သွားရောက် တိုက်ခိုက်ခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁) ဦးသုတ်သင်နိုင်ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦး အဆက်အသွယ် မရသေးပွင့်ဖြူ- အောက်တိုဘာ ၁၄မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊...
14/10/2022

ပွင့်ဖြူမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦး အဆက်အသွယ် မရသေး

ပွင့်ဖြူ- အောက်တိုဘာ ၁၄

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီသွားတဲ့ ဒေသခံ ၉ ဦးဟာ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စံပြကျေးရွာက ဒေသခံ ၁၀ ဦး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောသည်။

အဖမ်းခံခဲ့ရသူတွေထဲက အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးကိုတော့ ပြန်လွှတ်ပေးထားပြီး တခြားသူတွေကိုတော့ အကြောင်းမပြချက်မရှိဘဲ ဆက်လက်ဖမ်းဆီးထားတယ်လို့သိရသည်။

လှိုင်သာယာမှာ ပစ္စည်းပို့တဲ့ ဒလီဗာရီသမား လုယက်သတ်ဖြတ်ခံရလှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာ ၁၂ ရက်နေ...
14/10/2022

လှိုင်သာယာမှာ ပစ္စည်းပို့တဲ့ ဒလီဗာရီသမား လုယက်သတ်ဖြတ်ခံရ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာ ၁၂ ရက်နေ့ညနေပိုင်းက ပစ္စည်းပို့တဲ့ ဒလီဗာရီသမား ကိုရဲဇော်ဟာ လူတစ်စုရဲ့ လုယက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူ့ရဲ့နာရေးကို ဒီကနေ့အောက်တိုဘာ ၁၄ ရက်မှာ ပြုလုပ်ဖွယ်ရှိနေသည်။

ကိုရဲဇော်ဟာ BeeXprss ကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းက စက်မှုဇုန်အနီး မီးသတ်အဝိုင်းအနီး အဝိုင်းမှတ်တိုင်အရောက်မှာ လူတစ်စုက ကိုရဲဇော်ရဲ့ရင်ဘတ်ကို စကေဘာနဲ့ထိုးပြီးနောက် ဖုန်းနဲ့ပိုက်ဆံတို့ကို လုယက်ယူဆောင်သွားတာဖြစ်တယ်လို့ သိရပါသည်။ လုယက်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရသည်။

ဖမ်းမိသစ်များကို နေအိမ်မီးရှို့ခံရသည့် ပြည်သူများအတွက် အသုံးပြုမည်ဟု ယင်းမာပင် PDF ပြောယင်းမာပင်- အောက်တိုဘာ ၁၃စစ်ကိုင်း...
13/10/2022

ဖမ်းမိသစ်များကို နေအိမ်မီးရှို့ခံရသည့် ပြည်သူများအတွက် အသုံးပြုမည်ဟု ယင်းမာပင် PDF ပြော

ယင်းမာပင်- အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်ခိုးထုတ်တာတွေကို တားဆီးအရေးယူရာမှာ ဖမ်းဆီးရမိတဲ့ သစ်တွေကို ဒေသတွင်းရှိ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးမှာ ယာယီနေအိမ်တွေ ဆောက်လုပ်ဖို့ အသုံးချသွားမယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁ က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တာဝန်ပေးချက်အရ အလောင်းတော်ကဿပနယ်မြေ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းရတာဖြစ်ပြီး သစ်တောအတွင်း သစ်ခိုးထုတ်သူတွေဆီက ဖမ်းဆီးရမိတဲ့သစ်တွေကို CDM ပြုလုပ်ထားတဲ့ ဆင်တွေနဲ့အတူ ဆင်ဦးစီးတွေရဲ့ အကူအညီနဲ့ ဆွဲယူစုဆောင်းနေတယ်လို့ သိရသည်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ စတုရန်းမိုင် ၆၁၆ ဒသမ ၈၄၃ မိုင် ကျယ်ဝန်းကာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းမှာ တည်ရှိပြီး အာဆီယံအမွေအနှစ် အဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသားဥယျာဉ်လည်း ဖြစ်ကြောင်းသိရသည်။

