May & Shin Kō Blog

  • Home
  • May & Shin Kō Blog

May & Shin Kō Blog Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May & Shin Kō Blog, Video Creator, .

20/07/2020

ဖုန်းပဲကြည့်လို့မျက်လုံးတွေပျက်နေပြီလား
See food. မျက်လုံးအစာကျွေးပေးပါ😍😍😍
နာမည်လေးက Huo Xien Mei လေးပါ

14/07/2020

Happiest day for me 💜

“Life is like an ice cream,enjoy it before it melts”ဘဝဆိုတာတိုတောင်းတဲ့အချိန်လေးပါမနက်ဖြန် ဘာဖြစ်မယ်ဆိုတာမသိရတဲ့အတွက်ဒီန...
13/07/2020

“Life is like an ice cream,
enjoy it before it melts”

ဘဝဆိုတာတိုတောင်းတဲ့အချိန်လေးပါ
မနက်ဖြန် ဘာဖြစ်မယ်ဆိုတာမသိရတဲ့အတွက်
ဒီနေ့မှာ အရာရာကိုအကောင်းဆုံးလုပ်ဆောင်ပါ

ကိုယ်ချစ်ရတဲ့သူတွေကိုလည်း ပျော်ရွှင်ရတဲ့အချိန်လေးတွေ ဖန်တီးပေးပါ။ သူတို့ကပဲ ထားသွားမှာဖြစ်ဖြစ်။ ကိုယ်ကပဲ အရင်ဆုံးသွားရမှာဖြစ်ဖြစ်
အချိန်တန်ရင်ခွဲခွာရတာပါပဲ 💔

ခွဲခွာရရင်တောင် ကိုယ်ကသူတို့အတွက်
အကောင်းဆုံးလူသားတစ်ယောက်ခဲ့ဖြစ်ပါစေ
ပျော်ရွှင်ရတဲ့ အမှတ်တရလေးတွေ ရှိနေခဲ့ပါစေ......

Admin May

“Love Yourself” Ep (1)Page ရဲ့ ပထမဆုံး post အနေနဲ့ဒီနေ့ဝေမျှပေးချင်တဲ့အကြောင်းအရာကတော့ အားလုံးနီးပါးမေ့လျော့နေကြတဲ့ ကိုယ...
08/07/2020

“Love Yourself” Ep (1)
Page ရဲ့ ပထမဆုံး post အနေနဲ့
ဒီနေ့ဝေမျှပေးချင်တဲ့အကြောင်းအရာကတော့ အားလုံးနီးပါးမေ့လျော့နေကြတဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ဆိုတဲ့အကြောင်းပါ ❤️ Love yourself ❤️

ဒီအကြောင်းလေးစမပြောခင် game လေးတစ်ခုနဲ့ စလိုက်မယ်နော် 💌 Let's start 💌

💌 ၅စက္ကန့် အတွင်းမှာကိုယ်ချစ်ရတဲ့သူ ၅ဦးကို စဉ်းစားကြည့်ပါ💌
👉အဲဒီ့ ၅ဦးထဲမှာ ကိုယ်ပါရဲ့လား👈
မေ့နေတယ်ဟုတ်????
ဟုတ်ပါတယ် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေကြတာ

ကိုယ်က အခြားသူစိမ်းတစ်ယောက်ကိုချစ်မိတယ်
သူကလည်းပြန်ချစ်တဲ့အခါမှာချစ်သူတွေဖြစ်တယ်
နှစ်ဦးစလုံးပျော်ရွှင်စရာအချိန်တွေကိုပိုင်ဆိုင်ခဲ့ကြတယ် ❤️❤️❤️ ဟုတ်တယ်မလား ???

တွဲနေရင်းနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြလို့ပဲဖြစ်ဖြစ်၊ မချစ်တော့လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ လမ်းခွဲခဲ့ကြတယ် 💔💔💔

အဲဒီ့အချိန်မှာ ပိုချစ်တဲ့သူက ပိုခံစားရတာပဲ 💯

အသည်းကွဲတဲ့ကာလပေါ့နော် 💔💔💔
သူ့ကိုလွမ်းမိမယ်၊ အမှတ်တရတွေရဲ့ရိုက်ခတ်မှု
ကလည်းပိုပြင်းထန်လာလိမ့်မယ်၊ တိုက်ဆိုင်မှုတွေကြုံလာရတိုင်း အတိတ်ကအဖြစ်အပျက်တွေ အကုန်လုံးပြန်ပေါ်လာတာက အစ သူ့ကိုပိုင်ဆိုင်ခဲ့ရာကနေ ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ခံစားချက်အဆုံး
နာကျင်ခံစားရတယ် 💔 အသည်းကွဲဖူးသူတိုင်း 💔
သိပါတယ်နော် ✌️✌️✌️

အဲ့ဒီ့အချိန်မှာ လုံးဝမေ့သွားတာက
👉"ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ပါပဲ"👈