ဟင်္သာတမြို့မှာ ဟင်္သာရုပ်အဝိုင်းနား ဗုံးကွဲ ယာဉ်ထိန်း ၄ ဦးဒဏ်ရာရပြီး ၂ ဦးအရေးပေါ်ရောက်ဟင်္သာတ- အောက်တိုဘာလ ၁၃ ဧရာဝတီတို...
13/10/2022

ဟင်္သာတမြို့မှာ ဟင်္သာရုပ်အဝိုင်းနား ဗုံးကွဲ ယာဉ်ထိန်း ၄ ဦးဒဏ်ရာရပြီး ၂ ဦးအရေးပေါ်ရောက်

ဟင်္သာတ- အောက်တိုဘာလ ၁၃

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဟင်္သာရုပ်နား ဗုံးပေါက်ကွဲခဲ့လို့ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

ညနေ ၄ နာရီဝန်းကျင်လောက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ၂ ဦးကတော့ ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ မျက်မြင်‌တွေရှိသူတွေက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရသည်။

ပုလောတွင်  စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပုလော - အောက်တိုဘာ ၁၃တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရ...
13/10/2022

ပုလောတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပုလော - အောက်တိုဘာ ၁၃

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ တပိုကျေးရွာ အနီးတွင် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်၌ မြိတ်မြို့မှ ပုလောမြို့ဘက်သို့ လာသည့် ယာဉ်ကိုးစီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများက ရမ်းသန်း ပစ်ခတ်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ အဖွဲ့ဝင်တစ်ခု ဖြစ်သော တောကြီး မြွေဟောက် (King Cobra) အဖွဲ့က တပိုကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာအလေးအမြတ်ပြုကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြစစ်ကိုင်း- အောက်တိုဘာ ၁၃ စစ်...
13/10/2022

“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာအလေးအမြတ်ပြုကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း
ချီတက်ဆန္ဒပြ

စစ်ကိုင်း- အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြသည်။

လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ရန်ကုန်- အောက်တိုဘာ ၁၃ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်...
13/10/2022

လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

ရန်ကုန်- အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အိမ်ထောင်သည် လိုင်းခန်းအနီးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း HUMAN RIGHTS DEFENDERS (HRD)အဖွဲ့ကထုတ်ပြန်ထားသည်။

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် အုတ်ကျင်းဘူတာရုံလမ်းထောင့်ရှိ စစ်ကောင်စီ စစ်ကြောရေးတပ် အိမ် ထောင်သည်လိုင်းခန်းအနီးကို အောက် တိုဘာ ၁၂ ရက် ည ၈ နာရီ ၁၀ မိနစ်က အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုအခြေအနေကိုမသိရသေးကြောင်း၊ HRF ရဲဘော်များ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃နှစ် ထပ်မံ ချမှတ်ခံရ၊ စုစုပေါင်း ထောင်ဒဏ် ၂၆  နှစ်အထိ ရှိလာရန်ကုန်- အောက်တိုဘာ ၁၃လူထုခေါင်...
13/10/2022

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃နှစ် ထပ်မံ ချမှတ်ခံရ၊ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာ
ရန်ကုန်- အောက်တိုဘာ ၁၃
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု နှစ်မှု အတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံချလိုက်တယ်လို့ သိရသည်။အဲဒီအမှု ၂ ခုအတွက် အောက်တိုဘာ ၁၂ရက်နေ့က နေပြည်တော် အချုပ်ထောင်အထူးတရားရုံးကနေ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အကြောင်းပြပြီး ဦးမောင်ဝိတ်ထံကနေ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို ၂၀၁၉ခုနှစ်နဲ့ ၂၀၂၀ခုနှစ်အတွင်း ၄ကြိမ်ခွဲပြီး လက်ခံရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီ
က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၂ မှု ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအမှု နှစ်မှု အပါအဝင် စုစုပေါင်း ၁၄ မှု အတွက် ထောင်ဒဏ်၂၆ နှစ်ထိ ချမှတ်ခံထားရတာ ဖြစ်သည်။

ဘုရားတောင်အနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားတနင်္သာရီတိုင်း- အောက်တိုဘာ ၁၃တနင်္သာရီတိုင်း၊ တနင်္သာရီမ...
13/10/2022

ဘုရားတောင်အနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း- အောက်တိုဘာ ၁၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ထုံမခါကျေးရွာနှင့် သဘော့လိပ်ကျေးရွာကြား ဘုရားတောင်အနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တနင်္သာရီ-ပ.က.ဖ က ညပိုင်းတွင် သတင်းထုတ် ပြန်လာသည်။

၎င်းစစ်ကောင်စီတပ်နှင့် တနင်္သာရီ-ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုတို မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက် စီစစ်ဆဲဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ တပ်ရင်း ၁၅၆၊ ၄၃၂ နှင့် ၃၅၈ တို့မှ အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် ထုံမခါရွာရှိ ဒေသခံတစ်ဦးနေအိမ်မှ ငွေကျပ်သိန်း ၂၀၀ နှင့် ရွာပိုင် ရန်ပုံငွေ ၁၈ သိန်း၊ ညောင်ပင်ကွင်းရွာနှင့် ထုံမခါရွာအတွင်းမှ ဖုန်းအလုံးရေ ၁၀၀ ကျော်ကို စစ်ဆေးသိမ်းယူသွားကာ ရွှေ ၃ ကျပ်သားကိုလည်း အဓမ္မသိမ်းယူသွားသည်ဟု သိရသည်။

သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းရန်ကုန်- အောက်တိုဘာ ၁၃သူရဦးရွှေမန်းတည်ထောင်ခဲ့သည့် ပြည်ထောင်စုကေ...
13/10/2022

သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်း

ရန်ကုန်- အောက်တိုဘာ ၁၃

သူရဦးရွှေမန်းတည်ထောင်ခဲ့သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ဖျက်သိမ်းကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ပါတီကို ဦးဆောင်ဖွဲစည်းခဲ့သည့် ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ်ကြီးရင့်လာကြပြီး ကျန်းမာရေးချိုတဲ့သူများရှိသလို လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာကြခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ခြင်းတို့ကြောင့် UBP ပါ တီအား နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအ လုပ်မှုဆောင်များက သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

UBP ပါတီကို အောက်တိုဘာလ ၁၁ ရက်မှစ၍ ဖျက်သိမ်းခြင်းကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကော့သောင်းခရိုင်၊ တပ်ရင်း(၁)ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၂) ဘုတ်ပြင်- အောက်တိုဘာလ  ၁၂ (၁၂.၁၀.၂၀၂...
12/10/2022

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကော့သောင်းခရိုင်၊ တပ်ရင်း(၁)ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၂)

ဘုတ်ပြင်- အောက်တိုဘာလ ၁၂

(၁၂.၁၀.၂၀၂၂) ရက်နေ့ (၀၅၃၀) အချိန်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာ၊ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁) နှင့် ဘုတ်ပြင်းမြို့နယ် ပကဖတို့ ပူးပေါင်းအဖွဲ့မှ ခြေလျင်ထွက်လာသော အကြမ်းဖက် စကစ စစ်ကြောင်းအား စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စကစဘက်မှ (၁)ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများမှ (၀၆၁၅) အချိန် ထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

အထက်ပါထိတွေ့မှုဖြစ်စဉ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့​​သောင်းခရိုင်၊ တပ်ရင်း (၁) စစ်ကြောင်း၊ ဘုတ်ပြင်းမြို့နယ်ပကဖပူးပေါင်းအဖွဲ့နှင့်သာ သက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူလူထုနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

စစ်ကောင်စီတပ်သားတစ်ဦး ကရင်နီပြည်သူ့ရင်ခွင်ထံ လက်နက်နှင့်အတူ အလင်းဝင်ကယား- အောက်တိုဘာ ၁၂ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကြောင်...
12/10/2022