ကိုယ်လည်း ချစ်ခဲ့ဖူးတယ် အသည်းကွဲခဲ့ဖူးတယ်💔
ကိုယ့်ကိုယ်ကိုယ်လည်းချစ်ဖို့မေ့ခဲ့ဖူးတယ်

ဒါပေမယ့်
ဒီဝမ်းနည်းရတာတွေက ခဏပါပဲနော်
အချိန်တန်ရင် သူ့အလိုလိုလျော့ပါးသွားမှာပါ

ပျော်ရွှင်စရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ်
"It will pass, too" ✌️✌️✌️

အဲ့ဒါကြောင့် ခံစားရတဲ့အရှိန်နဲ့ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တွေ၊ ကိုယ့်ကိုယ်အကျိုးမရှိတဲ့လုပ်ရပ်တွေ မလုပ်မိဖို့ သတိလေးပေးလိုက်ပါရစေနော်

"အချိန်ကိုပဲစောင့်လိုက်ပါ အချိန်ကကုစားသွားပါလိမ့်မယ်" ဆိုတဲ့စကားလေးကိုကြားဖူးကြမှာပါနော်
အဲ့ဒီ့စကားလေးကအလွန်တန်ဖိုးရှိပါတယ်💎💎💎

ကိုယ့်အတွက်ကတော့ ကိုယ်ဝမ်းနည်းနေတဲ့အချိန်အကောင်းဆုံးသူငယ်ချင်းတွေရဲ့ 👭👭👭👭
👉အားဆေးတစ်ခွက်ပေါ့ 👈 တန်ဖိုးကြီးတယ် 💯

ဟုတ်ပါတယ် အချိန်ကကုစားသွားမှာပါ ဒါကြောင့်
အချိန်ကိုအကောင်းဆုံးသမားတော်လို့ ခေါ်တာပေါ့

ကိုယ်လည်း အချိန်တိုင်းဒီလိုပဲ ခံစားနေရမယ်လို့
ထင်ခဲ့တာ ဒါပေမယ့် လက်တွေ့မှာတော့မဟုတ်
ပါဘူး✌️အချိန်တိုင်းတော့သတိရမနေတော့ဘူး✌️
တဖြည်းဖြည်းနဲ့နေသားကျလာမှာပါ ✌️✌️✌️

ခေါင်းစဉ်လေးကိုပြန်ပြောပါမယ်
👉ကိုယ့်ကိုယ်ကိုယ် ချစ်ပါ တန်ဖိုးထားပါ👈

ကိုယ့်ကို ကိုယ်ကပဲ အချစ်ဆုံးပါ
ကိုယ့်ကို ကိုယ်ကပဲ အသိဆုံးပါ
ကိုယ့်ကို ကိုယ်ကပဲ နားလည်ဆုံးပါ
ကိုယ့်အတွက် ကိုယ်ကအကောင်းဆုံးပါပဲ 💯💯💯

အဲ့ဒါကြောင့်
ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မမေ့ပါနဲ့နော် 😘😘😘

‌ကိုယ်တိုင်လည်းပြိုလဲခဲ့ဖူးတယ် ခံစားခဲ့ဖူးတယ်
ဒါပေမယ့် စိတ်ကိုပြန်စုစည်းနိုင်တဲ့အခါမှာ
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေတယ်ဆိုတာ
သိလာတယ် အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့နေတဲ့သူတွေအတွက် သတိရလာစေဖို့
ဒီစာလေးကိုရေးလိုက်ရခြင်းဖြစ်ပါတယ် 💜💜💜

Admin May

“May & Shin Kō Blog”page မှကြိုဆိုပါတယ်Page Admin တွေကတော့ 💁‍♀️ Admin Shin Kō💁‍♀️ Admin May တို့ပဲဖြစ်ပါတယ် Page ကိုစပြီ...
07/07/2020

“May & Shin Kō Blog”page မှကြိုဆိုပါတယ်

Page Admin တွေကတော့
💁‍♀️ Admin Shin Kō
💁‍♀️ Admin May တို့ပဲဖြစ်ပါတယ်

Page ကိုစပြီးတည်ထောင်ရတဲ့ရည်ရွယ်ချက်က-
1️⃣ ဗဟုသုတရနိုင်မယ့်အကြောင်းအရာလေးတွေ
2️⃣ ခွန်အားဖြစ်စေမယ့် စာပေကောင်းလေးတွေ
3️⃣ စားသောက်ဆိုင် ကောင်းကောင်းလေးတွေ
4️⃣ (Love yourself & Real Happiness) Main
5️⃣ Travel blog video လေးတွေ
6️⃣ Daily Life video လေးတွေကို Admin တို့က
မျှဝေပေးသွားချင်တာပါ 🤗🤗🤗

အချိန်ကုန်တာချင်းအတူတူ တန်ဖိုးရှိတဲ့အချိန်လေးတွေကို Admin တို့နဲ့အတူ ဖြတ်သန်းကြရအောင်

Address


Website

Alerts

Be the first to know and let us send you an email when May & Shin Kō Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share