စစ်ကောင်စီတပ်သားတစ်ဦး ကရင်နီပြည်သူ့ရင်ခွင်ထံ လက်နက်နှင့်အတူ အလင်းဝင်

ကယား- အောက်တိုဘာ ၁၂

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ မှ တပ်သား လွင်မိုးသူသည် အောက်တိုဘာလ ၁၁ ရက်က လက်နက်နှင့်တကွ ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်သားကို ကရင်နီပြည်သူ့ရင်ခွင်က ငွေကျပ် သိန်း ၆၀ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်က ကျေးရွာ ၄ ရွာမှာ စစ်ကောင်စီတပ် ဝင်ရောက် တပ်စွဲထားလောင်းလုံး- အောက်တိုဘာ ၁၂ တနင်္သာရီတိုင်းဒေသကြီး၊ လ...
12/10/2022

လောင်းလုံးမြို့နယ်က ကျေးရွာ ၄ ရွာမှာ စစ်ကောင်စီတပ် ဝင်ရောက် တပ်စွဲထား

လောင်းလုံး- အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲက ကျောက်နီမော်၊ ဂေါ့အင်း၊ ပန္နလဲ၊ ကဒက်ကြီးကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၁၂၀ ကျော်နဲ့ ဝင်ရောက် တပ်စွဲနေရာယူထားတယ်လို့သိရသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်း၊ ရေကြောင်းကနေ ဝင်ရောက်လာပြီးနောက် အဲဒီကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ပျူစောထီးတွေအခြေချတဲ့ နေရာတွေမှာ ဝင်ရောက် တပ်စွဲထားတာဖြစ်သည်။

စစ်ကောင်စီတပ်တွေ ဂေါ့အင်းကျေးရွာ စာသင်ကျောင်းမှာ အင်အား ၄၀ ဝန်းကျင်၊ ကဒက်ကြီးကျေးရွာ စာသင်ကျောင်းမှာ အင်အား ၃၀ ကျော်၊ ပန္နလဲကျေးရွာ စာသင်ကျောင်းမှာ အင်းအား ၂၀ ကျော်နဲ့ ကျောက်နီမော်ကျေးရွာရှိ ပျူ စာထီးအဖွဲ့ အခြေပြုရာ နေရာမှာ အင်အား ၂၀ ကျော်နဲ့ ဝင်ရောက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောသည်။

တပ်ရင်း ၁၈ ၏ ဧရာဝတီမြစ်ကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်နေရွှေဘို- အောက်တိုဘာ ၁၂ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၏ ဧရာဝတီမြစ်ကြေ...
12/10/2022

တပ်ရင်း ၁၈ ၏ ဧရာဝတီမြစ်ကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်နေ

ရွှေဘို- အောက်တိုဘာ ၁၂

ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၏ ဧရာဝတီမြစ်ကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ဓာတ်ပုံများအား အောက်တိုဘာလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါတပ်ရင်း ၁၈ သည် စက်တင်ဘာလ ၂၃ ရက်နေ့က ဧရာဝတီမြစ်ရိုးတစ်လျှောက် ဓားပြမှုပေါင်းများစွာ ကျူးလွန်လျှက်ရှိသည့် အင်အား(၁၅) ဦးပါ ဓားပြဂိုဏ်းတစ်ခုကို တိုက်ရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားသည့် ရဟတ်ယာဉ်အမှုအတွက် လျှောက်လဲချက်ပေးရန် တရားရုံးက အမိန့်ချနေပြည်တော်၊ အောက်တိုဘာ ၁၂နိုင်င...
12/10/2022

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားသည့် ရဟတ်ယာဉ်အမှုအတွက် လျှောက်လဲချက်ပေးရန် တရားရုံးက အမိန့်ချ

နေပြည်တော်၊ အောက်တိုဘာ ၁၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို တရားစွဲထားသည့် ရဟတ်ယာဉ်တစ်စီး ငှားရမ်း၊ ဝယ်ယူရန် ခွင့်ပြုချက်ပေးခဲ့မှုနှင့်ပတ်သက်၍ တရားစွဲထားသည့် အမှုကို နေပြည်တော် ထောင်အတွင်းရှိ သီးသန့်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုအမှု‌သေည် NLD အစိုးရလက်ထပ်က သဘာဝဘေးအတွက် အသုံးပြုရန် ရဟတ်ယာဉ် တစ်စင်းကို ငှားရမ်း၊ ဝယ်ယူဖို့ ခွင့်ပြုခဲ့ရာတွင် ဥပဒေနှင့်မညီသည့်အပြင် နိုင်ငံပိုင်ငွေ ဆုံးရှုံးမှုဖြစ်ပေါ်သည်ဟုဆိုကာ စစ်ကောင်စီက အဂတိပုဒ်မ ငါးခုဖြင့် တရားစွဲထားသည့် အမှုဖြစ်သည်။

ထိုအမှုအတွက် တရားလိုပြသက်သေငါးဦးခန့်ကို စစ်ဆေးရန် ကျန်ရှိနေသေးသော်လည်း တရားသူကြီးက တရားရေးနောက်တစ်ဆင့်ဖြစ်သည့် စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ကို ရှေ့တပတ် တနင်္လာနေ့တွင် တင်သွင်းရန် အမိန့်ချခဲ့ကြောင်း နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းထံမှ သိရသည်။

အကြမ်းဖက်ခံနေရတဲ့ကလေးတွေအတွက် စိုးရိမ်ပူပန်ကြောင်းပြောတာနဲ့ စစ်တပ်က ရပ်တန့် မှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းပြောရန်ကုန်...
11/10/2022

အကြမ်းဖက်ခံနေရတဲ့ကလေးတွေအတွက် စိုးရိမ်ပူပန်ကြောင်းပြောတာနဲ့ စစ်တပ်က ရပ်တန့် မှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းပြော

ရန်ကုန် - အောက်တိုဘာ(၁၁)

မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ ကလေးငယ်တွေအပေါ်အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေ၊လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို စိုးရိမ်ပူပန်ကြောင်းနှုတ်နဲ့ ပြောတာနဲ့ ရပ်တန့်နိုင်မှာမဟုတ်ဘဲ စစ်တပ်ကို ချက်ချင်းအရေးယူနိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီရဲ့ ကလေးသူငယ်များအခွင့် အရေး ဘာသာရပ်ခေါင်းစဉ်နဲ့ ဆွေးနွေးချိန်မှာ သံအမတ်ကြီးက ပြောကြားခဲ့တာ ဖြစ်သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ ကလေးငယ်တွေအပေါ်အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေ၊ လူ့အ ခွင့်အရေးချိုးဖောက်နေမှု တွေကို စိုးရိမ်ပူပန်ကြောင်း နှုတ်နဲ့ ပြောကြားတာနဲ့ ရပ်တန့်နိုင်မှာ မဟုတ် ဘူးဆိုတာနဲ့ အကြမ်းဖက်စစ်တပ်ကို ချက်ချင်းအရေး ယူနိုင်ဖို့အတွက်က အမျိုးသားညီညွတ် ရေး အစိုးရကို အသိအမှတ်ပြုတာအပါအဝင် ပိုမိုထင်ရှားတဲ့ ခြေလှမ်းတွေကို ဆောင်ရွက် ဖို့ လိုတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

မလေးရှားနိုင်ငံတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီမလေးရှာ- အောက်တိုဘာ ၁၁မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယ...
11/10/2022

မလေးရှားနိုင်ငံတွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီ

မလေးရှာ- အောက်တိုဘာ ၁၁

မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာလ (၁၀) ရက်တွင် ကြေညာလိုက်ပြီဖြစ်ရာ ယခုနှစ်မကုန်မီ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ရွေးကောက်ပွဲရက်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောသည်။

အောက်တိုဘာလ (၉) ရက် မွန်းလွဲပိုင်းတွင် ဘုရင်နှင့်တွေ့ဆုံခဲ့ပြီး လွှတ်တော်ဖျက်သိမ်းခွင့်ပြုရန် တင်ပြခဲ့ကြောင်းနှင့် ဘုရင်က သဘောတူခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်အစ္စမေးလ်ဆာဘရီက ဆိုသည်။

စစ်ကောင်စီ အတင်းဖွဲ့ခိုင်းထားတဲ့ ပြည်သူ့ လုံခြုံရေးအဖွဲ့မှာ ပါဝင်ဖို့ စာရင်းပေးသူမရှိမော်လမြိုင်- အောက်တိုဘာ ၁၁မွန်ပြည်န...
11/10/2022

စစ်ကောင်စီ အတင်းဖွဲ့ခိုင်းထားတဲ့ ပြည်သူ့ လုံခြုံရေးအဖွဲ့မှာ ပါဝင်ဖို့ စာရင်းပေးသူမရှိ

မော်လမြိုင်- အောက်တိုဘာ ၁၁

မွန်ပြည်နယ်တဝန်းမှာ အာဏာသိမ်းစစ်ကောင်စီက အတင်းဓမ္မ ဖိအာပေးပြီး ဖွဲ့စည်းခိုင်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်ဖို့ စာရင်းပေး သွင်းသူ မရှိဘူးလို့သိရသည်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းရဲ့ လမ်းညွှန်မှုနဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာ ၂၁ ဌာနက ဝန်ထမ်း အကြီးအကဲတွေပါဝင်ကြတဲ့ အဖွဲ့တွေက မြို့နယ်အသီးသီးမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက လိုက်လံစည်းရုံနေကြောင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ပြောသည်။

လက်ရှိမှာတော့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ စစ်အုပ်စုထောက်ခံသူ ပျူစောထီး တွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တချို့ကိုသာ စာရင်းပြန်လည်ပေးသွင်းထားရတယ်လို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောသည်။

စစ်ကောင်စီ၏ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရခိုင်-အောက်တိုဘာ ၁၁ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရ...
11/10/2022

စစ်ကောင်စီ၏ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ရခိုင်-အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လိပ်ရနယ်ခြားစောင့်တပ်စခန်းကိုအောက်တိုဘာလ (၁၀) ရက်နေ့၊ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းတွင် နယ်ခြားစောင့်ရဲများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ ပူးတွဲနေထိုင်ကြသည့်စခန်းဖြစ်သည့်အပြင် လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသည့် စခန်းများထဲမှ တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူများအား နေရာအနှံမှ ပစ်ကူပေးသည့်ကြားမှ တစ်နာရီခန့်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အဆိုပါလိပ်ရစခန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နဲ့အဖွဲ့ စစ်ခေါင်းဆောင်ကိုတွေ့ဖို့ နေပြည်တော်ရောက်ရှိ နေပြည်တော် - အောက်တိုဘာ ၁၁ မွန်ပြည်သစ...
11/10/2022

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နဲ့အဖွဲ့ စစ်ခေါင်းဆောင်ကိုတွေ့ဖို့ နေပြည်တော်ရောက်ရှိ

နေပြည်တော် - အောက်တိုဘာ ၁၁

မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ အဖွဲ့ဟာ အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ဒီနေ့ အောက်တိုဘာလ(၁၀) ရက်နေ့ ညနေပိုင်းက ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သူတို့တွေကို စစ်ကောင်စီအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီအဖွဲ့နဲ့ စစ်ကောင်စီလက်ပါးစေ တွေက ဝါဒဖြန့် မွန်ဘာသာ၊မြန်မာဘာသာ စာတွေ နဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့သိရသည်။

ပြီးခဲ့တဲ့ မေလ (၂၃) ရက်နေ့ကနေ (၂၅) ရက်နေ့အထိ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံထားတဲ့ အဲ့ဒီတွေ့ဆုံပွဲမှာ ပါတီစုံဒီမိုကရေစနစ်ခိုင်မာရေး၊ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအပါအဝင် အချက်လေးချက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပြင်ဆင်နေပြီလို့ NUG ပြောရန်ကုန်- အောက်တိုဘာ ၁၁ နိုင်ငံရေးလမ်းစဉ်မှာ သက်ဆိုင်သူ အားလုံးပ...
11/10/2022

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပြင်ဆင်နေပြီလို့ NUG ပြော

ရန်ကုန်- အောက်တိုဘာ ၁၁

နိုင်ငံရေးလမ်းစဉ်မှာ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ လူထုဆန္ဒနဲ့ ထင်ဟပ်တဲ့ လမ်းပြမြေပုံတစ်ခု အကောင်ထည်ဖော်နေပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့“ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသိ့ အစီရင်ခံ တင်ပြခြင်း”ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်သည်။

ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ကော်မတီဖွဲ့စည်း ဆောင်ရွက်နေပြီး တော်လှန်ရေးအောင်မြင်ပြီးချိန် အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတော်ကို စီမံခန့်ခွဲဖို့ ဆောင်ရွက်နေသလို ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပြင်ဆင်ပြီးလို့ လည်း ဦးကျော်ဇော်က ပြောသည်။

လောင်းလုံးမြို့ မောင်းမကန်ရွာ ပျူစောထီးအဖွဲ့ဝင်ကို PDF အဖွဲ့က ပစ်ခတ် ရှင်းလင်း လောင်းလုံ- အောက်တိုဘာ ၁၀တနင်္သာရီတိုင်း ထ...
10/10/2022

လောင်းလုံးမြို့ မောင်းမကန်ရွာ ပျူစောထီးအဖွဲ့ဝင်ကို PDF အဖွဲ့က ပစ်ခတ် ရှင်းလင်း

လောင်းလုံ- အောက်တိုဘာ ၁၀

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာနေ လက်နက် ကိုင်ဆောင်သူ ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရ သည်။

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာနေ စစ်ကောင်စီ လက်ပါးစေ ပျူစောထီး အဖွဲ့ဝင် ကိုဇော်ဝင်းရှိန် ဆိုသူကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ ဖြစ်သည့် လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) ၊ ထားဝယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (DGRF) နှင့် T. PDF ရဲဘော်တို့က သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်း တချို့ကိုပါ သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်းရှမ်း- အောက်တာတိုဘာ ၁၀ ရှမ်းပြည်နယ်နှ...
10/10/2022

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် တွေ့ဆုံဆွေးနွေးရန် RCSS ကမ်းလှမ်း

ရှမ်း- အောက်တာတိုဘာ ၁၀

ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်းဖြစ်ပွားနေသော နိုင်ငံရေးစစ်ရေး ပဋိပက္ခများကိုဖြေရှင်းနိုင်ရေး ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေး‌နွေးကြရန် ကမ်းလှမ်းကြောင်း RCSS က ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ရေးနှင့်နိုင်ငံရေး ပဋိပက္ခများကြောင့် စစ်ပြေးရှောင် များပြားလာခြင်း၊ စီးပွားရေးကျဆင်းလာခြင်းနှင့် ဈေးကွက်မရှိခြင်း၊ ပြည်သူများစားဝတ်နေရေး ကြပ်တည်းခြင်း၊ ခရီးသွားလာရခက်ခဲခြင်းများကြောင့် ပြည်သူများအတိဒုက္ခ ရောက်နေရသည့်အတွက် ယခုကဲ့သို့ကမ်းလှမ်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင် ဂျပန်တွင် ပြသ၊ လက်မှတ်ဖိုးများကို မြန်မာနိုင်ငံအနှံ့ လိုအပ်သည့်နေရာများသို့ ပေးပို့သွားမည...
10/10/2022

မသောက်မိသော မိုးခါးရေ ရုပ်ရှင် ဂျပန်တွင် ပြသ၊ လက်မှတ်ဖိုးများကို မြန်မာနိုင်ငံအနှံ့ လိုအပ်သည့်နေရာများသို့ ပေးပို့သွားမည်

ဂျပန် အောက်တိုဘာ ၁၀

ဂျပန်နိုင်ငံရှိ တိုကျို၊ အိုဆာကာနှင့် နာဂိုယာမြို့တို့တွင် ဒါရိုက်တာကိုပေါက်၏ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ပြသလျက်ရှိပြီး၊ ဂျပန်ရောက်မြန်မာများက သက်ဆိုင်ရာကိုယ်စားလှယ်များထံတွင် လက်မှတ်ဝယ်ယူ၍ လာရောက်ကြည့်ရှုကြသည်ဟု သိရသည်။

အဆိုပါရုပ်ရှင်ကို ဖန်တီးသူ ဒါရိုက်တာကိုပေါက်သည် လွတ်မြောက်နယ်မြေတစ်ခုတွင် ရောက်ရှိနေပြီး၊ အဆိုပါ ဒေသတွင် ရှိသည့်ပစ္စည်းနှင့် CDMလုပ်ခဲ့သည့် ဗိုလ်ကြီးတစ်ဦးအကြောင်းကို အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်သည်။

ယခု ရုပ်ရှင်အတွက် လက်မှတ်ခများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ရောင်းချပြီး၊ ရရှိလာသော လက် မှတ်ဖိုးများကို ငွေစာရင်းသေချာစိစစ်၍ မြန်မာနိုင်ငံအနှံ့ လိုအပ်သည့်နေရာများတွင် အသုံး ပြုသွားမည်ဟု သိရသည်။

ပဲခူးတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်နေ့တာအတွင်း ၄ နေရာတွင် တိုက်ခိုက် ပဲ...
10/10/2022

ပဲခူးတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်နေ့တာအတွင်း ၄ နေရာတွင် တိုက်ခိုက်

ပဲခူး- အောက်တိုဘာ ၁၀

ပဲခူးတိုင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ တစ်နေ့တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များကို (၄)နေရာတွင် တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က (၁၀)ဦးထက်မနည်း သုတ်သင်ရှင်းလင်းနိုင်သည်ဟု ပဲခူးတိုင်း PDF ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြို့နယ်အတွင်းရှိ အင်းတကော်မြို့အပိုင် ဟံသာဝတီဂေါက်ကွင်းအနီးတွင်လည်း နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးအား အင်းတကော် ပကဖက တိုက်ခိုက်ခဲ့ရာ ယင်းနယ်ထိန်းသေဆုံးသွားပြီး ယင်းနေ့မှာပင် နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်အုပ်စု၊ ကရင်ဆင်ဆွဲရွာသို့ ဦးတည်စစ်ကြောင်းထိုးလာသော အင်အား(၂၃)ဦးပါဝင်သည့် စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ(၄)၊ MRF-Nattalin တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၄)ဦးသေဆုံးပြီး (၇)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံတစ်ဝှမ်း ဆီမီးသပိတ်များပြုလုပ်ခဲ့ရန်ကုန် ၊ အောက်တိုဘာ ၁၀ယမန်နေ့တွင်ကျရောက်ခဲ့သော သီတင်းက...
10/10/2022

သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံတစ်ဝှမ်း ဆီမီးသပိတ်များပြုလုပ်ခဲ့

ရန်ကုန် ၊ အောက်တိုဘာ ၁၀

ယမန်နေ့တွင်ကျရောက်ခဲ့သော သီတင်းကျွတ်လပြည့် ( အဘိဓမ္မာ အခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေး အင်အားစုများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်များ ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းရှိ စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများ၊ တော်လှန်ရေး အင်အားစုများက ဆီမီးများထွန်းညှိကာ တော်လှန်ရေးတွင် ဓမ္မဘက်တော်သားများ အနိုင်ရရှိစေရန်ဆုတောင်းကာ ဆီမီးသပိတ်များပြုလုပ်ခဲ့သည်။

အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးပြည်ကြီးတံခွန်သပိတ်မန္တလေး - အောက်တိုဘာ ၁၀ မန္တလေးတိုင်းပြည်ကြီးတံခွန်မြို့နယ် သပိတ်အင်အာ...
10/10/2022

အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးပြည်ကြီးတံခွန်သပိတ်

မန္တလေး - အောက်တိုဘာ ၁၀

မန္တလေးတိုင်းပြည်ကြီးတံခွန်မြို့နယ် သပိတ်အင်အားစုက ဒီနေ့ အောက်တိုဘာလ(၉) ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးသပိတ်ကို ရက်အပေါင်း (၅၄၀) အဖြစ် ပြုလုပ်ခဲ့ကြသည်။

Address


Alerts

Be the first to know and let us send you an email when SpearMyanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share